Popular Posts

Sunday 3 March 2019

ကျောက်ဝယ်ရာမှာ အရေးအကြိးဆုံးက အာရုံမတက်ပါနဲ့ ၊ သူများစကားနားမယောင်ပါနဲ့၊ အမြင်မှန်အောင်ကြိုးစားကြည့်ပါ၊ လောဘ မတက်ပါနဲ့!

အချိန်ကြာသွားလို့ sorry ပါ... 


ရေမဆေးတွေခေါ်သလိုတွေ့မရှောင်လောပန်းဆိုမှသတိထားမိတယ်တကယ်တွေ့မရှောင်ဝယ်မိတာကိုး ​ကိုယ်ကျောက်လုပ်နေတဲ့အချိန်တွေတလျှောက်လုံတရုတ်ငွေထောင်ဂဏန်းကနေသောင်းဂဏန်းထိဝယ်တဲ့ကျောက်တွေကမှာ်ထဲမှာ၃သောင်းကနေ၃သိန်းအောက်ဆိုဝယ်လိုရနေတော့ တန်လို့ဝယ်မိတယ်လေ..။
     ဒါလည်း သူတို့ကကိုယ့်ကိုခင်လို့ခေါ်​ပေမယ့် သူတို့အခေါ်လေးတစ်ခုကကျနော်ရဲ့စီးပွားရေးလမ်းကြောင်း ကိုအရေးကြီးတဲ့ပြုပြင်ရမယ့်အကြောင်းအရာ တစ်ခုအဖြစ် မထင်မှတ်ပဲရရှိလိုက်တာပါပဲ။ အတွေ့အကြုံနဲ့ပတ်ဝန်းကျင်က သင်ပေးတဲ့ စီးပွားရေးမှါ ဂရုစိုက်ရမယ့်အချက်တစ်ခုပဲ ။
 ဒီလိုအခေါ်ခံရတာ သူတို့ခေါ်လို့ကျနော် ကျောက်ဝယ်နေတဲ့ ပုံစံထဲကအားနည်းချက်တစ်ခုကိုသတိပြုမိရာကနေ ပြုပြင်လိုက်တာ ဒီနေ့ထိပါပဲ ။ ဈေးပေါလို့ တန်လို့ ဆိုပြီးဝယ်နေတဲ့ ကျောက်တွေက အမြတ်မရပဲ ရှုံးနေလို့ရောင်းမရလို့မဟုတ်ပါဘူး ။ အကျိုးအမြတ်က သိပ်ပြီးမများဘူးလေ။တန်လို့ဈေးပေါလို့ဝယ်တဲ့ကျောက်တွေအစားကိုယ့်ဂွင်ထဲဝင်မယ့်ကျောက်တွေဝယ်လိုက်တာက ပိုပြီးအကျိုးအမြတ်များသလို ရောင်းရာမှာလဲ မြန်ပြီး အကျိုးအမြတ်လည်းပိုရတယ်လေ ။
       ဒီလို  အခေါ်ခံရတဲ့ အခေါက်ကစလို့တွေ့မရှောင်မဖြစ်ရအောင်တွေ့တိုင်းမဝယ်တော့တာ ဒီနေ့အထိပါ ပဲ ။ ဒါကတော့ပတ်ဝန်းကျင်နဲ့ အလုပ်ကသင်ပေးတဲ့အရေးကြီးတဲ့အချက်ကလေးတစ်ခုပါ ။ 
ကျောက်ရောင်းအဝယ်လုပ်ရင်းရတဲ့သင်ခန်းစာတွေအားလုံးသာပြောရရင်တော့မကုန်နိုင်အောင်ရှိပေမယ့် တစ်ဦးနဲ့ တစ်ဦး ရတာတွေလည်း မတူညီကြပါဘူး ။သင်ခန်းစာ အတွေ့အကြုံမတူညီပေမယ့်ယူတတ်သူကသာ ရမှာပါ ။ ကျောက်ဝယ်မယ်ဆိုရင်ဂရုစိုက်ရမယ့်အချက်လေးတွေ ပြောပြချင်ပါတယ် ။ အတွေ့အကြုံ အရပြောတာဖြစ်လို့ ကျန်တာရှိလဲဖြည့်တွေးပြီး။ကျနော်ပိုတာရှိလည်းကျော်တွေးကြပေးပါအမြင်ကျနော့်အယူအဆသာရေးခြင်းဖြစ်ပါတယ် ။ ကျနော် အားသာတဲ့ လုပ်ကိုင်နေတဲ့ ခေါင်းကျောက် (or) လုံးဂွင် ကိုအခြေခံ ရေးပြမှာပါ ။ 
 ကျောက်တစ်လုံး လာပြရင် ကျနော် စဉ်းစားပုံ ကြည့်ပုံ ကို အစဉ်လိုက် ရေးပြပါမယ် ။ ကျောက်မြင်ရင် ကိုယ်ကြိုက်တဲ့ မှော်လား ။ မှော်မသိ မခန့်မှန်းနိုင်လို့ပဲ ဖြစ်ဖြစ် သိနေတယ်ပဲ ဖြစ်ဖြစ် လာရောင်းသူကို မှော်မေးပါ ။ ရောင်းသူကအမြဲကိုယ်ဝယ်နေသူဆိုရင်တော့ ကိုယ်အထာသူသိသလို သူ့အထာလဲ ကိုယ်သိတော့ သိပ်အထူးအထွေ မေးစရာမလိုပါဘူး ။ မှော်မေးလိုက်လို့ သူကအမှန်ပြောလာရင် သူကို ကိုယ်က ပုံမှန်ပဲ ဆက်မေးဆက်ကြည့်ရုံပါပဲ ။ တချို့က မှော်ကိုညာပြောတာခဏခဏကြုံရပါတယ်။မှော်ကိုတောင် ညာပြောနေတဲ့သူတစ်ယောက်ရဲ့ ကျောက်ကိုဝယ်မယ်ဆိုရင်သာမန်ဝယ်နေကျကျောက်ထက်ဂရုတစိုက် ကြည့်ဝယ်ရပါတော့မယ် ။ 
            မရိုးသားတဲ့သူ လိမ်မယ်ညာမယ့်သူက သိသာပါတယ် ။ ကိုယ်ကသာ ဂရုမစိုက်မိတာ ၊ လောဘတက်နေတာ၊ကိုယ်ပိုင်ဆုံးဖြတ်မူနည်းနေတာ ၊ အာရုံတက်နေတာ ၊ သူတို့ဆင်ထားတဲ့ ဂွင်ထဲ မျောနေတာကြောင့် သာ ဖြစ်ရတာများပြီး ကိုယ့်အားနည်းချက်ကို မသိလို့သာ ဖြစ်ရတာ လိမ်ခံရတာများပါတယ် ။ အဲ့လိုပြောလို့ ကျနော်ရော အလိမ်မခံရဘူးလို့ ထင်ကြလား 😁။ ကျနော်ဒီနေ့အထိ တော့ အခွံတု အခွံပြင် အရည်တု ဆေးဆိုးကျောက် တစ်လုံးတောင်မဝယ်ဖူးပါဘူး။ဂရုစိုက်မူ့အားကောင်းတာပါသလိုစိတ်ထဲမသင်္ကာသလိုဖြစ်ရင်ဘာကျောက်ပဲဖြစ်ဖြစ်မဝယ်ပါဘူး။နောက်ဆုံးအလကားပေးတဲ့ကျောက်တောင်ကျနော်ကသေချာဂရုစိုက်ပြီးမှယူတာပါ..😁။ကျနော်များသောအားဖြင့်အလိမ်ခံရတာကတော့ ငွေချေးတာ ၊ ကျောက်ကိုပွဲစားပေးပြီး ပြန်မရတာတွေတော့ မကြာခဏ ခံရတာပါပဲ ။ ဒါပေမယ့် တကယ့်ဈေးကောင်း တဲ့ ဈေးကြီးတဲ့ ကျောက်တွေတော့မဟုတ်ပါဘူး။ရောင်းကျန်တချို့နဲ့ နှစ်ချို့ကျောက်တွေသာ အလိမ်ခံရတာပါ ။ ကျနော်စီးပွားရေးအတွက်ထိခိုက်နိုင်လေက်တဲ့ကျောက်မျိုးမျက်နှာလွဲပေးပြိးရောင်းခိုင်းတာမရှိပါဘူး ။ 
   ကျနော်ရဲ့မှတ်ချက်က...
  • "ကျနော်အလိမ်မခံရအောင် ကျနော်မှာသာတာဝန်ရှိတယ်။အလိမ်မခံရအောင်လိမ်ဖို့အခွင့်အရေးမပေးမိအောင်ပဲဂရုစိုက်တယ် ၊ လိမ်မယ့်သူက လိမ်စရာ အခွင့်အရေးမရရင် ဘယ်လို လိမ်မလ"ဲ သေချာ တွေးကြည့်ပါ ။ 
 စကားလမ်းက လွဲသွားပြီ sorry..

    ကျောက်အဝယ်ဆီ ပြန်သွားရအောင် 😁

  • ​ကျောက်ရဲ့ အားနည်းချက်ကို အရင်ရှာပါ၊ ​ရေါင်းသူရဲ့အားနည်းချက်ကိုရှာပါ  ၊ကျောက်ကကိုယ်ပြန်ရောင်းရင်ဘယ်လောက်ရမယ်ဆိုတာအရင်ခန့်မှန်းပါ ၊ခန့်မှန်းလို့မရ ဆုံးဖြတ်လို့မရရင် ဖြစ်နိုင်ရင်မဝယ်ပါနဲ့၊ဈေးအတင်းဖွင့်ခိုင်းနေရင်လည်း မကြိုက်ရင်မဖွင့်ပါနဲ့၊မဝယ်ပါနဲ့၊အားနာခြင်းကို မေ့ထားပါ ၊ စေတနာရှိလို့ ကူညီချင်လို့ ဆိုရင် ထမင်းကျွေး ပိုက်ဆံသာပေးလိုက်ပါ ကျောက်ကို မဝယ်ပါနဲ့ ၊ တချို့ ကျောက်ရောင်းနေသူတွေဟာ ကိုယ်ထက် တော်ကြတယ်လေ..😁။
       ဈေးဖွင့်လို့ ကျောက်အပ်ရင် မဝယ်ပြန်ရင်လည်း ကိုယ်ကကတိမတည်သလိုဖြစ်ပြီး ဝယ်လိုက်ပြန်ရင်လည်း စိတ်ထဲစနိုးစနှောင့် ဖြစ်တတ်ပါတယ် ။ ကိုယ့်အားနာလို့ ဈေးအတင်းဖွင့်ခိုင်းလို့မရောင်းနိုင်တဲ့ဈေးဖွင့်ပေးလိုက်ဦး နောက်ကွယ်မှာ သင့်ကို ကျိန်းဆဲနေမှာ သေချာတယ် ။ မဝယ်ချင်ရင်ပွင့်ပွင့်လင်းလင်းသာ ပြောပါ ။ သင်အဝယ်မှားလို့ ငွေပြန်ပေးမယ့်သူမရှိသလို ကျောက်အစားပြန်ပေးမယ့်သူဆိုတာလည်းမရှိပါဘူး ။
 ကျောက်ကို ကြိုက်ပြီးပြန်ရောင်းဈေးလည်း ခန့်မှန်းနိုင်ပြီဆိုရင်ဒါလေးလဲထည့်ပြီးစဉ်းစားစေချင်တယ် ဒီအတိုင်းဝယ်ပြီး ဒီအတိုင်းရောင်းမှာလား ၊ဝယ်ပြီးထပ်ဆေးပြီးမှရောင်းမှာလား၊အပေါက်ဖောက်ကွမ်ပြီးရောင်းမှာလား၊ဖြတ်ပြီးရောင်းမှာလားဆိုတာသေချာမဟုတ်တောင်မှကြိုတော့စဉ်းစားထားစေချင်ပါတယ်။ဒီစဉ်းစားမူ့ပေါ်မူတည်ပြီးဝယ်ရမယ့်ဈေးကိုဖွင့်ပေးခြင်းကကိုယ့်ဝယ်ယူမူကိုအရှူံးအဆုံးသက်သာစေမှာပါ။ဒီအတိုင်းဝယ်ဒီအတိုင်းရောင်းမယ်ဆိုရင်ဈေးကပေးလို့ဖွင့်လို့လွယ်ပါတယ် ။ ဥပမာ... ၁၀၀၀ ဆိုပါတော့ကိုယ်ပြန်ရောင်းဖို့က ၃၀၀၀မြင်တယ်.ရောင်းတဲ့အခါ၂၀၀၀ရတယ်ဆိုပါတော့ မဆိုးပါဘူး ။ ဆေးပြီးရောင်းမယ်ဆိုရင် ကောင်းသွားလို့ ရောင်းရတာပြသာနာမရှိပေမယ့် မကောင်းရင်ရှူံးနိုင်တယ်..ဒါဆိုရင်အတတ်နိုင်ဆုံး ပိုဈေးနည်းအောင် ဝယ်သင့်ပါတယ် ။ ဖောက်မယ်ကွမ်မယ်ဆိုရင်လည်းကိုယ့်ကဈေးခုန်မယ်ဆိုတာ ခန့်မှန်းမိလို့ ပါ ဒါဆိုရင်တော့ ဈေး သိပ်ဆစ်စရာမလိုပါဘူးဒါပေမယ့်အဖောက်မှားရင်လည်း လစ်တတ်ပါတယ် ။ ဖြတ်မယ် လို့ ဆုံးဖြတ်ထားရင် ကိုယ့် အရင်အနီုးနဲ့ ကိုယ်ရဲ့ အခြေအနေစဉ်းစားပါ ။ကျေါက်အောင်ရင် တော့ ပြသာနာမရှိပေမယ့် မအောင်ပဲ လစ်သွားခဲ့ရင် ကိုယ့်ဘဝပါလစ်နိုင်တာမို့အရောင်းအဝယ်လုပ်နေစဉ် ကျောက်ဖြတ်တာ ကို အားမပေးချင်ပါဘူး ။ ရေမဆေး မမြင်ရတာဖြတ်တာ မတားပါဘူး ။ တန်ဖိုး များပြီး ဈေးကြီးတဲ့ ကျောက်ကို စွန့်စားပြီး ဖြတ်တာက လောင်းကစားလုပ်သလို ဖြစ်နေတာပါပဲ ။ ဈေးနည်းပြီး အမြင်မလှလို့ ဖြတ်တယ်ဆိုပေမယ့်အရေအတွက်များလာရင်မနည်းတာကိုသိရလိမ့်မယ်။သင့်လုပ်ငန်းကြီးလာဖို့ တွင်ကျယ်လာဖို့ နေရာမှာသာ ထည့်သုံးလိုက်ပါ ။နောက်ဆုံးကံထမ်းလာတာမမြင်ရဘူးလှံထမ်းလာတာပဲ မြင်ရတယ် ၊ ကြောက်တတ်ရင်လွဲလို့ ရဲတဲ့သူ မင်းဖြစ် စတဲ့ စကားပုံတွေ လက်ကိုင်ထားမိရင်တော့.. သင့် အရင်းအနီုးရဲ့ ၁၀ % သာ ဖြတ်ပါ ။ မှော်ထဲ ကျနော်တက်ရင် အရင်းအနီုး ၁၀၀ ပါတယ် ဆိုပါတော့ ၁၀သိန်း ဖိုးဝယ်ဖြတ်ပါတယ်။ကြီးကြီးမားမားတော့မအောင်ဖူးပေမယ့် အလုပ်အကိုင်လည်း မပျက်ပါဘူး ။ ဒါပေမယ့် အခေါက်ရေ များလာတော့ နောက်ပိုင့်း ဖြတ်မယ့်အစား ​ရောင်းမယ့်ကျောက်သာဝယ်ဖြစ်ပါတယ် ။ 
  ကျနော် ကျောက်ဝယ်ပုံ ဈေးဖြတ်ပုံ ကို ရေးပြပါ့မယ် သိချင်ကြမယ်လို့ထင်ပါတယ် ။ ကျောက်တစ်လုံးဝယ်ဖို့က ဈေးဖြတ်ဖို့က အဓိကအရေးအကြီးဆုံးပါပဲ ။ ကော်ဖီမစ်တထုတ် ၁၀၀၊ရေသန့်တဗူး၅၀၀ဆိုတာလူတိုင်းသိကြပါတယ်..။ ဒါပေမယ့် ကျောက်တစ်လုံးမှာ ဈေးနုန်း ကပ်မထားသလို ဈေးတန်းလဲ အတိအကျ မရှိပါဘူး ။ ကျောက်တစ်လုံးရဲ့ဈေးနူန်းဟာ သင့်မျက်စိ ၊ သင့်အာရုံ ၊ သင့်အတွေ့အကြုံ ၊ သင့်ဆုံးဖြတ်ချက်သာ ဖြစ်တယ် ။ ကျနော် တွေ့မရှောင်ဘာလို့ဖြစ်သလဲ မှော်ထဲမှာ တရုတ်ပြည်ထဲကျောက်ဈေး ကြည့်တဲ့ မျက်စိနဲ့ ကြည့်မိလို့ပါပဲ ။ မှော်ထဲ ဝယ်စဉ်မှာ မှော်ဈေးကွက် မျက်စိနဲ့ ကြည့်တတ်ရမယ် ၊ မန်းမှာ ကြည့်ရင် မန်းဈေးကွက်မျက်စိနဲ့ ကြည့်ရမယ် ၊ ဈေးပေါတာ ဈေးများတာ အရေးကြီးပေမယ့် အဓိက ကတော့ အကျိုးအမြတ်ရဖို့ပါပဲ ။
  ဈေးတန်းကို ဘယ်လို အကြမ်း အားဖြင့် ခွဲသလဲ ဥပမာ မှော်ထဲမှာ ၁သောင်း ဝယ်တဲ့ကျောက် မြစ်ကြိးနားမှာ အနည်းဆုံး ၂သောင်း ၊ ကန်ပိုက်တီ (or) မန်း ၃သောင်း ၊ တရုတ်ပြည် ရွှေလီ ၊ ရင်ကျန်း ၊ ထိန်ချုံး ဆိုရင် ၅သောင်း ၊ ကူမင်း ၇သောင်း ၊ ကွမ်ကျိုး နဲ့ တခြားနေရာမှာဆိုရင် ၈သောင်း၁သိန်း လောက်ရမှသာ ရောင်းရမှာပါ ။ ရှန်ဟိုင်း ပီကင်းမှာဆို ၁သိန်း၅သောင်း ထိ ရောင်းမှာပါ။ ကယ်ရီခ ခရီးစားရိတ် ကုန်ကျစားရိတ် ပြီးရင် လမ်းမှာ အဖမ်းခံခဲ့ရရင် ကိုယ့်က သာခံရမှာပါ ။ အနည်းဆုံးခန့်မှန်းချက်ကိုပြောတာပါ။ ဒီလိုရောင်းရမယ့်ကျောက်မျိုးတွေကိုသာကျနော်ဝယ်တာပါ။ဒါပေမယ့်ဒီလိုတွက်ချက်ပြီးဝယ်တာတောင် လွဲနေတတ်တဲ့ ကျောက်တွေလည်း ရှိနေတတ်ပါတယ် ။ ဒါတောင်မှ အနည်းဆုံး ၃ဆ ပြန်ရောင်းနိုင်မယ့်ကျောက်ကို အဓိကရွေးဝယ်ပါတယ်။အဝယ်မှန်ကျောက်ကောင်းဝယ်မိလို့အမြတ်အများကြီးရတာပြသာနာမရှိပေမယ့် ကိုယ့်ကျောက်ကဝယ်ဈေး ၂ ဆတောင် မရဘူးဆိုရင် ကိုယ့်မျက်စိကို အမှန်မြင်နိုင်အောင်အာရုံမတက်မိအောင်ဂရုစိုက် ဝယ်ရပါ့မယ် ။ ကျနော်ဝယ်သမျှကျောက်သာ တစ်လက်ထပ် ၂ဆ အမြတ်နဲ့ ရောင်းမယ်ဆိုရင် မန်းမှာသာရောင်းမှာပါတခြားနိုင်ငံထိသယ်ရောင်းစရာမလိုပါဘူး ။ ဒါက ပုံမှန်ကျောက်ဝယ်တဲ့ နည်းပါ။ အဝယ်မှားရင်သင်ခန်းစာရအောင်ယူတာက အမြတ်ပါ ။ အဝယ်မမှားအောင် ဂရုစိုက်ကြပါ ။ လောဘ မတက်မိအောင်ကြိုးစားပါ ၊ ငါသာလျှင် ကျောက်မှာ သိတယ်တတ်တယ် စိတ်လျှော့ပါ  ဆရာတင်မမှားကြပါစေနဲ့၊ကိုယ့်ဆုံးဖြတ်ချက်အတိုင်း လုပ်ပါ မှားသွားရင်တောင် ပညာရမှာပါ တခြားသူစကားကြောင့် ဆိုရင် ငွေဆုံးမယ့်အပြင် မိတ်ဆွေ သူငယ်ချင်းပါရှူံးနိုင်သလို နောင်တပါ ရပြီး တငွေ့ငွေ့ လောင်ကျွမ်းနေတတ်ပါတယ် ။
  •   ကျောက်ဝယ်ရာမှာ အရေးအကြိးဆုံးက အာရုံမတက်ပါနဲ့ ၊ သူများစကားနားမယောင်ပါနဲ့၊ အမြင်မှန်အောင်ကြိုးစားကြည့်ပါ၊ လောဘ မတက်ပါနဲ့၊ကျောက်တစ်လုံးတွေ့လို့မဝယ်လိုက်ရမှာမပူပါနဲ့(ဖားကန့်ရှိနေသမျှဝယ်လို့မကုန်အောင်ကျောက်တွေရှိပါတယ် ။) လုမဝယ်ပါနဲ့ အပြိုင်ဈေးပေးမဝယ်ပါနဲ့၊မသေချာမရေရာတဲ့ကျောက်မဝယ်ပါနဲ့၊သင့်နဲ့ထိုက်တဲ့အတိုင်းသာသင်ရမှာပါ။သင်ကြိုးစားအားထုတ်မူ့နဲ့ သင်ရဲ့ အတွေးအခေါ်ယူဆချက်တွေ အပေါ်မှာပဲ အကျိုးအမြတ်ရ မှာပါ။ 
ရေးရင်းပြောချင်တာများလို့ စာကရှည်ပြီးရင်း ရှည်နေတော့တာပါပဲ။ 😁
 
အားလုံး ကျောက်အဝယ်မှန်ပြီး ကြီးပွားကြပါစေ ။









                         

No comments:

Post a Comment