Popular Posts

Monday 11 March 2019

တရုပ်ကွန်မြူနစ်ပါတီနိုင်ငံရေးစနစ်နဲ့ တရုပ်သမ္မတရှီကျင်ပင်း

တရုပ်ကွန်မြူနစ်ပါတီနိုင်ငံရေးစနစ်နဲ့ တရုပ်သမ္မတရှီကျင်ပင်း 

.ကျနော်ရှာတာကရေးနေတာတွေဟာ နောက်တက်မဲ့ တိန်လျှောက်ပိန်ရဲ့ အရိပ်လွှမ်းတဲ့ စီဂျင်ပင်းလို မျိုးဆက်သစ် လူငယ်ဗမာခေါင်းဆောင်ပေါ်စေချင်တဲ့ စေတနာသက်သက်ပါပဲ!






https://en.wikipedia.org/wiki/China



တရုတ်တွေက သူတို့ခေါင်းဆောင်တွေကို (ပိုး) မွေးသလို မွေးနိုင်တယ်। အာဏါကို တရုတ်ကွန်မြူနစ်ပါတီက ထာဝရချုပ်ကိုင်ထားလို့ပဲ။ ဒီမိုကရေစီမှာ က ဘယ်သူအာဏါရမယ် မပြောနိုင်ဖူး။ ဒါပေမဲ့ ဒီမိုကရေစီမှာ လူတော်.တွေကို(လမ်းပြ) ပေးလို့ရပါတယ်। လောကကြီးမှာ (သိ) သူဖေါ်စား (မသိ) သူကျော်သွားတာပဲမဟုတ်ပါလား?


လူ့လောကကြီးရဲ့အားနဲချက်က (ငွေ) တွေရှာ (ပညာ) တွေရှာ (အသိ) တွေရှာပြီး (သေ) တော့လည်း အားလုံးးထားခဲ့ရတာပါပဲ။


စာရေးသူက (မှား) တာ (မှန်) တာထက် Logical Thinking ရှိစေချင်တယ်।Critical Thinking ကနောက်မှ (ကပ်)လိုက်လာတာပါ။


စာရေးသူတို့ရဲ့ ဗမာ့ယဉ်ကျေးမှုက ပုဂ္ဂိုလ်(အစွဲ) မှပဲ ယက်ကန်ယက်ကန်နဲ့ ပုဂ္ဂိုလ်ရေး (နွံ) က ရုန်း မထွက်နိုင်သေးဖူး Logical Thinking ဆိုတာ အဝေးကြီး!


နိုင်ငံရေးဆိုတာ Logical Thinking ရှိရုံနဲ့ မလုံလောက်ပါ။

  • Logical Thinking အမှီယူရတာက Capacity လို့ခေါ်တဲ့ (အသိ)।Knowledge.. (အသိ) လိုပါတယ်। Knowledge (အသိ) ရဖို့က တသက်လုံး ရေဖြည့်ရပါတယ်။
  • Knowledge (အသိ) ရဖို့ both (စာ)တွေ့ရော လက်တွေ Life Experience လိုပါတယ်။
  • Work Experience Life Experience က(သင်္ခန်းစာ) ယူတတ် lessons learned လုပ်တတ်ဖို့ လိုပါတယ်။


ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့….

You need both: Book smart & Street smart

  • Book Smart က (စာဖတ်မှု) ကရပါတယ်।
  • Street Smart က (ထိ) တွေ့မှုက (ရ) နိုင်ပါတယ်….


စာရေးသူ Focus လုပ်နေတာလည်း ဒီအချက်တွေပါပဲ!

ဘာကြောင့် စီဂျင်ပင်းလို လူငယ်ခေါင်းဆောင်ကို(ဖတ်) စေချင်တာလဲ?


စီဂျင်ပင်းဟာ (ဥါဏ်) ရှိတဲ့ ရည်မှန်းချက်ကြီးတဲ့ (လူငယ်) တဦးဖြစ်ခဲ့တယ်

သူ့အဖေက တရုတ်(စံ) အရတော့ အလွန် လစ်ဖရယ်ကျတဲ့ Reformists တစ်ယောက်।

တော်လှန်ရေးကာလတုန်းက သူ့နယ်မြေ သူ့ဇာတိမှာ နံမည်ကြီးခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တဦး। ကွန်မြူနစ်တွေ အကြားမှာ လစ်ဖရယ်အတွေးအခေါ်ရှိတဲ့သူ ဘယ်မှာ ရှင်သန်နိုင်မှာလဲ?

ဒါကြောင့် စီဂျင်ပင်းရဲ့အဖေဟာ(၁၁) လောက်(အနှိမ်) ခံခဲ့ရတယ်। အစွန်းရောက်တဲ့ Radical ကွန်မြူနစ်တွေကြားမှ ဖေါက်ပြန်ရေးသမားရဲ့(သား) ဟာ ဘယ်လို ထိုးဖေါက်နိုင်မှာလဲ?


ဒါကြောင့် စီဂျင်ပင်းဟာ ကိုယ့်သဘောနဲ့ကိုယ်တော ကိုရွှေ့ခဲ့တယ် Self Exile သဘောာမျိုးပေါ့ (ဂူ) ထဲမှာ ဆင်းဆင်းရဲရဲ နေရရှာတယ်။ဒုဝန်ကြီးချုပ်ရဲ့သား ရေတောင် ဒယိုးဒယိုင် ထမ်းရရှာတယ်တဲ့။ 

စီဂျင်းပင်း တောကို ယူလာတာကစာအုပ်အထူကြီးတွေတဲ့। ဒါကဘာကိုပြသလဲဆိုရင် စီဂျင်ပင်းဟာ(စာ) သမား Book smart တောမှာနေရင်း..Street smart အတေ့အကြုံကိုယူခဲ့ ပုံပေါ်တယ်။


ခေါင်းဆောင်မှုရှိတာက တော့ Character।ဗီဇ।အရည်အသွေး အရ တောမှာနေရင်းခေါင်းဆောင်မှုကိုပြနိုင်လို့ တောက သူ့ကိုချစ် ချစ်ခဲ့ကြတယ် ဒါကြောင့် တောသားတွေအတွက် ဘယ်ထားတဲ့ quota ကနေ ဘေဂျင်းတက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တယ်။ ပထမဘွဲ့က Engineering နောက် ဥပဒေဘာသာရပ်နဲ့ ပါရဂူ Ph.D ရခဲ့တယ်။

ထူးဆန်းတာက Marxist Economy နဲ့ Thesis ရေးခဲ့တာတဲ့।ဥပဒေကို စီးပွားရေးစာတန်းရေးတာ ဘယ်လိုဆက်စပ်တယ်ဆိုတာတော့ စာရေးသူ စနစ်ကို မလေ့လာရ၍ မသိပါ။


တိန်လျှောက်ပိန် ခေါင်းပြန်ထောင်လာတဲ့ Reform ကာလမှာ သူ့အဖေနေရာပြန်ရလာတယ်။ ဒီမှာ CMC လိုခေါ်တဲ့ စစ်ကောင်စီမှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ သူ့တပည့် စစ်ဗိုလ်ချုပ်က သူ့သားကို PSO ခန့်ခဲ့တဲ့အတွက် စီဂျင်ပင်းနေရာ ရလာတယ်။


သူ့ဆရာ အချခံရတော့ စီဂျင်ပင်းက တောကိုပြန်သွားပြန်တယ်။

ပထမအကြိမ် တောမှတုန်းက အကြိမ်ကြိမ် ကွန်မြူနစ်ပါတီဝင်ဖို့ကြိုးစားတာ လက်မခံခဲ့ဖူး!

မလျော့သော လုံးလနဲ့ အကြိမ်ကြိမ်ထပ်ကြိုးစားလို့ နောက်ဆုံး ၀င်ခွင့်ရလာတယ်။

သူ့ဆရာက စစ်တပ်မှာပဲ နေဖို့အကြံပေးတယ်।လက်မခံပဲ တောမှာပဲ လက်ထောက်ပါတီခေါင်းဆောင်သွားလုပ်နေလေရဲ့ ဒီကတဆင့် ပါတီထဲမှာ ယုံကြည်မှုရ နေရာရလာခဲ့ပါတယ်။


တရုတ်တွေက ဥါဏ်ရှိတော့ နေရာရထားတဲ့(လူကြီး) တွေက အစောကြီး ခေါင်းဆောင်မှုရှိတဲ့ (လူငယ်) လေးတွေကို မျက်စိကျရင်ရာထားပြီး (ပိုး) မွေးသလို.မွေးတော့တာပဲ!


ဟူဂျင်တောင်ဟာ ကွန်မြူနစ်လူငယ်ကနေတိန်လျှောက်ပိန် သမီးနဲ့ အတန်းအတူတူတက်ရာကနေ တိန်ရဲ့သမီးက တော်တယ်ဆိုပြီး အဖေနဲ့မိတ်ဆက်ပေးလို့ (တိန်)ကအနှစ်(၂၀) reform လမ်းကြောင်း ခိုင်မာအောင် သူမသေခင် 4th Generation စတုတ္ထမျိုးဆက်ခေါင်းဆောင်အဖြစ် ဟူဂျင်တောင်ကို(ရွေး) ခဲ့တာ။


စီဂျင်ပင်းနဲ့အပြိုင်ကBo Xilia। Bo ရဲ့အဖေကလည်း ဒုဝန်ကြီးချုပ်တစ်ယောက်ပဲ।Bo ကလည်း အလွန်ထက်ပါတယ်।ကွာသွားတာက မိန်းမတွေပဲ!

စီဂျင်းပင်ရဲ့ဒုတိယမိန်းမက စစ်တပ်ထဲက Opera Singer ဗိုလ်ချုပ် (Major General) အဆင့်ရှိတယ်।ငွေမက်ပုံ.မပေါ်ဖူး…


Bo Xilia ရဲ့မိန်းမက ရှေ့နေ အာဏါနဲ့(ငွေ) မက်ပုံရတယ်।Bo Xilia ကတော်သလို(ရမ်း) ပုံရတယ်।မိန်းမလည်း လိုက်စားတယ်।(သား) ကိုလည်း စွပ်အလိုလိုက်တယ်।Oxford မှာကျောင်းထားပြီး သားက မိန်းမပွေ ငွေသုံး ပြင်သစ်မှာ အိမ်အကောင်းစားကြီးဝယ်।အင်္ဂလိပ်မျောက်ဖြူတစ်ကောင်ကို ခရိုနီအဖြစ်မွေးထားတယ်။ သူ့သားကိုလည်း အင်္ဂလန်က Business တွေကို (ကိုင်) ခွင့်ပေးထားတယ်।ဒီမျောက်ဖြူက သူ့သားကို ဖျက်စီးရင်းက အဝေ မတဲ့ဖြစ်ကြတယ်။

  • ပထမအချက် အင်္ဂလိပ်အကောင်ကိုခရိုနီအဖြစ်မွေးတာ တရုတ်ပြည် (စံ) နဲ့ ကြည့်ရင် (ရမ်း) တာပဲ!
  • ဒုတိယ ကိုယ်က အာဏါရှိတာပဲ အသာလေး ဆွဲစိ ပြီးထောင်ထဲထဲ့ထားလိုက်ရင်တောင်ရတယ်।မူးယစ်စေ၀ါးနဲ့ အမှုလုပ်ပြီး သတ်ပစ်လို့တောင်ရ.နိုင်ပါတယ်။

တရုတ်တွေလည်း (Rule by Law) ကိုကျင့်သုံတြတာပါပဲ।Bo Xilia ရဲ့ မိန်းမကသားကိုထိတော့ မာနတက်ပြီး မျောက်ဖြူအင်္ဂလိပ်ကို အဆိပ်ကျွေး(သတ်) ပစ်လိုက်တယ်।

သတ်ပေးတာက Bo Xilia ရဲ့ပုလိပ်မင်းကြီး Bo Xilia က(မသိ) ခဲ့ဖူး။

ပုလိပ်မင်းကြီးကလက်သရမ်းလာတော့ ရန်သူတွေများလာပြီး သူ့ရန်သူတွေကတရုတ်ဝန်ကြီးချုပ် Wen Jiabao ၀န်ကျားဘောင်ကိုတိုင်ပြီး ပုလိပ်မင်းကြီး ရဲ့ဇာတိကလူတွေကိုဖမ်းကိုင်ပါလေရော।ပုလိပ်မင်းကြီးက.ကြောက်ပြီး Bo Xilia ကိုအကူအညီတောင်းတော့ Bo Xilia က ၀င်မပါဖူး။

ဒီမှာတင် မိန်းမအကြောင်း(အသိ) ပေးပြီး Bo Xilia ကိုအကြပ်ကိုင်တော့ Bo Xilia က မိန်းမစကားကို (ယုံ) ပြီး တရုတ်ပီပီ အောက်ကအကောင် လူပါးဝတယ်ဆိုပြီး ပါးရိုက်လွှပ်လိုက်တယ်။

ဒီမှာတင် ပုလိပ်မင်းကြီးက အမေရိကန်ကောင်စစ်ဝန်ရုံးမှာ နိုင်ငံရေး ခိုလှုံခွင့် ၀င်တောင်းတော့ ဒီသတင်း ကမ္ဘာကျော်ခဲ့ရတယ်။ ဒီမှာတင် Bo Xilia ရဲ့ကျဆုံးခန်း(စ) တော့တာပါပဲ!


Bo Xilia ရဲ့အားနဲချက်က မိန်းမနဲ့သားပဲ।သားကိုအလိုလိုက်တာလည်းအမေပဲမဟုတ်လား?


ဒီလို Bo Xilia ရမ်းကားနေချိန်မှာ Xi Jinping ဟာ ရိုးရိုးကုပ်ကုပ်နေခဲ့တယ်။

သူ့အမေက ကျန်တဲ့သားသမီးတွေကြောင့် သူ့သား နံမည်မပျက်အောင်ထိန်းပေးခဲ့တယ်।

မိန်းမကလည်းဟော့ဟော့ရမ်းရမ်း.မရှိခဲ့ဖူး။

Bo Xilia က မော်စီတုံးသီးချင်းတွေဆို ရဲရဲတောက်(နီ) ပြနေချိန်မှာ Xi Jinping က အလုပ်ကြိုးစားပေမဲ့ နံမည်ထွက်အောင် အလွန်အကျွံ မလုပ်ပြနေဖူး။

Bo Xilia।ဟူဂျင်တောင်ရော।၀န်ကျားဘောင်နဲ့ပါ ရန်ဆောင်နေချိန်မှာ Xi Jinping က ပြဿနာမရှာခဲ့ဖူး။ အလယ်အလပ် လမ်းစဉ်အတိုင်း ဖြေးဖြေးမှန်မှန်လျှောက်ခဲ့တယ်။


Xi Jinping တို့(ကံ) ပေါ်ချင်တော့တရုတ်ကွန်မြူနစ်ပါတီမှာ ရှန်ဟိုင်းအုပ်စုက အရေးပါတယ်။ ဟူဂျင်တောင်တို့က ရှန်ဟိုင်းပါတီခေါင်းဆောင်ကိုလဒ်စားမှုနဲ့ ကိုင်လိုက်တော့ ရှန်ဟိုင်းဆိုတာက သမ္မတဟောင်း ရန်စီမင်းရဲ့ Power Base လေ။


ရန်စီမင်းက XI Jinping ကို ရှန်ဟိုင်းပါတီခေါင်းဆောင်နေရာပေးပြီး မကြာဖူးကျင်းပတဲ့...


17th Party Congress မှာ ရန်စီမင်းရဲ့လူ Princling အုပ်စု က।Xi Jinping က CYL ကွန်မြူနစ်လူငယ်အုပ်စုက।ဟူဂျင်တောင်ရဲ့လူLe Keqiang လီကင်ရှမ်းကို အနိုင်ရပြီး Core Leader အဖြစ် အရွေးခံခဲ့ရတယ်။


18th Party Congress ရောက်တော့ Bo Xilia ပြုတ်ခဲ့ရတဲ့အတွက်ပြိုင်ဖက်ကိုအောင်နိုင်ခဲ့ပါတယ်။Bo Xilia သာမပြုတ်ရင် PBSC လို့ခေါ်တဲ့ Politburo Standing Committee ၀င်ဖြစ်ပြီး အလွန်အာဏါရှိတဲ့ Internal Security ကိုကိုင်ရရင် Xi Jinping ကို(အာခံ) နိုင်မှာ…


ထို့အပြင် စီ အာဏါမယူခင် ၂၀၁၂ မတ်လမှာCYL အုပ်စုကို အခြေပျက်စေခဲ့တဲ့ Ling Gu Affair ဆိုတာဖြစ်ခဲ့တယ်။ CYL အုပ်စုက သမ္မတဟူဂျင်တောင်ရဲ့  လက်ရုံးတပည့်အရင်းလည်းဖြစ်တဲ့ အလွန်တန်ခိုးကြီးတဲ့ တရုတ်ကွန်မြူနစ်ပါတီ General Office ရဲ့အကြီးအကဲ

Ling Jihua ရဲ့သားဟာ ယွန်တသန်းတန်ကျော်တဲ့ Ferrari ကားကိုမောင်းရင်း Naked တိုင်းရင်းသူ (၂) ကိုပေါင်ဖေါ်တင်ရင်း အရှိန်လွန်ကာ ကားမှောက်သေဆုံးခဲ့ပြီးကျောင်းသူတွေ ဒဏ်ရာရခဲ့ကြတယ်။

ဒီသတင်းကနေ အမေဖြစ်တဲ့ Gu Liping ဟာ ပရဟိတလုပ်ငန်းကိုအရှေ့ကဗန်းပြပြီး နောက်က စီးပွားရေးသောင်ကျန်း နေတာပေါ်သွားပြီး သား Ling Gu မှာ ဈေးကြီးကားတွေ

မြောက်မြားစွာ ပိုင်ဆိုင်နေတာပေါ်သွားတဲ့အတွက်မြွေပါလည်းဆုံး သားလည်းဆုံးဖြစ်ခဲ့ရပြီး CYL အုပ်စုအားနဲခဲ့ရတယ်။


တချိန်လုံး…ငြိမ်ငြိမ်ရိုးရိုးကုပ်ကုပ်နေခဲ့တဲ့ Xi Jinping ဟာ အာဏါရလာမှ အရောင်အသွေးကိုထုတ်ပြလာတော့တယ်။

ဟူဂျင်တောင်က စစ်ဖက်အတွေ့အကြုံလည်းမရှိ စစ်တပ်ကိုလည်း မကိုင်ရဲတာကြောင့်

စစ်ဗိုလ်ချုပ်တွေရဲ့ ဗိုလ်ကျခြင်းကို(ခံ) ခဲ့ရတယ်။ (၅) နှစ် အိမ်ရှေ့နေရာမှာအလုပ်သင်ခဲ့ရတဲ့ Xi Jinping က ဒါကို အနီးကပ်လေ့လာတွေ့ရှိခဲ့ရတယ်။

CMC မှာ ခေါင်ချုပ်တစ်ယောက်ရဲY PSO လုပ်လာတာကြောင့် စစ်တပ်အကြောင်းကောင်းကောင်း (သိ) ရုံမက သမ္မတဟောင်း လူလျှောက်ချီရဲ့သားတို့လို စစ်တပ်ထဲက..Princling ဗိုလ်ချုပ်တွေနဲ့ နီးစပ်တာကြောင့် စစ်တပ်ထဲမှာ (ခြစား) မှုကို ကိုင်တွယ်ရဲတယ်။

တချိန်ထဲမှာ Bo Xilia ကိုအားပေးကူညီခဲ့တဲ့ ဟူဂျင်တောင်လက်ထက်က အလွန်အာဏါရှိတဲ့ Internal Security Chief ကိုလည်း ခြစားမှုနဲ့ဖမ်းပြီး နှိပ်ကွပ်လိုက်တယ်။


ဟူဂျင်တောင်လက်ထက် ကတည်းက PBSC member ဖြစ်နေတဲ့ Princling အချင်းချင်းလည်းဖြစ်နေတဲ့ အလွန်တော်တဲ့ လုပ်သက်ရင့်တဲ့ Wang Qishan ကို Anti Graft Agency ကိုကိုင်ခိုင်းပြီးTigers & Flies လို့နံမည်တွင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းရော ပြည်နယ်ခေါင်းဆောင်တွေကိုပါ ကိုင်လိုက်တာ ပြည်သူတွေရဲ့ထောက်ခံမှုကိုရခဲ့တယ်။


ဒီတော့မှ ပါတီ।စစ်တပ်နဲ့ပုလိပ်ကို သူ့အောက်မှာ(အပိုင်)ကိုင်ထားတော့တယ်။

`19th Party Congress' မှာအရိုက်ရာခံမဲ့သူကို(မရွေး) ခဲ့ပဲ အာဏါကို ချုပ်ကိုင်နိုင်ခဲ့တယ်။


စာရေးသူအနေနဲ့ကတော့ Dilemma ပဲ।Principle အရ Collective Leadership ကိုသဘောကျသလို ခေါင်းဆောင်တစ်ယောက် 2 Terms ဆိုတာကို စာရေးသူ လက်ခံတယ် သဘောကျတယ်။


သို့သော်လည်း တဖက်မှာ Putin လို အရည်အသွေးရှိတဲ့ ခေါင်းဆောင်မျိုး ဆက်မအုပ်ချုပ်နိုင်ရင် အမေရိကန်တွေရဲ့ဗိုလ်ကျမှုကိုခံရမှာပေါ့!


မှားတာ।မှန်တာ တပိုင်း Xi Jinping ဟာ အရည်အသွေး ရှိတဲ့ ခေါင်းဆောင်ဆိုတာကိုတော့(ငြင်း)  လို့ မရပါဖူး!


ဟူဂျင်တောင်က အလှုပ်-မရှုပ်-မပြုတ် ခေါင်းဆောင် Xi Jinping က လုပ်ရဲ ကိုင်ရဲတဲ့ခေါင်းဆောင် ဒါ့အပြင် စာဖတ်တယ် ဗဟုသုတကြွယ်တယ် ရေရှည်ကြည့်တတ်တယ်။

အရေးကြီးတဲ့ အချိန်မှာ အမေရိကန်ကို Challenge လုပ်နိုင်မဲ့ခေါင်းဆောင် Long Term Strategy ကိုနားလည်တဲ့ခေါင်းဆောင်!


One Belt One Road ဆိုတာ…

China Power ကို Sustain လုပ်မဲ့ Planစစ်ရေးမှာလည်း AI နဲ့ Space ကို Focus လုပ်နေတယ်।လုပ်ကွက်တွေ(စေ့) တယ်।(ဥါဏ်) ရှိတယ်।ငယ်ငယ်ကတည်းက ရေဖြည့်ခဲ့သူ Xi Jinping Thoughtဆိုတာ အကြမ်းပျင်းအားဖြင့် Wealth Distribution ကို တွေးတာပဲ!


အသေးစိပ်..လေ့လာကြည့်ရဦးမယ် စိတ်ဝင်စားစရာကောင်းပါတယ်..


Ref:  ဘိုဘိုကျော်ငြိမ်း ဖေ့ဘုတ် ( Feb 10, 2018 )


**********************************


တရုတ်ပြည်ရဲ့ "ဧကရာဇ်ဆိုး"ပြန်လာပြီ။ 


ဖရန်စစ်ဖူကူယားမား။ မတ် ၆ ၂၀၁၈။


၁၉၇၈ ခုနှစ်ကစပြီး၊ တရုတ်ပြည်ရဲ့ အကြွင်းမဲ့ အာဏာကျင့်သုံးတဲ့နိုင်ငံရေးစနစ်ဟာ အခြားအာဏာရှင်စနစ်များအားလုံးနီးပါး နဲ့တစိတ်တပိုင်းကွဲပြားခြားနားခဲ့ပါတယ်။ အုပ်စိုးနေတဲ့ ကွန်မြူ နစ်ပါတီ ဟာ ခေါင်းဆောင်များအလှည့်ကျ ဆက်ခံအုပ်ချုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အသက်ကြီးရင့်ပြီဖြစ်တဲ့ခေါင်းဆောင်များရဲ့ အုပ်ချုပ်မှုသက်တမ်းသတ်မှတ်ချက်ကို ပုံမှန် ဆယ်နှစ်ခြား ရှိစေခဲ့တာ အခုအချိန်ထိ သုံးကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ အနားယူသွားတဲ့ ခေါင်းဆောင်များနေရာကို အစားထိုးဖို့ ခေါင်းဆောင်သစ်များ ပြုစုပျိုးထောင်ပေးတဲ့ ပါတီရဲ့ စနစ်ကလည်း ၊ သမ္မတတွေဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြတဲ့ အီဂျစ်၊ လစ်ဗျား၊ ဇင်ဘာဘွေ နဲ့ အင်ဂိုလာ တို့လို နိုင်ငံရေးရပ်တန့်နေမှုကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။


အခုတော့ ဒါတွေအားလုံး အပြင်ထုတ်ခံလိုက်ရပါပြီ။ တရုတ်သမ္မတရှီကျင့်ဖျင် က သမ္မတရဲ့ သက်တမ်းသတ်မှတ်ချက်ကို ပယ်ဖျက်တော့မယ်လို့မကြာသေးမီကကြေငြာလိုက်လို့ပါပဲ။သူ့ရဲ့ကျန်တဲ့ သက်တမ်းတလျောက်လုံး တရုတ်ရဲ့အုပ်ချုပ်သူ လုပ်တော့မယ်လို့ ဆိုလိုက်တဲ့သဘောပါပဲ။ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ အာဏာရှင်စနစ် ကို သူ့ရဲ့တဦးတည်းသဘောနဲ့ အုပ်ချုပ်မှု အဖြစ်သို့ တချက်တည်းနဲ့ ပွဲသိမ်းပစ်လိုက်ခြင်းပါပဲ။ ဒီလုပ်ရပ်ဟာ သူပြုစုပျိုးထောင်နေတဲ့ အလွန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အပေါ်ထပ်ဆင့်လိုက်ခြင်းပါပဲ။ အခုဆို ရှီကျင့်ဖျင် ရဲ့ အတွေးအခေါ် ဟာ ဖွဲ့စည်းပုံ မှာ ဥက္ကဋ္ဌကြီးမော်နဲ့ ယှဉ်ပြီးစာရင်းဝင်လာခဲ့ပါပြီ။


ဒီမိုကရက်တစ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မည်သည့်နိုင်ငံရေးစနစ်မဆို အောင်မြင်ရေးဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထားတဲ့ စည်းမျဉ်းဥပဒေ တိကျထင်ရှားစွာ ရှိရေးပေါ်တည်ပါတယ်။ ဘယ်ပုဂ္ဂိုလ်တဦးတယောက်ကမှအတိုင်းအဆမရှိ အုပ်ချုပ်နိုင်လောက်အောင်ပြည့်စုံလုံလောက်တဲ့ပညာ နဲ့ စေတနာ မရှိနိုင်လို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အာဏာရှင်စနစ်အားလုံးမှာ နေရာဆက်ခံရေးဟာ အားပျော့ကွက် တစ်ခု ဖြစ်နေခြင်းပါပဲ။ ဩဇာကြီးမားတဲ့ခေါင်းဆောင်ကြီးတစ်ယောက်ကွယ်လွန်သွားရင် အကျိုးယုတ်စေမယ့်အာဏာလုပွဲတွေဖြစ်စေတာ စည်းမျဉ်းဥပဒေ မရှိလို့ပါပဲ။


ခေတ်ပြိုင် ရပ်ရှားနိုင်ငံနဲ့စာရင် တရုတ် ရဲ့ မဟာသာလွန်ချက်ကဒီစည်းမျဉ်းဥပဒေတွေ ရှိနေခြင်း အဓိကဖြစ်ပါတယ်။ ရပ်ရှားသမ္မတဗလာဒီမာပူတင် နှလုံးရောဂါနဲ့ မနက်ဖန်ပဲ ရုတ်တရက်သေဆုံးသွားမယ်ဆိုပါစို့၊ အာဏာကွက်လပ်ကြီး ပေါ်လာပြီး၊ အာဏာရအခွင့်ထူးခံများ အချင်းချင်းတယောက်နဲ့တယောက် တိုက်ခိုက်ကြမှာဖြစ်လို့တိုင်းပြည်ဟာ မရေရာမသေချတဲ့ ချောက်ထဲကျသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆက်ခံသူမရှိစေဦး ပုံမှန်ခေါင်းဆောင်သူအပြောင်းအလဲ လုပ်ပေးနေလျင် အတွေးအခေါ်သစ်များ မျိုးဆက်သစ်များဟာ ပေါ်လစီသစ်များချမှတ်နိုင်ပြီး၊ မူလခေါင်းဆောင်များကိုလည်း အဆင့်တစ်ခုအထိ တာဝန်ခံထားနိုင်မှာဖြစ်ပါတယ်။


စွန့်ပစ်လိုက်တဲ့ဥပဒေများဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလက တရုတ်ပြည်ခံစားခဲ့ရတဲ့ နာကျည်းစရာ အတွေ့အကြုံများရဲ့ အကျိုးဆက်ပဲဖြစ်ပါတယ်။ ရာစုနှစ်များစွာရိုးရာအစဉ်အလာ အတိုင်းသက်ဦးဆံပိုင်အုပ်ချုပ်လာခဲ့တဲ့ နိုင်ငံရေးစနစ် ရဲ့ အားနည်းချက်များကို " ဧကရာဇ်ဆိုး" ပြသနာ လို့ခေါ်ကြပါတယ်။ လွတ်လပ်တဲ့တရားရုံးများ၊ လွတ်လပ်တဲ့ သတင်းမီဒီယာများ၊ ရွေးကောက်တင်မြှောက်ထားတဲ့ ဥပဒေပြုမဏ္ဍိုင် ဆိုတဲ့ အာဏာရှင်တယောက်ရဲ့ အုပ်ချုပ်မှုအာဏာကို စောင့်ကြည့် ထိန်းကွပ်မယ့်အဖွဲ့များ ရှိမနေခဲ့တဲ့ အာဏာရှင် စနစ်တခုမှာ မင်းကောင်းမင်းမြတ် ဖြစ်မှသာလျင် အံ့ဩလောက်စရာ လုပ်ဆောင်ချက်များကို လုပ်ပြနိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် စင်္ကာပူရဲ့ ဖွံ့ဖြိုးစနှစ်ကာလများက ဝန်ကြီးချုပ်လီကွမ်ယူ ကို ကြည့်နိုင်ပါတယ်။အစောပိုင်းကာလ တရုတ်ပြည်ကို မင်းလုပ်အုပ်ချုပ်ခဲ့သူများ ကျဆုံးသွားခဲ့ရခြင်းဟာ "ဧကရာဇ်ဆိုး" များဖြစ်ခဲ့ကြလို့ပါပဲ။ သူ့ရဲ့ ဒါမှမဟုတ်တန်မင်းဆက်ရဲ့ "ဘုရင်မဆိုးဘုရင်မညစ် ဝူ " လို သူမရဲ့ အာဏာ ကို ထိထိရောက်ရောက် မကန့်သတ်နိုင်ခဲ့လို့ပါပဲ။


တရုတ်ပြည်ရဲ့ နောက်ဆုံး ဧကရာဇ်ဆိုး ကတော့ မော်စီတုန်း ပါပဲ။မော်ဟာ တိုင်းတပါးသိမ်းပိုက်မှုကနေ တိုင်းပြည်ကိုလွတ်မြောက်စေခဲ့ပေမယ့် ကပ်ဘေးဒုက္ခကြီး နှစ်ခုကိုဖြစ်ပွားအောင် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၅၀ခုများနှောင်းပိုင်းမှာစတင်ခဲ့တဲ့ မဟာခုန်ပျံကျော်လွှားတိုးတက်ရေး နဲ့ ၁၉၆၀နှောင်းပိုင်းမှာ သတင်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေး တို့ပဲဖြစ်ပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေး ဟာ တရုတ်ပြည်ကြီးကို မျိုးဆက်တဆက် နောက်ပြန်ဆုတ်စေခဲ့ပြီး၊ သူ့ဒဏ်ခံခဲ့ရတဲ့ အခွင့်ထူးခံအလွှာများကို အမာရွတ်ဖြစ်စေခဲ့ပါတယ်။ ဒီအတွေ့အကြုံကိုတိုက်ရိုက်တုန့်ပြန်တဲ့အနေနဲ့ စုပေါင်းခေါင်းဆောင်မှုပေါ်ထွက်လာခြင်းပါပဲ။ တိန့်ရှောင်ဖိန် နဲ့ပါတီရဲ့အခြားခေါင်းဆောင်ကြီးများဟာ မော်စီတုန်း ရခဲ့သလိုမျိုးလူပုဂ္ဂိုလ်တဦးတယောက်ထဲမှာ ဩဇာအာဏာ အားလုံး စုပုံရောက်ရှိ နေတာမျိုး ဘယ်တော့မှ ခွင့်မပြု ရဘူးလို့ သန္နိဋ္ဌာန် ချထားခဲ့ကြပါတယ်။


ရှီကျင့်ဖျင် ဟာသူ့ရဲ့ တဦးတည်းအုပ်ချုပ်မှုအောက်ကို အာဏာအားလုံးစုစည်းခိုင်မာလာအောင် ဘာကြောင့်လုပ်ခဲ့တယ် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို တရုတ်နိုင်ငံရေးစနစ်ရဲ့ ပွင့်လင်းမြင်သာမရှိမှုကြောင့်ကျွန်တော်တို့သိနိုင်စွမ်းမရှိပါဘူး။

.

ဒီလိုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်တစိတ်တပိုင်းက အာဏာ ဟာဒေသများတွင်း နဲ့ ဝန်ကြီးအဖွဲ့ အတွင်းက လုပ်ပိုင်ခွင့်ရှိသူ နယ်စား ပယ်စားအတော်များများထံပြန့်နှံ့ရောက်ရှိသွားပြီး ထိုသူများကလည်းအကျင့်ပျက်ခြစား၊ ဗဟိုကလည်း ချုပ်ကိုင်ရန်ခက်ခဲလာတာကနေ မြစ်ဖြားခံလာခြင်းဖြစ်ပါလိမ့်မယ်။( ယခင် ချုံကင်းပါတီအကြီးအကဲ ဘိုရှီးလိုင် လို အဖြစ်မျိုး ဥပမာ) နောက်အချက်တချက်ကတော့ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ပါတီကဖယ်ရှားခံရတဲ့ ပါတီခေါင်းဆောင်များရဲ့ သားသမီး( မင်းညီမင်းသားများ)များဖြစ်ကြပြီး ကျန်ဇီမင်း နဲ့ သူ့ကိုဆက်ခံသူများ ကခေါ်မှ ပါတီအတွင်းပြန်ရောက် လာရတဲ့ ရှီကျင့်ဖျင်လို အပြင်လူများ ရဲ့ အခဲမကျေ မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။


အခြားအကြောင်းတချက်ကတော့အချိန်ကာလကြာညောင်း၍မေ့ သွားခြင်းဆိုတဲ့ ရိုရိုးအချက်လေးပါပဲ။အရှေ့ဥရောပမှာ ဖြစ်ခဲ့သလို ကြမ်းတမ်းတဲ့ အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့ အတွေ့အကြုံ များဟာ လူပုဂ္ဂိုလ်တဦးချင်းစီကို စိတ်ဒဏ်ရာရစေခဲ့ပြီး၊ ထိန်းချုပ်လို့ မရတဲ့အာဏာကိုခွင့်ပြုထားတဲ့ ဒီစနစ်ကို ပြန်လည်အသက်သွင်းလိုတဲ့ စိတ်မရှိအောင် ကာကွယ်ဆေးထိုးပြီးသားဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကို ထိပ်တန်းပါတီခေါင်ဆောင်တဦးတခါကပြောဖူးသလို" ယဉ်ကျေးမှုတော်လှန်ရေး က တရုတ်ပြည်ကို လုံးဝပျက်စီးစေခဲ့တာ ကို ခင်ဗျား နားမလည်ရင် အခု ခေတ်ပြိုင် တရုတ်ပြည်ကို ခင်ဗျား နားလည်မှာမဟုတ်ဘူး။ " ဆိုတာပါ။ ဒါပေမယ့် ထိုကာလကကျေးလက်ကို အပို့ခံခဲ့ရတဲ့ အခွင့်ထူးခံ မျိုးဆက်များဟာ အခုတော့ အိုမင်းနေကြပါပြီ။ မော် ရဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းကြောင်းအမွေ ကိုလည်း နှောင်းလူငယ်တွေ သင်ခန်းစာယူရအောင် တရုတ်နိုင်ငံက ဘာမျှမလုပ်ပေးပါဘူး။ ထိုကာလ က "အရှေ့တခွင်လုံးနီ " လိုသီချင်းမျိုး ကိုသာ လူငယ်တွေကြားဖူးကြမှာဖြစ်ပြီး၊ တပြည်လုံး စည်းလုံး ညီညွတ်ခဲ့ကြတဲ့အချိန် ပျော်စရာအချိန်လို့ပဲတွေးကြမှာပါ။


သာမန်ကာလျှံကာ လုပ်လိုက်တယ်လို့ ထင်ရတဲ့ သမ္မတသက်တမ်း သတ်မှတ်ချက် ကိုပယ်ဖျက်လိုက်ခြင်းက ဖွဲ့စည်းပုံနဲ့ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရတွေဟာဘာကြောင့် သာလွန်ကောင်းမွန်နေတယ်ဆိုတာကို ပြနေပါတယ်။ တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ တရုတ်ထိပ်တန်းပါတီခေါင်းဆောင်များကရေးဆွဲ ခဲ့တာဖြစ်ပြီး၊ ရေးဆွဲတဲ့သူများကိုတော့ ဘောင်မခတ်ထားခဲ့ပါဘူး။မတူခြားနားတဲ့ ဥပမာများပြရလျင် လက်တင်အမေရိကမှာ အံဩစရာကောင်းလောက်အောင်လွတ်လပ်သော တရားစီရင်ရေးစနစ်ရှိတဲ့၊ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ပြည့်နေတာတွေ့ရမှာဖြစ်ပါတယ်။ အာဂျင်တီးနား၊ ဗင်နီဇွဲလား၊ အီကွေဒေါ ၊ ကိုလံဘီယာ နဲ့ ဒေသတွင်းအခြားနိုင်ငံများမှာ ရာထူးသက်တမ်းတိုးရေး ကို ကြိုးပမ်းခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့အတွက် သူတို့ ရဲ့ နိုင်ငံရေးအရင်းအနှီးကိုပေးလိုက်ကြရပြီး၊ အောင်မြင်မှုလည်း အစဉ်ရတယ်လို့မရှိခဲ့ပါဘူး။


၂၀၀၉ မှာ ကိုလံဘီယာ သမ္မတအယ်လ်ဘာရိုယူရီဘီ ဟာ သမ္မတ သက်တမ်းကို သုံးကြိမ်ဆက်ထမ်းဆောင်ဖို့မျော်လင့်ထားပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံခုံရုံးက ပိတ်ဆို့တားမြစ်ခဲ့ပါတယ်။ သက်တမ်းတိုးတာ အခြေခံဥပဒေ နဲ့မညီဘူးလို့ဆုံးဖြတ်ပါတယ်။ သူဟာ ကိုလံဘီယာ နိုင်ငံအတွက် ကောင်းကျိုးတွေလုပ်ခဲ့တဲ့ သမ္မတ တစ်ဦးဖြစ်ချင် ဖြစ်မှာပါ။ ဒါပေမယ့်  လူကြိုက်များတဲ့ သမ္မတ တစ်ဦးကိုတောင် ရာထူးဆက်ယူခွင့်မပြုခဲ့တဲ့ စနစ်ရှိတဲ့ တိုင်းပြည်က ပိုပြီးကောင်းမွန် ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အီကွေဒေါ က အာဏာရှင်ဆန်တဲ့ သမ္မတ ရာဖဲလ်ကော်ရီးရား ဟာ အလားတူ ရာထူးမှဆင်းပေးခဲ့ရပါ တယ်။သူ့ကိုဆက်ခံတဲ့ သမ္မတ လီနင်မိုရင်နို က တိုင်းပြည်ရဲ့ ဒီမိုကရေစီ စနစ်ကို သွေးသစ်လောင်းနိုင်ခဲ့ပါတယ်။


တရုတ် ရဲ့ လက်ရှိဧကရာဇ် ကတော့ ဘယ်လောက်ဆိုးမယ်ဆိုတာ မဆုံးဖြတ်နိုင်သေးပါဘူး။ အခုအချိန်ထိတော့ သူဟာ တရုတ်ပြည်သူများ ရဲ့ ပိုပွင့်လင်း၊ ပိုသိမြင်နိုင်၊ ပိုလစ်ဘရယ်ကျတဲ့ လူ့အဖွဲ့အစည်းဖေါ်ဆောင်ရေးမျော်လင့်ချက်ကို နင်းချေပစ်လိုက်ပါပြီ။ နိုင်ငံရဲ့ အရေး ထက်ပါတီရဲ့အရေး ကိုပိုအလေးထားလိုက်ပါပြီ။ သဘောထားကွဲပါးမှု ကို အနည်းငယ်မျှလက်မခံချေမှုန်းလိုက်ပါပြီ။


တရုတ်တိုင်းသူပြည်သားတွေ့ရဲ့ နေ့စဉ်ဘဝပြု မူ နေထိုင်မှုအပေါ်စောင့်ကြည့်မှတ်သားဖို့များပြားတဲ့ ကိန်းဂဏန်းများ ၊ စက်ရုပ် အသိဉာဏ်များကိုအသုံးပြုမယ့် social credit system ဆိုတာကို အကောင်အထည်ဖေါ်နေပါပြီ။ ၂၁ရာစု အာဏာရှင်နိုင်ငံတစ်ခု ရဲ့ တွေးထင်မထားတဲ့ ပံုစံမ် ဳိးဟာ ဘယ္လိုဟာမ် ဳိးလဲဆိုတာ ရှီကျင့်ဖျင် လက်အောက်ကတရုတ်ပြည် က ကမ္ဘာကြီးကို အနီးစပ်ဆုံးပြသနေပါပြီ။


Ref: Francis Fukuyama: China’s ‘bad emperor’ returns

By Francis Fukuyama March 6 at 11:32 AM The WorldPost. Opinion

မြန်မာနိုင်ငံ The Voice သတင်းစာ ၁၀.၃.၂၀၁၈ မှာလဲ ဖော်ပြခဲ့ပါတယ်။

.

*************************************



တရုပ်ကွန်မြူနစ်ပါတီနိုင်ငံရေးစနစ် နဲ့ ခေါင်းဆောင်ရွေးချယ်မှုစနစ် 


ပြုစုသူ ...Macro Focus: Nov 7, 2012 Analysis Ole Andre Kjennerud (24 pages Presentation)

.

နိုင်ငံရေးစနစ် ဘယ်လိုဖွဲ့စည်းထားသလဲ?

ကွန်မြူနစ်ပါတီ ဘယ်လောက်ကြီးကျယ်သလဲ?


ဘာဖြစ်နေသလဲ (၂၀၁၂ ခေါင်းဆောင်သစ် ပြောင်းချိန်)


ခေါင်းဆောင်သစ်အကြောင်း


စီးပွားရေးပေါ်လစီ ဘယ်လိုပြောင်းသွားမလဲ?


ပါတီရဲ့ စိမ်ခေါ်မှုများ

ကွန်မြူနစ်လား?အရင်းရှင်လား?....သုံးသပ်ချက်များဖြစ်ပါတယ်။

.

တရုပ်နိုင်ငံဟာ ပြည်နယ်၂၃ခု နဲ့ ကိုယ်ပိုင်အုပ်ချုပ်ပြည်နယ် ၅ခု၊ နဲ့ တိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို စတဲ့ မြူနီစပယ်မြို့၎မြို့ တို့ဖြစ်ပါတယ်။ 


  • အကြီးအကဲ ရှီကျင်ပင်း
  • အစိုးရအကြီးကဲ ၀န်ကြီးချုပ် Li Keqiang
  • ၀န်ကြီးအဖွဲ့ ကက်ဘိနက် - ပါတီကွန်ကရက်ခန့်အပ်
  • ပါတီကွန်ကရက် - ကိုယ်စားလှယ်၃၀၀၀ကျော်
  • စစ်ကော်မရှင် - စစ်ဗိုလ်ချုပ်ကြီးများနဲ့ဥက္ကဌ ရှီကျင်ပင်း

.

ခေါင်းဆောင်တစ်ဦးအာဏာများစွာ ပေးထားခြင်းမှ အဖွဲ့အာဏာ Collective leadership

.

ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ CPC က ပေါ်လစ်ဗျူရိုအဖွဲ့ကို ရွေးချယ်ပါတယ်။ 

.

အမြင့်ဆုံး အာဏာပိုင် ပေါ်လစ်ဗျူရိုအဖွဲ့

Poliburo Standing Committee အာဏာပိုင်အဖွဲ့ (၅ဦးမှ ၉ဦး)




လက်ရှိ ၇ဦး၊ 

Xi Jinping  သမ္မတနဲ့ပါတီအထွေထွေအတွင်းရေးမှု

Li Keqiang

Li Zhanshu

Wang Yang

Wang Huning

Zhao Leji

Han Zheng

ရှီကျင်ပင်း နဲ့ လီကီကွင်း ၂ယောက်က ၂၀၁၂ ကတည်းက ပေါ်လစ်ဗျူရို PSC ဖြစ်ခဲ့ပြီး၊ ကျန်တဲ့ ၅ဦးက ၂၀၁၇  ၁၉ကြိမ်မြောက်ပါတီကွန်ကရက် 19th National Congress

7 days (18–24 October 2017) မှာ တင်မြှောက်ခဲ့ပါတယ်။  အသက်ကန့်သတ်ချက် ၆၇နှစ် သတ်မှတ်ထားပါတယ်။ အသက် ကျော်သွားတဲ့အတွက် အသစ်ရွေးချယ်ပါတယ်။ 

.

ပါတီကွန်ကရက်ကြီးက ရွေးချယ်ပေးတဲ့ အာဏာပိုင်အဖွဲ့ (၃)ခုရှိပါတယ်။ 


၁။ တရုပ်ကွန်မြူနစ်ပါတီ CPC Chinese Communist Party

  • အမြင့်ဆုံးပေါ်လစ်ဗျူရိုအဖွဲ့ Poliburo Standing Committee  (၅ဦးမှ ၉ဦး)
  • အတွင်းရေးမှုများအဖွဲ့
  • ပေါ်လစ်ဗျူရိုအဖွဲ့ ၂၅ဦး (အသက်ကန့်သတ်ချက် ၆၇နှစ်အောက်)
  • ဗဟိုကော်မတီအဖွဲ့ ၃၇၀ဦး (အသက်ကန့်သတ်ချက် ၆၂နှစ်အောက်)
  • ပါတီစည်းကမ်းထိမ်းသိမ်းရေး ၂၁ဦး
  • နေရှင်နယ်ပါတီကွန်ဂရက် ၂၀၀၀ဦး (၅နှစ်တကြိမ်ကျင်းပပါတယ်။

၂။ ဗဟိုစစ်ကော်မရှင် Central Military Commission


၃။ အစိုးရအဖွဲ့ နဲ့ ၀န်ကြီးများ Government

.

တရုပ်နိုင်ငံရဲ့ ၂၀၁၂ စီးပွားရေးပေါ်လစီနဲ့ စီးပွားရေးတိုးတက်မှုအခြေအနေများ။ 

.

တိန်ရှောက်ဖိန် ပြောစကားကတော့ .. ကြောင်အဖြူရောင်ဖြစ်ဖြစ်၊ အမဲရောင်ဖြစ်ဖြစ် ကြွက်ကိုဖမ်းနိုင်သမျှတော့ ကြောင်အလုပ်ပဲ လို့ပြောပါတယ်။ 

.

နောက်ဆုံးကတော့ တရုပ်နိုင်ငံ အလွန်ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်သွားတဲ့အပြင် ကမ္ဘာ့ ထိတ်တန်းနိုင်ငံဖြစ်သွားပါပြီ။ 

.

ဂျီဒီပီ တိုးတက်နှုန်းကို ကြည့်ရင် အမေရိကန်ကို မမှီသေးပေမဲ့ ..ဥရောပနိုင်ငံများနဲ့ဂျပန်ကို ကျော်လွန်ပြီး ဒုတိယနေရာ ရောက်နေပါပြီ။ နှစ်များမကြာမီ အမေရိကန်ကို ကျော်သွားမယ် ပြောပေမဲ့ နောက်နှစ်၅၀ မှာ ကျော်နိုင်မလား... ? 

.

လက်ရှိခေါင်းဆောင် ပြုစုပျိုးထောင် ရွေးချယ်စနစ်ကတော့ တစပါတီ၊ အဖွဲ့၂ခု (One Party, Two Coalitions) ဖြစ်ပါတယ်။ The Elitist Coalition (စီကျင်ပင်းအုပ်စု) နဲ့ The Populist Coalition (လီ ကီကင်း အုပ်စု)  ဖြစ်ပါတယ်။ စီကျင်ပင်း အုပ်စုကတော့ ရှန်ဟိုင်းအုပ်စု၊ ထိပ်တန်းအရာရှိမျိုးရိုးမှ ဖြစ်ပြီး စီးပွားရေးနဲ့ဂျီဒီပီ၊ တရုပ်ကမ်းရိုးတန်းစိတ်ဝင်စားသူ ခေါင်းဆောင်များအုပ်စု ဖြစ်ပါတယ်။ လီကီကင်း အုပ်စုကတော့ ကွန်မြူနစ်ပါတီလူငယ်ခေါင်းဆောင်များ၊ လူထုတရားရေး၊ညီညွတ်ရေး၊ ကုန်းတွင်းပိုင်းစိတ်ဝင်စားသူ ခေါင်းဆောင်များအုပ်စု ဖြစ်ပါတယ်။  

.

အခု ၂၀၁၈ မတ်လမှာ ရှီကျင့်ပင်း က သမ္မတသက်တမ်း ၂ကြိမ်း (၁၀နှစ်) ကန့်သတ်ထားတာကို မကန့်သတ်တော့ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပါမယ်။ ရှီကျင်ပင်း ခေါင်းဆောင် ဆက်လက်လုပ်ဆောင်နိုင်မှာမို့ အာဏာရှင်စနစ်လို ဖြစ်ပါမယ်။ သို့သော် အာဏာများကို အများစုလက်ထဲ ဆက်ထားမလား ဆိုတာ..

စောင်ကြည့်ကြရပါမယ်။ 


Ref:zarnigyi FB-https://www.facebook.com/100006205085243/posts/1981678235382327?sfns=mo

.

Chins's political syste... by on Scribd

No comments:

Post a Comment