Popular Posts

Showing posts with label သီချင်းများ. Show all posts
Showing posts with label သီချင်းများ. Show all posts

Sunday, 27 January 2019

meng ran ~ dream "it's really lonely without you."梦然 - 没有你陪伴真的好孤单

meng ran ~ dream "it's really lonely without you."梦然 - 没有你陪伴真的好孤单

ဒီသီချင်းလေးဟာလဲ လူကြိုက်များ တဲ့ သီချင်းလေးပါပဲ 

အထီးကျန်ဆန် သလိုခံစားနေရတဲ့ ကိုကို မမတွေ ကိုယ့် ချစ်သူနဲ့ ခဏ တာခွဲခွါနေရတဲ့ Friလေးတွေ ဒီသီ ချင်းလေးကို နားဆင် ကြည့်လိုက်ပါ . . အခုခေတ် မှာ ဘယ်လောက်ပဲ တယောက်နဲ့တယောက်ဝေး ကွာနေပါစေ social mediaခေတ်ကြီးဖြစ်လို့ ဘယ်လောက် ဝေးဝေး နီးနီးလေးပဲဆိုတော့ ဒီသီချင်းလေးနဲ့ Mention ခေါ်ပီး . . . သူ့ကိုပေးသိလိုက်ပါ

Translated By Aye Mi[Tian Xian]

song title. . mei you ni pei bam zhen de hao gu dan




Monday, 13 November 2017

"All of me" Jane Zhang

"All of me" ဆိုသွားတာ ပရိတ်သတ်တွေအားလုံးနီးပါး မျက်ရည်ကျမတတ် ခံစားသွားကြရတယ်။

Wednesday, 1 November 2017

မိဘမေတ္တာဟူသည်! 天亮了- 韩红

1999 ယခုလိုဆယ်လပိုင်း 3 ရက်နေ့မှာ ကွေ့ကျိုးရှိ မာလင်ဟော်လို့ အမည်ရတဲ့ ခရီးသွားအပန်ဖြေနေရာမှာ ဝမ်းနည်းဖွယ်ရာ အဖြစ်ပျက်လေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေထက် ပိုမိုသယ်ဆောင်ခဲ့သော ကောင်းကင်ကေဘယ်ကား မတော်တဆမှုကြောင့် ကေဘယ်ကားထဲရှိ ခရီးသည် ၃၅ ဦးအနက် ၁၄ ဦးသေဆုံးခဲ့ပါတယ်။ လွတ်မြောက်လာသူများထဲမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်လေးတစ်ဦး ပါဝင်နေခဲ့ပါတယ်။ ၎င်းရဲ့ မိဘ ၂ ပါးဟာ ခလေးငယ်ကို ချီမြှောက်ထားခဲ့တာကြောင့် ပွန်းပဲ့ဒဏ်ရာပဲရရှိခဲ့ပါတယ်။ ဒါပေမယ့် ခလေးငယ်လေးရဲ့ မိဘ ၂ ပါးကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်ပျက်ဟာ အဆိုတော်ဟန်ဟုန် 韩红 စိတ်ကိုရိုက်ခတ်ခဲ့တာမို့ အဖြစ်ပျက်ကို အခြေခံပြီးအဆိုတော် 韩红 ဟာ 天亮了 ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ရေးဖွဲ့ခဲ့ပါတယ်။ ဒီသီချင်းလေးဟာ ပရိတ်သတ်များစွာရဲ့ စိတ်ကိုကိုင်လှုပ်နိုင်ခဲ့ပါတယ်။ ၎င်းခလေးငယ်လေးကို ဟန်ဟုန်က မွေးစားခဲ့ပါတယ်တဲ့နော်
ဒါ့ကြောင့် 天亮了 ဆိုတဲ့သီချင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဟန်ဟုန်ရဲ့ ဆိုဟန်နဲ့ မဟုတ်ပဲ ရှောင်ယွီ့ယွီ့ဆိုတဲ့ ခလေးငယ်လေး ဆိုဟန်နဲ့ တင်ဆက်ပေးထားပါတယ်။ #张书芳(天下第一)
天亮了- 韩红
那是一个秋天 风儿那么缠绵
ဒါဟာလေညှင်းလေးတွေတိုက်ခတ်နေတဲ့ဆောင်းဦးလေးတစ်ခုပါပဲ
让我想起他们 那双无助的眼
အကူညီမဲ့နေတယ့်မျက်ဝန်းလေးတစ်စုံနဲ့သူတို့ကိုသတိရစေခဲ့တယ်
就在那美丽风景 相伴的地方
အဲ့ဒီ့လှပတဲ့ရှ ုခင်းလေးနဲ့အတူရှိနေတဲ့နေရာမှာ
我听到一声巨响 震彻山谷
ငါဟာလှုပ်ခါနေတဲ့တောင်းတန်းကြီးဆီကကျယ်လောင်တဲ့အသံတစ်ခုကြားလိုက်တယ်

就是那个秋天 再看不到爸爸的脸
ဒါဟာအဖေအမေရဲ့မျက်နှာကိုနောက်တခါထပ်မတွေ့ရတော့တဲ့ဆောင်းဦးလေးတစ်ခုပါပဲ
他用他的双肩 托起我重生的起点
သူ့(ဖေဖေဟာ)ရဲ့လက်မောင်းအစုံနဲ့ငါ့ရဲ့ခန္ဓာကိုယ်ကိုချီမြှောက်လိုက်ပါတယ်

黑暗中泪水 沾满了双眼
အမှောင်ထုထဲကမျက်ရည်တွေဟာမျက်လုံးတစ်ခုလုံးကိုပြည့်စေခဲ့ပါတယ်
不要离开 不要伤害
ခွဲခွာမသွားပါနဲ့ ထိခိုက်နာကျင်အောင်မလုပ်လိုက််ပါနဲ့
我看到爸爸妈妈 就这么走远
ငါဟာအဖေနဲ့အမေအဝေးကိုထွက်သွားတာကိုမြင်တွေ့နေခဲ့တယ်
留下我在这陌生的人世间
ငါ့ကိုသူစိမ်းတွေရဲ့အလယ်လောကကြီးထဲမှာတစ်ယောက်ထဲထားခဲ့ပါတယ်
不知道未来 还会有什么风险
အနာဂတ်မှာဘယ်လိုအန္တာရယ်မုန်တိုင်းတွေရှိနေဦးမလဲဆိုတာမသိနိုင်ပါဘူး
我想要紧紧抓住他的手
ငါဟာသူတို့ရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားချင်ခဲ့တယ်
妈妈告诉我希望还会有
အမေကတော့နောက်ထပ်မျှော်လင့်ချက်ရှိပါသေးတယ်လို့ပြောပါတယ်
看到太阳出来妈妈 笑了 天亮了
နေမင်းကြီးထွက်လာချိန်မှာအမေဟာပြုံ းခဲ့တယ် 天亮了 မိုးလဲလင်းသွားပြီ
这是一个夜晚 天上宿星点点
ဒါဟာကောင်းကင်ထက်မှာကြယ်လေးတွေဟိုတစ်ကွက်ဒီတစ်ကွက်ထွက်နေတဲ့ညလေးတစ်ညပါပဲ

我在梦里看见 我的妈妈
ငါဟာအိမ်မက်ထဲမေမေ့ကိုတွေ့ခဲ့ပါတယ်
一个人在世上 要学会坚强
တစ်ယောက်ထဲလောကမှာသန်မာစနေထိုင်နိုင်အောင်ကြိုးစားနေပါတယ်
你不要离开 不要伤害
ခွဲခွာမသွားပါနဲ့ ထိခိုက်နာကျင်အောင်မလုပ်လိုက်ပါနဲ့
我看到爸爸妈妈就这么走远
ငါဟာအဖေနဲ့အမေအဝေးကိုထွက်သွားတာကိုမြင်နေခဲ့တယ်
留下我在这陌生的人世间
ငါကိုတော့သူစိမ်းတွေရဲ့လောကကြီးအလယ်မှာတစ်ယောက်ထဲထားရစ်ခဲ့တယ်
我愿为他建造一个美丽的花园
သူတို့လှပတဲ့ပန်းခြံတစ်ခုငါ့တွက်ဆောက်ပေးဖို့လို့ထင်ခဲ့တယ်
我想要紧紧抓住他的手
ငါဟာသူတို့ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားချင်ခဲ့မိတယ်
妈妈告诉我希望还会有
အမေကတော့မျှော်လင့်ချက်တွေရှိလာဦးမယ်လို့ပြောခဲ့တယ်
看到太阳出来 天亮了
နေမင်းကြီးတောင်ထွက်လာခဲ့ပြီ မိုးလဲလင်းသွားပြီ

Saturday, 22 December 2012

အွန်လိုင်း ကိုယ်ပိုင်ရေဒီယိုလုပ်နည်း!

Shoutcast Banner
Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ့်ဘာသာ Online Radio လုပ်ချင်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေကို ကိုယ်ဆီက သီချင်းတွေ ပို့စရာမလိုပဲ နားထောင်စေ ချင်တာလောက်ပဲ ဖြစ်ဖြစ် memory မစား၊ လွယ်လွယ်ကူကူနဲ့ Free လုပ်နိုင်မယ့်နည်းနဲ့ ကိုယ့်စိတ်ကြိုက် Radio တစ်ခုလုပ်ချင်တဲ့ ပြည်ပရောက် မြန်မာ Generation တွေအတွက် ရည်ရွယ်ပြီး လုပ်လိုက်တာပါ။ Free ဆိုတဲ့အတိုင်း ကန့်သတ်ချက် တစ်ခုကတော့ မြန်မာပြည်က အသုံးပြုသူတွေ အတွက်တော့ မရပါဘူး။ အဓိက Port အခက်အခဲကြောင့်ပါ။ Free ဖြစ်တာကြောင့် Sign Up လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ Port ပေးတာမျိုး မဟုတ်ပဲ သူတို့ချပေးတာပဲ ယူရတော့ Port 80 နဲ့ Port 443 ပဲပွင့်တယ့် မြန်မာ Internet အတွက် အဆင်ပြေ လှပါဘူး။ ဒါကို ကျော်ပြီး လုပ်လို့ရတဲ့ နည်းလမ်းတွေ မရှိဘူးလာဆိုတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမဲ့ အဓိကဒီ Tutorial မှာလွယ်လွယ်နဲ့ တိုက်ရိုက် လုပ်နိုင်အောင်ပဲ ပြချင်တာမို့လို့ တခြား Software တွေသုံးရမယ့် အပိုင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ စလိုက်ကြရအောင်။
ပထမဆုံး ဘာမှမလုပ်ခင်မှာ www.freeshoutcast.com မှာ Acct ကို Register လုပ်ပါ။ အခု Radio ထောင်မယ့်နေရာမှာ အသုံးပြုမှာ Shoutcast Server ပါ။ Shoutcast နဲ့ပတ်သက်ပြီး Free ပေးနေတယ့် Shoutcast Host တွေအများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု နားထောင်နိုင်တဲ့ Listener အရေအတွက်၊ Radio လွှင့်မယ့် Quality အတွက် Encoding စသဖြင့် ကွဲပြားပါတယ်။ Port 80 ကို Free မှာချပေးမယ့် Shoutcast Hosting တွေရှိကောင်း ရှိပါလိမ့်မယ်။ ကိုယ်ကြွမ်းကျင်သလို Google မှာရှာဖွေ နိုင်ပါတယ်။ အဓိက ပြောချင်တာ အသုံးပြုမဲ့ Server အမျိုးအစား ကတော့ Shoutcast ပါ။ Freeshoutcast.com မှာတော့ Listener အယောက် ၁၀၀ထိ အလကားပေး ထားတာဖြစ်ပြီး လွှင့်တဲ့နေရာမှာလဲ Quality ကို 64 Kbps အထိ Bitrate ကိုသွားနိုင်ပါတယ်။ ဒီ Tutorial မှာ freeshoutcast.com ကိုအသုံးပြုထားပါတယ်။ အဓိက ဘယ်လိုလုပ်ရလဲ ဆိုတာနားလည်သွားရင် ဘယ် Hosting သုံးသုံး အခြေခံကတော့ အတူတူပါပဲ။ Register လုပ်ပြီး Email ကနေ Activate လုပ်ပြီးရင် http://cp.freeshoutcast.com/cp.php ကနေ ကိုယ် Register လုပ်ထားတုံးက အသုံးပြုတဲ့ Username နဲ့ Password သုံးပြီး Log In လုပ်ပါ။ ၀င်လိုက်တာနဲ့ ပုံ၁မှာ ပြထားတဲ့ အတိုင်းမြင်ရမှာပါ။

1

ဒါက ကိုယ်ရဲ့ Shoutcast အတွက် ထိမ်းချုပ်နိုင်တဲ့ Control Panel ပေါ့။ ဘယ်မှ ဆက်မသွား သေးခင်မှာ ပုံ၁မှာ မြင်ရတဲ့ အပေါ်နားလေးက "Your FreeSHOUTCAST" ကိုတစ်ချက် နှိပ်လိုက်ပါ။ Shoutcast ကို run ဖို့အတွက် လိုအပ်တဲ့ အခြေခံ Information တွေဒီက ယူရမှာ ဖြစ်ပါတယ်။ ပုံ၂မှာ မြင်ရတဲ့ Host ကတော့ အကုန်အတူတူပါ။ Portbase မှာတစ်ယောက်နဲ့ တစ်ယောက် မတူသလို Password လည်းမတူနိုင်ပါဘူး။ နောက်ပိုင်း Password ပြောင်းဖို့ ပြပေးပါမယ်။ ဒီအဆင့်ထိ ရောက်ပြီးဆိုရင်တော့ ခဏရပ်ပြီး လိုအပ်တဲ့ Software လေးတွေ Download လိုက်ကြရအောင်။

2

အသုံးပြုမယ့် Software ကတော့ တစ်မျိုးထဲပါ။ ဒါပေမဲ့ Shoutcast လုပ်နိုင်ဖို့အတွက် Plugin ထည့်ပေးရမှာ ဖြစ်လို့ စုစုပေါင်း နှစ်ခု Install ရပါမယ်။ Software က Music Player ဖြစ်တဲ့ Winamp ပါ။ တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ Winamp က Microsoft Windows မှာပါပြီးသား Windows Media ကိုကောင်းကောင်း အစားထိုးနိုင်ပါတယ်။ နောက်တစ်ခုကတော့ Radio လွှင့်ဖို့ လိုအပ်တဲ့ DSP Plugin ပါ။ တစ်ခြားနည်းတွေ ရှိပေမဲ့ DSP Plugin နဲ့လုပ်ရတာ အလွယ်ကူဆုံးပါ။

Winamp ကို Install လုပ်တဲ့ နေရာမှာ တခြားမလိုအပ်တဲ့ Toolbar တွေမှားပြီး မသွင်းမိစေဖို့ သတိထားပြီး Install လုပ်ပါ။ Installation step by step တော့ မပြောတော့ ပါဘူး။ ဒါပေမဲ့ Install လုပ်တဲ့အခါ Yes ပဲဆက်တိုက် မလုပ်ပဲ တစ်ဆင့်ချင်းမှာ သေချာဖတ်ပြီး လုပ်ဖို့ အကြံပေး ပါရစေ။ ဘာအန္တရာယ်မှ မရှိပေမဲ့ မလိုအပ်တဲ့ Junk Software တွေ Computer ထဲမှာ မရှိရင် အကောင်းဆုံးပါ။ Winamp ကိုသွင်းပြီးရင် DSP Plugin ကိုဆက်ပြီး Install လုပ်ပါ။ မလုပ်ခင်မှာတော့ Winamp ကိုပိတ်လိုက်ပါ။ DSP Plugin ကတော့ လွယ်ပါတယ်။ တောက်လျှောက် Next နှိပ်ပြီး Install အလွယ်တကူ လုပ်နိုင်ပါတယ်။ Winamp မှာ Install လုပ်ပြီးရင် Skin ရွေးတဲ့အခါ Bento, Winamp Modern, Winamp Classic ဆိုပြီး ရှိတာပြောရရင် Winamp Modern Skin ကကျွန်တော့် အမြင်မှာ ရှင်းပြီး လုပ်ရတာ လွယ်ပါတယ်။ ကိုယ်ကတခြား Skin ရွေးမိလို့ ပြန်ပြောင်းချင်တယ် ဆိုရင်တော့ Winamp ရဲ့ Menu မှာ Options > Skins ကနေ ရွေးနိုင်ပါတယ်။
3

လိုအပ်တဲ့ Software တွေလည်း ရပြီ၊ ထည့်ဖို့ Information လည်းသိပြီ ဆိုတော့ အောက်မှာ ဆက်ကြည့်ကြတာပေါ့။

အပေါ်မှာ ကိုယ့် Server Information ပေးထားတဲ့ နေရာမှာ Host ရဲ့ free.freeshoutcast.com ဆိုတဲ့ Domain ကို IP အရင်ပြောင်းတာပေါ့။ မပြောင်းချင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီ Domain ကြီးပါနေတာကို သဘောမကျလို့ IP ပြောင်းလိုက်တော့ ကြည့်ရတာ ပိုအဆင်ပြေသလို ခံစားရလို့ပါ။ ပြောင်းချင်တဲ့ သူတွေအတွက် 188.165.229.150 ကိုသုံးနိုင်ပါတယ်။ ကျွန်တော့် Tutorial မှာတော့ 188.165.229.150 ကို Host အတွက်သုံးထားပါတယ်။ သတိပြုဖို့ 188.165.229.150 ဆိုတာ free.freeshoutcast.com နဲ့အတူတူပါပဲ။ ပုံ၎မှာ ပြထားသလို ကျွန်တော် အနီနဲ့ ၀ိုင်းထားတဲ့ နေရာမှာ အချပ်အလက်တွေ ဖြည့်ပါ။ Address မှာ Host ကိုထည့်ပြီး Port နဲ့ Password မှာ ကိုယ့်မှာ ရှိတာကိုယ်ဖြည့်ပါ။ use SHOUTcast V1 mode ကို Check လုပ်ထားပါ။ အရေးကြီးပါတယ်။ ပြီးရင် Yellow Pages ဆိုတဲ့ Tab ကိုတစ်ချက် ကူးပြီး ပုံ၅မှာ ဖြည့်သလို ဖြည့်နိုင်ပါတယ်။ ပြီးရင် Encoder ကိုသွားပြီး အောက်က Encoder Type ကို MP3 Encoder ပြောင်းပါ။ Encoder Settings မှာဆွဲချရင် 64kbps, 22050 Hz, Stereo ကိုရွေးလိုက်ပါ။ 64 ထက်ပိုရွေးပြီး Stream မိတယ်ဆိုရင် တစ်ရက် အပိတ်ခံရပါတယ်။ 64 ထက်လျော့ပြီး 56 ဖြစ်ဖြစ် တခြားဟာဖြစ်ဖြစ် ရွေးနိုင်ပါတယ်။ အဓိက 64 Kbps ထက်မကျော်ဖို့ပါ။
4
5
6
အကုန်လုံးထည့်ပြီးပြီ အဆင့်သင့် ဖြစ်ပြီဆိုရင်တော့ ခုနက Control Panel ရဲ့ Your FreeSHOUTCast မှာ Action အောက်က Start ကိုတစ်ချက်နှိပ်လိုက်ပါ။ Shoutcast ကိုစ Run ဖို့ Server ကိုစလိုက်တဲ့ သဘောပါ။ ဒီအတိုင်းမ Run ခင်မှာ Server ကအမြဲတမ်း offline ပါ။ ကိုယ်စမ Run ခင်မှာ Offline လား Online လား အမြဲ Check ပါ။ Server ကို start လုပ်ပြီးသွားရင် Control Panel အောက်နားမှာ မြင်ရတဲ့ Status က On ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။
7
8


Server လည်း Start လုပ်ပြီးရင်တော့ Winamp Player ကိုသွားပါ။ ပြီးရင်ပုံ၉မှာ မြင်ရသလို Connect ကိုနှိပ်လိုက်တဲ့အခါ Bytes တွေတက်လာတာ မြင်ရရင် အကုန်အဆင်ပြေပြီး Online ရေဒီယို တစ်ခုကိုယ့်ဟာနဲ့ ကိုယ် Run နေပြီလို့ ပြောနိုင်ပါပြီ။
9
FreeSHOUTCast ရဲ့ Control Panel ပြန်သွားရင် Your FreeSHOUTCast အထဲမှာ Action အောက်က Manage ကိုတစ်ချက်နှိပ် လိုက်ပါ။ Admin Password နဲ့ Password ဆိုပြီး ပြောင်းလို့ရတာလေး နှစ်ခုကို တွေ့မိပါလိမ့်မယ်။ ကိုယ်ကနဂိုသူ ပေးထားတဲ့ Password ကိုမကြိုက်လို့ ပြောင်းချင်တယ် ဆိုရင် ဒီကပြောင်းလို့ ရပါတယ်။ သတိပြုပါ။ ဒါက Shoutcast ကိုဖွင့်ဖို့ သုံးတဲ့ Password ကိုပြောင်းတာပါ။ ဒီ Control Panel ထဲဝင်တယ့် Password မဟုတ်ပါဘူး။ Control Panel ထဲဝင်တာကို Account ကနေတဆင့် ပြောင်းနိုင်ပါတယ်။ အခု Manage မှာကြည့်လိုက်ရင် Admin Password ဆိုပြီး စဉ်းစားစရာ တစ်ခုတွေ့မိ ပါလိမ့်မယ်။ Shoutcast ကို Server ပေါ်တင်တဲ့အခါ နဂိုသူရဲ့ Shoutcast Panel တစ်ခုပါပါတယ်။ ဒါပေမဲ့ Hosting တွေက သူတို့ကိုယ်တိုင် လုပ်ထားတဲ့ Control Panel တွေနဲ့ အုပ်ထားတော့ ဒီ Panel ကိုသိပ်မသွား ဖြစ်တော့တာပါ။ အဲဒါကို သွားဖို့အတွက် http://188.165.229.150:43472 ဆိုပြီး 43472 နေရာမှာ ကိုယ့်ရဲ့ ရထားတဲ့ Port နံပတ်နဲ့ ပြောင်းပေးပြီး Address ကို Browser မှာရိုက်ထည့်လိုက်ရင် အောက်က အတိုင်းမြင်ရမှာပါ။
10
ပုံထဲမှာ မမြင်ရပေမဲ့ အဲစာမျက်နှာ ရောက်သွားရင် ညာဖက်အစွန်ဆုံး Admin Log in မှာတစ်ချက် နှိပ်လိုက်ရင် user name နဲ့ password တောင်းတဲ့ Windows တစ်ခု တက်လာပါလိမ့်မယ်။ Username က admin ပါ။ Password ကအပေါ်မှာ ပြောထားတဲ့ Manage မှာ ကြည့်ရင် မြင်ရတဲ့ Admin Passowrd ဆိုပြီးပေးထားတာနဲ့ အတူတူပါပဲ။ Log In လုပ်ပြီးသွားရင်အောက်က ပုံအတိုင်း မြင်ရမှာပါ။ ကိုယ့် Listener တွေရဲ့ IP အဓိက ကြည့်နိုင်မှာ ဖြစ်ပြီးတခြား Information တွေပါ မြင်ရမှာပါ။ ဒါဆိုရင်အဆင် ပြေလောက်ပြီပေါ့။ ကိုယ့် Radio နားထောင်ဖို့ Link ပေးချင်တယ်ဆိုရင် FreeSHOUTCast Panel ထဲက WebPlayer အောက်က Link ကိုအလွယ်တကူ ပေးနိုင်သလို ကိုယ်က တိုက်ရိုက် နားထောင်ချင်တဲ့ Link ပေးချင်ရင် http://188.165.229.150:43472/listen.pls ဆိုပြီး 43472 နေရာမှာ ကိုယ့် Port ပြောင်းပြီး ပေးနိုင်ပါတယ်။
11
ကျွန်တော်ရေးထားတာ မပြည့်စုံပါဘူး။ နောက်ပြီး Computer အခြေခံ မရှိရင် နားလည်ဖို့ ခက်ပါလိမ့်မယ်။ အကုန်လုံးကို အစအဆုံး လိုက်ရှင်းပြဖို့အတွက် အဆင်မပြေလှပါဘူး။ ဘာဖြစ်ဖြစ် ဒီလောက်ဆိုရင် ဘယ်လိုလုပ်လဲ ဆိုတာအနည်းနဲ့ အများ သဘောပေါက်မှာပါ။ မရှင်းတာတွေ အောက်မှာ Comment ထားခဲ့ပါ။ ကျွန်တော်တို့ Reply လုပ်ပေးပါမယ်။ MYMC Facebook Wall မှာလည်း မေးခဲ့လို့ ရပါတယ်။ ကျွန်တော် Facebook ကို Message ပိုပြီးလည်း မေးနိုင်ပါတယ်။ ကူညီလို့ရသလောက် အဆင်ပြေအောင် ကျွန်တော်ကူညီပေးမှာပါ။ ပြည့်စုံတဲ့ Tutorial မဟုတ်ပေမဲ့ ယူသုံးမယ်ဆိုရင်တော့ Credit ပြန်ထားပေးပါ။ ၅မိနစ်လောက် Copy လုပ်သွားတာလေး အတွက် ကျွန်တော်တို့ ၅နာရီစာလောက် လုပ်ထားရတာပါ။
-mahuyar
 Ref:mymclub.net

Wednesday, 31 October 2012

CHER LLOYD (FINAL) FULL VERSION - The X Factor 2010 < Cher Lloyd sings No Diggity/Shout - The X Factor Live show 3 (Full Version Cher Lloyd - Want U Back
Cheryl - Call My Name Cheryl - Fight for this love
cherylcolemusic's channel
Cheryl Cole BRIT Awards 2010 Live Performance On the Road With Cheryl Cole

မိမိသီချင်းတွေကို အွန်လိုင်းရေဒီယိုပေါ်တင်ချင်ရင်!

ဒီဆိုဒ်က မိမိရဲ့သီချင်းတွေကို online ပေါ်မှာ ကျော်ငြာတဲ့နည်းလေးတွေပါ....
 
ဒီ Jango website က Online Radio လေးလဲ ဖြစ်တာကြောင့် မိမိရဲ့သီချင်းတွေကို ကမ္ဘာကျော်ဖြစ်ချင်ရင် ၀င်ကျော်ငြာလို့ရတဲ့ အွန်လိုင်းရေဒီယိုလေးပါ၊ (English လိုဖြစ်ဖို့တော့လိုအပ်ပါလိမ့်မယ်၊
အဲ!မြန်မာလိုဆိုရင် ဘာသာစကားနားလည်ဖို့ခက်ပါလိမ့်မယ်)... မိမိကော်ပီသီချင်းဘဲဖြစ်လဲရပါတယ် ဒါပေမဲ့  မိမိရဲ့မူပိုင်သီချင်းဖြစ်ရင် ပိုကောင်းပါလိမ့်ထင်ပါတယ်၊ ဒါလဲဘဲ ရေဒီယိုတွေမှာနားထောင်တဲ့များမှ မိမိသီချင်း ပေါက်တာမဟုတ်ဘူးလား! အမှန်တကယ်သီချင်းခွေတွေကိုဝယ်တဲ့လူတွေက ဘယ်နိုင်ငံက ဘယ်သူတွေလဲ ဆိုတာ သေချာချာစဉ်းစားကြည့်လိုက်ပါအုံး?

iphoneရဲ့ itune နှင့်  Samsungရဲ့ Android Application တွေမှာလဲ ဒေါင်းလို့ဒ် လုပ်ပြီး မိမိရဲ့ဖုန်းတွေမှာလဲ Jango Radio ကိုဒီမှာနားထောင်လို့ရတယ်! နောက်ပြီး Lyrics! သီချင်းစာသားတွေ လိုချင်ရင်လဲရပါတယ်!

နောက်ပြီး မိမိရဲ Wedsite နှင့် Blogs တွေမှာ မိမိရဲ့ Jango Radio Widget လေးလုပ်ပြီးမိမိကြိုက်တဲ့ သီချင်းလေးတွေ ထည့်သိမ်းထားပြီး အွန်လိုင်းရေဒီယိုနှင့်နားထောင်လို့ရပါသေးတယ်၊
Free Music Online - Internet Radio - Jango. Listen to all the music you want on Jango Radio. Jango is personalized internet radio that helps you find new music based on what you already …
 
အခုနိုင်ငံတကာTV အင်တာဗျူးတွေမှာ အအောင်မြင်ဆုံး နှင့် နိုင်ငံတိုင်းမှာ Gangnam Style Mean? ဆိုပြီး ကမ္ဘာကျော်ဖြစ်ချင်ရင်ပေါ့လေ!
PSY Gangnam Style! လို မြင်းစီးတဲ့အကတွေနှင့် youtube မှာ 220 million တောင်ဝင်ကြည့်ကျ တယ်တဲ့ !
ဒီမှာ ဖတ်ကြည့်လိုက်ပါ What the Heck Is This ‘Gangnam Style’ Video Craze You’re Hearing About? We Explain! Gangnam ဆိုတာဘာလဲဆိုတာကိုရှင်းပြရတဲ့ အထိအောင်မြင်ရတယ်လေ?
 
 

Jango

 
Guaranteed AirplayMillions of Listeners
Get played to people who like your style of music.You can even pick the popular artist you want to be featured with. Choose from Jay-Z to Coldplay to Lady Gaga and thousands of others.
 
 
 
 
 
 

How It Works

How_it_work1 1. Upload music and target the right
listeners
Start by uploading your songs and photos.
Next, choose the popular artists whose
music is most similar to your own.
How_it_work2 2. Get played on Jango and collect
fans
Your music will get played to Jango users
listening to radio stations that feature the
popular artists you chose. These are the
listeners most likely to become your fan.
How_it_work3 3. Get reports and data on
your new fan base
Jango Airplay artists get detailed reports
on their new fan base, a great resource for
knowing your audience.

Thursday, 25 October 2012

Hyuna Korea!

HYUNA - 'Ice Cream' (Official Music Video) PSY (ft. HYUNA) HYUNA - 'Bubble Pop!'

Wednesday, 17 October 2012

Billboard Korea K-POP Hot100 Top50

(10.4.2012) Billboard Korea K-POP Hot100 Top50 (12.01.2011) Billboard Korea K-POP Hot100 Top50

Wednesday, 19 September 2012

The X Factor USA 2012

The X Factor USA 2012 - Carly Rose Sonenclar's Audition

New Justin Bieber - X Factor 2012 Audition USA

Saturday, 28 July 2012

Nicole Scherzinger

Nicole Scherzinger - I Hate This Part Acoustic Live Sessions HD



Nicole Scherzinger - Pretty - The X Factor USA 2011 (Live Semi-Final Results Show)


Nicole Scherzinger - Baby Love ( Live)


Nicole Scherzinger & Derek Hough - Dancing With The Stars - Rumba week 4


Nicole Scherzinger - Don't Hold Your Breath - Dancing On Ice


Nicole & Derek - Dancing the Jive (Dancing With The Stars - 29th March 2010)

Nicole Scherzinger & Derek Hough - Dancing With The Stars - Rumba week 4


Nicole & Derek - Dancing the Argentine Tango (Dancing With The Stars Finale - 25th May 2010)

Anna Graceman, 11 ~ America's Got Talent 2011, Atlanta Auditions

ရွက်ပုံးသီးထူးချွန်တဲ့လူတော်တွေကို ရွှေးချယ်သော အမေရိကန်စွမ်းဆောင်ရှင်ရွှေးပွဲမှာဝင်ပြိုင်တဲ့ ခလေးမလေးရဲ့ သီချင်းဆိုတာအသံကောင်းလွန်းလို့ အပေါင်းသင်းများ ကြည့်လို့ရအောင်းတင်ပေးလိုက်ပါတယ် နောက်ဆုံးအဆင့်ထိရောက်ရှိပြီး ခလေးမလေးပါ၊....
ဒီအစဉ်မျိုးကို နိုင်ငံတော်တော်များမှပြုလုပ်ပြီးရွှေးချယ်ပေးနေတာကိုတွေ့ရပါတယ် တော်တော်ကောင်းတဲ့ အစီစဉ်လေးတွေပါ၊ကျွှန်တော်တို့ရဲ့ ဗမာပြည်မှာလဲရှိသင့်ပြီလို....

America's Got Talent 2011 - Anna Graceman - Auditie [HD]


Anna Graceman - America's Got Talent, What a Wonderful World - 1/4 Finals


[HD] America's Got Talent 2011 (Semi Finals) - Anna Graceman - Home Sweet Home

JACKIE EVANCHO 2011 THE Finale Americas got talent mp4

ရွက်ပုံးသီး ပါရမီရှင်တွေနှင့်ထူးချွန်တဲ့လူတော်တွေကို ရွှေးချယ်သော အမေရိကန်စွမ်းဆောင်ရှင်ရွှေးပွဲမှာဝင်ပြိုင်တဲ့ ခလေးမလေးရဲ့ သီချင်းဆိုတာအသံကောင်းလွန်းလို့အပေါင်းသင်းများ ကြည့်လို့ရအောင်းတင်ပေးလိုက်ပါတယ် နောက်ဆုံးအဆင့်ထိရောက်ရှိပြီး ဒုတိယရတဲံ့ခလေးမလေးပါ၊....
ပါရမီရှင်လေးတွေရဲ့မိဘတွေရဲ့ရည်မှန်းချက်နှင့်ထိန်းကျောင်းသွန်သင်မှုတွေနှင့် ပန့်ပိုးမှုတွေ အများကြီးလိုအပ်လိမ့်မယ် ထင်တယ်နော်!
ဒီအစဉ်မျိုးကို နိုင်ငံတော်တော်များမှပြုလုပ်ပြီးရွှေးချယ်ပေးနေတာကိုတွေ့ရပါတယ် တော်တော်ကောင်းတဲ့ အစီစဉ် လေးတွေပါ၊ကျွှန်တော်တို့ရဲ့ ဗမာပြည်မှာလဲဒီလိုစနစ်အကျင့်တွေရှိသင့်နေပြီလို့ဘဲပြောချင်ပါတယ်၊ ဒါလိုအားပေးချီးမြှောက်မှ နဂိုပါရမီရှင်ခလေးတွေပေါ်ထွန်းလာမှာဖြစ်ပါကြောင်း!

Jackie Evancho first audition Americas Got Talent full with result and comments.wmv




JACKIE EVANCHO 2011 THE Finale Americas got talent mp4"♥" You Tube Edition

After School E-Young guitar solo at PLAYGIRLZ Tour 2012



Tuesday, 24 July 2012

HD EXO K MAMA Misheard Lyrics in Myanmar!

ဘာလိုကနေဘယ်လိုအတွေနှင့် ရီရအောင်လိုပ်ထားကျလဲမသိဘူး သီချင်းရဲ့အသံထွက်ကိုယူပြီး မြန်မာလိုလုပ်ထားတာကို တအားရီရလို့တင်ပေးလိုက်ပါတယ်

NU'EST - Action (Misheard lyrics မြန်မာစာတန်းထိုး)

HD] EXO-K MAMA (Misheard Lyrics in Myanmar)
EXO-K ရဲ့ MAMA သီချင်းလေးကိုလည်း Misheard Lyric လုပ်ပေးပါလား ။ အဲ့လိုမျိုးကိုရီးယားသီချင်းတွေ­ကိုတစ်ခါမှမြန်မာလိုချမရေးကြည့်­ဖြစ်ခဲ့ပါဘူး။ တကယ် ကိုလေးစားပါတယ်။ ဒီသီချင်းလေးကလည်းတော်တော်ကိုရီ­ရပါတယ်။ နောက်လည်းဒါမျိုးလေးတွေကြည့်ပြီ­းရယ်ရမယ်ဆိုရင် အသက် ၁၀၀ ကျော်ထိတောင်နေရမဲ့ကိန်းရှိပါတယ­်။ ဒီလိုမျိုးရီရအောင်လုပ်ပေးလိုအရ­မ်းကျေးဇူးတင်ပါတယ်။
SHINee - Sherlock (Misheard Lyrics မြန်မာစာတန်းထိုး)


မှတ်ချက်။ ။ဖန်တီးသူများသည် Kpop fan များဖြစ်ပါသည်။ သို့ ဖြစ်ပါ၍ Kpop ကို နှက်သော misheard များ ဖန်တီးသည်ဟု တစ်လွဲစွပ်စွဲနေကြခြင်းများ ရပ်တန့် ကြပါကုန်။ အပျော်သက်သက်သာ ဖြစ်ကြောင်း အခါတစ်ရာမက လူတိုင်းစေ့လိုက်ပြောလဲ သဘောပေါက်ကြမည်ဟု မထင်ပါ။ တင်ဆက်သူများကိုပါ မကောင်းသောသူများအဖြစ် လူများအမြင်တွင် ထင်မြင်စေနိုင်သော comment/post များ pls don't post. ကျွန်ုပ်တို့ သည် EXO အဖွဲ့ နှင့် Kpop ကို အားပေးကြောင်း အတိအလင်း ကြေညာပါသည်။ အပင်မြင့်လျှင် လေတိုက်ခံရသည်ဖြစ်၍ Kpop ကို တချို့ က ဖဲ့ကြသည်မှာ မဆန်းပါ။ :)

exo သိရင်တော့ တင်းနေတော့မှာဘဲ.. ဟားဟား!
ဒါပေမယ့် လည်း ဒီလိုလုပ်လိုက်လို့ တစ်ချို့ သော K-pop မဟုတ်တဲ့ ဖန်တွေပါ exo သီချင်းတွေ သိကုန်ပြီဗျို့ 
တစ်ခြား ရယ်ရမယ်ထင်တဲ့  K pop သီချင်းလေးတွေ လုပ်ပါဦးဗျာ -း)

အခုလိုမျိုး နားလည်မှုမလွဲတဲ့ အမြင်အတွက် အရမ်းဝမ်းသာပါတယ်။ တချို့ က ဒီလို misheard လုပ်တာကို anti-EXO တွေမို့ လို့ လား၊ ဒါမှမဟုတ် Kpop ကိုလှောင်တာလား ထင်ကြတယ်။ လုံးဝမဟုတ်ရပါ Kpop ကိုရော EXO ကိုရော နှစ်သက်အားပေးတဲ့သူတွေပါ။ ဒီလို ထွင်တယ်ဆိုတာလဲ လူအများပျော်ရရုံသက်သက်ပါ။ ပြီးတော့ you ပြောသလို တစ်ချို့ သော K pop မဟုတ်တဲ့ ဖန်တွေပါ exo သီချင်းတွေ သိကုန်ပါတယ်။ တချို့ ကတော့ အခုနက အပေါ်မှာပြောတဲ့ ထင်မြင်ချက်တွေနဲ့  သိကြတာပါ။ အဲ့ဒီအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမယ့် you ကိုတော့ ကျေးဇူးတင်ပါတယ်။ :')

Sunday, 15 July 2012

Wyine Su Khine Thein - Sunset Love!

  • Sometimes it's better to let go without knowing the truth because sometimes the real reason hurts more when you find out it was unreasonable.......
  • when you said you loved me too i thought god answered to my prayers but i guess i was wrong..n it hurts so much to see u flirting around with so many girlss.. n that i realized how i meant nothin to you, n i was never good enough for you.. but someday you'll realized how much i loved you..neva mind.im finally letting you go now..i'll move on cuz i believe that God will give me someone special, someone who would care enough to tell me how much he loves me with all his heart..
  • when you said you loved me too i thought god answered to my prayers but i guess i was wrong..n it hurts so much to see u flirting around with so many girlss.. n that i realized how i meant nothin to you, n i was never good enough for you.. but someday you'll realized how much i loved you..neva mind.im finally letting you go now..i'll move on cuz i believe that God will give me someone special, someone who would care enough to tell me how much he loves me with all his heart..

Thursday, 14 June 2012

I Do | NEA Eco Music Challenge 2012!

    အားလုံးသိကျတဲ့အတိုင်းဘဲ! စကာင်္ပူဆိုတာက သူအဖေဘာလုပ်လုပ် အကုန်အတုခိုးတတ်တာကို အခုလဲ American Talent လိုဘဲ အတုခိုးလိမ့်ပြန်ပြီလေ....
  • ဒါက စကာင်္ပူက  National Environment Agency (NEA) ဦးစီးပြီးနှစ်စဉ်ကျင်းပတဲ့  ပြိုင်ပွဲကို မိမိသီချင်းနှင့်သီချင်းစာသားတွေရဲ့ စွမ်းရည် ပြိုင်ပွဲလေးပါ! သီချင်းဝါသာနာရှင်လေးတွေအတွက်ပါ!ဘယ်သူမဆိုဝင်ပြိုင်လို့ရပါတယ်၊ ကောင်းတဲ့အစီစဉ်လေးပါ၊ ဒီကနေ နိုင်ငံကျော် ပါရမီအဆိုရှင် လေးတွေကိုမွှေးထုတ်ပေးနေပါတယ်! ဗမာလေးတွေကို ကြိုးစားကြည့်စေချင်ပါတယ်!....
  • ဆုကြေးကို S$13,000 in cash and Sony prizes! ပေးထားတာကိုတွေ့ရပါတယ်၊
  • ဒီနှစ်မှာ  primary and secondary students လူငယ်လေးတွေအတွက် အသစ်အထူးအစီစဉ်တွေပါလာပါတယ်၊
  • ကဲ! ဗမာသူငယ်ချင်းတွေရဲ့ လူငယ်လေးတွေ ဘယ်သူစိတ်ဝင်စားကျသလဲ? မိမိရဲ့ဝါသာနာကို စမ်းကြည့်စေချင်လို့ရေးလိုက်ပါတယ်!
  • အသေးစိတ်ကို ဘယ်လိုအသင်းဝင်ပြီးဘာတွေလိုအပ်တယ်၊ဘာလုပ်ရမယ်ဆိုတာ ဒီမှာဖတ်ကြည့် လိုက်ပါ....http://www.nea.ecomusic.sg/

Prizes

Open Category

1st Prize : S$5,000
2nd Prize : S$3,000
3rd Prize : S$2,000
9 Consolation Prizes 
(S$300 cash each) 
Most Popular Song : S$300

School Category

Primary (7-12 years old)
1st Prize : S$200
2nd Prize : S$100
Secondary (13-16 years old )
1st Prize : S$500
2nd Prize : S$250

 

 

 

 

 

Introduction

A clean and green world begins with your song.

The Eco Music Challenge is an online songwriting competition organised by the National Environment Agency (NEA) for talented and passionate individuals to express their appreciation and support for our beautiful environment through music.

Start going green now and get your shot at fame as you sing and write your way to a cleaner, greener Singapore. And if that isn't cool enough, you also stand to win up to S$13,000 in cash and Sony prizes!

What's more, we have introduced a new Schools Category that enables primary and secondary students to compete among their peers on their song writing skills. The top 2 winners will then join the 10 shortlisted finalists in the Open Category for a special 3-week mentorship programme. They will then pit their skills at a Grand Finale concert held on 25 August 2012. The winning song will be selected as the official Clean and Green Singapore theme song for 2013. The winners will also get to showcase their songs at The Merry Men and at other public events.

Looks like it's going to be another exciting Eco Music Challenge! So what are you waiting for?

Start submitting your entries NOW!

                                        ............................................


  

Dates To Note

Calling For Entries!

Increase your chances of winning by submitting more than one song. Voting begins for The Most Popular Song by all netizens.
Contest Song Submissions!

ဒါက သူငယ်ချင်းတယောက်ဝင်ပြိုင်ထားတာကို ဒီမှာကလစ်လုပ်ပြီးကြည့်ပါ---

ဒါက သူငယ်ချင်းတယောက်ဝင်ပြိုင်ထားတာကို ဒီမှာကလစ်လုပ်ပြီးကြည့်ပါ---http://www.nea.ecomusic.sg/contest/open/#/梦想的翅膀

နောက်ဆက်တွဲလေး--

梦想的翅膀


  • ကဲ! အပေါင်းအသင်းများအားပေးလိုက်ကျပါအုံး ကိုယ်သူငယ်ချင်းကို?
  • ကိုယ်သူငယ်ချင်းကစင်္ကာပူPRလူပျိုလူချောလေးဖြစ်ပြီးမစွန်သေးသောအပျိုကြီးတွေနှင့်အပျိုလေး တွေ  စိတ်ကူးရင်လို့ရပါတယ်၊
  • သူငယ်ချင်းက ပြည်ကြီးကတရုတ်သူဌေးသားလေးနော်! တရုတ်လိုတတ်ဖို့တော့လိုမယ်၊ အဲ! English လိုတတ်ရင်လဲရပါတယ်၊ ဒီမှာကျောင်းပြီးထားပါတယ်၊  ဘယ်လိုလဲ? ကြိုက်ကျရဲ့လား! ဟဲဟဲ!!!!
Credit @ Ko Nge by Jun 14,12