Popular Posts

Showing posts with label Money. Show all posts
Showing posts with label Money. Show all posts

Monday, 18 March 2019

Man on Fire

Man on  Fire


ဂျော့စ်ဆိုးရော့မသေခင်တာထွက်စောလာတဲ့ သားဖြစ်သူ  အလက်ဇန္ဒြားဆိုးရော့

https://m.facebook.com/home.php?ref=bookmarks#!/story/graphql_permalink/?graphql_id=UzpfSTEwMDAyMTkzODA3MjQ5MTozNTUwMTQ2MDg1NzMxMzk%3D


IMG_3003.jpeg

ဟန်ဂေရီနိုင်ငံသားဂျူးလူမျိုး အဖြစ်ကနေ ငယ်စဉ်ဘဝက နာဇီတွေရဲ့  ရက်စက်မှု အောက်က လွတ်မြောက်ရှင်သန်ပြီး အမေရိကန်နိုင်ငံသားဖြစ်လာတဲ့ဂျော့စ်ဆိုးရော့ ဟာ သူတွေ့ ကြုံခဲ့ရတဲ့ ရက်စက်တဲ့ အစိုးရတွေကို မေ့ဖျောက်မရအောင်မုန်းတီးခဲ့ပါတယ်။


ဝက်သရင်းဟိုက်ဝတ္ထု ထဲက ဟီးကလစ် လိုစိတ်အမူအကျင့်ရှိသလို ကမ္မဖလ ဝတ္ထု ထဲက ကံကောင်း ဆိုသူလို လက်စားချေတုန့် ပြန်ဖို့ စိတ်ဓာတ်တွေကိန်း အောင်းလာခဲ့သူ လို ကျွန်တော်ကသုံးသပ်မိတယ်။


၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကျပြီး ခွဲထွက်နိုင်ငံတွေ ပေါ်ထွက်လာပြီးနောက်ပိုင်း အရှေ့ ဥရောပဒေသမှာ ကွန်မြူနစ်ဆန်တဲ့အစိုးရတွေပြုတ်ကျရေး Revolution တွေ ကို လူထုတိုက်ပွဲ နဲ့ ဆင်နွှဲတဲ့ အယူအဆမှာ ဂျော့စ်ဆိုးရော့စ်က သူ့ ရဲ့ အဇ္ဓျတကိုပြန်လည်အသက်သွင်းဖို့  စတင်လာခဲ့ပါတယ်။


Velvet Revolution နဲ့  အကြမ်းမဖက်လူထုတော်လှန်ရေး နည်းနာတွေဟာ ဂျော့စ်ဆိုးရော့စ်အတွက် အတွေးတွေလမ်းပွင့်စေခဲ့ပါတယ်။


ဒါကြောင့် အကြမ်းမဖက်လူထုတော်လှန်ရေး( NonViolence Revolution)နည်းနာတွေ၊နိုင်ငံရေးအံတုမှု (Political Defiance) နည်းနာတွေကို လှုံ့ ဆော်အားပေးနိုင်မယ့် Soros Foundation ကို စတင်တည်ထောင်လာခဲ့ပါတယ်။


နောက်တော့ သူဖြစ်ချင်တဲ့ ကမ္ဘာလုံးဆိုင်ရာလွတ်လပ်ပွင့်လင်းတဲ့ လူ့ ဘောင်တစ်ရပ်ထူထောင်ဖို့ Open Society Institute(OSI) ကိုဖွဲ့စည်းခဲ့ပါတယ်။ OSI ဟာ အရှေ့ ဥရောပကို လစ်ဘရယ်ဇာတ်သွင်းပေးပြီး အမေရိကန်လိုလားတဲ့ ဒီမိုကရေစီအစိုးရတွေ ပြောင်းလဲဆောက်တည်ဖို့ ဖြစ်ပါတယ်။https://www.opensocietyfoundations.org/


နောက်တော့ Global Trend နဲ့ အမြတ်ထုတ်နိုင်ဖို့ Open Society Foundation ( OSF ) လို့ ဖွဲ့ စည်းခဲ့ပါတယ်။


ကျွန်တော်ပြောချင်တာ အဲဒီ OSF နဲ့  ကမ္ဘာကြီးကို လွှမ်းမိုးဖို့ ခြယ်လှယ်ဖို့ ကြိုးပမ်းလာချိန် ကစပြီး ငွေပေးရင် အကုန်ကစားလို့ ရတယ်၊အကုန်ပြောင်းလဲပစ်နိုင်တယ်၊     အမေရိကန်မကြိုက်တဲ့ အစိုးရမှန်သမျှ ဖြုတ်ချဖို့ ကြိုးပမ်းမယ်ဆိုတဲ့ ယုတ်ညံ့တဲ့အတွေးအခေါ်တွေပေါက်ဖွားလာခဲ့ပါတယ်။


မှတ်မိသလောက်ပြောရရင် ၂၀၀၃ ခုနှစ်အလွန်ကာလ ယူကရိန်းတို့ ၊ဂျော်ဂျီယာဥဇဘက်ကစ္စတန်တို့ မှာ Orange Revolution တို့ ၊Tulip Revolution တို့ ၊ Rose Revolutionတို့ ဆိုတဲ့ Colour Revolution တွေ ဖြစ်ပေါ်ရာမှာ ဂျော့စ်ဆိုးရော့စ် ရဲ့ မီးလောင်ရာလေပင့်လုပ်ရပ်တွေအဓိက ပါဝင်ခဲ့ပါတယ်။


အဲဒီ လူထုအုံကြွမှု တွေမှာ အလံတွေစီစဉ်ပေးတာ၊Colour ရှပ်တွေ သိန်းနဲ့ချီဝေငှတာ၊သပိတ်စခန်းဖွင့်ဖို့ အစာရေစာနဲ့  campတွေ စီစဉ်တာက အစ ဆာကက်ရှ်ဗီလီ တို့ လို နိုင်ငံရေးခေါင်းဆောင်တွေ ပြောဖို့ မိန့်ခွန်းကအထိ အမေရိကန်အလိုကျစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။


အဲဒီ အရေးအခင်းတွေကို သွေးထွက်သံယိုမရှိတဲ့အရေးအခင်း Non Bloodshed လို့  ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေဟာအကုန်လုံး စွမ်းအားမရှိတဲ့နိုင်ငံ( Weakness Power States) တွေဖြစ်ကုန်တယ်။


တစ်ခါခံဖူးရင် အခါခါခံရသလို အမေရိကန်အလိုကျတွေသိပ်လိုက်လျောလွန်းရတော့ ဒီမိုလစ်ဘရယ်ကျပါတယ်။အမေရိကန်မှာ ဒေါက်တာဘွဲ့ ယူခဲ့ပါတယ်ဆိုတဲ့ သမ္မတ တွေ သိပ်မကြာလိုက်ဘူး။ပြန်ပြုတ်ကျကုန်တယ်။အခုထိလည်း  အင်အားကြီး power

နှစ်ခုအကြားမှ ပျော့ခွေနေတုန်းဖြစ်ပါတယ်။


ဂျော့စ်ဆိုးရော့စ် နဲ့  OSF ကတော့ သူ့ တာဝန်သူ့ အကျိုးစီးပွား အောင်မြင်သွားလို့  ထောက်ပံ့မှု တွေတစ်ဖြည်းဖြည်း ကန့် သတ်လျော့ချလို့ ခွာစစ်ဆင်သွားခဲ့ပါတယ်။နိုင်ငံတွေကတော့အယူဝါဒတွေ အကွဲကွဲ နဲ့ ကျန်ရစ်ခဲ့ပါတယ်။


၂၀၀၇ မှာတော့  OSF ဟာ အလားတူ Colour Revolution ဖြစ်ဖို့ ပုံဖော်ခဲ့ပါတယ်။အဲဒီအုံကြွမှုကို ဆိုးရော့စ်တို့က ရွှေဝါရောင်တော်လှန်ရေးSufferon Revolution လို့  အမည်လှလှလေးပေးခဲ့ပါတယ်။


ဒါပေမယ့်  ဆိုးရော့စ်နဲ့ အမေရိကန်ထင်ထားတာက လူထုတော်လှန်ရေးကို အကြမ်းမဖက်တဲ့ Non Violence နဲ့ လေ့ကျင့်ပေးထားတဲ့အတိုင်းလှုပ်ရှားတဲ့အတွက် တပ်မတော်ကလည်း ညင်ညင်သာသာကိုင်တွယ်ရင်း မရှုနိုင်မကယ်နိုင် အစိုးရပြုတ်ကျသွားမယ်ဆိုတဲ့အထိ အာမခံခဲ့ကြတယ်။


ဒါပေမယ့် မြန်မာ့တပ်မတော်စစ်သားတွေဟာ Riot Phobia  အရေးအခင်းတုန်လှုပ်စိတ်ရှိတယ်။ ဝူးဝါးဝူးဝါးလုပ်တာနဲ့ စိုးရိမ်စိတ်အခံနဲ့  ကိုင်ပစ်တာ။ ဂျပန်ကြီးလည်းသေသွားတယ်။မီးလည်းသေပွဲလည်းပြီးသွားခဲ့တယ်။


ဒါကြောင့် တပ်မတော်သားတွေဟာ ဆန္ဒပြတယ်ဆိုတာမျိုးကို ကြည့်လို့ ကို မရတာ အခုထိဘဲလို့ သုံးသပ်လို့ရပါတယ်။ခေတ်စကားနဲ့ ပြောရင် ဗိုလ်အောင်ဒင် လိုစိတ်မျိုးဖြစ်ပါတယ်။


ပြောရရင် ၂၀၀၇ အရေးအခင်းဟာ OSF-USAID နဲCIA တို့ ဒေါသချောင်းချောင်းထွက်တဲပွဲ တစ်ခု ဖြစ်သွားခဲ့ပါတယ်။


၂၀၀၇ နောက်ပိုင်းမှာတော့ Soros ရဲ့ အခန်းကဏ္ဍနဲ့ ရှေ့ တန်းတင်လို့မရတော့ UN အခန်းကဏ္ဍ နဲ့ ပင်ညဲရိုးတို့ ၊ဂမ်ဘာရီတို့၊UNSC ဇယားတွေ နဲ့ Soft Power နည်းလမ်းတွေ နဲ့ လုပ်လာခဲ့တယ်။


၂၀၁၁ ခုနှစ်ကစပြီးသမ္မတ ဦးသိန်းစိန်အစိုးရကာလမှာ Free Press- Free Media တွေလက်ခံမှု ၊CSO -NGO တွေ လမ်းဖွင့်ကြိုဆိုမှု ၊Blacklist တွေပယ်ဖျက်ပြီး ပြည်တော်ဝင်စီမံကိန်းတွေကြောင့် ဂျော့စ်ဆိုးရော့စ် ရဲ့ မြန်မာပြည်ဖျက်စီမံချက်တွေပြန်လည် အသက်သွင်းအားကောင်းလာခဲ့ပါတယ်။


အခုဆိုဂျော့ဆိုးရော့စ်ရဲ့  OSF လက်ဝေခံ မီဒီယာအုပ်စု၊နိုင်ငံရေးအုပ်စု ၊ လူ့ အခွင့်အရေးအုပ်စု ၊ဂျာနယ်လစ်အုပ်စု ၊ လူမှု ကွန်ရက်အုပ်စု၊လူငယ်အုပ်စု၊ တိုင်းရင်းသားအုပ်စု၊ဥပဒေရေးရာအုပ်စု၊ဘင်္ဂါလီအုပ်စု၊စာရေးဆရာ Penအုပ်စု၊ အမျိုးသမီးရေးရာအုပ်စု၊ဘာသာပေါင်းစုံအုပ်စု၊ဘင်္ဂါလီအုပ်စုဆိုပြီး Network မျိုးစုံ နဲ့  မြန်မာပြည်ကြီးကိုငုံမိနေပါပြီ။


ဒီနိုင်ငံမှ မပျက်ရင်ဘယ်နိုင်ငံပျက်မှာလဲ ?


ဒါပေမယ့် ကံကောင်းနိုင်မလားဆိုတဲ့ အကြောင်းတစ်ခုရှိလာတယ်။ ဂျော့ဆိုးရော့ဟာ အခု အသက်၈၆ နှစ်ကျော်လာပြီဖြစ်သလို သူသေသွားရင်ထားရစ်ခဲ့မယ့်  Legacy အမွေ ကို သူ့သားအလက်ဇ္ဒြားဆိုးရော့စ်ကို အမွေစားအမှာစကားတွေပြောခဲ့ပြီးပါပြီ။


အဲ့ဒီအမှာစကားတွေတော့ နောက်မှပြောပြတော့မယ်။ ကြို သိချင်ရင် အလက်ဇ္ဒြားဆိုးရော့စ် ရှယ်ယာဝင်ထားတဲ့ Forbes မဂ္ဂဇင်းမှာ ရှာဖတ်ကြည့်ပါ။


ပြောချင်တာက သူ့ အဖေ ဂျော့ဆိုးရော့စ်က သူ့ သား Alex Soros ကို မြန်မာ့အရေးအတွက် ၂၀၁၇ဇန်နဝါရီကစပြီး အာဏာကုန်လွှဲအပ်လိုက်ပါပြီ။


ဒါကြောင့် Alex Soros  ဟာ ကျားပြီးတော့ရောက်လာတဲ့ရှင်ကြီးလို့ ဆိုရမယ်။


Alex Soros ရဲ့ ပထမဆုံးခြေလှမ်းဟာ Reuters သတင်းထောက်တွေ အများကြီးသုံးပြီး

တပ်မတော်က War Crime နဲ့  Ethnic Cleansing လုပ်ပါတယ်ဆိုတဲ့ အထောက်အထားကိုမရရအောင် စုံစမ်းထောက်လှမ်းရန်စေခိုင်းခြင်းဘဲဖြစ်ပါတယ်။


Reuters ဟာ Alex Soros  စပွန်ဆာပေးထာတဲ့ သတင်းအေဂျင်စီတစ်ခုဆိုတာ တွေ့ ရတဲ့အတွက် ဝလုံးနဲ့ကျော်စိုးဦးတို့ဟာကျွန်သားပေါက်ကလေးတွေလို့ ဆိုရမှာဖြစ်ပါတယ်။


Alex Soros ကို လျှော့တွက်လို့ မရတာဟာ Gobal Witness ဆိုတဲ့ ထောက်လှမ်းရေးဆန်ဆန်ဂျာနယ်လစ်ကွန်ရက်ကို ကမ္ဘာအနှံ့ ဖြန့် ချထားသူ စ်ြပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် အချိန်ကိုက်ပြီး ကျောက်စိမ်း မြန်မာ (Jade Myanmar ) ဆိုတဲ့ဝါဒဖြန့် စာအုပ်ကို OnlineMedia Propaganda လုပ်ခဲ့သူဖြစ်ပါတယ်။


Alex Soros ဟာ OSF မှာသူ့ အဖေပြီးရင် သူအကြီးဆုံးဖြစ်နေလို့ သေချာပေါက်အမွေဆက်ခံမယ့်သူဖြစ်တဲ့ အပြင်သူကိုယ်တိုင်ကလည်း သီးခြား Alex Soros Foundation ကို ထူထောင်ပြီးအာဏာစက်ဖြန့်ကြက်ဖို့ ခြေလှမ်းပြင်နေသူဖြစ်ပါတယ်။


Alex Soros ဟာ သူ့ ဖေကို ခြေရာနင်းမယ့်သား Man on  Fire လူစားလို့ အနောက်တိုင်းမီဒီယာတွေက မြှောက်ပင့်ရေးသားပေးနေသလို မြန်မာပြည်တည်ငြိမ်ရေးကိုဘက်ပေါင်းစုံကလွှမ်းမိုးကြိုးကိုင်ဖို့အတွက်ငွေလမ်းခင်းပြီးဆက်သွားနေမှာဖြစ်ပါတယ်။


အညှာလွယ်ပြီး ငွေမက်တဲ့ အုပ်စုတွေကလည်း နောက်မြှီးဆွဲပြီးတစ်သီတစ်တန်းလိုက်နေကြဦးမှာဖြစ်ပါတယ်။


ကိုယ့်နိုင်ငံသာ အငိုလွယ် အရှိုက်ခက်တဲ့Failed State ဆီကို ဦးတည်နေတာ။


ပြိုင်တူတွန်းလျင်ရွေ့ နိုင်ပါသည်ဆိုတာDirection မှန်ဖို့ လိုပါတယ်။Direction မှားနေလို့ ကတော့ ဘာမှပြောမနေနဲ့  Failed Sated ဘဲ။


လက်မည်းအောက်မှာ ဇာတ်ခေါင်းကွဲမှာမြင်ယောင်နေသေးတယ်။


#Aung Lwinn



GEORGE SORO

“A full and fair discussion is essential to democracy.”

George Soros has been a prominent international supporter of democratic ideals and causes for more than 30 years. His philanthropic organization, the Open Society Foundations, supports democracy and human rights in more than 100 countries.

https://www.georgesoros.com/

https://m.youtube.com/playlist?list=PLE72E21ED4751B5EC

https://www.opensocietyfoundations.org/people/george-soros


Tuesday, 23 October 2018

NLD အစိုးရလက်ထက်မှာ ပုဂ္ဂ္ဂလိကကဏ္ဍ စီးပွားရေး ဘာကြောင့် ကျရသလဲ?


NLD အစိုးရလက်ထက်မှာ ပုဂ္ဂ္ဂလိကကဏ္ဍ စီးပွားရေး ဘာကြောင့် ကျရသလဲ?  

ဘာတွေလုပ်ရင် ကောင်းမလဲ?

https://www.facebook.com/100011865854960/posts/537734326632091/


NLD အစိုးရလက်ထက်မှာ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးကျတာ တနိုင်ငံလုံး သိပါတယ်။ ဒါပေမဲ့ အဲဒီလို ကျဆင်းတာ NLD အစိုးရတခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အကြောင်းပေါင်းများစွာ တိုက်ဆိုင်သွားလို့ပါ။ 


အကြမ်းအားဖြင့် အောက်မှာ ဖော်ပြထားလို အမျိုးအစားခွဲလို့ ရပါတယ်။


၁။ အစိုးရရဲ့ မူဝါဒအကောင်အထည်ဖော်ပုံ မှားယွင်းမူကြောင့် ကျဆင်းခြင်း


NLD အစိုးရတက်လာတဲ့ အချိန်မှာ လုပ်ငန်းရှင်တွေ ဖရိုဖရဲ စည်းမဲ့ ကမ်းမဲ့ လုပ်နေတာ အများကြီးရှိပါတယ်။ ဒါကြောင့် အစိုးရက စည်းကမ်းတင်းကြပ်လိုက်ပါတယ်။ အဲဒီစည်းကမ်းတင်းကြပ်ခြင်းဟာ အစိုးရရဲ့ မှန်ကန်တဲ့ လုပ်ရက် ဖြစ်ပေမဲ့ အသား မကျသေးတဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေကို အကြီးအကျယ်ထိခိုက်စေနေပါတယ်။ အကြမ်းအားဖြင့် နှစ်မျိုးခွဲကြည့်လို့ ရပါတယ်။


က။ အစိုးရက လုပ်သင့်တာ လုပ်တာကြောင့် စီးပွားရေးကျဆင်းခြင်း

ခ။ အစိုးရက လုပ်သင့်တာ မလုပ်လို့ စီးပွားရေး ကျဆင်းခြင်း တို့ပါ။


က။ အစိုးရက လုပ်သင့်တာ လုပ်တာကြောင့် စီးပွားရေးကျဆင်းခြင်း


က-၁ ကျောက်စိမ်းနှင့် အခြား ကျောက်မျက်ရတနာများတူးဖော်ခြင်း သတ္တုတူးဖော်ခြင်း သစ်ထုတ်လုပ်ခြင်း တို့ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အဲဒါတွေ လုပ်ကိုင်တာကို ကန့်သတ်ခြင်း လျော့ချခြင်း 


တားမြစ်ခြင်း တို့ လုပ်ပါတယ်။ အရင် တရားဝင် တနှစ်ကို တန်ချိန် ၁၄ သိန်းခန့် ထုတ်လုပ်တဲ့ သစ်ကို တန်ချိန် ခုနှစ်သိန်း ယင်းမှ တန်ချိန် သုံးသိန်းခွဲအထိ အဆင့်ဆင့် လျော့ချပါတယ်။ ( ပဲခူး ရိုးမတလျှောက် ညည ဆိုင်ကယ်များနဲ့ ခိုးထုတ်တာတော့ မလျှော့ချနိုင်သေးပါဘူး။ ) သစ်လုံးတင်ပို့ ခြင်း ကို ပိတ်ပင်လိုက်ပြီး သစ်အချောထည်တင်ပို့ခြင်းကိုလည်းကန့်သတ်လိုက်ပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံတွင်းမှာ တည်ထောင်ထားတဲ့ အထပ်သားစက်ရုံများဟာ ကုန်ကြမ်းရရန်ခက်လာလို့ နိုင်ငံခြားမှ သက်တမ်းနု သစ်ပွကို တင်သွင်းပြီး အလည်လွှများမှာ ထည့်သွင်းသုံးစွဲပြီး အပြင်လွှာများကိုတော့ မြန်မာနိုင်ငံထွက် သက်တမ်းရင့် သစ်ကို သုံးစွဲနေရပါတယ်။ 


က- ၂ နောက်ထင်ရှားတာတခုက မူးယစ်ဆေးနှိုမ်နင်းတာပါ။ အခုနှစ်ပိုင်းမှာ မူးယစ်ဆေးကို သိသိသာသာ နှိုမ်နင်းလာပါတယ်။ ဒါလည်း အစိုးရရဲ့ စေတနာဖြစ်ပြီး တကယ်လုပ်သင့်တာ တခုဖြစ်ပါတယ်။ တကယ်ထုတ်လုပ်တဲ့သူတွေမမိသေးပေမဲ့ အမြောက်အများ ဖမ်းဆီးရမိနေတာတော့အမှန်ပါ။ ဖမ်းဆီးရမိပေါ်မူတည်ခန့်မှန်းမယ်ဆိုရင် မြန်မာနိုင်ငံဟာ မူးယစ်ဆေး အမြောက်အများထုတ်လုပ်နေပုံရပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ 


မူးယစ်ဆေး လုပ်ငန်းမှရတဲ့ငွေနဲ့ တည်ထောင်ထားတဲ့ လုပ်ငန်းများလည်း ရှိလာနိုင်ပါတယ်။ 


ကျောက်စိမ်း သစ် မူးယစ်ဆေးတို့ရဲ့ ပမာဏဟာ အလွန်များပြားတာကြောင့် ယင်းလုပ်ငန်းများရပ်တည်ဖို့ ခက်လာတော့ အဲဒီက ရလာတဲ့ ငွေတွေနဲ့ အရှုံးခံ တည်ထောင်ထားတဲ့ တရားဝင် စီးပွားရေးလုပ်ငန်းတွေ ဆက်ထိန်းမထားနိုင်တာမျိုး ဖြစ်လာပါတယ်။ ဒါနဲ့ နောက်ဆက်တွဲ အနေနဲ့  အခြားပြည်သူတို့ရဲ့ တရားဝင် လုပ်ငန်းများပါ ကျဆင်းလာပါတယ်။ 


ပြည်တွင်းလုပ်ငန်းရှင်အများစု ကြုံတွေ့နေရတဲ့ ပြသာနာက အခွန်ပါ။ မြန်မာနိုင်ငံမှာ အခွန်ကောက်ခံရရှိမူဟာ GDP တမျိုးသားလုံး ထုတ်ကုန်နဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါးနေတယ်လို့ JICA လို နိုင်ငံတကာ အဖွဲ့အစည်းတွေက တခြားနိုင်ငံက စာရင်းများနဲ့ နှိုင်းယှဉ် ပြောပါတယ်။ အဲဒါတွေဟာ အမှန်ပါ။ ဒါပေမဲ့ သတိထားသင့်တာက GDP တမျိုးသားလုံးထွက်ကုန်တွက်ချက်တဲ့နေရာမှာ မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်းတည်ေ


ထာင် လုပ်ကိုင်နေတဲ့ နိုင်ငံတကာက လုပ်ငန်းများ FDI လုပ်ငန်းတွေပါဝင်ပြီး GDP ထဲမှာ FDI တွေရဲ့ ထုတ်လုပ်မူ ပမာဏ အတော်များများပါနေ ပေမဲ့ FDI အများစုဟာ လွန်ခဲ့တဲ့ သုံးလေးငါးနှစ်ကမှ စတင် လာရောက်လုပ်ကိုင်ကြတာဖြစ်တဲ့အတွက် အစိုးရက ခွင့်ပြုထားတဲ့ အခွန်ကင်းလွံတ်ခွင့်ကာလ tax holiday အတွင်းမှာဘဲ ကျရောက်နေသေးတဲ့အတွက် ဖြစ်နိုင်ပါတယ်။ ဒီတော့ နိုင်ငံရဲ့ တိုးတက်လာတဲ့ GDP အတွက် အခွန် အချိုးအစားအတွက် ပြည်တွင်းလုပ်ငန်းရှင်တွေက အပြစ်တင်ခံနေရတာ ဖြစ်ဖို့ရှိနေပါတယ်။ နိုင်ငံတကာက လာရောက် စီးပွားရေးလုပ်ကိုင်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ မူရင်းနိုင်ငံက ဥပဒေအတိုင်း ကြီးကြပ်ခံရခြင်းနဲ့ နိုင်ငံတကာကို export ပို့တဲ့အခါ ပစ္စည်းမှာတဲ့ နိုင်ငံတွေက ပစ္စည်းထုတ်လုပ်တဲ့ နိုင်ငံက ဥပဒေအတိုင်း အခွန်ဆောင် မဆောင် အထောက်အထားများကြည့်ပြီးမှ အမှာစာပေးကြပါတယ်။ ဒါကြောင့် FDI များက နောင်နှစ်နှစ် သုံးနှစ်ခန့်အကြာ အခွန်ကင်းလွတ်ခွင့် ကုန်ဆုံးသွားချိန်မှာ လုပ်ငန်းလို အပ်ချက်ကြောင့် အခွန်ဆောင်ကြမှာ ဖြစ်လို့ အဲဒီအချိန်ကျရင် အစိုးရက အခွန်တိုးရဖို့ ရှိနေပါတယ်။


ဒါအပြင် အစိုးရအနေနဲ့ ကျောသားရင်သား မခွဲဘဲ သတ်မှတ်ထားတဲ့အတိုင်းကောက်ခံဖို့ လိုနေပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်များအများစုက အခွန်မဆောင်ကြဘဲ အခွန် မဆောင်မဖြစ်ဆောင်အောက်လုပ်ထားတဲ့ စနစ်ထဲရောက်နေတဲ့သူတွေသာ အခွန်ဆောင်နေကြတာဖြစ်ပြီး ယခုမှ ရုတ်တရက် စည်းကြပ်တော့ လုပ်ငန်းရှင် အများစုအတွက် ဝန်ပိသွားကြပါတယ်။ ဒီအချက်ဟာ ပြည်တွင်း လုပ်ငန်းရှင်အများစုကို လုပ်ငန်းကျဆင်းစေပါတယ်။


နိုင်ငံအတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆုံးခြင်းဟာ နိုင်ငံစီးပွားရေးကို ထိခိုက်စေပါတယ်။ တကယ်လို့ နိုင်ငံတွင်းမှာ အိမ်ယာတွေကို ဒေါ်လာ တသန်းတန် နှစ်သန်းဖြင့် ရောင်းချနိုင်မယ်ဆိုရင် တည်ဆောက်ရောင်းချနိုင်တဲ့ လူတွေကို ဂုဏ်ပြုရမှာပါ။ သူတို့ ရတာကို နိုင်ငံက ရတယ်လို့ သဘောထားလို့ပါ။ ဒါပေမဲ့ ဈေးကွက် ရှိမရှိ သေချာမစမ်းစစ်ဘဲ တန်ဖိုးမြင့်အိမ်ယာ တည်ဆောက်သူများတော့ မိမိတို့ လောဘကြောင့် ကျဆုံးခြင်းဖြစ်ပြီး တန်ဖိုးမြင့် အိမ်ယာတွေ မဝယ်ယူနိုင်ခြင်းဟာ ပြည်သူအများ မဝယ်ယူနိုင်လောက်တဲ့ ဈေးနှုန်းများဖြစ်နေလို့ ဖြစ်ပါတယ်၊ ဒေါ်လာ ၅ သိန်းအထက် အဆောက်အဦတွေ ဆောက်ပြီး ရောင်းမထွက်ခြင်းဟာ နိုင်ငံတော်မှာ တာဝန် မရှိပါဘူး။ ဆောက်တဲ့ ကာယံကံရှင်တွေဘဲ တာဝန်ရှိတာပါ။ အခုအချိန်မှာ လူအများအပြားလိုအပ်နေတဲ့ တန်ဖိုးနည်း အိမ်ယာတည်ဆောက်မယ် ဆိုရင်တော့ နိုင်ငံတော်က ဖြစ်တဲ့နည်းနဲ့ ကူညီရမှာပါ။ တန်ဖိုးနည်း အိမ်ယာက အကျိုးအမြတ် သိပ်မရှိတော့ ဆောက်လုပ်ရေးသမား အတော်များများက စိတ်မဝင်စားကြပါဘူး။ ဒါပေမဲ့ တန်ဖိုးမြင့် အိမ်ယာ ဆောက်ကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ များတော့ သူတို့နဲ့ ဆက်စပ်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ စီးပွားရေးကျသွားပါတယ်။  


သမ္မတ ဦးဝင်းမြင့်တက်လာတော့ လာဘ်စားတာ တိုက်ဖျက်လိုတာ ပိုထင်ရှားလာပါတယ်။ လုပ်တာမှန်ပေမဲ့ လောက်ငအောင် အထိုက်အလျောက်စီစဉ်ပြီးမှ လုပ်သင့်ထယ်ထင်ပါတယ်။


ခ။ အစိုးရက လုပ်သင့်တာ မလုပ်လို့ စီးပွားရေး ကျဆင်းခြင်း


အစိုးရက လုပ်သင့်ပြီး မလုပ်နိုင်သေးတာက တရားဥပဒေ စိုးမိုးရေးပါ။ လူပြောများတာက စက်မူဇုံတွေမှာ စက်ရုံ အဝင်ဝတွေ ပိတ်ဆို့ မိုက်ကြေးခွဲ ငွေညစ်တာမျိုးကို အရေးမယူနိုင်သေးတာပါ။ အစိုးရက အရေးယူဖို့ အခက်အခဲ ရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ၂၀၁၇ ၂၀၁၈ ခုနှစ်အတွင်း လူပြောများတာ တခုက အလုပ်သမားအဖွဲ့အစည်းတွေ အားကောင်းလာပြီး တချို့က အလုပ်သမား အဖွဲ့အစည်း အမည်ခံပြီး ဆန္ဒပြပွဲ သပိတ်တိုက်ပွဲလုပ်တာမျိုးပါ။ ဒါမျိုးဟာ အလုပ်သမား အလုပ်ရှင် အစိုးရနိုင်ငံတော် တို့ အပြင် အလုပ်သမားအဖွဲ့အစည်းတွေကိုလည်း ထိခိုက်စေပါတယ်။ ဒီအချက်ဟာ ပုဂ္ဂလိက လုပ်ငန်းတွေ တိုးချဲ့ဖို့ အဟန့်အတားဖြစ်စေပါတယ်။


မြန်မာနိုင်ငံဟာ ရာသီဥတုမျှတပြီး သဘာဝဘေးအန္တရာယ် သိပ်မရှိတာကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဖို့ အကောင်းဆုံးနိုင်ငံပါ။ ဒါပေမဲ့ ဈေးသိပ်မရတဲ့ ဆန်စပါးကိုဘဲ စိုက်ဖြစ်နေတဲ့ အကြောင်းက စိုက်ခင်းနား


က လူတွေက ဝင်ခိုးတတ်လို့ပါ။ ဒါဟာ စပါးစိုက်ရတဲ့ အကြောင်းရင်းပါ။ စပါးက သီးပြီး ရင့်မှည့်ချိန် တိုတဲ့ အတွက် ရိတ်သိမ်းချွေလျှေ့သင့်တဲ့ အချိန်တိုပါတယ်။ သူခိုးကာကွယ်ရမဲ့ အချိန်တိုတယ် ဆိုပါတော့။ ဒီထက် အချိန်ပိုကြာရင် ခိုးလို့ ကုန်ပါတယ်။ ငွေပိုရနိုင်တဲ့ အခြား စိုက်ပျိုးသီးနှံတွေဟာ စပါးလောက် သူခိုးရန်က ကာကွယ်ဖို့ မလွယ်ပါဘူး။ ဥပမာ ကျွန်းသစ်က မြန်မာပြည်မှာ အလွယ်တကူပေါက်နိုင်ပြီး စိုက်ပျိုးရထိန်းသိမ်းရလွယ်ပါတယ်။ ဧက ပဲခူးဝန်းကျင်မှာ ဧက တသောင်းခွဲစိုက်ထားတဲ့ နာမယ်သုံးလုံးနဲ့ ကုမ္ပဏီက နှစ် သုံးဆယ်အကြာမှာ စိုက်ထားတဲ့ကျွန်းပင်တွေဟာ အမေရိကန် သန်း ၁၅၀၀ တန်မယ်လို့ နိုင်ငံတကာက audit firm တွေက ခန့်မှန်းပြီး နိုင်ငံခြားက JV လုပ်ပြီးစိုက်ပါတယ်။ ဒါဟာ နိုင်ငံတကာက စံချိန်နဲ့တွက်ချက်မူပါ။ မြန်မာနိုင်ငံမှာ နှစ်သုံးဆယ် မကြာခင် ခိုးခုတ်ခံရဖို့ ကုန်နေဖို့များပါတယ်။ အဲဒါ တရားဥပဒေ မစိုးမိုးလို့ပါ။ မြန်မာနိုင်ငံမှာ အခုထိ စိုက်ခင်းကြီးတွေ ဖြစ်မလာသေးတာလဲ ခိုးကြတဲ့ ဒဏ်ကြောင့်ပါ။ ဒီလို ခိုးတတ်တာဟာ တရားဥပဒေ စိုးမိုးမူ မရှိလို့ ပြောရမှာပါ။ NLD အစိုးရကြောင့် မဟုတ်ပေမဲ့ သေချာ အရေးမယူနိုင်တာဟာ စီးပွားရေးကျဆင်းစေတဲ့ အချက်ပါ။


၂။ digitalization


ရုတ်တရက် telecommunication ဆက်သွယ်ရေး ကဏ္ဍတိုးတက် ဖွဲ့ဖြိုးလာခြင်းဟာ နည်းပညာ မယဉ်ပါးတဲ့ မြန်မာလုပ်ငန်းရှင် အများစု ကျဆုံးစေတာပါ။ အင်တာနက် လိုင်းကောင်းလာပြီး online အလုပ် အများကြီးပေါ်လာပါတယ်။ online marketing ကတော့အများဆုံးပါ။ call center နဲ့ အခြားဝန်ဆောင်မူ လုပ်ငန်းတွေ အများကြီးပေါ်လာပြီး လူငယ်တွေအများကြီး အလုပ်ရကြ စီးပွားဖြစ်ကြပါတယ်။ သမရိုးကျ လုပ်တဲ့ ဥပမာ စာရေးဆရာတို့ အဆိုတော်တို့ သရုပ်ဆောင်တို့အစား online blogger တို့ စာရေးဆရာတို့ အဆိုတော်တို့ သရုပ်ဆောင်တို့ ( ဥပမာ ရန်ပွဲမှာ အသတ်ခံရလိုက်တဲ့  အောင်ရဲထွေး ) တို့လိုမျိုးပေါ့။ facebook fan page ဆိုရင် မြန်မာတွေဖွင့်ထားတာတင် အရေအတွက် သုံးသိန်းကျော် ဖြစ်နေပါပြီ။ အဲဒီ fan page သုံးသိန်းကျော်ကြောင့် အလုပ်မဖြစ်တော့တဲ့ သမရိုးကျ စာရေးဆရာ ဘယ်လောက်များမလဲ စဉ်းစားကြည့်ပါ။ စာအုပ် ထုတ်လုပ်သူ သတင်းစာ ဂျာနယ်နဲ့ စာနယ်ဇင်းတွေ ပုံနှိပ်တိုက် စာအုပ်ချုပ် စာအုပ်အဌားဆိုင် စာကြည့်တိုက် ပုံဆွဲပြရတော့မှာပါ။ ၂၀၁၈ သြဂုတ်လအတွင်းမှာဘဲ စာနယ်ဇင်း စာပေထုတ်ဝေသူတွေစုပြီး အစိုးရကို ဝင်ရောက် ကူညီပေးဖို့ တောင်းဆိုကြပါတယ်။


၃။ automation စက်ပစ္စည်း ပြောင်းလဲတပ်ဆင်ခြင်း


စက်ပစ္စည်းတပ်ဆင်လို့ နှစ်ရှည် အလုပ်လုပ်ခဲ့တဲ့ အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ထုတ်လို့ ပြသာနာတက်တာ နာမယ် နှစ်လုံးနဲ့ ပေါင်မုန့်စက်ရုံပါ။ ဥပဒေမှပါတဲ့အတိုင်း အလုပ်သမားတွေကို လျှော်ကြေးပေးပေမဲ့ အလုပ်သမားတွေက အလုပ်ဘဲ ဆက်လုပ်ချင်နေတာပါ။ ခုံသမာဓိရုံးရောက်ပြီး အပြန် အလှန်ညှိနှိုင်းပြီး ထူးထူးဆန်းဆန်း အလုပ်ပြန်ခန့်ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာပါတယ်။ နောက်ဆုံး အလုပ်သမား အဖွဲ့ အစည်းတွေနဲ့ " ညှိ " လိုက်ရတယ် ကြားပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘုး။ လုပ်အားခ ဈေးတက်လာပြီး အလုပ်သမားအဖွဲ့ အစည်းအားကောင်းလာတော့ အလုပ်ရှင်တွေက လုပ်ငန်းရပ်တည်နိုင်အောင် စက်ပစ္စည်း တပ်ဆင်လာရတာ မရွေးမဖြစ် နည်းလမ်းပါဘဲ။ အရင်က ပဲခွဲစက် ဆန်စက်တရုံတရုံမှာ လူ ၃၀၀ ၄၀၀ လောက်ထိုင်ပြီး အရောင်မတူတဲ့ ပဲတို့ ဆန်တို့ ထိုင်ရွှေးကြပါတယ်။ အခု colour sorter အရောင်ခွဲစက် တပ်ဆင်ကြလို့ ဆန် ပဲရွေးတဲ့ မိန်းကလေးတွေ မတွေ့ရတော့ပါဘူး။ 


ဒီလိုပါဘဲ တခြား လုပ်ငန်းတွေမှာ စက်ပစ္စည်းတပ်ဆင်လို့ အလုပ်အများကြီး ပြုတ်ကြပါတယ်။ စက်မတပ်နိုင်တဲ့ လုပ်ငန်းတွေလည်း အများကြီး ပြုတ်ကြပါတယ်။ စက်တွေကို သေချာ မသုံးနိုင်တဲ့သူတွေက ပြည်တွင်း လုပ်ငန်းရှင် အများစုပါ။


၎။ FDI foreign direct investment နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူတို့က ပြည်တွင်း လုပ်

      ငန်းရှင်များ လုပ်ကိုင်နေတဲ့ အလုပ်တွေကို ဝင်ရောက် လုပ်ကိုင်နေခြင်း


FDI တွေက ရှိသမျှအလုပ် အကုန်ဝင်လုပ်နေတာပါ။ အကြမ်းအားဖြင့် သူတို့က သူတို့ နိုင်ငံမှာ အလုပ်ဖြစ်တာမှန်သမျှကို ကြိုတင် မြင်တွေ့ သိရှိကျွမ်းကျင်နေတော့ ပြည်တွင်း လုပ်ငန်းရှင်တွေထက် အစစ အရာရာ သာနေတာပါ။ စက်ရဲုံကြီးကြီးသေးသေးမှအစ ထမင်းဆိုင် ဆံပင်ညှပ်ဆိုင်အထိ ပါဝင်ပြီး နောက်ဆုံး KTV အနှိပ်ခန်းပါ မကျန် လုပ်နေကြတာပါ။ တရုတ်ပြည်မှ လိင်အလုပ်သမ တချို့ကို တောင်ဥက္ကလာမှာ ဖမ်းမိတဲ့ အထိပါ။ အဲဒီတော့ ပြည်တွင်း လုပ်ငန်းရှင်များ လုပ်ငန်းထိခိုက်တာ ပြောဖွယ်မရှိပါဘူး။ ကြံဖန် အပြစ်တင်ရမယ်ဆိုရင် FDI တွေက ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ မတူလောက်အောင် ထူးထူးခြားခြား မပျင်းမရိ ကြိုးစား အားထုတ် လုပ်ကိုင်နေတာပါ။ 


၅။ စွမ်းဆောင်ရည် ကောင်းတဲ့ ပြည်တွင်း လုပ်ငန်းရှင်များ အရမ်းအောင်မြင် လာလို့ပါ။


တနှစ်ကို အရောင်း ဒေါ်လာ သန်း ရာဂဏန်း ပမာဏလောက်ရှိတဲ့ ရောင်းအားရှိတဲ့ ပြည်တွင်းလုပ်ငန်းရှင် တချို့ရှိနေပါပြီ။ အဲဒီလူတွေကတော့ စနစ်တကျ လုပ်ငန်း ဖွဲ့စည်းပုံ structure စနစ် system သေချာ တည်ဆောက်ပြီး နိုင်ငံတကာက လုပ်ငန်းတွေလိုဘဲ အခွန်မှန်မှန် ( နဲချင်နဲပါလိမ့်မယ်။ ) ဆောင်ခဲ့ပြီး နိုင်ငံတကာက လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ပြီး နိုင်ငံတကာက အသိအမှတ်ပြု စာရွက်စာတမ်းများရယူ ဥပမာ ISO certification. HACCP organic fruit web- site စသည်တို့ကို ရယူခဲ့ပြီး စနစ်တကျ လုပ်ဆောင်ခဲ့သူတွေပါ။ အဲလို လုပ်နိုင်သူတွေက အနည်းစုပါ။ တကယ် စီးပွားလုပ်ငန်းများ နိုင်ငံတကာက လုပ်ငန်းရှင်တွေနဲ့ အမြန် ပူးပေါင်း လုပ်ဆောင်နိုင်ပြီး ကြီးပွားချမ်းသာသွားသူတွေပါ။ ငွေလို လို့ နိုင်ငံတကာက ငွေချေးယူမယ်ဆိုရင် debt financing ယူလိုလည်းရပါတယ်။ ( debt financing ဆိုရင် သက်ဆိုင်တဲ့ နိုင်ငံမှာ လုပ်ငန်းက ပိုင်တဲ့ ပိုင်ဆိုင်မူတွေတောင်းတတ်ပါတယ်။ ) equity financing လို့ ခေါ်တဲ့ ကုမ္ပဏီ ရှယ်ယာတန်ဖိုးသတ်မှတ်ပြီး ရှယ်ယာ ရောင်းလို့ လည်းရကြပါတယ်။ equity financing ရဖို့ ကိုယ့်လုပ်ငန်းက growth တိုးတက်မူရှိနေတယ် ဆိုတာပြဖို့လိုပါတယ်။ အမြတ် ရနေစရာတော့ မလိုတတ်ပါဘူး။ အကြမ်းအားဖြင့် financing company တွေက တကမ္ဘာလုံးပတ်ပြီး တိုးတက်မဲ့ အရိပ် လက္ခာရှိတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေလိုက်ဝယ်ပြီး ငွေထည့်ပေးပါတယ်။ ပြီးတော့ ရှယ်ယာဈေးတက်အောင် လုပ်ပြီး နောက် တဦးကို လက်ပြောင်းရောင်းကြတာများပါတတယ်။ အကြမ်းအားဖြင့် equity financing နဲ့ ရှယ်ယာ ရောင်းလို့ ရတဲ့ မြန်မာ ကုမ္ပဏီတွေရှိနေပါပြီ။ ပထမဆုံးကြားဘူးတာက သွားတိုက်ဆေး ကုမ္ပဏီပါ။ သန်းရာဂဏန်း ရလိုက်ပါတယ်။ အရက် ကုမ္ပဏီတခုလည်း သန်းရာဂဏန်းရလိုက်ပါတယ်။ အဲဒီအရက် ကုမ္ပဏီရဲ့ ရှယ်ယာ ကတော့ နောက်တယောက်ကို လက်ပြောင်းပြီးနေပါပြီ။ နောက်ဆုံး မြန်မာ ကုမ္ပဏီတခုတော့ တရားဝင် ကြေငြာတာမရှိပေမဲ့ ဒေါ်လာ သန်းထောင်ဂဏန်း ရလိုက်တယ်တော့ ကြားပါတယ်။ နောက်ဆုံး စိုက်ပျိုးရေးသုံးပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ နိုင်ငံတကာက ကုမ္ပဏီတခုက financing ရလိုက်ပါတယ်။  အများဆုံး  ငွေလိုရင် လုပ်တတ်ကြတာတမျိုးက trade financing အရောင်းအဝယ် လုပ်တဲ့သူတွေကို ပေးတာမျိုးရှိပါတယ်။ စင်္ကာပူမှာ အခြေစိုက်လုပ်ပြီး ငွေအဝင်အထွက်များရင် ဘဏ်က ပေးကြပါတယ်။ မြန်မာတွေ အတော်များများရကြပါတယ်။ ဒါအပြင် JV joint venture စပ်တူ လုပ်ငန်းတွေလည်းရှိပါတယ်။ မြန်မာပြည်က လုပ်ငန်းရှင်နဲ့ နိုင်ငံခြားသားနဲ့ JV company ထောင်ပြီး တဘက်နိုင်ငံက ချေးငွေရနေတာမျိုးပါ။ ဆိုလိုချင်တာ တကယ် လုပ်ရည်ကိုင်ရည်ရှိတဲ့ မြန်မာ လုပ်ငန်းရှင်များလည်းရှိနေပြီး တကယ်ဘဲ နိုင်ငံတကာက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း လုပ်ဆောင် နိုင်သူတွေလည်းရှိနေပါတယ်။ အဲဒီလူတွေ ကြီးပွားတာ မုဒီဒါပွားမိပါတယ်။ အားပေးသင့်တယ်လို့ လည်းထင်ပါတယ်။ နိုင်ငံအတွက် ကောင်းကျိုးပေးပြီး ကုန်ဈေးနှုန်းကျဆင်းအောင် အလုပ်အကိုင် အခွင့်အရေးပေါ်အောင် အထောက်အကူ ပြုတာအမှန်ပါ။ ဒါပေမဲ့ အရမ်းကြီးလာတဲ့ အဲဒီလုပ်ငန်းရှင်တွေကို မပြိုင်နိုင်တဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေအများကြီးဆိုတာ သိသင့်ပါတယ်။ 


၆။ ဘဏ်တိုးနှုန်းများလို့ပါ။


ဘဏ်တိုးနှုန်း ၁၅ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်း  ချပေးလိုက်ပေးပြီးနေပါပြီ။ နိုင်ငံတွင်းမှာ အတိုးနှုန်းတူညီစွာ ယှဉ်ပြိုင်နေရတဲ့ ပြည်တွင်း လုပ်ငန်းရှင်များကြားမှာ ၁၃ % ၁၅% အတူတူဖြစ်နေတာ အရေးမကြီးပါဘူး။ 


စားရိတ်ထဲ ထည့်ပေါင်းလိုက်ရုံပါ။ လက်ရှိအခြေအနေမှာ နိုင်ငံတကာကနေ မြန်မာပြည်ထဲရောက်နေတဲ့ FDI တွေက သူတို့ နိုင်ငံတွေက အတိုးနှုန်းနဲ့ လာလုပ်ကိုင်နေရတော့ ပြည်တွင်း လုပ်ငန်းရှင်များ ယှဉ်ပြိုင် လုပ်နိုင်စွမ်းမရှိတော့ပါဘူး။ ၂၀၁၇ အတွင်း ဗဟိုဘဏ်က ဘဏ်တွေကို ချေးထားတဲ့ငွေတွေကို ပြန်တောင်းဖို့ ညွှန်ကြားပါတယ်။ ဒီအချက်က ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းတွေကို လျှော့ချဖို့ ဖြစ်စေပါတယ်။


၇။ နယ်ခြားပြသာနာနဲ့ သဘာဝဘေး အန္တရာယ် အဖြစ်များ လာလို့ပါ။


ရခိုင်ဘက်က နယ်ခြား ပြသာနာဖြစ်တော့ မြန်မာဘက်က မှန်ပေမဲ့ တဘက်သတ် စွတ်စွဲခံရပြီး နိုင်ငံတကာ ပုံရိပ်ကျသွားပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အတော်ထိခိုက်သွားပါတယ်။ စက်ရုံတွေ လာတည်မဲ့ အစီအစဉ်အတော်များများလည်း ရွှေ့ဆိုင်းတာတို့ ရပ်ဆိုင်းတာတို့ဖြစ်ကုန်ပါတယ်။ ဒါဟာ ပြည်တွင်း လုပ်ငန်းရှင်တွေကို လုပ်ငန်း မကောင်းစေတဲ့ အကြောင်းတခုပါ။ 


သဘာဝဘေးအန္တရာယ် အထူးသဖြင့် ရေဘေးက နှစ်တိုင်းလိုလို နေရာ အနှံဖြစ်နေတာပါ။ ရန်ကုန်မြို့မှာတော့ ရေမြောင်းစီးဆင်းအောင် သေချာ မလုပ်နိုင်လို့ပါ။ တနိုင်ငံလုံးမှာ ရေမြောင်းရှိတဲ့ မြို့က ရန်ကုန် တမြို့တည်းရှိသလိုပါဘဲ။ ကျန်တဲ့မြို့ကြီးတွေမှာ ရေစီးမြောင်း သိပ်မတွေ့ဘူးပါဘူး။ ရေကြီးတဲ့ ပြသာနာက အတော်ကြီးပြီး အစိုးရရော နိုင်ငံသားရော ဝိုင်းကူညီလုပ်ဆောင်ကြပါတယ်။ စီးပွားရေးထိခိုက်မူ ထိခိုက်မူ မနည်းလှတဲ့ နောက်ဆက်တွဲပြသာနာထဲက တခုက လမ်းတွေပျက်ဆီးတာပါဘဲ။ အဝေးလမ်းမဘေးမှ ရေမြောင်းရှိတဲ့နေရာ အရှည်ဆုံးက ကော့ကရိတ်- မြဝတီလမ်းပါ။ ထိုင်းနိုင်ငံက ဖောက်ပေးတာပါ။ ကျန်တဲ့ နေရာတွေမှာ ရေစီးမြောင်း သိသိသာသာ မတွေ့ဘူးပါဘူး။ ရေစီးမြောင်း မပါတဲ့လမ်းက ရေလွမ်းဒဏ်ခံရပြီး ကြံခိုင်မူ လျော့ပြီး အမြန်ပျက်စီးပါတယ်။ လမ်းပျက်ပြီးရင် ကားဘီး အမြန်ပေါက်တာ ကားအောက်ပိုင်း အမြန် ပျက်စီးတာ ဖြစ်ပါတယ်။ လမ်းတွေ အထပ်ထပ် အခါအခါ ပြန်ခင်းနေရတော့ ကုန်ကျစားရိတ်လဲများပါတယ်။ နောက်သတိထားမိတာ တခုက လမ်းနဲနဲ စပေါက်ပြီး ပျက်ဆီးရင် လာရောက်ပြုပြင်ခြင်း မရှိပါဘူး။ အပေါက် တော်တော်

ကြီးမှ လာပြင်တတ်တော့ ကုန်ကျစားရိတ် ပိုနေတတ်ပါတယ်။ လမ်းတွေ မကောင်းတော့ သယ်ယူ ပို့ဆောင်ရေး စားရိတ်တက်ပြီး ကုန်ကျစားရိတ် အများကြီးတက်စေပါတယ်။ ဒါက ပြည်တွင်း လုပ်ငန်းရှင်တွေ ဒေသတွင်း နိုင်ငံက ကုန်ထုတ်လုပ်ငန်းကို မပြိုင်နိုင်ဘဲ ကျဆုံးစေတဲ့ အချက်ပါ။


၈။ အဖျက်အမှောက် လုပ်ကြလို့ပါ။


NLD အစိုးရတက်လာတော့ မသေချာ မရေရာ ဖြစ်နေတော့ အတော် အားနည်းပါတယ်။ တကယ် အာဏာလွဲမလား ဆိုတာ မသေချာသလို အာဏာလွဲပြီး ဘယ်တော့ ပြန်သိမ်းခံရမလဲ မသေချာတာမျိုးပေါ့။ ရာထူးခွဲဝေရေးမှာ တိုင်းရင်းသားတွေ အရင် လူဟောင်းထဲက သင့်တော်သူတွေ သေချာရွှေးထည့်လိုက်တော့ အစိုးရနဲ့ ပါတီက တော်တော်မျှတတယ်လို့ ပြောရမှာပါ။ 


အချုပ်ပြောရရင် နိုင်ငံရဲ့ အများဆုံးဖြစ်တဲ့ ကျောက်စိမ်း သစ် မူးယစ်ဆေးတို့ကို ထိန်းချုပ်လိုက်ပြီး ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းအများစုက ဝယ်သူမရှိတဲ့ တန်ဖိုးမြင့် အဆင့်မြင့် အိမ်ယာ ကွန်ဒိုတွေဆောက်မိပြီး ရပ်တန့်သွားပါတယ်။ လုပ်ငန်းလည်ပတ်နိုင်သေးပြီး အတိုးပုံမှန်ပေးနိုင်တဲ့ လုပ်ငန်းရှင်တွေတော့ ဘဏ်တွေက ငွေပြန်ဆပ်ဖို့ အကြောင်းကြားထားလို့ အရှိန်လျော့နေပါပြီ။ ဒီလို အချိန်မှာ အစိုးရက တနိုင်ငံလုံးစီးပွားရေး ပြန်တက်လာအောင် goverment spending အစိုးရက ပိုသုံးပေးရမယ်လို့ သီအိုရီတွေက ဆိုပေမဲ့ အဲဒီ သီအိုရီကို သတိမထားမိလို့လား စာသင်ခန်းထဲက အခြေခံသင်ခန်းစာ ဖြစ်လို့ လက်တွေ့မှာ အသုံးမတည့်နိုင်ဘူးလို့ ယူဆလို့လား မသိပါဘူး။ အစိုးရလိုငွေပြတာ သက်သာ ပြချင်လို့လား မသိပါဘူး။ အသုံးစားရိတ်လျော့ချဖို့ အစီအစဉ်ထဲပါသွားပါတယ်။ ဝန်ထမ်းတွေကို လာဘ်စားတာမျိုးထိန်းလိုက်တော့ ဝန်ထမ်းတွေလည်း ဝန်ထမ်းတွေက တာဝန်ရှိနေတဲ့ အလုပ်တောင် မလုပ်ချင်တော့ပါဘူး။ ဒီတော့ နိုင်ငံရဲ့ စီးပွားရေး ပုဂ္ဂလိကပိုင်းမှာ တခါတည်းထိုင်ကျသွားတာပါ။ နိုင်ငံရဲ့ GDP ကို ဆွဲတင်ထားတဲ့ FDI နဲ့ လူနဲစု ပုဂ္ဂလိက လုပ်ငန်းရှင်တွေကတော့ လုပ်ငန်း မကောင်းတဲ့ လုပ်ငန်းရှင်အများစုရဲ့ သုံးစွဲမူပေါ်သာ မှီတည်နေခြင်းကြောင့် အခြားဆောင်ရွက်မူ တခုခု မရှိရင် ( ဥပမာ အဲဒီလူတွေရဲ့ ထုတ်ကုန်ကို export လုပ်ဖို့ အားမပေးနိုင်ရင်) 


မကြာခင် ပြိုဆင်းသွားနိုင်ပါတယ်။


အလုပ်က မရှိ မူးယစ် ဆေးပြားဈေးကတက်ဆို ဆေးကြောင် ဂယောက်ကယက်ဖြစ်ပြီး လုကြ ယက်ကြတာ အများကြီးတိုးလာနိုင်ပါတယ်။ 


ဘာလုပ်ရင် ကောင်းမလဲ?


တနိုင်ငံလုံးက လူတွေသိသင့်တာက " မြန်မာတွေ မစည်းလုံးရင် အမဲဖျက်သလို ဝိုင်းဖျက်မဲ့ သူတွေ အများကြီး ဖြစ်နေပြီ " ဆိုတာ သိသင့်ပါတယ်။ နောက်သိသင့်တာ ၁၉၄၇ ပင်လုံညီလာခံ လုပ်ခဲ့ အချိန်နဲ့ အခု အချိန် အခြေအနေ အရမ်းကွာသွားပါပြီ။ ရခိုင်နိုင်ငံတော် ရှမ်းနိုင်ငံတော် ကချင်နိုင်ငံတော် တို့လို နိုင်ငံသေးသေးလေးတွေ ထပ်ခွဲထွက်ပြီး ရပ်တည်နိုင်ဖို့ မပြောနဲ့ ထိုင်းနိုင်ငံ စင်္ကာပူနိုင်ငံ အင်ဒိုနီးရှားနိုင်ငံ ဗီယက်နမ် နိုင်ငံ 


မြန်မာနိုင်ငံ စသည်ဖြင့်တောင် ရပ်တည်လို့ မရတော့လို့ အိမ်နီးချင်း ၁၀ နိုင်ငံပေါင်းပြီး အာဆီယံ နိုင်ငံတော်လို့ ဖြစ်အောင် ဦးတည်ဖွဲ့စည်းနေတာပါ။ ဒါနဲ့တင် မလုံလောက်တော့ အာဆီယံ + 2 တို့ အာဆီယံ + 3 တို့ လုပ်နေတာပါ။ 


အခု အချိန်မှာ အာဏာရှင်တွေ ခရိုနီတွေ ဘိန်းသမားတွေ ကျောက်သမားတွေ တိုင်းရင်းသားတွေ ဘာသာတူတာတွေ မတူတာတွေ နိုင်ငံရေး အစဉ်အလာရှိတာတွေ မရှိတာတွေ ခွဲခြားမနေသင့်တော့ပါဘူး။ တိုင်းပြည်လည်း နာလှပါတယ်။ ရောင်းစားလို့ရတဲ့ သံယံဇာတတွေကုန်မှ ငြိမ်းချမ်းရေး ရတာမျိုးတော့ မဖြစ်သင့်ပါဘူး။ 


သစ် ကျောက်စိမ်း မူးယစ်ဆေး ဆောက်လုပ်ရေးလုပ်ငန်းတို့က နိုင်ငံမှာ အများဆုံးလည်ပတ်တဲ့ ငွေတွေပါ။ အဲဒီလောက်များတဲ့ငွေတွေ တနေရာရာမှာ အရင် မလည်ပတ်ခိုင်းဘဲ ရုတ်တရက် ရပ်တန့်ခိုင်းရင် နိုင်ငံစီးပွားရေး ထိုင်ကျသွားမှာပါ။ အစိုးရက ထိန်းချုပ်ဖို့ လုပ်တာ မှန်ပေမဲ့ အကောင်အထည်ပုံ လွဲနေပါတယ်။


လက်ရှိအခြေအနေမှာ နိုင်ငံတကာမှာတော့ နိုင်ငံရဲ့ စီးပွားရေးက နှိုးဆွဖို့ အစိုးရဲ့ သုံးစွဲမူ government spending မြင့်တင်ကြပါတယ်။ အမေရိကန်မှာတော့ Quantative easing ဆိုပြီး ဒေါ်လာတွေ ဘီလျံ ၇၀၀ ရိုက်ထည့်ပြီး ပြည်သူတွေ ဝေလိုက်ဘူးပါတယ်။ တကယ်လို့ အစိုးရ  နိုင်ငံရဲ့ ဘတ်ဂျတ်လိုငွေ အရမ်း မများစေချင်လို့ ပိုမသုံးချင်ဘူးဆိုရင် ဒါအပြင် ငွေဖောင်းပွတာ အရမ်း မဖြစ်စေချင်လို့ ငွေတွေ ထပ်ပြီး မရိုက်ချင်ဘူး ဆိုရင် နောက်လုပ်လို့ ရတဲ့နည်းက ပုဂလိက လုပ်ငန်းရှင်တွေ လုပ်လို့ ရမဲ့ စီမံကိန်း ခပ်များများ လုပ်ပိုင်ခွင့် ချပေးလို့ ရပါတယ်။ နမူနာပြောရရင် 


ကျောက်စိမ်းသမားတွေကို နိုင်ငံမှာရှိတဲ့ ရေကြီးတာ ကာကွယ်ဖို့နဲ့ လျပ်စစ်ဓာတ်အားထုတ်ဖို့ ဆည်အကြီးစားတွေ အလုံး ၃ ၄ ၅၀ လောက် ဆောက်ဖို့ လုပ်ပိုင်ခွင့်ချပေးပါ။ ကျောက်စိမ်းသမားတွေမှာ ဆည်ဆောက်ဖို့ အကြီးစား မြေတူးစက် မြေသယ်စက်တွေ အစီးသောင်းနဲ့ချီပြီး ရှိနေကြပါတယ်။ အဲဒါတွေက ကျောက်စိမ်းတူးခွင့် ပိတ်ကတည်းက ရပ်ထားရတာပါ။ အဲလို လုပ်ဖို့ အစိုးရက ငွေစိုက်စရာ မလိုပါဘူး။ ခွင့်ပြုမိန့် ချပေးဖို့ဘဲ လိုတာပါ။  အဝေးပြေးလမ်းတွေလည်း တနိုင်ငံလုံး လုပ်ကိုင်ခွင့်ပြုပေးသင့်ပါတယ်။ ကျောက်သမားတွေကို တကယ် လုပ်ခွင့်ပေးရင်တော့ ၄ ၅ နှစ်အတွင်း လမ်းလည်းကောင်း လျပ်စစ်လည်းရ ရေကြီးတာတွေလည်း ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ ဒါအပြင် လျပ်စစ်ရလို့ စက်ရုံ ရင်းနှီး လုပ်ကိုင်မဲ့သူတွေ ရောက်လာမှာပါ။


ဆောက်လုပ်ရေးသမားတွေကို ကျူးကျော်တွေ ပြန်လည်နေရာချထားရေးအတွက် တန်ဖိုးနည်း အိမ်ယာတွေတည်ဆောင်ဖို့ လုပ်ပိုင်ခွင့် ချပေးပါ။ ကျူးကျော် ၅ သိန်းအတွက် အိမ်ယာ တသိန်းလောက် ချက်ချင်းလိုအပ်နေတာပါ။ ဒါအပြင် ရန်ကုန်မြို့ တမြို့တည်းမှာတင် လူဦးရေတိုးတာ အစိုးရသက်တမ်းတခု အတွင်း လူတသန်းလောက် ခပ်လွယ်လွယ်တိုးပါတယ်။ လူ ၄ယောက်ကို မိသားတစုနှုန်းတွက်ရင် အိမ် နှစ်သိန်းခွဲလိုပါတယ်။ တနှစ်ကို အိမ် ငါးသောင်းလောက်အနည်းဆုံး လိုနေတာပါ။ အိမ်ယာလိုအပ်ချက်ရဲ့ ၉၀% အထက်က ကျပ်သိန်း ၂၀၀ အောက် တန်ဖိုးနည်း အိမ်ယာတွေပါ။ ကျန်တဲ့ ၉% က ကျပ် သိန်း ၅၀၀ - သိန်း ၁၀၀၀ ကြား တန်ဖိုးသင့် အိမ်ယာပါ။ နောက်ဆုံး ၁% ထက်နည်းတဲ့ အိမ်တွေက တန်ဖိုးမြင့် အိမ်ယာတွေပါ။ 


အခုလို ဒေါ်လာဈေးတက်လာတဲ့ အချိန်မှာ ပြည်တွင်းမှာ ထုတ်တဲ့ ကုန်ချော ကုန်ပစ္စည်းတွေ နိုင်ငံခြားပို့ဖို့ စဉ်းစားသင့်ပါတယ်။ စဉ်းစားသင့်တာတွေ မြန်မာနိုင်ငံထွက် ပစ္စည်းတွေကို ကုန်ချောထုတ်တာ အပြင် နိုင်ငံခြားက တဝက်တပျက်ထုတ်လုပ်ထားတာတွေကို ပြန်လည်တပ်ဆင်တာမျိုးတွေ ခွင့်ပြုသင့်ရပါတယ်။ အရင်က ဂျပန်ကား ကိုရီးယားကား တရုတ်ကား ပြန်ဆင်တဲ့ ကုမ္ပဏီ ကုမ္ပဏီတွေရှိပါတယ်။ SKD semi knock down လို့ ခေါ်ပါတယ်။ သူတို့တွေ အများကြီးရင်းနှီး မြုပ်နှံခဲ့ပေမဲ့ လုပ်ငန်းအဆင်မပြေကြပါဘူး။ ကားသွင်းခွင့် ပိတ်ထားတဲ့ အချိန်မှာ တင်သွင်းခွင့် မရသူတွေက SKD ရဲ့ သဘောတရားကို နားမလည်တဲ့ တာဝန်ရှိသူတွေကို အတို့အထောင်လုပ်ကြလို့ပါ။ အခု နိုင်ငံတကာမှာ ပစ္စည်းတခုကို အစအဆုံး မထုတ်တော့ပါဘူး။ အစိတ်အပိုင်းတွေကို နေရာစုံမှာ ထုတ်ပြီး တနေရာမှာ ပြန်တပ်ဆင်ကြပါတယ်။ ဟမ်းဖုန်းတလုံးကို ဆယ်နိုင်ငံလောက်က စက်ရုံ နှစ်ဆယ်လောက်က ထုတ်ပြီး တခြားနိုင်ငံတခုမှာ သွားထုတ်တာပါ။  ( အထူးသဖြင့် အခွန် ကင်းလွတ်ခွင့် ရတဲ့ နိုင်ငံမှာ သွားပြီး တပ်ဆင်တာမျိုး လုပ်ကြပါတယ်။ ) မြန်မာပြည်က 


အဲဒါမျိုး လုပ်ငန်းနဲ့ မယဉ်ပါးတော့ အကောက်ခွန်ရှင်းလင်းရေးမှာ ပြသာနာတက်ပါတယ်။ ဒါအပြင် နားမလည်တဲ့လူက အကြံအဖန်လုပ်တယ် ထင်ကြပါတယ်။ အခု JICA က မြန်မာနိုင်ငံအစိုးရကို ဆိပ်ကမ်းတွေမှာ အသုံးပြုဖို့ အကောက်ခွန် စည်းကြပ်မူ စနစ်အသစ် တခု စီစဉ် သင်တန်းပေးနေပါတယ်။ MACCS Myanmar Automated Cargo Clearance System လို့ ခေါ်ပါတယ်။ အဲဒီ စနစ်က တကမ္ဘာလုံးမှာ သုံးကြတဲ့ စနစ်ဖြစ်ပြီး တကယ် အကောင်အထည် ဖော်ပြီးသွားရင် မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေမှာ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို လာတပ်ဆင်တာမျိုးတွေကိုပါ အလွယ်တကူ လုပ်ဆောင်နိုင်မှာပါ။ အစိုးရက ထပ်လုပ်သင့်တာက ပြည်တွင်းမှာ ထုတ်လုပ်မဲ့ လုပ်ငန်းတွေကို ဆွဲဆောင်ဖို့ လိုလာပါတယ်။ 


မူးယစ်ဆေး ထုတ်လုပ်ရောင်းချတာ သုံးစွဲတာ မကောင်းပါဘူး။ ဖီလစ်ပိုင်မှာ လူဦးရေရဲ့ ၂% ဆေးစွဲနေပါတယ်။ အခု လက်ရှိသမ္မတာ တက်လာတော့ မူးယစ်ဆေးသမားတွေ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမူတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေကိုပါ မချန်ဘဲ ရက်ရက်စက်စက် သတ်ဖြတ်တာ ၄၀၀၀ ကျော်ပါပြီ။ သမ္မတက လူ သုံးသန်းလောက် သတ်ဖို့ လိုရင် သတ်မယ်လို့ ပြောကြပါတယ်။ အရက်စက်ဆုံး ခေါင်းဆောင်တဦးလို့ ပြောကြပေမဲ့ နောက် မှာ ထောက်ခံတဲ့သူတွေ အများကြီးပါ။ မြန်မာနိုင်ငံမှာ တခါက ကမ္ဘာကျော် ဘိန်းဘုရင်ကြီးတယောက်ရှိဘူးပါတယ်။ အစိုးရက လူတယောက်မှ မသတ်ဘဲ ဘိန်းဘုရင်ကြီးကို နိုင်ငံကောင်းကျိုးတွေ လုပ်လို့ ရအောင် လမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။ အခု အဲဒီ ဘိန်းဘုရင်ကြီး ကွယ်လွန်ခဲ့ပါပြီ။ သူမကွယ်လွန်မှီတည်ထောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းကြီးက သူကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာတဲ့ အခု အချိန်အထိ နိုင်ငံကာင်းကျိုး ပြည်သူကောင်းကျိုး လုပ်နေတာ အမှန်ပါ။ မူးယစ်ဆေးနဲ့ ထပ်ပတ်သက်တယ်ဆိုတာလည်း မကြားတော့ပါဘူး။ အဲဒီသုံးက သူကို ကိုင်တွယ်ခဲ့တဲ့ နည်းအတိုင်း အခု မူးယစ်ဆေး ထုတ်လုပ်ရောင်းချနေသူတွေကို ကိုင်တွယ်ရမှာပါ။ လူတယောက် ချမ်းသာလာရင် ဥပဒေဘောင် အပြင်ဘက်မှာ ဘယ်သူမှ မနေချင်တော့ပါဘူး။ ဥပဒေဘောင်အတွင်း မှာ အေးအေးဆေးဆေးနေချင်ကြမှာပါ။ အထူးသဖြင် အသက်အရွယ် ရလာတဲ့ အချိန်မှာ ပေါ့။ မူးယစ်ဆေးသမားလို့ မခွဲခြားဘဲ တိုင်းပြည်အကျိုးရှိအောင် အသုံးချနိုင်ဖို့ လိုပါတယ်။


ဘဏ်လုပ်ငန်းရှင်တွေက အစွမ်းကုန်ကြိုးစား လုပ်ကိုင်ပေးတယ်လို့ လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အကျိုးအမြတ်သေချာ မရဘူးဆိုတာလည်း သဘောတူပါတယ်။ မြန်မာနိုင်ငံက ဘဏ်တွေက ရန်ကုန် ပုသိမ်လမ်းက ရထားလိုဖြစ်နေတာပါ။ ဘီလျံနဲ့ ချီပြီး ရင်းနှီးလုပ်ကိုင်ထားပေမဲ့ တရက်ကို စီးတဲ့လူ ၆ ယောက် ခုနှစ်ယောက်ဘဲရှိနေသလိုပါ။ အခု လက်ရှိဖွဲ့စည်းပုံနဲ့ စွမ်းဆောင်နိုင်မူ ယှဉ်ရင် သေချာပေါက် ရှုံးမှာပါ။ ဘဏ်လုပ်ငန်းရှင်တွေ အမြတ်လည်းလိုချင်တယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေကို နိုင်ငံတကာက အတိုးနှုန်းမျိုးပေးချင်တယ်။ ဆိုရင် လုပ်လို့ ရတဲ့ နည်း တခုရှိပါတယ်။ နိုင်ငံခြားဘဏ်တွေကို လုပ်ပိုင်ခွင့် ပေးလိုက်ပါ။ သူတို့ လုပ်တဲ့ ဘဏ်တွေမှာ အခုလက်ရှိဘဏ်လုပ်ငန်းရှင်တွေရှယ်ယာ ထည့်လိုက်ပါ။ နမူနာပြောရရင်အရင်က ဆက်သွယ်ရေးကို မြန်မာလုပ်ငန်းရှင် တဦးတည်းကို လုပ်ပိုင်ခွင့်ချပေးတော့ အဲဒီလုပ်ငန်းရှင်လည်း မမြတ်။ နိုင်ငံသားတွေလည်း အလုပ်မဖြစ်ပါဘူး။ အခု နိုင်ငံခြားသားတွေလုပ်တော့ ပြည်သူတွေလည်း အင်တာနက်ကို ဈေးပေါပေါ ကောင်းကောင်းသုံးလို့ ရနေတယ်လေ။ ရှယ်ယာထည့်လိုက်တဲ့ ပြည်

တွင်းလုပ်ငန်းရှင်လည်း အကျိုးအမြတ်ရှိနေတာဘဲ။ ပြည်တွင်း လုပ်ငန်းရှင်လုပ်လို့ မကိုက်ဘူးဆိုတာကို တနိုင်ငံလုံးက ပြည်သူတွေခါးစည်းပြီး ခံခိုင်းစရာ မလိုပါဘူး။ လုပ်နိုင်တဲ့သူ လုပ်ခွင့်ပေးလိုက်ဖို့ လိုပါတယ်။


..............................................///////////////.......................................................


မြန်မာ့စီးပွားရေး တက်နေလား၊ ကျနေလား - အယ်ဒီတာစကားဝိုင်း (ဒီဗွီဘီ)

http://burmese.dvb.no/archives/284557


စီးပွားရေးဖွံ့ဖြိုးမှု သီအိုရီတွေနဲ့ ပကတိ စီးပွားရေးအခြေအနေနဲ့ သုံးသပ်ရင်သော် လည်းကောင်း၊ နိုင်ငံရေး ဘောဂဗေဒ ပညာအရ သုံးသပ်လာတဲ့အခါမှာသော် လည်းကောင်း ကျနော်တို့ရဲ့ စီးပွားရေးဟာ ဆုတ်ယုတ်ခြင်း လုံးဝ မရှိပါဘူး။ စီးပွားရေးအားဖြင့် တက်ပါတယ်။ အရှိန်အဟုန်ကလေး နှေးနေတာပဲ ရှိပါတယ်။ အရှိန်အဟုန်နှေးရခြင်း အကြောင်းရင်းကလည်း အတိတ်ကဖြစ်ရပ်တွေ၊ အတိတ်ကဖြစ်ခဲ့တဲ့ စီးပွားရေး ကသောင်းကနင်းတွေကြောင့် ဖြစ်တဲ့ Reflection က အခုမှ လာပြီးတော့ အလျဉ်းသင့်သလို ရိုက်ခတ်သွားခြင်း ဖြစ်ပါတယ်။ အဲဒီရိုက်ခတ်မှုကလည်း ယာယီရိုက်ခတ်မှုပါ။ တဦးကျဝင်ငွေနဲ့ အခြေခံလူတန်းစားရဲ့ စီးပွားရေး အဆင့်အတန်းဟာ တဝမ်းတခါး မျှမျှညီညီ စားနိုင်တဲ့ အနေအထားမျိုး.....


တပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ မြန်မာ့စီးပွားရေးဟာ တက်နေတာလား၊ ကျနေတာလားဆိုတာ၊ ကမ္ဘာ့ဘဏ်က ၂၀၁၈ အတွက် ၆ ဒသမ ၃ ရာခိုင်နှုန်း စီးပွားရေးတက်နေတယ် ပြောတယ်။ အေဒီဘီကလည်း လာမယ့် ၂၀၁၉ မှာ မြန်မာဟာ အာဆီယံမှာ ၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးကနေ ဖွံ့ဖြိုးတိုးတက်နေမယ်လို့ ပြောသလို တချို့ လုပ်ငန်းရှင်တွေကလည်း လက်တွေ့မှာ မတက်ပါဘူး၊ လုပ်ရကိုင်ရ ခက်နေတာတွေ ရှိနေပါတယ်လို့ ပြောတာတွေလည်း ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းနဲ့ စီးပွားရေးအတိုင်ပင်ခံနဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဝင်းရွှေတို့ ဖြစ်ပါတယ်။


“အခု မြန်မာပြည်မှာ ကိန်းဂဏန်းတွေအရတော့ တက်နေတယ်ဆိုတာ ပြောကြတယ်။ တက်လည်း တက်နေတယ်။ Focus ကလည်း ဆက်တက်ဦးမယ်။ တကယ်ရော တက်နေလား။ လက်တွေ့လုပ်နေတဲ့ ဆရာတို့လို စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းက တက်နေတာလား၊ ကျနေတာလား၊ တန့်နေတာလား ဆရာ စပြီး ဆွေးနွေးပေးပါဦး။”


ဒေါက်တာစိုးထွန်း (စီးပွားရေးလုပ်ငန်းရှင်)

“နှစ်ပိုင်း ဖြစ်တာပေါ့။ အစိုးရပိုင်းနဲ့ အေဒီဘီတို့၊ World Bank တို့က တွေးတာကတော့ တပိုင်းပေါ့။ သူတို့ကတော့ GDP တက်နေတယ်ဆိုပြီး ထုတ်ပြန်ထားတယ်။ Focus လုပ်တာ နောက်လည်း တက်မယ့်ပုံစံပေါ့။ တပိုင်းကတော့ တကယ့်လက်တွေ့လုပ်နေတဲ့ SME တွေ၊ လုပ်ငန်းရှင်တွေ တဦးချင်းတွေကတော့ လက်ရှိအနေအထားမှာ လုပ်ရကိုင်ရ ကျပ်နေတယ်။ တဖက်မှာလည်း ဒေါ်လာဈေး မြင့်တက်မှုက ရှိနေတယ်။ တခြား Purchasing Power ကျတဲ့အပိုင်းတွေရှိတော့ တကယ်လုပ်နေတဲ့ လူတွေအနေနဲ့ကတော့ လုပ်ရကိုင်ရ ကျပ်တည်းနေတယ်။ တက်နေတယ်လို့ ပြောဖို့ မလွယ်ဘူးပေါ့။ အမြင်ပေါ်မှာလည်း မူတည်တာပေါ့။ ကျနော့်ကို မေးရင်တော့ ကိုယ့်ဘာသာ ပြန်ကြည့်ဖို့ပဲ ကျနော်က ပြောတာပေါ့။ တက်လား၊ ကျလား ဆိုတာကတော့ ကိုယ့်ဘာသာ မှန်ထောင်ကြည့်ဖို့ပဲ လိုတာပေါ့။ ကိုယ့်စီးပွားရေး၊ ကိုယ့်အနေအထားကို ပြန်ကြည့်ပေါ့။ ကိုယ့်အနေအထား ရှိတာထက် ပိုပြီး ကောင်းမွန်လာပြီလားပေါ့။ လုပ်ငန်းရှင် တော်တော်များများနဲ့ SME တော်တော်များများ၊ တဦးချင်း လူတွေ တော်တော်များများကတော့ လက်ရှိအနေအထားမှာတော့ ကျပ်တည်းတဲ့ အနေအထားလို့ မြင်ပါတယ်။”


ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာကတော့ တကယ့်လက်တွေ့ကျကျ ကိုယ့်ရဲ့ Sector ကို ကိုယ်ကြည့်ပါလို့ ပြောပါတယ်။ ဆရာ့ကိုလည်း စီးပွားရေးပညာရှင်တယောက်အနေနဲ့ ဒီကိန်းဂဏန်းတွေက မှန်လား၊ တက်နေလား။ ဒါက ဘယ်ပေါ်မှာ ကြည့်တာလဲ။ တကယ်လက်တွေ့ လုပ်နေတဲ့သူတွေ ဘယ်လိုထင်ဟပ်လဲ ဆရာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”


ဦးသန်းဝင်းရွှေ (စီးပွားရေးအတိုင်ပင်ခံ၊ တရားလွှတ်တော်ရှေ့နေ)

“စီးပွားရေးပညာသည်တယောက်အနေနဲ့ မြင်ရရင်တော့ တိုင်းပြည်ဝင်ငွေ စာရင်းအင်းတွေကို တွက်ချက်တဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးနဲ့လည်း တွက်ချက်ပါတယ်။ မြန်မာပြည်ရဲ့ တိုင်းပြည်ဝင်ငွေ စာရင်းအင်းကို ချိန်စက်တဲ့ နည်းလမ်းလို့ဆိုတဲ့ Accounting Method နဲ့ Statistics Method အဲဒီနှစ်ခုပေါ်မှာ ချိန်စက်ပြီးတော့ စီးပွားရေးကောက်ချက်ကို ဘောဂဗေဒ နည်းလမ်းအရ ကောက်ချက်ချရပါတယ်။ ကိန်းဂဏန်းတက်ရင် စီးပွားရေးတက်တယ်လို့ အဲဒီလို တထစ်ချ ယူဆလို့မရသလို ကိန်းဂဏန်းကျရင်လည်း စီးပွားရေးကျတယ်လို့ ယူဆလို့ မရဘူး။ ဒီနေ့ World Bank ကနေ ထုတ်ပြန်တဲ့ ကိန်းဂဏန်းနဲ့ အေဒီဘီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ ခိုင်မာမှုရှိတဲ့ ကိန်းဂဏန်းတွေ ဖြစ်တယ်ဆိုတာတော့ ယုံကြည်တယ်။ International Relation တွေရော၊ International Trade ရောပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ Volume on Capacity of National Income ကို Focus လုပ်ထားတဲ့ ဂဏန်းတွေ ဖြစ်နေတဲ့အတွက် ဂဏန်းတွက်ချက်နည်း မှန်တဲ့အတွက် ကိန်းဂဏန်းကလည်း မှန်ပါတယ်။ လက်တွေ့ အဲဒါကို စီးပွားရေးဖွံ့ဖြိုးမှု သီအိုရီတွေနဲ့ ပကတိ စီးပွားရေးအခြေအနေနဲ့ သုံးသပ်ရင်သော် လည်းကောင်း၊ နိုင်ငံရေး ဘောဂဗေဒ ပညာအရ သုံးသပ်လာတဲ့အခါမှာသော် လည်းကောင်း ကျနော်တို့ရဲ့ စီးပွားရေးဟာ ဆုတ်ယုတ်ခြင်း လုံးဝ မရှိပါဘူး။ စီးပွားရေးအားဖြင့် တက်ပါတယ်။ အရှိန်အဟုန်ကလေး နှေးနေတာပဲ ရှိပါတယ်။ အရှိန်အဟုန်နှေးရခြင်း အကြောင်းရင်းကလည်း အတိတ်ကဖြစ်ရပ်တွေ၊ အတိတ်ကဖြစ်ခဲ့တဲ့ စီးပွားရေး ကသောင်းကနင်းတွေကြောင့် ဖြစ်တဲ့ Reflection က အခုမှ လာပြီးတော့ အလျဉ်းသင့်သလို ရိုက်ခတ်သွားခြင်း ဖြစ်ပါတယ်။ အဲဒီရိုက်ခတ်မှုကလည်း ယာယီရိုက်ခတ်မှုပါ။ တဦးကျဝင်ငွေနဲ့ အခြေခံလူတန်းစားရဲ့ စီးပွားရေး အဆင့်အတန်းဟာ တဝမ်းတခါး မျှမျှညီညီ စားနိုင်တဲ့ အနေအထားမျိုးရှိတဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေးဟာ 

ဒီနေ့ ကျနော်တို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ကာလအတွင်းမှာ ယေဘုယျအားဖြင့် တိုးတက်မှု ရှိလာတယ်လို့ အခြေခံကျကျ သုံးသပ်မယ်ဆိုရင် သုံးသပ်နိုင်ပါတယ်။ ဒီသုံးသပ်မှုအပြင် ချဉ်းကပ်ချက် ၄ မျိုးဖြစ်တဲ့ စီးပွားရေးသုံးသပ်ချက်၊ နိုင်ငံတကာ ဆက်ဆံရေး သုံးသပ်ချက် အစရှိတဲ့အပြင် ပင်မ မဏ္ဍိုင်ကျတဲ့ နိုင်ငံရေးဘောဂဗေဒ သုံးသပ်ချက်နဲ့ အခြေခံကျကျ သုံးသပ်ရင် စီးပွားရေးဟာ တက်နေတယ်ဆိုတာ အထင်အရှား ဖြစ်ပါတယ်။”

 Ref: http://burmese.dvb.no/archives/284557


..............................................///////////////.......................................................



မြန်မာ့စီးပွားရေးတက်နေလား ကျနေလား? အပိုင်း()

https://www.facebook.com/478327992226912/posts/1885240641535633/


ဂျပန် ကုမ္ပဏီတွေ လူတိုးနေတယ်၊ အသစ်တွေ ထပ်ဝင်တယ်၊  စင်ကာပူက ထပ်ဝင်လာတယ်၊ ယိုးဒယား၊ မလေးရှားနဲ့ ဗီယက်နမ် အသစ်တွေတိုးလာတယ်။ 

ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေက ကောက်လို့ ရတဲ့ စာရင်းအင်း အချက်အလက်တွေ ပေါ်မူတည်ပြီး မြန်မာ့စီးပွားရေး 6% 7% နဲ့တိုးတက်တယ် လို့ ပြောပါတယ်။ 

အစိုးရကလည်း စီးပွားရေးတက်နေတယ်လို့အခိုင်အမာပြောနေပါတယ်။ ဒါပေမဲ့ MMRD ကုမ္ပဏီက ပြည်တွင်း လုပ်ငန်းရှင်တွေကို လေ့လာပြီးတော့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဆက်တိုက်ကျနေတယ်လို့ ပြောကြပါတယ်။ 


ဘယ်ဟာမှန်သလဲ?  တိုင်းကြတဲ့ ပေတံ မတူလို့ပါ။


နိုင်ငံတကာ အဖွဲ့အစည်းတွေက နိုင်ငံတခုရဲ့ စီးပွားရေးတိုးတက်လား မတိုးတက်လားဆိုတာကို တိုင်းတာတဲ့ အချက်တွေရှိပါတယ်။ GDP, Export, Import, Purchasing power. ကုန်သွယ်ရေးလိုငွေ  စတဲ့ အချက်တွေပေါ်မူတည်ပြီး တိုင်းတာပါ။ အဲဒီအဖွဲ့အစည်းတွေ ပြောတာက macroeconomy တစ်နိုင်ငံဆိုင်ရာ စီးပွားရေး အခြေအနေကို ပြောတာပါ။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက ပြောနေတာက microeconomy တဦးချင်းစီ စီးပွားရေး ကောင်းတာ မကောင်းတာကို ပြောတပါ။

အမှန်မှာ မြန်မာနိုင်ငံသား လုပ်ငန်းရှင် အများစု အနေနဲ့စီးပွားရေး လုပ်ငန်းတွေတော့ မကောင်းတာအမှန်ပါ။


ဒါ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ 


မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နေပေမဲ့ မြန်မာနိုင်ငံက ပြည်တွင်းလုပ်ငန်းရှင်များရဲ့ 

စီးပွားရေးလုပ်ငန်းတွေကျဆင်းနေတယ်လို့ပြောရမှာပါ။ 

ဒီတော့ ပြည်တွင်း လုပ်ငန်းရှင်အများစုရဲ့ လုပ်ငန်းကျနေပြီး နိုင်ငံရဲ့ စီးပွားရေးတက်နေတာ မဖြစ်နိုင်ဘူး။နိုင်ငံတကာ အဖွဲ့အစည်းတွေ မှားပြီး တွက်ချက်ကျတာလို့ ယူဆလိုက်ရင် အဲဒီ ပြည်တွင်းလုပ်ငန်းရှင် နောက် နှစ်အနည်းငယ်အတွင်းမှာ လုပ်ငန်းပြုတ်နေပါပြီ။ လုပ်ငန်းရှင် မဟုတ်တော့ပါဘူး။ တကယ်ဖြစ်နေတာက ဒီလိုပါ။


အခုနှစ်ပိုင်း ငါးနှစ်အတွင်း မြန်မာပြည်မှာ လာပြီး အလုပ်လုပ်တဲ့ နိုင်ငံခြား ကုမ္ပဏီ လေးငါးထောင် လောက်ရှိနေပါပြီ။ တချို့လုပ်ငန်းက ဝန်ထမ်း ဆယ်ဂဏန်း တချို့က ငါးထောင် တသောင်း လောက်ရှိပါတယ်။ စာရင်းအသေအချာကောက်ထားတာ မရှိပေမဲ့ အကြမ်းအားဖြင့် လူ တသန်း နှစ်သန်းကြား လောက် အလုပ်ခန့်ထားတာပါ။ 

အရင်းအနှီး အများဆုံးမြုပ်နှံပြီး နိုင်ငံခြားထုတ်ကုန်တန်ဖိုး အများဆုံးက ရေနံဓာတ်ငွေ့ပါ။ 

လူသိအများဆုံးနဲ့ နိုင်ငံသားအများဆုံးသုံးဖြစ်တာက Telenol, Oredoo တို့လို telecommunication လုပ်ငန်းတွေပါ။ Coca Cola, KFC, Starbuck တို့လို အမေရိကန် ကုမ္ပဏီတွေပါလာသလို CP, Hwawai, Grab, ZTE တို့လို ကမ္ဘာ့အဆင်မှီ အိမ်နီးချင်းနိုင်ငံက ကုမ္ပဏီတွေလည်းပါလာပါတယ်။ 

အဲဒီ ကုမ္ပဏီတွေက အလုပ်အကိုင် သိပ်မဖန်းတီးပးနိုင်ပေမဲ့ ကုမ္ပဏီအကြီးတွေက အလုပ်ခေါ်ရင် လုပ်ခလစာ မြင့်မြင့်ပေးပြီးခေါ်တတ်ပါတယ်။ အင်ဂျင်နီယာကျောင်းဆင်းတော်တော်များများဟာ စင်္ကာပူလစာကို မရှုံးလောက်အောင်ရကြပါတယ်။ GDP တမျိုးသားလုံး ထွက်ကုန်ပမာဏမှာ အချိုးအစားတော်တော်များများ ပါဝင်နေပြီး နိုင်ငံစီးပွားရေးတိုးတက်နေတယ် ဆိုတဲ့ ပုံရိပ်ထွက်စေတာပါ။ 


အခု ၂၀၁၈ ခုနှစ် မြန်မာ့ သမိုင်းတလျောက်မှာ ကုန်သွယ်မူ export impory ပမာဏ အမြင့်မားဆုံး ဖြစ်လောက်အောင် မြင့်တက်လာတာ FDI နိုင်ငံခြားရင်းနှီးမြုပ်နှံမူကြောင့်ဆိုတာ  ငြင်းလို့မရပါဘူး။


မြန်မာစီးပွားရေးကို အင်ဂျင် အသစ်နဲ့ မောင်းနှင်နေတယ်ဆိုတာ အမှန်ပါ။ ဒါတောင် ရခိုင် အရေးအခင်းကြောင့် ရင်းနှီးမြုပ်နှံမူ အရှိန်ကျသွားလိုပါ။ 

နိုင်ငံခြားကုမ္ပဏီ အများစုက အောက်ခြေအလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း သိပ်မဖန်တီးပေးတဲ့အတွက် ဓနခွဲဝေမူသေချာ မရှိသေးတဲ့အပြင် ကုမ္ပဏီအများစုဟာ အခွန်ကင်းလွတ်ခွင့်ကာလမှာဘဲရှိနေတဲ့အတွက် အခွန်ငွေလဲမရသေးပါ။ 

ယှဉ်ပြိုင်ခံရတဲ့ မြန်မာ လုပ်ငန်းရှင်တွေတော့ လုပ်ငန်းပြုတ်လုပြုတ်ခင် ဖြစ်နေပါပြီ။ 


မြန်မာလုပ်ငန်းရှင်များ လုပ်ငန်းမကောင်းလို့ကျရှုံးရခြင်းရဲ့ အကြောင်းရင်းများ....


၁။ နည်းပညာ နိမ့်ကျခြင်း 


မြန်မာလုပ်ငန်းရှင် အများစု လုပ်ကြတာက စားသောက်ကုန်ထုတ်လုပ်ခြင်း အများစုဖြစ်ပြီး နည်းပညာအဆင့်နိမ့်ကြပါတယ်။

နောက်ပြီး ထုတ်ကုန်အဆင့် သိပ်မများတဲ့ လုပ်ငန်းတွေဘဲ လုပ်နိုင်ပါတယ်။ 

အခု AFTA ဖြစ်သွားတော့ အိမ်နီးချင်းနိုင်ငံက သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်တာ မရှိပါဘူး။

ပြည်တွင်း စက်ရုံ အများစုက စက်အဟောင်းတွေ အများကြီးစုမိသွားပြီး သံတိုသံစအနေနဲ့ရောင်းစားရမဲ့ အဆင့်ဖြစ်နေပါပြီ။ 

ဥပမာ ....ဆီစက်ဆိုပါတော့ အကုန်နီးပါးရပ်နေပါပြီ။ရေခဲစက်ဆို ပြုတ်တာကြာပါပြီ။ 

မြန်မာပြည်ထုတ် ၈၁/၄" နှစ်လုံးထိုး ကွန်ပလပ်စာဆိုတာ နာမည်ကြီးပါ။ 

ဂျပန်တယောက်ကို ပြပြီး ဒါကို မြန်မာပြည်ကထုတ်တာလို့ ပြောတော့ အရမ်း အံ့သြသွားပါတယ်။ ရုတ်တရက် အထင်ကြီးပြီး အံ့သြတာလို့ထင်ခဲ့ပေမဲ့ သူက အဲလို efficient မဖြစ်တဲ့ compressor ကို တကမ္ဘာလုံး မသုံးတာကြာပြီ။ 

စွမ်းရည်ပိုကောင်းတဲ့ ၃" ၆ လုံးထိုး compressor တွေဘဲသုံးတော့တယ် လို့ပြောလိုက်တော့မှ ကိုယ့်ကို သနားပြီး အံ့သြသွားမှန်းသိလိုက်ရပါတယ်။ 

တခြားလုပ်ငန်းတော်တော်များများမှာလဲဒီအတိုင်းပါဘဲ။ 


၂။ အကြံအဖန် လုပ်ကြလို့ပါ။

IMG_2574.jpeg

ဓာတ်ပုံမှာပါတဲ့ အုတ်က မြန်မာလုပ်ငန်းရှင် ဖုတ်ထားတဲ့အုတ်နဲ့ FDI ကြောင့် အခုတလော တနိုင်တပိုင်လာဖုတ်တဲ့ ဈေးကွက်ထဲမှာ လေးပေါင်အုတ်လို့ ခေါ်တဲ့အုတ်တို့ပါ။ 

မြန်မာလုပ်ငန်းရှင်ဖုတ်တဲ့အုတ်က အခုရက်ပိုင်း မိုးသုံးလေးရက်ရွှာတော့ အရည်ပျော်သွားပါတယ်။ FDI အုတ်ကတော့ နဂိုအကောင်းအတိုင်းကျန်နေပါတယ်။ 

မြန်မာအုတ်ကို အုတ်ပုံစံရိုက်တော့ မြေနီဆိုးပြီး ထင်းနဲ့ဖုတ်ပါတယ် ထင်းအကုန်သက်သာအောင် အကာလောက်ကျက်တာနဲ့မီးထိုးတာရပ်လိုက်ပါတယ်။ 

လာပို့ရင် အုတ်ပွဲစားက တဆင့်လာပို့ပြီး အလုံးရေခိုးပါတယ်။ FDI တွေက ဒါကို ချက်ချင်း သတိထားမိသွားပါတယ်။ 

သူတို့က မြေစေးလုပ်ပြီး ကျော်မီးသွေးမှုန့်ဝယ်ပြီး ရောလိုက်ပါတယ်။လျှပ်စစ်နဲ့ ဖုတ်ပြီး အရည်အသွေးက နိုင်ငံတကာက အုတ်တွေလို ကောင်းလာပါတယ်။ 

လာပို့ရင် အရေအတွက် အပြည့်အပြင် အပို ၄ ၅ ၁၀ လုံးပါလာတတ်ပါတယ်။ 

ဒါဟာ FDI တွေ ဝင်လာတော့ ချက်ချင်းအောင်မြင်သွားပြီး မြန်မာလုပ်ငန်းရှင်တွေ ချက်ချင်းကျရှုံးသွားတဲ့ အကြောင်းရင်းတခုပါ။


၃။ အမျှော်အမြင် မရှိလို့ပါ။


ရေတို အကျိုးအမြတ်ကိုဘဲကြည့်ပြီး လုပ်ကြပါတယ်။ မျက်တောင်တဆုံးဘဲကြည့်ကြပါတယ်။ မျက်စိတဆုံး မကြည့်ကြပါဘူး။ 

နိုင်ငံတကာမှာ လုပ်ငန်းအောင်မြင်မူကို comsumer ဘယ်လောက်များများရဲ့ အကျိုးကို သယ်ပိုးနိုင်ကောင်းမလဲ ဆိုတာကို တိုင်းတာပေမဲ့ မြန်မာလုပ်ငန်းရှင်တွေက ရေတိုအမြတ်ဘဲကြည့်တာပါ။ 

အခု နိုင်ငံခြားထွက်လည်ကြ ရှော့ပင်းထွက်ကြ ဆေးကုထွက်ကုကြ ကျောင်းသွားတက်ကြပေမဲ့ စက်ရုံလေ့လာရေး လုပ်ငန်းလေ့လာရေး လုပ်ငန်းရှင်တွေ့ဆုံပွဲ business matching တွေ စီးပွားရေး seminar တွေ သွားတက်ကြတဲ့သူ အတော်နည်းပါသေးတယ်။

နိုင်ငံခြားထွက်တာ အရသာခံပြီး ကြွားဖို့လောက်ဘွဲဖစ်နေတာပါ။ 

စဉ်ဆက်မပွတ် သင်ယူလေ့လာနေရမယ်ဆိုတာ သတိမထားမိကြပါဘူး။ 

ဒါနဲ့  မြန်မာပြည်က နေ နိုင်ငံခြားသွားလည်ကြတဲ့မြန်မာပြည်ကလူတွေက ဘာစီးပွားရေးလုပ်ပြီး အောင်မြင်နိုင်မလဲ ဆိုတာ သတိမထားမိကြပါဘူး။ 

ဒါပေမဲ့ မြန်မာပြည်ရောကျလာတဲ့ နိုင်ငံခြားသားတွေက မြန်မာပြည်မှာ ဘာစီးပွားရေးလုပ်ပြီးအောင်မြင်နိုင်မလဲ ဆိုတာ ချက်ချင်း သတိထားမိကြပြီး မြန်မာလုပ်ငန်းရှင်တွေထက် အရေအသွေးပိုကောင်းအောင် လုပ်လိုက်ကြတာပါ။ 

ဒါအပြင် မြန်မာလုပ်ငန်းရှင်တွေက ဘာသာစကားကျွမ်းကျင်အောင် လေ့လာဖို့ လိုတာလဲသတိမပြုမိကြပါဘူး။ 

အထူးသဖွင့် စီးပွားရးလုပ်ပြီးအောင်မြင်ဖို့ တရုတ်ဘာသာစကားတတ်ဖို့ လိုတယ်ဆိုတာ သိပ်သတိမထားမိသေးလို့ပါ။ 


၎။ အလုပ်သမားတွေ မကောင်းလို့ပါ။

ပညာတတ် မြန်မာလူငယ်လေးတွေကိုတော့ မြန်မာပြည်ရောက်နေတဲ့ နိုင်ငံခြားကုမ္ပဏီ FDI တွေက လစာကောင်းကောင်းပေးပြီး ခေါ်သွားလို့ ကုန်နေပါပြီ။ 

ပညာတတ်ဖြစ်ရင် အတွေ့အကြုံ သိပ်မရှိသေးတဲ့လူတွေဘဲ မြန်မာလုပ်ငန်းရှင်တွေ ခေါ်နိုင်တော့တာပါ။ 

အသစ်ခေါ်သင်ပေးလိုက် လူရည်လည်သွားရင် နိုင်ငံခြားကုမ္ပဏီ ရောက်သွားလိုက်ဖြစ်နေတာပါ။

ပြည်တွင်းလုပ်ငန်းရှင်တွေခေါ်လို့ရတဲ့ ဝန်ထမ်းတွေ ခိုကြတာ ခိုးကြတာ ထုံးစံလိုဖြစ်နေပါပြီ။ 


၅။ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ကူးမရှိကြတာပါ။


ပြည်တွင်းက လုပ်ငန်းရှင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းတဲ့အပြင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း အားနည်းတတ်ပါတယ်။ 

မြန်မာလုပ်ငန်းရှင် အများစု စဉ်းစားကြတာက နိုင်ငံခြားကုမ္ပဏီ ဝါးမျိုသွားမှာ စိုးရိမ်ကြတာပါ။ 

ထူးထူးခြားခြား တွေးနည်းနဲ့ ကန့်ကွက်တာလဲရှိပါတယ်။ 

မြန်မာ့ ဂီတပညာရှင်နဲ့ နိုင်ငံခြားဂီတပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်တော့ မွမန်မာ့ တူရိယာနဲ့ နိုင်ငံခြားတူရိယာတွေ ပေါင်းစပ် တီးခတ်တာမျိုးကို မြန်မာ့ ဂီတ ပျောက်ကွယ်သွားမှာ စိုးလို့ ဆိုပြီး ကန့်ကွက်တာမျိုးပါ။ 

မွန်မာ့ တူရိယာတွေက နိုင်ငံတကာကို ပြန့်နှံသွားပြီး ကမ္ဘာကို လွမ်းမိုးသွားနိုင်တာမျိုးလဲ ဖြစ်နိုင်တယ် ဆိုတာမျိုး မတွေးကြပါဘူး။ 

နမူနာ ပြောရရင် ထိုင်းအစားအစာက နိုင်ငံတကာကလူတွေစားလို့ အဆင်ပြေအောင် နိုင်ငံတကာအစားအစာတွေနဲ့ ပေါင်းပြီး ကပြားဟင်းလုပ်ထားတာပါ။ 

အခု တကမ္ဘာလုံးပြန့်နှံနေပါပြီ။ 

နိုင်ငံတကာကလူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လိုသလို ညှိနှိုင်းမူ မရှိရင် မွန်မာ့ ယဉ်ကျေးမူဘဲဖြစ်ဖြစ် မြန်မာ့စီးပွားဘဲဖြစ်ဖြစ် မွန်မာလူမျိုးဘဲဖြစ်ဖြစ် တွင်ကျယ်နိုင်တဲ့ ဂွင် တဖြေးဖြေးကျဉ်းမြောင်းလာပြီွးကာရင် ပျောက်ကွယ်သွားမှာပါ။


၆။ လုပ်ငန်းရှင်တွေ ကြံဖန်ငြင်းခုန်နေလို့ပါ။


မြန်မာတွေ တဦးချင်း တော်ကြပါတယ်။ တကမ္ဘာလုံးက လူတွေနဲ့ ယှဉ်ပြိုင်နိုင်ကြပါတယ်။ 

ဒါပေမဲ့ လေးငါးဦးလောက် ပေါင်းပြီး တခုခု လုပ်ရင်တော့ တကမ္ဘာလုံးကလူတွေရဲ့ နောက်ဆုံးနီးပါးကို ရောက်သွားတတ်ပါတယ်။ 

တယောက်နဲ့တယောက် ရှာကြံအပြစ်ပြော ဆရာလုပ်နေကြလို့ပါ။ 

လုပ်ငန်းရှင်တွေလည်း ဒီအတိုင်းပါဘဲ။ ပိုက်ဆံသာ ချမ်းသာတာပါ။ စိတ်ဓာတ်ဆင်းရဲတတ်ပါတယ်။


၇။ လျှပ်စစ်မီး မရလိုပါ။


ဒါတော့ အမှန်ပါ။  လိုသလောက် မရတဲ့အပြင် မကွာမကွာမီးပြတ်တတ်ပါတယ်။ 

လာတဲ့ လျပ်စစ်မီးကလဲ မီးအား voltage ကျတတ်ပါတယ်။ q

တချို့နေရာမှာ စက်တွေလည်ဖို့ မရလောက်အောင် ကျတတ်ပါတယ်။ 

အဲဒါရဲ့ နောက်ဆက်တွဲက တူညီတဲ့ ဝန်အားကို လုပ်နိုင်အောင် မီးပိုစားတယ်။

 ampere တက်ပါတယ်။ 

အဲဒါ သွယ်ထားတဲ့ မီးကြိုးတွေ လျပ်စစ်ပစ္စည်းတွေ လောင်တတ်ပါတယ်။ 

မီးအားမြင့်စက်သုံးတော့ ကုန်ကျစရိတ်ပိုကုန်ပါတယ်။ 

ဒါနဲ့ နိုင်ငံခြားက ထုတ်ကုန်တွေကို ပြိုင်ထုတ်ဖို့ လျှပ်စစ်များများသုံးမဲ့ လုပ်ငန်းတွေ မလုပ်နိုင်တော့ပါဘူး။


၈။ လုပ်ငန်းလုပ်လို့ ခက်အောင် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ခက်လို့ပါ။ မူဝါဒ မကြ          

      ခဏပြောင်းတတ်လို့ပါ။


အခုတော့ လုပ်ထုံးလုပ်နည်းတွေ အတော်ွေဖ လျော့ပေးပြီးနေပါပြီ။ 

ဒါပေမဲ့ ထပ်လျော့ဖို့ လိုတဲ့အပြင် လျှော့လွန်းလို့ စည်းမဲ့ ကမ်းမဲ့ လုပ်တာမျိုးတွေ ဥပဒေဘောင် အပြင်က လုပ်တာတွေကို ထိန်းသိမ်းဖို့ လိုလာပါတော့မယ်။


၉။ တရားဥပဒေ စိုးမိုးဖို့ rule of law လိုပါတယ်။


အခု မြန်မာနိုင်ငံကနေ နိုင်ငံခြားထွက်လည်တဲ့သူ တနှစ်ကို သုံးသန်းလောက်ရှိပါတယ်။ 

ထိုင်း တနိုင်ငံထဲကို သုံးသိန်းကျော် သွားလည်ပါတယ်။

နိုင်ငံခြားထွက်အလုပ်လုပ်တဲ့သူတွေ လေးငါးသန်းလောက်ရှိနေနိုင်ပါတယ်။ 

အဲဒွီမန်မာနိုင်ငံသားတိုင်း တခြားနိုင်ငံရောက်သွားရင် အခွန်ဆောင်ဖို့ လိုရင် ဆောင်ပါတယ်။ 

စည်းကမ်းတွေလဲလိုက်နာကြပါတယ်။ အမှိုက်လည်း စနစ်တကျပစ်ပါတယ်။ ကွမ်းတံထွေးတွေလည်း လျောက်မထွေးကြပါဘူး။ 

အလုပ်ချိန်လည်း မနောက်ကျပါဘူး။ ခိုကပ်ပြီးလည်း မလုပ်ကြပါဘူး။ တယောက်နဲ့တယောက်လည်း ကူညီတတ်ကြပါတယ်။ 

ဒါပေမွဲ့မန်မာပြည်ပြန်ရောက်တော့ အခွန်လည်း မဆောင်ပါဘူး။

စည်းကမ်းလည်း မလိုက်နာတော့ပါဘူး။ အမှိုက်လည်း စနစ်တကျ မပစ်တော့ပါဘူး။ ကွမ်းတံထွေးလည်း ထွေးချင်ရာထွေးပါတယ်။ 

အလုပ်ချိန်လည်း အမြဲနောက်ကျပါတယ်။ အလုပ်မှာလည်း ခိုကပ်တတ်ကြပါတယ်။ 

တယောက်နဲ့တယောက်လည်း ပုတ်ခတ်တိုက်ခိုက်နေတတ်ပါတယ်။ 

လူကတော့ ဒီလူတွေပါဘဲ။ 

နိုင်ငံခြားမှာတော့ ဥပဒေချိုးဖောက်ရင် ထိထိရောက်ရောက် အရေးယူပါတယ်။ 

ဒီတော့ စည်းကမ်း ဥပဒေလိုက်နာကြပါတယ်။

မြန်မာပြည်ပြန်တော့ ဥပဒေချိုးဖောက်တာမျိုးကို မသိကျိုးနွံပြုထားတယ်။ 

တရားဥပဒေ စိုးမိုးမူ မရှိဘူးဆိုပါတော့။

ဒါနဲ့ လူတွေနေချင်သလို နေလာကြတယ်။ 

ပြီးတော့ ပြည်သူတွေ စီးပွားရေး အဆင်ပြေအောင် အစိုးရက စီစဉ်ပေးရမယ်။ 

အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောလာတယ်။

နိုင်ငံအတွက် တာဝန်မဲ့လွန်းပါတယ်။ 

ကြားဘူးတာက ဂျပန်ခေတ်တုန်းက ခိုးတာ ဝှက်တာ လိမ်တာ မရှိကြဘူးလို့ လူကြီးတွေ ပြောကြတာပါ။ 

ခိုးတဲ့ဝှက်တဲ့ ကလိမ်ကကျစ်လုပ်တဲ့သူတွေကို လက်သဲခွံခွာတာမျိုး လုပ်ခဲ့လို့ပါ။

မြန်မာနိုင်ငံကို စင်္ကာပူလို ကြီးပွားတိုးတက်တာမျိုး ဖြစ်စေချင်ရင် ဥပဒေ စည်းကမ်းထိန်းတာမျိုး တင်းတင်းကြပ်ကြပ်လုပ်သင့်ပါတယ်။ 

ဥပမာ စင်္ကာပူကလို ကြိမ်ဒဏ်မျိုးပေးပြီး စင်္ကာပူက ကြိမ်ဒဏ်ပေးတဲ့သူတွေဖိတ်ပြီး ဘယ်လို ရိုက်လဲဆိုတာ ဗီဒီယို ရိုက်ပြီး တနိုင်ငံလုံးပြသင့်တာပါ။ 

စည်းမဲ့ကမ်းမဲ့ လုပ်တာ လွန်နေပါပြီ။ 

အဲဒီလို စည်းမဲ့ကမ်းမဲ့နေလာသူတွေကို အလုပ်ခန့်ရပြီး အပြစ်တခုခု ကျူးလွန်လို့ အလုပ်ထုတ်ရင် အလုပ်ထုတ်ခဲ့ရင် အလုပ်သမားအဖွဲ့အစည်းတွေက ကာကွယ်တတ်ပါတယ်။ 

အစိုးရကလည်း အောက်ခြေ ဆင်းရဲသားတွေကို လူလူချင်းစာနာထောက်ထားရမယ်လို့ ယူဆပါတယ်။ 

ဒါနဲ့ ပြည်တွင်းလုပ်ငန်းရှင်အများစု လုပ်ငန်းပြုတ်ကြတာပါ။ 


၁၀။ အရင်းအနှီး ရဖို့ခက်တာပါ။


လုပ်ငန်းရှင်တော်တော်များများ ပြောကြပါတယ်။

ဒါပေမဲ့ ပိုက်ဆံက လုပ်ငန်းအောင်မြင်ဖို့ လိုတဲ့ အချက်အများကြီးထဲက တခုပါ။

ရဖို့ခက်တာလဲအမှန်ပါ။ 

လူတိုင်း ငွေအရင်းအနှီးရှာဖို့ အချိန်ကုန် အလုပ်မဖြစ်တဲ့အချိန်မှာ ကိုယ်ဖာသာ ကိုယ်မေးသင့်တာက ပိုက်ဆံရှိရင် တကယ်အလုပ်ဖြစ်အောင် လုပ်နိုင်မလား ဆိုတာပါ။ 

ဒါ့အပြင်လုပ်ငန်းရှင်တွေအားလုံး လိုအပ်တဲ့အရင်းအနှီးတွေရနေရင် ပြိုင်ဆိုင်မူများပြီး အမြတ်ရဖို့ ထင်ထားသလို လွယ်မှာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။

နိုင်ငံခြားက FDI တွေက လုပ်ငန်းတိုင်း ချေးငွေရတာချင်းတူတဲ့ သူတို့နိုင်ငံမှာ ပြိုလုပ်ဖို့ခက်လို့ အရင်းအနှီးရဖို့ခက်တွဲ့မန်မာနိုင်ငံကို စွန့်စားပြီး လာလုပ်ကြတာပါ။ 

ဒါကြောင့် လုပ်ငန်းရှင်တွေက အမြတ်တကယ်လိုချင်ရင် ချေးငွေရဖို့ ခက်တာကို ကုန်းအော်နေဖို့ထက် ကိုယ့်မှာရှိတဲ့ငွေပမာဏနဲ့ ကိုက်တဲ့ ဘာလုပ်ငန်းကို ဘယ်နယ်ပယ် ဘယ်နယ်မှာ ရှာလုပ်ရမလဲဆိုတာပါ။

ပိုက်ဆံရမဲ့ လုပ်ငန်း အရင်လုပ်ပါ။ ရလာတော့မှ ကိုယ် လုပ်ချင်တာလုပ်ပါ။


၁၁။ ဘဏ်တိုးများတာပါ။။


ပြည်တွင်းက အတိုးများများပေးရတာ တူတဲ့လူချင်းပြိုင်ရင် ကိစ္စမရှိပေမဲ့ အခုလို အတိုးနည်းတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေနဲ့ ပြိုင်ရတာ မလွယ်ပါဘူး။

ဘာလုပ်ရင်ကောင်းမလဲ။ .

ဖြစ်တာက အရင် အစိုးရအဆက်ဆက်ကွဖစ်ခဲ့ပြီး နှစ်ရှည်လများ ဖြစ်ခဲ့နေတာတွေဆိုတော့ အချိန်ယူပြီး ပြုပြင်တည်ဆောက်ဖို့ လိုနေပါတယ်။


Ref: Dr Tin Sein



မြန်မာ့စီးပွားရေးတက်နေလား ကျနေလား အပိုင်း ( )

https://www.facebook.com/100011865854960/posts/495411687531022/


ပထမပိုင်းမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ စီးပွားရေးအခြေအနေ မကောင်းပေမဲ့ FDI နိုင်ငံခြား ရင်းနှီးမြုပ်နှံမူတွေကြောင့် နိုင်ငံရဲ့ စီးပွားရေး GDP တက်နေတာ ပြောခဲ့ပါတယ်။ အခုတော့ တကယ် FDI တွေရော အခြေအနေကောင်းသလား အစိုးရက ဘာတွေလုပ်သင့်သလဲ ပြောပြချင်ပါတယ်။ FDI တွေက ကဏ္ဍမျိုးစုံ ဝင်နေတာပါ။ အကြမ်းအားဖြင့် အထည်ချုပ် ဖိနပ်ချုပ် အိတ်ချုပ်တဲ့ လုပ်အားအခြေပြု လုပ်ငန်း labour intensive job နဲ့ အခြား လုပ်ငန်းများ လို့ နှစ်မျိုးခွဲပြချင်ပါတယ်။


၁။ လုပ်အားအခြေပြုလုပ်ငန်းတွေ labour intensive job က အခြေအနေမကောင်းပါဘူး။


၂။ အခြားလုပ်ငန်းများ


အမျိုးစုံတော့ မကောင်းတာကနေ ကောင်းတာ အထိပါနေပါတယ်။ အလုပ် မကောင်းတဲ့လုပ်ငန်းတွေက သိပ်ကြာကြာ တောင့်မခံနိုင်ဘဲ ပိတ်သိမ်းလိုက်တော့ ရပ်တည်နိုင်တဲ့ လုပ်ငန်းတွေဘဲကျန်တော့ ''အခြားလုပ်ငန်းများ'' ခေါင်းစဉ်အောက်က လုပ်ငန်းတွေကို အကြမ်းအားဖြင့် ကောင်းတယ် လို့ ပြောရမှာပါ။


အစိုးရက ဘာလုပ်သင့်သလဲ?


၁။ နိုင်ငံရဲ့ ပြသာနာတွေကို အစိုးရကိုယ်တိုင် လိုက်ရှင်းဖို့ထက် စီးပွားရေး လုပ်ငန်းတွေ 

     ရှင်သန်ကြီးထွားစေပြီး နိုင်ငံရဲ့ ပြသာနာတွေ ဖြေရှင်းပေးစေရမှာပါ။


နိုင်ငံရဲ့ ဆင်းရဲမွဲတေမူ အလုပ်အကိုင်ရှားပါးမူ ဖြေရှင်းပေးဖို့ အစိုးရတခုထဲ လိုက်လုပ်ဖို့ ကြိုးစားတာ မဖြစ်နိုင်ပါဘူး။ တနိုင်ငံလုံးက ဝိုင်းလုပ်မှပါ။ အတိအကျပြောရရင် တနိုင်ငံလုံးက စီးပွားရေးလုပ်ငန်းတွေက အစိုးရရဲ့ ပြသာနာတွေကို ဝိုင်းဖြေရှင်းပေးနိုင်မှာပါ။ ဥပမာ အလုပ်အကိုင် ဖန်တီးပေးဖို့ အစိုးရအတွက် အခွန်ဘဏ္ဍရှာပေးဖို့ နိုင်ငံရဲ့ အခြေခံအဆောက်အဦဖန်တီးပေးဖို့ စသည်တို့ပါ။ ဒါလဲ စီးပွားရေးလုပ်ငန်းများလာရင် သူတို့အကျိုးလုပ်ရင်းနဲ့ အစိုးရပြသာနာတွေ ဖြေရှင်းသွားပေးမှာပါ။ 


၂။ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ကြီးထွားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ပတ်ဝန်းကျင် 

      ဖန်တီးပေးဖို့လိုပါတယ်။


အစိုးရက စီးပွားရေးလုပ်ငန်းတွေ လွတ်လပ်စွာ ယှဉ်ပြိုင် ကြီးထွားလာဖို့ ပတ်ဝန်းကျင် အခြေအနေဖန်တီးပေးဖို့လိုပါတယ်။ အဲလို ယှဉ်ပြိုင်နိုင်မှ ကုန်ဈေးနှုန်းကျလာမှာပါ။ ဥပမာပေးရရင် ဘဏ်ဆိုပါတော့ ဘဏ်တွေ တကယ်ယှဉ်ပြိုင်လုပ်နိုင်ဖို့ ပတ်ဝန်းကျင် အခြေအနေဖန်တီးပေးဖို့လိုပါတယ်။ အခု ပြည်တွင်းဘဏ်တွေ ၁၃ ရာခိုင်နှုန်းနဲ့ သိပ်မကိုက်ချင်ဘူး ပြောနေကြတာကို တနိုင်ငံလုံးက လုပ်ငန်းရှင်တွေ ခါးစည်းခံပြီးနေရမှာ

လား။ တနှစ်ကို လေးရာခိုင်နှုန်း ငါးရာခိုင်နှုန်းနဲ့ ချေးပေးနိုင်မဲ့ နိုင်ငံတကာက ဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးမလား စဉ်းစားစရာ တောင်မလိုပါဘူး။ ဖြစ်ဘူးတဲ့ နမူနာပေးရင် မိုဘိုင်းဖုန်းပါ။ ၁၅ သိန်းနဲ့ ရောင်းတာတောင် တွက်ခြေမကိုက်ဘူး ပြောတဲ့ ပြည်တွင်းကုမ္ပဏီရှိခဲ့ပြီး အခု ကျပ် ၁၅၀၀ နဲ့ လိုချင်သလောက် အလွယ်တကူ ရောင်းပေးနိုင်တဲ့ သူ ဘယ်သူကို ရွေးမလဲ။ တကယ် လုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်စွမ်းရှိမှ ကုန်ဈေးနှုန်းကျလာမှာပါ။

 

၃။ အစိုးရက FDI တွေ ဘယ်လို အလုပ်လုပ်နေသလဲဆိုတာ သေချာ နားလည်ဖို့ လိုပါ

      တယ်။ စီးပွားရေးလုပ်ငန်းတွေက လိုအပ်ချက်တွေကို လုပ်ပေးဖို့ လိုပါတယ်။


FDI တွေက ကိုယ်ပိုင်ထုတ်ကုန် ဝန်ဆောင်မူ ထုတ်တာမျိုး ဟုတ်ချင်မှဟုတ်မှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လာထုတ်တဲ့ အထည်ချုပ်တို့ ဘိနပ် အိတ်ချုပ်တို့လိုအလုပ်တွေပေါ့။ အဲဒါတွေက တခြားကုမ္ပဏီတွေမှာတဲ့ အမှာစာအတိုင်းထုတ်လုပ်ပေးရပါတယ်။ ဒါကြောင့် အချိန်မှီထုတ်လုပ် အချိန်မှီပို့ ရပါတယ်။ အဲဒါအပြင် ပစ္စည်းမှာယူသူတွေက သူတို့မှာတဲ့ ပစ္စည်းတွေကို မှာတဲ့အရည်အသွေးအတိုင်းထုတ်လုပ်ထားတာကို စစ်ဆေးတဲ့အပြင် ထုတ်လုပ်တဲ့ နိုင်ငံက အစိုးရသတ်မှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ ထုတ်လုပ်ထားတာ ဟုတ်မဟုတ်။ စက်ရုံ က သတ်မှတ်ထားတဲ့ certification ရှိမရှိ။ ပတ်ဝန်းကျင်ထိခိုက်နိုင်မူရှိမရှိ စတဲ့ စံချိန်စံညွန်း သတ်မှတ်ထားတဲ့ အတိုင်း ထုတ်လုပ်ရပါတယ်။ အမှန်က တောင်းဆိုတဲ့ အချက်တွေ အတော်များတဲ့ အပြင် မကြာမကြာလာစစ် တတ်ပါတယ်။ 


၎။ ပြဌာန်းထားတဲ့ တရားဥပဒေ စိုးမိုးရေးကို သေချာ လုပ်ရမှာပါ။


၅။ ဒေါ်လာဈေးတက်ရင်


အရင်က ဒေါ်လာဈေးတက်ရင် အစိုးရက ကြားဖြတ်ဟန့်တား intervention လုပ်ပါတယ်။ ရှိတဲ့ေါ်လာထုတ်ရောင်းပေးတာ သွင်းကုန်ကန့်သတ်တာတို့ လုပ်ပါတယ်။ အခိုက်အတန့်တော့အဆင်ပြေပါတယ်။ အခုတော့ 

၁။ ဗဟိုဘဏ်က သီးခြားရပ်တည်တဲ့အဖွဲ့အစည်းဖြစ်နေတာ 

၂။ လိုငွေပမာဏက ထိန်းဖို့ ခက်လောက်တဲ့အထိများလာတာ 

၃။ ဗဟိုဘဏ်က ပိုက်ဆံမရှိတာတို့ကြောင့် အခုအထိ လှုပ်ရှားမဲ့ ပုံ မပေါ်သေးပါဘူး။ 


ဒါလည်းမှားတယ်လို့ ပြောလို့တော့မရပါဘူး။ တကယ်လို့ market mechinism သေချာ အလုပ်လုပ်ရင် သူဖာသာသူ supply demand ထိန်းညှိပြီး ဖြစ်သင့်တဲ့ ဈေးနှုန်းရောက်သွားမှာပါ။ အဲဒါမျိုးကတော့ ပို တည်ငြိမ်ပါလိမ့်မယ်။ ဒါကြောင့် လုံးဝလွတ်ပေးလိုက်ရင် ဘာတွေဖြစ်မလဲ ဆိုတာ ပြောပြပါ့မယ်။ တကယ်လို့ ငွေ ဈေး အတက်အကျ မထိန်းတော့ရင် သွင်းကုန်တန်ဘိုးတက်လာမယ်။ သွင်းကုန်ဈေးကြီးလာမယ်။ 


ဒါဆို လူတွေလျော့သုံးလာမယ်။ ပို့ကုန်တွေ ပိုပြီးပြိုင်ဆိုင်လာမယ်။ ဒါဆို နိုင်ငံခြားပို့ကုန်လုပ်ငန်းတွေ အားကောင်းမောင်းသန်နဲ့လုပ်လာနိုင်မယ်။ နိုင်ငံခြားထွက်လည်တာ ပိုဈေးကြီးလာမယ်။ ဒါဆိုပြည်တွင်းမှာ ပြောင်းလည်လာနိုင်တယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ တက်လာမယ်။ နိုင်ငံခြားက မြန်မာနိုင်ငံကို လာလည်ရတာ ပိုသက်သာလာမယ်။ ဒါဆို နိုင်ငံခြားသား ဧည့်သည်တွေပိုများလာနိုင်တယ်။ ( အာရှက ဧည့်သည်ဘဲ မြန်မာပြည် လြား ကြမှာပါ။ ထိုင်းတို့ တရုတ်တို့ပေါ့ ) နိုင်ငံခြားက စက်ရုံတွေလာရင်းနှီးမြုပ်နှံတာလဲ ပိုများလာနိုင်ပါတယ်။ အဲဒီဟာတွေဖြစ်လာရင် ဒေါ်လာဈေးက ဖြစ်သင့်တဲ့အနေအထားရောက်သွားမှာပါ။ အဲဒီလို market mechinism သေချာ အလုပ်လုပ်နိုင်ဖို့ နှစ်နှစ် သုံးနှစ် ကြာချင်ကြာပါလိမ့်မယ်။ အစိုးရနဲ့ လုပ်ငန်းရှင်တွေ ပြောခဲ့တဲ့ လုပ်ငန်းတွေကို ဘယ်လောက်ကောင်းကောင်း လုပ်နိုင်သလဲမူတည်ပါတယ်။ 


၆။ ''အဘ'' တို့ကိုလည်းခေါ်ပါ။


အဘတို့လက်ထက်မှာ အကြောင်းကြောင်းကြောင့် အလွဲသုံးစားမူတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ( အသေးစိတ်ရေးပြရင် အရမ်းရှည်ပြီး တနိုင်ငံလုံးသိနေတော့ ပြန်ပြောနေတာ အကျိုးမရှိလို့ မပြောတော့ပါဘူး။ ) 


သတိထားမိသင့်တာက သူတို့လည်း တိုင်းပြည်ကို ပျက်ဆီးစေလိုနဲ့ ဆန္ဒနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး ဆိုတာပါ။ ( အဲဒီအချိန်တုန်းက အကြောက်တရားလွမ်းမိုးတဲ့အချိန်ပါ။ အဲဒါ အမှားအများကြီး လုပ်မိနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ အခုကတော့ အချစ်တရားလွမ်းမိုးပါတယ်။ ဒါလည်း အချစ်ခံရတဲ့သူက အမှားမလုပ်တာတောင် ဘေးကချစ်တဲ့လူတွေက အမှားအများကြီး လုပ်မိတတ်တယ် ဆိုတာ သတိပြုမိသင့်ပါတယ်။) အဲဒီအချိန်တလျောက်လုံးမှာ ခေတ်ကြပ်ကြီးနေပြီး တယောက်နဲ့တယောက် မယုံကြည်ကြတဲ့ အတွက် ရတဲ့အချိန်မှာရရာ ရသလို အမြန်ယူလိုက်ကြလိုက်တယ်လို့ သဘောထားလိုက်ပါ။  ဒါ့အပြင် အခု အချိန်မှာ အသက် ၇၀ ကျော် ၈၀ တန်းဖြစ်နေတော့ အခု သူတို့ စဉ်းစားတာ ဘဝကူးကောင်းဖို့ရယ်ပါ။ အေးအေးဆေးဆေးနေနိုင်ဖို့ ပိုလိုချင်ကြမှာပါ။ သူတို့ အေးအေးဆေးဆေးနေနိုင်ဖို့က လက်ရှိအစိုးရ အာဏာမြဲပြီး လုပ်နိုင်ဖို့ လိုတယ် ဆိုတာ သေချာ သဘောပေါက်လာရင် လက်ရှိအစိုးရကို သူတို့ ကူညီကြမှာပါ။ ဒီ့အပြင် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ သူတို့လည်း အားတက်သရော ပါဝင် လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ လူသေပေမဲ့ နံမယ်မသေမဲ့ သမိုင်းမှာ ကျန်ခဲ့ကြမှာပါ။ တကယ်လို့ ''အဘ'' တို့ကိုလည်း နိုင်ငံထူထောင်ရေးမှာ ဝိုင်းလုပ်ဖို့ လက်ကမ်းပေးနိုင်ရင် အကောင်းဆုံးပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီကလင်တန်ကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောထားကို မေးမြန်းခဲ့တုန်းက သူဖြေခဲ့တဲ့ အဖြေကို သတိရသင့်ပါတယ်။ '' အမေရိကန်က နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ခဲ့တဲ့ ဗီယက်နမ် နိုင်ငံနဲ့တောင် ပူးပေါင်းဆက်ဆံရေး လုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မူ မလုပ်နိုင်စရာ အကြောင်း မရှိပါဘူး '' လက်ရှိ အစိုးရခေါင်းဆောင်တွေကလည်း သူတို့ကို နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မူ မလုပ်နိုင်စရာ အကြောင်း မရှိဘူး ထင်ပါတယ်။ အဘတို့နဲ့အတူ နိုင်ငံပြန်လည်တည်ဆောက်ရေးကို အတူ လုပ်နိုင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်စရာ မလိုတော့ပါဘူး။ လိုခဲ့ရင်လည်းပြင်ဖို့ လွယ်သွားပါပြီ။ 


လက်ရှိအခြေအနေမှာ အဘတို့ကို လက်ကမ်းဖို့ လိုနေပါတယ်။ အကြောင်းက လက်ရှိဖွဲ့စည်းပုံက အလုပ်မဖြစ်ပါဘူး။ ပြည်ထဲရေးကို စစ်တပ်အောက်ထားပြီး တပ်က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မူမရှိရင် တရားဥပဒေစိုးမိုးရေးကို အစိုးရက အကောင်အထည်ဖော်ဖို့ အခက်အခဲ လုံးဝရှိနေပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရက လူကြိုက်တဖြေးဖြေးနဲလာတာကြောင့် နောက်ရွှေးကောက်ပွဲမှာ အနိုင်ရမှာ ဖြစ်ပေမဲ့ ( ကျွန်တော်တို့လည်း NLD ဘဲ ထပ်မဲပေးအုံးပါ။ ) တိုင်းရင်းသားပါတီတွေ တသီးပုဂ္ဂလိကတွေ အနိုင်ရဖို့ ပိုများလာမှာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ ပိုခက်သွားပါလိမ့်မယ်။ ဒါကြောင့်အခုအချိန်မှာ အဘတို့ကို လက်ကမ်းနိုင်ရင် အကောင်းဆုံးပါ။


၇။ အဝေးမြင်ပြီး အမြင်ကျယ်တဲ့ လူငယ်တွေကို နေရာပေးပါ။


မြန်မာပြည်မှာ နိုင်ငံရေးမျိုးဆက်မပြတ်အောင် အခုထဲက လူငယ်တွေကို နေရာပေးဖို့ လိုနေပါပြီ။ အခု လက်ရှိလူတွေအရည်အချင်းကို မယုံကြည်လို့ မဟုတ်ပါဘူး။ လက်ရှိလူတွေ အခု လုပ်နိုင်သလောက် ဆက်လုပ်ပြီး မလုပ်နိုင်မှ လူငယ်တွေကို လွဲပေးမယ်ဆိုရင် အတွေ့အကြုံ မရှိတဲ့ သူတို့ကို ထိန်းကျောင်းပေးမဲ့ လူကြီးတွေမရှိတော့လို့ပါ။ အခုကတည်းကလွဲတန်သင့်လွဲထားရင် နောင် ငါးနှစ် ဆယ်နှစ်မှာ အတော်အဆင်ပြေနေပါပြီ။ လက်ရှိ အသက် လေးဆယ်ကျော် ငါးဆယ်တန်းမှာ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ လူငယ်တွေ အစိုးရ တဖွဲ့စာလောက် အဆင်သင့်ရှိနေပါတယ်။ လိုအပ်ရင် အသုံးချဖို့ ဆန္ဒပြုချင်ပါတယ်။ 


၈။ အပြစ်ရှာပြနိုင်သူထက် အဖြေရှာပြနိုင်သူကို ရာထူးပေးပါ။


မြန်မာနိုင်ငံမှာ အပြစ်ရှာပြနိုင်တဲ့လူတွေ ရာထူးရနေကြပါတယ်။ တကယ်တော့ နိုင်ငံတိုင်းမှာ အစိုးရတွေက စွမ်းဆောင်ရည် အနိမ့်ဆုံး least efficient organization ပါ။ အပြစ်ရှာပြောလို့ မဆုံးတတ်ပါဘူး။ အပြစ်ရှာပြတာ အလွယ်ဆုံးပါ။ ရှာတွေ့တဲ့ အပြစ်အနာအဆာကို ပြင်နိုင်တဲ့ အဖြေကိုရှာနိုင်သူသာ ရာထူးရသင့်ပေမဲ့ အသံထွက်အောင် ပြောနိုင်တဲ့ အပြစ်ရှာဖွေနေသူတွေဘဲ ရာထူးရသွားတတ်တာပါ။ ရှာတွေ့တဲ့ အဖြေကို အကောင်အထည်ဖော်ဖို့ တာဝန်ယူ တာဝန်ခံဖို့လိုလာတော့ အတော်ခက်သွားပါတယ်။ ဒါနဲ့ အန္တရာယ်ကင်းတာဘဲရွှေးလုပ်ကြတာပါ။

မင်းကိုနိုင်ပြောခဲ့ဘူးတဲ့ စကားတခွန်းက '' တံခါးပေါက် စောင့်ဖို့လိုရင် စောင့်ပေးပါ့မယ်။ ဖျာခင်းဖို့လိုရင် ဖျာခင်းပေးပါ့မယ်။ နိုင်ငံအတွက်လုပ်ဖို့ နေရာတို့ အဆင့်တို့ မလိုပါဘူး။ '' 


၉။ စီးပွားရေး ကဏ္ဍတိုင်းမှာ စည်းကမ်းတင်းကြပ်လိုက်တော့ လုပ်စရာ ဘာမှ မရှိတော့တာ 

     သတိပြုမိသင့်ပါတယ်။


ကျောက်မျက်ရတနာတူးတာ သစ်ခုတ်တာတို့က သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။ အဆင့်မြင့်အိမ်ယာတွေက လူတွေ မဝယ်နိုင်ဘူး။ စည်းကမ်းတကျ လုပ်သင့်တယ်။ ပြောပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ လုပ်လို့ရတာ လုပ်ခွင့် အမြန်မပေးတော့ လုပ်ငန်းရှင်တွေက ငုတ်တုတ်ထိုင်နေကြပါတယ်။ အစိုးရက ဒါကို သတိထားမိသင့်ပါတယ်။


Ref:Tin Sein FB


..............................................///////////////.......................................................


မြန်မာ့စီးပွားရေးနှင့် ပတ်သတ်၍ ကမ္ဘာ့ဘဏ်၏ ပြောကြားချက်အပေါ် လက်ခံကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ အဆင်မပြေမှုများဖြစ်နေသည်ကလည်း မှန်ကန်ကြောင်း ဆရာ ခင်မောင်ညို(ဘောဂဗေဒ)ပြော(ရုပ်သံ)

https://www.facebook.com/popularnewsjournal/videos/2308656249150157/


ရန်ကုန်၊ ဇူလိုင်၃၁


မြန်မာ့စီးပွားရေးနှင့် ပတ်သတ်၍ ကမ္ဘာ့ဘဏ်၏ ပြောကြားချက်အပေါ် လက်ခံကြောင်းနှင့်တစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ၏ အဆင်မပြေမှုများဖြစ်နေသည်ဟု ဆိုနေကြသည်ကလည်း မှန်ကန်နေပါကြောင်း စီးပွားရေးပညာရှင် ဆရာ ခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။


ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက်၊ အာရှဖွံဖြိုးရေးဘဏ်တို့၏ သုံးသပ်ချက်များမှာ မမှားကြောင်း၊ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း နှေးနေသေးသည့် အချိန်တုန်းကလည်း နှေးနေသည်ဟု ပြောကြောင်း၊ ယခုလည်းပဲ မတက်ဘဲနှင့် တက်သည်ဟု ပြောမည့် အဖွဲ့အစည်းမဟုတ်ပါဟု ဆရာက ပြောပါသည်။


ကမ္ဘာ့ဘဏ်၏ ခန့်မှန်းတွက်ချက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လက်ရှိအခြေအနေ၊ စီးပွားရေးလုပ်သူတို့ အခက်အခဲဖြစ်နေသည့်အကြောင်း၊ ဒေါ်လာဈေးတက်နေခြင်းအကြောင်း စသည်တို့နှင့် စပ်လျဉ်းပြီး စီးပွားရေးပညာရှင် ဆရာခင်မောင်ညို(ဘောဂဗေဒ)က ယခုလို ရှင်းပြခဲ့သည်။


အစိုးရကို အားကိုးသည့်အကျင့်၊ မျှော်ကြည့်သည့်အကျင့်၊ မော်ကြည့်သည့်အကျင့်များ မကုန်သေးသည့်အတွက် ထိုအကျင့်များကိုလည်း လျှော့စေချင်ကြောင်း ဆရာခင်မောင်ညို(ဘောဂဗေဒ)ကပြောပါသည်။


MTA ရိုက်ကူး - ကောင်းစွမ်းသာ


..............................................///////////////.......................................................



လက်ရှိမြန်မာ့စီးပွားရေးအခြေအနေလုံးဝမကောင်းကြောင်း ဒုတိယမြောက်ထွက်ရှိလာသည့် UMFCCI Myanmar Business Sentiment Surveyတွင်ဖော်ပြ


မြန်မာငွေတန်ဖိုးကျဆင်းနေပြီးဒေါ်လာဈေးမြင့်တက်နေမှုကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကလုံးဝမကောင်းတဲ့ အခြေအနေတစ်ခုကိုရောက်ရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်၂၀၀၀ ကျော်ဆီကကောက်ခံထားတဲ့ Myanmar Business Sentiment Survey မှာဖော်ပြထားပါတယ်။

https://www.facebook.com/100009124110062/posts/2058005017846949/



လက်ရှိမြန်မာ့စီးပွားရေးအခြေအနေလုံးဝမကောင်းကြောင်းဒုတိယမြောက်ထွက်ရှိလာသည့် UMFCCI Myanmar Business Sentiment Surveyတွင် ဖော်ပြ (ရုပ်သံ)


မြန်မာငွေတန်ဖိုးကျဆင်းနေပြီးဒေါ်လာဈေးမြင့်တက်နေမှုကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကလုံးဝမကောင်းတဲ့ အခြေအနေတစ်ခုကိုရောက်ရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်၂၀၀၀ ကျော်ဆီကကောက်ခံထားတဲ့ Myanmar Business Sentiment Survey မှာဖော်ပြထားပါတယ်။

https://www.facebook.com/elevenbroadcasting/posts/2230778143845324/

IMG_2509.jpeg

IMG_2510.jpeg

IMG_2511.jpeg

IMG_2512.jpeg

IMG_2513.jpeg

(ပုံများကို တစ်ပုံချင်းနှိပ်ကြည့်ပါကမြန်မာ့စီးပွားရေး ကျဆင်းမှုကိုထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။)

ကိုးကား-

https://drive.google.com/open?id=1d-eMfjD6K1l5Ey67YA_sMDOO_rn8dQsK


MYANMAR BUSINESS SURVEY

https://www.rolandberger.com/nl/Publications/pub_myanmar_business_survey.html

In December 2016, Roland Berger published the first Myanmar business survey. The results showed an enormous sense of optimism among both local and international investors: 73% of business people expected the business landscape to (rapidly) improve. This optimism, which was arguably unparalleled worldwide, resulted from the political and economic changes the country had recently undergone, including economic reforms particularly in the telecom sector, democratic elections and a peaceful transition to a new government led by Nobel Prize winner Aung San Suu Kyi, as well as the subsequent lifting of US sanctions.

In December 2016, Roland Berger published the first Myanmar business survey. The results showed an enormous sense of optimism among both local and international investors: 73% of business people expected the business landscape to (rapidly) improve. This optimism, which was arguably unparalleled worldwide, resulted from the political and economic changes the country had recently undergone, including economic reforms particularly in the telecom sector, democratic elections and a peaceful transition to a new government led by Nobel Prize winner Aung San Suu Kyi, as well as the subsequent lifting of US sanctions.

https://www.facebook.com/100009124110062/posts/2058005017846949/