Popular Posts
Thursday 30 May 2013
စာအုပ်ပျောက်တာတော်တော်ဆိုးတာဘဲ.၂လလောက်ကြာပါတယ် စာအုပ်ကိုမြန်မာပြည်ကပြည်ထဲရေးကိုပြန်ပို့နေရလို့တဲ့ဗျာ.ရတော့လဲ အစဆုံးပြန်လုပ်ရပါတယ်တနေ့ကုန်ပါဘဲ၊ ကုန်သွားတဲ့ငွေအလှူပေးသလိုပါဘဲ...ဟိုနား၁၀ဒီနား၂၀
နှင့်စာအုပ်ပျောက်ဒဏ်ကြေး၄၅၀+သက်တမ်းတိုး၁၅၀+အခွန်ကြွေးကျန်တွေ၂၀၁၁သြဂုတ်လ၁၈ရက်ထိ၁၀%နှုံး$၁၂၀ နှင့်၁၉-၃၀ရက်ထိ$၈၀ ၂၀၁၁စက်တင်ဘာလနောက်ပိုင်းယခုထိ၂%နှုံး$၂၄နှုန်းထားပေးရပါတယ်၊
ဒီသံရုံးမှာဘဲတိုကင်ယူတာပိုမြန်သလိုပါဘဲမနက်၉နာရီမှာတန်းစီတိုကက်ယူပြီးကောင်တာ ၃မှာ စာရွက်စာတမ်းစ်ဆေးခ$၁၀+ကောင်တာ၁မှာဖိုင်တွဲခ+ဓာတ်ပုံရိုက်ခ$၂၀နှင့်အခွန်ဆောင်ဖို့တွက်ခပေးရသေးတယ်ဗျာမကြားဖူးဘူးထူးထူဆန်းဆန်းကိုကောင်တာ၅/၆မှာလဲနောက်ကျဒဏ်ကြေးဆိုပြီး$၃၀ကိုကြံဖန်ကောက်သေးတယ်ဗျ၊ပေါင်း$၆၀လောက်မနက်ပိုင်းတင်ကုန်ပြီး အရင်တုန်းကမရှိမကြားဘူတာတွေပါ၊အကြောင်းအမျိုးမျိုးပြပြီးတောင်းတော့တာပါဘဲ၊အံ့သြလောက်ပေရဲ့၊
မပြီသေးတဲ့ညနေဖက်၃နာရီမှာတနှစ်စာကြွေးကျန်အခွန်ဆောင်လိုက်ရပြီးနှင့်ညနေ၅နာရီမှာ
စာအုပ်ပျောက်သက်တန်းတိုးခ$၆၀၀တွေကိုလဲ ပေးလိုက်ရပါတယ်$၁၇၀၀လောက်ပြုတ်သွားတယ်လေ..
Apple Mac Pro ၀ယ်ဖို
ဒီလိုပေးဆောင်ရတဲ့အဆင့်ဆင့်တွေကိုတနေ့ကုန်ဖြတ်ကျော်ရပါတယ် ရှားမှရှား အလှူခံပွဲလေးပါနော် ပြောတော့ ဘုရားတရားခွေလေးဟောလို့ဗုဒဘာသာအနုနည်းအလှူခံလေးပါဘဲ..
အေး!ဒီလိုမခံနိုင်ရင် အပြာကနေအနီကိုချိမ်းပေါ့လို့ပြောမှာဘဲ...
Monday 27 May 2013
ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ
Myanmar Online News-Sunday, May 26, 2013
ကျွမ်းကျင်သူတွေကတော့ ဘဝ မှာအချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန် ၊အိမ်ထောင်ရေးသာ ယာမှုတို့အပေါ် သက်ရောက်မှုရှိပါ တယ်။ တကယ်လို့သင့်ရဲ့အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့အောက်မှာ ကွန်ပျူတာစော စောပိတ်ပြီး စောစောအိပ်သင့်တဲ့အ ကြောင်းပြချက် (၉)မျိုးကိုဖော်ပြလိုက် ပါတယ်။
(၁) လုံလောက်စွာ အိပ်စက်ခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ်
လုံလောက်စွာမအိပ်သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်တိုး ခြင်း နှလုံးရောဂါစတဲ့ ဆိုးဝါးတဲ့ရော ဂါတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လေ့လာမှုတစ်ခုအရ နေ့ဆိုင်း အလုပ်ဆင်းသူ ကျန်းကျန်းမာမာ အလုပ်သမားလူငယ် (၁ဝ)ဦးကို ည တိုင်းဆင်းခိုင်းပြီးရက်အနည်းငယ်ကြာ သောအခါ ထိုသူတို့၏သွေးတွင်း သကြားဓာတ်မှာ ဆီးချိုဖြစ်ခါနီး လူ တစ်ယောက်ရဲ့သကြားဓာတ်နီးပါးမြင့် တက်နေကြောင်းတွေ့ရပါတယ်။
(၂) လုံလောက်စွာအိပ်စက်ခြင်းက အိပ်ထောင်ရေးသုခပိုရနိုင်
National Sleep Founda tion မှ ပြောပြချက်အရ လူအားလုံးရဲ့ ၂၆%ဟာအိပ်ရေးမဝဘဲ ပင်ပန်းနွမ်း နယ်နေမှုကြောင့် အိမ်ထောင်ရေး သုခလုံလောက်စွာမရကြောင်း တွေ့ရ တယ်။ အိပ်ချိန်လုံလောက်စွာ မရ သောသူများတွင် testosterone ဟုခေါ်သည့် လိင်နှင့်ပတ်သက်သော hormone ကျလာကြောင်းလည်း သိရပါတယ်။
(၃) အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေ ဒနာများကို သက်သာစေနိုင်
တကယ်လို့များ သင့်မှာ လတ် တလောဒါမှမဟုတ် ယခင်ရရှိခဲ့သော ဒဏ်ရာတစ်ခုခုကြောင့် နာကျင်မှု ဝေဒနာခံစားနေရတယ်ဆိုရင် အိပ် ပျော်အောင်သာအိပ်လိုက်ပါ။ အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေဒနာ ခံစားရမှုလျော့နည်းလာကြောင်းကို လေ့လာမှုတွင်အများကြီး လုပ်ပြီး သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ နာကျင်နေခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေး ပါတယ်။
(၄) လုံလောက်စွာအိပ်စက်ခြင်းက မတော်တဆထိခိုက်ဒဏ်ရာရမှုကိုလည်း လျော့ကျစေနိုင်
US Institute of Medicine မှ လေ့လာမှုတစ်ခုအရှ့ တွင် ယာဉ်တိုက်မှု(၅)မှုဖြစ်တိုင်း (၁)မှုမှာ အိပ်ရေးမဝသည့်အတွက်ကြောင့် ဖြစ်ရသည်ဟုသိရပါတယ်။
(၅) အိပ်ရေးဝလျှင် တက်တက်ကြွကြွ ရှိစေပါတယ်။
အိပ်ရေးဝဝအိပ်တဲ့နေ့တိုင်း စိတ် ချမ်းသာဖွယ်ရာ တက်တက်ကြွကြွ ရှိလိမ့်မယ်လို့တော့ အာမခံနိုင်ပေမယ့် အိပ်ရေးမဝလျှင်တော့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တယ်ဆိုတာ သတိ ထားမိမှာပါ။ သင့်ရဲ့ သူဌေးကို စိတ်မ ထိန်းနိုင်ဘဲ နင်ပဲငဆပြန်ပြောမိတာ မျိုးတွေ၊ စိတ်ကိုထိန်းချုပ်ရခက်ခဲတာ မျိုးတွေဟာ အိပ်ရေးမဝတဲ့နေ့တွေမှာ ပိုဖြစ်တတ်ပါတယ်။
(၆) အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်အ လေးချိန်ထိန်းနိုင်
အိပ်ရေးဝဝအိပ်လျှင် ကိုယ်အ လေးချိန် ထိန်းနိုင်ပါတယ်။ အပြန်အ လှန်အားဖြင့်ကောင်းကောင်းမအိပ်တဲ့ သူတွေမှာ ကိုယ်အလေးချိန်ပိုတိုးတတ် ပါတယ်။ ဘာကြောင့်လဲ။
(က) သင်ပင်ပန်းတဲ့နေ့တွေမှာ ပင်ပန်း တာကိုပြေပျောက်စေရန် အရသာရှိတဲ့ အစားအစာတွေကို ပိုစားဖြစ်ပါတယ်။
(ခ) Leptin ဆိုတဲ့ hormone က ကျွန်တော်တို့ရဲ့ အစာစားချင်စိတ်ကို တင်းတိမ်စေရန် ဆောင်ရွက်ပေးပါ တယ်။
တကယ်လို့အိပ်ရေးဝဝမအိပ် ထားတဲ့ သူတွေမှာတော့ Leptin ပမာဏကျသွားပါတယ်။ ဒါကြောင့် အိပ်ရေးမဝပင်ပန်းနေတဲ့လူတွေဟာ တင်းတိမ်တယ်မရှိဘဲအဆက်မပြတ် အဆီများတဲ့အစာတွေ၊ကယ်လိုရီများတဲ့ အစာတွေ စားလေ့ရှိပါတယ်။
(၇) အတွေးအခေါ်များကို ပိုကြည် လင်စေ
အိပ်ရေးပျက်ခြင်းက သင့်ရဲ့ အတွေးအခေါ်၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်ချက်ရမှုတို့အပေါ်မှာ သက် ရောက်မှုရှိပါတယ်။
(၈) မှတ်ဉာဏ်ပိုကောင်းစေနိုင်
သင်ခဏခဏမေ့တတ်နေပြီး လား၊ အဲဒါဆိုရင်တော့ ကိုယ့်ရဲ့အိပ် ရေးပျက်ခံတတ်တဲ့ အကျင့်ကို အရင် ဆုံးအပြစ်တင်လိုက်ပါ။ လေ့လာမှု တစ်ခုအရအိပ်ပျော်နေစဉ်မှာကျွန်တော် တို့ဦးနှောက်ကနေ့ခင်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စနစ်တကျသို လှောင်ပေးပါတယ်၊၊အိပ်ရေးပျက်သူတွေ မှာတော့ဦးနှောက်ကကောင်းကောင်းသို လှောင်ချိန်မရှိတဲ့အတွက် မှတ်Óဏ် ကိုကျစေနိုင်ပါတယ်။
(၉) ခုခံအားစနစ်ကိုအားပေးပါတယ်
လေ့လာမှုအသေးစားတစ်ခု တွင် လူ(၁၅ဝ)ဦးအား နှစ်ပတ်ကြာ သူတို့ရဲ့ အိပ်စက်မှုကိုစောင့်ကြည့်ပြီး ထိုသူများအား အအေးမိခြင်းဖြစ်စေ သည့် Cold Virus နှင့် ထိတွေ့စေ သည့်အခါ တစ်ညလျှင် ည၇နာရီသာ အိပ်သောသူများသည် ၈နာရီအိပ် သောသူများထက် အအေးမိခြင်း ဖြစ်နိုင်ချေသုံးဆခန့်ပိုများကြောင်း တွေ့ရပါတယ်။ ဒီလေ့လာမှုက သေး ငယ်တဲ့အပြင် တရားဝင်ထုတ်လွှင့်ဖို့ ဆိုရင်တော့ လေ့လာမှုတွေအများကြီး လုပ်ဖို့လိုပါသေးတယ်။
အဝင်း
WMD
Ref:myanmaronlinenews
- Posted using BlogPress from my iPhone5
ခေတ်မှီလာသော ရွှေမမလေးတွေဇယားလေးတွေ!
Credir@ Ko Nge
စကာင်္ကူကရွှေမမလေးတွေရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေပါ...
မနှစ်က မြန်မာပြည်နယ်က အသိတွေလာလည်တုန်းက မေးတဲ့မေးခွန်းလေးတွေကိုကြည့်လိုက်ပြီး
လန့်သွားရပါတယ်လေ? မေးလိုက်မေးခွန်းကလဲကြည့်ပါအုံး? ဘယ်ကနေဘယ်လိုကြားလဲမသိပါဘူး!
"မင်းတို့ရွှေမမလေးတွေခေတ်နောက်ကျတယ်လို့ဘယ်သူတွေပြောလဲ? 
အဲဒီလိုပြောတဲ့လူတွေဘဲခေတ် နောက်ကျနေတာပါတဲ့လေ?"
ကျွှန်တော်ပြန်ပြောပါတယ် တောကနေမြို့တက် မြို့ငယ်ကနေမြို့ကြီးပြကြီးတက်သလိုပါဘဲလို့! ကြီးလှတဲ့လူနေမှုစရိပ်တွေကို ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရှာဖွေစားသောက်နေကျရလို့ပါဘဲ!
ကောင်းတာတွေလုပ်ရှားနေတဲ့သူတွေရှိသလို မဟုတ်တရုတ်တွေလုပ်နေတဲ့သူတွေလဲရှိကျပါတယ်လို့ ပြန်ပြောလိုက်ရပါတယ်! ဘာဖြစ်လိုလဲဆိုတော့ သူတို့ရဲ့ခလေးတွေ (မြန်မာပြည်ဘွဲ့ရ) ဒီမှာPoly ကျောင်းလာတက်နေကျတယ်လေ! ဒါကိုစိတ်မချလို့မေးတာလဲပါမှာပေါ့! ဒါတောင်သူမတို့ ဒီမှာ ဘဲဘဲလေး တွေရသွားကျပါပြီး ဒီထက်သာတဲ့ အမေရိကန်တို့ သြစတြေယျတို့ပြောင်းသွား တတ်ကျပါတယ် လေ.....
အဲ! အားလုံးထင်နေကျတာက နိုင်ငံခြားကလူတွေကိုယူရင် နိုင်ငံခြားမှာ တသက်လုံးအလုပ် လုပ်ရမှာကို မသိကျလို့ပါ! ဒီမှာက တဦးထဲအလုပ်နှင့် အဆင်မပြေနိုင်ဖူးလေ! အမှန်တကယ် အမိမြန်မာပြည်တွင်းက ယောကျာင်္းနှင့်ယူကျတာမှ သက်တောင့်သက်တာရှိပြီး သူဌေးမ၊အိမ်ရှင်မခလေးထိန်းတွေလုပ်လို့ရသေးတယ်၊ ဒီလိုနိုင်ငံခြားရောက်ရင် အလုပ်တဖက် ခလေးတွေတဖက်နှင့်ပြာများ နေရမဲ့ အဖြစ်တွေပါ....
ခေတ်နောက်ကျနေသောအမိမြန်မာပြည်ကနေ နိုင်ငံခြားရောက်ရှိလာတာကို ဆိုရှယ်ကျတတ်လာကျပြီး ခေတ်နှင့်အညီအမှီလိုက်လာတတ်ကျတာကတော့ living together ဆိုတဲ့ မိမိရည်းစားတွေ နှင့် အတူနေတတ်တဲ့ အကျင့်လေးတွေ ခေတ်စားလာကျတာကို သတိထားမိကျမှာပါ.....
 လွန်ခဲ့တဲ့၂-၃နှစ်တုန်းက မြန်မာပြည်က အသိရွှေမမလေးတယောက်က Gtalk မှာ ပြောဖူးတယ် စကာင်္ပူကိုလာ ချင်တယ် Sponsor လိုချင်တယ်တဲ့! ဒါနှင့်မေးကြည့်လိုက်တော့ နင်ဒီကိုရောက်ရင် ဘယ်မှာ ဘယ်သူ တွေနှင့် ဘယ်လိုနေမှာလဲလို့မေးလိုက်တာ ပြန်ဖြေတာကိုကြားလိုက်ရတာကို မထင်ရက်စရာလန့်ဖို့ကောင်းနေပြီလေ? ဘယ်လိုဖြေတယ်လို့ထင်လို့လဲ! သူမဖြေတာက အတူတူနေ မှာပေါ့တဲ့? (ဒီမှာ တယောက်ထဲနေတာကိုသိလို့လေ) ဒါလိုကြားလိုက်ရတာကိုက လန့်သွားရပါတယ်၊ ဒီလောက်တောင် စကာင်္ပူလာချင်တဲ့ ရောဂါတွေ  ရွှေမမလေးတွေမှာဖြစ်နေကျပါလားလို့!
အခုရက်ပိုင်းမှာအသိလင်မယားလိုက်ဖြေရှင်းလိုက်ရတဲ့ ဖြစ်ခဲ့တဲ့ ပြဿနာလေးပါ....
အသိပညာတတ် PR အင်ဂျင်နီယာတယောက် အိမ်သူကြီး လုပ်လို့ S pass နှင့် အလုပ်လုပ်နေတဲ့ ရွှေမမလေး ပညာတတ် တယောက်နှင့်သူမရဲ့မောင်လေးတယောက်ကို အခန်းအငှား တင်ထားလိုက်ပါ တယ်၊ အသိက မိန်းမဆေးရုံတက်နေရလို့ နှင့် ခလေးမိန်းခလေးတယောက်နှင့် ပြာယာခတ်နေတာကို အခွင့်ကောင်းယူပြီး သူမရည်းစားမလေးတရုတ်ကောင်လေးကို အိမ်ခန်းသွင်းပြီး အိပ်ပါသတဲ့ဗျာ! ရွှေမမလေးက ခေါ်အိပ်တာ ၃-၄လလောက်ရှပြီနော်! ! သူမရည်းစားလာချိန် သူမရဲ့မောင်လေးက ရှောင်ပေးရပါတယ်တဲ့! ရုံးပိတ်ဆို ထမင်းဟင်းလေး ပါချက်ကျွှေးပြီး တနေကုန်ပြုစုလိုက် ပါသေးတယ်တဲ့! အဲ! ထမင်းတာချက်တာ မီးဖိုချောင် ရှုပ်ဖွနေတာပါဘဲ တခါမှရှင်းလင်းတာမရှိပါဘူး! အိမ်ကြီးရှင် ရွှေမောင်မောင်ကဘယ် လောက်တုန်း သလဲမသိ! ပြဿနာဖြစ်တော့မှ အရပ်ကတို့ကူပါကယ်ပါတဲ့! အဲဒါကို သီးမခံနိုင်လို့ နင်ရည်းစားအိမ်ကို ခေါ်မလာနှင့်လို့ ကောင်ကောင်းမွန်မွန် ပြောတာကို ပြန်ရန်တွေ့လို့ အသိတွေလိုက်ရှင်းပေးရတာလေ!
သူမရည်းစားမလေးတရုတ်ကောင်းလေးကိုမောင်းချလိုက်ရတယ်လေ! ဒါတောင်ကောင်လေးကပြောသေး တယ် အိမ်လခကိုသူပေးတာတဲ့! နောက်မှာသိရတာ အဲဒီရွှေမမလေးက သူမရည်းစားဆီကနေ အိမ်ငှားခနှင့် ထမင်းဖိုးတွေယူပြီး ထောက်ပံ့ခိုင်းထားတာကိုး! ဒါလဲ ပြဿနာတက်တော့မှပေါ်လာတာကိုး! ဇယာလေးတွေ!
နေခင်းအလုပ်သွားကျ ညဖက်မှ ပြန်အိပ်ကျတာကိုး! ရွှေမမလေးတွေအချင်းချင်းမတည့်ကျတော့ ဆန့်ကျင် ဖက်လိင်နှင့်နေရတာ ပိုအဆင်ပြေပါတယ်လို့ပြောပါတယ်၊ ဆာလို့ချက်စားကျရင်လဲစိတ်တူကိုယ်တူ အဖော်အကူတောင်ရသေးတယ်လို့ပြောပါတယ်....
နောက်ပြီး ဒီမှာခေတ်စားနေတာက ဒီလိုဘဲ အခန်းအတူငှားလို့အတူနေပြီးမှ တချို့ဆိုယူဖြစ်သွားတာလဲ ရှိပါတယ်၊ ကွဲသွားကျတာလဲ အများကြီးပါဘဲ! ဘယ်အိမ်သူကြီးကမှလင်မယားအစစ် ဟုတ်မဟုတ် မစစ်ဆေးတတ်ကျပါဘူးလေ! ဒီမှာရွှေသမီးရည်းစားချစ်သူတွေလဲစိတ်တူကိုယ်သူအတူနေတတ်လာေ လာကျကို သတိထားမိပါလိမ့်မယ်၊  အခု၂၀ရာစုနောက်ပိုင်းမှာ တော်တော်ကို  ဒီလိုမျိုးဇာတ်လမ်းလေး မြန်မာပြည်မှာ လဲခေတ်စားလာပါတော့တယ် ၊ ဘာမပြဿနာမတက်ရင်တော့ကောင်းတာပေါ့နော်! လူလွှတ်ကင်း ရှင်းနေ ရင် ပြဿနာမရှိပေမဲ့ အဲ!နောက်ဆက်တွဲဇာတ်လမ်းမိသားစုတွေနှင့်ဆိုရင် ဇာတ်လမ်းလေးတွေမကောင်း ပါဘူး! တနိုင်ငံဆီကွဲကွာနေကျတော့ မထိန်းသိမ်းနိုင်ကပါဘူး! မြန်မာကလူတွေမသိဘူးဆိုပြီးရှုပ်ကျတာပါ၊ ကွဲသွားတော့လဲ ပြန်ပြီး အပျိုလူပျိုတွေပြန်လုပ်နေကျတာပေါ့လေလို့ အသိတွေထဲကပြောဖူးတယ်!ဒါတွေကလဲ ဒီကရွှေအတိုင်း အ၀ိုင်းနှင့်နီးစပ်သူတွေဆီမှာ ကြားနေရတာအများကြီးပါဘဲ! ဆောင်းပါးလေးတွေ ဖတ်ကြည့်လိုက်ပါအုံး!
လိင် ဆက်ဆံ မှု ဦးစား ပေး ချစ်စခန်း ဖွင့် မှု ထွန်းကားလာ-
စကာင်္ပူမိန်းခလေးငယ်တွေ  အလွန်လိုက်စားလာတဲ့ အပျော်အချစ်ဇာတ်လမ်းတွဲလေးများ
ဒါပေမဲ့ ဒီမှာက မလေးမနှင့်တော့မယူရဲကျပါဘူး ယူရင်သူမရဲ့ဘာသာပြောင်းမှ ယူလို့ရတာကိုး!
ဟီးဟီး! ဒါတော့ ရွှေကိုကိုတွေကကြောက်တယ်ဗျာ! အသိထဲကျဇာတ်လမ်းလေးဖြစ်ဖူးလို့ပါ....
နောက်ပြီး EasrCoast Beach မှာ ယာယီရွက်ဖင်တဲထိုးပြီး အပျော်ဇာတ်လမ်းလေးတွေကို ဟိုတယ်သွာစရာမလိုဘဲ ပျော်ပါးလိုက်ရေကူးလိုက်နှင့် အတွဲလေးတွေ အတော်တော်များများသွားကျ တတ်ပါတယ်၊ ရုံးပိတ်ရက်တွေမှာကို စည်ကားနေတာကိုတွေ့ရပါလိမ့်မယ်!
ယာယီရွက်ဖင်တဲကောင်းကောင်းလေးနှင့်လေမွှေယာလေးက၀ယ်ရင် $200လောက်တောင်မကုန်ကတော့ တည်းခိုခန်း ထက်ပိုအဆင်ပြေတော့ အတွဲတွေအတော်အများများ (ဖားနှင့်ကုလားတွေ)တွေ့ရတတ် ပါတယ်၊ ဘေးမှာရေချိုးခန်းအိမ်သာတွေရှိတော့ အဆင်ပြေတာပေါ့နော်!
နောက်ရွှေမမလေးတွေနိုင်ငံခြားရောက်ရင် အချိုးပြောင်းသွားတတ်တယ်တဲ့.....
ဒီကိုရောက်လာတဲ့ ရွှေမမလေးတွေက အမိမြန်မာပြည်မှာဘယ်လိုနေကျလဲတော့မသိပါဘူး! နေခဲ့တဲ့ အသိုင်းအ၀ိုင်းကြောင့်လားမသိဘူး ၀မရှိဘဲဝိလုပ်ချင်ကျတယ်လေ! ဘယ်လောက်ဘဲ ဟန်ဆောင် ဟန်ဆောင် နေလို့မရပါဘူးအချိန်တန်ရင်မူရင်းအကျင့်စရိုတ်တွေ ပေါ်လာတာပါဘဲ!  ဒီကိုရောက်လာပြီး မကြာပါဘူး  ရွှေကိုကိုလေးတွေထက် ရွှေမမလေးတွေက ပိုပြီးသွေးနထင် ရောက်ရှိလာကျပြီး ပိုမိုက်ရိုင်း လာတတ်ကျပါတယ်၊ ဘာကြောင့်မှန်းမသိပါဘူး ရွှေမမလေး၊မမကြီးတွေအချင်းချင်း မတည့်ကျ၊ ပိုယှဉ်ပြိုင်
မနာလိုကျတာကိုပိုတွေ့ပါတယ်၊ အလုပ်ရုံထဲမလဲ ရွှေမမကြီး၃-၄ယောက်အချင်းချင်း စကားနာထိုးနေ ကျတယ်၊ ကြားမှာနေတာ ပိုနေရထက်တတ်ပါတယ်လေ၊ အခုလဲ ရွှေမမလေး၊မမကြီးတွေမှာတွေ့ရတတ်တဲ့ အကျင့်ဆိုးလေးတွေပါ... ဒါတွေကြောင့် ဆန့်ကျင်ဖက်လိင်တွေနှင့် အတူနေရတာပိုအဆင်ပြေကျပါတယ် တဲ့လေ...ဒါကြောင့်ကိုး! တလွဲတော့မထင်လိုက်ကျပါနှင့်နော်!
နောက်ဆက်တွဲဇာတ်လမ်းတွေကတော့....
နောက် အသိရွှေအိမ်ရှင်တွေ ၂ဦးလောက်မှာလဲ လက်ရှိဖြစ်နေတဲ့ အိမ်ငှားရွှေမမလေးတွေရဲ့ အခုလို မယူခင် အတူနေထိုင်တတ်ကတာကတော့ living together တွေကို အတူအိမ်တအိမ်ထဲမှာ သမီးရည်းစားလေးတွေက တခန်းစီသတ်သတ် မိမိအခန်းဖော်ချင်းတွေနှင့်နေနေရင်း ဇာတ်လမ်းလေး တွေရှုပ်နေတတ်ကျတာကို ရွှေအိမ်ရှင်တွေ ဘာမှမပြောကျပါဘူးလေ! ဒီအတိုင်းကြည့်နေတတ်ကျတာက တကြောင်းပေါ့! နောက်တော့ အတူယူဖြစ်သွားကျပြီးတော့ ပိုဆိုးတာက တခန်းလုံးကိုလိုချင်တော့ မိမိရဲ့အခန်းဖော်တွေကို အိမ်ရှင်ကိုပြောခို်င်းပြီး နှင်ထုတ်ခိုင်းပါသတဲ့ဗျာ! ဒါလဲ တအိမ်ထဲမဟုတ်ပါဘူး နှစ်အိမ်သုံးအိမ်လောက်က အိမ်ရှင်တွေပြောပြလို့သိရတာပါ၊ တော်သေးတပေါ့ယူဖြစ်သွားကိရှု မယူးဖြစ်ဘဲ ကွဲသွားတဲ့ သူငယ်ချင်းတွေလဲ ရှိပါသေးတယ်! အခန်းပြန်အပ်လိုက်ကျပြီး တခြားနေရာစီမှာ သွားနေကျပါတယ်၊အဲဒီလိုပြောခိုင်းတတ်တာကလဲ ရွှေမမလေးတွေဘဲ ဖြစ်နေပါသတဲ့ဗျာ! ဘာလို့များ ရွှေမမလေးတွေ ဒီလိုစိတ်ထားသေးသိမ်တာတွေရှိနေကျလဲမသိကျပါဘူး! နှင်ထုတ်ခံရတဲ့အဖြစ်က ဘယ်လောက်ခံပြင်းဖို့ကောင်းလဲ! ခံဖူးတဲ့သူတွေမှသိပါလိမ့်မယ်! ဆိုလိုတာက မိမိတို့ရဲ့ရွှေတွေ ရဲ့အကျင့်ဆိုးလေးတွေကတော့ အချင်းချင်းမှာပိုပြီးစည်းလုံးကျရမဲ့အစား တခြားနိုင်ငံခြားကလူတွေထက် သွေးခွဲတတ်ကျတဲ့ အမှုအကျင့် တွေ၊ ပြိုင်ဆိုင်မှုတွေ နှင့် မနာလိုမှုတွေကို  ပိုရှိနေတတ်ကျတာကို သတိထားမိလို့ပါဘဲ! အတုခိုးနည်းပညာယူတတ်ဖို့နှင့်ယှဉ်ပြိုင်တတ်ကျဖို့ ဘာလို့များမရှိတတ်ကျတာလဲ မသိပါဘူး! ခေတ်ပျက်စနစ်ဆိုးတွေမှာ ပညာသင်ခဲ့ရလို့လား မသိပါဘူး! အားလုံးအကျင့်ဆိုးလေးတွေ အကျင့်စရိုတ်ဓာတ်တွေ နှင့် ပျက်စီးကုန်တာများနေကျလို့ပါဘဲ! ဟူး!
အခုမှရောက်တာမကြာသေးတဲ့ အသိသူငယ်ချင်းကောင်းလေးတယောက်က ငြီးပြတယ်လေ.....
သူရောက်တာ၂နှစ်ထဲမှာအိမ်ပြောင်းတာ၅ခုမြှောက်ရှိပြီတဲ့!အသိတွေထဲကလက်ရှိအိမ်ပိုင်ရှင်တွေကတောင် ဒီလောက်ကကျည်ကချောင်မများကျဘဲနှင့် ဒီကိုရောက်လာကျပြီး ရွှေသူအိမ်ကြီးဖြစ်သွားတဲ့(အိမ်ကိုဦးစီးကိုယ်တိုင် အိမ်ငှားသူ) ရွှေမမလေးတွေ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး အောက်ချေလွတ်သွား ကျလဲမသိပါဘူးတဲ့!  မိမိအိမ်ငှားတွေနှင့် ပြဿနာတွေ တောက်လျှောက်ဆိုသလိုတက်ကျပြီး စိတ်သွေး နထင် ရောက်ရှိလာတတ်ကျတာကို သတိထားမိလာပါတယ်တဲ့၊ (ဒါတောင်အိမ်ပိုင် မဟုတ်သေးဘူးနော်) အရင်အိမ်ငှားဘ၀တုန်းကနှင့် မတူတာကိုတွေ့ရတတ်ပါတယ်၊ ဘာကြောင့်လဲ မသိပါဘူး? (အိမ်ငှားဘသ၀မှာအနှိမ့်ခံရဖူးလို့လားမသိပါဘူးတဲ့)လို့ပြောပြပါတယ်လေ! ရွှေတွေအိမ်ကချက်စားလို့ရကျလို့ သူများတွေ ထက်ဈေးကြီးပေးနေကျတာပါတဲ့၊(အိမ်ပိုင်ရှင်ရွှေတွေဈေးပေါတဲ့အိမ်တွေလဲ အနည်းငယ်လောက်တော့ရှိပါ တယ်) ဒီလိုစီးပိုးတာတွေကြောင့် မကြာခဏဘဲအိမ်ပြောင်းဖြစ်သွားတာတဲ့လေ....အင်း! ရွှေလူငယ်တွေနှင့် အတော်ကို အဆင်မပြေနိုင်ကျတဲ့ အိမ်သူကြီးရွှေမမလေးတွေပါဘဲတဲ့! အဲ! ရွှေလူငယ်တွေလဲ ဘာမှ အလိုက်မသိတတ်ကျတော့ ဘာမှကူပြီး အိမ်သန့်ရှင်းတွေ ဘာတခုမှလုပ်မကူကျပါဘူးလေတဲ့! အထူးသဖြင့် မိမိသုံးနေတဲ့ ရေချိုးခန်းနှင့်အိမ်သာသန့်ရှင်းရေးနှင့်ပတ်သက်ပြီး ပိုဆိုးတတ်ပါတယ်လေ၊ မြန်မာပြည်မှာလဲ လုပ်လေ့လုပ်တတ်တဲ့အကျင့်မရှိတတ်ကျတာကြောင့်လဲပါကျမှာပေါ့လေ၊ ဒါတွေကလဲ မိမိအိမ်မဟုတ်ကျတဲ့ အပြင်ဆောင်တွေနေဖူးကျတဲ့သူတွေလောက်ဘဲ နေထိုင်တတ်ကျတတ်ပါတယ်၊ ဒီလိုလူငယ်တွေကလဲ နိုင်ငံခြားက လူနေမှုစနစ်တွေနှင့် အသားမကျနိုင်ဖူးဖြစ်နေတတ်ပါတယ်၊ အစအဆုံးမိမိကိုယ်တိုင်လုပ်နေရတာကို သဘောမကျတတ်ကျပါဘူး! မြန်မာပြည်လိုကူဖော်ကူဖက်လိုချင်  တယ်၊မိမိက မြန်မာပြည်မှာဘယ်အလွှာဘယ်အဆင့်က ဘယ်လိုနေထိုင်လာကျသလဲဆိုတာ မသိတော့ ပါဘူး! ဗီဒီယိုဇာတ်လမ်းထဲကလို ရွှေမင်သားရွှေမင်းသမီးလေးလိုနေချင်ကျပါတယ်၊ ဒါတွေကြောင့်လဲ ဘယ်ရွှေအိမ်ရှင်တွေနှင့် မတည့်တတ်ကျပါဘူး! ဒီလိုလူတွေက နိုင်ငံခြားသားစကာင်္ပူတွေနှင့်နေဖူးတဲ့သူ တွေမှ သိကျပါလိမ့်မယ်! ဘာတွေကွာခြားလဲဆိုတာ! အဲ! ဒါတွေက နိုင်ငံခြားရဲ့ Life Style တွေပါဘဲ!
ကျေးဇူးပါဘဲ! တိုင်ဆိုင်မှုရှိတဲ့လူတွေကိုတော့ အနူးညွှန့်တောင်းပန်ပါတယ် ၊ အခုလို ဒီလိုနိုင်ငံခြားမှာ လက်ရှိဖြစ်ပျက်နေတဲ့ ဖြစ်ရပ်မှန်တွေကို အားလုံးသိစေချင်လို့ရေးသားထားတာပါ....ဘယ်သူကိုမှ မထိခိုက်စေချင်ပါဘူး...... နှစ်ပေါင်းများစွာနောက်နေကျနေတဲ့ အမိမြန်မာတွေကိုဒီကရေစီခေတ် ပြောင်း တွေမှာ ကမ္ဘာကိုနောက်ကောက်မကျစေချင်ပါဘူး ! ဒေါ်စုပြောသလို  ကမ္ဘာနှင့်အညီ နိမ့်ကျနေတဲ့ လူအဆင့်အတန်းတွေ နှင့် အကျင့်ဆိုးတွေကို မိမိကိုယ်တိုင်ကြိုးစားပြင်မှ အားလုံးကလိုက်ပြင်ကျမှာပါလို့ပြောချင်ပါတယ်....
အွန်လိုင်းက ပညာဒါနသင်တန်းလေးများ!
အွန်လိုင်းဘဏ္ဍာရေးမိတ်ဆက်သင်တန်းလေးကိုစိတ်ဝင်စားသူတွေတက်လို့ရအောင် ခင်မမမျိုးဖေ့ဖွတ်မှာ တင်ပေးထာတာကိုတွေ့လို့ မိမိစာဖတ်စာသူတွေကိုပညာယူစေချင်သိစေချင်လို့ကူးယူတင်ပေးလိုက်တာ ပါ...စိတ်ဝင်စားရင်သူမရဲ့ဖေ့ဖွတ်မှာ https://m.facebook.com/#!/khinmama.myo__user=1000039 41173332 ကိုမေးပို့ပြီးတောင်းဆိုလို့ရပါတယ်..ဘာပညာရေးအဆင့်တွေမှမလိုအပ်ပါဘူးလို့လဲပြောထား တော့  စိတ်ဝက်စားသူတွေအားလုံးတက်လို့ရပါကြောင်းအသိပေးလိုက်ရပါတယ်...
University of Michigan မှ ဘဏ္ဍာရေးပါမောက္ခ Gautam Kaul သင်ကြားမယ့် ဘဏ္ဍာရေးမိတ်ဆက်သင်တန်းကို အွန်လိုင်းမှ တဆင့်တက်ရောက်ရန် စိတ်ပါဝင်စားပါက အီးမေးလ်လိပ်စာများ ပေးပို့ပေးပါ။ သင်တန်းကာလမှာ ဆယ့်ငါးပတ်ကြာမြင့်ပြီး၊ တပတ်ကို ရှစ်နာရီခန့် အချိန်ပေးစာဖတ်ဖို့ လိုအပ်ပါတယ်။ သင်တန်းတက်ရောက်ပြီး၊ သက်ဆိုင်ရာ assignments များ၊ စာမေးပွဲများကို အွန်လိုင်းမှ ဖြေဆိုရာမှာ အောင်မြင်ပါက သင်တန်းနည်းပြမှ ထုတ်ပေးတဲ့ Statement of accomplishment အောင်လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဇွန်လ (၃) ရက်နေ့မှာ သင်တန်းစတင်မှာ ဖြစ်ပါတယ်။
https://www.coursera.org/#course/introfinance
Introduction to Finance
Gautam Kaul
This course will introduce you to frameworks and tools to measure value; both for corporate and personal assets. It will also help you in decision-making, again at both the corporate and personal levels.
Workload: 6-8 hours/week
Watch intro video
Sessions:
Oct 7th 2013 (15 weeks long)You are enrolled!
Jun 3rd 2013 (15 weeks long)You are enrolled!
Future sessions
About the Course
This course is primarily devoted to the fundamental principles of valuation. We will learn and apply the concepts of time value of money and risk to understand the major determinants of value creation. We will use both theory and real world examples to demonstrate how to value any asset.
Course Syllabus
See the detailed Syllabus. Please note that based on feedback we have received following our first offering of the course, we have decided to extend the duration to fifteen weeks for this, and all subsequent offerings.
Recommended Background
This is a tough issue. I do not believe in prerequisites, except for a sense of curiosity and an attitude. Having said that, exposure to economics (the mother discipline of finance), accounting (the language of business), and/or algebra and statistics (we all need it) will clearly help. I will however try and cover everything starting with fundamentals and will highlight when there is a need for you to do some further work in specific subjects. In fact, I hope the class will motivate you to learn more. I believe that learning usually happens when you are motivated by a curiosity to understand something.
Suggested Readings
For information on the suggested readings, please see the detailed syllabus.
Course Format
The class will consist of videos, broken up into bite-size pieces with their lengths varying based on the topic. Almost every video segment will have opportunities for you to assess your knowledge. You are strongly encouraged to take every opportunity to work on the problems/examples before you view my analysis. There will also be standalone assignments every week that are not part of videos, and a (not optional) final exam. Doing the assignments is the way you will learn the material.
FAQ
  • Will I get a certificate after completing this class?Yes. Students who successfully complete the class will receive a certificate signed by the instructor.
  • What resources will I need for this class?Please see detailed Syllabus and watch the recent video about the class.
  • What is the coolest thing I'll learn if I take this class?How finance is all about life.
Johns Hopkins တက္ကသိုလ်မှ သမားတော်နဲ့ Senior Associate တဦးဖြစ်သူ Dr. Henry Perry သင်ကြားမယ့် Health for All Through Primary Health Care သင်တန်းကို အွန်လိုင်းမှ တဆင့် တက်ရောက်ရန် စိတ်ပါဝင်စားသူများ အီးမေးလ်လိပ်စာများ ပေးပို့ပေးပါ။ သင်တန်းကာလမှာ ငါးပတ်ကြာပြီး၊ တပတ်ကို လေးနာရီခန့် အချိန်ပေးစာဖတ်ဖို့ လိုအပ်ပါတယ်။ သင်တန်းတက်ရောက်ပြီး၊ သက်ဆိုင်ရာ assignments များ၊ စာမေးပွဲများကို အွန်လိုင်းမှ ဖြေဆိုရာမှာ အောင်မြင်ပါက သင်တန်းနည်းပြမှ ထုတ်ပေးတဲ့ Statement of accomplishment အောင်လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။ မေလ (၂၉) ရက်နေ့မှာ သင်တန်းစတင်မှာ ဖြစ်ပါတယ်။
တခြားသင်တန်းတွေလဲအများကြီးရှိပါသေးတယ်..အလကားတော့ရမယ်မထင်ပါဘူးနော်....
အင်္ဂလိပ်၊တရုတ်၊ပြင်သစ်၊အီတလီ၊စပိန်ဘာသာစကားတွေနှင့်သင်ယူလို့ရပါကြောင်း..သင်ကြားပေးတဲ့ဘာသာတွေကတော့ အစုံပါဘဲ...
Take the world's best courses, online, for free.
Join 3,616,239 Courserians.
Learn from 374 courses, from our 70 partners.
How it works »
Discover a course you’re interested in and enroll today
Choose from 300+ courses in over 20 categories created by 62 Universities from 16 countries.
Learn with 3 million Courserians
Watch short video lectures, take interactive quizzes, complete peer graded assessments, and interact live with your new classmates and teachers.
Achieve your learning goals and build your portfolio
Finish your class, receive recognition for a job well done, and achieve your goals, whether they be career, personal, or educational.
About Coursera ®
We believe in connecting people to a great education so that anyone around the world can learn without limits.
Coursera is an education company that partners with the top universities and organizations in the world to offer courses online for anyone to take, for free. Our technology enables our partners to teach millions of students rather than hundreds.
We envision a future where everyone has access to a world-class education that has so far been available to a select few. We aim to empower people with education that will improve their lives, the lives of their families, and the communities they live in.
Our Courses
Classes offered on Coursera are designed to help you master the material. When you take one of our classes, you will watch lectures taught by world-class professors, learn at your own pace, test your knowledge, and reinforce concepts through interactive exercises. When you join one of our classes, you'll also join a global community of thousands of students learning alongside you. We know that your life is busy, and that you have many commitments on your time. Thus, our courses are designed based on sound pedagogical foundations, to help you master new concepts quickly and effectively. Key ideas include mastery learning, to make sure that you have multiple attempts to demonstrate your new knowledge; using interactivity, to ensure student engagement and to assist long-term retention; and providing frequent feedback, so that you can monitor your own progress, and know when you've really mastered the material.
We offer courses in a wide range of topics, spanning the Humanities, Medicine, Biology, Social Sciences, Mathematics, Business, Computer Science, and many others. Whether you're looking to improve your resume, advance your career, or just learn more and expand your knowledge, we hope there will be multiple courses that you find interesting.
Contact Us
Please visit our Contact Us page to learn about the different ways you can reach us.
Arts
Biology & Life Sciences
Business & Management
Chemistry
Computer Science: Artificial Intelligence
Computer Science: Software Engineering
Computer Science: Systems & Security
Computer Science: Theory
Economics & Finance
Education
Energy & Earth Sciences
Engineering
Food and Nutrition
သူရဲ့မူရင်းဝတ်လ်ဆိုဒ်ကဒီမှာပါ..https://www.coursera.org/
- Posted using BlogPress from my iPhone5
Friday 24 May 2013
မိမိရဲ့ CPF မှာရှိတဲ့ မိမိရဲ့ငွေတွေကို ဘယ်လိုနေရာတွေ ဘာတွေလုပ်ထားပေးလဲ?
Credit@ Ko Nge
မိမိရဲ့ CPF မှာရှိတဲ့ Great Eastern Insurance ကြည့်လိုက်ရအောင် မိမိအတွက်ဘာတွေအကျိုးရှိပြီး ဘာတွေများမိမိကိုကာကွယ်ပေးသပါလဲ? သင်လေ့လာဝင်ကြည့်ဖူးပါသလား? သင့်ရဲ့CPF ငွေတွေကို ဘယ်လိုနေရာတွေမှာ ရင်နှီးမြှမ်နှံကျမလဲ? ရွှေ ၀ယ်မလား? စတော့ရှယ်ယာတွေဝယ်ရရင်ကောင်းမလား?
Great Eastern - Life is Great !
Fund Switching/Premium Apportionment We are pleased to let you know that services for fund switch and change in premium apportionment are now available!
It is important for you to know that before you can use the services, you will need to be assessed as having the relevant knowledge and experience to transact in an unlisted Specified Investment Product such as investment-linked insurance policy.
Policy Information
Policy Number 0000000000      
Plan Type DEPENDANTS' PROTECTION SCHEME
Status INFORCE
Sum Assured S$46,000
Risk Commencement Date 21-May-2010
Next Renewal Age 00        
Next Premium Due Amount S$144.00
Next Premium Due Date 21-May-2013
Mode of Payment YEARLY
Payment Method CPF
Your Life Planner
Life Planner Name DIRECT
Life Planner Contact No
Note:
The policy number for GEL life policies now has 10 digits, prefixed by two zeros, instead of the previous 8 digits.
Disclaimer:
The information provided is accurate to the best of our knowledge.Should this information be deemed inaccurate at a later date, we will make corrections and/or changes.
Customer Knowledge Assessment (“CKA”)
According to the Financial Advisers Act (“FAA”) Notice 16 (issued on 28 July 2011 by the Monetary Authority of Singapore), a customer needs to be assessed as having the relevant knowledge and experience in an unlisted Specified Investment Product, before he/she is allowed to transact in it. This is known as Customer Knowledge Assessment. For Great Eastern Life, an unlisted Specified Investment Product includes an Investment-Linked Policy (“ILP”).
It is important to seek advice from your Distribution Representative before proceeding with the transaction. Your Distribution Representative can provide appropriate recommendations to you, taking into account your investment objectives, financial situation and particular needs.
For more information on CKA, please visit (English guide)
ဆက်စပ်ပြီး အခုဒီဝတ်ဆိုဒ်က သင့်ရဲ့ဘ၀ရှေ့ရေးတွေကိုလမ်းညွှန့်သင်ပေးမဲ့ သတင်းအချက်အလက်တွေ အများကြီးရှိပါတယ်၊ သင်တို့အတွက် အရမ်းကိုအကျိုးရှိစေမဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ၀တ်ဆိုဒ်လေးပါဘဲ! လုတိုင်းဝင်လေ့
လာကြည့်စေချင်ပါတယ်၊ ဒီလိုမျိုး အမိမြန်မာမှာ မရှိပါသေးပါဘူး! စကာင်္ပူအစိုးရက ပြည်သူလူထုပညာပေး
ဝတ်ဆိုဒ်လေးလဲဖြစ်ပါတယ်!
ဒီစကာင်္ပူလူတွေကို လူနေမှုတွေကို အသေးစိတ်လမ်းညွှန်ပေးထားတဲ့ ဆိုဒ်လေးပါ.....
အိမ်ဝယ်၊ကားဝယ်၊လက်ထပ်၊ကွာရှင်း၊စစ်မှုထမ်း၊ပင်စင်၊ခလေးမွှေး၊ခလေးပညာရေး၊အလုပ်မရှိ၊စီးပွားရေး၊သေဆုံးရင်ဘာတွေလုပ်သင့်တယ်ဆိုတာတွေကိုအသေးစိတ်လမ်းညွှန်ပေးထားပါတယ်.....
http://www.moneysense.gov.sg/
Singapore Government. Integrity Service ExcellenceIt pays to be informed..
We make financial decisions every day. This website provides educational information to help you manage your money and better understand financial products for your banking, insurance or investment needs. Find out about the things to watch out for when making informed decisions.
Getting Started
It is never too late to start taking control of your money matters.
Get started by thinking about how you manage your money everyday and what goals you have for the future that will cost money, e.g. further education, a wedding, your retirement. Our guide on Financial Planning can help you with basic money management, like setting a budget, working out how much you need for your goals and how to go about achieving them.
MoneySENSE guides can help you assess insurance products for your healthcare and also to protect your loved ones. We can help you understand debt and how to manage it. You will also find information to help you build up some basic investment know-how as well as guides on common financial products. Get started by clicking on Financial Planning now.
Home
  • Getting Started
  • Life Events
  • Financial Planning
  • Understanding Financial Products
  • News and Events
  • Partnering MoneySENSE
  • About MoneySENSE
  • Types of Investments
    Nowadays, there is a wide range of products for consumers to choose from. It is important that you take time to choose something that is suitable for you. Take a look at your goals and investment objective, what investments you already have, what you can afford, and your risk profile.
    Buy only what you fully understand – be familiar with the product’s benefits, risks, limitations and costs. Know how much you can lose in the worst case and how this may happen.Think about diversification - will the product complement, supplement or replace what you have? Or will you end up being over-exposed to a particular risk?
    Read our checklist "Key questions you should ask yourself before buying an investment product" to guide you along.
    Some products are more complex than others and may be difficult to understand. The Monetary Authority of Singapore (MAS) has categorised such products as Specified Investment Products (SIPs). Some SIPs are listed on an exchange, for example, exchange traded funds, structured warrants and futures. Unlisted SIPs include structured deposits, structured notes, unit trusts and investment-linked insurance policies. With effect from October 2012, some investment products listed on foreign exchanges, certain collective investment schemes (i.e. some unit trusts) and some sub-funds of investment-linked life insurance policies will not be considered as SIPs provided they meet certain requirements. Check with your financial institution to find out whether a product is an SIP. For information on the requirements in place when transacting SIPs, please refer to Consumer Guide on SIP Requirements.
    • Bonds
      Bonds are a form of borrowing. They are debt securities issued by borrowers such as governments or companies seeking to raise funds from the financial markets. They are also known as fixed income securities because most bonds pay a steady stream of interest income at periodic intervals throughout the life of the bond. Read more..
    • Shares
      Shares are issued by companies to raise capital or financing from investors. When you buy a company’s shares, you become a shareholder of the company. Shareholders are usually entitled to a share of any dividends that are declared and paid. Read more..
    • Unit Trusts
      If you invest in a unit trust or fund, your money is pooled with money from other investors and invested in a portfolio of assets according to the fund’s stated investment objective and investment approach. In Singapore, local and foreign funds offered to retail investors are regulated as collective investment schemes. The unit trust or fund is managed by a fund manager. Read more..
    • Traded Life Policies
      A traded life policy (“TLP”) is a life policy that has been sold by the original policy owner to an investor other than the insurer itself. TLPs are also commonly known as ‘second-hand’ life policies. Read more here..
    • Exchange Traded Funds
      Exchange traded funds (ETFs) are open-ended investment funds listed and traded on a stock exchange. Your money is pooled with money from other investors and invested according to the ETF’s stated investment objective. Read more here..
    • Real Estate Investment Trusts
      Real Estate Investment Trusts (REITs) are often described as instruments that offer investors the opportunity to invest in a professionally managed portfolio of real estate, through the purchase of a publicly-traded investment product. Individuals invest in a REIT by purchasing units of the trust, similar to shares of a common stock. Read more..
    • Structured Deposits
      A structured deposit combines a deposit with an investment product. The return on a structured deposit depends on the performance of an underlying financial asset, product or benchmark. Read more here..
    • Contract for Differences
      A CFD allows you to speculate on future market movements of the underlying asset, without actually owning or taking physical delivery of the underlying asset. Read more here.
    • Investment-Linked Insurance Policies
      Investment-linked insurance policies (ILPs) have both life insurance and investment components. Your premiums are used to pay for units in investment–linked fund(s) of your choice. Some of the units you buy are then sold to pay for insurance and other charges, while the rest remain invested. Read more here..
    တရုတ်စတိုင် အကျင့်ပျက်ခြစားမှု
    လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လျိုကျီကျွင်း ဟာ တရုတ်နိုင်ငံရဲ့ မီးရထားဝန်ကြီးဖြစ်လာပြီး တရုတ်နိုင်ငံ မှာ မြန်နှုန်းမြင့် ကျည်ဆန်ရထား ကွန်ရက်ကြီး ထူထောင်ကာ ခုန်ပျံကျော်လွှား တိုးတက်ဖို့ ကြံဆောင်ခဲ့ပါတယ်။ အဲဒီစီမံကိန်း ကြီးကြောင့်သူရဲ့ဝင်ငွေဟာလဲခုန်ပျံ ကျော်လွှားပြီး တိုးပွားခဲ့ ရပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့နှစ် ဖေဖော် ၀ါရီလမှတော့ သူ့ကိုလာဘ်စားမှုနဲ့ ဖမ်းဆီးပြီး တရားစွဲ ဆိုခဲ့ပါတယ်။သူရယူခဲ့တဲ့ လာဘ်ငွေပေါင်း ဟာ အမေရိကန်ဒေါ်လာသန်း ၁၂၀ ခန့်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ သူ့ကို ဖမ်းဆီးပြီးနောက် ၅ လကြာတဲ့အခါ တရုတ်နိုင်ငံ အရှေ့ပိုင်း ၀ိန်ကျိုး မြို့အနီးမှာ ကျည်ဆန်ရထားတစ်စီး အရှိန်လွန် တိမ်းမှောက်မှု ကြီး ဖြစ်ပွားခဲ့ ပါတယ်။ ခရီးသည် ၄၀ သေဆုံးခဲ့ရပြီး ၁၉၀ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့တဲ့အခါ လျိုကျီကျွင်းအပေါ် အပြစ်တွေပိုပြီး ပုံကျ လာခဲ့ရပါတယ်။
    လျိုကျီကျွင်းရဲ့ခြစားမှုကြီးဟာ မော်စီတုန်း ခေတ်လွန်တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲတဲ့ မသမာမှု ကြီးတွေထဲက ဥပမာတစ်ခုပဲဖြစ်ပါတယ်။ တရုတ် နိုင်ငံ ဗဟိုဘဏ်ကြီးရဲ့ အစီရင်ခံစာတစ်စောင် မှာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ် အထိအကျင့် ပျက်ခြစား မှုတွေကြောင့် အစိုးရအရာရှိပေါင်း ၁၆၀၀၀ ကို အရေးယူခဲ့ရပြီး သူတို့ရဲ့ ခြစား မှု တွေရဲ့ တန်ဖိုးဟာအကြမ်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၅ ဘီလီယံခန့်ရှိတယ် လို့ ဖော်ပြ ထားပါတယ်။ေ လာလောဆယ်တရုတ်နိုင်ငံ အမျိုး သား စာရင်းစစ်ရုံး (NAO) ရဲ့ အစီရင်ခံစာ အရ အစိုးရကအိမ်ရာေ ထာက်ပံ့ကြေးတွေထုတ် ပေးရာ မှာ တရုတ်အရာရှိတွေရဲ့ လာဘ်စားမှု ဟာ အမေရိကန်ဒေါ်လာ ၄၇၁ သန်းနီး ပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလဲ အဲဒီစာ ရင်းစစ်ရုံးရဲ့ ခန့်မှန်းချက်အရ ၂၀၀၅ ခုနှစ် တစ်နှစ် တည်းမှာပဲ အစိုးရရဲ့ ၀င်ငွေအမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ လောက်ဟာအလွဲသုံးစားမှုနဲ့ မသမာ ခြစား မှုတွေကြောင့် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် ကာနေဂျီ နိုင်ငံတကာ ငြိမ်းရေးအဖွဲ့ရဲ့ လေ့လာချက်တစ်ခု အရအကျင့် ပျက်ခြစားမှုတွေကြောင့် တရုတ်နိုင်ငံ GDP ရဲ့ ၃ ရာခိုင်နှုန်းခန့် ရှိတဲ့ငွေကြေး တန်ဖိုးဟာ ဆုံးရှုံး နစ်နာနေခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီနှုန်း အရဆိုရင် ၂၀၀၃ ခုနှစ်က အကျင့်ပျက်ခြစားမှု တွေ ကြောင့်အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံ ဆုံးရှုံးနိုင်ပြီး ၂၀၁၂ ခုနှစ်မှာဆိုရင် ဒေါ်လာဘီလီယံ ၂၀၀ ခန့် ရှိနိုင်ပါတယ်။
    ပေကျင်းမြို့ရှိ တရုတ်နိုင်ငံ အုပ်ချုပ်ရေး ပညာတက္ကသိုလ်မှ လူထုမူဝါဒ ဆိုင်ရာဘာသာ ရပ်ပါမောက္ခကျူးလီဂျာ က "မသမာတဲ့နည်းလမ်း တွေနဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ယနေ့ဗျူရို ကရေစီအုပ်ချုပ်ရေးယန္တရားမှာ အမြစ်တွယ်နေပြီး အကြီးတန်းအရာရှိကြီးတွေ အတွက် အခွင့်အရေး တစ်ရပ်လိုဖြစ်နေပါ တယ်။ ရှေးခေတ်က တရုတ် နိုင်ငံမှာ ဧကရာဇ်ဘုရင်ကြီးတစ်ပါးရှိခဲ့ပေမဲ့ ယခု အခါ ထောင်ပေါင်းများစွာရှိပြီးနေရာတကာ မှာလဲ တွေ့နေရတယ်လို့" ထောက်ပြထားပါတယ်။
    (၁၈) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်မကျင်းပမီလအနည်းငယ်တွင်းထိပ်တန်း တရုတ်ပါတီခေါင်းဆောင် နှစ်ဦးရဲ့ အကျင့်ပျက် ခြစားမှုကြီး တွေပေါ်ပေါက်လာခဲ့ပါတယ်။ ပထမ တစ်မှုကတော့ အလုပ်အမှုဆောင် ကော်မတီဝင် ပိုရှီလိုင် (Boxilai) နဲ့ ဇနီးဖြစ်သူ ပိုကုခိုင်လိုင်တို့ရဲ့ မသမာမှုတွေပဲ ဖြစ်ပါ တယ်။ ပိုရှီလိုင်တာဝန်ထမ်း ဆောင်ခဲ့တဲ့ ချုံချိန်မြို့တော်ဟာ တရုတ်နိုင်ငံမှာ ခေတ်မီတိုးတက်တဲ့ မြို့တော်တစ်ခုဖြစ် ပါတယ်။ ပိုရှီလိုင်ရဲ့ တရားဝင်ရရှိတဲ့ လခဟာ အမေရိကန် ဒေါ်လာ ၁၆၀၀ သာရှိပေမဲ့ သူရဲ့သားနဲ့ဇနီးတို့ ဟာ ပေကျင်းမြို့တော်ကြီးမှာ ဇိမ်ခံကားတွေကို ထည်လဲစီးပြီးသွားလာလှုပ်ရှားခဲ့ပါတယ်။ ပိုရှီလိုင်ရဲ့ ဇနီးကုခိုင်လိုင်ဟာအလွဲသုံး စားမှုတွေကျူးလွန်ခဲ့တဲ့ အပြင် ဗြိတိသျှလူမျိုး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို ၀ိုင်အရက်တွင်းအဆိပ်ခတ်သတ်ဖြတ် မှုအတွက်အဓိကတာဝန်ရှိသူဖြစ်ခဲ့ပါတယ်။ ချုံချိန် မြို့တော်ရဲ့ ရဲတပ်ဖွဲ့အကြီး အကဲဝမ်လီကျွင်းဟာ ပိုရှီ လိုင်နဲ့ဇနီးကုခိုင်လိုင်တို့ရဲ့ ရန်ကကြောက်ရွံ့ လာပြီး ချန်ဒူမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး ကို ခိုလှုံခဲ့ရာကနေ အဲဒီမသမာမှုကြီး တွေဟာဖုံးဖိလို့ မရတော့ဘဲပေါ်ပေါက် လာခဲ့ရပါတယ်။ ပိုရှီလိုင် ရဲ့ တရားမဲ့ ပြုကျင့်မှုတွေ၊ အလွန်အကျွံလုပ်ဆောင် မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို လူအများသိရှိ လာခဲ့ကြပါတယ်။ မကြာသေးမီကပဲ ပိုရှီလိုင်ရဲ့ဇနီး ကိုလူသတ်မှုနဲ့ပြည်သူ့တရားရုံး ကစစ်ဆေးပြီး ပြစ်မှု ထင်ရှားတဲ့အတွက် သေဒဏ် ချမှတ်ခဲ့ပါတယ်။ ပိုရှီလိုင် ကိုလဲလာဘ်ငွေ အမြောက်အမြား ယူခဲ့မှု စွပ်စွဲချက်နဲ့ပါတီက ထုတ်ပယ်ခဲ့ပါတယ်။
    လွန်ခဲ့တဲ့နှစ်အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ် New York Times သတင်းစာကြီး မှာ ယခင်တရုတ်ဝန်ကြီး ချုပ်ဟောင်းဝမ်ကြားပေါင်ရဲ့ မိသားစု လျှို့ဝှက်ပိုင်ဆိုင်ထားတဲ့ ဓနဥစ္စာအရပ် ရပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ အနည်းဆုံးရှိတယ်လို့ ဖော်ထုတ်ခဲ့ပါ တယ်။ ၀မ်မိသားစုဟာ စိန်ရောင်းဝယ်ရေးလုပ်ငန်း နဲ့ အာမခံ လုပ်ငန်းတွေကရရှိလာတဲ့ ၀င်ငွေတွေနဲ့ ယခုလိုချမ်းသာကြွယ်ဝလာတယ်လို့ ထောက်ပြ ထားပါတယ်။ ၀မ်ကြားပေါင်ရဲ့ဇနီး ဇန်ပိုင်လီဟာ ၀မ်ကဲ့သို့ဘူမိဗေဒပညာရှင် တစ်ဦးဖြစ်ပြီးစိန်ရောင်း ၀ယ်ရေးလုပ်ငန်းကို ပိုင်ဆိုင်ထားပါတယ်။ဒါ့အပြင် ၀မ်နဲ့သားနှစ်ဦးဟာလဲ စီးပွားရေးလုပ်ငန်း တွေ ကိုယ်စီကိုယ်ငှ ရှိကြတယ် လို့ဆိုပါတယ်။
    လက်ရှိတရုတ်နိုင်ငံ ခေါင်းဆောင် သစ်ရှီ ကျင်ပင်းက ပေါ်လစ်ဗျူရိုအဖွဲ့ကို ပထမဆုံး မိန့်ခွန်း ပြောကြားရာမှာ "မကြာမီနှစ်တွေအတွင်း ကတချို့နိုင်ငံတွေမှာ မျိုသိပ်ထားခဲ့ကြတဲ့ ပြဿနာ တွေ ပွင့်ထွက်လာရာမှ လူထုအုံကြွမှု တွေဖြစ်ပေါ် ကာ လူမှုရေးပဋိပက္ခတွေ ကတစ်ဆင့်အစိုးရတွေ ပြုတ်ကျခဲ့ရပါတယ်။ ဒီလိုပြုတ်ကျရတဲ့ အဓိကအ ကြောင်းအရင်းဟာ အဲဒီနိုင်ငံတွေမှာ လာဘ်ပေး လာဘ်ယူမှုနဲ့အဂတိ လိုက်စားမှုတွေ ထူပြောခဲ့ လို့ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံမှာလဲ အဂတိလိုက် စားမှုဆိုးဆိုးရွားရွားကြီးထွားလာရင် ပါတီနဲ့နိုင်ငံပါ ကျဆုံးဖို့ ဖြစ်လာနိုင်တာကို တွေ့ရှိရတဲ့အချက် အလက်တွေက ဖော်ပြနေပါတယ်။ သတိထား ပြီး စောင့်ကြည့်နေကြဖို့ လိုပါတယ်။ လွန်ခဲ့တဲ့နှစ် ကာလအနည်းငယ်အတွင်းမှာ စည်းကမ်းနဲ့ဥပဒေ ဖောက် ဖျက်မှုတွေ ဆိုးဆိုးရွားရွားရှိခဲ့ပြီး အန္တရာယ် ကြီးမားကာ နိုင်ငံရေးအရလဲ စည်းရုံးရေးပျက်ပြား စေခဲ့ ပြီး ပြည်သူလူထုကိုလဲ အထူးတုန်လှုပ်စေခဲ့ တယ်" လို့ပြောကြားခဲ့ကြောင်း ပါခင်ဗျား။ ။
    Ref:commercejournal
    HS.Code လိုင်းများအရ သွင်းကုန်အမယ် ၅၉၃ မျိုးအား တင်သွင်းခွင့်လိုင်စင်လျှောက်ထားရန်မလိုတော့ပါ
    ကုန်သွယ်မှုပမာဏတိုးတက် ရေးနဲ့ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေ ရေးတို့အတွက် ကုန်ပစ္စည်းလျှောက် ထားမှုများအားအဆင့်ဆင့် ဖြေလျော့ ခွင့်ပြုပေးခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့် ကြေညာစာအမှတ် ၁၆/၂၀၁၃ နဲ့ ကုန်ပစ္စည်း ၁၆၆မျိုး အားတင်သွင်းခွင့်လိုင်စင် လျှောက်ထားရန်မလိုအပ် တဲ့ ကုန် ပစ္စည်းများအဖြစ် ခွင့်ပြုသတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။
    ယခုအခါ သွင်းကုန် ၁၆၆ မျိုး အားံ H.S Code လိုင်းများအရပြန်လည် စိစစ်ရာမှာ အမယ် ၅၉၃ မျိုးဟာ လိုင်စင်လျှောက်ထားရန်မလိုဘဲတင်သွင်း ခွင့်ရရှိသွားပြီ လို့သိရပါတယ်။ ကုန် သည်လုပ်ငန်းရှင်များအနေ
    နဲ့ ဖြေလျော့ခွင့်ပြုထားတဲ့အမယ် ၅၉၃မျိုးအားတင် သွင်းမှုပြုရာမှာကုန်သွယ်မှုလုပ်ထုံးလုပ် နည်းများနဲ့အညီ လိုက်နာဆောင် ရွက် ကြရန် အသိပေးလိုက်ရပါတယ်။
    သွင်းကုန်အမယ် ၅၉၃မျိုးမှာ ပါဝင် တဲ့ပစ္စည်းအများစုဟာလူသုံးကုန်၊ စက် မှုကုန်ကြမ်း၊ လုပ်ငန်းသုံး၊ အိမ်သုံး၊ သစ်သီးဝလံ၊လျှပ်စစ်ပစ္စည်း၊ယာဉ်/စက် ပစ္စည်း၊ အပိုပစ္စည်း၊ ဆက်စပ်ပစ္စည်းများ၊အားကစားပစ္စည်းများ ဖြစ်ကြတာ ကို တွေ့ရပါတယ်။
    နမူနာအားဖြင့် မီးဖိုချောင်သုံးစတီးပစ္စည်း၊ စတီးထမင်းချိုင့်၊ ဟင်းချက် အိုး၊ ထမင်းပေါင်းအိုး၊ Gas မီးဖို၊ ဖိနပ် ကုန်ကြမ်း၊ ဖိနပ် (အားကစား၊ သားရေ/ အခြားဆိုးလ်၊ ရော်ဘာ၊ ပလတ်စတစ်) ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆပ်ပြာ မှုန့်၊ ဆပ်ပြာမှုန့်ကုန်ကြမ်း၊ ဆပ်ပြာရည်၊ ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်ကုန်ကြမ်း၊ ဂျုံစေ့၊ ကမုတ်၊ ရေချိုးခန်းသုံးပစ္စည်း၊ သုတ်ဆေး၊ပေါလစ်၊ရေနံထွက်ဖယောင်း၊ အိတ်အမျိုးမျိုး (သားရေ)၊ (fibre/ ဘိုးလင်း) ဖြင့်ပြုလုပ်ထားသောစက္ကူ အိတ်များ၊ကား/စက်ဘီး/ဆိုင်ကယ် တာယာ၊ ကျွတ်များ၊ ကျွတ်မျိုးစုံ၊ လေ ယာဉ်/ဆိုင်ကယ်တာယာများ၊ စက်ဘီး အမျိုးမျိုး၊ စက်ဘီးအပိုပစ္စည်းအမျိုးမျိုး၊ ဘတ်ထရီခြောက်၊ဆောက်လုပ်ရေးလုပ်ငန်းသုံးအင်္ဂတေအမိုးပြား၊ ကြွေပြားမျိုး စုံ၊ကြွေပွတ်လုံး၊ကြွေအိမ်ဆောက်ပစ္စည်း ကြွေထည်အမျိုမျိုး၊ မှန်ပြား၊ မှန်အမျိုး မျိုး၊ သံဘောင်၊ စတီးဘောင်အမျိုးမျိုး၊ သွပ်ပြား (စတီးပြား)၊ မျက်နှာကြက်ပြား၊ U,I,4 Shaped သံဘောင်များ၊ အမိုး ရိုက်သံ၊ အလျူမီနီယံ၊ မီးဖိုချောင်သုံး အလျူမီနီယမ်၊ဆိုးဆေး၊ ပေါင်းသတ်ရာ မှာသုံးတဲ့ပစ္စည်း၊ အလှကုန်၊ မျက်နှာကြက် ပြား၊ ဓာတ်ခဲကုန်ကြမ်း၊ သံကြိုးခွေ၊ သံချိန်းကြိုး၊ စတီးပြားလိပ်၊ သံပြားလိပ်၊ သံပိုက်၊ သွပ်ရေစိမ်စတီးပြား၊ စတီးပိုက်၊ ပိုက်ဆက်ပစ္စည်း၊ သွပ်ရေစိမ်သံပြား လိပ်၊ သံခွေ၊ အိမ်သုံးပစ္စည်း အမျိုးမျိုး၊ ပရိဘောဂ (သတ္တု/သစ်သား/ပလတ်စ တစ်/ကြိမ်/၀ါး)၊ ပရိဘောဂအပို ပစ္စည်း၊ မွေ့ယာနဲ့မွေ့ယာ အပိုပစ္စည်း၊ ရေပူရေအေး စက်၊ စာရေးကိရိယာ၊ စက္ကူအမျိုးမျိုး၊ တစ်ရှူး၊ တစ်ခါသုံးစက္ကူလက်ကိုင်ပ၀ါ၊ ballpen၊ ခဲတံ၊ ခဲဖျက်၊ ကတ်ထူပုံနှိပ် စက္ကူ၊ နံရံကပ်စက္ကူ၊ ပုံနှိပ်မင်၊ Stepler pin ၊ လုပ်ငန်းသုံးကွန်ပျူတာ၊ Lap Top၊ ဂျုံစေ့၊ နေကြာစေ့၊ ရနံ့ဆီအမျိုး မျိုး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ချည် အမျိုးမျိုး၊ ပိတ်စအမျိုးမျိုး၊ ချည်လုံး၊ နိုင် လွန်ချည်၊ မီးစက်၊ မီးအားထိန်းစက်၊ 20 KW Transformer နဲ့အပိုပစ္စည်း၊ထရန် စဖော်မာကွိုင်ပြုလုပ်ရန်သံပြား၊ လျှပ်စစ် သုံးမော်တာ၊ LCD/LED TV၊ ရောင်စုံ TV၊ Video ပြစက် စသည်
    တို့ ပါရှိပါ တယ်။
    အသေးစိတ်စာရင်းကို နေပြည် တော်၊ ရန်ကုန်နဲ့ကူးသန်း ရောင်းဝယ် ရေးစခန်းများမှာ စုံစမ်းနိုင်ပါကြောင်း အသိပေးလိုက်ရပါတယ်။
    ပန် (DCCA)
    Ref:commercejournal