Popular Posts

Showing posts with label စွမ်းအင်. Show all posts
Showing posts with label စွမ်းအင်. Show all posts

Monday, 18 March 2019

လူဦးရေ ၅ သန်းကျော်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် ဓာတ်အားပေးစက်ရုံဖွင့်လှစ်


သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ထိုစက်ရုံသည် မြန်မာနိုင်ငံတွင် အကြီးဆုံး combined-cycle gas turbine များထဲမှ တစ်ခုဖြစ်သည်။ ဓာတ်ပုံ-supply 
 Monday, March 18, 2019 


ကျော်လင်းထွန်း

လူဦးရေငါးသန်းကျော်အတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအား မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှ မတ် ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

အဆိုပါစက်ရုံကို စင်ကာပူအခြေစိုက် ဘက်စုံပေါင်းစပ်ထားသည့် ဦးဆောင်စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော Sembcorp Industries အုပ်စုက အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့ခြင်းဖြစ်စသည်။ စက်ရုံကို ပြီးခဲ့သည့်နှစ်ခဲ့ပြီးနောက် ယခုအခါ တရားဝင်ဖွင့်လှစ်ခြင်းဖြစ်သည်။

Sembcorp Myingyan Independent Power Plant (IPP) ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စင်ကာပူနိုင်ငံ ကုန်သွယ်/စက်မှု နှင့် ပညာရေးဝန်ကြီးဌာ အကြီးတန်းဝန်ကြီး မစ္စတာ ချီဟောင်တက်တို့ တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့သည်။

သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ထိုစက်ရုံသည် မြန်မာနိုင်ငံတွင် အကြီးဆုံး combined-cycle gas turbine များထဲမှ တစ်ခုဖြစ်ကာ ကာဘွန်ထုတ်လွှတ်မှုကို အနည်းဆုံးထိ လျှော့ချပေးနိုင်သည့် အဆင့်မြင့် နည်းပညာများအသုံးပြုထားဟု ဆိုသည်။

“ကျွန်တော်တို့ Sembcorp အနေနဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်စီမံကိန်းတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းမှုမူဘောင်ရဲ့ ပထမဆုံး အသီးအပွင့်တွေကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့တဲ့  ဓာတ်အားပေးစက်ရုံကို အများပြည်သူသို့ ချပြမိတ်ဆက်ခွင့်ရတဲ့အတွက် ပီတိဖြစ်မိပါတယ်” ဟု Sembcorp Industries ၏ အုပ်စုဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် နီးလ်မက်ဂရက်ဂါက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

စက်ရုံက တစ်နှစ်လျှင် လျှပ်စစ် ဓာတ်အား  ၁,၅၀၀ မဂ္ဂါဝပ်နာရီခန့် ထုတ်လုပ်ပေးသွားမည် ဖြစ်ရာ ယင်းပမာဏမှာ လူဦးရေ ၅ ဒသမ ၃ သန်းခန့်အတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အား ပမာဏဖြစ်သည်ဟု ဆိုသည်။

Sembcorp Myingyan စီမံကိန်းသည် စင်ကာပူနိုင်င်နှင့် မြန်မာနိုင်ငံအကြား အထင်ကရ ပူးပေါင်းဆောင်ရွက်မှုဖြစ်သကဲ့သို့ နှစ်နိုင်ငံနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများအကြား ရင်းနှီးသည့်  စီးပွားမိတ်ဖက်ဆက်ဆံရေးကရသည့် အသီးအပွင့် ရလဒ်လည်း ဖြစ်ကြောင်း စင်ကာပူလုပ်ငန်းရှင်များအဖွဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် တန်ဆွန်ကင်မ်က ပြောကြားသည်။

ထို့အပြင် ယခုဓာတ်အားပေးစက်ရုံသစ်သည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးတွင် စင်ကာပူကုမ္ပဏီများ၏ ပူးပေါင်းလုပ်ဆောင်နိုင်ကြပုံနှင့် နှစ်နိုင်ငံဆက်နွယ်မှု တစ်စထက်တစ်စ ကြီးထွားလာနေမှု၏ သက်သေလည်း ဖြစ်ကာ “စင်ကာပူလုပ်ငန်းရှင်များအဖွဲ့ဟာ ယခုလိုမျိုး အခြေခံကျတဲ့ စီမံကိန်းတွေမှာ စင်ကာပူကုမ္ပဏီတွေ ပိုမိုပါဝင်လာနိုင်ဖို့ ကူညီနေဦးမှာပါ” ဟု ၎င်းက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံသံမဏိစက်ရုံအနီးတွင် တည်ရှိသည့် အဆိုပါစက်ရုံ စီမံကိန်းအတွက် သဘောတူညီချက်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်နှင့် Sembcorp ၏ အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်သူ Mr Tan Cheng Guan တို့က နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်အရ စက်ရုံကို Sembcorp Myingyan Power Co. က ၂၂ နှစ်ကြာ စီမံခန့်ခွဲ လည်ပတ်ပြီးနောက် မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

ထိုစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank)၊ Asian Infrastructure Investment Bank၊ Clifford Capital၊ DBS Bank Ltd၊ DZ Bank၊ International Finance Corporation နှင့် Oversea-Chinese Banking Corporation တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘဏ္ဍာရေးထောက်ပံ့မှုများကိုလည်းရရှိခဲ့သည်။

Ref:https://frontiermyanmar.net/mm/news/13696#.XI8RbfLhReo.facebook

မိုဘိုင်းဖုန်းမှာ အမ်ပီတီကို ဂျပန် ဆူမီတိုမိုကုမဏီက အပိုင်စီးလိုက်ပြီ


.
မိုဘိုင်းဖုန်းမှာ အမ်ပီတီကို ဂျပန် ဆူမီတိုမိုကုမဏီက အပိုင်စီးလိုက်ပြီ သတင်းနဲ့အတူ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှတ်နှံမှုတွေဟာ ဂျပန်အစိုးရရဲ့ ဂျိုင်ကာ JICA နဲ့အတူ တဟုန်ထိုးဝင်လာပါတော့တယ်။ ပထမဆုံး ဂျပန်ရဲ့ အကူအညီကတော့ ဒေါ်လာ သန်းတစ်ထောင် အကူအညီ Grant နဲ့ မြန်မာနိုင်ငံ ၁၉၈၇ ကတည်းက မပေးနိုင်တဲ့ အကြွေးတွေကို ဂျပန်ကတဆင့် အာရှဘဏ်၊ ကမ္ဘာ့ဘဏ် တွေကို ပေးချေလိုက်ခြင်းဖြစ်ပါတယ်။ 

ဇန္န၀ါရီ ၂၀၁၃ မှာ ဂျပန်အစိုးရရဲ့ အိုဒီအေ ODA Loan နဲ့ အရေးကြီးတဲ့အကြွေးတွေ အကြေဆပ်လိုက်တော့မှပဲ မြန်မာနိုင်ငံ အကြွေးနွံ့အောက်နစ်နေတာ ကယ်ထုတ်နိုင်လိုက်ပါတယ်။.

JICA အကြောင်း မလေ့လာခင် LDC ဆင်းရဲမွဲတေနိုင်ငံ ဆိုတာဘာလဲ သိဖို့လိုပါတယ်။ မိမိနိုင်ငံဟာ ကုလသမဂ္ဂ သတ်မှတ်ချက်အရ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံစာရင်းက မလွတ်သေးကြောင်း၊ ၃နှစ်တခါ သုံးသပ်ချိန်မှာ မြန်မာနိုင်ငံကို ၂၀၁၄ မှာ LDC အဆင့်က လွတ်ဖို့ ဦးသိန်းစိန်အစိုးရက မျှော်လင့်ခဲ့ပေမဲ့ အခုထိ ၂၀၁၇ မှာလဲ မလွတ်သေးပါဘူး။ အာစီယံ၎နိုင်ငံ မြန်မာ၊ ကမ္ဘောဒီယား ၊ လာအို၊ အရှေ့တိမော နဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံများက လက်ရှိ LDC များဖြစ်ပါတယ်။ (၃)ချက်နဲ့ သတ်မှတ်တော့ (၁) GNI per capital = $1190 ဖြစ်လို့ သတ်မှတ်ထားတဲ့ $1250 မီတော့ပါမယ်။ (၂) လူတွေရဲ့အဆင့်အတန်း ကျန်းမာရေး၊ပညာရေး၊ အဟာရ အဆင့်မှာလဲ မှီဖို့လိုပါတယ်။ (၃) စီးပွားရေးတည်ငြိမ်မှုတို့ အားလုံးအဆင့်မီရင် ၂၀၂၀ မှာ မြန်မာနိုင်ငံ LDC က လွတ်မယ်ဖြစ်ပါတယ်။ 
.
JICA ဂျပန် နောက်ဆုံးချေးငွေက ဘလူချောင်းရေအားလျှပ်စစ် ၁၉၈၇ Y3,530 billion ဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံက ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ LDC အဖြစ်ကြေငြာခဲ့လို့ ဆက်မချေးတော့ပါဘူး။  နှစ်ပေါင်းများစွာ မပေးခဲ့တဲ့ အကြွေးများ ပေးချေပြီးတာနဲ့ချက်ခြင်း အေဒီဘီ ADB က ဒေါ်လာ ၅၁၂သန်း ချေးငွေအသစ် စတင်ပေးပါတယ်။ ကမ္ဘာ့ ဘဏ်ကလည်း အလားတူ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ဒေါ်လာသန်း ၄၄၀ ချေးပေးမယ် ကြေငြာပါတော့တယ်။ 
.
.
ဂျပန်အစိုးရ JICA Japan International Cooperation Agency
သူတို့ဝက်ဆိုဒ် www.jica.go.jp မှာ အလွန်ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ ရည်ရွယ်ချက်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာ၊ ငွေကြေးနဲ့ ဂျပန်အစိုးရက စတင်ကူညီပြီး၊ ဂျပန်ကုမဏီများ စီးပွားရေးလာလုပ်ဖို့ အားပေးခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် ဂျပန်ရဲ့ စီးပွားရေးနဲ့ သြဇာထူထောင်ခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ငွေစာရင်းများနဲ့ ချေးငွေနဲ့လုပ်တဲ့ စီမံကိန်းများကို ဘယ်လိုထိန်းသိမ်းမလဲ၊ အထူးသဖြင့် ခြစားမှုအနည်းဆုံးဖြစ်အောင် ကာကွယ်စနစ်များကို အသေးစိတ် နီးပါး ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ သီလ၀ါစက်မှုဇုံ SEZ ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်စာချုပ်ပြီး နိုင်ငံခြားကုမဏီများကို ဆွဲဆောင်ဖို့ P.P.P လို့ခေါ်တဲ့ Public Private Partnership သင်တန်းပုံစံ လုပ်ဆောင်နေပါတယ်။ 
.
JICA 2017 Report (စာမျက်နှာ ၁၃၇) မှာ ဂျပန်အစိုးရရဲ့ ဂျိုင်ကာအဖွဲ့ တကမ္ဘာလုံးကို ဘယ်လိုကူညီလုပ်ဆောင်နေမှုများ ရေးသားထားပါတယ်။ ဂျိုင်ကာအဖွဲ့မှာ ၀န်ထမ်းပေါင်း ၁၈၄၅ ဦးရှိပြီး ၉၇ နိုင်ငံမှာ ရုံးဖွင့်ထားပါတယ်။ ၁၉၇၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ခေတ်နဲ့အညီ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Grants(အကူအညီ) – Y98.0 billion, Technical Assistance(နည်းပညာအကူညီ) – Y207.7 billion, Finance & Investment(ချေးငွေနဲ့ရင်းနှီးမြှတ်နှံမှု) – Y1485.8 billion၊  စုစုပေါင်း Y1791.5 billion = US$16.5 billion ဖြစ်ပါတယ်။ ချေးငွေကိုတော့ ဂျပန်အစိုးရ ODA Loan ကရယူပြီး၊ ရင်းနှီးမြှတ်နှံမှုကိုတော့ ဂျပန်ကုမဏီများကို လိုက်ရှာဖွေ ရင်းနှီးမြှတ်နှံစေပါတယ်။ အရှေ့တောင်အာရှအတွက် ၂၀၁၆ မှာ စုစုပေါင်း Y363.6 billion အသုံးပြုခဲ့တာ ဗီယက်နမ်နိုင်ငံက အများဆုံး Y185.7 billion ရပြီး၊ မြန်မာနိုင်ငံက Y30.3 billion = အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈၀ ရရှိပါတယ်။

.
JICA ဂျပန်အကူညီ အများဆုံးရတဲ့ အရှေ့တောင်အာရှနိုင်ငံက ဗီယက်နမ်ဖြစ်ပါတယ်။ စုစုပေါင်းငွေရဲ့ ၅၂.၂%ကို ဗီယက်နမ် ရရှိထားပြီး၊ မြန်မာနိုင်ငံကတော့ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများပြီးရင် စတ္တုထ အများဆုံး ၈.၇% ပဲရတဲ့ နိုင်ငံဖြစ်ပါတယ်။ (ပုံ - JICA 2017 Report)
..



မြန်မာ ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးလုပ်ငန်းအတွက်
မြန်မာနိုင်ငံ တိုးတက်ကြီးပွားအောင် လူသားအရင်းအမြစ်ကို ပျိုးထောင်ရမယ်၊ လူတွေကို သင်ပေးဖို့ လက်တွေ့ စီမံကိန်းကြီးတွေကို ချေးငွေ၊ ကူညီငွေ၊ ရင်းနှီးမြှတ်နှံငွေများနဲ့ နိုင်ငံခြားသားများ တည်ဆောက်နေစဉ် မြန်မာများက လေ့လာ၊ အတူလုပ်ကိုင်ခွင့် ရကို ရမှ ဖြစ်ပါမယ်။ မြန်မာများဟာ လုပ်ငန်းကြွမ်းကျင်မှု မရှိတာများတဲ့အတွက် စီမံကိန်းများအတူလုပ်ရင် အပြင်းအထန် လေ့လာသင်ယူရပါတယ်။ 
.
စီမံကိန်းကြီးများ လုပ်ဆောင်ဖို့ နည်းပညာအကူအညီများ၊ သင်တန်းများ တက်ရပါတယ်။ နောက်တဆင့်ကတော့ စီမံကိန်းများတည်ဆောက်ရာမှာ ပါဝင်လုပ်ကိုင် သင်ကြားရပါတယ်။ စီမံကိန်းတည်ဆောက်ဖို့ ငွေရနိုင်တဲ့ နည်းလမ်းများကတော့ 
၁။ ချေးငွေများ Loan 
၂။ ရင်းနှီးမြှတ်နှံမှုများ FDI
၃။ ကုမဏီများရဲ့ P.P.P ရင်းနှီးမြှတ်နှံငွေများ ဖြစ်ပါတယ်။ 
Grant, Technical Co-operation စတဲ့ အကူအညီများကတော့ ငွေပမာဏ နည်းပါတယ်။ ချေးငွေများကတော့ စည်းကမ်းသတ်မှတ်ချက် များပြားတဲ့အတွက် မြန်မာနိုင်ငံကပညာရှင်များကို သင်တန်းများအဖြစ် သတ်မှတ်ရပါမယ်။ ရင်းနှီးမြှတ်နှံမှု FDI က အတော် အရေးကြီးပါတယ်။ ၂၀၁၈ အထိ မြန်မာနိုင်ငံ FDI ရင်းနှီးမြှတ်နှံငွေ ၇၇ ဘီလျံရရှိထားပေမဲ့ အရေးကြီးပြီး၊ အလုပ်ကိုင်ပေးတဲ့ ကုန်ထုတ်လုပ်ငန်း Manufacturing များဝင်လာဖို့ ကြိုးစားနေပါတယ်။ နောက်ဆုံး အကြီးမားဆုံးနဲ့ အမြန်ဆန်ဆုံးကတော့ P.P.P လို့ခေါ်တဲ့ နှစ်ရှည် (နှစ် ၃၀၊ ၄၀၊ ၅၀) ရင်းနှီးမြှတ်နှံမှုများ ဖြစ်ပါတယ်။ 
.
.
၁။ ချေးငွေများ Loan
အခြေခံလမ်းတံတား၊ လျှပ်စစ်၊ ဆင်းရဲမွဲတေမှု စတဲ့ လုပ်ငန်းများအတွက် ချေးငွေပေးကြပါတယ်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံသာမကဘူး အခွင့်အလမ်းရှိတဲ့ ကမ္ဘာ့ ပေါ်က နိုင်ငံတိုင်းကို ကူပံ့ငွေ Grant, နည်းပညာအကူညီ Technical Co-operation နဲ့ အစိုးရချေးငွေ ODA Loan အမြောက်အများ နဲ့ ၀င်ရောက်ပါတယ်။ တနည်းအားဖြင့် အဲဒီ ဖွံ့ဖြိုးဆဲနိုင်ငံများက လုပ်ငန်းများကို ဂျပန်ကုမဏီများ လာရောက်လုပ်ကိုင်စေပါတယ်။ အလားတူပဲ အာရှဘဏ် ADB မှာလဲ ဂျပန်နိုင်ငံက ရှယ်ယာအများပါဝင်ပါတယ်။  အမေရိကန် ကမ္ဘာ့ ဘဏ် အုပ်စု IDA နဲ့လည်း အမေရိကန်ကုမဏီများစွာ နောက်ကပါလာကြပါတယ်။ အစိုးရချင်း လုပ်ကိုင်မှ ကုမဏီတွေလဲ စိတ်ချလက်ချ ရှိမဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ 
.
အခု မတ်လ၊ ၂၀၁၈ ရောက်ချိန် ပြည်သူ့လွှတ်တော် ကြွေးမီအစီရင်ခံစာမှာ လက်ရှိ မြန်မာနိုင်ငံ တင်နေတဲ့ အကြွေး များ (ဒေါ်လာသန်းပေါင်း) ကတော့ တရုပ်နိုင်ငံ (၃၈၇၅)၊ ဂျပန်နိုင်ငံ (၂၁၃၂သန်း)၊ ကမ္ဘာ့ ဘဏ် (၉၁၆သန်း)၊ ဂျာမဏီ(၆၉၂သန်း)၊ အာရှဘဏ်(၅၂၂သန်း)၊ ပြင်သစ်(၄၆၂သန်း)၊ အခြား(၅၄၅သန်း) စုစုပေါင်း ၉.၁၄ ဘီလျှံ ရှိပါတယ်။ တရုပ်နိုင်ငံအကြွေးများကတော့ စစ်အစိုးရလက်ထက်က အတိုးနှုန်း အလွန်များပြားတဲ့ ချေးငွေများ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်အနည်းငယ်အတွင်း ဂျပန် JICA ကအများဆုံး ချေးပေး၊ ကူညီပေး နေတာကို တွေ့နိုင်ပါတယ်။ 
.
၂၀၁၆-၂၀၁၇ ဘတ်ဂျတ်မှာ ရရှိတဲ့ ချေးငွေများ(ဒေါ်လာသန်းပေါင်း)တွေကတော့ အာရှဘဏ်(၄၈၄သန်း)၊ အေအိုင်အက်ဖ်(၂၀သန်း)၊ အေအက်ဒီ(၄၂သန်း)၊ကမ္ဘာ့ ဘဏ်(၁၉၃သန်း)၊ ဂျိုင်ကာ(၁၁၁၅သန်း)  စုစုပေါင်း ဒေါ်လာ ၁၇၇၆သန်း ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံက ချေးငွေ အကူညီပေးမှုမှာ ထိပ်ဆုံးကို ရောက်နေပါတယ်။  မြန်မာနိုင်ငံ ချေးငွေမှတ်တမ်း ၂၀၁၇ အရ စုစုပေါင်း ဂျပန်ချေးငွေ ကန်ဒေါ်လာ ၂.၃၁ ဘီလျံ နဲ့ ဒုတိယအများဆုံး ငွေချေးပေးတဲ့ နိုင်ငံဖြစ်နေပါတယ်။ အခု ၂၀၁၇ နောက်ပိုင်းမှာ မြန်မာနဲ့ODA Loan စာချုပ်ပေါင်း (၇)ခု ထပ်မံချုပ်လိုက်တဲ့ တန်ဖိုးက Y125,021 = US$1157 million  ဖြစ်ပါတယ်။  ရန်ကုန်-မန္တလေးရထားလမ်း၊ ကျေးလက်ဖွံ့ဖြိုးရေး၊ မဟာဓါတ်အားလိုင်၊ ပဲခူးတံတား၊ လယ်ယာသားငါး၊ ရေအားလျှပ်စစ်(ဘလူးချောင်းနဲ့ဆည်တော်ကြီး) စတဲ့စီမံကိန်းကြီးများ ဖြစ်ပါတယ်။ ပိုများပြားလာတာ လက်ရှိ မြန်မာအစိုးရကို ပိုမိုယုံကြည်လာတယ်လို့ ဆိုရပါမယ်။ 
.
.
.
အမေရိကန် အထူးအရေးကြီးသည်၊ သို့သော်…
မြန်မာနိုင်ငံ ဘယ်လိုအစိုးရပဲ ပြောင်းပြောင်း၊ ချေးထားတဲ့ ငွေတွေ မဆုံးရှုံးရအောင် အရေးကြီးဆုံးက အမေရိကန်သဘောတူမှ ဖြစ်မှာပါ။ ဒါကြောင့် အာရှတိုက်က ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယားတို့က အမေရိကန်ထောက်ခံမှုနဲ့ သူတို့တိုင်းပြည်တိုးတက်သွားပါတယ်။ အမေရိကန်ကူညီလို့ ဆိုပေမဲ့ အမေရိကန်ကူညီပြီး ပိုဆိုးသွားတဲ့ အာဖကန်နစ္စတန်၊ အီရက် တို့အပြင် အာရှတိုက်က ဖိလစ်ပိုင်နိုင်ငံလဲ အမေရိကန်ဘယ်လောက် ကူညီပေမဲ့ စစ်အာဏာရှင် မားကိုးစ် (ဗိုလ်ချုပ်ကြီးဟောင်း) လက်ထက်မှာ ကမ်းကုန်အောင် ဆင်းရဲချမ်းသာ အလွန်ကွာခြားသွားခဲ့ပါတယ်။ အမေရိကန်နဲ့ အိမ်နီးချင်း မက္ကဆီကိုနိုင်ငံကို ကြည့်ပါ။ အစိုးရက အမေရိကန်လို မကောင်းတဲ့အတွက် အိမ်နီးခြင်းနိုင်ငံဖြစ်ပေမဲ့ မက္ကဆီကို နိုင်ငံသား သန်း၂၀လောက် အမေရိကန်နိုင်ငံမှာ တရားမ၀င် အလုပ်လာလုပ်နေကြရပါတယ်။ မြန်မာနဲ့ထိုင်းနိုင်ငံလိုပါပဲ၊ မြန်မာ ၄သန်းလောက် ထိုင်းနိုင်ငံကို အလုပ်သွားလုပ်နေရပါတယ်။ 
.
အမေရိကန်တွေ ကူညီတဲ့ အာဖရိကတိုက် အနောက်ဖက်ကမ်းခြေက လစ်ဘေးရီးယားနိုင်ငံလေး ဖြစ်ပါတယ်။ အမေရိကန်လို နိုင်ငံလေးတစ်ခု စံပြအဖြစ် အမေရိကန်ပြန် ပညာတတ်လူမည်းများက ၁၈၄၈ ခုနှစ်မှာ လစ်ဘေးရီးယားနိုင်ငံကို စနစ်တကျ တည်ထောင်ပါတယ်။ အမေရိကန်ဖွဲ့စည်းပုံနဲ့ အမေရိကန်အလံပုံစံ၊ အမေရိကန်စနစ်နဲ့ ပညာရေး၊ စီးပွားရေး ပျိုးထောင်ပါတယ်။ အာဖရိကတိုက်ရဲ့ ပထမဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား ၂၀မျိုးနဲ့ ရှုပ်ထွေးနေတဲ့ နိုင်ငံလေးမှာ အမေရိကန်ပြန်အုပ်စုနဲ့ ဒေသခံတိုင်းရင်းသားများအုပ်စု ယဉ်ကျေးမှုကွာခြားမှုများနဲ့ အဆင်မပြေပါ။ ၁၉၈၀ မှာတော့ စစ်တပ်က အာဏာသိမ်း၊ ပြည်တွင်းစစ်ဖြစ်ပြီး တိုင်းပြည်မွဲတေသွားပါတယ်။ ၂၀၀၃ မှာ ရွေးကောက်ခံအစိုးရဖြစ်လာပြီး ၂၀၁၇မှာ လစ်ဘေးရီးယားနိုင်ငံသား ကမ္ဘာကျော်ဘော်လုံးသမား ဂျောဝေးလ် George Wales သမ္မတဖြစ်လာပါတယ်။ အခုဆို လစ်ဘေးရီးယားနိုင်ငံ မြန်မာပြည်ထက် ၂ဆမက ဆင်းရဲမွဲတေနေပါတယ်။ လူဦးရေ ၄.၅သန်းမှာ ခရစ်ယန် ၈၅%၊ မွတ်ဆလင် ၁၂% ကိုးကွယ်ကြပါတယ်။
Ref:  https://en.wikipedia.org/wiki/Liberia
.
အမေရိကန်တွေ ကူညီတဲ့ အာရှနိုင်ငံများကို ကြည့်ရင် ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား နိုင်ငံများ မအောင်မြင်ပါဘူး။ အီရတ်နိုင်ငံကို စစ်ရေးနဲ့ဝင်ကူတော့ အရမ်းဆိုးဝါးသွားပါတယ်။ ထိုင်းနိုင်ငံကတော့ အမေရိကန်၊ ဂျပန် အားလုံးအကူညီများ၊ ရင်းနှီးမြှတ်နှံမှုများနဲ့ အောင်မြင်တယ်လို့ ပြောရပါမယ်။ အမေရိကန်အားဖြင့် အထူးအောင်မြင်တဲ့နိုင်ငံများကတော့ ဂျပန်(၁၉၄၅)၊ တိုင်ဝမ်(၁၉၄၉)၊ တောင်ကိုးရီးယား(၁၉၅၄) တို့ဖြစ်ပြီး နောက်ဆုံးနိုင်ငံကတော့ တရုပ်(၁၉၇၈) ဖြစ်ပါတယ်။ အထူးအောင်မြင်ဖို့ဆိုရင် နိုင်ငံရေးစနစ်ကောင်းပြီး၊ အဂတိနည်းပါးအောင် လုပ်နိုင်ဖို့လိုပါတယ်။  
.နိုင်ငံခေါင်းဆောင်တွေဟာ လူထုကြားက ထွက်ပေါ်လာရင်တော့ တိုင်းပြည်အမြန်ဆုံး တိုးတက်မှာပါ။  အမေရိကန်နိုင်ငံ၊ ဂျပန်၊ ဂျာမဏီ နိုင်ငံတွေက နည်းပညာနဲ့ ငွေချေး၊ ထောက်ပံ့နေပါစေ၊ မိမိခေါင်းဆောင် ကောင်း၊ စနစ်ကောင်းပါမှ အောင်မြင်မှာဖြစ်ပါတယ်။ 



.
.
၂။ ရင်းနှီးမြှတ်နှံမှုများ FDI
ချေးငွေနဲ့ထောက်ပံ့ခြင်းက ငွေချမ်းသာပြီး၊ သြဇာရှိတဲ့နိုင်ငံများ နိုင်ငံရေး၊ စီးပွားရေး ရေရှည်စီမံကိန်းဖြစ်ပါတယ်။ အစိုးရချင်းချေးငွေ၊ အစိုးရများကို နောက်ခံထားတဲ့ ADB, IDA, AFD, JICA, GIZ စတဲ့ အဖွဲ့အစည်းများက ချေးငွေများ ထုတ်ချေးပြီး၊ သူတို့နိုင်ငံက ကုမဏီများကို မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများထံ ရင်းနှီးမြှတ်နှံစေပါတယ်။ အခုခေတ်မှာ အရေးကြီးဆုံးက ရင်းနှီးမြှတ်နှံမှုဥပဒေဖြစ်ပြီး FDI လို့ခေါ်တဲ့ တိုက်ရိုက်ရင်းနှီးမြှတ်နှံမှု များများဝင်လာအောင် အစိုးရတိုင်းက ဦးစားပေးလုပ်ကိုင်ကြပါတယ်။ 
.
တကယ်တော့ ကုမဏီကောင်းများက ဆင်းရဲတဲ့နိုင်ငံများထံ သိပ်မလာချင်ပါဘူး။ သယံဇာတ ထုတ်ရောင်းတဲ့ လုပ်ငန်းများမှာပဲ ဦးစွာပထမ လာရောက်ရင်းနှီးကြပါတယ်။ နှစ်အနည်းငယ်အတွင်း ရင်းနှီးငွေတွေ အမြတ်များများနဲ့ ပြန်ထုတ်သွားဖို့ပါပဲ။ နိုင်ငံရေး တည်ငြိမ်လောက်ပြီ ဆိုမှာ အခြေခံအဆောက်အဦများဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ် စတဲ့ လုပ်ငန်းများမှာ ၀င်လာကြပါတယ်။ ပိုပြီး အခြေခံကောင်းပါမှ အလုပ်အကိုင်များများ ပေးတဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှတ်နှံကြပါတယ်။ 
.
မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်တုံးက တရုပ်နိုင်ငံတစ်ခုထဲ ရင်းနှီးမှုများလုပ်ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာတော့ နိုင်ငံတကာအသိအမှတ်ပြုအောင် အထူးသဖြင့် အမေရိကန်ကန်အသိအမှတ်ပြုအောင် လုပ်နိုင်ခဲ့လို့ နိုင်ငံတကာက ရင်းနှီးမြှတ်နှံမှုများ ၀င်ရောက်စ ပြုလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ နိုင်ငံရေးတည်ငြိမ်တော့မယ် မျှော်လင့်ချက်နဲ့ စင်ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား စတဲ့နိုင်ငံများက ရင်းနှီးမြှတ်နှံမှုများစွာ စတင်ဝင်ရောက်လာပါတယ်။ ရေနံကုမဏီကြီးများ Puma, Shell ကတော့ ၀င်လာဖို့လုပ်နေပြီး၊ နည်းပညာကုမဏီများ GE, Siemen,Hitachi, Toshiba,  Motorola, Microsoft, Intel, Apple Samsung စတဲ့ ကုမဏီကောင်းများကတော့ လာဖို့လှမ်းကြည့်နေဆဲဖြစ်ပါတယ်။ 
.
.
၃။ ကုမဏီများရဲ့ P.P.P ရင်းနှီးမြှတ်နှံငွေများ
ငွေပမာဏ အကြီးမားဆုံးနဲ့ အမြန်ဆန်ဆုံးဖြစ်တဲ့ P.P.P လို့ခေါ်တဲ့ နှစ်ရှည် (နှစ် ၃၀၊ ၄၀၊ ၅၀) ရင်းနှီးမြှတ်နှံမှုများကို ၁၉၉၀ နောက်ပိုင်းမှာ နိုင်ငံအစိုးရများက လုပ်ဆောင်လာကြပါတယ်။ တိုးတက်တဲ့ နိုင်ငံများမှာ စနစ်တကျ လုပ်ဆောက်တဲ့အတွက် အလွန်ကောင်းတဲ့ ရင်းနှီးမြှတ်နှံမှုများ ဖြစ်ပေမဲ့ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက်တော့ သေချာသင်တန်းပေးပြီးမှ လုပ်သင့်ကြောင်း JICA Report (P-82 to 85) မှာ အထူးရေးသားထားပါတယ်။ P.P.P မလုပ်တတ်ရင် အစိုးရဌာနဆိုင်ရာများရဲ့ နှောင့်နှေးမှုများကြောင့် စီမံကိန်းစရိတ် ၂ဆ၊ ၃ဆ ပိုကုန်သွားပြီး ပြည်သူလူထုက နောင်နှစ်၃၀၊ ၄၀၊ ၅၀ ပေးဆပ်နေရမှာ ဖြစ်ပါတယ်။ 
.
မြန်မာနိုင်ငံမှာ B.O.T လမ်းတံတား၊ လျှပ်စစ်ဓါတ်အားလုပ်ငန်းများ လုပ်ဆောင်နေပါတယ်။ အခု တိုင်းပြည်အတွက် မလိုအပ်တဲ့ ရှော့ပင်စင်တာများ၊ အထပ်မြင့်အဆောက်အဦ၊ ကွန်ဒိုများကို P.P.P နဲ့လုပ်မယ်ဆိုရင် ဖွံ့ဖြိုးဆဲ ဆင်းရဲတဲ့နိုင်ငံမှာ ဆင်းရဲချမ်းသာ အရမ်းကွာသွားနိုင်ပါတယ်။ အာဏာပိုင်နဲ့ ပေါင်းပြီး လက်ဝါးကြီးအုပ်တဲ့ လုပ်ငန်းများစွာ ပေါ်ပေါက်လာချိန်မှာ ရန်ကုန်တိုင်းအစိုးရကလည်း စီးပွားရေးလုပ်မယ်၊ ရန်ကုန်တိုင်းစည်ပင်ဌာနကလည်း စီးပွားရေးလုပ်တော့မယ် သတင်းများ ထွက်လာပါတယ်။ ရန်ကုန်မြို့လယ်ခေါင်း အစိုးရဌာနဆိုင်ရာ မြေနေရာများကို ရှောပင်စင်တာလုပ်တဲ့ စီမံကိန်းများ၊ မြန်မာပလာစာလိုမျိုးတွေလဲ အများအပြားပေါ်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆည် အလိုအပ်ဆုံး P.P.P ကတော့ လမ်းတံတားနဲ့လျှပ်စစ်လုပ်ငန်းများ ဖြစ်ပါတယ်။ 
.
.
.
ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၇-၂၀၁၈ ဘတ်ဂျတ် 
(ရသုံးမှန်းခြေ) ငွေစာရင်း ဆွေးနွေးချိန်မှာ ပွင့်လင်းမြင်သာအောင် အစိုးရသစ်က ဆွေးနွေးပြီး၊ ၀န်ကြီးဌာနက ပြန်လည်သုံးသပ်၊ အစီရင်ခံစာပြန်ရေး ပြန်ဆွေးနွေး လုပ်နေကြပါပြီ။ တိုးတက်လာပါတယ်။ ပြည်သူ့ငွေကြေးပူးပေါင်းကော်မတီ အစီရင်ခံစာနဲ့ လွှတ်တော်အမတ် သန်းစိုး(ဘောဂဗေဒ) ဆွေးနွေး၊ အကြံပြုချက်မှာလည်း P.P.P လုပ်တဲ့စနစ်ကို စနစ်တကျလုပ်ဖို့ အထူးတင်ပြသွားပါတယ်။ 
.
စင်ကာပူ EDB, တောင်ကိုးရီးယား KDI တွေလို မြန်မာနိုင်ငံမှာလည်း ဒေါက်တာအောင်ထွန်းသက် ဦးဆောင်လုပ်ကိုင်နေတယ် ဆိုပေမဲ့ ရပ်တံ့နေသလိုပါပဲ။ အစိုးရ ဦးဆောင်ပြီး၊ လူငယ်အမြောက်အများကို စီမံကိန်းများ အထူးသဖြင့် JICA Project များမှာ ခန့်ထားပြီး သင်တန်းပေးရပါမယ်။  မြန်မာအင်ဂျင်နီယာများက ရအောင် နှိုက်ထုတ်၊ ပညာယူရပါမယ်။ အထူးသဖြင့် စီမံကိန်းကွပ်ကဲခြင်း Project Management ပညာရပ်က အလွန်အရေးကြီးပါတယ်။ ဂျပန် အတိုင်ပင်ခံအဖွဲ့ Consultant Firm ဖြစ်တဲ့ JICA ဘယ်လိုလုပ်ကိုင်သလဲ ဆိုတာ မြန်မာများ စနစ်တကျ အဖွဲ့ဖွဲ့ပြီး သင်ယူရပါမယ်။ 
.
JICA စီမံကိန်းများကို သူတို့ရဲ့ ၀က်ဆိုဒ်ထဲမှာ စနစ်တကျ ထည့်သွင်းထားပါတယ်။ အသေးစိတ် အချက်အလက်များလဲ Database စနစ်နဲ့ ထိမ်းသိမ်းထားပါတယ်။ ဒါလဲ အခြေခံ စနစ်ကျမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ e-Government လုပ်တယ်ဆိုပေမဲ့ ဒါမျိုး စာချုပ်များကိုတောင် ၀န်ကြီးဌာနများက ၀က်ဆိုဒ်ထဲ သိမ်းမထားတော့ ပြောပြီး၊ လေထဲ လွင့်ပျောက်သွားတာမျိုး မဖြစ်အောင် JICA စီမံကိန်းများက အတုယူရပါမယ်။  
.
.
.
နိဂုံး (သုံးသပ်ချက်)
JICA Report မှာ ချေးငွေနဲ့အကူညီများကို စစ်ဆေးဖို့ ၊ ဂျပန်စာရင်းစစ်များက အထူးကြပ်မတ်ပါတယ်။ ကော်ပိုရိတ်ဂါဗား ထိန်းချုပ်မှုစနစ်များအရ ဌာနအတွင်းစာရင်စစ်၊ ပြင်ပစာရင်းစစ်များနဲ့ ဒါရိုက်တာအဖွဲ့ကြီးက တိုက်ရိုက်ကွပ်ကဲပါတယ်။ စီမံကိန်း လုပ်နေစဉ်မှာ စနစ်တကျလုပ်ဖို့၊ လုပ်ပြီး ၅နှစ်အထိ စီမံကိန်းအကျိုးရှိမှုကို သုံးသပ်တဲ့ Performance Evaluation စနစ် ရှိပါတယ်။ သုံးသပ်ချက် Grade S ဆိုရင် ရည်မှန်းချက်ကျော်လွန်တယ်၊ Grade A ဆိုရင် ရည်မှန်းချက်ပြည့်မီတယ်၊ စသဖြင့် သုံးသပ်ပါတယ်။ PDCA Plan Do Control Action ဆိုတဲ့ စနစ်ကို သုံးပါတယ်။ ဂျပန်စနစ်နဲ့ လုပ်ကိုင်တဲ့အတွက် စီမံကိန်းများက ဈေးကြီးပြီး အောင်မြင်တာများပါတယ်။ 
.
မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံက လမ်းတံတား၊ လေယာဉ်ကွင်း၊ သင်္ဘောဆိပ်၊ ရေနက်ဆိပ်ကမ်းများ၊ ဆည်မြောင်းများ၊ လျှပ်စစ်ဓါတ်အားလုပ်ငန်းများစွာ ဂျပန်ကုမဏီများက တည်ဆောက်ပေးထားပါတယ်။ ပညာယူနိုင်တဲ့ ထိုင်းနိုင်ငံပညာရှင်များနဲ့ ကုမဏီများဟာ ကမ္ဘာ့ အဆင့်ဝင် ဖြစ်နေပါပြီ။ အထူးသဖြင့် P.P.P လုပ်တဲ့ ဂျပန်ကုမဏီများ JICA စီမံကိန်းဆိုရင် စိတ်ချရတယ်လို့ ပြောနိုင်ပါတယ်။ JICA စီမံကိန်းတွေ အတူလုပ်ရင်း မြန်မာအင်ဂျင်နီယာ၊ စာရင်းစစ်များကို သင်တန်းများစွာ လက်တွေ့သင်ယူကြရပါတယ်။ 
.
လမ်းတံတား လုပ်ငန်းအားလုံး၊ ဂျပန်တွေ အုပ်စီးသွားပြီ ဆိုပြီး ဘာမှမလုပ်ပဲ နေလို့မဖြစ်ပါဘူး။ JICA လမ်းတံတား လုပ်ငန်းကို ဂျပန်ကုမဏီကပဲ ဂျပန်အချင်းချင်း တင်ဒါပေးလိုက်တယ်။ အဲဒီ ဂျပန်ကုမဏီက နောက်ထပ် ဂျပန်ကုမဏီ အငယ်လေးကို မြန်မာခရိုနီကုမဏီနဲ့ JV တွဲ တင်ဒါပေးလုပ်ခိုင်းတယ်။ အများအားဖြင့် JICA နဲ့  အဆင်ပြေတဲ့ မြန်မာကုမဏီကပဲ ရရှိသွားခြင်းပါပဲ။ JICA Project မရလို့ စိတ်ပျက်နေလို့မဖြစ်ပါ။ ဂျပန်စကားပြောတတ်တဲ့ မြန်မာလူငယ် ပညာရှင်များကို JICA Projects တွေမှာ အသုံးချဖို့ ကြိုးစားရပါမယ်။ ဂျပန်များထံက ပညာသင်နေချိန် ဖြစ်ပါတယ်။ 
.
နောက်ဆုံးတော့ ခေါင်းဆောင်ကောင်းများစွာ လိုပါတယ်။ ဌာနဆိုင်ရာများက ဇီသီးဗန်းမှောက်ခြင်း မလုပ်နိုင်အောင် လူငယ်မျိုးဆက်သစ်ကို ပျိုးထောင်ရပါမယ်။ လစာအပြင် စီမံကိန်းစရိတ် ဆိုပြီး NGO များ ပေးသလို၊ လောက်ငှအောင် ပေးရပါမယ်။ ဌာနဆိုင်ရာငွေစာရင်းများကို ဖော်ထုတ်စေရပါမယ်၊ စာတန်းများ၊ အစီရင်ခံစာများ ရေးသားစေပြီး၊ စနစ်တကျ မှတ်တမ်းတင်စေရပါမယ်။ 
.
အခုဆိုရင် ပြည်ထောင်စုအစိုးရက DACU ဆိုပြီး စီမံကိန်းများကို ထိရောက်စေဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဌနဲ့ လုပ်ဆောင်နေပါပြီ။ ကဏ္ဍ(၁၀)ခု အဖွဲ့များနဲ့ ၀န်ကြီးဌာနများက အစီရင်ခံစာများတင်ပြနေကြပါတယ်။ လူငယ်များ မျိုးဆက်သစ်များ ပါမှ ပိုမိုထိရောက်ပါမယ်။  

ရန်ကုန်တိုင်းအစိုးရကလဲ စီးပွားရေးလုပ်မယ်ဆိုရင်၊ ခရိုနီ ကုမဏီကြီးများကို P.P.P လုပ်ငန်းများ စီမံကိန်းများကို JICA လိုအဖွဲ့နဲ့ အရည်အသွေးထိမ်းရပါမယ်။ လူငယ်ပညာရှင်များနဲ့ တတ်ကြွမ်းအတွေ့ကြုံရှိသူများကို ခေါင်းဆောင်စေပြီး၊ စင်ကာပူ EDB, တောင်ကိုးရီးယား KDI များကဲ့သို့ ဖွှဲ့စည်းလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ 
.
ဇော်အောင်
၁၈.မတ်.၂၀၁၈
.
.
အတိုကောက်စာလုံးများနှင့် ကိုးကားချက်များ
JICA – Japan International Cooperation Agency 
DACU – Development Assistant Coordination Unit
SEZ – Special Econimic Zone
FDI – Foreign Direct Investmant
AIF – ASEAN Infrastructure Fund 
ODA - Official Development Assistance
ADB – Asia Development Bank
IDA - The International Development Association (World Bank Group)
AFD - French Development Agency
GIZ - German International Cooperation 
PDCA – Quality Control, Plan Do Control Action 
LDC – Least Developed Country
ဂျိုင်ကာ ၂၀၁၇ အစီရင်ခံစာနဲ့ငွေစာရင်းရှင်းတမ်း - https://goo.gl/uBNYWn
ဂျိုင်ကာ မြန်မာနိုင်ငံသို့အကူညီ၊ချေးငွေမှတ်တမ်းများ - https://goo.gl/49YbhZ
   https://www.jica.go.jp/myanmar/english/index.html
.
.
ပုံများကို နှိပ်ရင်တွေ ဆက်စပ် ဆောင်းပါးများမြင်နိုင်ပါတယ်။
၁။ JICA ဂျပန်အစိုးရအကူညီ၊ချေးငွေ
၂။ တောင်ကိုးရီးယား KDI နဲ့ Singapore EDB (FDI part 3)
၃။ FDI Part 2 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ်
၎။ FDI Part 1  FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု 
၅။ တောင်ကိုးရီးယား KDI (ရေးသူ-ဒေါက်တာအောင်ထွန်းသက်)
၆။ စင်ကာပူ EDB (ရေးသူ-ကိုသန်းလွင်)



Friday, 14 July 2017

ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများ (New Clean Coal Energy Plan)



နိုင်ငံတော် ကျောက်မီးသွေး အရင်းအမြစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်

နေပြည်တော် ဇူလိုင် ၂၃

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းကြောင့် အကျိုး ကျေးဇူးများ တစ်ဖက်က ရရှိသလို တစ်ဖက်မှလည်း အားနည်းချက်များ ရှိနေပါသည်။ အဓိက အားနည်းချက်များမှာ-
(က) ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားခြင်း။
      (ဥပမာ-ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့)
(ခ) သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော ဓာတ်ငွေ့များ၊ ပစ္စည်းများထွက်ရှိခြင်း။
     (ဥပမာ-ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရစ်အောက်ဆိုက်၊ ပြဒါး)
(ဂ) အမှုန်အမွှားများ ထွက်ရှိခြင်း။
ဖော်ပြပါ ဆိုးကျိုးများကို အသက်သာနိုင်ဆုံး လျော့နည်းသွားစေမည့် သန့်ရှင်းသော ကျောက်မီးသွေး နည်းပညာ (Clean Coal Technology) များ ပေါ်ပေါက်နေပြီဖြစ်၍ နိုင်ငံ အများအပြားတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တိုးချဲ့ တည်ဆောက်လာကြခြင်း ဖြစ်ပါသည်။
အဆိုပါ သန့်ရှင်းသော ကျောက်မီးသွေးနည်းပညာ (Clean Coal Technology) တွင် အောက်ပါ အဓိက လုပ်ငန်းစဉ်များ ပါရှိပါသည်။
(က) စက်ရုံမှထွက်ရှိလာမည့် ပြာမှုန့်နှင့် ဆာလဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ လျော့နည်း စေရန် ကျောက်မီးသွေး ကို ဆေးကြောခြင်း။
(ခ) Flue Gas မှ ကျောက်မီးသွေးပြာ Fly Ash ကို ဖယ်ထုတ်ရန် Electrostatic Precipitator နှင့် Fabric Filter များ အသုံးပြုဆောင်ရွက်ခြင်း။
(ဂ) ဆာလဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ရှိမှုကို ၉၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး Flue Gas Desulfurization (FGD) အသုံးပြုဆောင်ရွက်ခြင်း။
(ဃ) Thermal Efficiency ကို နည်းပညာဟောင်းများထက် ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင် ပေးနိုင်ခြင်းဖြင့် အကျိုးကျေးဇူး ပိုမိုရရှိခြင်း။
သန့်ရှင်းသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ ဖြစ်ပေါ်လာစေရေးအတွက် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ စသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း သတ်မှတ်ချက် (Guide Line) များ ချမှတ်ပေးထားပါသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် ရုပ်ကြွင်းလောင်စာသုံး ဓာတ်အားပေးစက်ရုံ အသစ်များ တည်ဆောက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဖန်လုံအိမ် အာနိသင် လျှော့ချနိုင်ရေး Pollution Prevention and Abatement Hand Book ကို ၁၉၉၈ ခုနှစ်တွင် စတင် အသက်ဝင် ပြဋ္ဌာန်းပေးခဲ့ပါသည်။
နိုင်ငံတော်အတွင်း မည်သည့်ဒေသမဆို ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အတွက် လျှောက်ထား လာသူများကို အောက်ပါ အတိုင်း အဆင့်ဆင့် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
(က) ဆောင်ရွက်လေ့လာလိုသည့် နေရာအတွက် နိုင်ငံတော်မှ ခွင့်ပြုချက်ရယူပြီး လေ့လာမှု ပြုလုပ်ခြင်း။
(ခ) ဤအဆင့်တွင် ဆောင်ရွက်လိုသော နေရာဒေသရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရမှ အတည်ပြုချက် ရယူပြီးမှသာ လေ့လာ ခွင့်ပြုခြင်း။
(ဂ) စူးစမ်းလေ့လာရန် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ တင်ပြလာပြီးပါက ဝန်ကြီးဌာနမှ ကျွမ်းကျင်မှုဆိုင်ရာများ စနစ်တကျ စိစစ်ခြင်း။
(ဃ) တစ်ပြိုင်နက်တည်းမှာပင် EIA, SIA  အစီရင်ခံစာများ ပြုစုတင်ပြခြင်း။ (ဂုဏ်သိက္ခာရှိသော တတိယ အဖွဲ့အစည်းကို ဆောင်ရွက်စေပါသည်။)
(င) EIA, SIA အစီရင်ခံစာ တင်ပြရုံသာမက သက်ဆိုင်ရာ နယ်မြေခံ/ဒေသခံ ပြည်သူများအား ဒေသတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြစေခြင်း၊ တင်ပြချိန်တွင်လည်း ပွင့်လင်း မြင်သာစွာ အချက်အလက်အားလုံး ရှင်းလင်းတင်ပြစေခြင်း။
(စ) ဖော်ပြပါ အထောက်အထားများ ပြည့်စုံခိုင်လုံပါက အဆင့်ဆင့်တင်ပြ၍ ဆက်လက် ဆောင်ရွက်ခွင့်ပြုခြင်း။
ဝန်ကြီးဌာနအနေဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပါ ကျွမ်းကျင်မှုစိစစ်ခြင်းကို တာဝန်ခံပြီး ကမ္ဘာ့ဘဏ်၏ သတ်မှတ်စံနှုန်းထက် မနိမ့်သော စံနှုန်းဖြင့် ဆောင်ရွက်နိုင်ကြောင်း အာမခံချက် လက်မှတ်ပါ ဆောင်ရွက်မည့် ကုမ္ပဏီထံမှ တစ်ပါတည်း တောင်းခံ ရယူပါသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု (EIS, SIA) အစီရင်ခံစာကိုမူ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သို့ ပေးပို့တင်ပြ၍ အစစ်ဆေး ခံယူပါသည်။

မိမိတို့ ဝန်ကြီးဌာနတွင် အောက်ပါဒေသများ၌ အဆိုပြုသူများ လာရောက် စူးစမ်း လေ့လာမှုများ ပြုလုပ်လျက် ရှိပါကြောင်း တင်ပြအပ်ပါသည်။

(က) BOT စနစ် (ပြည်တွင်းတိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှု) ဖြင့် ဆောင်ရွက်ခြင်း
ဉ်
စီမံကိန်းအမည်/
တည်နေရာ/ဒေသ
တပ္ဆင္စက္အင္အား
(မဂ္ဂါဝပ်)/ခန့်မှန်း
ပြီးစီးမည့်ခုနှစ်
ဆောင်ရွက်မှုအဆင့်
MoU လက်မှတ်ရေးထိုးပြီး စီမံကိန်း () ခု
1
ကွမ်းခြံကုန်း
ရန်ကုန်တိုင်းဒေသကြီး
Virtue Land
၃၀၀ (-ဆင့်)
၂၀၁၅-၂၀၁၈
၉၉၀ (ဒု-ဆင့်)
၂၀၂၁-၂၀၂၇
၁၉၈၀ (-ဆင့်)
၂၀၂၅-၂၀၃၀
- (၂၄-၈-၂၀၁၄) MoU ရေးထိုးပြီး။
- MoU သက်တမ်း (၂၄)
- EIA, SIA ဆောင်ရွက်လျက်ရှိ
- သီလဝါ စက်မှုဇုန်နှင့် ပြည်တွင်း ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်
2
မြိတ်
တနင်္သာရီတိုင်းဒေသကြီး
သန်းဖြိုးသူ
၅၀
၂၀၁၃-၂၀၁၆
- (၂၇-၇-၂၀၁၂) MoU ရေးထိုးပြီး။
- MoU သက်တမ်း (၁၈)
- တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လွှဲ ပြောင်းလာခြင်းဖြစ်
- ကျွမ်းကျင်မှုဆိုင်ရာ စိစစ်ဆဲ
- မြိတ်ခရိုင်ဒေသအတွင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်

စုစုပေါင်း
3320






() နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (ဖက်စပ်ပိုင်) JV/B.O.T စီမံကိန်းများ




စဉ်
စီမံကိန်းအမည်/
တည်နေရာ/ဒေသ
တပ္ဆင္စက္အင္အား
(မဂ္ဂါဝပ်)/ခန့်မှန်း
ပြီးစီးမည့်ခုနှစ်
ဆောင်ရွက်မှုအဆင့်
MoU လက်မှတ်ရေးထိုးပြီး စီမံကိန်း () ခု
1
ထန်းတပင်
ရန်ကုန်တိုင်းဒေသကြီး
Huaneng Lancang
+ Htoo
၂၇၀
၂၀၁၅-၂၀၁၈
- (၁၁-၁-၂၀၁၀) MoU ရေးထိုးပြီး။
- ကျွမ်းကျင်မှုဆိုင်ရာ အတည်ပြုပြီး။
- EIA/ SIA ၿပဳစုဆဲ။
- ဆိပ်ကမ်းနေရာ အခက်အခဲကြောင့် ဖြစ်နိုင်ခြေ နည်းပါး။
- မဟာဓာတ်အားလိုင်းမှ တစ်ဆင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်။
2
သီလဝါ
ရန်ကုန်တိုင်းဒေသကြီး
Toyo-Thai
၆၅၀ (-ဆင့်)
၂၀၁၅-၂၀၁၈
၂၀၀၀ (ဒု-ဆင့်)
၂၀၁၉-၂၀၂၄
၃၀၀၀ (-ဆင့်)
၂၀၂၅-၂၀၃၀
- (၂၁-၃-၂၀၁၃) MoU ရေးထိုးပြီး။
- ကျွမ်းကျင်မှုဆိုင်ရာ လေ့လာမှုစိစစ်ဆဲ။
- တနင်္သာရီတိုင်းဒေသကြီး၊ ရေးသို့ ပြောင်းရွှေ့ရန် အဆိုပြုထား
- မဟာဓာတ်အားလိုင်းမှ တစ်ဆင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်။
3
ကျောက်တန်း
ရန်ကုန်တိုင်းဒေသကြီး
Orange Power gen
+ Global Advisors +
Diamond Palace
၆၀၀ (-ဆင့်)
၂၀၁၆-၂၀၁၉
၇၀၀ (ဒု-ဆင့်)
၂၀၂၅-၂၀၂၈
- (၈-၁၀-၂၀၁၃) MoU ရေးထိုးပြီး။
- MoU သက်တမ်း ()
- ကျွမ်းကျင်မှုဆိုင်ရာ လေ့လာမှုစိစစ်ဆဲ။
- သီလဝါစက်မှုဇုန်နှင့် ပြည်တွင်း ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်။
4
ငရုတ်ကောင်း
ဧရာဝတီတိုင်းဒေသကြီး
TATA Power
၂၇၀ (-ဆင့်)
၂၀၁၅-၂၀၁၈
၂၇၀ (ဒု-ဆင့်)
၂၀၂၁-၂၀၂၅
- (၁၁-၄-၂၀၁၃) MoU ရေးထိုးပြီး။
- MoU သက်တမ်း (၃၀)
- ကျွမ်းကျင်မှုဆိုင်ရာ လေ့လာမှုစိစစ်ဆဲ။
- မြေနေရာအခက်အခဲကိစ္စ ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရ ညှိနှိုင်း ဆောင်ရွက်ဆဲ။
- ငရုတ်ကောင်း (ဧရာဝတီ) စက်မှုဇုန် ဖွံ့ဖြိုး တိုးတက်စေရန်။
5
ကေလး၀
စစ်ကိုင်းတိုင်းဒေသကြီး
ISDN+Tun Thwin
၂၇၀ (-ဆင့်)
၂၀၁၅-၂၀၁၈
၂၇၀ (ဒု-ဆင့်)
၂၀၂၀-၂၀၂၄
- (၂၇-၅-၂၀၁၀) MoU ရေးထိုးပြီး။
- ကျွမ်းကျင်မှုဆိုင်ရာ အတည်ပြုပြီး။
- EIA/SIA လေ့လာဆဲ။
- FA ညှိနှိုင်းဆွေးနွေးဆဲ။
- ပြည်တွင်း ကျောက်မီးသွေး အရင်း အမြစ်ကို အသုံးချ၍ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်။
6
ကျိုင်းတုံ
ရှမ်းပြည်နယ် (အရှေ့)
Lumpoondum
၆၀၀
၂၀၁၅-၂၀၁၈
- (၁-၁၀-၂၀၁၃) MoU ရေးထိုးပြီး။
- MoU သက်တမ်း ()
- ကျွမ်းကျင်မှုဆိုင်ရာ အတည်ပြုပြီး။
- EIA/SIA လေ့လာဆဲ။
- ပြည်တွင်း ကျောက်မီးသွေး အရင်း အမြစ်ကို အသုံးချ၍ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်။
7
ဘုတ်ပြင်း
တနင်္သာရီတိုင်းဒေသကြီး
24 Hour
၂၅၀ (-ဆင့်)
၂၀၁၅-၂၀၁၈
၂၅၀(ဒု-ဆင့်)
၂၀၂၄-၂၀၂၇
- (၂၁-၉-၂၀၁၂) MoU ရေးထိုးပြီး။
- MoU သက်တမ်း (၃၀)
- ကျွမ်းကျင်မှုဆိုင်ရာ လေ့လာမှုစိစစ်ဆဲ။
- တနင်္သာရီတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်။

စုစုပေါင်း
9400

  
MoU များ ရေးထိုးရာတွင် ရန်ကုန်နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်လာမည့် စက်မှုဇုန်များ အထူး စီးပွားရေးဇုန်များ အပါအဝင် ထပ်တိုး လိုအပ်လာမည့် ဓာတ်အား ဖြည့်ဆည်းရန်အတွက် ထန်းတပင်၊ သီလဝါ၊ ကျောက်တန်းဒေသများတွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အထူးစီးပွားရေးဇုန်နှင့် ထပ်တိုး လိုအပ်မည့် ဓာတ်အားအတွက် ငရုတ်ကောင်း ဒေသတွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်များ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းရှိ ကလေးဝ ကျောက်မီးသွေးတွင်းမှ ထွက်ရှိမည့် ကျောက်မီးသွေးကို အခြေခံ၍ ကလေးဝဒေသတွင် လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသဖွံ့ဖြိုးရေးအတွက် ပြည်တွင်းကျောက်မီးသွေးသုံးစွဲ၍ ကျိုင်းတုံဒေသတွင်လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးနှင့် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဘုတ်ပြင်းဒေသတွင် လည်းကောင်း ဒေသလိုအပ်ချက် အသီးသီးအပေါ် အခြေခံ၍ တည်ဆောက်သွားရန် လျာထား ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ရန်ကုန်/ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် ဆောင်ရွက်ရန် လျာထားသော ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းများ၏ တပ်ဆင် စက်အင်အားမှာ ၈၅၄၈ ဒသမ မဂ္ဂါဝပ်ရှိပါသည်။ သို့ပါ၍ ၂၀၃၀ ခုနှစ်တွင် ဖြစ်ပေါ်လာရမည့် တစ်နိုင်ငံလုံး တပ်ဆင်စက်အင်အား လိုအပ်ချက်၏ ၆၇ ရာခိုင်နှုန်းခန့် ရှိပါသည်။ ရန်ကုန်/ဧရာဝတီနှင့် မြန်မာပြည်အောက်ပိုင်း ဒေသများသည် နောင်တွင် အဓိကဓာတ်အား သုံးစွဲမည့်ဒေသများ ဖြစ်လာမည်ဖြစ်၍ တိုးချဲ့ဆောင်ရွက်သင့်ပါကြောင်းလည်း တင်ပြအပ်ပါသည်။
ဆက်လက်၍ တင်ပြလိုသည်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်သည့် ခေတ်မီ အဆင့်မြင့် နည်းပညာများ ပေါ်ပေါက်လာပြီဖြစ်၍ အချို့ကမ္ဘာ့နိုင်ငံကြီး များတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများအား လူနေမြို့များနှင့် နီးကပ်စွာပင် တည်ဆောက် အသုံးပြု လာကြသည်ကို လေ့လာ တွေ့ရှိပါသည်။ ဥပမာအားဖြင့် တင်ပြရပါလျှင် ဂျပန်နိုင်ငံ Mikawa ပင်လယ်အော်၊ Aichi ပြည်နယ်တွင် စက်တပ်ဆင်အင်အား ၄၁၀၀ မဂ္ဂါဝပ်ရှိ Hekinan ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံသည် လူနေထူထပ်မှု များပြားသော Hekinan မြို့အနီး ကီလိုမီတာခန့် အကွာတွင်သာ တည်ဆောက်ထားရှိ သည်ကို ဖော်ပြပါပုံ အတိုင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
Hekinan ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ
ဂျပန်နိုင်ငံရှိ လူနေမြို့နှင့် နီးကပ်စွာ တည်ဆောက်ထားသည့် Hekinan ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ။
၎င်းအပြင် Yokohama တွင် တပ်ဆင်စက်အင်အား ၁၂၀၀ မဂ္ဂါဝပ်ရှိ Isogo ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသည် လူနေထူထပ်သော Isogo ရပ်ကွက်နှင့် ဒသမ ကီလိုမီတာခန့် အကွာ တွင်သာ တည်ဆောက် လည်ပတ်နေခြင်း ဖြစ်ကြောင်းလည်း ဖော်ပြပါပုံအတိုင်း လေ့လာ တွေ့ရှိရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံ Isogo ဓာတ်အားပေးစက်ရုံ။
ဂျပန်နိုင်ငံရှိ လူနေမြို့နှင့် နီးကပ်စွာ တည်ဆောက်ထားသည့် Isogo ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ။
အဆိုပါ Isogo ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသည် ၁၉၆၇ ခုနှစ်တွင် ၂၆၅x=၅၃၀ မဂ္ဂါဝပ် ဖြင့် စတင် လည်ပတ်ခဲ့ပြီး ခေတ်မီနည်းပညာများ ပေါ်ပေါက်လာချိန်တွင် စက်ရုံအား အဆင့်မြှင့်တင်ခြင်း များ ပြုလုပ်ပြီး ၂၀၀၉ ခုနှစ်တွင် ၁၂၀၀ မဂ္ဂါဝပ်ဖြင့် ပြန်လည်မောင်းနှင် လည်ပတ်ခဲ့ပါသည်။ သို့ပါ၍လည်း တည်ဆောက်ပြီးစီးသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ များအား ခေတ်မီ နည်းပညာများ ထပ်မံ ပေါ်ပေါက်လာပါက ပြန်လည်အဆင့်မြှင့်တင် မွမ်းမံသွားနိုင်မည်လည်း ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် နောင်နှစ်ပေါင်းများစွာအတွက် ဓာတ်အား လိုအပ်ချက်ပမာဏ ကြီးမားကြောင်း သိရှိနေကြပြီး ဖြစ်သည့် အားလျော်စွာ ဆောင်ရွက်ရမည့် ပမာဏမှာလည်း ပျမ်းမျှနှစ်စဉ် မဂ္ဂါဝပ် ၈၀၀ မှ ၁၀၀၀ ခန့်ထိ ပုံမှန် တိုးတက်ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရပါမည်။
မိမိတို့သည် ကမ္ဘာ့အဆင့်ဖြင့် သတ်မှတ်ထားသော သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု သတ်မှတ်ချက်များနှင့် အညီလည်း ဆောင်ရွက် သွားပါမည်။ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု စိစစ်ချက် ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ခွင့်ပြုပြီးနောက် ရင်းနှီးမြှုပ်နှံသူများကြောင့် ထိခိုက်နစ်နာမှု ဆိုးကျိုးများ မဖြစ်ပေါ်စေရေးလည်း ကြီးကြပ် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ နည်းပညာများမှာ အချိန်နှင့်အမျှ တိုးတက်နေသည့်အတွက် စနစ်တကျ စိစစ်နိုင်ရန် လိုအပ်ပါက အတိုင်ပင်ခံအဖွဲ့ ငှားရမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။
 Ref: Myanmar President Office (http://203.81.89.211/2015zg)









Estmates of Power Capital And Operating Costs

ဂျပန်ကလူနေတဲ့ နေရာနီးနီးလေးမှာလုပ်တာက သူတို့အတွက် မြေမေရာရှားလို့ဗျ....အမိမြေမှာ မြေတွေ မှအများကြီး အန္တာရယ်ပိုကင်းတဲ့ ဝေးတဲ့နေရာမှာ ဘာကြောင့်လုပ်ဖို့မစဉ်းစားတာလဲဗျ...သာဘာဝ လေထုသန့်စင်အောင် ကာဗွန်တွေ စုတ်ယူတဲ့ သစ်ပင်တွေ အများကြီးကို ပြန်စိုက်ပေးရတယ်လေ...အမိမြေက အစိုးရကော ပြည်သူတွေ ဘေးအန္တရယ်အတွက်ပြန်ကြည့်ပေးမဲ့ ဥပဒေတွေနှင့် တိတိကျကျလုပ်ပေးမဲ့ အဖွဲ့အစည်းတွေ ကောရှိဲပြီလားဗျ...အခုတောင် ပြည်သူတွေဒုက္ခရောက်လို့ စာနယ်ဇင်းကနေ အော်ပြောတိုင်ပြောနေတာကို ၆၆ ဃ နှင့် တရားစွဲနေတယ်လေ...အခုလုပ်မဲံ စွမ်းအင်အားလုံးတွေက ပြည်တွင်းလိုအပ်နေတဲ့ ပြည်သူတွေ လုပ်ငန်းရှင်တွေ အတွက်ဘဲ မဟုတ်ရင် တော့ မလုပ်သင့် အားမပေးဘူးဗျ....








Asia: Pollution Index by Country 2017 Mid-Year
Rank
Country
Pollution Index
Exp Pollution Index
1
Mongolia
94.01
173.69
2
Myanmar
93.93
172.81
3
Bangladesh
90.07
162.63
4
Vietnam
86.96
155.46
5
China
86.82
158.78
6
Lebanon
85.50
152.11
7
Nepal
85.06
151.58
8
Jordan
82.63
146.85
9
Iran
80.79
147.73
10
Pakistan
77.88
137.16
11
India
76.63
134.82
12
Bahrain
76.27
140.80
13
Kazakhstan
74.39
134.58
14
Saudi Arabia
73.13
129.82
15
Georgia
73.08
131.52
16
Thailand
72.83
127.31
17
Qatar
72.02
127.88
18
Philippines
71.32
124.63
19
Turkey
70.15
124.16
20
Hong Kong
68.46
123.02
21
Malaysia
65.19
111.98
22
Taiwan
62.86
109.66
23
Israel
61.05
108.73
24
Sri Lanka
60.43
103.80
25
Indonesia
58.02
98.31
26
Cyprus
56.66
96.71
27
United Arab Emirates
56.36
96.73
28
South Korea
52.48
94.26
29
Japan
41.02
66.83
30
Singapore
34.82
59.74