Popular Posts
Monday 18 February 2019
ပီကင်းဘဲကင်
ပီကင်းဘဲကင်ဆိုတဲ့ တရုတ်ဟင်းလျာဟာ တရုတ်ပြည်တင်မကပဲ ကမ္ဘာတစ်ဝန်းမှာပါ နာမည်ကြီးတဲ့ ဟင်းလျာတပွဲပဲ ဖြစ်ပါတယ်။ ပီကင်းဘဲကင်စာသုံးဖို့ တရုတ်ပြည်ရဲ့ မြို့တော် ပေကျင်းမြို့ကို တကူးတက လာရောက်စာသုံးတဲ့အထိ နာမည်ကြီးတဲ့ ဒီဟင်းလျာဟာ ဘာတွေများ စားကောင်းသလဲဆိုတာကို သရေကျအောင် တင်ဆက်လိုက်ရပါတယ်။
မှတ်ချက်။   ။ Admin ကိုယ်တိုင်လဲ မစားဖူးသေးဘူး။ သက်လား ရွှေဘဲမှာတောင် သွားမစားနိုင်ဖူး။ 😛
ပီကင်းဘဲကင်ဟာ မြင်တာနဲ့ စားချင်လောက်အောင် စွဲဆောင်နေပါတယ်။ ကြွပ်ယွတဲ့ အရေခွံ နူးညံတဲ့ ဘဲသားလွှာတွေရယ် အရေခွံနဲ့ အသား တလွှာသပ်သပ်စီ ဖြစ်နေပြီး ပေကျင်းမြို့ရဲ့ စားဝိုင်းတိုင်းမှာ မပါမဖြစ်ပါပဲ။ ဘဲကင်ဖို့အတွက် ဘဲကောင်ကို သားပေါက်သည်ကနေ ၆၅ ရက်သား အရွယ်ဆို ဘဲသားကင်ဖို့ အကောင်းဆုံးပါပဲ။ ပြီးတာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ခတ်ပြီးတာနဲ့ ဘဲကင်ဖို့ အသင့်ဖြစ်ပြီပေါ့။ စားသုံးတဲ့အခါမှာလဲ တရုတ်တို့ရဲ့ ထုံးစံအတိုင်း ကြက်သွန်မိတ်လေး ဖုချိုက်လေးတွေ ဖြူး သခွားသီး ခရမ်းချဉ်သီးအကွင်းလေး ပတ်လည်ဝိုင်းပြီး ပဲရည်ဆော့လေးနဲ့ တို့စားပေါ့ကွယ်။ ဘဲကင်ကို တရုတ်ပြည်မှာတော့ နံပြားလို ဂျူံပြားနဲ့ လိပ်ပြီး အချဉ်ရည်နဲ့ စားသုံးတာလဲ ရှိပါတယ်။ နာမည်တော့ မခေါ်တတ်ဖူး။ ဘဲကင်ရဲ့ အရသာတော့ ဘယ်လိုနေလဲ ဆိုတာတော့ မသိပါဘူးဗျာ။ ဘုံကျောင်း ကန်တော့ပွဲစွန့်တုန်းက စားရတဲ့ ဘဲကင်နဲ့ အတူတူပဲ နေမှာပါပဲလေ။ Made By Chinese ပဲဟာကိုနော့်။
သမိုင်းကြောင်း
ပီကင်းဘဲကင်ဟာ သူ့သမိုင်းနဲ့ သူရှိခဲ့တဲ့ ဟင်းလျာတပွဲပါ။ ပီကင်းဘဲကင် ဟင်းလျာဟာ တောင်ပိုင်း မြောက်ပိုင်း မင်းဆက်ကတည်းက ပေါ်ပေါက်နေတဲ့ ဟင်းလျာလို့ မှတ်တမ်းအရ သိရပါတယ်။ မွန်ဂိုတွေအုပ်စိုးတဲ့ ယွမ်မင်းဆက် ခေတ်မှာတော့ တော်ဝင်ဟင်းပွဲစာရင်းထဲမှာ ပါဝင်တဲ့ ဟင်းလျာအမျိုးအစား တစ်ခုလာခဲ့ပါပြီ။ ၁၃၃၀ ခုနစ် နန်းတွင်းစားဖိုချောင်ရဲ့ 飲膳正要 လို့ခေါ်တဲ့ ဟင်းလျာမှတ်တမ်းထဲမှာတော့ 燒鴨子 Shaoyazi ဘဲကင်ဟင်းလျာလို့ မူလက ခေါ်ဆိုတာကို တွေ့ရပါတယ်။ မှတ်မိသေးလား မသိဖူး။ ကောကျင့်တို့ ဇာတ်ကားထဲမှာ ကျိုးပေါ်ထုံးနဲ့ ဟုန်ချီကုန်းတို့ နန်းတွင်းထဲဝင်ပြီး ရတနာ ၇ မျိုးဘဲသားဟင်းလျာကို ဝင်ခိုးစားတယ်ဆိုတာလေ။ နောက်ပိုင်း မင်မင်းဆက်ခေတ်ကို ရောက်လာချိန်မှာတော့ ပီကင်းဘဲကင်ဟာ တော်ဝင်ဟင်းလျာထဲမှာ မပါမဖြစ် အဓိက ဟင်းလျာပွဲတော်အုပ်တစ်ခု အနေနဲ့ ပါဝင်လာပါတယ်။ ပီကင်းဘဲကင်ကို အဓိကထားပြီး ရောင်းချတဲ့ ဆိုင်ကတော့ 便宜坊 ဖြန်ယိဖန်းဆိုတဲ့ စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ ဖြန်ယိဖန်းကို ပေကျင်းမှာ ၁၄၁၆ ခုနစ်ကတည်းက စတင် တည်ထောင်ခဲ့ပြီး အဆိုပါ စားသောက်ဆိုင်ဟာ ယနေ့တိုင် မူလအရသာ မပျက်ပဲ ရောင်းချပေးနေတဲ့ ပီကင်းဘဲကင်တွေ ဆိုင်တွေထဲက နာမည်ကြီး တဆိုင်လဲ ဖြစ်တာကြောင့် ပေကျင်းရောက်ခဲ့ရင် သွားဆွဲလိုက်ကြအုံးဗျို့။
ချမ့်လုံဧကရာဇ်လက်ထက် ချင်းမင်းဆက် ခေတ်မှာတော့ နိုင်ငံတဝန်း ပျံနှံ့သွားပြီး လူကြိုက်အများဆုံး ဟင်းလျာဖြစ်လာပါတယ်။ ဖြန်ယိဖန်းလိုပဲ နောက်ထပ် နာမည်ကြီးတဲ့ ပီကင်းဘဲကင်ဆိုင်ကတော့ 全聚德 ချွမ်ကျွီသယ် ပဲ ဖြစ်ပါတယ်။ ချွမ်ကျွီသယ်ကို ၁၈၆၄ ခုနစ်မှာ ရန်ချွမ်ရန်က တည်ထောင်ခဲ့ပြီး အဆိုပါ စားသောက်ဆိုဟာလဲ အခုထိတိုင်အောင် ရှိနေတဲ့ ရှေးဟောင်းစားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ အဆိုပါ စားသောက်ဆိုင် ၂ ဆိုင်လုံးဟာ တရုတ်ပြည်ရဲ့ ရှေးဟောင်းသမိုင်းဝင် စားသောက်ဆိုင် ၂ ခုဖြစ်ပြီး ဖြန်ယိဖန်းစားသောက်ဆိုင်ဟာဆိုရင် ပေကျင်းမြို့ရဲ့ အမှတ်အသားတစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
၂၀ ရာစုအစမှာတော့ ပီကင်းဘဲကင်ဟာ ကမ္ဘာတဝန်းကို နာမည်ကြီးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါကတော့ သမိုင်းဝင် အမေရိကန် သံအမတ် ကစ်ဆင်ဂျာနဲ့ ချူ အင်းလိုင် (တရုတ်နိုင်ငံ ဝန်ကြီးချူ ပ်) တို့ ၁၉၇၁ ဂျူ လိုင်လ ၁၀ ရက်နေ့၌ လျှို့ဝှက်တွေ့ဆုံခဲ့စဉ်က မနက်ခင်းပိုင်း ဆွေးနွေးပွဲအပြီးမှာ နေ့လည်ပိုင်းရောက်တော့ ပီကင်းဘဲကင်နဲ့ နေ့လယ်စာကို ကျွေးမွေးဧည့်ခံပါတယ်။ အဲ့ဒါမှာ ကစ်ဆင်ဂျာရဲ့ အကြိုက်ဆုံးဟင်းလျာဟာ ပီကင်းဘဲကင် ဖြစ်ခဲ့ပါတယ်တဲ့။ ၁၉၇၂ ခုနစ် အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်ကို တရုတ်ပြည်ကို လာလည်ဖို့ ဖိတ်ခေါ်တုန်းကလဲ ပီကင်းဘဲကင်နဲ့ပဲ ကျွေးမွေးခဲ့ပြန်ပါတယ်။ ၁၉၇၅ ခုနစ် ချူ အင်းလိုင် သေဆုံးပြီးတဲ့အချိန်မှာ ကစ်ဆင်ဂျာဟာ နောက်တကြိမ် ပီကင်းဘဲကင်ကို စားသုံးဖို့ တရုတ်ပြည်ကို သက်သက်ကို လာလည်ခဲ့ပါသေးတယ်။ ချွမ်ကျွီသယ် စားသောက်ဆိုင်က ပီကင်းဘဲကင်အရသာကတော့ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကတ်စရို အကြိုက်ဆုံးပါပဲတဲ့။
ပီကင်ဘဲကင်ကို မြန်မာမှာ ကင်ရင်တော့ လွယ်မယ်မထင်ပါဘူး။ အကြောင်းက ပီကင်ဘဲကင် ကင်ဖို့အတွက် ဘဲအမျိုးအစားနဲ့လဲ ဆိုင်ပါသေးတယ်။ ပီကင်းဘဲကင်အတွက် လိုအပ်တဲ့ ပီကင်းဘဲ အကောင်တွေကိုတော့ နန်ကျင်း ပေကျင်းတို့မှာ ခြံများဖြင့် မွေးမြူ ထားကြပါတယ်။ ၄၅ ရက်လောက် ခြံထဲမှာ လွတ်လပ်စွာနေခွင့်ပေးပြီး ချက်ပြုတ်ချိန် ရောက်ဖို့ ရက် ၂၀ လောက် အလိုမှာတော့ တရက်ကို ၄ ကြိမ်ခန့် အစာကို အတင်းကျွေးရပါတယ်။
 (ဘဲကောင်လေးက ချစ်စရာလေး။ ကိုယ်တွေဆို သတ်မစားရက်ပါဘူး။ 😁😁 အဲ တစ်ပန်းကန်လုံး ပြောင်တော့မှ ဘဲလေးသနားပါတယ်တော့ မလုပ်နဲ့နော်။ 😛 ) အဲ့လို အစာကို မချက်ပြုတ်ခင် အတင်းထိုးသိပ်ကျွေးလို့ ပီကင်းဘဲကင်ကို အမည်ပြောင်အနေနဲ့ 北京填鸭 အစာသွပ်ထည့်ထားတဲ့ ဘဲကင်လို့လဲ ခေါ်ပါတယ်။
ပေကျင်းမြို့ရဲ့ နာမည်ကြီး ပီကင်းဘဲကင် စားသောက်ဆိုင်တွေကတော့ Quanjude (全聚德), Bianyi Fang (便宜坊), Changan Yihao (長安一號), Beijing Xiaowangfu (北京小王府) နဲ့ Dadong Kaoyadian (大董烤鴨店) တို့ပဲ ဖြစ်ပါတယ်။ ချွမ်ကျွီသယ်နဲ့ ဖြန်ယိဖန်းတို့ကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက တည်ရှိလာတဲ့ စားသောက်ဆိုင်တွေဖြစ်တာကြောင့် လူကြိုက်ပိုများပါတယ်။ အရည်အသွေး အမြင့်ဆုံး စားသောက်ဆိုင် ၂ ဆိုင်အဖြစ် သတ်မှတ်ခဲ့ပြီး ချွမ်ကျွီသယ်ဟာဆိုရင် ၁၉၉၉ ခုနစ်မှာ ပေကျင်းမြို့ရဲ့ အမှတ်အသားတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
#SwamHtet(天下第一)
မြန်မာပြည်ဖွား_တရုတ်လူမျိုးများ
မန်မာပြည်ဖွား_တရုတ်လူမျိုးများ
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမဟုတ်သော လူမျိုးများထဲတွင် တရုတ် (华人)လူမျိုးများသည် မြန်မာနိုင်ငံ လူဦးရေ၏ 3% ခန့် ရှိပေသည်။ တရုတ်လူမျိုးများသည်လည်း ကမ္ဘာအနှံ့အပြားတွင် နေထိုင်လျက် ရှိကြရာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပေ။ နိုင်ငံတိုင်းတွင် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက် ရှိပေသည် မဟုတ်လော။
မြန်မာနိုင်ငံအတွင်းသို့ တရုတ်လူမျိုးတို့ စတင်အခြေချသည့် ခုနစ်ကို အတိအကျ မသိရသော်လည်း ပျူ ခေတ်၌ပင် တရုတ် ထန်အင်ပါယာသို့ ပျူ ယဉ်ကျေးမှုအဖွဲ့ လာရောက်ခဲ့သည့် မှတ်တမ်း ရှိနေပေသည်။ ထို့ကြောင့် အင်းဝခေတ်လောက်ကတည်းက စီးပွားရေး ဆက်ဆံမှုမျိုး ရှိနေပြီဟု ခန့်မှန်းရသည်။ တရုတ်နိုင်ငံမှ ဟန်လူမျိုးများ မြန်မာနိုင်ငံသို့ အလုံးအရင်း ခိုဝင်လာသည့် အချိန်မှာ မင်မင်းဆက်ခေတ် ကျဆုံးပြီးနောက် ချင်းအင်ပါယာ မန်ချင်းခေတ် မန်ချူးလူမျိုးတို့ တရုတ်ပြည်မကို သိမ်းပိုက်ပြီးချိန် ဖြစ်လိမ့်မည်ဟု ခန့်မှန်းကြသည်။ (ညောင်ရမ်းခေတ်လောက်မှာပေါ့။)
သစုန့်နှင့် မင်မင်းဆက်ခေတ်တို့တွင် တရုတ်ပြည်မှ မြန်မာသို့ ကုန်သွယ်သည့် ကုန်သည်ကြီး လာရောက်နေကြပြီ ဖြစ်သည်။ တချို့မှာလည်း အခြေတကျ နေထိုင်ကြပြီဖြစ်လေသည်။ မင်မင်းဆက် ပျက်သုန်းသည့်အခါ မန်ချူးတို့၏ ရန်ကြောင့် မင်မင်းဆက်၏ မင်းသားများသည် ယနေ့ခေတ် ကိုးကန့်နယ်ထဲသို့ ပြေးဝင်ရလေသည်။ သို့သော် သစ္စာဖောက်တချို့ကြောင့် ထပ်မံပြေးကြရပြန်ရာ ဗန်းမော်သို့ ရောက်ရှိလာကြပြီးနောက် တချို့မှာ အမရပူနေပြည်တော်၌ အခြေချ နေထိုင်ကြသည်။ ထို့နောက် မင်းတုန်းမင်းလက်ထက် မန္တလေးမြို့တော် ထီးနန်သစ်တည်သောအခါ မင်းတုန်းမင်းရှိရာသို့ ပြောင်းရွေ့လာကြသည်။  ၂၀၁၂ ခုနစ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်လူမျိုး ၁.၆ သန်းခန့် မှီတင်းနေထိုင်ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံမှာ 华人 တွေကို တရုတ်လို့ ခေါ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့ပါတယ်။ တချို့က သလီနိုင်ငံက လူတွေမို့ ကာလကြာတော့ သလီကနေ တရုတ်ဆိုပြီး ဖြစ်လာတယ်လို့ ပြောကြပေမယ့် အသံထွက်ခြင်းက အဝေးကြီးပါ။ သလီဆိုတာ သိုင်းကားတွေထဲမှာလဲ တွေ့ဖူးမှာပေါ့နော်။ သလီ သွမ့်မျိုးနွယ်တွေလေ။ ထန်ခေတ်မှာ ယနေ့ ထိုင်းလူမျိုးဖြစ်လာမယ့် နန်ကျောင်နိုင်ငံကို ထန်အင်ပါယာက ဝင်သိမ်းတော့ ၃ ခြမ်းကွဲပြီး တစ်စုက မြန်မာ တစ်စုက ထိုင်းနဲ့ လက်ကျန် လူမျိုးတွေက ယူနန် လာအိုဘက်ကို ပြေးခဲ့ကြပါတယ်။ နောက်တစ်ခုက မွန်ဂိုတွေနဲ့ အတူ ပါလာတဲ့ Turk လူမျိုးတွေကို ခေါ်တာကနေ တရုတ် ဖြစ်လာတာတဲ့။ ဒါလဲ စဉ်းစားကြည့်ရင် အာရပ်ရုပ်နဲ့ တရုတ်ရုပ်က ကွာပါတယ်။ တရုတ်လို 突厥 ထူးကျွယ်လို့ ခေါ်တာဆိုတော့ အသံထွက်အားဖြင့်လဲ မသက်ဆိုင်ပါဘူး။
ဒါ့ကြောင့် ဒီတချက်ကိုတော့ ကျွန်တော် စဉ်းစားမိတယ်ဗျ။ မွန်ဂိုတွေဟာ တရုတ်ပြည်မကို သိမ်းပြီးချိန်မှာ သူတို့နိုင်ငံကို 大元 သယွမ်လို့ ခေါ်ပါတယ်။ မြန်မာအသံထွက်နဲ့ဆို သယွက် တယွက် ကနေ တရုတ်လို့များ ပြောင်းလာလေသလားပေါ့။ သို့သော် တရုတ်ဟူသော စကားသည် ဟန်လူမျိုးကို ရည်ညွှန်းသော စကားဖြစ်ပြီး မန်ချူး မွန်ဂိုတို့ကို ခေါ်ဝေါ်ခြင်း မဟုတ်ပေ။ ဒါ့ကြောင့် ရှေးယခင်က ဖြစ်ဖူးတဲ့ တရုတ်စစ်ပွဲတွေဟာ မွန်ဂိုနဲ့ မန်ချူး လက်ထက်မှာသာ ဖြစ်ပွားခဲ့ဖြစ်ပြီး ဟန်လူမျိုးတို့နှင့် မသက်ဆိုင်ပေ။
တရုတ်လိုကတော့ မြန်မာကို မြန်တျန့်လို့ ခေါ်ပါတယ်။  မြန်တျန့် 缅甸 缅 ဆိုတာက ဝေးကွာသော 甸 ဆိုတာက အစွန်အဖျား ပြည်မနဲ့ ဝေးကွာတဲ့ ပြည်နယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီကနေ့ခေတ်အထိ ဒီလိုပဲ ခေါ်ကြပါတယ်။
မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးများမှာ ဖူကျန့် ကွမ်းတုံ ယူနန် နယ်များမှ လာရောက်နေထိုင်ကြသည်ကို တွေ့ရသည်။ အောက်မြန်မာပြည်နှင့် ရန်ကုန်တိုင်းတွင် ဖူကျန့် ကွမ်းတုံ အများစု နေထိုင်ကြပြီး အထက်မြန်မာပြည်တွင် ယူနန် အများစု နေထိုင်ကြသည်ကို တွေ့ရသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြသော ဖူကျန့် ကွမ်းတုံတို့မှာ ဟိုးအရင်ကတည်းက နေထိုင်လာသော ဟန်လူမျိုး အများစု ဖြစ်ကြသည်။
ဖူကျန့်နယ်မှ လာသော ဟန်လူမျိုးများကို မြန်မာတို့က အင်္ကျီလက်ရှည်မျိုးဟု သတ်မှတ် ခေါ်ဝေါ်ကြပြီး အများစုမှာ ရှေးယခင်ကတည်းက ကုန်သွယ်ကြသော မျိုးရိုးများ ဖြစ်ကြသည်။
ကွမ်းတုံနယ်မှ လာသော ဟန်လူမျိုးများကို အင်္ကျီ လက်တိုမျိုးဟု သတ်မှတ် ခေါ်ဝေါ်ကြသည်။ အများစုမှာ လက်မှုပညာသည်များ ဖြစ်ကြသည်။ (ကျွန်တော့်အမေဘက် အဘိုးက လက်မှုပညာရှင်ဗျ)
ဖူကျန့် ကွမ်းတုံပြင်ပမှ လာသော တရုတ်များကိုမူ အင်္ကျီစကဟု ခေါ်ဝေါ်ကြပြန်သည်။
ယူနန်နယ်မှ လာသော တရုတ်များကို ယူနန်တရုတ်ဟုသာ အလွယ်ခေါ်ဝေါ်ကြသည်။ အများစုမှာ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတွင် နေထိုင်ကြသည်။ ပြည်မသုံးတရုတ်စကားကို သုံးနှုန်းကြပြီး တချို့မှာ ရှမ်းစကား ထိုင်းစကားကိုပင် ကျွမ်းကျင်စွာ တတ်မြောက်ကြသည်။
ပန်သေးတရုတ်ဆိုသည်မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော တရုတ်လူမျိုးများ ဖြစ်ကြသည်။ တရုတ်ပြည်မမှာတောင် ၁၀ သန်းခန့်သာ ကျန်ရှိတော့သည့် မျိုးနွယ်ဖြစ်ပြီး ဟွေ့လူမျိုးဟု ခေါ်ဝေါ်ကြသည်။
တရုတ်ဗမာ သို့မဟုတ် တရုတ်လူမျိုးနှင့် မြန်မာတိုင်းရင်းသားထဲမှ မွေးဖွားလာသည့် သွေးနှောများကိုမူ ကပြားဟု ခေါ်ဝေါ်ကြသည်။ ထို့အပြင် တရုတ်ပြည်မက သတ်မှတ်ထားသော တိုင်းရင်းသား မျိုးနွယ်စုများလည်း မြန်မာနိုင်ငံတွင် နေထိုင်ကြသည်။
မြန်မာနိုင်ငံ၌ တရုတ်ဟု ဆိုလိုက်သည်နှင့် ပြည်မက လူများနှင့် ပြေးမြင်တတ်ကြပေသည်။ မြန်မာပြည်တွင် နေထိုင်သော တရုတ်တို့မှာ မြန်မာနိုင်ငံသား ဖြစ်သဖြင့်  缅甸华侨 or 缅甸华人 မြန်တျန့် ဟွာရန် များသာ ဖြစ်ပေသည်။ 中国人 ဟု သုံးနှုန်းမှသာ ပြည်မရှိ တရုတ်လူမျိုး တရုတ်နိုင်ငံသားဟုသာ မှတ်ယူကြရန် ဖြစ်သည်။ စင်္ကာပူ၌ နေထိုင်သော တရုတ်တို့ကို စင်္ကာပူနိုင်ငံသား တရုတ်လူမျိုး မလေးရှား၌ နေထိုင်သော တရုတ်တို့ကို မလေးရှားနိုင်ငံသား တရုတ်လူမျိုး စသည်ဖြင့် ခေါ်ဝေါ်ကြပြီး လူမျိုးနှင့် နိုင်ငံသား ကွဲပြားရန် လိုအပ်ပေသည်။
မြန်မာပြည်ဖွား တရုတ်အများစုထဲမှ ဟိုးယခင်ကတည်းက လာရောက်နေထိုင်ကြသော တရုတ်လူမျိုး အများစုသည် တရုတ်စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ထိတွေ့မှု အားနည်းသွားခဲ့ရာ အများစုမှာ တရုတ်စာပေကို တတ်မြောက်ခြင်း မရှိတော့ပေ။ အထူးသဖြင့် နယ်မြို့များတွင် တရုတ်လူမျိုးအများစုသည် တရုတ်စာပေ တတ်မြောက်မှု အားနည်းပေသည်။ ဘုံကျောင်းများ၌ ယခင်က သင်ကြားပေးသော်လည်း အကြောင်း အမျိုးမျိုးကြောင့် တရုတ်စာပေများ ရိုးရာဓလေ့များကို သင်ကြားပေးခြင်း မရှိတော့ချေ။
မြန်မာပြည်၌ နေထိုင်ခြင်း ကြာမြင့်လာသောအခါ မြန်မာစာ မြန်မာစကားသည် မိခင်ဘာသာစကား ဖြစ်လာကြသည်။ သို့သော်လည်း မြို့ကြီးများတွင်မှု တရုတ်မိသားစုတို့သည် မိမိ၏ သားသမီးများကို ဒုတိယ မိခင်ဘာသာစကားအနေဖြင့် တရုတ်စာကို ဦးစားပေးသင်ကြားပေးသလို အင်္ဂလိပ်စာကိုပါ သင်ကြားကြသဖြင့် မြန်မာပြည်ဖွား တရုတ်တို့သည် အနည်းဆုံး ဘာသာစကား ၂ မျိုး ၃ မျိုးခန့် ကျွမ်းကျင်တတ်မြောက်လေ့ ရှိသည်မှာ တခြားသော ပြည်မ စင်္ကာပူ ထိုင်ဝမ် မလေးရှား စသည့် နိုင်ငံများမှ တရုတ်တို့ထက် ဘာသာစကားတွင် သာသည့် အချက်ဖြစ်သည်။ 😁😁 (တောင်ကြီးက စကီလေးတွေဆို ၅ မျိုးလောက် တတ်တယ်။ ရှမ်း ယိုးဒယား တရုတ် အင်္ဂလိပ် မြန်မာ)
မြန်မာပြည်အောက်ပိုင်းနှင့် ရန်ကုန်မြို့တွင် ဖူကျန့်နှင့် ကွမ်းတုံစကား (အိမ်သုံးစကားပေါ့) တတ်မြောက်သူ များပြားသည်။ မြန်မာပြည် အထက်ပိုင်းတွင် ယူနန်နယ်သုံး စကားပြောသူများ များပြားသည်။
သို့သော် ယခုအခါတွင်မူ မြန်မာပြည်ဖွား တရုတ်လူငယ်များသည် တရုတ်စာပေကို ပြန်လည်သင်ကြားရန် စိတ်ဝင်စားလာကြပြီး သင်တန်းများစွာလဲ ရှိလာပြီ ဖြစ်သဖြင့် အဆင်ပြေစွာ လေ့လာနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်ဖွား တရုတ်လူမျူိးတို့သည် မျိုးဆက် ၁ ဆက်ခန့် စာပေလေ့လာမှု အားနည်းခဲ့သဖြင့် ၉၀ ဖွား တရုတ်လူငယ်တို့၏ မိဘအများစုမှာ တရုတ်စာပေကို တတ်မြောက်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် လူငယ်တို့သည် မိမိတို့၏ မျိုးဆက်သစ်များအတွက် စာပေကို ထိန်းသိမ်းရန် ပြန်လည်စိတ်ဝင်စားလာကြခြင်းလည်း ဖြစ်နိုင်ပေသည်။ ယနေ့ခေတ် အင်တာနက် ထွန်းကားသည် ဖြစ်ပေရာ လူငယ်တို့မှာ အွန်လိုင်းပေါ်၌ ရှာဖွေလေ့လာနေကြပြီလဲ ဖြစ်သည်။
မြန်မာပြည်ဖွား တရုတ်လူမျိုးတို့သည် အဓိကျအားဖြင့် ထေရဝါဒါ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသောလည်း ရိုးရာဓလေ့ဖြစ်သည့် မဟာယနဗုဒ္ဓဘာသာနှင့် ရိုးရာနတ်များ မျိုးနွယ်နတ်များကိုလည်း ကိုးကွယ်ကြသည်။ ထို့အပြင် ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများလည်း ရှိသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သော ပန်းသေးများ ရှိသော်လည်း အရေအတွက်အားဖြင့် အင်မတန် နည်းပါးလှသည်။ ထို့ကြောင့် မြန်မာပြည်ဖွား တရုတ်တို့သည် အနည်းဆုံး ကိုးကွယ်သည့်ဘာသာမှာ ၂ မျိုး ထက် ပိုပြီး ရှိသည်ဟု မှတ်ယူနိုင်သည်။ (ဒါတောင် သချိုင်္ိင်း ကန်တော့ပွဲ ဘာညာရှိသေးတယ်။) မြန်မာပြည်တွင် ထင်ရှားသော ဘုံကျောင်းတို့မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဖူရှန်းစစ့်福山寺 ကုက္တိုင်းဘုံကျောင်း လသာမြို့နယ်ရှိ ခိန့်ဟုတ်ဘုံကျောင်း (မားဇူ) လသာမြို့နယ် တရုတ်တန်းတွင် ရှိသော 觀音古廟 ကွမ်းယင်ကူမြောင့် (ကွမ်းတုံဘုံကျောင်းလို့ ခေါ်တာလား မသိဖူး) တို့မှာ ထင်ရှားပေသည်။
မြန်မာပြည်၌ နေထိုင်ကြသော တရုတ်လူမျိုး မိသားစု အများစုမှာ မြန်မာနာမည်ကိုသာ ပေးလေ့ရှိပြီး တရုတ်နာမည်ကို ပေးထားခြင်း မရှိပေ။ ထို့အပြင် မြန်မာနာမည်ကို တရုတ်နာမည်ဖြင့် ခေါ်ဆိုလို့ မရပေ။တချို့သော အသံထွက်များမှာ တရုတ်အသံထွက်တွင် မရှိပေ။ ဥပမာ ထက်အောင် ဆိုပါစို့။ အသံထွက်အရ အနီးစပ်ဆုံး ခေါ်ဆိုလို့ ရပေမယ့် တရုတ်လိုကျတော့ စာလုံး အဓိပ္ပါယ်က ကောင်းချင်မှ ကောင်းမယ်။ ထို့ကြောင့် မြန်မာပြည်ဖွား တရုတ်လူမျိုး အချို့တွင် မျိုးနွယ်နာမည် စာလုံးများ ပျောက်ကုန်သည်။ မျိုးရိုးမဲ့ ဖြစ်ကုန်ကြသည်။ အဲ့လိုဖြစ်ခဲ့ရင် ကိုယ့်မိဘကို ပြန်မေးပြီး အသံထွက် အနီးစပ်ဆုံး တူညီမယ့် မျိုးနွယ် စာလုံးကို ရှာကြည့်ပေါ့နော်။
မြန်မာမှာ တရုတ်အစားအစာတွေကို အလွယ်တကူပဲ တွေ့မြင်နိုင်ပါတယ်။ တရုတ်အစားအသောက် အခေါ်အဝေါ်များကို မြန်မာသံဖြင့် မွေးစားစကားလုံးများအဖြစ် သုံးကြသည်။ (ဥပမာ ကုန်းဘောင်ကြီးကြော်) လူကြိုက်များသော အစားအသောက်များ ဖြစ်သည့် ပေါက်စီ အီကြာကွေး စသည်တို့မှာ မြန်မာနိုင်ငံသားတို့၏ အဓိက နံနက်ခင်း အစားအစာများ ဖြစ်ကြသည်။ တရုတ်ရိုးရာ အစားအသောက်တွေကျတော့ နောက်မှပဲ ရေးပေးတော့မယ်နော်။
မြန်မာနိုင်ငံမှာ အများဆုံးနေထိုင်တဲ့ တရုတ်မျိုးနွယ် စာရင်းကိုတော့ ရှာကြည့်သေးတယ်။ မတွေ့တာကြောင့် ထည့်မရေးပေးတော့ပါဘူး။
မြန်မာနိုင်ငံမှာ ထင်ရှားခဲ့တဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေကတော့...
ကျားပရုတ်ဆီ ပိုင်ရှင် ဟူးဝမ်ဟူ  胡文虎
HTC ဖုန်းကုမ္ပဏီရဲ့ CEO ဥက္ကဋ္ဌ ဦးဝင်းသန်း ခေါ် 周永明 ကျိုးယုံမင် Peter Chou
မြန်မာ့ဂျာနယ်လစ်ဆရာကြီး ဦးလောရုံ
အလင်္ကာကျော်စွာဘွဲ့ရ ပန်းချီဆရာကြီး ဦးငွေကိုင်
သမိုင်းသုတေသီပညာရှင် တော်စိန်ခို
Miss Universe 2013 ပြိုင်ပွဲဝင် မိုးစက်ဝိုင် 楊鑫榮 ရန်ရှင်းရုံ
ယနေ့ခေတ် အချိန်အခါတွင်မူ ပြည်မ တရုတ်နိုင်ငံနှင့် အဆင်မပြေမှုများကြောင့် တရုတ်ဆိုသည်နှင့် ပြည်မက တရုတ်လူမျိုးများနှင့် တွဲမမြင့်သင့်ပေ။
 မြန်မာနိုင်ငံ၌ နေထိုင်သော တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပေရာ လူမျိုးနှင့် နိုင်ငံသား ဖြစ်တည်မှုမှာ မတူညီပေ။ လူမျိုးနှင့် နိုင်ငံသား ကွဲပြားမြင်သင့်ပေသည်။ စင်္ကာပူ၌ နေထိုင်သော တရုတ်များသည်လည်း စင်္ကာနိုင်ငံအတွက်သာ ကြိုးစားကြပေသည်။ ကမ္ဘာ့နံပါတ် ၁ (အခုတော့ မသိတော့ဖူး) ကြက်တောင်ကစားသမား လီချူံဝေ သည်လည်း မလေးရှားနိုင်ငံသား တရုတ်လူမျိုးပင် ဖြစ်ပေသည်။ နိုင်ငံရပ်ခြားမှ တရုတ်လူမျိုးများသည်လည်း သူ့နည်သူဟန်ဖြင့် နိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံများကို အကျိုးပြုလျက် ရှိပေရာ တရုတ်ချင်းတူသော်လည်း ခံယူထားသော နိုင်ငံသားချင်း မတူညီပေ။ 
ထို့ကြောင့် မြန်မာနိုင်ငံ၌ နေထိုင်သော တရုတ်လူမျိုးတို့တွင် ကောင်းသောသူလည်း ရှိလိမ့်မည် ဆိုးသောသူလည်း ရှိလိမ့်မည်။ သို့သော် တစ်ဦးတစ်ယောက်ချင်း၏ ဗီဇလက္ခာသည် တမျိုးသားလုံးကို ကိုယ်စားမပြုသည်ကို ဂရုပြုသင့်ပေသည်။ မြန်မာပြည်ဖွား တရုတ်လူမျိုးတိုင်းသည်လည်း မြန်မာနိုင်ငံကို ချစ်မြတ်နိုးတတ်ကြသည်။ မြန်မာဘောလုံးအသင်း ရှုံးလျှင်လည်း ဝမ်းနည်းတတ်ကြသည်။ နိုင်လည်း ဝမ်းသာတတ်ကြသည်။ မြန်မာမကောင်းကြောင်း ပြောလျှင်လည်း ချေပတတ်ကြသည်။ ဤသည်ကား မျိုးချစ်စိတ်ဓာတ်ထက် အမြင်ကျယ်သော နိုင်ငံချစ်စိတ်ဓာတ်ပင် ဖြစ်ပေသည်။ သစုန့်ခေတ် စစ်သူကြီး ယွဲဖေးပြောခဲ့သည့် စကားအတိုင်း 盡忠報國 နိုင်ငံတော်အပေါ် သစ္စာရှိစွာ အလုပ်အကျွေး ပြုရပေမည်။
ကဲ ဒါပါပဲ မြန်မာမှာ အများဆုံးနေထိုင်တဲ့ တရုတ်မျိုးနွယ်ဝင်တွေကို သိရအောင် ကိုယ့်မျိုးနွယ် နာမည်လေးတွေ ရေးပေးသွားကြပါ။ ကျွန်တော်ကတော့ 林
 မျိုးနွယ်ပဲ ဖြစ်ပါတယ်။
#SwamHtet(天下第一)
Tuesday 12 February 2019
[Zawgyi]
[Unicode]
ငါးဖမ်းရာကနေ ရရှိခဲ့တဲ့ အရာတစ်ခုကြောင့် ဘဝတစ်ခုလုံးပြောင်းလဲသွားတဲ့ မိသားစု
ဒီအဖြစ်အပျက်လေးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက တရုတ်နိုင်ငံ Chengdu Sichuan ဆိုတဲ့ရွာလေးမှာဖြစ်သွားခဲ့တဲ့ အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်။ ထိုရွာလေးမှာ Luong ဆိုတဲ့ မိသားစုတစ်စု နေထိုင်ပြီး တစ်နေ့ ငါးဖမ်းသွားရင်း Ganoderma lucidum လို့ခေါ်တဲ့ လင်ဇီးမှိုမျိုးစိတ် တစ်မျိုးကိုရရှိခဲ့ပါတယ်။ အဆိုပါမှိုဟာ အလွန်ရှားပါးပြီး တန်ဖိုးရှိတဲ့ ဆေးဘက်ဝင်မှိုတစ်မျိုးပဲဖြစ်ပါတယ်။
ရှေ့ခေတ်က တရုတ်ပြည်ကို တည်ထောင်တဲ့ ပထမဦးဆုံး ဧကရာဇ်မင်း Qin Shihuang လက်ထက်မှာတောင် ထာဝရရှင်သန်နိုင်ဖို့ ထိုဆေးဖက်ဝင်မှိုကို ရှာဖွေခဲ့ဖူးတယ်လို့ ဆေးကျမ်းစာတွေထဲမှာ တွေ့ဖူးပါတယ်။ ဒါ့အပြင်နာမည်ကျော် တရုတ်သမားတော်ကြီး Ly Thoi Tran ရဲ့ Ban Thao cuong muc ဆိုတဲ့ ဆေးကျမ်းစာအုပ်မှာလည်း အဆိုပါ လင်ဇီးမှိုရဲ့ ဆေးဖက်ဝင်ပုံတော်တော်များများကို ရေးသားဖော်ပြထားဖူးပါတယ်။ Ganoderma lucidum လင်ဇီးဟာ ရွှေထက်တန်ဖိုးများစွာကြီးတဲ့ မှိုတစ်မျိုးဖြစ်ပြီး ယခုစျေးကွက်မှာ ၁ ဂရမ်ကို ဒေါ်လာပေါက်စျေး ၃၉၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။
ယခုရရှိလာတဲ့ Ganoderma lucidum လင်ဇီးဟာ ၃၀-၄၀ စင်တီမီတာလောက် ကျယ်ပြန့်ပြီး အလေးချိန် ၉ကီလိုဂရမ် ရှိပါတယ်။ ၁ဂရမ်ကို ဒေါ်လာ ၃၉၀၀၀ တောင်ရှိတယ်ဆိုတော့ ၉ကီလိုဂရမ်းဆိုရင်တော့ စိန်တွင်းတစ်တွင်းကိုပိုင်ဆိုင်လိုက်ရသလို များစွာတန်ဖိုးရှိပါတယ်။ အဆိုပါမှိုဟာ ယခင်တုန်းက ဘုရင်တွေကို ဆက်သရတဲ့ တော်ဝင်ဆေးတစ်လတ်ဖြစ်ပြီး အဆိုပါဆေးကို သောက်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အဆိပ်ပြေခြင်း၊ ဉာဏ်ပညာတိုးခြင်း၊ ဦးနှောက်အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူတွေများစွာရစေပါတယ်။
အရှေ့တိုင်းဆေးပညာကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အဆိုအရ အဆိုပါ လင်ဇီးမှာ ကစီဓာတ်ကဲ့သို့ ကာဘိုဟိုက်ဒရိတ်အုပ်စုများစွာပါဝင်တဲ့အပြင် ပရိုတိန်း၊ အဆီဓာတ်၊ အမိုင်နိုအက်ဆက်အမျိုးမျိုးနဲ့ အခြားအဟာရကြွယ်ဝတဲ့ဒြပ်စင်များစွာပါဝင်ပြီး ကင်ဆာကို တားဆီးဖို့အတွက် ခိုင်မာတဲ့အစွမ်းတွေရှိတယ်လို့ဆိုပါတယ်။
Monday 11 February 2019
"စီးပွားရေးသမားဆိုတာ"
“စီးပွားရေးသမားနဲ့ သာမန် အရပ်သား စဉ်းစားပုံ မတူ”
ဝေါလ်မတ် (Walmart) ဈေးဆိုင်ကြီးမှာ စားစရာ အသားတွေ ရက်လွန်တော့ အမှိုက်ပုံးမှာ ပစ်ဖို့ မန်နေဂျာကြီးက ညွှန်ကြားလိုက်တယ်။ အလုပ်သမားတွေလည်း ခိုင်းတဲ့ အတိုင်း မကြာခဏ လုပ်ကြရတယ်။ အခိုင်းခံရတဲ့ အလုပ်သမားတယောက်က ဘယ်လို စဉ်းစားလဲ ဆိုတော့ “ဘာလို့ ပစ်လိုက်တာလဲ၊ မရှိတဲ့သူတွေကို ပေးလိုက်ရင် သိတ်ကောင်းမှာပဲ” လို့ စဉ်းစားတယ်။
တနေ့ ရက်လွန် အသားတွေ သူတို့ကို ပစ်ခိုင်းနေစဉ် အရာရှိတယောက် စောင့်ကြည့်နေတယ်။ သိချင်စိတ် ခိုးလို့ ခုလု ဖြစ်နေတဲ့ အလုပ်သမားက “ဘာလို့ ဒီ အသားတွေ ပစ်လိုက်တာလဲ။ ဆင်းရဲသားတွေကို ပေးလိုက်ပါလား” လို့ အဲဒီ အရာရှိကို မေးလိုက်တယ်။ အရာရှိက သူ့ကို ပြန်ကြည့်ပြီး “အသားတွေ အလကား ပေးလိုက်ရင် တို့ဆိုင်မှာ ဝယ်တဲ့သူတွေ လျှော့သွားမှာပေါ့” လို့ အေးအေးဆေးဆေး ပြန်ရှင်းပြတယ်။
အလုပ်သမား ခမျာ ပိုပြီး နားမလည် ဖြစ်သွားတယ်။ “ဒါဆို ဆင်းရဲတဲ့သူတွေကို လှူလိုက်ပါလား” လို့ သူက အကွန့်တက်ကြည့်တယ်။ “အသားတွေက ရက်လွန်နေတဲ့ အသားတွေ ဖြစ်တယ်။ အလကားပဲ ပေးပေး၊ လှူပဲ လှူလှူ ဥပဒေနဲ့ မညီဘူး။ အဲဒါ မင်းမှတ်ထား” လို့ ပြောပြီး သူ့ကို သေသေချာချာ ကြည့်တယ်။ “ခုလည်း မင်းတို့ကို မယုံလို့ စောင့်နေတာကွ”လို့ လေသံ အနည်းငယ်မြှင့်ပြီး ပြောလိုက်တယ်။
“မင်းမှတ်ထား၊ ဈေးရောင်းတယ် ဆိုတာ ရောင်းမရရင် အရှုံးခံရတယ်။ ဘယ်တော့မှ အလကား မပေးရဘူး။ လှူချင်ရင် ဈေးမရောင်းနဲ့ ဈေးရောင်းနေရင်းနဲ့လည်း မလှူနဲ့” လို့ ခတ်ပြတ်ပြတ် ပြောပြီး လုပ်စရာကို မြန်မြန် ပြီးအောင်လုပ်ဖို့ ညွှန်ကြားလိုက်တယ်။
  • အောင်မြင်တဲ့ စီးပွားရေးသမားတိုင်းဟာ လှူခြင်း၊အလကားပေးခြင်းနဲ့ ရောင်းချခြင်းဆိုတဲ့ အကန့်ကို ရောထွေးပြီး မစဉ်းစားပါ။ 
  • အလှူလုပ်တာက သီးခြားဖြစ်တယ်။ 
  • စီးပွားပြုနေတဲ့ လုပ်ငန်းခွင်ဟာ အလှူမဏ္ဍတ် မဟုတ်။ 
  • စီးပွားပြုနေတဲ့ ကုန်စည်ဟာလည်း အလှူပစ္စည်း မဟုတ်ပါ။ 
  • လှူခြင်းက လူမှုရေးနယ်ပယ်ရဲ့ တနေရာမှာ ရှိတယ်။ 
  • လှူဒါန်းခြင်းဟာ ဘာသာရေး နယ်ပယ်ထဲက အကန့်ငယ်တခုလည်း ဖြစ်တယ်။
  • စီးပွားပြုခြင်းက ငွေရှာခြင်း ဖြစ်တယ်။
  • စီးပွားပြုခြင်းဟာ အလုပ်လုပ်ခြင်း ဖြစ်တယ်။
  • စီးပွားပြုခြင်းဟာ စားဝတ် နေရေးဆိုတဲ့ ဘဝ သစ်ပင်ကို ရေလောင်းနေခြင်း ဖြစ်တယ်။ 
  • စီးပွားပြုခြင်းနဲ့ ဘဝ ရပ်တည်ခြင်းက တိုက်ရိုက် ဆက်စပ်တယ်။ 
  • စီးပွားပျက်ရင် ဘဝအိမ် ပျက်တယ်။
  • စီးပွားကျခြင်းဟာ ဘဝရပ်တည်မှု ကျခြင်းနဲ့ တထပ်တည်း ဖြစ်တယ်။
  • စီးပွားရေး သမားက လူမှုရေးနဲ့ စီးပွားရေးကို တကန့်စီ စဉ်းစားတယ်။
  • သာမန်လူတွေက စီးပွားရေးနဲ့ လူမှုရေးကို ရောပြီး စဉ်းစားတယ်။ 
  • လူမှုရေးကြောင့် စီးပွားပျက်သွားနိုင်တဲ့ လမ်းကြောင်းတွေကို သာမန်လူတွေ မြင့်လေ့ မရှိကြ။ 
  • လူမှုရေးကြောင့် စီးပွားရေးလမ်းကြောင်း ပျောက်သွားနိုင်တဲ့ အချက်ကိုလည်း မမြင်တတ်ကြ။
  • စီးပွားရေးသမားက လူမှုရေးကို စီးပွားရေးနဲ့ ရောထွေး စဉ်းစားလေ့ မရှိပါ။ 
  • သူတို့က လှူချင်လျှင် သီးသန့် လှူတယ်။ 
  • သူတို့က စီးပွားရေးနဲ့ ရောထွေး လှူဒါန်းတဲ့ ဒါနမျိုး မပြုလုပ်ကြ။ 
  • စီးပွားအောင်မြင်လျှင် လူမှုရေးအတွက် အရွေ့များစွာကို စိတ်တိုင်းကျ ရွေ့နိုင်တယ်။ 
  • စီးပွားရေး လှော်တက်က ဘဝလှေကို ရွေ့စေတယ်။
  •  စီးပွားရေး ဘီးက ဘဝကားကို လိမ့်သွားစေတယ်။
  •  စီးပွား မရှိသူဟာ လျှော်တက်မပါပဲ လှေလှော်ချင်တဲ့သူနဲ့ တူတယ်။ ဘီးမပါပဲ ကားကို  ရွေ့ချင်သူ ဖြစ်တယ်။ 
  • စီးပွားရေးနဲ့ လူမှုရေး တိုက်ရိုက် အချိုးကျနေတဲ့ လူသားကမ္ဘာမှာ စီးပွားပြုနည်း ပျက်စေမဲ့ မည်သည့် စဉ်းစားနည်းကိုမှ စီးပွားပြုသူက မစဉ်းစားပါ။
  • စီးပွားပြုခြင်းနဲ့ အလုပ်၊ အလုပ်နဲ့ စီးပွား အပြန်အလှန်ဆက်နွယ်နေတယ်။
  • ရောင်းနေတဲ့ ပစ္စည်း ရောင်းမရလို့ ရှုံးတယ်ဆိုတာ ငွေရှုံးတာ ဖြစ်တယ်။ ဒါပေမယ့် နာမည် ရှုံး မသွားပါ။
  • ငွေရှုံးရင် ငွေပြန်ရလာအောင် တနည်းနည်းနဲ့ လုပ်လို့ ရတယ်။ 
  • နာမည် ရှုံးရင်တော့ ဘာလုပ်ငန်းမှ လုပ်မရတော့ပါ။ ဒါဟာ ဘဝကို သတ်လိုက်ခြင်း ဖြစ်တယ်။
  •  ဈေးရောင်းတယ် ဆိုတာ ဝယ်သူရှိမှ အောင်မြင်တယ်။ ဝယ်သူများရင် ဈေးကွက်ကြီးတယ်။
  •  ဒါကြောင့် လုပ်ငန်း အောင်မြင်အောင် ကြော်ငြာတဲ့အခါ နမူနာ ပေးခြင်းမှ အပ ကျန်တဲ့ အချိန်တွေမှာ ဘယ်တော့မှ အလကား မပေးပါ။
  • စောင့်ထိန်းသင့်တဲ့ စည်းတွေကို စောင့်ထိန်းမှသာ ရေရှည်အတွက် စီးပွားအောင်မြင်တယ်။ 
  • သာမန်လူတွေလို စဉ်းစားရင် သာမန်လူ ဘဝမှာသာ ကျင်လည်နေမယ်။
Tuesday 5 February 2019
တချိန်က နဂါနီး လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည်
လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည်။
ဒီသီချင်းလေး ခေတ်စားလာတာ အနှစ် ၆၀ ကျော်ပြီလို့ ထင်ပါတယ်။ နဂါးနီ က စာပေတွေဟာ ကိုယ်တွေကို လွမ်းမိုး နိုင်ခဲ့သလို ဂီတကလည်း လွှမ်းမိုးထားပါတယ်။ အခုချိန်ထိ KTV တွေမှာ အဆိုများတဲ့ သီချင်းထဲမှာ ဒီ နဂါးနီ သီချင်း ထိပ်ဆုံးကပါနေသေးတယ်လို့ လည်းထင်ပါတယ်။ တကယ်လည်း ကောင်းမွန်တဲ့ ထိမိတဲ့ အားကောင်းတဲ့ သီချင်းတစ်ပုဒ်ပါဘဲ။
သို့သော် ဆင်းရဲတွင်းက နှစ် ၆၀ ကြာတဲ့ အထိ မလွတ်တဲ့ အပြင် ပိုဆင်းရဲလာကြတယ်ဆိုနိုင်သလို ကိုယ်နောက်မှ လွတ်လပ်ရေးကို မတိုက်ဘဲရခဲ့တဲ့ သူတွေအချို့ အာရှကျားဖြစ်တဲ့ သူဖြစ် စင်ပေါ်ရောက်တဲ့ သူရောက် ဖြစ်နေချိန် ကိုယ်တွေမှာက အရင်က စိုက်ပျိုးသီးနှံ ပို့နိုင်သူ ဆန်ထွက်တဲ့ နိုင်ငံကနေ သယံဇာတ ထုတ်ရောင်းနေရတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံသားများစွာ အပြင်ထွက် အလုပ် လုပ်နေကြရအောင် ဖြစ်သွားခဲ့တယ်။ 
  • တစ်ခေတ်က လွမ်းမိုးထားတဲ့ ဈေးကွက် နဲ့ ဒေသတွင်း ရောင်းနေတဲ့ ဘာထုတ်ကုန်မှလည်းအခု မကျန်တော့သလို စိုက်ပျိုးရေး နိုင်ငံ ပြောပေမဲ့ ဘာမှ မယ်မယ်ရရစီးပွားဖြစ် ရောင်းနိုင်အောင် မထုတ်နိုင်တဲ့ သူ ဖြစ်ကျန်နေခဲ့တယ်။ 
သီချင်းထဲမှာတော့ ပုဂံမှာ အဂ္ဂိယ ထိုးတာ အောင်ပြီး ရွှေထွက်တဲ့ အရှင် အဇ္ဇဂေါန တွေ ဘာတွေ မသလို ကယ်တင် ရှင် ပေါ်မလို ဆိုပေမဲ့ အများစုကို တကယ်ထမ်းနိုင်ဖို့ ဆွဲတင်နိုင်ဖို့ ဆိုတာ ဘယ်နိုင်ငံမှာမှ အောင်မြင်ခဲ့ဘူးတာ မဟုတ်ပါဘူး။ 
အများစုက အလုပ်အကိုင်အခွင့်အလန်းတွေကောင်းမယ် ငွေ ရှာဖိုလွယ်မယ်ဆိုတာက နေဘဲ အများစု ရဲ့ လူနေမှု့အဆင့်တက်ပြီးချမ်းသာသွားတာ အဆင့်မြင့်သွားတာ ဘဲ ရှိခဲ့တာပါ။
  •  သူရဲကောင်းတွေ ဆိုတာကလည်း ဒုက္ခပေးတဲ့ ရန်သူကို သာ နှိမ်နင်းနိုင်ကြပြီး အန္တရယ်ကင်းသွားတဲ့နောက်မှာ မွဲသူချမ်းသားဖို့ အုံနဲ့ကျင်းနဲ့ လုပ်နိုင်ဖို့ ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ အခြေပြုပဋ္ဌာန်း ကျမ်းမှာ မဟာဂန္ဒရုံဆရာတော်ကြီးမိန့်တော်မူသလို အလုပ်မလုပ်ဘဲ မချမ်းသာနိုင်ဘူး။
  •  ရွှေ တွေ ထွက်အောင်လုပ်ပြီး လူတိုင်းပေးနေရင် အလုပ်လုပ်မည့်သူမရှိလို့ တိုင်းပြည်တောင်ပျက်သွားဦးမယ်လို့ လည်း ကယ်မတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဟောဘူးတာ သတိရတယ်။
လက်တွေ့မှာ တိုင်းပြည်က အရှေ့တောင်အာရှမှာ စီးပွားရေး အနေအထား ကောင်းခဲ့တယ်။ ဆန်စပါးလို နာမည်ရ ပြည်ပ ပို့ ကုန်တဲ့ ဈေးကွက် ရှိခဲ့သလို အခြား Industry တွေမှာလည်း ဦးဆောင်နိုင်ခဲ့ကြတယ်။ သို့ သော် စစ်ပြီးချိန်မှာ စစ်တလင်းဖြစ်ခဲ့ရလို့ စစ်တုန်းက ကျန်နေတဲ့ လက်နက် တွေက တိုင်းပြည် ကွဲပြဲတာမှာ မတည်မငြိမ် ဖြစ်စေခဲ့တယ်။တောခိုတာတွေများတာ လက်နက်ကိုင်တွေ များတာဟာ ပြည်သူတွေ ကျီးလန့်စာစားတွေကို ဖြစ်စေရာကနေ အာဏာသိမ်းအစိုးရဖြစ်ဖို့ ဖန်လာတယ်။ 
ချမ်းသာပြည့်စုံ မှု့ အတန်အသင့်ရှိတဲ့ နိုင်ငံရဲ့ အာဏာကလည်း မက်မောစရာ ကောင်းလောက်တာကြောင့် မူလက အခြေတည်ခဲ့တဲ့ ပါလီမာန်ဒီမိုကရေစီပျက်ခဲ့တယ်။ အစိုးရက ထောက်ခံသူများစေဖို့ ဆွဲဆောင်တဲ့ အနေအထားတွေ အနေနဲ့ အင်္ဂလိပ်ခေတ်က အားကျန်ခဲ့တဲ့ ဇာတိသွေးဇာတိမာန်ကို ဆွစေတဲ့အများစု လိုလားတယ်ဆိုတဲ့ အာဏာရရင်ပြန်ပေးစရာမလိုတဲ့ ဆိုရှယ်လစ်စနစ်နဲ့ အမျိုးသားရေးကို ရွေးခဲ့တယ်။ 
  • အာဏာနဲ့ ပြည်သူပိုင်တွေသိမ်းပြတယ် ကုလားတွေနှင်ထုတ်တယ်။
  •  စက်ရုံအလုပ်ရုံတွေအားလုံး ထောင်ချီပြီး အစိုးရကဘဲ ကိုင်တွယ်တယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု့ တွေ ဖျက်သိမ်းတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ က ဘဲ တာဝန်ယူတယ်။ ပညာရေး ကျမ်းမာရေးကို လည်း သူတို့ ဘဲ လုပ်ခဲ့တယ်။ လယ်လုပ်သူလယ်ပိုင်ဖို့ ဆိုပြီး အစိုးရကဘဲ လယ်အားလုံးသိမ်းပြီး ပိုင်စေတယ်။ ထွက်သမျှ အစိုးရသွင်းရတယ်။ 
  • နောက်ပိုင်းမှာတော့ တာဝန်ကျေစပါး သွင်းရတာတွေ စက်ရုံတွေက  ကုန်ကြမ်း ကို ကုန်ချောပြောင်းတဲ့ အလုပ်သမား တွေကို ဘဲ အလုပ်လုပ်သူလို့ သတ်မှတ်ခံရရာက ကျန်တဲ့ Product ဖြစ်စေတဲ့ idea က အစ Supply chain တစ်ခုလုံးနဲ့ Marketing , after sale service တွေက အစ ဈေးကွက် လိုအင်အဆုံး တန်ဘိုးထား ရာနေရာက ပျောက်ပြီး စီမံကိန်းစီးပွားရေးစနစ်ထဲမှာ ထုတ်ကုန် ရှားပါးပြီး အသုံးတွေ များတာကြောင့် ငွေကြေးဖောင်းပွတာတွေ ကုစားတဲ့ တရားမဝင်ငွေစက္ကူစနစ်တွေက နေဘဲ အစိုးရ ကို အယုံအကြည့်ကင်းလာကြတယ်။
  •  လောက်ငမှု့ မရှိရာကနေ မှောင်ခိုစီးပွားရေးတွေပေါ်လာတယ်။
တစ်ခေတ်က တယ်ရှိခဲ့တဲ့ ၁၉ ရာစုက နေ ၂၀ ရာစုအပြောင်းမှာ ဖြစ်လာခဲ့တဲ့ အရင်းရှင်စနစ်တွေ ခေါင်းပုံဖြစ် ဂုတ်သွေးစုတ်မှုတွေနဲ့ အဝေမတည့်ကြတဲ့ နယ်မြေလုဈေးကွက်လုတာတွေကနေ ကမ္ဘာစစ်တွေထိဖြစ်ကုန်တယ်။ 
အတိတ်နဲ့ လက်ရှိအနေအထားကို သေချာသုံးသပ်အဖြေရှာနိုင်ခဲ့တဲ့ ကားလမက်ကို လေးစားမိဘူးပေမဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်ပြောင်းလဲမှု့ တွေကနေ PS စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ အရင်း ရှင် ဆိုသည်မှာဆိုတာက တကယ် အပြင်မှာ ရှိတဲ့ နိုင်ငံတွေမှာ ပြောင်းလဲသွားတာတွေ ဖြစ်လာတယ်။ 
ဂျပန်လို နိုင်ငံဆိုရင် ဆိုရှယ်လစ် စနစ်အောင်မြင်နေသလို လူတန်းစားတွေ တွေ့ရတယ်။
  • တကယ်တော့ အလုပ်လုပ်တဲ့ သူတိုင်းကို သူရဲ့ အောင်မြင်မှု့ အလိုက် ဈေးကွက်က ဆုံးဖြတ်တာ အရ ရရှိတာတွေဟာ အရင်းနှီးရှိလို့ ခေါင်းပုံဖြတ်ခံရဲ့ပုံစံမျိုးတွေ မဟုတ်တော့သလို ဖြစ်လာချိန်မှာ ။ 
  • ဆင်းရဲသားတွေ အလုပ်သမားလယ်သမားတွေကို ကယ်တင်ခဲ့ပြီး ခေါင်းပုံဖြတ်သူ လူတန်းစားကို ဖယ်ရှားပေးသူတွေက အခွင့်ထူးခံ ခေါင်းပုံဖြတ်သူ လူတန်းစား အသစ်ထပ်ဖြစ်လာကြတယ်။
  •  အောက်ခြေလူတန်းစားတွေက ပြစားစရာ အဆင့်က နေ တက်လာတာ မတွေ့ခဲ့ရဘူး။
  • ဆိုရှယ်လစ်ခေတ်မှာ အရင် ရှာထားသမျှကုန်ချိန် သူများတွေ ဆီက သိမ်းထားတဲ့ လုပ်ငန်းတွေ မလုပ်တတ်လို့ ပျက်စီးသွားချိန်မှာ တိုင်းပြည် အရာရာရှားပါး ခက်ခဲ ရာက လူထု အုံကြွမှု့တွေဆီ ဦးတည်ဖြစ်ပေါ် လာစေခဲ့တယ်။
  • တစ်ခါ ခေတ်ပြောင်းပြီး ဈေးကွက်စီးပွားရေး နာမည်ခံပြီး မှောင်ခိုစီးပွားရေးကို တရားဝင်ခွင့်ပြုပေးလိုက်တဲ့နောက်မှာတော့ မြန်မာငွေဈေးတွေ ထိုးကျသွားတယ်။ နိုင်ငံတကာက အရင်ခေတ်မှောင်ခိုဝင်တာတွေ တရားဝင်ဝင်လာကြပြီး ဇိမ်ခံတတ်လာကြတယ်။  အသုံးရောအဖြုန်းပါတက်လာတယ်။ စိုက်ပျိုးရေး မွေးမြူရေး စက်ရုံတွေက ထွက်တာတွေက ပြည်ပအသုံးဝင်ငွေမလောက်တော့ သစ်တွေခုတ်တာ ရေနံတူးတာ ကျောက်တူးတာ စတဲ့ သဘာဝသရံဇာတနဲ့ ပတ်ဝန်းကျင် ကို ရောင်းစားကြရတဲ့ ဘဝ ထပ်ရောက်သွားတယ်။ အဲဒီမှာလည်း စီးပွားရေးက ဘာမှတက်မလာဘူး။
  • ကြွယ်ဝချမ်းသာ အောင်မြင်သူတွေတော့ ရှိလာတယ် အများစုက အာဏာဝယ်သုံးတတ်တဲ့ ခရိုနီ လိုတန်းစားတွေနဲ့ အာဏာကို ရောင်းစားတဲ့ အဘ တွေလို လူတန်းစားတွေက ကြွယ်ဝလာကြတယ်။ အများစုက ပိုတောင်ဆိုးသွားတယ်။ အရင်ခေတ်က ရှားတာကနေ လက်လလှမ်းမမှီနိုင်အောင် ဝေးတာတွေဖြစ်လာတယ်။ မဟုတ်တာလုပ်စားကြတာတွေ အရင် ဆိုရှယ်လစ်ခေတ်က ထက် သိသိသာသာတိုးလာတယ် ပျက်စီးသူတွေ ပိုများလာတယ်။ အပြင်မှာ ရှာဖွေလုပ်ကိုင်ကြသူတွေရဲ့ ငွေတွေက လုပ်ပိုင်ခွင့် ရှိသူတွေရဲ့ ဖုန်းပါမစ် ကားပါမစ် မြေစလစ်တွေ မှာ ပြန်ကုန်ကြရတယ်။
  • စာရင်းမဲ့အင်းမဲ့ ဗရမ်းပတာ ကြီးထွားလာကြလို့ နောက်ပိုင်း ကျူးကျော်တွေ လယ်သိမ်းတွေ ကနေ အစိုးရပိုင်းလယ်တွေကို လယ်သမားတွေ ကိုလုပ်ဖူးရင်ပေးသလိုလိုနဲ့  ငွေရှိထား အားဏာရှိထား သူတွေနဲ့ ပြည်ပက လိုက်သိမ်းလိုသူတွေ ဝယ်လို့ ရအောင် ဟပေးလိုက်တော့ ဟိုလိုလိုဒီလိုလိုနဲ့ လမ်းမကြီးဘေးတွေ မြို့ ရွာတွေရဲ့ အနီးချုပ်စပ်တွေအားလုံး လူလယ်တွေ ခွဲယူလိုက်ကြတယ်။
  • တစ်ခေတ်က လုပ်ငန်းသာမက ပုဂ္ဂိလိက မြေပါ ပါတဲ့ ပြည်သူပိုင်သိမ်း ဓာတ်ဆီဆိုင်တွေကို မူရင်းသူတွေပြန်မကြည့်ဘဲ နီးစပ်ရာခွဲဝေယူကြတယ်။
 ပြည်သူတွေ မခံနိုင်တော့ လို ပြောင်းလဲချိန် တန်ပြီမှာ မဲမပေးတာတောင် ၃ လအတွင်းမှာ အတော်ပွဲတော်တွေ့ပြီး မရှက်မကြောက် အလုပ်တွေ လုပ်နေကြဆဲဘဲ။
နယ်ချဲ မျက်နှာဖြူတွေ ထွက်သွားလို့ ကိုယ့်အမျိုး ကိုယ်ဘာသာ ကိုယ်တွေ တောင့်တတဲ့ စနစ်တွေ နဲ့ အခု အနှစ် ၆၀ -၇၀ ရောက်တဲ့အထိ ဒို့ နဂါးနီ သီချင်းက ဆိုကောင်းယုံထက် ပိုပြီး ဘာမှဖြစ်မလာသေးဘူး။
 နဂါးနီတံခိုးနဲ့ အမျိုးဂုဏ်လည်းမတက်လာသေးဘူး။ ဆင်းရဲတာကလည်း ပိုများသွားတာဘဲ ရှိတယ်။
  • အခုတော့ ခေတ်ပြောင်းစနစ်ပြောင်းဖို့ အချိန်ရောက်လာပြီ စနစ်ဆိုးတွေ ချုပ်ငြိမ်းတော့မယ်လို့ လည်း ယုံကြည်မိတယ်။ တိုင်းပြည်ကို ချွတ်ခြုံကျအောင် ပြည်သူပြည်သားတွေကို လူမွေးလူတောင်မပြောင်အောင် ပညာရေးကျမ်းမာရေး စီးပွားရေးကျစေခဲ့တဲ့ အရာတွေ ကို တော်လှန်ပြီး ပြောင်းလဲကြရတော့မယ် ဥပဒေစိုးမိုးတဲ့ ဝန်ထုတ်ဝန်ပိုးနဲပြီး လုပ်သလောက် အကျိုး ၇ှိနိုင်မဲ့ စနစ်တွေကို ခေါင်းဆောင်ကောင်းရဲ့ အမျှော်အမြင်နဲ့ နိုင်ငံတကာ ယုံကြည်မှု့ နောက်မှာ ရောင်နီသန်းတာမြင်နိုင်နေပြီ။
  •  ပြည်သူအကျိုး တကယ်လုပ်မဲ့ အစိုးရသစ်လည်း ဖြစ်လာနိုင်ပြီလို့ မှန်းတယ်။
သို့ သော် ဒီအရာတွေဟာ တိုင်းပြည်တိုးတက်လာစေမှာ ယုံကြည်မိပေမဲ့ ချမ်းသာလာမယ်လို့ ခံစားရပေမဲ့ တိုးတက်မှာသေချာတယ်လို့ အာမခံပြော နိုင်ပေမဲ့ နဂါးနီ သီချင်းထဲကလိုတော့ ဆင်းရဲသားတွေ ချမ်းသာဖို့ တစ်စုံတစ်ယောက်လာမ မယ်လို့တော့မယုံကြည့်ဘူး။ ဘယ်လူစွမ်းကောင်းမမ ဆင်းရဲသားတွေ ရည်ရှည်မချမ်းသာနိုင်ဘူး။ 
  • လူစွမ်းကောင်းတွေ ခေါင်းဆောင်ကောင်းတွေ လုပ်ပေးနိုင်တာက တရားမျှတဖို့၊ အနိုင်ကျင့်မခံရဖို့၊ အဖိနှိပ်မခံရဖို့၊ ကိုယ်လုပ်အားခေါင်းပုံအဖြတ်မခံရဖို့ ရန်သူမျိုးငါးပါး ကြောင့် မဆုံးရှုံးစေဖို့ နဲ့ ကိုယ့်ရဲ့ စွမ်းရည်တက်အောင် လေ့ကျင့်ပေးတာမျိုးတွေ ထိလောက်ဘဲ လုပ်ပေးနိုင်မယ်။ 
  • ပျင်းနေ ဖျင်းနေ တာ ကံ ဉာဏ် ဝီရိယမရှိတာ လူတွေယုံကြည့်မှု့ မရှိနိုင်စေတဲ့ အကျင်ဆိုးတွေ ရှိတာ စတဲ့ အရာတွေ က ဆွဲထားရင်တော့ ဆင်းရဲနေဦးမှာ ပါဘဲ။ 
  • ဆိုလိုချင်တာက ကိုယ်လုပ်မှကိုယ်ရမယ် သူများပေးတာစောင့်စားပြီး သူဌေးဖြစ်စရာမရှိဘူး ဆင်းရဲလွတ်စရာမရှိဘူး။တကယ်တော့ နှစ် ၇၀ နီးနီး ပျက်စီးလာတာတွေ ကို ၅ နှစ်လောက်အတွင်းမှာ အတိုင်းအတာတစ်ခုထက် ပိုလုပ်လို့ မရဘူး။
 လွတ်တော်က လူတွေနဲ့ Polital post အစိုးရအဖွဲ့ လက်တစ်ဆုတ်စာပေါင်း လူ ၁၀၀၀ လောက်နဲ့ သန်း ၅၀ ကျော် တိုင်းပြည်ကျယ်ကြီးကို ဟတ်ချလောင်းဆိုပြီး စင်္ကာပူလို ဂျပန်လို ဟောင်ကောင်လို ဥရောပလို ဖြစ်ချင်လို့ မရဘူး။ 
အစိုးရသစ်ဆီက လိုအပ်တာထက် ပိုမှန်းပြီး အားမရဖြစ်နေကြမှာလည်း မြင်ယောင်မိတယ်။ တစ်ပြည်လုံး ဝိုင်းတွန်းကြရမှာကို ကိုယ်ပါတွန်းမှရမှာကို ကိုယ်လာမတွန်းသေးလို့ ပြောနေကြရင်း လည်း အချိန်ပြည့်သွားမှာစိုးတယ်။ 
တကယ်တော့ မြတ်စွာဘုရားတောင် တရားဘဲ နားလည်အောင် ဟောလို့ရတယ်။ 
  • ကိုယ်တိုင်မကျင့်ဘဲ ပါရမီအထုံမရှိဘဲ ဘုရားဘေးက လာတွန်းလို့ ရွတ်ဖတ်လို့ ဆွဲပို့လို နိဗ္ဗာန်ရောက်သူ တောင်မရှိခဲ့တာဘဲ ဆိုတော့ ဒီလိုဘဲ ဆင်းရဲတွင်းက လွတ်ချင်သူတွေ  ကို ဖာသာရုန်းအောင်လုပ်မပေးနိုင်ဘဲ နဂါးနီ က မကယ်မနိုင်ဘူးလို့ ယုံကြည့်မိပါတယ်။ မိတ်ဆွေဘယ်လိုထင်ပါသလဲ။
Monday 4 February 2019
" (public-private partnership) ပီပီပီဘာတွေပြောင်းလဲသွားပြီလဲ"
WHY PPP?
Private participation in infrastructure is expected to create value-for-money for Myanmar and the Government in a number of ways, including:
  • Bringing private innovation, expertise and management to infrastructure
  • Better project management, including project delivery on-time and on-budget
  • Optimized (lifecycle) project design, investment, maintenance and operations
  • Better customer orientation
  • Mobilization of private financing
  • Better realization of commercial potential of infrastructure
  • More efficient and cost-effective management of certain risks (such as construction risks)
To realize value-for-money from private participation, the Government will focus on specifying PPP projects on an output basis; will allocate risk appropriately and will contract private partners following a competitive tendering process. Effective post-contract oversight will also be realized to ensure that the private partner meets the performance targets specified in the contract. The Government will therefore play a key role in structuring, procurement and oversight of PPP, and will put in place specialized support in this regard.
မြန်မာနိုင်ငံရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ PUBLIC-PRIVATE PARTNERSHIPS (PPP) မှ ကြိုဆိုပါသည်
ဤဝက်ဆိုက်သည် မြန်မာနိုင်ငံရှိ Public-Private Partnerships (PPP) (အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများ) အကြောင်း သတင်းအချက်အလက်များအတွက် တရားဝင် စာမျက်နှာတစ်ခုဖြစ်ပါသည်။ ဤ ဝက်ဆိုက်မှတဆင့် မြန်မာနိုင်ငံမှ PPP နဲ့ပတ်သက်သော နောက်ဆုံး မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ အကြောင်း သတင်းအချက်အလက်များကို ဖော်ပြပေးနေပါသည်။ ရှေ့လာမည့် PPP စီမံကိန်းများကို အများသိစေရန်ဖော်ပြပေးမည်ဖြစ်ပြီး အစိုးရအရာရှိများနှင့်အတူ အခြားသော သက်ဆိုင်သူများအနေဖြင့် PPP ခေါ်ယူမှုလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အရင်းအမြစ်များနှင့် လေ့ကျင့်သင်ကြားရေးထောက်ကူပစ္စည်းများကို ရရှိနိုင်ကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အစိုးရ၏ ရေရှည်ရည်မှန်းချက်မှာ Public-Private Partnerships (PPP) ( အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံများ) ကို သိသာထူးခြားသော လုပ်ဆောင်ပုံတစ်ခုအဖြစ် ထူထောင်ပြီး ယင်းမှတဆင့် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးကာ တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ အနာဂတ် အားကောင်းစွာ တိုးတက်ဖွံ့ဖြိုးရန်အတွက် ထောက်ပံ့ရန်ဖြစ်သည်။ အစိုးရ၏ ကာလလတ် ရည်မှန်းချက်မှာမူ PPP များကို ဖြစ်ပေါ်စေသော ပတ်ဝန်းကျင်ကို ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန်နှင် စွန့်ဦးတီထွင် PPP စီမံကိန်းများကို အကောင်အထည်ဖော်ရန်ဖြစ်သည်။
စီမံကိန်းများ
မြန်မာနိုင်ငံအစိုးရသည် PPP စီမံကိန်းများနှင့် အတွေ့အကြုံကောင်းများ ရှိထားပြီးဖြစ်ပါသည်။  တစ်ခုချင်းစီအားဖြင့် ပြောမည်ဆိုလျှင် စွမ်းအင်ကဏ္ဍတွင် (ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ) စီမံကိန်းများ ရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း စီမံကိန်းများရှိခဲ့ပါသည်။ ဥပမာ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် လည်ပတ်ဆောင်ရွက်မှု၊ ပြန်လည်ထူထောင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု လေဆိပ်လုပ်ငန်းများအတွက် ခွင့်ပြုသဘောတူညီမှု စာချုပ်ကို ၂ဝ၁၄ ခုနှစ်တွင် ရေးထိုးခဲ့ပါသည်။ ထို့အပြင် ထိုနှစ်တွင်ပင် ရန်ကုန်၏  အရှေ့မြောက်ဘက် ၇ဝ ကီလိုမီတာခန့်အကွာတွင် လေဆိပ်သစ်တစ်ခုကို တည်ဆောက်ရန် အနှစ်ဆုံးဆယ်သက်တမ်းရှိ PPP စာချုပ်တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ လမ်းများကိုလည်း BOT စနစ်ဖြင့် တည်ဆောက်နေခဲ့သည်မှာ နှစ်အတန်ကြာရှိခဲ့ပြီဖြစ်ပါသည်။
PPP စီမံကိန်း ဖြစ်စဉ်
PPP စီမံကိန်းများ၏ ဖြစ်စဉ်ကို နောင်တွင် ဤဝက်ဆိုက်မှ အသိပေးဖော်ပြသွားပါမည်။
PPP စီမံကိန်း အသေးစိတ်အချက်အလက်များ
PPP စီမံကိန်းများကို မြန်မာနိုင်ငံတွင် အကောင်အထည်ပေါ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းတို့အနက်မှ အချို့ကို အောက်တွင် ဖော်ပြထားပါသည်။
http://www.pppmyanmar.gov.mm/policy-and-guidelines
"ပီပီပီဘာတွေပြောင်းလဲသွားပြီလဲ"
ယခင်အပတ်က နေပြည်တော်မှာ ကျင်းပခဲ့သည့် Invest Myanmar Summit (IMS)ပွဲတွင် ပီပီပီ (public-private partnership) အစီအစဉ်ဖြင့် အကောင်အထည်ဖေါ်ဆောင်မည့် အစိုးရ၏ ဦးစားပေး စီမံကိန်း စုစုပေါင်း ၃၀ကို ပြသပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်ခဲ့သည်။ 
    • အဆိုပါ ပီပီပီ စီမံကိန်း၃၀ သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု (Myanmar Development Sustainable Plan-MSDP)အစီအစဉ်အရ အကောင်အထည်ဖေါ်ဆောင်မည့် စီမံကိန်းဘဏ် (Project Bank)တွင်ပါဝင်သည့် စီမံကိန်းများထဲမှ ပီပီပီ စီမံကိန်းများဖြစ်သည်။ အခြား စီမံကိန်းဘဏ်တွင်ပါဝင်သည့် စီမံကိန်းများမှာတော့ အစိုးရ ဘတ်ဂျက်ဖြင့် အကောင်အထည်ဖေါ်မည့် စီမံကိန်းများနှင့် နိုင်ငံတကာ အကူအညီဖြင့် အကောင်အထည်ဖေါ် မည့် စီမံကိန်းများဖြစ်သည်။ 
    • အဆိုပါပွဲ မတိုင်မီ ၂၀၁၈ခုနှစ် နိုဝင်ဘာလ၃၀နေ့ နေ့စွဲဖြင့် သမ္မတရုံး ညွှန်ကြားချက် ၂/၂၀၁၈ဖြင့် စီမံကိန်းဘဏ် (Project Bank) ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်တွင် ပီပီပီများဖြင့်သက်ဆိုင်သည့် အပိုဒ်များပါဝင်လာခဲ့သည်။ 
ယခင်က ပီပီပီများကို မည်သို့လုပ်ဆောင်ခဲ့သနည်း
ယခင်က ပီပီပီများကို ပြည်သူအများ သိရှိသည်မှာ ဘီအိုတီ (Build-Operate-Transfer)ဟု၍ဖြစ်သည်။ အဆိုပါ ဘီအိုတီများကို ယခင်အစိုးရအဆက်ဆက် (စစ်အစိုးရလက်ထက်မှစ၍) လုပ်ဆောင်ခဲ့သည်မှာ ပွင့်လင်းမြင်သာ မှုမရှိဘဲ unsolicited ဟုခေါ်သည့် ပုဂ္ဂလိကဘက်မှ ကမ်းလှမ်းလာမှုနှင့်အဆိုပြုလွှာ (proposals) တင်ပြမှုအ   ပေါ်မူတည်ပြီး လုပ်ဆောင်သည်ကများခဲ့သည်။ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ ၂ဦး ညှိနှိုင်းပြီး အကောင်အထည်ဖေါ်ကြခြင်းဖြစ်သည်။
  • ဥပမာအနေဖြင့်ပြရလျှင် မကြာခင်က အလုပ်သမား ဆန္ဒပြမှု များကြောင့် ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ကျော်ထက်ကျော် ကုမ္ပဏီ၏ အုတ်ကျင်းဂုန်နီစက်ရုံ ဘီအိုတီမျိုး ဖြစ်  ကြသည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဋ္ဌာနနှင့် ကျော်ထက်ကျော် ကုမ္ပဏီတို့အကြား ညှိနှိုင်းပြီး ဘီအိုတီ နှစ်ရှည် စာချုပ်ချုပ်ဆို လုပ်ကိုင်ခြင်းဖြစ်သည်။ စာချုပ်တွင် မူလ ဂုန်နီစက်ရုံအဖြစ်မှ အခြားနည်း အသုံးပြုမည်ဆိုလျှင် အစိုးရကို မည်ရွေ့မည်မျှ ပြန်လည်ပေးသွင်းရမည်၊ အခွန်အခ မည်သို့ထမ်းဆောင်ရမည် အစရှိသည့် စည်းမျဉ်း စည်းကမ်းများ ပါမပါလည်းမသိရှိရချေ။ 
  • အလားတူ ဆောက်လုပ်ရေး ၀န်ကြီးဋ္ဌာနမှ ဆောင်ရွက်သည့် ဘီအိုတီ အမြန်လမ်းများ၌လည်း စံချိန်စံနှုန်းများအတိုင်း ဘီအိုတီလုပ်ဆောင်သည့် ကုမ္ပဏီဘက်မှ လိုက်နာမှု ရှိမရှိတော့ မသိရသော်လည်း ၄င်းလမ်းများ ပျက်စီးနေခြင်း၊ ပုဂ္ဂလိကဘက်မှလည်း တွက်ချေမကိုက်သဖြင့် ပြုပြင်ထိန်းသိမ်း မွမ်းမံခြင်း  မပြုနိုင်ဟုဆိုနေခြင်းများ (ဥပမာ ရန်ကုန်-ပုသိမ်လမ်း)၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်မှ အပြီးအပိုင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် နိုင်ငံတော်ပိုင် စက်ရုံများ၊ အဆောက်အအုံများ တန်ဖိုးမည်မျှ ရရှိသည်ကို မသိရခဲ့ခြင်း၊ 
  • ပီပီပီ ပုံစံဖြင့် လုပ်ဆောင်သည့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် စာချုပ် ချုပ်ဆိုလုပ်ကိုင်သည့် ရေနံထုတ်လုပ်ရေးလုပ်ငန်းများမှ နိုင်ငံတော်အနေဖြင့် အခွန်ဝင်ငွေမရရှိခြင်း အစရှိသည့် ပီပီပီ စီမံကိန်း အများအပြားသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အများအားဖြင့် အကျိုးမဖြစ်ထွန်းဘဲ ပုဂ္ဂလိ ဘက်မှသာ တဘက်သတ် အဆမတန် အကျိုးဖြစ်ထွန်းနေသဖြင့် ခရိုနီအရင်းရှင်ဝါဒနှင့် နိုင်ငံတော်ပိုင်များကို လက်သင့်ရာ စားတော်ခေါ်နေကြသည် (assets stripping) ဟုပြောဆိုဝေဖန်နေကြသည်။ြ
  • မြစ်ဆုံကဲ့သို့ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် အကောင်အထည်ဖေါ်ဆောင်မည့်  ပီပီပီ စီမံကိန်းကြီးများ၏ စာချုပ်များသည် လည်း နိုင်ငံအကျိုး စီးပွားထက် ရင်းနှီးသူသာ တဘက်သတ် အကျိုးစီးပွားဖြစ်ထွန်းနိုင်သဖြင့် ဟားဗတ် တက္ကသိုလ်မှ ပညာရှင် David Dapice က  သူ၏ မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် စာတမ်း တစ်ခုကို “Hydro Power in Myanmar” Moving Electricity Contracts from Colonial to Commercial” ဟု အမည်ပေးထားခဲ့ခြင်းဖြစ်သည်။ 
  • ထိုသို့ဖြစ်နေရခြင်းမှာလည်း ပီပီပီ ဘီအိုတီဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နည်း ဥပဒေ၊ ဥပဒေများ မရှိခဲ့ခြင်း၊ ပီပီပီ စီမံကိန်းအားလုံးကို စီမံကိန်းဘဏ်အတွင်း တစ်ပေါင်းတစ်စည်းထဲ ထည့်သွင်း၍ ဗဟိုမှ စနစ်တကျ လေ့လာဆန်းစစ် စောင့်ကြပ်ကြည့်ရှုမည့် ပီပီပီ ဗဟိုဋ္ဌာနကဲ့သို့ အဖွဲ့အစည်း မရှိ ခြင်း၊ ပီပီပီများကို တာဝန်ယူ အကောင်အထည်ဖေါ်ဆောင်နေသည့် ၀န်ကြီးဋ္ဌာနများ၌ ပီပီပီဆိုင်ရာ စွမ်းဆောင် ရည် (capacity) အားနည်းနေခြင်းတို့ကြောင့်ဖြစ်သည်။ 
  • ယခုဖေါ်ပြခဲ့သည့် အချက်များကို ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာပင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့က လေ့လာသုံးသပ်ပြီး အကြံဥာဏ်များ  ပေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ပီပီပီများ
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရလာပြီး ၂နှစ်ခွဲခန့်အတွင်း ပီပီပီများနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များကို သုံးသပ်ရလျှင် ယခင်အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့်  ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ် အထူးစီးပွားရေးဇုံကဲ့သို့ ပီပီပီ စီမံကိန်းကြီးများ၏ စာချုပ်များကို နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းရန် ပြန် လည်ပြင်ဆင်ခြင်းဖြစ်သည်။
  • နောက်တစ်ချက်တွေ့ရသည်မှာတော့ နိုင်ငံတော်မှ အရှုံးပေါ်နေသည့် စက်ရုံများ လည်ပတ်မှုကို ပီပီပီအဖြစ် မပြောင်းလဲမီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ အရှုံးပေါ်နေသည့် စက်ရုံ စုစုပေါင်း၄၄ရုံ အနက် စက်မှုဝန်ကြီးဋ္ဌာနအောက်ရှိ စက်ရုံ ၇ရုံနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနအောက်ရှိ စက်ရုံ၎ရုံမှလွှဲ၍ ကျန်စက်ရုံ ၃၃ရုံအား ပြည်ထောင်စုလွှတ်တော်က ၂၀၁၇ခုနှစ် မတ်လ၁၅ရက်နေ့က ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့သည် (Frontier, 17 Mar 2017)။ 
  • ထိုရပ်ဆိုင်းခဲ့သည့်  စက်ရုံ၃၃ရုံအနက် ကျွန်းချောင်းဓါတ်မြေသြဇာစက်ရုံ၊ ကျော်စွာ ဓါတ်မြေသြဇာစက်ရုံ၊ သန်လျင်ရေနံချက်စက်ရုံတို့အား ပီပီပီအဖြင့်ပြောင်းလဲလုပ်ကိုင်ရန် ယခင်အပတ်က ကျင်းပခဲ့သည့် Invest Myanmar Summit ပီပီပီစာရင်းတွင်ထည့်သွင်းပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထား သည်။ 
  • ၀န်ကြီးဋ္ဌာနနှင့် သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် စီမံကိန်း ဆောင်ရွက်လိုသည့် ပုဂ္ဂလိကရင်းနှီးးမြှုပ်နှံသူ ၂ဦး၂ဘက် bilateral ဟုခေါ်ဆိုသည့် တိုက်ရိုက်ညှိနှိုင်း လုပ်ဆောင်ရန်စီစဉ်သည့် ပီပီပီစီမံကိန်းများ (တင်ဒါမခေါ်ဘဲဆောင်ရွက်သည့်) ယခုအစိုးရလက်ထက် ပြပါ ဆိုလျှင် ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနနှင့် Notice to Proceed ဟုခေါ်သည့် နားလည်မှု စာချွန်  လွှာချုပ်ဆိုပြီး အကောင်အထည်ဖေါ်ဆောင်ရန် ပြင်ဆင်နေသည့် LNG to Power လျှပ်စစ်ဓါတ်အားထုတ်လုပ်  ရေး စီမံကိန်း၎ခုကို ပြရမည်ဖြစ်သည်။ 
  • သို့သော်၎င်းတို့မှာလည်း power purchase agreement (မိမိကြားသိ သလောက်)များ မထိုးရသေး၍ အကောင်အထည်ဖေါ်သည့်အဆင့်မရောက်သေးဘဲ ဖြစ်နိုင်ချေလေ့လာဆန်းစစ် မှုများ (feasibility studies)ပြုလုပ်ဆဲဟု ယူဆနိုင်သည်။ 
    • အခြားလည်း ရန်ကင်းမြို့နယ်တွင် ဂျပန် ကုမ္ပဏီ Kajimaမှ အကောင်အထည်ဖေါ်ဆောင်မည့် အိမ်ယာစီမံကိန်း၊ ရွာသာကြီးတွင် ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနဖြင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဟောင်ကောင်အခြေစိုက် Kerry Logisticsဒ Dry Port စီမံကိန်းတို့ဖြစ်သည်။  လူသိများသည့် တရုတ် CCCCကုမ္ပဏီဖြင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရတို့ တိုက်ရိုက်ညှိနှိုင်း အကောင်အထည်ဖေါ်ရန် ကြိုပမ်းနေသည့် ရန်ကုန်မြို့သစ် စီမံကိန်း ပင်လျှင် ဖြစ်နိုင်ချေလေ့လာဆန်းစစ်မှုများ၊ pre-project proposal development ပြုလုပ်ပြီးလျှင် Swiss Challenge ဖြင့် အခြားကုမ္ပဏီများကိုလည်း တင်ဒါဖိတ်ခေါ်၍ ယှဉ်ပြိုင်ခိုင်းရမည်ဖြစ်သည်။ 
    • Swiss Challenge သည် ပီပီပီ စီမံကိန်းများအတွက် အကောင်းဆုံးဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ တကယ်အကောင် အထည်ဖေါ်သည့်အဆင့်သို့ မရောက်ရှိမီ အခြားကုမ္ပဏီများဖြင့် မူလစတင် အကောင်အထည်ဖေါ်ရန် အဆိုပြုခဲ့ သည့် ကုမ္ပသည် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    • ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနက ဦးစီးအကောင်အထည်   ဖေါ်ဆောင်မည့်  ရန်ကုန်မိုးပျံလမ်း ပီပီပီ စီမံကိန်းအတွက် မစတင်မီ ကမ္ဘာ့ဘဏ်အုပ်စုဝင် International Finance Corporation (IFC)၏ အကြံပေးမှုကိုရယူပြီးမှသာ အကြို အရည်အချင်းစစ် အီးအိုအိုင်(expression of interest-EOI)ခေါ်ယူပြီး အရည်အချင်းပြည့်မီသည့် ကုမ္ပဏီများသာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်  ခြင်းပြုလုပ်ခဲ့သည်။ တနည်းပြောရလျှင် ယခင်ကထက် ပီပီပီ စီမံကိန်းများကို ယခုအစိုးရသည် ပိုမိုသတိထား လုပ်ဆောင်လာပြီး တတ်နိုင်သမျှ စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
  • သို့သော် အားနည်းချက်အချို့တော့ရှိနေသေးသည်။ အထူးသဖြင့် ဘီအိုတီစာချုပ်များ၏ သက်တမ်းမှာ နှစ်၅၀မှ ၇၀အတွင်း ဖြစ်နေခြင်းဖြစ်သည်။ 
  • ထိုပြင် အထူးသတိထားသင့်သည်မှာ စီမံကိန်းအကြီးစားများမဟုတ်ဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရများဖြင့် ညှိနှိုင်းလုပ်ဆောင်မည့် ဈေးသစ်စီမံကိန်းမျိုးဖြစ်သည်။ မီးလောင်ခဲ့၍   သော်၎င်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ဈေးဟောင်းများနေရာတွင် ပြန်လည်တည်ဆောက်မည့် ဈေးစီမံ ကိန်းအချို့နှင့် အလားတူစီမံကိန်းများနှင့် ပတ်သက်ပြီး မြင်သိနေရသည်မှာ တင်ဒါခေါ်ယူပြီး ယှဉ်ပြိုင်သည့် စနစ် ဖြင့် အကောင်အထည်ဖေါ်ခြင်းမျိုးမဟုတ်ဘဲ unsolicited အမျိုးအစား ပုဂ္ဂလိကဘက်မှ ကမ်းလှမ်းလာခြင်း (သို့) ပုဂ္ဂလိကနှင့်အစိုးရ ၂ဦးတည်း ညှိနှိုင်းခြင်းမျိုးဖြစ်နေသည်။ 
စာချုပ်များကိုလည်း အစိုးရဘက်မှ ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကျွမ်းကျင်သူများအားတိုင်ပင်ပြီး ချုပ်ဆိုရန်လုပ်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ ပုဂ္ဂလိကဘက်မှ ပြင်ဆင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်အစိုးရမှ လက်မှတ်ရေးထိုးရန် လုပ်ဆောင်    နေခြင်းမျိုးများဖြစ်သည်။ 
  • သိန်းပေါင်းမြောက်မြားစွာ ရင်းနှီးမြှုပ်နှံလုပ်ဆောင်မည့် စီမံကိန်းစာချုပ်တွင် စနစ်တကျ   ရေးဆွဲထားသည့် financial plan ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များမပါဝင်သည်ကို မြင်သိနေရ သည်။ ယင်းစာချုပ်များသည် ယခင်အစိုးရများလက်ထက်က ၀န်ကြီးဋ္ဌာနများ ပုဂ္ဂလိကဖြင့်ချုပ်ဆိုခဲ့သည့်  စက်ရုံ ဘီအိုတီစာချုပ်များနှင့်ဆင်တူနေသည်။ 
  • ယခင်အစိုးရလက်ထက် ချုပ်ဆိုခဲ့သည့် ကျော်ထက်ကျော်ကုမ္ပဏီ အုတ် ကျင်းဂုန်နီစက်ရုံ၊ မုံရွာမြို့ရှိ ၀ါစက်ရုံ စာချုပ်များသည် ဘီအိုတီ ပီပီပီ စာချုပ်များဖြင့်မတူဘဲ မြေငှားစာချုပ်များဖြင့် တူနေသည်။ ထိုအတွက်ကြောင့် မြို့ကြီးများတွင် အကောင်အထည်ဖေါ်မည့် ဈေးသစ်နှင့်အိမ်ယာ စီမံကိန်းများ အား ဗဟိုမှလမ်းညွှန်မှုပေးသင့်သည်ဟုယူဆသည်။
ပီပီပီများ၏ အနာဂတ်အလားအလာ
အထက်တွင်ဖေါ်ပြခဲ့သည့်  စီမံကိန်းဘဏ်ဆိုင်ရာ သမ္မတရုံးညွှန်ကြားချက် ၂/၂၀၁၈ပါ ပီပီပီဆိုင်ရာ အပိုဒ်များ၊ စည်းမျဉ်းစည်းကမ်းများသည် အတော်ပြည့်စုံသည်ဟုဆိုရမည်။ 
  1. ပထမဆုံးအချက်မှာ ယခင်ကလို ဟိုတစ်ခု ဒီတစ်ခု ပြန့်ကျဲပြီး လုပ်ဆောင်နေခြင်းမျိုးမဟုတ်တော့ဘဲ နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး ပီပီပီ အရေအ တွက် မည်ရွေ့မည်မျှကို အကောင်အထည်ဖေါ်မည်ဆိုသည်ကို သိရှိလာရခြင်းဖြစ်သည်။ တစ်ပေါင်းတစ်စည်းထဲ စီမံကိန်းများ စုစည်းထားသည့် ပီပီပီ ပိုက်လိုင်း (PPP pipeline) တစ်ခုကို ချပြနိုင်ခြင်းသည်လည်း ရင်းနှီးမြှုပ်နှံသူ များအတွက် အချိန်ကုန်ခံ အစိုးရကြိုက်မည်ထင်သည့် စီမံကိန်းများအတွက် အဆိုပြုလွှာများရေးဆွဲခြင်းဖြင့် အချိန်ကုန်ခံစရာ မလိုတော့သလို စောင့်ကြပ်ကြည့်ရှုမည့် အဖွဲ့အစည်းများအတွက်လည်း ပိုမို ပွင့်လင်းမြင်သာမှု ရှိလာသည်။ 
  2. ဒုတိယအချက်မှာတော့ ပီပီပီ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ မူဘောင်တစ်ခု (regulatory and institutional framework) တည်ရှိလာခြင်းဖြစ်သည်။ ပီပီပီခေါင်းစဉ်အောက်တွင် နိုင်ငံတော်ပိုင် စီးပွားရေးလုပ် ငန်းများ (State Economic Enterprises-SEE)များ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလိုလျှင်လည်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းထားသည်။
    • ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (privatization) ဥပဒေသာ မရှိသော် လည်း ပုဂ္ဂလိကပိုင် ပြုလုပ်လျှင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အစုရှယ်ယာထည့်ဝင်မှုပုံစံများကို လမ်းညွှန် ချက်တွင် ထည့်သွင်းထားသည်။
    • ပုဂ္ဂလိကဘက်မှ တဘက်သတ်တင်ပြလာသည့် အဆိုပြုလွှာ (unsolicited proposals)များကိုလည်း မည်သို့စီမံဆောင်ရွက်ရမည်ကို ပြဋ္ဌာန်းထားခဲ့သည်။ ဘဏ္ဍာငွေကြေး ထည့်ဝင်ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေကြေးစီးဝင်မှု အစီအစဉ်များ၊ အစိုးရအနေဖြင့် ပီပီပီ စီမံချက်များဖြင့်ပတ်သက်ပြီး အာမခံချက်များ (government guarantees and contingent liabilities)များအတွက်လည်း နှစ်စဉ် ဘတ်ဂျက်ဥပဒေပြဋ္ဌာန်းသည့်အခါ ထည့်သွင်းဖေါ်ပြရန်၊ 
    • အစိုးရ အာမခံပေးရမည့် ပီပီပီ စီမံကိန်းအာလုံးသည် တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်ရခြင်း (သို့) Swiss Challenge ဖြင့် ယှဉ် ပြိုင်ပြီးမှသာ အစိုးရအာမခံချက်များရရှိနိုင်ခြင်း၊ ပီပီပီများ၏ ဆုံးရှုံးနိုင်သည့် အန္တရာယ်များ(risks)ကို စနစ်တကျ   လျှော့ချနိုင်ရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ ပီပီပီများ၏ အဆိုပြုလွှာများကို စနစ်တကျ ဆန်းစစ် သုံးသပ်မည့် ပီပီပီ ဗဟိုဋ္ဌာနတည်ထောင်ခြင်းနှင့် ၀န်ကြီးဋ္ဌာနများ၌ ပီပီပီဋ္ဌာနများဖွဲ့စည်းခြင်းနှင့် အကောင်အထည်ဖေါ်ဆောင်ရာတွင်စနစ်တကျ စောင့်ကြပ်ကြည့်ရှုနိုင်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းတို့ဖြစ်သည်။ 
ထိုအချက်များအပေါ်မူတည်ပြီး သုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ ကြီးမားသည့် အခြေခံအဆောက်အအုံ လိုအပ်ချက် (လက်ရှိနှုန်းဖြင့်သွားလျှင် နိုင်ငံ နှစ်စဉ်ဂျီဒီပီ၏ ၅ရာခိုင်နှုန်းကျော်လိုအပ်မည်)ကိုဖြည့်ဆည်းရန် ပီပီပီ စီမံကိန်း များကို စနစ်တကျ အကောင်အထည်ဖေါ်ရန် စည်းမျဉ်းစည်းကမ်းမူဘောင် (institutional framework)ရှိသွားပြီ ဟုဆိုနိုင်သည်။ 
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပိုဒ်များအတိုင်းပင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များသည် သက်ဝင်မှုမရှိလျှင် စည်းမျဉ်းစည်းကမ်းများအဖြင့်သာ  စာအုပ်ထဲ၌ရှိနေလိမ့်မည်။ ထိုအတွက်ကြောင့် ပီပီပီဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖေါ်ဆောင်မည့် ပီပီပီ ဗဟိုဋ္ဌာနနှင့် ၀န်ကြီးဋ္ဌာနများ၏ ပီပီပီယူနစ်များက မြန်မာနိုင်ငံတွင် ကောင်းမွန်ပြီး ပြည်သူလူထုအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ပေါ်ထွန်းလာမှုကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ယင်းဋ္ဌာနများ၏ စွမ်းဆောင်ရည်ကို အမြန်ဆုံး မြင့်မားအောင်ဆောင်ရွက်ရမည်ဖြစ်သည်။
Ref:Khin Win FB:https://www.facebook.com/1382262771/posts/10218230524979532/
**Homemade တောင်ပိုင်းရှမ်းမုံညင်းချဉ်တည်နည်း**
လူတိုင်းကြိုက်တဲ့ ရှမ်းချဉ် ( သို့ ) ရှမ်းမုံညှင်းချဉ် လုပ်နည်း
ဟင်း မရှိရင်တောင် ဒါနဲ့  စားလို့ ရပါတယ်
ရှမ်းမုံညင်းချဉ်ကြိုက်သူများ မိမိအိမ်မှာ သန့်ရှင်းလတ်ဆတ်စွာ လုပ်စားလို့ရပြီနော်။
**Homemade မုံညင်းချဉ်**
ပါဝင်ပစ္စည်းများ...
  1. မုံညင်း
  2. ဂျုးမြစ်
  3. ထမင်းရည်
  4. ဆား
  5. နနွင်း
  6. ကြံသကာ
  7. စမုံစပါး (လှော်ထောင်းထားပါ)
  8. ငရုတ်သီးခြောက် (ထောင်းထားပါ)
  9. ရှောက်ကော ၊ ပါ့ကောမှုန့်
  10. နံနံပင်
ပြုလုပ်နည်း
  1. မုံညင်းကို အရင်ဆုံး နေပူ ၁ ရက်လှန်းထားပါ ။ 
  2. ရပြီဆိုလျှင် လက် ၄ လုံးစာ အရှည်လောက် ဂျုးမြစ်ကို လှီးဖြတ်ပါ ။
  3. ပြီးလျှင် မုံညင်းကို လက်ဖြင့်အဝတ်လျှော်သလို ဇလုံကြီးထဲ အားရပါးရ ချေပါ ။ ရေဖြင့် ၅ ခါခန့် အစိမ်းရေဆေး ပစ်ပါ ။
  4. မုံညင်းများကို ရေစစ်ပြီး ထမင်းရည် ၊ ဆား ၊ နနွင်း ၊ ဂျုးမြစ် တို့ကို ထည့်နှယ်ပြီး အိုး (သို့) ကျွတ်ကျွတ်အိတ်ကြီးထဲ သိပ်ထားကာ နေပူတွင် ၅ ရက်ခန့် ထုတ်လှန်းပါ ။
  5. ချဉ်ပြီဆိုမှ ကြံသကာ ၊ နံနံ ၊ စမုံစပါး လှော်ထောင်း ၊ ငြုပ်သီးခြောက်ထောင်း ၊ ရှောက်ကော ၊ ပါ့ကောမှုန့် ထည့်နှယ်လိုက်ပါ ။
  6. အကြာကြီးထား စားမယ်ဆိုလျှင် နေပူလှန်းစရာမလိုပါ ။
Watch Video.....
Liberalized Cost of Energy LCOE
တရုပ်နိုင်ငံလောက် စွမ်းအင်ပေါ်လစီကောင်းလို့ သူ့လောက်ဈေးချိုအောင် ဘယ်နိုင်ငံမှ လျှပ်စစ် မထုတ်နိုင်ပါဘူး။ မြန်မာနိုင်ငံက မိမိဖာသာ လျှပ်စစ် ဖူလုံအောင် ရှိတဲ့ပညာအစွမ်းအစနဲ့ ကြိုးစားနေဆဲကာလမှာ  တရုပ်နိုင်ငံက ပိုလျှံနေတဲ့ လျှပ်စစ်ကို ၀ယ်သုံးတာက ဈေးသက်သာပါမယ်။ ဒါပေမဲ့ ရွှေမြန်မာတို့က ကိုယ့်ဖာသာကိုယ် လျှပ်စစ်အမြောက်အများ ထုတ်လုပ်ချင်နေပါတယ်။ နည်းပညာ၅ခု Hydro, Fossil, Wind, Solar, Nuclear အားလုံးမှာ တရုပ်နိုင်ငံက ၂၀၃၅ အထိ ဦးဆောင်ပါမယ်။ ဓါတ်ငွေ့ CCGT Combined Cycle Gas Turbine ကတော့ တရုပ်ဦးမဆောင်နိုင်ပါဘူး လို့ စာတန်းရှင်က ကောက်ချက်ချထားပါတယ်။ 
.
နော်ဝေးနိုင်ငံ Norwegian School of Economics စီးပွားရေး မဟာဘွဲ့အတွက် ၂၀၁၅ ပြုစုတဲ့ စာတန်း ဖြစ်ပါတယ်၊ စိတ်ဝင်စားသူများ လေ့လာဖို့ကောင်းပါတယ်။ 
.
Liberalized Cost of Energy  LCOE
LCOE ($/kWh) is one of the most commonly used measure of cost of electricity for policy marker, research institutions and corporations that aim to derive long term investment
strategies. It is used to compare lifetime costs of electricity across technologies and countries.
LCOE is also a “break even” price that investors have to charge on electricity output in order to justify the investment by making the project NPV to be zero. Therefore by comparing wholesale electricity prices and LCOE it can be concluded whether a particular technology has reached grid parity or not.
Basic formula to calculate LCOE for any technology:
𝐿𝐶𝑂𝐸 = (𝑇𝑜𝑡𝑎𝑙 𝑙𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑐𝑜𝑠𝑡 𝑜𝑓 𝑒𝑙𝑒𝑐𝑡𝑟𝑖𝑐𝑖𝑡𝑦 𝑝𝑟𝑜𝑑𝑢𝑐𝑡𝑖𝑜𝑛)/
                              (𝑇𝑜𝑡𝑎𝑙 𝑙𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑒𝑛𝑒𝑟𝑔𝑦 𝑝𝑟𝑜𝑑𝑢𝑐𝑡𝑖𝑜𝑛)
The major components of lifetime cost of generating electricity from a power plant can be broken down into CAPEX, Operating and Maintenance (O&M) and fuel costs. Depending on the purpose of study, technology under focus and regulatory regime of projects, other costs such as interests, tax, salvage value, carbon emission costs etc could also be included in the calculation of LCOE.
The IEA and OECD used the following formula for LCOE in their cost projection:
LCOE = P.Electricity = ∑t((Investmentt + O&Mt + Fuelt + Carbont + Decommissioningt)*(1+r)^t)
/ (∑t(Electricityt*(1+r)^t))
Where Electricityt: The amount of electricity produced in year “t”;
P.Electricity: The constant price of electricity;
(1+r)^t: The discount factor for year “t”;
Investmentt: Investment costs in year “t”;
O&Mt: Operations and maintenance costs in year “t”;
Fuelt: Fuel costs in year “t”;
Carbont: Carbon costs in year “t”;
Decommissioningt: Decommissioning cost in year “t”.
(International Energy Agency, OECD Nuclear Energy Agency, 2010)
.
.
Conclusion
As part of the broader project commissioned by Statkraft, this particular study is important because China is going to be the price setting country for all five technologies studies except CCGT in future.
China is already supplying the majority of solar PV panels in the global market today. It also deploys the most solar PV projects annually and it is expected to do so in the coming decades.
China is also installing the largest number of wind projects in the world. With its massive excess capacity, continued innovation and quality improvement, it is expected to export more and more onshore wind turbines. 
Given its impressive dominance of solar PV panels in just limited time, there is a very high chance that China will dominate the world’s wind turbine market as well due to its cost competiveness.
Gas fired power technology is expected to remain as a marginal power generation technology in China due to higher LNG prices and therefore higher LCOE. Most of the planned CCGT plants will be deployed in the east part of China to replace coal fired power plants to reduce air pollution. Therefore most gas fired plants will be combined heat and gas plants that will be deployed in the northeast of China.
China is already exporting advanced coal fired technology and equipment to many countries.
Given its massive scale of future deployment and the fact that China has developed advanced coal technology with its own intellectual property at much lower costs, China is expected to dominate world’s coal fired technology in the decades to come.
Nuclear and high speed train are the two pillars of Chinese high end machinery export that is being one of the highest priority for the state. China has the largest pipeline of nuclear power plants in construction and it has developed its own nuclear technology. With the engineering experience, human capital and financing from Chinese banks, China will export and be the dominant player in the global nuclear market as well.
Modelling results show that coal will continue to be the cheapest form of generation up to 2035 without taking into consideration of carbon prices. Nuclear is the second cheapest for of energy right now, but is expected to be surpassed by onshore wind very soon. Solar PV will see the largest decline of cost approaching 2035, though it will still be higher than that of wind, nuclear
and coal. CCGT will be the most expensive form of energy in 2035, largely due to higher capital costs and higher LNG prices in Asia.
The results are in line with most other studies, though the predicted range is usually quite wide in these studies. They are also in line with current Chinese energy policies. China is promoting cheap renewables such as wind and solar in an unprecedented scale. However, it is still developing advanced coal fired power technology and nuclear to meet future energy demand and reduce carbon emissions. However, it does not have an ambitious plan to build more gas
fired power plants due to its much higher costs of energy.
Due to limitations of the model, inputs, accuracy of data etc, the modeling results should not be treated as an exact prediction of future cost development trajectory. Instead the overall trend is more important than the exact numbers.
Given the limitations, further research opportunities lie in the more comprehensive treatment of modelling assumptions and inputs. For instance, the static assumptions of capacity factor, WACC, learning rates, global and local contents etc could all vary as time passes.
Other cost items such as taxes, depreciation, subsidies etc could also be factored into the model to derive a more realistic cost prediction of these power generation technologies. 
.
.
.
Abbreviations
BNEF Bloomberg New Energy Finance
BoP Balance of Plant
CAPEX Capital Expenditures
CCGT Combined Cycle Gas Turbine
CCS Carbon Capture and Storage
CHP Combined Heat Power
COD Commercial Operational Date
CPV Concentrating Photovoltaics
CSP Concentrating Solar Power Plants
EIA Energy Information Administration
EPC Engineering, Procurement and Construction
IAEA International Atomic Energy Agency
IDC Interest During Construction
IPCC Intergovernmental Panel on Climate Change
IEA International Energy Agency
IRENA International Renewable Energy Agency
IRR Internal Rate of Return
LCOE Liberalized Cost of Energy
NREL National Renewable Energy Laboratory
OECD Organization for Economic Co-Operation and Development
OPEC Organization of Petroleum Exporting Countries
OPEX Operational Expense
O&M Operation and Maintenance
PV Photovoltaic
TOC Total Overnight Cost
WACC Weighted Average Cost of Capital
WEC World Energy Council
.
Outlook of Power Generation Technology Cost in China
A Master Thesis Written in Collaboration with Statkraft AS
Baoqing Miao
Norwegian School of Economics
.
တရုပ်ပြည် ဂျီဒီပီ တိုးတက်မှုဂရပ်ကို ကြည့်ရင် လျှပ်စစ်ဂရပ်နောက်မှာပဲ လိုက်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လျှပ်စစ်ကဏ္ဍ ကိုယ်တိုင်ဦးစီး နေပါပြီ။ တတ်ကြွမ်းသူ တစ်ဦး လက်ထဲ ထည့်ရပါမယ်။ ဥပမာ တရုပ်ပြည်ဆိုရင် ခေါင်းဆောင် Li Peng အချိန်ပြည် စွမ်းအင်ပေါ်လစီကို ကိုင်တွယ်ပါတယ်။ တပြိုင်ထဲ လယ်ယာကဏ္ဍကို ဦးစားပေးကိုင်တွယ်ဖို့ ဖြစ်ပါတယ်။ တခြား ကဏ္ဍတွေက ပုဂ္ဂလိက လုပ်ပိုင်ခွင့် ဌာနဆိုင်ရာတွေ ၀င်မရှုပ်အောင် လုပ်နိုင်ရင် အလိုလို အိုကေ သွားမှာပါ။ ဧရာမ LNG လုပ်စားတဲ့ စီမံကိန်းတွေလဲ ၄ခုကနေ တစ်ခုလောက်ပဲ ရှော့ ချရမျာ ဖြစ်ပါတယ်။ ဒီ သုံးသပ်ချက်နဲ့ မူရင်း စာတန်းကို ဒေါ်အောင်ဆန်းစုကြည် ဆီ ရောက်အောင် ပို့ပေးရပါမယ်။ ဒုဝန်ကြီး ကိုထွန်းနိုင် ဆီလည်း ပို့ရပါမယ်။ လွှတ်တော်မှာ စွမ်းအင် ပေါ်လစီ ကိုင်တွယ်နိုင်မဲ့ အာဏာရှိသူ အင်ဂျင်နီယာ (ဥပမာ ဦးဝင်းခိုင်) အထူး လိုအပ်နေပါတယ်။ ဦးဝင်းခိုင် တရုပ်ပြည် ခေါင်းဆောင် Li Peng နီးပါး လုပ်နိုင်မလား...?
my two cent view...
Saturday 2 February 2019
**Homemade တောင်ပိုင်းရှမ်းမုံညင်းချဉ်တည်နည်း**
လူတိုင်းကြိုက်တဲ့ ရှမ်းချဉ် ( သို့ ) ရှမ်းမုံညှင်းချဉ် လုပ်နည်း
ဟင်း မရှိရင်တောင် ဒါနဲ့  စားလို့ ရပါတယ်
ရှမ်းမုံညင်းချဉ်ကြိုက်သူများ မိမိအိမ်မှာ သန့်ရှင်းလတ်ဆတ်စွာ လုပ်စားလို့ရပြီနော်။
**Homemade မုံညင်းချဉ်**
ပါဝင်ပစ္စည်းများ...
  1. မုံညင်း
  2. ဂျုးမြစ်
  3. ထမင်းရည်
  4. ဆား
  5. နနွင်း
  6. ကြံသကာ
  7. စမုံစပါး (လှော်ထောင်းထားပါ)
  8. ငရုတ်သီးခြောက် (ထောင်းထားပါ)
  9. ရှောက်ကော ၊ ပါ့ကောမှုန့်
  10. နံနံပင်
ပြုလုပ်နည်း
  1. မုံညင်းကို အရင်ဆုံး နေပူ ၁ ရက်လှန်းထားပါ ။ 
  2. ရပြီဆိုလျှင် လက် ၄ လုံးစာ အရှည်လောက် ဂျုးမြစ်ကို လှီးဖြတ်ပါ ။
  3. ပြီးလျှင် မုံညင်းကို လက်ဖြင့်အဝတ်လျှော်သလို ဇလုံကြီးထဲ အားရပါးရ ချေပါ ။ ရေဖြင့် ၅ ခါခန့် အစိမ်းရေဆေး ပစ်ပါ ။
  4. မုံညင်းများကို ရေစစ်ပြီး ထမင်းရည် ၊ ဆား ၊ နနွင်း ၊ ဂျုးမြစ် တို့ကို ထည့်နှယ်ပြီး အိုး (သို့) ကျွတ်ကျွတ်အိတ်ကြီးထဲ သိပ်ထားကာ နေပူတွင် ၅ ရက်ခန့် ထုတ်လှန်းပါ ။
  5. ချဉ်ပြီဆိုမှ ကြံသကာ ၊ နံနံ ၊ စမုံစပါး လှော်ထောင်း ၊ ငြုပ်သီးခြောက်ထောင်း ၊ ရှောက်ကော ၊ ပါ့ကောမှုန့် ထည့်နှယ်လိုက်ပါ ။
  6. အကြာကြီးထား စားမယ်ဆိုလျှင် နေပူလှန်းစရာမလိုပါ ။
Watch Video.....
Friday 1 February 2019
ဂျပန်မှာ သက်ကြီးရွယ်အိုတွေရဲ့ ရာဇဝတ်မှုတွေ တိုးလာနေ
ဂျပန်မှာ သက်ကြီးရွယ်အိုတွေရဲ့ ရာဇဝတ်မှုတွေ တိုးလာနေ
ဂျပန်၊ အဘိုးအို၊ အထီးကျန်၊ အကျဉ်းထောင်
ဂျပန် ထောင်သား အဘိုးအို တဦး အကျဉ်းထောင် သံတိုင်ကြားကနေ အပြင်ကို မျှော်ကြည့်နေပုံ
ဂျပန်မှာ သက်ကြီးရွယ်အိုတွေ ရာဇဝတ်မှု ကျူးလွန်တာ နှစ်ပေါင်း ၂၀ အတွင်းမှာ တဖြည်းဖြည်းချင်း တိုးလာနေပါတယ်။
ဟီရိုရှီးမားမြို့မှာ ထောင်က လွတ်လာသူတွေကို ယာယီ စောင့်ရှောက်ထားတဲ့ ဂေဟာ တခုမှာခိုလှုံနေတဲ့ တိုရှီအို တကာတာ ဆိုသူ အသက် ၆၉ နှစ်အရွယ် အဘိုးအိုက သူဆင်းရဲလွန်းတဲ့အတွက် ထောင်ထဲ ဝင်ချင်လို့ ဥပဒေ ချိုးဖောက်ရတာလို့ ဘီဘီစီ သတင်းထောက် Ed Butler ကို ပြောပြပါတယ်။ အကျဉ်းထောင်ထဲမှာ နေရပေမယ့် အနည်းဆုံးတော့ ကျောချစရာ နေရာလေးတခု ရနိုင်တယ်လို့ ဆိုပါတယ်။
"ပင်စင်ယူရမယ့် အရွယ် ရောက်လာတော့ ပိုက်ဆံက မရှိတော့ဘူး။ ဒီတော့ ထောင်ထဲမှာဆိုရင် ပိုက်ဆံပေးစရာ မလိုဘဲ အခမဲ့ နေရမယ်လို့ တွေးမိတယ်။ ဒီတော့ စက်ဘီးတစင်းကို ဆွဲပြီး ရဲဌာနဆီ နင်းသွားတယ်။ အဲဒီကို ရောက်တော့ ဒီစက်ဘီးကို ခိုးလာတာလို့ ပြလိုက်တယ်" လို့ တိုရှီအို က ပြောပြပါတယ်။
ဒါဟာ အသက် ၆၂ အရွယ်တုန်းက တိုရှီအို ကျူးလွန်တဲ့ ပထမဆုံး ပြစ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်တရားရုံးတွေက ဒီလို အသေးစား ခိုးမှုမျိုးတွေကို အလေးအနက်ထား အရေးယူလေ့ ရှိတာမို့ သူ့ကို ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။
လူကောင် ခပ်သေးသေးနဲ့ တခစ်ခစ် ရယ်တတ်တဲ့ တိုရှီအိုဟာ အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက်တတ်တဲ့ ရာဇဝတ်သား တယောက်ပုံမျိုးလို့ လုံးဝ မထင်ရပါဘူး။ ဒါပေမယ့် တိုရှီအိုကတော့ ပထမအကြိမ် ထောင်က လွတ်လာပြီးတာနဲ့ အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက် တော့တာပါပဲ။
"ပန်းခြံတခုကို သွားပြီး အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက်ခဲ့ပါတယ်။ အန္တရာယ်ပေးဖို့ မရည်ရွယ်ပါဘူး၊ သူတို့ ရဲခေါ်အောင် ဓါးထောက်ခဲ့တာပါ။ မျှော်လင့်ထားတဲ့အတိုင်း အမျိုးသမီးတယောက် ရဲကို လှမ်းခေါ်ခဲ့ပါတယ်" လို့ တိုရှီအိုက ပြောပြပါတယ်။
ဂျပန်၊ အဘိုးအို၊ အထီးကျန်၊ အကျဉ်းထောင်
တိုရှီအိုက သူ့ရဲ့ ပန်းချီကားတွေကို အကျဉ်းထောင်ထဲမှာ ချိတ်ထားပါတယ်။
အဲဒီပြစ်မှုနဲ့ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခဲ့ပြီး ထောင်ထဲမှာ နေနေတာ ၄ နှစ် ရှိသွားပါပြီ။
"ထောင်ထဲမှာ နေရတာ ကြိုက်လွန်းလို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီမှာက အလကား နေရတယ်။ ပိုက်ဆံ သုံးစရာ မလိုတော့ ထောင်ထဲမှာ နေနေတုန်း ပင်စင်လစာက စုမိဆောင်းမိ ဖြစ်သွားတာပေါ့"လို့ တိုရှီအိုက ပြောပြပါတယ်။
ဂျပန်နိုင်ငံမှာ တိုးပွား လာနေတဲ့ သက်ကြီးရွယ်အို ရာဇဝတ်မှုတွေထဲမှာ တိုရှီအိုရဲ့ ဖြစ်ရပ်က ဥပမာ တခုပါ။
တရားဥပဒေကို လေးစား လိုက်နာရာမှာ စံယူရလောက်တဲ့ ဂျပန်နိုင်ငံမှာ တရှိန်ထိုး တိုးပွားလာနေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေက အသက် ၆၅ နှစ်ကျော် အရွယ်တွေပါ။ ၁၉၉၇ ခုနှစ်မှာ ဒီအသက်အရွယ် လူတွေဟာ ရာဇဝတ်မှု ၂၀ မှာ တစ်ခုလောက်သာ ကျူးလွန်ခဲ့ကြတာပါ။ အနှစ် ၂၀ အကြာ အခုချိန်မှာတော့ ရာဇဝတ်မှု ၅ ခုထဲက တခုကျော်လောက်ကို အသက် ၆၅ နှစ်ကျော် အရွယ် လူတွေက ကျူးလွန်နေကြတယ် ဆိုတာကို တွေ့ရပါတယ်။
တိုရှီအို လိုပဲ ဥပဒေ ချိုးဖောက်တဲ့ သက်ကြီးရွယ်အို အတော်များများဟာ ရာဇဝတ်မှု အကြိမ်ကြိမ် ကျူးလွန်နေသူတွေ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ပြစ်မှု ထင်ရှားသူ အသက် ၆၅ နှစ်အရွယ် လူပေါင်း ၂၅၀၀ လောက် ရှိခဲ့ပါတယ်။
နောက်ဥပမာ တယောက်ကို ပြရမယ် ဆိုရင် အသက် ၇၀ အရွယ် စမတ်ကျကျ ဝတ်ထားတဲ့ သေးသေးသွယ်သွယ် အဖွားအို ကိုင်ကို ပါ။ ဒါက သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး။ သူကလည်း ဆင်းရဲလွန်းလို့ ဒီလို လုပ်ရတာပါလို့ ဆိုပါတယ်။
"ကျွန်မ ခင်ပွန်းနဲ့ မတည့်တော့ နေစရာ မရှိ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ခိုးရုံက လွဲလို့ ဘာမှ လုပ်စရာ မရှိတော့ပါဘူး။ လမ်းကောင်းကောင်းတောင် မလျှောက်နိုင်တဲ့ အသက် ၈၀ အရွယ် အဘွားအိုတွေလည်း ရာဇဝတ်မှု ကျူးလွန်ကြတာပဲ။ စားဖို့ သောက်ဖို့ ရှာမှ မရှာနိုင်ကြတာ" လို့ ကိုင်ကို က ပြောပါတယ်။
သူ့ကို အကျဉ်းသားဟောင်းတွေကို စောင့်ရှောက်ထားတဲ့ ဂေဟာမှာ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က တွေ့ဆုံ စကားပြောခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ဆိုင်ထဲမှာ အလစ်သုတ်မှုနဲ့ ထပ်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ကျခံနေရတယ်လို့ သိရပါတယ်။
ခိုးမှု (အထူးသဖြင့်) ဆိုင်တွေထဲမှာ အလစ်သုတ်မှုဟာ သက်ကြီးရွယ်အိုတွေ အများဆုံး ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ သွားနေကျ ဆိုင်မှာ ဂျပန်ယန်း ၃၀၀၀ (ပေါင်စတာလင် ၂၀ ) အောက် အစားအသောက်တွေကို အလစ်သုတ် ခိုးလေ့ ရှိပါတယ်။
မိဘပြုစုဖို့ တရုတ်အလုပ်သမားတွေ ခွင့်ရမယ်
ဂျပန်နိုင်ငံမှာ အခြေခံ ပင်စင်လစာက သိပ်ကို နည်းလွန်းပြီး အဲဒီလစာနဲ့ လောက်ငဖို့က အတော်လေး ခက်ပါတယ်။
တကယ်လို့ ပင်စင်စားတွေမှာ တခြား ဝင်ငွေ မရှိဘူး ဆိုရင် လျှပ်စစ်မီးခ၊ အဝတ်အစားခ တွေ မပါသေးဘဲ အိမ်ငှားခ၊ စားစရိတ်၊ ဆေးဘိုးတွေနဲ့တင် အကြွေးတွေ တင်နိုင်တယ်လို့ လူဦးရေ အချိုးအစားဆိုင်ရာ သုတေသီ မိုက်ကယ် နယူးမန်းက၂၀၁၆ ခုနှစ်က ထုတ်ပြန်တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အရင်တုန်းကတော့ သားသမီးတွေက မိဘတွေကို ကြည့်ရှုစောင့်ရှောက်တဲ့ ဓလေ့ ရှိခဲ့ပေမယ့် အခုအခါမှာတော့ လူငယ်အတော်များများက စီးပွားရေး ကောင်းတဲ့ ရေကြည်ရာ မြက်နုရာ အရပ်တွေဆီ ပြောင်းသွားကြတာမို့ မိဘတွေအနေနဲ့ ကိုယ့်ဟာကိုယ် ရှာဖွေ စားသောက်ကြရပါတယ်။
ဂျပန်၊ အဘိုးအို၊ အထီးကျန်၊ အကျဉ်းထောင်
ဂျပန် အကျဉ်းထောင်တခုမှာ ထောင်မှူး လှည့်လည် ကြည့်ရှုနေစဉ်
ပင်စင်စား သက်ကြီးရွယ်အိုတွေအနေနဲ့ သူတို့ကြောင့် သားသမီးတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေလိုဘဲ တကယ်လို့ ပင်စင်လစာနဲ့ စားလို့ မဖြစ်ဘူးဆိုရင် ထောင်ထဲ ဝင်တဲ့နည်းကိုပဲ ရွေးတတ်ကြပါတယ်။
ထောင်ထဲမှာ ဆိုရင် တနေ့ကို ထမင်း သုံးနပ် စားရမယ်။ ဘာကုန်ကျ စရိတ်မှ ပေးရမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
ဒါ့ကြောင့် သက်ကြီးရွယ်အိုတွေအနေနဲ့ ထောင်ထဲက ထွက်လာနဲ့ တပြိုင်နက် ထောင်ထဲ ပြန်ဝင်ဖို့ လုပ်ကြတာပါ။
ဒါ့အပြင် သက်ကြီးရွယ်အိုတွေအကြားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ လမ်းကလည်း ပုံမှန်လို ဖြစ်လာနေပါတယ်။
ဒါပေမယ့် ဂျပန် မိသားစုတွေရဲ့ တွေးခေါ်ပုံ ပြောင်းလဲလာမှုဟာလည်း သက်ကြီးရွယ်အိုတွေ ရာဇဝတ်မှု ကျူးလွန်ဖို့ ဖြစ်လာစေတဲ့ အကြောင်းရင်း တရပ်ဖြစ်ပြီး ငွေကြေးထက် စိတ်ခံစားမှုပိုင်းနဲ့ ပိုဆိုင်တယ်လို့ With Hiroshima အကျဉ်းသားဟောင်း စောင့်ရှောက်ရေး ဂေဟာ ညွှန်ကြားရေးမှူးက ပြောပါတယ်။
မိသားစုတွေအတွင်း ဆက်ဆံရေးတွေ ပြောင်းလဲလာနေပြီး သီးသန့် ဖယ်ခံထားရတာတွေ ပိုများလာနေတဲ့အတွက် အထီးကျန် ဆန်မှုကို မခံနိုင်ကြတော့ဘူးလို့ ဟီရိုရှီးမားမြို့ကို အနုမြူဗုံး ကြဲချခံရတုန်းက အပျက်အစီးပုံတွေအောက်ကနေ ဆွဲထုတ် ကယ်ဆယ်ခံခဲ့ရပြီး အခုအခါ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ကနီချီ ယာမာဒါ က ပြောပါတယ်။
ဂျပန်၊ အဘိုးအို၊ အထီးကျန်၊ အကျဉ်းထောင်
ကနီချီ ယာမာဒါ
ရာဇဝတ်မှု ကျူးလွန်တဲ့ သက်ကြီးရွယ်အိုတွေထဲမှာ ဇနီး၊ သားသမီးတွေ ဆုံးရှုံးသွားလို့ ဘဝကို ဆက်မရပ်တည်နိုင်တော့တဲ့သူ အတော်များများ ပါပါတယ်။ တကယ်လို့ ကိုယ်က ပြန် ကြည့်ရှု စောင့်ရှောက်ရမယ့် သူတွေ ရှိတဲ့ သူတွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်မှာ မဟုတ်ပါဘူးလို့ ကနီချီ ယာမာဒါက ပြောပါတယ်။
ဆင်းရဲလို့ ရာဇဝတ်မှု ကျူးလွန်ရပါတယ်လို့ တိုရှီအို ပြောသွားတာဟာ သက်သက် အကြောင်းပြတာလို့ သူက ဆိုပါတယ်။။ ရာဇဝတ်မှု ထပ်ခါ ထပ်ခါ ကျူးလွန်ပြီး ထောင်ထဲ ပြန်ဝင်တာဟာ ထောင်ထဲမှာ အဖေါ်တွေနဲ့ နေရမှာ သေချာနေလို့ လို့ သူက ထင်ကြေးပေး ပြောသွားခဲ့ပါတယ်။
သူပြောသလိုပဲ တိုရှီအိုဟာ တကောင်ကြွက် တဦး ဖြစ်ပါတယ်။ သူ့မိဘတွေလည်း ကွယ်လွန်၊ သူ့အကို နှစ်ယောက်ကလည်း သူ့ကို အဆက်အသွယ် ဖြတ်ထားသလို သူ့ဇနီးဟောင်း နှစ်ယောက်နဲ့ သားသမီး ၃ ဦးနဲ့လည်း အဆက်အသွယ် မရှိပါဘူး။
ဂျပန်၊ အဘိုးအို၊ အထီးကျန်၊ အကျဉ်းထောင်
တိုရှီအိုဟာ ပန်းချီဆွဲ ဝါသနာပါသူ တဦး ဖြစ်ပါတယ်။
သူ့အနားမှာ ဇနီး သားသမီးတွေသာ ရှိနေမယ် ဆိုရင် သူဒါမျိုး လုပ်မှာ မဟုတ်ဘူးလို့ တိုရှီအို က ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အခုအခါ အကျဉ်းထောင်တွေမှာ အပြောင်းအလဲ တချို့ ရှိလာနေပြီး အကျဉ်းဆောင် အခန်းတွေကို အစိုးရက တိုးချဲ့ ဆောက်လာတာ တွေ့ရပါတယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့ အဘွားအို အရေအတွက်က အခုအခါ အလျင်အမြန် တိုးလာနေတဲ့အတွက် အမျိုးသမီး ထောင်ဝါဒါတွေလည်း အပိုခန့်ထားပါတယ်။
ဒါ့အပြင် ထောင်ထဲမှာ အကျဉ်းသားတွေကို ဆေးကုသခ စရိတ်တွေကလည်း အကြီးအကျယ် တိုးမြင့်လာနေပါတယ်။
တခါ ထောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေအတွက် လက်ရန်းတွေ၊ အထူး အိမ်သာခုံတွေ ထားပေးရသလို ပြစ်မှုတွေ ထပ်မကျူးလွန်ဖို့၊ထောင်ထဲမှာထက် အပြင်လောကကသာ တကယ့် ဘဝဖြစ်ပြီး ပိုနေပျော်တယ် ဆိုတဲ့အကြောင်း ပညာပေး သင်တန်းတွေလည်း ပို့ချပေးနေပါတယ်။ ဒါပေမယ့်လည်း အတော်များများကတော့ ထောင်ထဲကိုပဲ ပြန်ပြန်ရောက်လာကြတာ တွေ့ရတယ်လို့ အကျဉ်းထောင် ပညာပေးဌာန အကြီးအကဲက ပြောပြပါတယ်။
ဂျပန်၊ အဘိုးအို၊ အထီးကျန်၊ အကျဉ်းထောင်
သက်ကြီးရွယ်အို အကျဉ်းသားတွေ အတွက် ပညာပေး သင်တန်း
သက်ကြီးရွယ်အိုတွေကို ထောင်ထဲ ထည့်ဖို့ ရုံးတင် စစ်ဆေးတာတွေ၊ ထောင်ချတာတွေ၊ ထောင်တိုးချဲ့တာတွေ လုပ်မယ့်အစား လူအိုရုံဖွင့်ပြီး သူတို့ကို ပြုစု စောင့်ရှောက်ထားတာက ပိုစရိတ် သက်သာမယ်၊ အများကြီး ပိုကောင်းမယ်လို့ လူဦးရေ အချိုးအစားဆိုင်ရာ သုတေသီ မိုက်ကယ် နယူးမန်းက ပြောပါတယ်။
သက်ကြီးရွယ်အိုတွေကို အခုပေးနေတဲ့ ပင်စင်လစာရဲ့ တဝက်ပဲ ပေးပြီး လူအိုရုံ ရွာလေး တရွာမှာ အစားအသောက် အခမဲ့၊ နေစရာ အခမဲ့ ပေးထားမယ်။ လွတ်လပ်ခွင့် တစုံတရာ ပေးထားမယ် ဆိုရင် အစိုးရ အခု သုံးနေတဲ့ ကုန်ကျစရိတ်ထက် အများကြီး သက်သာသွားလိမ့်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂျပန်ယန်း ၂၀၀ တန် အသားညှပ် ပေါင်မုန့် ခိုးတဲ့အတွက် ထောင်ဒဏ် ၂ နှစ် အပြစ်ဒဏ်အတွက် အစိုးရဘက်က ယန်း ၈ သန်းခွဲလောက် ကုန်ကျနိုင်တယ်လို့ သူ့ရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတယ်။
ဂျပန်နိုင်ငံမှာ ပေါင်မုန့် တချပ်ပဲ ခိုးခိုး၊ ပြစ်မှု ကျူးလွန်သူကို ထောင်ဒဏ် အပြစ်ပေးဖို့ တရားရုံးက ဆုံးဖြတ်မှာပဲ ဖြစ်တယ်။ ထောင်ထဲ ရောက်လာရင် သူတို့ကို နောက်ထပ် ပြစ်မှုတွေ မကျူးလွန်ဖို့ ပညာပေးတာတွေ လုပ်နေပါတယ်လို့ ဂျပန် အကျဉ်းထောင် ဌာနက မာဆာယူကီ ရှို ကရှင်းပြပါတယ်။
ဒီတော့ ထောင်ထဲ ဝင်လိုက် ထွက်လိုက် လုပ်နေတဲ့ တိုရှီအို အနေနဲ့ ဒီပညာပေး သင်တန်းတွေကနေ ဘယ်လို သင်ခန်းစာတွေ ရခဲ့ပါလဲ။ နောက်တခေါက် ထောင်ထဲ ပြန်ဝင်ဖို့ လုပ်အုံးမှာလားလို့ မေးကြည့်တဲ့အခါ တိုရှီအို က သူမကြာခင် အသက် ၇၀ ပြည့်တော့မယ်။ နောက်တကြိမ် ဆိုရင် အိုမင်းမစွမ်း ဖြစ်တော့မှာ၊ ထောင်ထဲ ပြန်မဝင်ချင်တော့ပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။