Popular Posts

Tuesday 5 February 2019

တချိန်က နဂါနီး လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည်

လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည်။

ဒီသီချင်းလေး ခေတ်စားလာတာ အနှစ် ၆၀ ကျော်ပြီလို့ ထင်ပါတယ်။ နဂါးနီ က စာပေတွေဟာ ကိုယ်တွေကို လွမ်းမိုး နိုင်ခဲ့သလို ဂီတကလည်း လွှမ်းမိုးထားပါတယ်။ အခုချိန်ထိ KTV တွေမှာ အဆိုများတဲ့ သီချင်းထဲမှာ ဒီ နဂါးနီ သီချင်း ထိပ်ဆုံးကပါနေသေးတယ်လို့ လည်းထင်ပါတယ်။ တကယ်လည်း ကောင်းမွန်တဲ့ ထိမိတဲ့ အားကောင်းတဲ့ သီချင်းတစ်ပုဒ်ပါဘဲ။

သို့သော် ဆင်းရဲတွင်းက နှစ် ၆၀ ကြာတဲ့ အထိ မလွတ်တဲ့ အပြင် ပိုဆင်းရဲလာကြတယ်ဆိုနိုင်သလို ကိုယ်နောက်မှ လွတ်လပ်ရေးကို မတိုက်ဘဲရခဲ့တဲ့ သူတွေအချို့ အာရှကျားဖြစ်တဲ့ သူဖြစ် စင်ပေါ်ရောက်တဲ့ သူရောက် ဖြစ်နေချိန် ကိုယ်တွေမှာက အရင်က စိုက်ပျိုးသီးနှံ ပို့နိုင်သူ ဆန်ထွက်တဲ့ နိုင်ငံကနေ သယံဇာတ ထုတ်ရောင်းနေရတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံသားများစွာ အပြင်ထွက် အလုပ် လုပ်နေကြရအောင် ဖြစ်သွားခဲ့တယ်။ 
  • တစ်ခေတ်က လွမ်းမိုးထားတဲ့ ဈေးကွက် နဲ့ ဒေသတွင်း ရောင်းနေတဲ့ ဘာထုတ်ကုန်မှလည်းအခု မကျန်တော့သလို စိုက်ပျိုးရေး နိုင်ငံ ပြောပေမဲ့ ဘာမှ မယ်မယ်ရရစီးပွားဖြစ် ရောင်းနိုင်အောင် မထုတ်နိုင်တဲ့ သူ ဖြစ်ကျန်နေခဲ့တယ်။ 

သီချင်းထဲမှာတော့ ပုဂံမှာ အဂ္ဂိယ ထိုးတာ အောင်ပြီး ရွှေထွက်တဲ့ အရှင် အဇ္ဇဂေါန တွေ ဘာတွေ မသလို ကယ်တင် ရှင် ပေါ်မလို ဆိုပေမဲ့ အများစုကို တကယ်ထမ်းနိုင်ဖို့ ဆွဲတင်နိုင်ဖို့ ဆိုတာ ဘယ်နိုင်ငံမှာမှ အောင်မြင်ခဲ့ဘူးတာ မဟုတ်ပါဘူး။ 
အများစုက အလုပ်အကိုင်အခွင့်အလန်းတွေကောင်းမယ် ငွေ ရှာဖိုလွယ်မယ်ဆိုတာက နေဘဲ အများစု ရဲ့ လူနေမှု့အဆင့်တက်ပြီးချမ်းသာသွားတာ အဆင့်မြင့်သွားတာ ဘဲ ရှိခဲ့တာပါ။
  •  သူရဲကောင်းတွေ ဆိုတာကလည်း ဒုက္ခပေးတဲ့ ရန်သူကို သာ နှိမ်နင်းနိုင်ကြပြီး အန္တရယ်ကင်းသွားတဲ့နောက်မှာ မွဲသူချမ်းသားဖို့ အုံနဲ့ကျင်းနဲ့ လုပ်နိုင်ဖို့ ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ အခြေပြုပဋ္ဌာန်း ကျမ်းမှာ မဟာဂန္ဒရုံဆရာတော်ကြီးမိန့်တော်မူသလို အလုပ်မလုပ်ဘဲ မချမ်းသာနိုင်ဘူး။
  •  ရွှေ တွေ ထွက်အောင်လုပ်ပြီး လူတိုင်းပေးနေရင် အလုပ်လုပ်မည့်သူမရှိလို့ တိုင်းပြည်တောင်ပျက်သွားဦးမယ်လို့ လည်း ကယ်မတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဟောဘူးတာ သတိရတယ်။
လက်တွေ့မှာ တိုင်းပြည်က အရှေ့တောင်အာရှမှာ စီးပွားရေး အနေအထား ကောင်းခဲ့တယ်။ ဆန်စပါးလို နာမည်ရ ပြည်ပ ပို့ ကုန်တဲ့ ဈေးကွက် ရှိခဲ့သလို အခြား Industry တွေမှာလည်း ဦးဆောင်နိုင်ခဲ့ကြတယ်။ သို့ သော် စစ်ပြီးချိန်မှာ စစ်တလင်းဖြစ်ခဲ့ရလို့ စစ်တုန်းက ကျန်နေတဲ့ လက်နက် တွေက တိုင်းပြည် ကွဲပြဲတာမှာ မတည်မငြိမ် ဖြစ်စေခဲ့တယ်။တောခိုတာတွေများတာ လက်နက်ကိုင်တွေ များတာဟာ ပြည်သူတွေ ကျီးလန့်စာစားတွေကို ဖြစ်စေရာကနေ အာဏာသိမ်းအစိုးရဖြစ်ဖို့ ဖန်လာတယ်။ 
ချမ်းသာပြည့်စုံ မှု့ အတန်အသင့်ရှိတဲ့ နိုင်ငံရဲ့ အာဏာကလည်း မက်မောစရာ ကောင်းလောက်တာကြောင့် မူလက အခြေတည်ခဲ့တဲ့ ပါလီမာန်ဒီမိုကရေစီပျက်ခဲ့တယ်။ အစိုးရက ထောက်ခံသူများစေဖို့ ဆွဲဆောင်တဲ့ အနေအထားတွေ အနေနဲ့ အင်္ဂလိပ်ခေတ်က အားကျန်ခဲ့တဲ့ ဇာတိသွေးဇာတိမာန်ကို ဆွစေတဲ့အများစု လိုလားတယ်ဆိုတဲ့ အာဏာရရင်ပြန်ပေးစရာမလိုတဲ့ ဆိုရှယ်လစ်စနစ်နဲ့ အမျိုးသားရေးကို ရွေးခဲ့တယ်။ 
  • အာဏာနဲ့ ပြည်သူပိုင်တွေသိမ်းပြတယ် ကုလားတွေနှင်ထုတ်တယ်။
  •  စက်ရုံအလုပ်ရုံတွေအားလုံး ထောင်ချီပြီး အစိုးရကဘဲ ကိုင်တွယ်တယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု့ တွေ ဖျက်သိမ်းတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ က ဘဲ တာဝန်ယူတယ်။ ပညာရေး ကျမ်းမာရေးကို လည်း သူတို့ ဘဲ လုပ်ခဲ့တယ်။ လယ်လုပ်သူလယ်ပိုင်ဖို့ ဆိုပြီး အစိုးရကဘဲ လယ်အားလုံးသိမ်းပြီး ပိုင်စေတယ်။ ထွက်သမျှ အစိုးရသွင်းရတယ်။ 
  • နောက်ပိုင်းမှာတော့ တာဝန်ကျေစပါး သွင်းရတာတွေ စက်ရုံတွေက  ကုန်ကြမ်း ကို ကုန်ချောပြောင်းတဲ့ အလုပ်သမား တွေကို ဘဲ အလုပ်လုပ်သူလို့ သတ်မှတ်ခံရရာက ကျန်တဲ့ Product ဖြစ်စေတဲ့ idea က အစ Supply chain တစ်ခုလုံးနဲ့ Marketing , after sale service တွေက အစ ဈေးကွက် လိုအင်အဆုံး တန်ဘိုးထား ရာနေရာက ပျောက်ပြီး စီမံကိန်းစီးပွားရေးစနစ်ထဲမှာ ထုတ်ကုန် ရှားပါးပြီး အသုံးတွေ များတာကြောင့် ငွေကြေးဖောင်းပွတာတွေ ကုစားတဲ့ တရားမဝင်ငွေစက္ကူစနစ်တွေက နေဘဲ အစိုးရ ကို အယုံအကြည့်ကင်းလာကြတယ်။
  •  လောက်ငမှု့ မရှိရာကနေ မှောင်ခိုစီးပွားရေးတွေပေါ်လာတယ်။
တစ်ခေတ်က တယ်ရှိခဲ့တဲ့ ၁၉ ရာစုက နေ ၂၀ ရာစုအပြောင်းမှာ ဖြစ်လာခဲ့တဲ့ အရင်းရှင်စနစ်တွေ ခေါင်းပုံဖြစ် ဂုတ်သွေးစုတ်မှုတွေနဲ့ အဝေမတည့်ကြတဲ့ နယ်မြေလုဈေးကွက်လုတာတွေကနေ ကမ္ဘာစစ်တွေထိဖြစ်ကုန်တယ်။ 

အတိတ်နဲ့ လက်ရှိအနေအထားကို သေချာသုံးသပ်အဖြေရှာနိုင်ခဲ့တဲ့ ကားလမက်ကို လေးစားမိဘူးပေမဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်ပြောင်းလဲမှု့ တွေကနေ PS စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ အရင်း ရှင် ဆိုသည်မှာဆိုတာက တကယ် အပြင်မှာ ရှိတဲ့ နိုင်ငံတွေမှာ ပြောင်းလဲသွားတာတွေ ဖြစ်လာတယ်။ 

ဂျပန်လို နိုင်ငံဆိုရင် ဆိုရှယ်လစ် စနစ်အောင်မြင်နေသလို လူတန်းစားတွေ တွေ့ရတယ်။
  • တကယ်တော့ အလုပ်လုပ်တဲ့ သူတိုင်းကို သူရဲ့ အောင်မြင်မှု့ အလိုက် ဈေးကွက်က ဆုံးဖြတ်တာ အရ ရရှိတာတွေဟာ အရင်းနှီးရှိလို့ ခေါင်းပုံဖြတ်ခံရဲ့ပုံစံမျိုးတွေ မဟုတ်တော့သလို ဖြစ်လာချိန်မှာ ။ 
  • ဆင်းရဲသားတွေ အလုပ်သမားလယ်သမားတွေကို ကယ်တင်ခဲ့ပြီး ခေါင်းပုံဖြတ်သူ လူတန်းစားကို ဖယ်ရှားပေးသူတွေက အခွင့်ထူးခံ ခေါင်းပုံဖြတ်သူ လူတန်းစား အသစ်ထပ်ဖြစ်လာကြတယ်။
  •  အောက်ခြေလူတန်းစားတွေက ပြစားစရာ အဆင့်က နေ တက်လာတာ မတွေ့ခဲ့ရဘူး။
  • ဆိုရှယ်လစ်ခေတ်မှာ အရင် ရှာထားသမျှကုန်ချိန် သူများတွေ ဆီက သိမ်းထားတဲ့ လုပ်ငန်းတွေ မလုပ်တတ်လို့ ပျက်စီးသွားချိန်မှာ တိုင်းပြည် အရာရာရှားပါး ခက်ခဲ ရာက လူထု အုံကြွမှု့တွေဆီ ဦးတည်ဖြစ်ပေါ် လာစေခဲ့တယ်။
  • တစ်ခါ ခေတ်ပြောင်းပြီး ဈေးကွက်စီးပွားရေး နာမည်ခံပြီး မှောင်ခိုစီးပွားရေးကို တရားဝင်ခွင့်ပြုပေးလိုက်တဲ့နောက်မှာတော့ မြန်မာငွေဈေးတွေ ထိုးကျသွားတယ်။ နိုင်ငံတကာက အရင်ခေတ်မှောင်ခိုဝင်တာတွေ တရားဝင်ဝင်လာကြပြီး ဇိမ်ခံတတ်လာကြတယ်။  အသုံးရောအဖြုန်းပါတက်လာတယ်။ စိုက်ပျိုးရေး မွေးမြူရေး စက်ရုံတွေက ထွက်တာတွေက ပြည်ပအသုံးဝင်ငွေမလောက်တော့ သစ်တွေခုတ်တာ ရေနံတူးတာ ကျောက်တူးတာ စတဲ့ သဘာဝသရံဇာတနဲ့ ပတ်ဝန်းကျင် ကို ရောင်းစားကြရတဲ့ ဘဝ ထပ်ရောက်သွားတယ်။ အဲဒီမှာလည်း စီးပွားရေးက ဘာမှတက်မလာဘူး။
  • ကြွယ်ဝချမ်းသာ အောင်မြင်သူတွေတော့ ရှိလာတယ် အများစုက အာဏာဝယ်သုံးတတ်တဲ့ ခရိုနီ လိုတန်းစားတွေနဲ့ အာဏာကို ရောင်းစားတဲ့ အဘ တွေလို လူတန်းစားတွေက ကြွယ်ဝလာကြတယ်။ အများစုက ပိုတောင်ဆိုးသွားတယ်။ အရင်ခေတ်က ရှားတာကနေ လက်လလှမ်းမမှီနိုင်အောင် ဝေးတာတွေဖြစ်လာတယ်။ မဟုတ်တာလုပ်စားကြတာတွေ အရင် ဆိုရှယ်လစ်ခေတ်က ထက် သိသိသာသာတိုးလာတယ် ပျက်စီးသူတွေ ပိုများလာတယ်။ အပြင်မှာ ရှာဖွေလုပ်ကိုင်ကြသူတွေရဲ့ ငွေတွေက လုပ်ပိုင်ခွင့် ရှိသူတွေရဲ့ ဖုန်းပါမစ် ကားပါမစ် မြေစလစ်တွေ မှာ ပြန်ကုန်ကြရတယ်။
  • စာရင်းမဲ့အင်းမဲ့ ဗရမ်းပတာ ကြီးထွားလာကြလို့ နောက်ပိုင်း ကျူးကျော်တွေ လယ်သိမ်းတွေ ကနေ အစိုးရပိုင်းလယ်တွေကို လယ်သမားတွေ ကိုလုပ်ဖူးရင်ပေးသလိုလိုနဲ့  ငွေရှိထား အားဏာရှိထား သူတွေနဲ့ ပြည်ပက လိုက်သိမ်းလိုသူတွေ ဝယ်လို့ ရအောင် ဟပေးလိုက်တော့ ဟိုလိုလိုဒီလိုလိုနဲ့ လမ်းမကြီးဘေးတွေ မြို့ ရွာတွေရဲ့ အနီးချုပ်စပ်တွေအားလုံး လူလယ်တွေ ခွဲယူလိုက်ကြတယ်။
  • တစ်ခေတ်က လုပ်ငန်းသာမက ပုဂ္ဂိလိက မြေပါ ပါတဲ့ ပြည်သူပိုင်သိမ်း ဓာတ်ဆီဆိုင်တွေကို မူရင်းသူတွေပြန်မကြည့်ဘဲ နီးစပ်ရာခွဲဝေယူကြတယ်။
 ပြည်သူတွေ မခံနိုင်တော့ လို ပြောင်းလဲချိန် တန်ပြီမှာ မဲမပေးတာတောင် ၃ လအတွင်းမှာ အတော်ပွဲတော်တွေ့ပြီး မရှက်မကြောက် အလုပ်တွေ လုပ်နေကြဆဲဘဲ။
နယ်ချဲ မျက်နှာဖြူတွေ ထွက်သွားလို့ ကိုယ့်အမျိုး ကိုယ်ဘာသာ ကိုယ်တွေ တောင့်တတဲ့ စနစ်တွေ နဲ့ အခု အနှစ် ၆၀ -၇၀ ရောက်တဲ့အထိ ဒို့ နဂါးနီ သီချင်းက ဆိုကောင်းယုံထက် ပိုပြီး ဘာမှဖြစ်မလာသေးဘူး။

 နဂါးနီတံခိုးနဲ့ အမျိုးဂုဏ်လည်းမတက်လာသေးဘူး။ ဆင်းရဲတာကလည်း ပိုများသွားတာဘဲ ရှိတယ်။
  • အခုတော့ ခေတ်ပြောင်းစနစ်ပြောင်းဖို့ အချိန်ရောက်လာပြီ စနစ်ဆိုးတွေ ချုပ်ငြိမ်းတော့မယ်လို့ လည်း ယုံကြည်မိတယ်။ တိုင်းပြည်ကို ချွတ်ခြုံကျအောင် ပြည်သူပြည်သားတွေကို လူမွေးလူတောင်မပြောင်အောင် ပညာရေးကျမ်းမာရေး စီးပွားရေးကျစေခဲ့တဲ့ အရာတွေ ကို တော်လှန်ပြီး ပြောင်းလဲကြရတော့မယ် ဥပဒေစိုးမိုးတဲ့ ဝန်ထုတ်ဝန်ပိုးနဲပြီး လုပ်သလောက် အကျိုး ၇ှိနိုင်မဲ့ စနစ်တွေကို ခေါင်းဆောင်ကောင်းရဲ့ အမျှော်အမြင်နဲ့ နိုင်ငံတကာ ယုံကြည်မှု့ နောက်မှာ ရောင်နီသန်းတာမြင်နိုင်နေပြီ။
  •  ပြည်သူအကျိုး တကယ်လုပ်မဲ့ အစိုးရသစ်လည်း ဖြစ်လာနိုင်ပြီလို့ မှန်းတယ်။
သို့ သော် ဒီအရာတွေဟာ တိုင်းပြည်တိုးတက်လာစေမှာ ယုံကြည်မိပေမဲ့ ချမ်းသာလာမယ်လို့ ခံစားရပေမဲ့ တိုးတက်မှာသေချာတယ်လို့ အာမခံပြော နိုင်ပေမဲ့ နဂါးနီ သီချင်းထဲကလိုတော့ ဆင်းရဲသားတွေ ချမ်းသာဖို့ တစ်စုံတစ်ယောက်လာမ မယ်လို့တော့မယုံကြည့်ဘူး။ ဘယ်လူစွမ်းကောင်းမမ ဆင်းရဲသားတွေ ရည်ရှည်မချမ်းသာနိုင်ဘူး။ 
  • လူစွမ်းကောင်းတွေ ခေါင်းဆောင်ကောင်းတွေ လုပ်ပေးနိုင်တာက တရားမျှတဖို့၊ အနိုင်ကျင့်မခံရဖို့၊ အဖိနှိပ်မခံရဖို့၊ ကိုယ်လုပ်အားခေါင်းပုံအဖြတ်မခံရဖို့ ရန်သူမျိုးငါးပါး ကြောင့် မဆုံးရှုံးစေဖို့ နဲ့ ကိုယ့်ရဲ့ စွမ်းရည်တက်အောင် လေ့ကျင့်ပေးတာမျိုးတွေ ထိလောက်ဘဲ လုပ်ပေးနိုင်မယ်။ 
  • ပျင်းနေ ဖျင်းနေ တာ ကံ ဉာဏ် ဝီရိယမရှိတာ လူတွေယုံကြည့်မှု့ မရှိနိုင်စေတဲ့ အကျင်ဆိုးတွေ ရှိတာ စတဲ့ အရာတွေ က ဆွဲထားရင်တော့ ဆင်းရဲနေဦးမှာ ပါဘဲ။ 
  • ဆိုလိုချင်တာက ကိုယ်လုပ်မှကိုယ်ရမယ် သူများပေးတာစောင့်စားပြီး သူဌေးဖြစ်စရာမရှိဘူး ဆင်းရဲလွတ်စရာမရှိဘူး။တကယ်တော့ နှစ် ၇၀ နီးနီး ပျက်စီးလာတာတွေ ကို ၅ နှစ်လောက်အတွင်းမှာ အတိုင်းအတာတစ်ခုထက် ပိုလုပ်လို့ မရဘူး။

 လွတ်တော်က လူတွေနဲ့ Polital post အစိုးရအဖွဲ့ လက်တစ်ဆုတ်စာပေါင်း လူ ၁၀၀၀ လောက်နဲ့ သန်း ၅၀ ကျော် တိုင်းပြည်ကျယ်ကြီးကို ဟတ်ချလောင်းဆိုပြီး စင်္ကာပူလို ဂျပန်လို ဟောင်ကောင်လို ဥရောပလို ဖြစ်ချင်လို့ မရဘူး။ 
အစိုးရသစ်ဆီက လိုအပ်တာထက် ပိုမှန်းပြီး အားမရဖြစ်နေကြမှာလည်း မြင်ယောင်မိတယ်။ တစ်ပြည်လုံး ဝိုင်းတွန်းကြရမှာကို ကိုယ်ပါတွန်းမှရမှာကို ကိုယ်လာမတွန်းသေးလို့ ပြောနေကြရင်း လည်း အချိန်ပြည့်သွားမှာစိုးတယ်။ 

တကယ်တော့ မြတ်စွာဘုရားတောင် တရားဘဲ နားလည်အောင် ဟောလို့ရတယ်။ 
  • ကိုယ်တိုင်မကျင့်ဘဲ ပါရမီအထုံမရှိဘဲ ဘုရားဘေးက လာတွန်းလို့ ရွတ်ဖတ်လို့ ဆွဲပို့လို နိဗ္ဗာန်ရောက်သူ တောင်မရှိခဲ့တာဘဲ ဆိုတော့ ဒီလိုဘဲ ဆင်းရဲတွင်းက လွတ်ချင်သူတွေ  ကို ဖာသာရုန်းအောင်လုပ်မပေးနိုင်ဘဲ နဂါးနီ က မကယ်မနိုင်ဘူးလို့ ယုံကြည့်မိပါတယ်။ မိတ်ဆွေဘယ်လိုထင်ပါသလဲ။

No comments:

Post a Comment