Popular Posts

Sunday 27 August 2017

အပတ်စဉ် မာသင်ရဲ့ စီးပွားရေးအကြံပေး အစီအစဉ်လေးတွေပါ!


ဒီအပတ်အတွက် ၃ မိနစ်စီးပွားရေးအကြံပေးအစီအစဉ်( Aug. 20 ,2017)
=================================

ကိုယ့်လုပ်ငန်းအရောင်းအ၀ယ်ကောင်းဖို့ နည်းလမ်း (၃) ခု ..


၁။ customer များများရှာခြင်း
၂။ ရှိပြီးသား customer များကို ပိုမိုရောင်းချနိုင်အောင်ပြုလုပ်ခြင်း
၃။ တစ်ဦးတစ်ယောက်ချင်းစီ၏ user frequency စားသုံး၊ အသုံးပြုမှုအကြိမ်အရေအတွက်များပြားအောင်ြ
ပုလုပ်ခြင်း၊

ကိုယ့်လုပ်ငန်း အရောင်းတိုးတက်ဖို့ အတွက် customer များများရဖို့ ပဲ အာရုံစိုက်ပြီး ကြေငြာတွေပဲ စွတ်လုပ်နေပြီး နံပါတ် ၁ ကိုပဲအာရုံစိုက်နေသလား။ နံပါတ် ၂ နဲ့ နံပါတ် ၃ ရှိသေးတယ် ဆိုတာ သတိရပါ။

မေးခွန်းလေးတစ်ခု မေးပါရစေ။

လက်ရှိကိုယ့်လုပ်ငန်း က နံပါတ် ၁ ။ ၂ ။ ၃ မှာ ဘယ်နံပါတ်ကို ပဲ အာရုံစိုက်ပြီးလုပ်နေသလဲ?




အပတ်စဉ် စီးပွားရေးအကြံပေးအစီအစဉ် (Aug 12,2017)
========================

(1) Starfish လို့ ခေါ်တဲ့ ကြယ်ငါး စီးပွားရေးပုံစံ
(2) Spider လို့ ခေါ်တဲ့ ပင့်ကူ စီးပွားရေး ပုံစံ

အဲဒီပုံစံနှစ်ခု မှာ ......
ဘယ်ပုံစံ က သင့်လုပ်ငန်း အတွက် အကောင်းဆုံးပုံစံမျိုးဖြစ်မလဲ ။
(ဥပမာတွေနဲ့  အသေးစိတ်ရှင်းပြထားတဲ့ ဗွီဒီယို ကို ကြည့်ပြီးရင် တစ်ချက်လောက်မန့် ခဲ့ပါ။ )

မေးခွန်း?


သင်ဘာလုပ်ငန်း လုပ်ကိုင်နေလဲ?

(1) နဲ့  (2) မှာ ဘယ်ပုံစံက သင်လုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်မယ်ထင်လဲ။
လွတ်လပ်စွာမန့်ခဲ့ပါ။


သင့်လုပ်ငန်းအတွက် ၃ မိနစ်စာ စီးပွားရေးအကြံပြုချက်( Aug 5,2017)
===================================

လိုရင်းတိုရှင်းပါ။


လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူများ၊ နောင်မှာ စီးပွားရေးလုပ်မည့်သူများအတွက် ကျွန်တော့်ရဲ့ ၃ မိနစ်စာ စီးပွားရေး အကြံပြုချက် အစီအစဉ်လေးပါ။
အပတ်စဉ် တနင်္ဂနွေနေ့ မနက်တိုင်း လွင့်တင်ပေးသွားပါ့မယ်။

#မာသင် page ကို see first (သို့ ) like လုပ်ပြီး အပတ်စဉ် စောင့်မျှော်ကြည့်ရှူနိုင်ပါတယ်။
Learn with Passion !
ထက်သန်သောစိတ်ဖြင့် မပြတ်လေ့လာကြပါစို့ ။

Ref:မာတင် facebook မှကူးယူတင်ပြထားတာပါ...

သင်ငွေပိုငွေလျှံ ရှိမေရင် သင်ဘာလုပ်မလဲ?

..
သင့်မှာ ငွေပို ငွေလျှံလေးရှိတယ်ဆိုပါစို့ ။
1). ဘဏ်မှာငွေစုထားတာကောင်းလား?

2). တစ်ခုခုရင်းနှီးမြုပ်နှံထားတာကောင်းလား? (အိမ်ခြံမြေ၊စတော့ရှယ်ယာ၊ရွှေ၊ဒေါ်လာ)

3). အမြတ်များသော်လည်းအရှုံးကြီးနိုင်တဲ့ ငွေကြေးဈေးကွက် မှာကစားမလား ?
( စတော့နေ့ချင်းဝယ်ရောင်း၊နိုင်ငံတကာငွေကြေးဈေးကွက်၊ ဆုကြေး၊ရက်ကွက်ထဲအတိုးချေး)
--------------/--------------------
ကွာဟချက်ကို ဗွီဒီယို မှာ ပြောပြထားပါတယ်။
သင် အကြိုက်ဆုံး နည်းလမ်းလေးကို မန့် ခဲ့ ပါ။
နံပါတ်(1) လား ။
နံပါတ် (2).လား။
နံပါတ် (3) လား။ ဘယ်နည်းလမ်းလူကြိုက်အများဆုံးလဲ ကြည့်ရအောင်။ ။

Mother Teresa (မာသာ ထရီစာ)

How to use digital camera for photography?

Camera Modes for Beginners! 

Beginner တွေ အမေးများတဲ့ Camera mode အကြောင်းနဲ့ ဘယ်အချိန်မှာ ဘယ် mode သုံးပြီး ရိုက်ရမလဲဆိုတာကို နားလည်လွယ်အောင် ရှင်းပြထားပါတယ်။

How to take better Photo?

How to improve your photography skills - Part 1 (Rule of Thirds)


How to improve your photography skills - Part 2 (6 tips for better photos)


Crop frame အတွက် ဘက်စုံသုံးလို့ကောင်းတဲ့ lens တစ်လုံး ဝယ်ဖို့ စဉ်းစားနေပါသလား? ဒီ lens review ကို ကြည့်ကြည့်လိုက်ပါ။

#Nikon #LensReview #35mm



Telephoto lens တွေရှာနေသူများအတွက် tele lens လေး တစ်လုံးကို review လုပ်ထားပါတယ်။ တခြား tele lens တွေအကြောင်းလဲ ရှင်းပြထားတာမို့ tele lens ဝယ်မယ်ဆိုရင် ဒီ video ကို အရင် ကြည့်သင့်ပါတယ်။

#55_300mm #Nikon #LensReview



Nikon က အသစ်ထွက်ထားတဲ့ D7500 မှာ ဘာတွေပြောင်းသွားမလဲဆိုတာကို ဒီ video     ကြည့်ပြီး လေ့လာလိုက်ပါ။

#Nikon #D7500 #Review

Ref:ဓါတ်ပုံဝါသနာရှင် တစ်ယောက် @photographyhobbyist.mm

ဆုံးပါးသွားတဲ့ မိခင်အတွက် Rap သီချင်း လာဆိုတဲ့ ကောင်လေး။ 😢

..

မြောက်ကိုးရီးယား မိန်းခလေးတွေရဲ့ ဘ၀ဆိုးတွေကို ကြည့်လို်က်ပါအုန်း?


ဂိုဘီ သဲကန္တာရ ကို လမ်းလျှောက်ဖြတ်သန်းပြီး ထွက်​​ပြေး

Rathidaung and Buthidaung, Arakan coasts turning displaced families! ရသေ့တောင်နှင့် ဘူးသီးတောင်နယ်မှ ရခိုင်မိသားစုများ နေရပ်စွန့်ခွာကြလေပြီ

ကမ္ဘာက သိ​အောင်​ Share လုပ်​ပေးကြပါနော်….
(Read Myanmar & English)





ရသေ့တောင်နှင့် ဘူးသီးတောင်နယ်မှ ရခိုင်မိသားစုများ နေရပ်စွန့်ခွာကြလေပြီ


အောင်ကျော်မင်း(မောင်တော) နိရဉ္စရာ၊ သြဂုတ်လ ၅ ရက်

အကြမ်းဖက်ဘင်္ဂလီများမှ ရန်ပြုမည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်နှင့် ဘူသီးတောင်မြို့နယ်တောင်ပိုင်း ကျေးရွာတစ်ချို့မှ မိသားစုများ နေရပ်ကို စွန့်ခွာနေကြသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်ကျေးရွာသို့ မေယူတောင်ခြေရင်း ကျေးရွာများ ဖြစ်ကြသည့် ပြင်ရှည်မှ ၁၇ ဆောင်၊ ပိတောက်မြိုင်မှ ၄၁ ဆောင်နှင့် ချွတ်ပြင်မှ ၃၁ ဆောင်၊ စုစုပေါင်း ၈၉ ဆောင် လူပေါင်း ၃၀၀ ကျော် ရောက်ရှိနေကြောင်း ယမန်နေ့က စေတီပြင်ရွာသို့ သွားရောက်ခဲ့သည် ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။

အများစုမှာ စေတီပြင်သို့ ပြောင်းရွှေ့လာကြသော်လည်း တစ်ချို့လည်း လုံခြုံမှုပိုကောင်းရာ ကျေးရွာများသို့ ပြောင်းရွှေ့နေကြသည်ဟု သူက ပြောသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင်လည်း အိမ်များကို စွန့်ခွာမှုများ ရှိနေရာ (ပ) အိုးသည်မအုပ်စု မောင်နမရွာမှ အိမ်ထောင်စု ၂၀ စု၊ အိုးသည်မ ရွာ မှ အိမ်ထောင်စု ၂၂ စု၊ အတွင်းပြင်ရွာ မှ ၁၃ စု တို့သည် လုံခြုံရာသို့ ရွှေ့ပြောင်းသွားကြသည်ဟု သိရသည်။

အဓိက ပြောင်းရွှေ့သူများမှာ အမျိုးသမီများ၊ ကလေးသူငယ်များ၊ နာမကျန်းသူများနှင့် အသက်အရွယ်ကြီးသူများပါဝင်ပြီး အမျိုးသားများမှာ ရွာကိုကာကွယ်ရန် ကျန်နေခဲ့ကြသည်ဟု သိရသည်။

မောင်တောမြို့နယ် ကိုင်းကြီးရွာမှ မြိုတိုင်းရင်းသား ၈ ဦးအား ဘင်္ဂလီ အကြမ်းဖက်သမားများမှ သတ်ဖြတ်ခြင်း၊ ရသေ့တောင်မြို့နယ် ချွတ်ပြင်မှာ ရခိုင်တစ်ဦးပျောက်ဆုံးခြင်း၊ အောက်နန်းရာတွင် ဘင်္ဂလီ ရွာသား ၆၀၀ ခန့်က နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို တုတ်ဓါးလက်နက်များဖြင့်တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်ပြီးနောက် လုံခြုံရေး စိုးရိမ်ရရာမှ ရခိုင်ကျေးရွာသားများ အိုးအိမ်များကို စွန့်ခွာနေကြရခြင်း ဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ- ခိုင်ပြည်ထွန်း)
………………………………..

Rathidaung and Buthidaung, Arakan coasts turning displaced families!


Peter Aung Kyaw Min (Maungdaw) Arakan On August 5

Bengalis are concerned to do a terrorist state Rathidaung and families, some of the mountain villages in southern township are abandoning.

Thay township outside world village of the mountain village of 17 is measured by the long Spanish workers Myaing 41 and strip 31 to £ 89 £ 300 the portfolio was too specific as  the village catchup lion township sent Nathan Said.


The forces of the village had to move some villages to secure more bodies recovered, said customers who had moved elsewhere.

Buthidaung township-owned property recovered abandoned the organizations carrying space (pot) a brother or sister village, 20 jars of household village 13 thousand 22 villages  were reportedly moved to change the transitional safety.


He moved to the bright Q. Q. Q. Q. grasshopper left, and age is measured in male customers have been left to protect the village.

I even swallow Township village held for participants 8 Bengalis random sampling stations to cut off the outside off a mountain lion Township village Rakhine The following measures under Annan Bengalis, approximately 600 villagers Blankets other forces Slasher Q. weapons attack has certainly reflect what was measured by security concerns after a Rakhine village on the outskirts of Q. according to a separate measure it.


Photo khaing pyae tun……..
Via>Myat Kyaw

စားသုံးသူ အခွင့်အရေးဆိုတာ ဘာလဲ?

စားသုံးသူ အခွင့်အရေးဆိုတာ ဘာလဲ?

စားသုံးသူတွေ ဘာတွေ နစ်နာနေသလဲ?

နစ်နာမှုတွေ အနည်းဆုံးဖြစ်အောင် ဘယ်လိုရွေးချယ်မလဲ?

နစ်နာမှုဖြစ်ခဲ့ရင် တိုင်ကြားနိုင်မလား?

ဘယ်လို တိုင်ကြားရမလဲ?

Saturday 26 August 2017

PINDAYA FARM HOUSE

တောင်ပေါ်ဒေသ သာယာလှပတဲ့ ရှုခင်းတွေ တောင်တန်းတွေနှင့် ရိုးသားလှတဲ့ ဓနုလူမျိုးတွေ့ရဲ့ ဓလေ့
စရိုတ်လေးတွေ ဗမာသံဝဲ ပြောတတ်တဲ့ ...
ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့က သစ်အယ်ပင်ရွာက PINDAYA FARM HOUSE သဘာဝအတိုင်း Orginic  လပ်ဆက်တဲ့သစ်သီး ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်ဆွပ်ခူးကြပြီး ကိုယ်င်တိုင်ချက်ပြုတ်စားသောက်လို့ရတဲ့  အိပ်ခန်း ၅ခန်းပါ အသေးစားဟိုတယ်လေးပါ...

Friday 25 August 2017

ဥာဏ်ကြီးရှင် လုပ်ငန်းချဲ့ဖို့ ရှယ်ယာခေါ်နေပြီနော်!











အိန္ဒိယ ပဲအ၀ယ်လျော့ချ ကန့်သတ်မှုကြောင့် ပြည်တွင်း ပဲဈေးကျဆင်းလာပြီး ပဲကုန်သည်တွင် တန်ချိန် သိန်းဂဏန်းပိုက်မိနေကြောင်း!

အိန္ဒိယ ပဲအ၀ယ်ကန့်သတ်မှုကြောင့် ပဲစင်းငုံဈေး တ၀က်လောက်ထိပြုတ်ကျလာ!
Image may contain: 1 person, food

လက်ရှိတွင် ပြည်တွင်း ကုန်စည်ဒိုင်ကြီးများဖြစ်သည့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ပခုက္ကူ ကုန်စည်ဒိုင် ကြီးများတွင် ပဲအရောင်းအ၀ယ် ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ယခုလ ၂၃ရက်နေ့က ကြေညာခဲ့ပြီး မန္တလေး ကုန်စည်ဒိုင်နှင့် မုံရွာ ကုန်စည်ဒိုင်များတွင် အရောင်းအ၀ယ် ရပ်ဆိုင်းကြောင်း မထုတ်ပြန်သော်လည်း အရောင်း အ၀ယ် ရပ်တန့်နေကြောင်း မုံရွာကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးဇော်မိုးက ပြောသည်။

“ ကျွန်တော်တို့ကတော့ မရပ်ဆိုင်းပါဘူး။ တောင်သူတွေက ရောင်းချင်တယ်ဆို ၀ယ်ပေးနေဦးမှာပါ။ ကျွန်တော် တို့က အဓိက တောင်သူတွေအတွက် ဒုက္ခမရောက်စေချင် လို့ပါ။ ဈေးကတော့ အရင်တုန်းက ပိဿာ ၂၀ တစ် အိတ်ကို ၂၈,၀၀၀ လောက်ပေါက်တာ အခု တစ်အိတ်ကို ၁၆,၀၀၀ လောက်ပဲ ရှိတော့တယ်” ဟု ပြောသည်။

အိန္ဒိယ နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံများမှ ပဲစင်းငုံ တန်ချိန် ၂ သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်း တန်ချိန် ၃ သိန်းကိုသာ ၀ယ်ယူရန် ကန့်သတ်လိုက်ခြင်းကြောင့် လက်ရှိတွင် ပြည်တွင်း ပဲအရောင်းအ၀ယ် ရပ်တန့်နေသလို လက်ရှိ ပြည်တွင်းတွင် ပဲစင်းငုံ တန်ချိန် တစ်သိန်းခန့်နှင့် မတ်ပဲ တန်ချိန် သုံးသိန်းခန့် သောင်တင်နေကြောင်း မြန် မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“ ဒီနှစ်က မြန်မာနိုင်ငံမှာ ပဲအထွက်နှုန်း များသလို အိန္ဒိယမှာလည်း ပဲအထွက်နှုန်းကောင်းတော့ သူတို့ ပြည်တွင်းဈေး တက်လာအောင် အခုလို ကန့်သတ်လိုက်တာပါ။ ကျွန်တော်တို့ ဆီက အဓိက အိန္ဒိယဈေးကွက် ကို မီခိုနေရတာက ကမ္ဘာမှာ အိန္ဒိယက ပဲအများဆုံးစားတာ။ တခြားနိုင်ငံတွေက သူ့လောက်မ၀ယ်ဘူး ၀ယ် လည်း နဲနဲပဲ။ ဒီနှစ်တော့ ကျွန်တော်တို့ဆီက ပဲတွေကို ခွဲတမ်းနဲ့ ပြန်ဝယ်ပေးဖို့ တောင်းဆိုရမှာပေါ့ နောက်နှစ်ကျ ရင်တော့ တောင်သူတွေ အနေနဲ့လည်း တစ်ခြားပဲတွေ ပြောင်းစိုက်ကြဖို့ လိုတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ပဲအထွက်နှုန်း လျော့ကျခဲ့သည့်အပြင် ယင်းအချိန်က ဒေါ်လာဈေးများ မြင့်တက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် မတ်ပဲ တစ်တန်လျှင် ၂၅ သိန်းဝန်းကျင်၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ် သိန်း ၂၀ ၀န်းကျင်ထိ ရရှိခဲ့ခြင်းကြောင့် အဆိုပါ ပဲအမျိုးအစားများ ကို တောင်သူများမှ တိုးမြှင့်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အဓိက ၀ယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံမှ ၀ယ်ယူမှု ကန့်သတ်လိုက်ချိန်တွင် ပဲလက်ကျန် အများအပြား ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မတ်ပဲ တစ်တန် ရှစ်သိန်း ၀န်းကျင်၊ ပဲစင်းငုံ တစ်တန်ကို ၅ သိန်း ၀န်းကျင် ဈေးနှုန်းဖြင် ရပ်တန်နေကြောင်း သိရသည်။

ကမ္ဘာ့ မတ်ပဲဈေးကွက်အခြေနေ?






မြန်မာ့ မတ်ပဲပို့ကုန်


၁၆-၈-၂၀၁၇

မတ်ပဲ FAQ/RC တစ်တန်- ၈၁၇,၀၀၀
ပဲစင်းငုံနီ RC 2017 တစ်တန်- ၅၀၀,၀၀၀
ပဲတီစိမ်း(ပဲ) (ပခုက္ကူ၊ ရွှေဝါ၊ ပဲခူး၊ ၀ါးခယ်မ) တစ်ပိဿာ - ၁,၇၅၀ မှ ၂,၂၅၀
ထောပတ်(ပဲ) တစ်ပိဿာ - ၁,၉၁၀ မှ ၂,၀၀၀
ကုလားပဲခြမ်း တစ်ပိဿာ - ၂,၆၅၀ မှ ၂,၇၀၀
ကုလားပဲလုံး တစ်ပိဿာ - ၂,၁၅၀ မှ ၂,၁၇

၅.၈.၂၀၁၇ 

(ယနေ့) ဥပုဒ်နေ့ ဖြစ်တဲ့အတွက် ရန်ကုန်ကုန်စည်ဒိုင်ကလွဲပြိး တစ်ခြား နယ်ကုန်စည်ဒိုင်တွေပိတ်ပါတယ်.

မတ်ပဲ FAQ/RC တစ်တန် ၇၉၉,၀၀၀
ပဲစင်းငုံနီ RC တစ်တန် ၄၉၈,၀၀၀
ပဲတီစိမ်း(ပဲ) တစ်ပိဿာ ၁,၇၅၀ မှ ၂,၂၅၀
ထောပတ်(ပဲ) တစ်ပိဿာ ၁,၉၁၀ မှ ၂,၀၀၀
ကုလားပဲခြမ်း တစ်ပိဿာ ၂,၆၅၀
ကုလားပဲလုံး တစ်ပိဿာ ၂,၁၅၀ မှ ၂,၁၇၀
ပဲကြီး တစ်ပိဿာ ၂,၂၆၀ မှ ၂,၈၃၅

အိန္ဒိယကန့်သတ်မှုကြောင့်မန္တလေးကုန်စည်ဒိုင်တွင်ပဲအရောင်းရပ်တန့်!


အိန္ဒိယမှ ပဲအဝယ်ကန့် သတ်လိုက်သဖြင့်  ပြည်တွင်း၌ ပဲဈေးနှုန်းများဆက်တိုက်ကျဆင်း နေသောကြောင့် မန္တလေးကုန်စည်ဒိုင်တွင်အရောင်းအဝယ်ပိတ်ထားခြင်းမျိုးမရှိသော်လည်းဝယ်သူသာရှိပြီးရောင်းသူမရှိဖြစ်နေ သည်။

‘‘ဒီမှာတော့ အရောင်းအဝယ်ပိတ်တာမျိုးမရှိပါဘူး။ ဈေးသိပ် ကျတဲ့အခါ အရောင်းသမားက မ ရောင်းတာ တော့ ရှိပါတယ်။ အ ဝယ်သမားက ဈေးနည်းနည်းချပြီး တော့ ဝယ်ပေမယ့် ရောင်းသူမရှိ တော့ အရောင်းအဝယ်တော့မ ဖြစ်ဘူး။ မနက်ဖြန်၊ သန်ဘက်ခါတော့ ရောင်းကြမယ် ထင်ပါ တယ်’’ ဟု မန္တလေးကုန်စည် ဒိုင် ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။

လက်ရှိတွင် ပြည်တွင်းဈေး ကွက်၌ အိန္ဒိယသို့ အဓိကတင်ပို့ နေသော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီ စိမ်းသုံးမျိုးစလုံး ဈေးကျဆင်းနေ ပြီး ပဲစင်းငုံဈေး အနိမ့်ဆုံးဖြစ်နေ သည်။

သြဂုတ် ၂၂ ရက်တွင် ပဲစင်းငုံ သုံးတင်းတစ်အိတ်လျှင် ၄၇,၀၀၀ ကျပ်ရှိရာမှ ၂၃ ရက်တွင် ကျပ် ၄၂,၀၀၀ အထိကျဆင်းလာ ၍ ရောင်းသူမရှိဖြစ်နေ ကြောင်း ၎င်းကပြောသည်။

‘‘ဈေးကတော့ ပဲတီစိမ်း လည်း ကျတယ်၊ မတ်ပဲလည်း ကျ တယ်၊ ပဲစင်းငုံက ဈေးနိမ့်လွန်း အားကြီးတော့ မရောင်းကြတာ ပေါ့။ မတ်ပဲကတော့ ဈေးကျပေမယ့် ရောင်းတဲ့လူတချို့တော့ ရှိပါ တယ်။ မတ်ပဲကတော့ ပဲစင်းငုံထက်စာရင် စားသုံးမှု များသေး တာပေါ့’’ ဟု ဦးချွန်က ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံအ လယ်ပိုင်း၏ အကြီးဆုံးပဲကုန်စည် ဒိုင်ဖြစ်သည့် ပခုက္ကူတွင် ပဲစင်းငုံ နှင့် မတ်ပဲအရောင်းအဝယ်ပြုလုပ် ခြင်းကို သြဂုတ် ၂၃ ရက်က စတင် ကာ ယာယီရပ်စဲခဲ့သည်။

‘‘ကုန်သည်တွေ၊ တောင်သူ တွေ မထိခိုက်စေဖို့အတွက် ယာယီရပ်စဲတာက အမှန်ကန်ဆုံးလို့ ယူဆပါတယ်။ ဈေးကွက်ကမောက် ကမဖြစ်နေတာကို ရေတိုအနေနဲ့ ဖြေရှင်းဖို့အတွက်ဆိုရင် ယာယီ ရပ်စဲတာက အကောင်းဆုံးဖြစ်ပါ တယ်’’ ဟု ပခုက္ကူမြို့နယ် ကုန် သည်ပွဲစားများအသင်း အလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးဇင်မင်းထွန်း က ပြောသည်။

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်ဂယက်ကြောင့် ဖြစ်ပေါ်နေသည့် ပဲဈေးကွက်အ ခြေအနေနှင့်ပတ်သက်၍ သြဂုတ် ၂၃ ရက် နံနက်က ပခုက္ကူကုန် စည်ဒိုင်တွင် အစည်းအဝေး ပြု လုပ်ပြီး ပဲစင်းငုံရောင်းဝယ်ခြင်း အတွက် ဈေးကွက်ယာယီရပ်ဆိုင်းထားရန် ကုန်သည်နှင့်တောင်သူများအနေဖြင့် လက်ဝယ်ရှိသည့် ပဲများကို ယာယီထိန်းထားရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းကပြောကြားသည်။

ပခုက္ကူကုန်စည်ဒိုင်သည် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပြီးလျှင် ဒုတိယအကြီးဆုံးပဲကုန် စည်ဒိုင်ဖြစ်သည်။ကုန်သည်များ လက်ထဲတွင် ပဲလက်ကျန်များ ကျန်ရှိနေဆဲဖြစ်ပြီး ရေရှည်ထိခိုက်မှု မရှိစေရန်အစိုးရနှင့် ကုန်သည်အသင်းများ ပူးပေါင်းကာ အဖြေရှာရန် လိုအပ်သည်ဟု ပခုက္ကူဒေသခံ ပဲကုန်သည်အချို့က ပြောသည်။

ပခုက္ကူကုန်စည်ဒိုင်တွင်ယခုနှစ် ပဲစင်းငုံဈေးနှုန်းသည် သုံးနှစ်အ တွင်း အနိမ့်ဆုံးဖြစ်နေပြီး ၊ ၂၀၁၅ နှင့် ၂၀၁၆ တို့၌ ပဲစင်းငုံ တစ်တင်းလျှင် အမြင့်ဆုံးဈေး ကျပ်ငါးသောင်းခန့်နှင့် အနိမ့်ဆုံးဈေး ကျပ်နှစ် သောင်းခွဲခန့် ဈေးရှိသော်လည်း၊ ယခုနှစ်တွင် အမြင့်ဆုံးဈေးကျပ် နှစ်သောင်းငါးထောင့်သုံးရာနှင့် အနိမ့်ဆုံးဈေး ကျပ်တစ်သောင်းခွဲခန့် သာ ဈေး ရှိသည်ဟု ပခုက္ကူကုန်စည်ဒိုင်မှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ အပါအဝင် ပြည်ပမှ ပဲတန်ချိန် သုံးသိန်း သာတင်သွင်း ခွင့်ပေးမည် ဖြစ် ကြောင်း သြဂုတ် ၂၁ ရက်တွင် အိန္ဒိယအစိုးရက ထုတ်ပြန်သဖြင့် ပြည်တွင်း၌ ပဲ ဈေးနှုန်း ကျဆင်းခြင်း  ဖြစ်သည်။

ထို့အပြင် ပြည်တွင်း၌ ပဲဈေး နှုန်း ဆက်တိုက် ကျဆင်းလာ သဖြင့် သြဂုတ် ၂၂ ရက်ကစ၍ ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန် စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်ခြင်း ယာယီရပ်ဆိုင်းထား ကြောင်း အဆိုပါကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌဦးအုန်းဆိုင်က ပြောကြား သည်။



သေပြီ...

အိန္ဒိယက ပဲမ၀ယ်တော့ဘဲ ပြည်တွင်း ပဲကုန်သည်တွေ လက်ထဲမှာ ပဲတန်ချိန်သိန်းချီပိုက်မိနေတဲ့အကြောင်း!

မန္တလေး ကုန်စည်ဒိုင် က ပြောကြားချက်...










တောင်သူတွေကို ပဲမျိုးစေ့အသစ်တွေ ချပေးဖို့လို!


အိန္ဒိယရဲ့ ဈေးနှိမ်မခံရအောင် အစိုးရနဲ့ကုန်သည် လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဈေးကွက်ဝင် ပဲမျိုးစေ့သစ်တွေကို တောင်သူတွေဆီ ဖြန့်ဝေပေးဖို့လိုပြီ။

ပဲလောက လိမ်လည်မှုအကြောင်း 

 အွန်လိုင်း မှာ သတင်းထွက်နေတဲ့ ပဲဈေးကွက် လိမ်လည်မှုအကြောင်း မန္တလေးတိုင်း ပဲနှမ်းအသင်း ဥက္ကဌ ပြောကြားချက်...

ပဲဈေးကွက် ဂယက်  

မြန်မာပြည် အထက်ပိုင်း အဓိက ပဲဈေးကွက် တစ်ခုဖြစ်တဲ့ မုံရွာမြို့ရဲ့ ဒီကနေ့ အနေအထားကို မုံရွာ ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးဇော်မိုး နဲ့ တိုက်ရိုက်မေးမြန်းချက် ။


၂၀၁၄ခုနှစ်က သတင်းဟောင်းလေးပါ...နှိုင်းယှဉ်လို့ရအောင်တင်ပေးလိုက်ပါတယ်။

ပဲဈေးကွက်တွင် ကြိုပွိုင့် ရောင်းဝယ်မှု ပြန်များလာ

ပဲဈေးနှုန်းများ ရက်ပိုင်းအတွင်း မြင့်တက်လာပြီး  အရောင်းအ၀ယ် ပြန်ကောင်းနေရာ တရားဝင် ရောင်းဝယ် ခွင့်မပြုသော ကြိုပွိုင့်စနစ်ဖြင့် ရောင်းဝယ်မှုများလာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်မှ သတင်းရရှိသည်။
‘‘၀ယ်လိုအားတွေ ကောင်းတော့ ကြိုပွိုင့်စနစ်နဲ့ အရောင်းအ၀ယ် လုပ်ကြတာတွေလည်း များတယ်။ 
အရင်ရက်တွေက သုံးရက်ဆိုင်းလောက်နဲ့ အရောင်းအ၀ယ် လုပ်နေရာကနေ အခု တစ်ပတ်ဆိုင်းနီးပါး 
လောက်ထိ လုပ်ကြတာတွေ ရှိကြတယ်’’ ဟု ပဲကုန်သည် တစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ပဲဈေး နှုန်းများမှာ မတ်ပဲ RC  တစ် တန်လျှင် ၇၃၄,၀၀၀ ကျပ်မှ ဇွန် လ ၂၆ ရက်တွင် တစ်တန်လျှင် ၇၆၀,၀၀၀ ကျပ် ဈေးပေါက်ပြီး တစ်တန်လျှင် ၂၆,၀၀၀ ကျပ် မြင့်တက်လာခဲ့
သည်။
ထို့အတူ မတ်ပဲ SQRC  တစ်တန်လျှင် ၈၅၀,၀၀၀ ကျပ် ရှိနေရာမှ တစ်တန်လျှင် ၈၈၀,၀၀၀ ကျပ်သို့ မြင့်
တက်လာခဲ့သည့်အတွက် ကျပ်သုံးသောင်း ဈေးတက်ခဲ့သည်။

ပဲစင်းငုံ  တစ်တန် ၅၉၁,၀၀၀ ကျပ် ရှိနေခဲ့ရာမှ ၆၁၈,၀၀၀ ကျပ်ထိ ရောက်ရှိလာသဖြင့် တစ်တန်လျှင် ၂၇,၀၀၀ ကျပ် ဈေးတက်လာခဲ့သည်။

‘‘ဈေးတွေက တက်တာများတော့ ၀ယ်လိုအားတွေကလည်း များနေတယ်။ ရုတ်တရက် မြင့်တာဆိုတော့ ဒီဈေးတန်းမှာတော့ အကြာကြီး ငြိမ်မနေနိုင်ဘူး။ ပြန်တော့ ကျလိမ့်မယ်။ ဒီရက်ပိုင်းမှာ ကုန်သည်တွေက   ဈေးကစား ချင်တာကြောင့်လည်း ၀ယ်လိုအား များတာပါတယ်’’ ဟု ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်မှုမှာလည်း ယခင်ရက်များထက် နှစ်ဆကျော်ထိ မြင့်တက်ကာ ရောင်းဝယ်မှု များနေခဲ့ကြောင်း ကုန်သည်များ က ဆိုသည်။

ပြီးခဲ့သည့် ရက်များတွင် ပဲ ဈေးကွက် အရောင်းအ၀ယ်မှာ တစ်ရက်လျှင် ကွန်တိန်နာ ပုံး ၄၀ နီးပါးသာ 
အရောင်းအ၀ယ် ဖြစ်ခဲ့သော်လည်း ယခုဇွန်လ ၂၅ ရက်တွင် ကွန်တိန်နာ ၈၀ နီးပါးအထိ အရောင်းအ၀ယ်
 ဖြစ်နေသည်။

ဝယ်လိုအား များချိန်တွင် အရောင်းအ၀ယ် ပြုလုပ်သည့် ပမာဏလည်း မြင့်တက်နေသည့်အတွက် လကုန်ရှင်းစနစ်ဖြင့် ကြိုပွိုင့် ရောင်းဝယ်မှု များနေခဲ့ကြောင်း ကုန်သည်များက ဆိုသည်။

ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြိုပွိုင့်ဖြင့် ရောင်းဝယ်ခြင်းကို တရားဝင် ခွင့်ပြုမထားပေ။ ယခုနှစ်ပိုင်းအတွင်း ကြိုပွိုင့်ရောင်းဝယ်ကြရာမှ ငွေကြေး ပြဿနာများစွာ ပေါ်ပေါက်ခဲ့သည်။

Ref:http://www.7daydaily.com/story/14279

Thursday 24 August 2017

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အကျိုးသက်ရောက်မှုများ


အကျဉ်းချုပ်

ကမ္ဘာ့နိုင်ငံများတွင် အဂတိလိုက်စားမှုပြဿနာသည် နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားများ၏အခွင့်အရေး၊ ရပိုင်ခွင့်များအား ထိခိုက်စေသကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများစသော လူမှု အသိုင်း အဝိုင်း၌ မလိုလားအပ်သော အရှုပ်အထွေးများကို ဖြစ်ပေါ်စေလျှက်ရှိပါသည်။ အဂတိ လိုက်စားမှုများမှာ နိုင်ငံအားလုံးတွင်ရှိသော်လည်း ဝင်ငွေနိမ့်သောနိုင်ငံများတွင် ပိုမိုပျံ့နှံ့လျက် ရှိပါသည်။ အထူးသဖြင့်မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုကို ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ခဲ့ရပြီး ကမ္ဘာ့နိုင်ငံများ အသိုင်းအဝိုင်းတွင်  ဖွံ့ဖြိုးမှုနောက်ကျသောအဆင့်နှင့် အဂတိလိုက်စားမှုနှုန်း တွင်နာမည်ပျက်စာရင်းဝင် နိုင်ငံအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ကောင်းမွန်စွာအထောက်အကူပေးနိုင်သည့် နည်းလမ်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ လက်ရှိဆောင်ရွက်နေမှုများကို သိရှိစေရန်နှင့် ဤစာတမ်းပါအကြောင်းအရာ အချက်အလက်များသည် လွှတ်တော်ကိုယ်စားလှယ်များအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရေးသားပြုစုတင်ပြခြင်းဖြစ်ပါသည်။

နိဒါန်း

၁။    ကမ္ဘာ့နိုင်ငံအများစုတွင် အဂတိလိုက်စားမှုကို ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။  နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းစဉ်တွင် အဂတိလိုက်စားမှုသည် အဓိကပြဿနာတစ်ရပ်ဖြစ်ပါ သည်။ အဂတိလိုက်စားခြင်းဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကိစ္စရပ်များတွင် မလို လားအပ်သော ဆိုးကျိုးများကိုဖြစ်ပေါ်စေပါသည်။ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ထိခိုက် မှုမရှိစေရေးအကာအကွယ်ပေးရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုဆောင်ရွက်လျက်ရှိ ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု လျော့နည်းစေရန်အတွက် ဥပဒေပြဋ္ဌာန်းခြင်း၊ ကော်မတီဖွဲ့ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု)

၂။    အဂတိလိုက်စားမှုဆိုသည်မှာ အများအကျိုးဆောင်ရွက်ရန်အတွက် ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပုဂ္ဂလိကအကျိုးအမြတ်အတွက် အသုံးပြုခြင်းပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အများပိုင်ရုံးအနေအထား၊ ရာထူးအဆင့်အတန်းတို့ကို ကိုယ်ကျိုးအတွက် အသုံးချခြင်းပင်ဖြစ်ပါသည်။အဂတိလိုက်စားမှုအမျိုးအစားများ


၃။    အဂတိလိုက်စားမှုသည်အဆင့်အမျိုးမျိုးတွင် ဖြစ်ပေါ်နိုင်သော်လည်း အကြမ်းဖျင်းအား ဖြင့် အဆင့်မြင့်အဂတိလိုက်စားမှုနှင့် အဆင့်နိမ့်အဂတိလိုက်စားမှုဟူ၍ ခွဲခြားနိုင်ပါသည်။ အဆင့် မြင့်အဂတိလိုက်စားမှုဆိုသည်မှာ နိုင်ငံရေးသမားများ၊ အာဏာရှိပုဂ္ဂိုလ်များသို့ ပမာဏမြောက် များစွာပေးခြင်းကိုဆိုလိုသည်။ အဆင့်နိမ့်အဂတိလိုက်စားမှုဆိုသည်မှာ “လက်ဖက်ရည်ဖိုး” ပေး ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဂတိလိုက်စားမှုကို တွန်းအားအနေဖြင့် လိုအပ်ချက်အရပြုလုပ် ခြင်းနှင့် လောဘရမ္မက်အရ ပြုလုပ်ခြင်းဟူ၍ ခွဲခြားနိုင်ပါသည်။
၎။    အဂတိလိုက်စားမှု၏ အကျိုးသက်ရောက်မှုအတိုင်းအတာမှာ လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုမတူညီပါ။ အကြမ်းဖျင်းအားဖြင့် ဖြစ်တောင့်ဖြစ်ခဲအဂတိလိုက်စားမှု၊ အနှံ့အပြားသဘော ဆောင်သောအဂတိလိုက်စားမှုနှင့် စနစ်တစ်ခုလုံးလိုပင်ဖြစ်နေသော အဂတိလိုက်စားမှုဟူ၍ သုံးမျိုးခွဲခြားနိုင်ပါသည်။ ဖြစ်တောင့်ဖြစ်ခဲ အဂတိလိုက်စားမှုသည် တစ်ခါတစ်ရံမှသာ ဖြစ်ပေါ်သည့်အတွက် ထိန်းချုပ်အပြစ်ပေးရန်လွယ်ကူပါသည်။ အနှံ့အပြားသဘောဆောင်သော အဂတိ လိုက်စားမှုသည်ထိန်းချုပ်အပြစ်ပေး ဖြေရှင်းရန်ခက်ခဲပါသည်။ စနစ်တစ်ခုလုံး လို ပင် ဖြစ်နေသော အဂတိ လိုက်စားမှုသည် အဆိုးရွားဆုံးဖြစ်ပြီး ထိန်းချုပ်အပြစ်ပေးရန်ပိုမိုခက်ခဲကာ စီးပွားရေး အပေါ်တွင်လည်း ဆိုးရွားစွာသက်ရောက်စေပါသည်။  



မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေ

၅။ ကမ္ဘာ့ဘဏ်၏စောင့်ကြည့်လေ့လာမှုအရ မြန်မာနိုင်ငံရှိကုမ္ပဏီများ၏ လက်ရှိဖြစ်ပေါ်နေ သော အဂတိလိုက်စားမှုအခြေအနေမှာ နိုင်ငံတကာနှင့်နှိုင်းယှဉ်လျင် အဂတိလိုက်စားမှုနှုန်း မြင့် မားနေသည်ကို တွေ့ရှိရပါသည်။ ကုမ္ပဏီ၏ ၅၀ ရာခိုင်နှုန်းကျော်သည် သွင်းကုန် လိုင်စင်အတွက် တရားမဝင်ပေးဆောင်နေရပြီး ကုမ္ပဏီ၏ ၃၀ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းမှာ လုပ်ငန်းလိုင်စင်နှင့် အခွန်ရှောင်လိုမှုအတွက် တရားမဝင်လာဘ်ပေးလာဘ်ယူမှု ပြုလုပ်နေရကြောင်း သိရှိရပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ကို နှိုင်းယှဉ်လေ့လာရာတွင် စီးပွားရေးလုပ်ငန်းများတွင်သာမက တရားစီရင်ရေးကဏ္ဍတွင်ပါ အဂတိလိုက်စားမှုများရှိနေကြောင်းဖော်ပြ ထားပါသည်။ ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု အခြေအနေစောင့်ကြည့်လေ့လာရေးအဖွဲ့ Transparency International မှထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးအခြေအနေသည် တိုးတက်လာမှုမရှိဘဲ အဆိုးရွားဆုံးအခြေအနေတွင်ရပ်တန့် နေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။ Transpaency International အဖွဲ့က စောင့်ကြည့်လေ့လာခဲ့သည့်ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံ အနက် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် အဂတိလိုက် စားမှု အဆိုးဆုံးနိုင်ငံဖြစ်သော ဆိုမာလီနိုင်ငံပြီးလျှင် ဒုတိယအဂတိလိုက်စားမှုအများဆုံးနေရာ တွင် ရပ်တည်ခဲ့ပါသည်။  Transparency International အဖွဲ့၏ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုရမှတ်များမှာ ၂၀၁၂ ခုနှစ်တွင် ၁၅ မှတ်၊ ၂၀၁၃ ခုနှစ်တွင် ၂၁ မှတ်နှင့် ၂၀၁၄ ခုနှစ် တွင် ၂၁ မှတ်၊ ၂၀၁၅ ခုနှစ်တွင် ၂၂ မှတ်ရရှိပြီး အနည်းငယ်တိုးတက်လာသည်ကို တွေ့ရှိရပါသည်။
 
 ပုံ - ၁
မြန်မာနိုင်ငံ၏ ၂၀၁၀ မှ ၂၀၁၄ ခုနှစ်အတွင်း အဂတိလိုက်စားမှုအဆင့်သတ်မှတ်ချက်များ
Source: Transparency International
၆။    Transparency International မှ ထုတ်ပြန်ခဲ့သည့် အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် အညွှန်းကိန်းများအရ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ နှိုင်းယှဉ်ထားမှုကို အောက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်-

ပုံ - ၂ တွင်ဖော်ပြချက်အရ အာဆီယံနိုင်ငံ များတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသည်
အဂတိလိုက်စားမှုအများဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် အဂတိ လိုက်စားမှု
အနည်းဆုံးဖြစ်သည်ကို တွေ့ရှိရ ပါသည်။

ပုံ - ၂
၂၀၁၄ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ၏ အဂတိလိုက်စားမှုနှုန်း
Source: မြန်မာ့အလင်းသတင်းစာ (၈-၁၂-၂၀၁၅)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များ
၇။    မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃/၂၀၁၃ ဖြင့် အတည်ပြုပြဌာန်းခဲ့ပါသည်။ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို ၈-၁-၂၀၁၃ တွင်ဖွဲ့စည်းပြီး ၂၀၁၄ ခုနှစ်၊ မတ်လတွင် အဆိုပါကော်မတီအား မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ ကွန်ဗင်းရှင်းတွင် ၁၃၇ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀-၁၁-၂၀၁၂ ခုနှစ်မှစတင် ကာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။  
၈။    မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ EITI ဖွဲ့စည်းဆောင်ရွက်မှုသည် အကျင့်ပျက်ခြစားမှုအပေါ် ပြည်သူများ၏ထင်မြင်ချက်အညွှန်း (Corruption Perceptions Index) တွင် ပိုမိုကောင်းမွန်လာရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေ ပါသည်။ မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး ကုလသမဂ္ဂဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင်အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါသည်။ မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှု ဆန့်ကျင်တိုက်ဖျက်ရေး အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (SEA-PAC) ၏ ၁၀ နိုင်ငံ မြောက်အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါသည်။  
၉။    အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင်ဖွဲ့စည်းသည့်နေ့မှ ၂၃.၁၁.၂၀၁၅ ရက် နေ့အထိ တရားစွဲဆိုအရေးယူခဲ့သည့် ပုဂ္ဂိုလ် ၉ ဦး၊ ဝန်ထမ်းစည်းမျဉ်းအရ အရေးယူခဲ့သည့် ပုဂ္ဂိုလ် ၁၂၅ ဦး၊ လက်ရှိစုံစမ်းစစ်ဆေးဆဲကိစ္စ ၃ ခုရှိပါသည်။ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် ကိစ္စ ၃၁ ခုရှိပြီး နိုင်ငံတော်သို့ပြန်အပ်ငွေကျပ် ၂၀,၆၈၅,၀၀၀ ဖြစ်ပါသည်။ တိုင်စာများကို ကော်မရှင် က တိုက်ရိုက်စစ်ဆေးတရားစွဲဆိုအရေးယူခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာကိစ္စရပ် များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
သက်ရောက်မှုအခြေအနေများ
၁၀။    အဂတိလိုက်စားမှုသည် စီးပွားရေးဖွံဖြိုးတိုးတက်မှုများအတွက် အနှုတ်လက္ခဏာဆောင် သောဆိုးကျိုးများကို ဖြစ်ပေါ်စေသည့်အပြင် အဂတိလိုက်စားမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်ထိခိုက်စေနိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအကျိုးအမြတ်ရရှိရန် အခွင့် အလမ်းပိုများလေ၊ အဂတိလိုက်စားမှုပိုကြီးမားလေဖြစ်ပါသည်။ အဂတိလိုက်စားမှုကြောင့် အစိုး ရအဖွဲ့အစည်းများ၊ အသက်မွေးမှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အဂတိလိုက်စားခြင်းဖြင့် နိုင်ငံသားများအကြားတွင် ဝင်ငွေခွဲဝေဖြန့်ဖြူးမှု မညီမျှရာမှ ဆင်းရဲချမ်းသာကွာဟမှု ပိုမိုများပြားလာစေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
၁၁။    စီးပွားရေးလုပ်ငန်းများနှင့်ဆက်နွယ်နေသော ဌာနဆိုင်ရာများတွင် အဂတိလိုက်စားခြင်း ဖြင့် များစွာသောဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။ မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းသည် အဂတိလိုက်စားခြင်း၏ အသိသာဆုံးနှင့် အထင်ရှားဆုံး အကြောင်းအရာတစ်ခုဖြစ်ပါသည်။ ငွေကြေးဖောင်းပွခြင်းဖြင့် တင်ဒါလုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်း၊ အဆောက်အဦဆောက်လုပ်ရေးလုပ်ငန်း၊ မြေယာနှင့်စည်ပင်သာယာလုပ်ငန်းစသော လုပ်ငန်းများ အားလုံး၏ငှားရမ်းခ၊ ကုန်စည်နှင့်ဝန်ဆောင်မှု ဝယ်ယူစားသုံးခြင်းအတွက် တန်ဖိုး ကြီးစွာပေးဆောင်ရခြင်းသည်လည်း အဂတိလိုက်စားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။  အဂတိလိုက်စားခြင်းဖြင့် စီးပွားရေးအကျိုးဆက်များမှာ ပြည်သူ့ဘဏ္ဍာငွေများကို ကိုယ်ကျိုး အတွက် အလွဲသုံးစားပြုလုပ်ရာရောက်ခြင်း၊ စီမံအုပ်ချုပ်မှုများမှားယွင်းခြင်း၊ ဆုံးရှုံးလေလွင့် မှုများ၊ မညီမျှမှုများ၊ လူမှုရေးယိုယွင်းမှုများ၊ စီးပွားရေးအကျပ်အတည်းများ၊ နိုင်ငံခြားငွေ ပြတ်လပ်မှုများစသည့် မလိုလားအပ်သည့်ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါသည်။

အဂတိလိုက်စားမှုလျော့နည်းစေရန် ကျင့်သုံးရမည့်နည်းလမ်းများ

၁၂။    ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း အဂတိလိုက်စားမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် စတင်ဆောင်ရွက်လာကြပါသည်။ အစိုးရအနေနှင့် အကောက်အခွန်များကို အလေအလွင့်မရှိအောင်ကောက်ခံပြီး ပြည်သူ့ဘဏ္ဍာကို စနစ်တကျစီမံခန့်ခွဲမှုများပြုလုပ်ရန် လိုအပ်ပါသည်။ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အများပြည်သူသိစေရန် ဆောင်ရွက်ခြင်းသည် အဂတိလိုက်စားမှုကို လျော့နည်းစေသော နည်းလမ်းများဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက စည်းကမ်းနှင့်အညီ တာဝန်ယူနိုင်မှု၊ သတင်းအချက်အလက်ရရှိနိုင်မှု၊ ထင်သာမြင်သာရှိမှု၊ လျှို့ဝှက်ထိန်ချန် ဖုံးကွယ်မှုမရှိခြင်းတို့ လိုအပ်သည်ဟုယူဆကြပါသည်။ တာဝန်သိသတင်းမီဒီယာများ၏ အချက်အလက်များစုဆောင်း မှု၊ သရုပ်ပြစိစစ်မှု၊ ဖွဲ့စည်းတင်ပြမှုနှင့် သတင်းဖြန့်ချိမှုတို့သည် အဂတိလိုက်စားမှုပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် သိမြင်နားလည်လာစေပါသည်။ ထိုသို့သိမြင်လာခြင်းသည် ပြုပြင်ပြောင်းလဲ မှုများ အရှိန်အဟုန်မြင့်မားလာစေရေးတို့အတွက် အထူးအရေးကြီးပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်မှုရှိစေရန်အတွက် အစိုးရတွင်သာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည်မဟုတ်ဘဲ ပုဂ္ဂလိကဏ္ဍမှလုပ်ငန်းရှင်များနှင့် ပြည်သူလူထု၏အကူအညီနှင့် ပူးပေါင်း ပါဝင်မှုတို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအတွက် အထူးအရေးကြီး ပါသည်။  
၁၃။    ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအား ပိုမို အားထုတ်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်းနှင့် အဂတိလိုက်စားမှု လျော့နည်းစေ ရန် ကျင့်သုံးရမည့်နည်းလမ်းများဖြစ်သော အစိုးရသည်လိုအပ်သောကုန်စည်နှင့် ဝန်ဆောင်မှု များကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူခြင်းအားရပ်တန့်ရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် လွတ်လပ်စွာဆောင်ရွက်နိုင်မှုနှင့် မည်မျှထိရောက်စွာ ဆောင်ရွက် နိုင်မှုတို့ကို လေ့လာသုံးသပ်ရန်၊ သတင်းအချက်အလက် လွတ်လပ်ခွင့်ဥပဒေကိုပြဋ္ဌာန်းရန်၊ ဤဥပဒေမရှိဘဲ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးသည် အောင်မြင်စွာဆောင်ရွက်နိုင်မည်မဟုတ် ပါ။ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သယံဇာတအရင်းအမြစ်တူးဖော်ရေးနှင့်  ပွင့်လင်းမြင်သာ မှုဖော်ဆောင်ရေး (Ectractive Industries Transparency Initiative-EITI) ကဲ့သို့ နိုင်ငံ တကာအဖွဲ့အစည်းများ၏ သဘောတူညီမှုများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စသည့် အချက်များကိုတိုက်တွန်းပါသည်။    
၁၄။   အဂတိလိုက်စားမှုတိုက်ဖျက်ရေးစနစ်တွင် ပုံမှန်ကြီးကြပ်ခြင်း၊ စာရင်းစစ်ခြင်း၊ ကြိုတင် ဟန့်တားခြင်းနှင့် ပညာပေးအစီအစဉ်များလည်းပါဝင်ပါသည်။ အစိုးရဝန်ထမ်းများ၏ ပိုင်ဆိုင်မှု များသတင်းကို ဖော်ထုတ်ရန်ဟူသောအဆိုကို ဥပဒေအဖြစ်ပြဌာန်းမည်ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား အလွန်အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ အတိတ်ကအစိုးရစာရင်းစစ် များသည် အဂတိလိုက်စားမှု အမှုကြီးများကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့်စာရင်းစစ်လုပ် ငန်းကို ဆက်လက်အားပေးမြှင့်တင်ရန်လိုအပ်ပါသည်။ အစိုးရအရာရှိများကို အဂတိလိုက်စားမှု ဆိုင်ရာပညာပေးခြင်းတွင် လုပ်ငန်းပညာနှင့် ကျင့်ဝတ်ဆိုင်ရာသင်တန်းများသည် အဂတိလိုက် စားမှုတိုက်ဖျက်ရေးအတွက် အလွန်အရေးကြီးမည်ဖြစ်ပါသည်။ ရေရှည်တွင်အဂတိလိုက်စားမှု တိုက်ဖျက်ရေးအားထုတ်မှုများ၌ ဤလုပ်ငန်းများသည် တစ်ခုကိုတစ်ခု အထောက် အကူပြုလျှက် ရှိပါသည်။

အဂတိလိုက်စားမှုအများဆုံးနိုင်ငံများ

၁၅။    ကမ္ဘာ့နိုင်ငံများတွင် အဂတိလိုက်စားမှုအများဆုံးနိုင်ငံများအား လေ့လာသိရှိနိုင်ပါရန် အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

စဉ်
နိုင်ငံ
အဂတိလိုက်စားမှုအဆင့်
မှတ်ချက်
1
ဆိုမာလီ
174

2
မြောက်ကိုရီးယား
174

3
ဆူဒန်
173

4
အာဖဂန်နစ္စတန်
172

5
တောင်ဆူဒန်
171

6
အီရတ်
170

7
တာ့မင်နစ္စတန်
169

8
ဥဇဘက်ကစ္စတန်
166

9
လစ်ဗျား
166

10
ယီမင်
161



ကမ္ဘောဒီးယားနိုင်ငံ

၁၆။    ကမ္ဘောဒီးယားနိုင်ငံသည် ပြည်တွင်းစစ်နှင့် နိုင်ငံရေးဆန္ဒပြမှုများ ဆယ်စုနှစ်တစ်ခုကြာထိ ဖြစ်ပွားခဲ့ပြီးနောက် အဂတိလိုက်စားမှုသည် ကဏ္ဍပေါင်းစုံ၌ပျံ့နှံ့လျက်ရှိပြီး လူ့အဖွဲ့အစည်း အတွင်းအမြစ်တွယ်လျက်ရှိပါသည်။ အဂတိလိုက်စားမှုသည်ပုံစံမျိုးစုံဖြင့်ဖြစ်ပေါ်နေသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရန် လိုအပ်သောစွမ်းအားစုများနှင့် အရည်အချင်းများမရှိခြင်း၊ လွတ်လပ်မှုမရှိခြင်း၊ ထိရောက်စွာစုံစမ်းဖော်ထုတ်နိုင်မှုမရှိခြင်း၊ အပြန်အလှန်စောင့်ကြည့်ထိန်း ကျောင်းနိုင်မှုအားနည်းခြင်း၊ တာဝန်ယူမှုမရှိခြင်း၊ အများပြည်သူနှင့်ပူပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းနည်းပါးခြင်းတို့သည် အဂတိလိုက်စားမှုကိုပိုမိုဆိုးရွားစေသော အခြေအနေသို့ ရောက်ရှိစေလျက်ရှိပါသည်။

မြောက်ကိုရီးယားနိုင်ငံ

၁၇။   မြောက်ကိုရီးယားနိုင်ငံ၊ အမျိုးသားကာကွယ်ရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဂျန်ဆောက်သက် (Jang Sung-taek) သည် ၂၀၁၃ ခုနှစ်တွင် ကွပ်မျက်ခံရပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် အဂတိလိုက်စားမှုများရှိနေကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းမီဒီယာက အတည်ပြု ပြောကြားခဲ့ပါသည်။ အဆိုပါဖော်ပြချက်တွင် လာဘ်စားမှုများ၊ လွဲချော်မှုများ၊ သယံဇာတနှင့် မြေရောင်းချမှုများ၊ လုံခြုံရေးရန်ပုံငွေများ၊ Jang Sung-taek ၏ထိန်းချုပ်မှုဖြင့် ပုဂ္ဂလိကဆိုင်ရာ ငွေကြေးသုံးစွဲမှုများကို ဖော်ပြခဲ့ပါသည်။

ဆိုမာလီနိုင်ငံ

၁၈။    ဆိုမာလီနိုင်ငံ၏စီးပွားရေးသည် များသောအားဖြင့် ရေလုပ်ငန်း၊ ငွေလွှဲလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများအပေါ်တွင်တည်မှီလျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ၏ ဖော်ပြချက်များအရ စီးပွားရေးဖွံဖြိုးတိုးတက်မှု အရှိန်ရနေစဉ်တွင်ခေါင်းဆောင် မိုဟာမက်ဆီယက်ဘား (Mohamed Siad Barre) တာဝန်မှ အနားယူပြီးနောက် တရားမဝင်စီးပွားရေးဈေးကွက်များ ပေါ်ပေါက်လာခဲ့ခြင်းကလည်း အဂတိ လိုက်စားမှု၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံတော် သို့ အခွန်အခများ ပုံမှန်ပေးဆောင်ခြင်းမပြုကြပေ။ သို့ရာတွင်စီးပွားရေးလုပ်ငန်းဆိုင်ရာ သဘော တူညီချက်များ၊ လုပ်ငန်းများခွင့်ပြုမိန့်ရရှိရန်အတွက် သို့မဟုတ် အစိုးရအားသိမ်းသွင်းရန် တရားမဝင် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ်တွင် International Crisis အဖွဲ့၏ ဖော်ပြချက်အရ အငြိမ်းစားယူသွားသည့် ခေါင်ဆောင်များသည် ဒေသတွင်း ဆက်သွယ်ရေးလုပ်ငန်းများမှ အကျိုးအမြတ်များစွာရရှိခဲ့ပါသည်။ ၎င်းဝင်ငွေများကို တရားဝင် ကြေညာခဲ့ခြင်းမရှိခဲ့ပါ။

အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံများ

၁၉။    ကမ္ဘာ့နိုင်ငံများတွင် အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံများအား လေ့လာသိရှိနိုင်ပါရန် အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-
စဉ်
နိုင်ငံ
အဂတိလိုက်စားမှုအဆင့်
မှတ်ချက်
1
ဒိန်းမတ်
1

2
နယူးဇီလန်
2

3
ဖင်လန်
3

4
ဆွီဒင်
4

5
နော်ဝေ
5

6
ဆွစ်ဇာလန်
6

7
စင်္ကာပူ
7

8
နယ်သာလန်
8

9
လူဇင်ဘတ်
9

10
ကနေဒါ
10



ဒိန်းမတ်နိုင်ငံ

၂၀။    Transparency International အဖွဲ့၏အတည်ပြုချက်များအရ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံမှာ ဒိန်းမတ်နိုင်ငံဖြစ်ကြောင်းသိရှိရပါသည်။ ဒိန်းမတ်နိုင်ငံ သည် လူ့အဖွဲ့အစည်းကြွယ်ဝရေးမိုဒယ်ဟု နာမည်ပေးထားသည့် စနစ်ကိုကျင့်သုံးကာ အဂတိ လိုက်စားမှုအနည်းဆုံး ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါသည်။ လုပ်ငန်းခွင်အခြေအနေ မျှတမှုရှိစေ ခြင်း၊ ပြည်သူ့ရေးရာကဏ္ဍများတွင်လုံခြုံမှုရှိစေခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို အကောင်း ဆုံး အခြေအနေရှိစေရန် ဖန်တီးပေးခြင်း၊ မြင့်မားသည့်လစာစနစ်နှင့် ဘဝနေဝင်ချိန်တွင် သက်သောင့်သက်သာနေထိုင်နိုင်အောင်အာမခံနိုင်သောပင်စင်စနစ်များရှိနေခြင်းကြောင့် ဒိန်းမတ် နိုင်ငံမှာကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံအဖြစ်ရပ်တည်နိုင်ခြင်းဖြစ်ကြောင်းသိရှိ ရပါသည်။

နယူးဇီလန်နိုင်ငံ

၂၁။    ဒိန်းမတ်နိုင်ငံပြီးလျှင် အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေသောနိုင်ငံ မှာ နယူးဇီလန်နိုင်ငံဖြစ်ပါသည်။ နယူးဇီလန်နိုင်ငံသည် မျှတမှုရှိလွန်းသည့် နိုင်ငံရေးစနစ် တည်ဆောက်နိုင်ခြင်းကြောင့် အဂတိလိုက်စားမှု အနည်းဆုံးအခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခြင်း ဖြစ်ပါသည်။

ဖင်လန်နိုင်ငံ

၂၂။    ဖင်လန်နိုင်ငံသည်ကမ္ဘာပေါ်တွင်အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံစာရင်းတွင် အဆင့်(၃) နေရာတွင်ရပ်တည်ခဲ့ပါသည်။ ဖင်လန်နိုင်ငံသည်အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ပွင့်လင်း မြင်သာမှုကိုအခြေခံထားခြင်းဖြစ်သည်။ အစိုးရ၏ ပေါ်လစီတစ်ခုတည်းပေါ်တွင် အခြေခံထား ခြင်းမဟုတ်ဘဲ ပြည်သူများအပေါ်ယုံကြည်စိတ်ချမှု၊ အစိုးရအဖွဲအစည်းတွင် ပွင့်လင်းမြင်သာရှိမှု၊ ဒီမိုကရေစီကျင့်သုံးမှု၊ တက်ကြွသောလူ့အဖွဲ့အစည်းအားကောင်းမှု၊ နိုင်ငံသားများတစ်ဦးချင်း တာဝန်သိမှု၊ ပြည်သူ့ရေးရာနှင့်လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု စသည့်အချက်များမှထွက်ပေါ်လာသည့် နိုင်ငံရေးနှင့် ဓလေ့ထုံးတမ်းများအပေါ်တွင် အခြေခံထားခြင်းကြောင့် အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။

စင်္ကာပူနိုင်ငံ

၂၃။    စင်္ကာပူနိုင်ငံသည် အာရှတိုက်၏ တစ်ခုတည်းသောအဂတိလိုက်စားမှုအနည်းဆုံး ထိပ်သီး နိုင်ငံများစာရင်းတွင် အဆင့် (၇) နေရာ၌ရပ်တည်လျက်ရှိပါသည်။ အစိုးရကထိန်းချုပ်ထားပြီး အာဏာပိုင်အဖွဲ့အစည်းမှတစ်ဆင့် အခွင့်အာဏာသုံးပြီး မဖြစ်မနေဆောင်ရွက်စေခြင်း၊ အစိုးရ အဖွဲ့အစည်းအတွင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးပေါ်လစီများချမှတ်ခြင်း၊ လေ့လာ စောင့်ကြည့်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများပြုလုပ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိပါသည်။


 အဂတိလိုက်စားမှုတိုက်ဖျက်ရန်အတွက်မဟာဗျူဟာများ

၂၄။    ၂၀၁၀ ခုနှစ်တွင် ဟောင်ကောင်၌အဂတိလိုက်စားမှု တိုက်ဖျက်ရန်အတွက် မဟာဗျူဟာ များကို အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ပထမအဆင့်မှာ ပြင်ပအဖွဲ့အစည်းများကို စောင့်ကြည့်လေ့လာခြင်း၊ ဒုတိယအဆင့်မှာအတွင်း အဖွဲ့အစည်းများကိုစောင့်ကြည့်လေ့လာခြင်း၊ တတိယအဆင့်မှာ အဓိကပြဿနာများကို သတ်မှတ်ခြင်း၊ စတုတ္ထအဆင့်မှာ မဟာဗျူဟာချမှတ် ခြင်းတို့ဖြစ်သည်။
(က)    ပထမအဆင့်။           ယင်းအဆင့်တွင်ပြင်ပအဖွဲ့အစည်းများကိုစောင့်ကြည့်လေ့လာ ရာ၌နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးပတ်ဝန်းကျင်များကိုလေ့လာခြင်းနှင့်ဥပဒေ များကိုလေ့လာခြင်းဟူ၍အပိုင်း ၄ ပိုင်းသတ်မှတ်ထားသည်။ နိုင်ငံရေးပတ်ဝန်း ကျင်ကိုလေ့လာရာတွင် နိုင်ငံရေး သမားများမှ အမှန်တကယ် ဆောင်ရွက်လိုသည့် စိတ်ဆန္ဒရှိ/မရှိကိုဆန်းစစ်ခြင်း၊ စီးပွားရေးပတ်ဝန်းကျင်ကိုလေ့လာရာတွင် ပြည် သူ့ဝန်ထမ်း၏လစာငွေသည် ပုဂ္ဂလိကကဏ္ဍမှ လစာနှင့်နှိုင်းယှဉ်၍ လုံလောက် မှုရှိ/ မရှိ၊ နိုင်ငံတော်ဘတ်ဂျက်သည်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရန်ပုံငွေအတွက် လုံလောက်စွာသုံးစွဲမှု ရှိ/မရှိနှင့်စီးပွားရေးလုပ်ငန်းရှင်များမှမည်မျှ ပါဝင်ပတ်သက် မှုရှိနေသည်ကိုလေ့လာခြင်း၊ လူမှုရေးပတ်ဝန်းကျင်ကိုလေ့လာရာတွင် နိုင်ငံသူ နိုင်ငံသားများ၏ခံယူချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုခြင်းရှိ/ မရှိနှင့်ပညာပေးမှုမည်မျှရှိသည်ကို လေ့လာခြင်း၊ ဥပဒေ များကိုလေ့လာရာတွင် လက်ရှိဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများသည် သင့်လျော် လုံလောက်မှုရှိ/ မရှိကို လေ့လာဆန်းစစ်ခြင်းတို့ဖြစ်ပါသည်။
(ခ)    ဒုတိယအဆင့်။    ယင်းအဆင့်တွင် အတွင်းအဖွဲ့အစည်းများကိုစောင့်ကြည့် လေ့လာရာတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုစနစ်များ၊ နိုင်ငံ့ဝန်ထမ်း များ၏ အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များ၊ ပညာရှင်များခန့်ထားမှု၊ စီမံ ခန့်ခွဲမှုပုံစံ၊ စံနမူ နာပြခေါင်းဆောင်ကောင်းရှိ/ မရှိလေ့လာခြင်း စသည်တို့ဖြစ်ပါသည်။
(ဂ)    တတိယအဆင့်။    ယင်းအဆင့်တွင်အဓိကပြဿသာနာများကို သတ်မှတ်ခြင်းဖြစ် ပါသည်။
(ဃ)    စတုတ္တအဆင့်။    ယင်းအဆင့်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး စီမံကိန်း ရေးဆွဲခြင်း ဖြစ်ပါသည်။  

နိဂုံး
၂၅။ အဂတိလိုက်စားမှုလျော့နည်းစေရန်အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လိုက်နာ ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် သင့်ပါသည်။ အဂတိလိုက်စားမှုရှိသော လူ့အဖွဲ့အစည်း၌ နောင်ကာလ၏ မျိုးဆက်သစ်များ အတွက် သယံဇာတအသုံးပြုနိုင်မှုများ လျော့နည်းသွားပေမည်။ အဂတိလိုက်စားမှုသည် သာမန် ပြည်သူများအတွက် ကြီးလေးသောတာဝန်နှင့်ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါသည်။ မြန်မာနိုင်ငံ အတွင်း အဂတိလိုက်စားမှုသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍနှင့် အဖွဲ့အစည်းများ တိုးတက်မှုအတွက် အဓိကအတားအဆီးဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ပြောကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၌အဂတိလိုက်စားမှုပပျောက်ရေးကို ဆောင်ရွက်ရာ၌အစိုးရ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့်နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ရန်လိုအပ်ပါ သည်။ အကျင့်ပျက်အဂတိလိုက်စားမှုများကို အပြင်းအထန်နှိမ်နင်းလျင် တိုင်းပြည်နှင့်လူမျိုး အတွက် အလေ့အကျင့်ကောင်းများကျင့်သုံးရန် လမ်းစရရှိကာ အောင်မြင်မှုများရရှိစေမည့် အကြောင်းရင်းဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာတာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရ သတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေး မှုများ ပြုလုပ်ခြင်းမရှိပါ။


ယနေ့အစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ သိသာထင်ရှားစွာ ဆောင်ရွက်လာသည့် လုပ်ငန်းမှာ နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ချမှတ် ဆောင်ရွက်လာခြင်းပင် ဖြစ်သည်။ မြန်မာ နိုင်ငံ နိုင်ငံ့ဝန်ထမ်း
 ပြုပြင်ပြောင်းလဲမှုဆိုင် ရာ မဟာဗျူဟာ စီမံချက် ထုတ်ပြန်ကြေ ညာသည့် အခမ်းအနားတစ်ရပ် ကျင်းပ၍ နိုင်ငံ့ဝန်ထမ်းများသာမက ပြည်သူတစ် ရပ်လုံးအား အသိပေးခဲ့သည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက် အမှာစကား ပြောကြားစဉ် ဒီမို ကရေစီစနစ်တွင် 'မလုပ် မရှုပ် မပြုတ်'အတွေးအခေါ် ရှိသူအတွက် နေရာမရှိ 
နိုင်ကြောင်းကို ထည့်သွင်း ပြောကြားခဲ့ သည်။

http://www.yangonmedia.com/media/k2/items/cache/a61338d7f798651113635a81cabe1316_XL.jpg
'
မလုပ်၊ မရှုပ်၊ မပြုတ်'ဟူသော စကားသည် ဖဆပလခေတ် ပြည်ထောင်စု အစိုးရလက်ထက်တွင် သုံးစွဲခြင်းမရှိသေး သော်လည်း တစ်ပါတီ အာဏာရှင်ခေတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် ဝန်ထမ်းလောက၌ တွင်တွင် ကျယ်ကျယ် သုံးစွဲခဲ့သည့်စကားဖြစ်သည်။ ထိုစဉ်က နိုင်ငံ့ဝန်ထမ်းလောကတွင် အလုပ်လုပ်သူ၊ ကြိုးစားသူ၊ တော်သူ၊ ထူးချွန်သူ၊ အလုပ်မလုပ်သူ၊ မကြိုးစားသူ၊ ညံ့သူတို့ အားလုံးတစ်ပြေးညီ သတ်မှတ်၍ သတ်မှတ်ထားသည့် လုပ်သက်ပြည့်လျှင် ရာထူးတိုးမြှင့်ခြင်း ခံကြရ
သည်။ ယင်းအချိန်မှစ၍ 'မလုပ်၊မရှုပ်၊မပြုတ်'ဟူသောစကား ကို ဝန်ထမ်းလောကတွင် တွင်တွင်ကျယ် ကျယ် သုံးစွဲလာခဲ့ကြ
သည်။ ဆောင်ပုဒ် သဖွယ် သဘောထားလာကြသည်။

အချို့ နိုင်ငံ့ဝန်ထမ်းများမှာ ဆယ်စုနှစ်သုံးလေးစုခန့် အရိုးစွဲနေသည့် အကျင့်ဟောင်းများကို မဖျောက်၊ ကြား ကာလ အစိုးရအ
ဆက်ဆက်လက်ထက် သို့ သယ်ဆောင်လာကြသည်။ ဝန်ထမ်းငယ် ဘဝမှ အမှုထမ်း၊ အရာထမ်း ဖြစ်လာသည့် တိုင် အမှန်တရားဘက်က ရပ်တည်နိုင် စွမ်း မရှိဘဲ အထက်အရာရှိ အလိုရှိသည့် အတိုင်း အမှားများကိုလည်း လုပ်သည်။ အမှန်ကို သိ
လျက် ထောက်ပြပြောဆိုခြင်း မပြုတော့ဘဲ လက်ညှိုးထောင် ခေါင်းညိတ် ဘဝနှင့် ဘဝကို အသက်ရှင် ရပ်တည်ခဲ့ ကြသည်။

အထူးသဖြင့် ယနေ့ မြန်မာ နိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းအများစုသည် တစ် ပါတီ အာဏာရှင်စနစ်နှင့် စစ်အာဏာ ရှင်လက်ထက်များတွင် ဖြတ်သန်းလုပ်ကိုင် ခဲ့ကြရသဖြင့် 'မလုပ်၊ မရှုပ်၊ မပြုတ်' ဆို သည့် စကားကို ဆောင်ပုဒ်လုပ်၍ နေ့စဉ် ရုံးဆင်းရုံးတက် လုပ်ခဲ့
ကြရသည်။ အချိန် မှန် လစာရခဲ့ကြသည်။ လစာမှာ ကြိုး ကြိုးစားစား၊ နိုးနိုးကြားကြား လုပ်သူများ နှင့် ဘာမျှမလုပ် ရုံးတွင် ငုတ်တုတ်ထိုင် နေလျှင်လည်း ရာထူးတူလျှင် လစာတူ ရခဲ့ကြသည်။ 'မလုပ်၊ မရှုပ်၊ မပြုတ်'အရ သာကို ကောင်းစွာခံစားရင်း ဘဝနေဝင် ချိန်သို့ ဖြတ်သန်းခဲ့ကြသည်။

သာမန်အားဖြင့် ကြည့်လျှင် နိုင်ငံ့ဝန်ထမ်းများ 'မလုပ်၊ မရှုပ်၊ မပြုတ်'အတွေးအခေါ် အစဉ်အလာဟောင်းများ ကြောင့် နိုင်ငံတော်အတွက် မထိခိုက်ဟု ယူဆရသော်လည်း နိုင်ငံတော်အစိုးရ၏ ယန္တရားများမှာ ရပ်တန့်မသွားသည့်တိုင် နှေးကွေးစေသည်။ 
တုံ့ဆိုင်းစေသည်။ ဌာန တစ်ခုနှင့် တစ်ခုအကြား၊ ဝန်ကြီးဌာနအ ချင်းချင်းအကြား ပူးပေါင်းလုပ်ဆောင်မှု ကို အဟန့်အတားဖြစ်စေခဲ့သည်။ တီထွင် ကြံဆမှုနှင့် အတွေးအခေါ် အယူအဆ သစ်များကို တားဆီးပိတ်ပင်နေသကဲ့သို့ ဖြစ်စေခဲ့သည်။ ယင်းမှာ အစိုးရနှင့် နိုင်ငံ့ ဝန်ထမ်းများအကြား ကြီးမားသော စိန် ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

 နိုင်ငံ့ဝန်ထမ်းဟူသည် အစိုးရအပေါ်တွင် တာဝန်ယူမှု (Responsibility)ရှိရန် လိုအပ်သကဲ့သို့ တာဝန်ခံမှု (Accountability) ရှိ
ရန်လည်း လိုအပ် သည်။ ထို့အတူ အစိုးရအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများအပေါ် ဗဟိုချုပ်ကိုင်မှု(Centralization)ကို လျှော့ချပေးသင့်သည်။ ဖြစ်နိုင်လျှင် ဗဟိုချုပ်ကိုင်မှုကို ဖျက်သိမ်း ခြင်း (Decentralization)ပြုသင့်သည်။

ယနေ့ အစိုးရသစ် ကျင့်သုံး မည့် နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်တွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ် ယူကိစ္စများ ပပျောက်စေနိုင်သည့် အချက် အလက်များ ထည့်သွင်းထားမည် ဖြစ် သည်။ သို့တိုင် နိုင်ငံ့ဝန်ထမ်းတိုင်း လိုက် နာကျင့်သုံးနိုင်ရန် အစိုးရက ကြပ်မတ် စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေ စည်းမျဉ်းစည်းကမ်း များ ချမှတ်ထားသော်လည်း ဝန်ထမ်း အများစုက လိုက်နာရန် ပျက်ကွက်ခြင်း ကြောင့် အဂတိလိုက်စားမှုနှင့် လာဘ်ပေး လာဘ်ယူကိစ္စများ ပေါ်ပေါက်နေခြင်းဖြစ် သည်။

ယနေ့အစိုးရသစ် လက်ထက်တွင် ပြည်သူနှင့် အများဆုံး ထိတွေ့ဆက် ဆံနေသည့် တရားရုံး၊ ရဲဌာန၊ ဥပဒေရုံး၊ လူဝင်မှုကြီး
ကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ဌာန၊ ဆေးရုံ စသည်တို့သည် ပြုပြင် ပြောင်းလဲလိုသည့်ဆန္ဒမရှိဘဲ ယခင်လမ်း ဟောင်းအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေကြဆဲ ဖြစ်သည်။ ယခင် အစိုးရလက်ထက်အတိုင်း လာဘ်စားမြဲ၊ အဂတိလိုက်စားဆဲသာ ဖြစ်သည်။

အချို့ဌာနများမှာမူ 'မလုပ်၊ မရှုပ်၊ မပြုတ်'လမ်းစဉ်အတိုင်း လျှောက် လှမ်းနေဆဲဖြစ်သည်။ ယင်းအတွက် နိုင်ငံ့ဝန်ထမ်းများအား ဝန်ကြီးဌာနအလိုက် ပြု ပြင်ပြောင်းလဲ မဟာဗျူဟာစီမံချက်အတိုင်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။ သို့မှသာ အစိုးရယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ကာ ပြည်သူ တို့အတွက် အများပြည်သူဆိုင်ရာ ဝန် ဆောင်မှုများကို ကောင်းမွန်စွာ ဆောင် ရွက်ပေးနိုင်မည် ဖြစ်သည်။ ထို့အတူ အစိုးရ၏ ပြည်သူကိုဗဟိုပြုသော လုပ်ငန်း စဉ်များ ချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

 မြန်မာနိုင်ငံ၏အစိုးရအဆက် ဆက်တွင် နိုင်ငံ့ဝန်ထမ်းအချို့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအရ အရေးယူ ခြင်း၊ ထုတ်ပယ် 
ခြင်း၊ ရပ်နားခြင်းများရှိ သကဲ့သို့ အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ ဒုတိယဝန်ကြီးအချို့အား အငြိမ်းစားပေးခြင်း၊ ရပ်နားခြင်း၊ 
ဝန်ကြီးဌာနပြောင်းရွှေ့ခြင်း များ ရှိခဲ့ဖူးသည်။ ထူးခြားသည်မှာ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဒုတိယသမ္မတ(၁) အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ရုတ်တရက် နှုတ်ထွက်သွားခြင်းပင် ဖြစ်သည်။

အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟ သူရတင်အောင်မြင့်ဦးသည် အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းများ 
အကောင်အထည်ဖော်ရာတွင် အမာခံ(Hardliner) တစ်ဦးအဖြစ် နိုင်ငံရေးသုတေသီများက သုံးသပ်ခဲ့ကြသည်။ 
ဒုတိယသမ္မတ(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးနှင့် စီးပွားရေးပြု ပြင်ပြောင်းလဲမှုများတွင် တားဆီးဟန့်တား နိုင်သည့် အခွင့်အာဏာ မရှိသော်လည်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးသူ ဖြစ်သဖြင့်  
လုပ်ငန်းစဉ်များကို ရှုပ်ထွေး စေရန် လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု သုံး သပ်ပြောဆိုကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
အနေဖြင့်လည်း ဒုတိယသမ္မတ (၁) အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးအား အရေးကြီးသည့် တာဝန်များကို
 ပေးအပ်ထားသည်မှ ရုပ် သိမ်းခြင်းမပြုဘဲ ယင်းအား အတိုက်အခံ လုပ်မည့် ဝန်ကြီးများအား ကူညီခဲ့သည် ဟု နိုင်ငံရေးသုတေသီများက ယူဆခဲ့ကြ သည်။

ထိုနိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ(၁)တို့အကြား အကွဲအပြဲ ဇာတ် လမ်းများ ရှိနေခြင်းကြောင့် တစ်စုံတစ်ရာ ပြဿနာဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆခဲ့ ကြသော်လည်း တကယ်ဖြစ်လာသည်မှာ ဒုတိယသမ္မတ(၁) အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ကျန်းမာ ရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်စာ တင်၍ ထွက်ခဲ့သည်။ ယင်း၏ နုတ်ထွက် စာကို နိုင်ငံတော်သမ္မတထံသာမက လွှတ် တော်သို့ပါ တင်သွင်းခဲ့သည်။ အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး သည် နုတ်ထွက်
ခွင့်ကိုပင် မစောင့်ဆိုင်းဘဲ သာသနာ့ဘောင် ဝင်ရောက်ခဲ့ပြီး အစိုးရ အဖွဲ့နှင့် မဆက်သွယ်ဘဲ ဒုတိယသမ္မတ (၁) တာဝန်ကို အပြီးအပြတ် စွန့်လွှတ်ခဲ့ ခြင်းဖြစ်သည်ဟု အစိုးရနှင့် နီးစပ်သူများ က ပြောသည်။

ယင်းဖြစ်ရပ်ကို သုံးသပ်ကြည့်လျှင် အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ဒုတိယသမ္မတ (၁) တာဝန်ကို အာဏာအရ မက်မော လျှင် 'မလုပ်၊ မရှုပ်၊ မပြုတ်'ဆောင်ပုဒ်နှင့် အညီ အစိုးရသက်တမ်းတစ်ခု ကုန်ဆုံး သည်အထိ နေလိုက 
နေနိုင်သည်။ သို့ သော် အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ဒုတိယသမ္မတ (၁) တာဝန်များကို ထမ်းဆောင်လိုခြင်း မရှိသဖြင့် မည်သည့်ဖိအားမျှမပါဘဲ နုတ် ထွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒုတိယ သမ္မတ(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင် အောင်မြင့်ဦး၏ နုတ်ထွက်သည့် အဓိက ရည်ရွယ်ချက်ကိုမူ ယနေ့တိုင် ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် နိုင်ငံရေးသုတေသီများက ဒု တိယသမ္မတ(၁) သီဟသူရတင်အောင် မြင့်ဦး နုတ်ထွက်ခြင်းသည် သမ္မတဦးသိန်း စိန်
အတွက် နိုင်ငံရေးနှင့် စီးပွားရေး ပြု ပြင်ပြောင်းလဲမှုအတွက် ပိုမိုအဆင်ပြေ ချောမွေ့စေသည်ဟု ထင်မြင်ယူဆခဲ့ကြ သည်။

ယနေ့ အစိုးရသစ်လက်ထက် တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ် ဦး တာဝန်မှ ရပ်နားခံရပြီး ပြည်နယ်ဝန် ကြီးချုပ်တစ်ဦး တာဝန်မှ နုတ်ထွက်သကဲ့ သို့ အမြဲတမ်းအတွင်းဝန်တစ်ဦး တာဝန်မှ နုတ်ထွက်ခဲ့သည်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရသည့် နိုင်ငံ့ဝန်ထမ်းများလည်း ရှိခဲ့သည်။

 ပြည်ထောင်စု တရားလွှတ် တော်ချုပ်၏ ၂ဝ၁၆ ခုနှစ် အစီရင်ခံစာ အရ တရားရုံးအဆင့်ဆင့်ရှိ တရားရေး အရာရှိ၊ တရားသူကြီး ၇၅ဦး၊ ရုံးဝန်ထမ်း ၄၁ ဦး စုစုပေါင်း ၁၁၆ ဦး တို့ကို ဝန်ထမ်း ဆိုင်ရာ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့
သည်။

ယနေ့အစိုးရသစ် တက်လာပြီး နောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန် ထမ်းများကို ဖြုတ်ထုတ်သတ် မလုပ်ဟု ပြောဆိုခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းအချို့ မှာ တည်ဆဲဥပဒေများအရလည်းကောင်း၊ ဝန်ထမ်း စည်းမျဉ်း
စည်းကမ်းများအရ သော်လည်းကောင်း အရေးယူ ခံကြရ သည်။ နောင်တွင်လည်း နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး 
မဟာဗျူဟာ အရ တိကျစွာဆောင်ရွက်လျှင် အရေးယူ ခံရမည့် နိုင်ငံ့ဝန်ထမ်းများ ထပ်မံတိုးပွား လာဖွယ် ရှိသည်။


အထူးသဖြင့် 'မလုပ်၊ မရှုပ်၊ မပြုတ်' ဆိုသည့် ရှေးရိုးစွဲ ဆောင်ပုဒ်ကို ဆက်လက်စွဲကိုင်မည်ဟုဆိုလျှင် ဝန်ထမ်း အဖြစ်မှ အရေးယူခြင်းမခံရမီ မိမိအသိ စိတ်ဓာတ်ဖြင့် ထွက်စာတင်၍ ခွဲခွာခြင်း က နာမည်ကောင်းနှင့် ရလဒ်ကောင်း ကျန် ရှိနိုင်သည်မှာ သေချာသည်။ သို့တည်းမ ဟုတ် 'မလုပ်၊ မရှုပ်၊ မပြုတ်'အတွေးအခေါ် ဟောင်းများကို စွန့်လွှတ်၍ စိတ်သစ်၊ လူ သစ်၊ အတွေးအခေါ်သစ်များဖြင့် တစ်ဦး ချင်းစီ၏ ကိုယ်ပိုင် ပြုပြင်ပြောင်းလဲရေး အသွင်ဖော်ဆောင်ရန် အထူးလိုအပ်မည် ဖြစ်ပေသည်။  

Ref:http://www.yangonmedia.com/မလုပ်-မရှုပ်-မပြုတ်-လုပ်လို့-မထုတ်ရင်-ထွက်မယ်တဲ့လား-