Popular Posts

Thursday 24 August 2017

"ထားစရာမရှိတဲ့သူနဲ့ စားစရာမရှိတဲ့ လယ်သမား အမှုဖြစ်တဲ့အခါ ဘယ်သူ့ဘက်က လိုက်မလဲ”

ကြည့်လိုက်ဗျာ.. အသဲကြွေသွားမယ်..

ဦးဝင်းမြင့်ပြောတာ မှန်တယ်....
လယ်သမားများနှင့် နိုင်ငံ စိုက်ပျိုးကုန်ထုတ်အတွက် ကွန်မန့်လေး ရေးပေးခဲ့ပါ။

ခေတ်သစ် ခရိုနီ ချစ်တီးတွေ... လယ်​​တွေ​မြေ​တွေလဲ အသိမ်းခံရ​သေးတယ်​၊ တရားလဲ အစွဲခံရ​သေးတယ်​ဆို​တော့ ... တရားရုံးမှာ ​ပေးဖို့​ကြွေးဖို့​တောင်​ ရှိမှာမဟုတ်​​တော့ဘူး။ တရားဥပ​ဒေရဲ့ မျှတတဲ့စည်းမျဉ်းဆိုတဲ့ မူရင်းရည်​ရွယ်​ချက်​​ရောက်​​အောင်​ ..တရားရုံး​ရော၊ လယ်​ပြန်​စစ်​​ရော ကိုယ်​စားလှယ်​​တွေ​ရော ကြိုးစား​ပေးကြပါတဲ့။

နိုင်ငံအ၀ှမ်း လယ်သမား ၁၇၉၀ ယောက်တရားရင်ဆိုင်နေရပြီး ၂၆၃ယောက် ထောင်ထဲရောက်ရှိနေကာ
လယ်ယာမြေ ဧကပေါင်း ရှစ်သိန်း သုံးသောင်း ကျော် စိုက်ပျိုးခြင်းမရှိပဲ အသုံးပြုခြင်း မရှိပဲ သိမ်းယူခံထားရ၍ စိုက်ပျိုးကုန်ထုတ် ၃၂ % ကျော် နှစ်စဉ် ဆုံးရှုံးနေကြောင်း နိုင်ငံတကာ လယ်ယာအွင့်ရေးစောင့်ကြည့်သော ERI မှ အသေးစိတ် သတင်းထုတ်ပြန်ပါသည်။

အသေးစိတ်သိလိုပါက Earth Right International သတင်း စာတမ်း ဆောင်းပါးများအား မြန်မာနိုင်ငံ 
အကြောင်း သွားရောက်လေ့လာ ဖတ်ရှု့ နိုင်ကြပါတယ်။။။

ဂိုလ်ရှယ်လေး


"ကလေး၎ယောက်နဲ့လုပ်စားနေရတာ မြေသိမ်းသွားလို့ ဘာလုပ်စားရမှန်းမသိဘူး" လို့ လက်ပံတောင်း ဒေသခံ မမိလှ ပြော 

လက်ပံတောင်းတောင် ဒေသခံ ဆည်တည်းရွာမှာ နေထိုင်တဲ့ မြေသိမ်းခံ တောင်သူမကြီး မမိလှ က လယ်သိမ်းခံခဲ့ရလို့ အလုပ်အကိုင်မရှိတော့ပဲ စားဝတ်နေရေးခက်ခဲလာပြီး စားစရာမရှိတော့တဲ့အတွက် ရုန်းကန်နေရတဲ့ဖြစ်စဉ်ကို ရင်ဖွင့်ခဲ့ပါတယ်။

မမိလှဟာ ကျောင်းတက်နေတဲ့ ကလေး၎ယောက်နဲ့ ရုန်းကန်နေရပြီး နေ့စဉ်ဝင်ငွေ ၃ထောင်နဲ့ စားလို့မလောက်ငှတဲ့ အကြောင်း ကျောင်းတက်နေတဲ့ ကလေး၎ယောက်ဟာ ၁၀တန်းကျောင်းသား ၉တန်းကျောင်းသား ၅တန်းကျောင်းသားနဲ့ ပထမတန်းတက်နေသူတို့ ဖြစ်တယ်လို့ ပြောပါတယ်။ ကလေးတွေရဲ့ ကျူရှင်ခမပေးနိုင်လို့ ဝမ်ပေါင်း ကုပ္မဏီရှေ့မှာ ဆန္ဒထုတ်ဖော်ပြီး သီးနှံလျော်ကြေး တောင်းနေရတဲ့အကြောင်း ငိုးကြွေးပြီးပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ တည်ရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အစီရင်ခံစာပါ အစားထိုးမြေဧက (၁၉၀၀)ဖော်ထုတ်ပေးရေးနဲ့ မြေသိမ်းလျော်ကြေးငွေမယူတဲ့ မြေယာများအတွက် သီးနှံလျော်ကြေးငွေ ရရှိရေးအတွက် လက်ပံတောင်းတောင် ဒေသခံ ၁၃၀ခန့်က မနေ့ (သြဂုတ် ၂၃ရက်) နေ့လည် ၃နာရီအချိန် က ဝမ်ပေါင် ကုပ္မဏီရှေ့မှာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြပါတယ်။

မုံရွာ-ပုသိမ်လမ်းဆုံ ဝမ်ပေါင် ကုပ္မဏီတည်ရှိရာနေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး "လူသတ်မြေသိမ်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး" "အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး " "သဘာဝပတ်ဝနကျင်ကို ထိခိုက်ပျက်စီးစေတဲ့ ကြေးနီစီမံကိန်းဖျက်သိမ်းရေး" "မြေယာလျော်ကြေးမယူတဲ့ တောင်သူများ သီးနှံနစ်နာကြေး အမြန်ဆုံးရရှိရေး" အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲ့ဒီ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး ခွင့်ပြုမိန့်မတင်ခဲ့တဲ့ အတွက် ဆားလင်းကြီးမြို့နယ် ရဲစခန်းက ငြိမ်းစုစည်း ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment