Popular Posts

Saturday 18 November 2017

ဗိုလ်ချုပ်ပုံ ရိုက်မှာမို့ သူတို့ အမုန်းခံပြီး ဘာကြောင့် ကန့်ကွက်ခဲ့သလဲ?

ဟူး! အခုမှာ လူစစ်စစ်ပြန်ဖြစ်ရြဲပီဗျ.......တိရိစ္ဆာန်တွေနှင့် နေရတာနှစ်ပေါက်းမနည်းတော့ဖူးဗျ ၊ အင်! အခုကော ၁သောင်းတန်တွေ ၅ထောင်တန်တွေ ၁ထောင်တန်တွေ ဆက်မရိုက် မထုတ်ဖူးလို့ထင်နေလို့လားဗျ.....စီးပွားရေးတိုးတက်အောင် အစိုးရပေါ်လစီတွေ အပေါ်မှာ ဘဲ မူတည်နေတာပါဗျ....ကောက်ရိုးမီးလို $တလွဲချီး ခဏခဏ စီမံကိန်းတွေ ချမှာနေမှတော့ လုပ်ငန်းရှင်တွေ ဘယ်ဟာကိုလိုက်နာရမလဲမသိဖြစ်လို့ စီးပွားရေးကျဆင်းရတာပါဗျ..... နိုင်ငံတကာFDI တွေလဲ အပြောနှင်အလုပ် တခြားစီဖြစ်ြပြီးလက်တွေ့မှာ ဖြစ်လာတဲ့ ပြဿနာတွေ အစိုးရဌာနဆိုင်ရတွေ နှင့် တရားဥပဒေအရ လိုက်မဖြေရှင်းပေးလို့ မလာရဲတော့တာဗျ...
..

ဗိုလ်ချုပ်ပုံ ရိုက်မှာမို့ သူတို့ အမုန်းခံပြီး ဘာကြောင့် ကန့်ကွက်ခဲ့သလဲ


[Zawgyi]
ဗိုလ်ချုပ်ပုံ ရိုက်မှာမို့ သူတို့ အမုန်းခံပြီး ဘာကြောင့် ကန့်ကွက်ခဲ့သလဲ…


================================

ဖြစ်ပေါ်လာမယ့် ငွေကြေးဂယက်နဲ့ တိုင်းပြည်စီးပွားရေး၊
ငွေကြေးဖောင်းပွမှု စသည် စသည် ဖြစ်ပေါ်လာနိူင်တဲ့
ဆိုးကျိုးတွေအတွက် ထောက်ပြဆွေးနွေး ကန့်ကွက်ခဲ့တာပါ…

တိုင်းပြည်စီးပွားရေး ဘာမှမလုပ်ပဲ ပြည်သူတွေကြိုက်တာပဲဆိုပြီး
ပိုက်ဆံတွေ ရိုက်ထုတ်နေလို့ မဖြစ်ဘူးလေ…

ပိုက်ဆံတိုင်းဟာ ဗိုလ်ချုပ်ပုံနဲ့ ရှိသင့်တာမှန်ပေမယ့် အလောသုံးဆယ်
လုပ်မိလိုက်ရင် ဖြစ်ပေါ်လာနိူင်တဲ့ ငွေကြေးဂယက်တွေကိုတော့
ထည့် စဉ်းစားရမယ်လေ…

ဥပမာ၊ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံတွေ ဈေးကွက်ထဲ ဝင်ရောက်လာပြီဆိုပါစို့..
ပြည်သူတွေဟာ ပိုက်ဆံဟာ အသစ်ဖြစ်တာကတစ်ကြောင်း၊
ဗိုလ်ချုပ်ကိုချစ်တာကတစ်ကြောင်း၊ လက်ရှိသုံးစွဲနေတဲ့ ပိုက်ဆံတွေကို
ကိုင်ပြီးသုံးစွဲကြမှာ မဟုတ်တော့ဘူး။ ဘဏ်မှာ သွားလဲကြမှာ
ကျိန်းသေတယ်…

အဲ့ဒီမှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်က အခန့်မသင့်ရင်
ဘဏ်စနစ်တွေထိ ကြီးကြီးမားမား ရိုက်ခတ်သွားနိူင်တယ်ဆိုတာကိုလည်း သတိပြုသင့်တယ်…

နိူင်ငံရေးရှုတောင့်နဲ့ ကြည့်ရင် ယခုအဆိုဟာ မှန်ကောင်း မှန်နိူင်သော်လည်း စီးပွားရေး ရှုထောင့်က ကြည့်ရင်တော့ အလွန်အန္တရာယ်များတဲ့အလုပ်ဗျ…
တပ်မတော်ဟာ အဆဲခံရမယ့်ကိစ္စကို လွယ်လွယ်နဲ့ လုပ်ပါ့မလား…
ဘယ်လောက်ပဲ ကန့်ကွက် ကန့်ကွက် မဲပေးစနစ်နဲ့ ဆုံးဖြတ်မယ်ဆိုရင်
ရှုံးမယ်ဆိုတာကိုလည်း ကြိုတင်ပြီး သိရှိနားလည်းထားပြီးသားပဲ …

သို့သော်…..
ဗိုလ်ချုပ်ပုံနဲ့ မဲဆွယ်တယ်…
ဗိုလ်ချုပ်ပုံအကြောင်းပြောပြီး လက်ခုပ်သံတွေ ချူကြတယ်…

ဗိုလ်ချုပ်ရုပ်ရှင် အကြောင်းပြပြီး အလှူခံခဲ့ကြတယ်…
ဗိုလ်ချုပ်ရုပ်တုတွေ အပြိုင်ထုပြီး ၁နှစ်ကြာမှ တစ်ခါ လွမ်းပြကြတယ်…

ကိုယ်ပိုင်အရည်အချင်း မရှိတဲ့သူတွေဟာ စိန်နားကပ်ရောင်နဲ့
ပါးပြောင်ဖို့ကြိုးစားတတ်ကြတယ်…

ဗိုလ်ချုပ်ရုပ်ရှင်ကိုတောင် ဖြစ်မြှောက်အောင် မစွမ်းဆောင်နိူင်တဲ့သူတွေက ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်တော့မယ် ဆိုတော့…
ဘာသာပေါင်းစုံနဲ့ ဆုတောင်းမိပါတယ် …..
အောင်မြင်ပါစေ…. အောင်မြင်ကြပါစေလို့ပေါ့…


တပ်ကြပ်ကြီး ဖိုးစီ


[Unicode]
ဗိုလ်ချုပ်ပုံ ရိုက်မှာမို့ သူတို့ အမုန်းခံပြီး ဘာကြောင့် ကန့်ကွက်ခဲ့သလဲ…
===================================


ဖြစ်ပေါ်လာမယ့် ငွေကြေးဂယက်နဲ့ တိုင်းပြည်စီးပွားရေး၊
ငွေကြေးဖောင်းပွမှု စသည် စသည် ဖြစ်ပေါ်လာနိူင်တဲ့
ဆိုးကျိုးတွေအတွက် ထောက်ပြဆွေးနွေး ကန့်ကွက်ခဲ့တာပါ…


တိုင်းပြည်စီးပွားရေး ဘာမှမလုပ်ပဲ ပြည်သူတွေကြိုက်တာပဲဆိုပြီး
ပိုက်ဆံတွေ ရိုက်ထုတ်နေလို့ မဖြစ်ဘူးလေ…


ပိုက်ဆံတိုင်းဟာ ဗိုလ်ချုပ်ပုံနဲ့ ရှိသင့်တာမှန်ပေမယ့် အလောသုံးဆယ်
လုပ်မိလိုက်ရင် ဖြစ်ပေါ်လာနိူင်တဲ့ ငွေကြေးဂယက်တွေကိုတော့
ထည့် စဉ်းစားရမယ်လေ…


ဥပမာ၊ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံတွေ ဈေးကွက်ထဲ ဝင်ရောက်လာပြီဆိုပါစို့..
ပြည်သူတွေဟာ ပိုက်ဆံဟာ အသစ်ဖြစ်တာကတစ်ကြောင်း၊
ဗိုလ်ချုပ်ကိုချစ်တာကတစ်ကြောင်း၊ လက်ရှိသုံးစွဲနေတဲ့ ပိုက်ဆံတွေကို
ကိုင်ပြီးသုံးစွဲကြမှာ မဟုတ်တော့ဘူး။ ဘဏ်မှာ သွားလဲကြမှာ
ကျိန်းသေတယ်…


အဲ့ဒီမှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်က အခန့်မသင့်ရင်
ဘဏ်စနစ်တွေထိ ကြီးကြီးမားမား ရိုက်ခတ်သွားနိူင်တယ်ဆိုတာကိုလည်း သတိပြုသင့်တယ်…

နိူင်ငံရေးရှုတောင့်နဲ့ ကြည့်ရင် ယခုအဆိုဟာ မှန်ကောင်း မှန်နိူင်သော်လည်း စီးပွားရေး ရှုထောင့်က ကြည့်ရင်တော့ အလွန်အန္တရာယ်များတဲ့အလုပ်ဗျ…
တပ်မတော်ဟာ အဆဲခံရမယ့်ကိစ္စကို လွယ်လွယ်နဲ့ လုပ်ပါ့မလား…

ဘယ်လောက်ပဲ ကန့်ကွက် ကန့်ကွက် မဲပေးစနစ်နဲ့ ဆုံးဖြတ်မယ်ဆိုရင်
ရှုံးမယ်ဆိုတာကိုလည်း ကြိုတင်ပြီး သိရှိနားလည်းထားပြီးသားပဲ …

သို့သော်…..

ဗိုလ်ချုပ်ပုံနဲ့ မဲဆွယ်တယ်…
ဗိုလ်ချုပ်ပုံအကြောင်းပြောပြီး လက်ခုပ်သံတွေ ချူကြတယ်…
ဗိုလ်ချုပ်ရုပ်ရှင် အကြောင်းပြပြီး အလှူခံခဲ့ကြတယ်…
ဗိုလ်ချုပ်ရုပ်တုတွေ အပြိုင်ထုပြီး ၁နှစ်ကြာမှ တစ်ခါ လွမ်းပြကြတယ်…


ကိုယ်ပိုင်အရည်အချင်း မရှိတဲ့သူတွေဟာ စိန်နားကပ်ရောင်နဲ့
ပါးပြောင်ဖို့ကြိုးစားတတ်ကြတယ်…

ဗိုလ်ချုပ်ရုပ်ရှင်ကိုတောင် ဖြစ်မြှောက်အောင် မစွမ်းဆောင်နိူင်တဲ့သူတွေက ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်တော့မယ် ဆိုတော့…

ဘာသာပေါင်းစုံနဲ့ ဆုတောင်းမိပါတယ် …..
အောင်မြင်ပါစေ…. အောင်မြင်ကြပါစေလို့ပေါ့…

တပ်ကြပ်ကြီး ဖိုးစီ

Monday 13 November 2017

"All of me" Jane Zhang

"All of me" ဆိုသွားတာ ပရိတ်သတ်တွေအားလုံးနီးပါး မျက်ရည်ကျမတတ် ခံစားသွားကြရတယ်။

စတော့အနှစ်ချုပ် (နိုဝင်ဘာ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ)


by Nov 12, 2017

စံချိန်ချိုးပြီးရင်းချိုးနေဆဲ စတော့အိတ်ချိန်း

စတော့အိတ်ချိန်းအညွှန်းကိန်းမှာ ငါးပတ်ဆက်တိုက်တဖြည်းဖြည်းကျဆင်း လာနေပြီးယခုသီတင်းပတ်တွင် ၄၆၄ ဒသမ ၅၃ အထိစံချိန်တင်ကျဆင်းခဲ့သည်။
သောကြာနေ့ ဈေးကွက်ပိတ်ချိန်တွင် အညွှန်းကိန်း ၄၇၆ ဒသမ ၀၁ သို့ ပြန်လည် မြင့်တက်ခဲ့သော်လည်းယခင် သီတင်းပတ် ဈေးပိတ်ချိန်အညွှန်းကိန်းအောက် ကျဆင်းခဲ့သည်။
ခြောက်လအတွင်းစတော့အိတ်ချိန်း အညွှန်းကိန်း ၁၈ရာခိုင်နှုန်းကျော်၊ ငါးပုံ တစ်ပုံခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်။
အညွှန်းကိန်းကျဆင်းသော်လည်းဈေးကွက်အနည်းငယ်ပြန်သွက်ခဲ့ပြီး ခုနစ်ပတ်အတွင်းဒုတိယမြောက် အရောင်းအဝယ်အများဆုံး သီတင်းပတ်ဖြစ်ခဲ့သည်။
ယခုသီတင်းပတ်တွင်ရှယ်ယာ အစု ၄၃,၀၀၀ကျော်၊ တန်ဖိုးကျပ်သန်း၂၈၀ကျော်အရောင်းအဝယ်ဖြစ်ခဲ့သည်။

FMI ရှယ်ယာ
ယခုသီတင်းပတ်တွင်ရှယ်ယာအစု ၄၂၀၀ကျော်၊ တန်ဖိုးကျပ်သန်း၅၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး ၁၂,၅၀၀ကျပ်၊ အမြင့်ဆုံး၁၂,၅၀၀ကျပ်၊ အနိမ့်ဆုံး၁၂,၀၀၀ကျပ်နှင့် အပိတ်ဈေး၁၂,၅၀၀ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ခြောက်လအတွင်း ကျပ်သန်းပေါင်းသုံးထောင်နီးပါး ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာဈေးအမြင့်ဆုံး ၁၆,၅၀၀ကျပ်အထိ ရောက်ခဲ့ကာ အနိမ့်ဆုံး၁၂,၀၀၀ကျပ်အထိ ဈေးကျဆင်းခဲ့သည်။
ယခုနှစ် မေလ၁၁ရက်နေ့မှ နိုဝင်ဘာ၁၀ရက်နေ့ ဈေးကွက်ပိတ်ချိန်အတွင်း ရှယ်ယာဈေး၂၄ရာခိုင်နှုန်းကျော်၊ လေးပုံတစ်ပုံခန့် ထိုးကျသွားသည်။

MTSH ရှယ်ယာ
ယခုသီတင်းပတ်တွင် ရှယ်ယာအစု၃၃,၅၀၀ကျော်၊ တန်ဖိုးကျပ်သန်း၁၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး၃၃၀၀ကျပ်၊ အမြင့်ဆုံး၃၃၀၀ကျပ်၊ အနိမ့်ဆုံး၃၂၀၀ကျပ်နှင့် အပိတ်ဈေး၃၂၀၀ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ခြောက်လအတွင်း ကျပ်သန်းပေါင်း၃၁၇၀နီးပါး ရှယ်ယာအရောင်းအဝယ် ဖြစ်ခဲ့ပြီး ရှယ်ယာဈေးအမြင့်ဆုံး၄၂၀၀ကျပ်အထိ ရောက်ခဲ့ကာ အနိမ့်ဆုံး၃၂၀၀ကျပ်အထိ ဈေးကျဆင်းခဲ့သည်။
ယခုနှစ်မေလ၁၁ရက်နေ့မှ နိုဝင်ဘာ၁၀ရက်နေ့ ဈေးကွက်ပိတ်ချိန်အတွင်း ရှယ်ယာဈေး၂၄ရာခိုင်နှုန်းနီးပါး၊ လေးပုံတစ်ပုံခန့် ဈေးထိုးကျသွားသည်။

MCB ရှယ်ယာ
ရှယ်ယာ အရောင်းအဝယ်နှစ်ရက်သာရှိခဲ့ပြီး ရှယ်ယာ၃၆၄စု၊ တန်ဖိုးကျပ်သိန်း သုံးဆယ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီတင်းရှစ်ပတ်အတွင်း ဒုတိယမြောက် အရောင်းအဝယ်အနည်းဆုံး သီတင်းပတ် ဖြစ်သည်။
အဖွင့်ဈေး ၈၂၀၀ကျပ်၊ အမြင့်ဆုံး ၈၂၀၀ကျပ်၊ အနိမ့်ဆုံး ၈၁၀၀ကျပ်နှင့် အပိတ်ဈေး ၈၁၀၀ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ခြောက်လအတွင်း ကျပ်သန်း၄၂၀ခန့် ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာဈေးအမြင့်ဆုံး ၉၀၀၀ကျပ် အထိ ရောက်ခဲ့ကာ အနိမ့်ဆုံး ၈၁၀၀ကျပ်အထိ ဈေးကျဆင်းခဲ့သည်။
ယခုနှစ် မေလ၁၁ရက်နေ့မှ နိုဝင်ဘာ၁၀ရက်နေ့ ဈေးကွက်ပိတ်ချိန်အတွင်း ရှယ်ယာဈေး၁၀ရာခိုင်နှုန်း၊ ဆယ်ပုံတစ်ပုံ ဈေးကျသွားသည်။

FPB ရှယ်ယာ
ယခုသီတင်းပတ်သည် သီတင်းခုနစ်ပတ်အတွင်း ဒုတိယမြောက်အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သလို လေးလအတွင်း ရှယ်ယာဈေး၂၅,၅၀၀ကျပ်သို့ ပထမဆုံးအကြိမ်ပြန်ရောက်ခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု၄၉၀၀ခန့်၊ တန်ဖိုးကျပ်သန်း၁၂၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး၂၄,၀၀၀ကျပ်၊ အမြင့်ဆုံး၂၅,၅၀၀ကျပ်၊ အနိမ့်ဆုံး၂၃,၅၀၀ကျပ်နှင့် အပိတ်ဈေး၂၅,၅၀၀ဖြင့် ဈေးပိတ်ခဲ့သည်။
ခြောက်လအတွင်း ကျပ်သန်းပေါင်းသုံးထောင်ခန့် ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာဈေးအမြင့်ဆုံး၂၈,၅၀၀ကျပ်အထိ ရောက်ခဲ့ကာ အနိမ့်ဆုံး၂၂,၀၀၀ကျပ်အထိ ဈေးကျဆင်းခဲ့သည်။
ယခုနှစ်မေလ၁၁ရက်နေ့မှ နိုဝင်ဘာ၁၀ရက်နေ့ ဈေးကွက်ပိတ်ချိန်အတွင်း ရှယ်ယာဈေး ၁၀ရာခိုင်နှုန်းကျော်၊ ဆယ်ပုံ တစ်ပုံခန့်ဈေးထိုးကျသွားသည်။

Block Trading
(ရှယ်ယာ အမြောက်အမြားဝယ်ယူမှု)

ယခုသီတင်းပတ်တွင် MTSH ရှယ်ယာကို ၃၂၅၀ကျပ်ဖြင့် ရှယ်ယာအစု ၁၃,၀၀၀ကို Block Trading ပြုလုပ်ခဲ့သည်။

အစိုးရအဖွဲ့နှင့် ဆက်လျှောက်ရမည့် လမ်း

မြန်မာနိုင်ငံ၏ သမိုင်းကို အလှည့်အပြောင်းဖြစ်စေခဲ့သော ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ယခုနိုဝင်ဘာ ၈ ရက်နေ့တွင် ၂ နှစ်ပြည့်ခဲ့ပြီ။ ထိုရွေးကောက်ပွဲနှင့်အညီ အာဏာရလာခဲ့သော အစိုးရအဖွဲ့ ရှေ့ဆက်လျှောက်ရမည့်လမ်းကို မျှော်မကြည့်မီ ၂ နှစ် ခရီးလမ်းကို ပြန်သုံးသပ်ရန်လိုပေသည်။ အစိုးရသည် ပြည်သူအများအပြား၏ ထောက်ခံမှုကို ရနေဆဲဖြစ်သည့်အတွက် ပြည်သူ့ထောက်ခံမှုကို အထူးအထွေထပ်မံရှာဖွေရန်မလိုအပ်ဘဲ ပြည်သူနှင့် နိုင်ငံအကျိုးရှိမည့် မူဝါဒများကို ယခုထက်ရေးဆွဲအကောင်အထည်ဖော်ရန်သာ လိုသည်။ ၂ နှစ် အတွင်းတွင် အစိုးရသည် လမ်းကြောင်းမှန်ပေါ် ရောက်လာပြီ ဖြစ်သော်လည်း မူဝါဒကောင်းများ ပိုပြီးပေါ်ထွက်အကောင်အထည်ဖော်ရန် ယခုထက် တောင့်တင်းသောအစိုးရဖြစ်လာရန်လိုအပ်သည်။

ပထမဆုံးအနေနှင့် အစိုးရအဖွဲ့တွင် COO လိုအပ်ချက်ရှိနေသလားဟူသော မေးခွန်းမေးရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ CEO ဟုဆိုလျှင် သူသွားလိုသည့်ရည်မှန်းချက် Vision၊ Mission တို့ကိုရောက်အောင် အဖွဲ့အစည်းကိုမောင်းနှင်မည့် COO (Chief Operating Officer) ကောင်းကောင်းလိုသည်။ CEO သည် ကုမ္ပဏီ၏ ယဉ်ကျေးမှု၊ တန်ဖိုးတို့ကို ဖော်ထုတ်မည်၊ မြှင့်တင်မည်၊ အဖွဲ့သားများကို စိတ်အားတက်ကြွလာအောင် ဆောင်ရွက်မည်ဆိုလျှင် COO သည် နေ့စဉ်အဖွဲ့အစည်းကို တွန်းရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် COO နေရာကိုဝင်ယူလောက်အောင် မအားပါ၊ ဝင်လည်းမယူသင့်ပါ။ မြန်မာနိုင်ငံအကြောင်းကို ကျွမ်းကျင်သော၊ ကမ္ဘာ့အရေးကို လက်လှမ်းမီသော COO အားဖြင့်သာ နေ့စဉ်လုပ်ငန်းများကို တွန်းရမည်ဖြစ်သည်။

အစိုးရအဖွဲ့တွင် ဒုတိယလိုအပ်ချက်မှာ ‘မြန်မာ ဂိုကမ်ဆွီး’ ဖြစ်နိုင်သည်။ စင်ကာပူကို မျိုးဆက်တစ်ဆက် နှစ်နှစ်ဆယ်အတွင်း တတိယကမ္ဘာမှ ပထမကမ္ဘာဖြစ်အောင် ပြောင်းလဲလိုက်သည်မှာ လီကွမ်ယု ဟု မြန်မာအတော်များများသိကြသည်။ သို့သော် စင်ကာပူ ပထမကမ္ဘာသို့ ရောက်အောင် ထမ်းတင်ခဲ့သည့်စီးပွားရေးအောင်မြင်မှု၏ ဗိသုကာမှာ ဂိုကမ်ဆွီးဖြစ်သည်ကို သတိမမူမိကြသည်ကများသည်။ လီကွမ်ယုသည် နိုင်ငံရေး၊ နိုင်ငံအုပ်ချုပ်ရေးတွင် စွမ်းသော်လည်း စီးပွားရေးတွင် သူ၏ထိပ်တန်းလက်ထောက်မှာ ဗြိတိန်တွင်ပညာသင်ခဲ့သော စီးပွားရေးပညာရှင် ဂိုကမ်ဆွီးဖြစ်သည်။ ဒုဝန်ကြီးချုပ်ရာထူးအထိ တာဝန်ယူခဲ့သည့် ဂိုကမ်ဆွီးသည် စင်ကာပူ၏ စီးပွားရေးအိပ်မက်ကို အကောင်အထည်ဖော် ရာတွင် လီကွမ်ယု၏ ညာလက်ရုံးဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်အကျဆုံးနိုင်ငံများ LDC စာရင်းထဲတွင် ရောက်နေရာ LDC ဘဝမှလွတ်ရန် စီးပွားရေးကို ဆွဲတင်ရမည်။ စင်ကာပူကို နှစ်၂၀ အတွင်း ကျော်တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် စင်ကာပူတွင်ပြောခဲ့သော စကားသည် ရယ်ရွှမ်းပတ်ရွှမ်းပြောသည်ဖြစ်စေ၊ အတည်ပြောသည်ဖြစ်စေ ထိုအိပ်မက်ကို အကောင်အထည်ဖော်ရန် မြန်မာဂိုကမ်ဆွီးတစ်ယောက် မရှိလျှင် မဖြစ်ပါ။ လောလောဆယ်တွင် မြန်မာဂိုကမ်ဆွီး ရှိနေပြီလား။

ဝန်ကြီးဌာနများ အရေအတွက် နည်းပါးသွားအောင်၊ ကျစ်ကျစ်လျစ်လျစ်ဖြစ်သွားအောင် ပေါင်းလိုက်သော ဝန်ကြီးဌာနကြီးများသည် ဆိုင်းဘုတ်အရ၊ နာမည်အရသာမကဘဲ အနှစ်သာရအရပါ ပေါင်းစည်းသွားရန်လိုသည်။ အနှစ်သာရပါ မပေါင်းစည်းနိုင်လျှင် သန်ရာသန်ရာသာ အာရုံစိုက်သည့်အတွက် ဝန်ကြီးဌာနကြီး၏ တစ်စိတ်တစ်ပိုင်းသာ အသုံးချနိုင်မည်။ ဥပမာ – ကကြီးဝန်ကြီးဌာန၊ ခခွေးဝန်ကြီးဌာနနှင့် ဂငယ်ဝန်ကြီးဌာန သုံးခုပေါင်းလိုက်သည့် ကခဂဝန်ကြီးဌာနကို ဦးဆောင်သည့် ဝန်ကြီးသည် ကဝန်ကြီးဌာနမှလာသဖြင့် ကဝန်ကြီးဌာနတစ်ဖြစ်လဲ ကဌာနကိုသာ အာရုံစိုက်နေခြင်း။ ကုမ္ပဏီတစ်ခုတွင် ဌာနတစ်ခုမှ ခေါင်းဆောင်သည် ကုမ္ပဏီတစ်ခုလုံး၏ခေါင်းဆောင်ဖြစ်လာသော်လည်း ထိုဌာန၏ခေါင်းဆောင်အဖြစ်သာ ဆက်လက်ပြုမူနေပြီး ကုမ္ပဏီခေါင်းဆောင်အဖြစ်သို့ မရောက်သေးသည့်သဘောမျိုးနှင့်လည်း ဆင်သည်။ ဥပမာ- Sales Department အရောင်းဌာနခေါင်းဆောင်သည် အကြီးဆုံးခေါင်းဆောင် CEO ဖြစ်လာလျှင် သူကျွမ်းကျင်သည့် Sales ဘက်ကိုသာ ဖိလုပ်သည့်အတွက် လက်ရှိ Sales ဌာနအကြီးအကဲလည်း သူ့အလုပ်သူ မလုပ်ရ၊ ကျန်ဌာနများဘက်ကိုလည်း ပျက်ကွက်သည်မျိုး။

ဝန်ကြီးဌာနများ မြန်သင့်သလောက်မြန်မြန် မလည်ပတ်ခြင်းသည် ဗျူရိုကရေစီယန္တရားအဟောင်းပေါ်တွင် အထိုင်ချထားသော ဝန်ထမ်းအချို့၏ အခုအခံကြောင့်ဟု စဉ်းစားကြသူများလည်း အပြင်တွင်ရော အတွင်းတွင်ရောမနည်းလှ။ သို့သော် သက်ဆိုင်ရာခေါင်းဆောင်သည် ကြည်ညိုဖွယ်အရည်အချင်းရှိလျှင် အခုအခံသည် အနှေးနှင့် အမြန်လျော့ပါးသွားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးရာထူးကိုပါ တွဲယူထားသည့်အပြင် ထိပ်တန်းလက်ထောက်များသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှဖြစ်နေသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် တန်ခိုးအထွားဆုံးဝန်ကြီးဌာနဖြစ်လာခဲ့သည်။ စီးပွားကူးသန်းဒုဝန်ကြီးသည်လည်း သံတမန်လောကမှပင် လာသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးယူထားခြင်းသည် အခြေခံဥပဒေအရ ကာ/လုံတွင် ဝင်ထိုင်နိုင်ရန် မဟာဗျူဟာမြောက်ယူထားခြင်းဟု ခန့်မှန်းရသော်လည်း ယင်းသို့ယူထားသည့်အတွက် ပျော့ကွက်များလည်းတွေ့ရသည်။ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားသည့်အတွက် ဧည့်သည်တော်နိုင်ငံခြားရေးဝန်ကြီးများလာလျှင် တန်းတူချင်းတွေ့ဆုံရန် တာဝန်အလိုလိုရှိသွားသည်။ မြန်မာ့ထိပ်ဆုံးခေါင်းဆောင်နှင့် အချိန်ယူတွေ့ဆုံရန်အတွက် အခြားနိုင်ငံများဘက်က ထိပ်ဆုံးခေါင်းဆောင် သမ္မတ၊ ဝန်ကြီးချုပ်စသည် စေလွှတ်ရန်မလို။ နိုင်ငံခြားရေးဝန်ကြီး လွှတ်လိုက်လျှင်ပင်ရပြီ။ ဒေါ်အောင်ဆန်းစုကြည်ယူထားသည့် တာဝန်များပြားရာ တစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများကို ဧည့်ခံရသည်နှင့်ပင် သူ့အဖိုးတန်အချိန်များ ပြုန်းတီးသည်။ ရခိုင်အရေးပေါ်လာသည့်အခါ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများပြုလုပ်လျှင် ကိုယ်တိုင်တက်ရှင်းရမည့် သဘောဖြစ်ခဲ့သည်။

အစိုးရကို ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံကိုကြည့်လျှင် ပါတီနှင့် အစိုးရကို ခွဲခြားပြီး Check and Balance လုပ်ထားရန် ရည်ရွယ်ပုံရသည်။ အစိုးရအဖွဲ့တွင်းတွင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်သာ NLD ပါတီအမာခံဟု ဆိုရလောက်အောင် ပြင်ပပညာတတ်ပုဂ္ဂိုလ် Technocrat အများအပြားနှင့် ဖွဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အချို့သောဝန်ကြီးများသည် အားနည်းပြီး မှန်းချက်နှင့်နှမ်းထွက်မကိုက်သည့်အခါ ဝေဖန်သံများညံလာခဲ့သည်။ ယခင်က အဖိနှိပ်ခံရခြင်းကြောင့် NLD ပါတီအနီးသို့ ကပ်ဝံ့သူပညာရှင်များ နည်းပါးခြင်း၊ ပါတီကိုယ်တိုင်က သံသယကြီးခြင်း၊ ပြင်ပလောကတွင် မည်သူသည် မည်မျှတတ်ကြောင်း အကျင့်စာရိတ္တမည်သို့ရှိကြောင်း စသည်တို့ကိုသိနားလည် နိုင်သည့် ကွန်ရက်အားနည်းခြင်း၊ လူရှာခြင်း၊ လူလေ့ကျင့်မှုအားနည်းခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာစကားဖြင့်ပြောလျှင် လူအင်အားဌာန အားနည်းခြင်းတို့ကြောင့် အကောင်းဆုံးအသင့်တော်ဆုံးသူများကို အချို့ဝန်ကြီးနေရာများ၊ ဝန်ကြီးကဲ့သို့အရေးကြီးသောနေရာများအတွက် မရလိုက်ခြင်းဟု သုံးသပ်မိပါသည်။ ယင်းသို့ လူမတောင့်သည့်အတွက် ရခိုင်ကဲ့သို့ အရေးကြီးများဖြစ်လာသည့်အခါ၊ စီးပွားရေးကို ခပ်မြန်မြန် ဆွဲတင်ရန် လိုအပ်လာသည့်အခါ စိတ်သွားတိုင်း ကိုယ်မပါသည်မျိုး မြင်ရသည်။

ပုဂ္ဂိုလ်အခြေပြုလည်ပတ်လေ့ရှိသည့် မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝန်ထုပ်ဝန်ပိုးကြီးမားမည့်အရေးသည်လည်း စိုးရိမ်သည့်အတိုင်းဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကော်မတီပေါင်းများစွာတွင် ဥက္ကဋ္ဌတာဝန်ယူထားသည်။ သူသည် ပုလင်းလည်ပင်း Bottleneck ကဲ့သို့ဖြစ်နေပြီး ဆုံးဖြတ်ချက်ပေါင်းများစွာသည် သူ့ကိုစောင့်ဆိုင်းနေရသည်ဟု ဆိုသူများရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ခွဲဝေပေးသော်လည်း မြန်မာရုံးဌာနများတွင် ဖြစ်လေ့ရှိသည့် ကိုယ်ကိုယ်တိုင်မဆုံးဖြတ်ချင် မဆုံးဖြတ်ရဲသည့်အတွက် အထက်သို့ပြန်တင်ပေးခြင်း၊ ရိုင်းရိုင်းပြောလျှင် အထက်လူကြီးကို ပြန်ခိုင်းစားခြင်း Delegating Upward များလည်း ဖြစ်နိုင်သည်။

လက်ရှိအစိုးရသည် နိုင်ငံကို ဦးဆောင်မောင်းနှင်နေသည်ဖြစ်ရာ ယင်း၏စွမ်းဆောင်ရည်သည် နိုင်ငံ၏ စွမ်းဆောင်ရည်၊ ယင်း၏ အဆိုး အကောင်းသည် နိုင်ငံ၏ အဆိုးအကောင်းပင်ဖြစ်သည်။ ဒီမိုကရေစီအစိုးရများသည် သက်တမ်းတစ်ကြိမ်ကုန်တိုင်း ရွေးကောက်ပွဲလုပ် ပြည်သူ့ဆန္ဒခံယူရသဖြင့် အာဏာရှင်အစိုးရများကဲ့သို့ အချိန်ကို စိတ်ကြိုက်မယူနိုင်ပါ။ ကုန်ခဲ့သော ၂ နှစ်၏ ပျော့ကွက်များကိုပြင်ပြီး သာကွက်များကို ပိုသန်မာအောင် လုပ်နိုင်ပါမှ နိုင်ငံကို ထိုက်တန်သောနေရာသို့ လာမည့်သုံးနှစ်အတွင်း အရောက်ပို့နိုင်မည်ဖြစ်သည်။

ဇေယျ- The Voice

အမီလိုက်ရင်းနောက်ကျကျန်နေသည့် မြန်မာ့စီးပွားရေး


ရက် ၁၀၀ အတွင်း အမြန်ဆုံးဆွဲတင်မည်။ ဂျက်လေယာဉ်အလား တစ်ရှိန်ထိုး ထိုးတက်တော့မည်။

ဤသည်က လက်ရှိအစိုးရ၏ မြန်မာ့ စီးပွားရေးနှင့်ပတ်သက်သော ကြွေးကြော်သံများဖြစ်သည်။

စီးပွားရေးနှင့်ပတ်သက်၍ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည့်အတွက် မြန်မာနိုင်ငံကို မကြာသေးမီကပင် ကမ္ဘာ့ဘဏ်က ပြုပြင် ပြောင်းလဲသူကြယ်ပွင့်ဆု ပေးအပ်ခဲ့သည်။

သို့သော် ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သော စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုစာရင်းတွင်မူ မြန်မာနိုင်ငံကို အောက်ဆုံး ၂၀ စာရင်းတွင် မြင်တွေ့ရ ပြန်သည်။

လာမည့်နှစ်အတွက် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုစာရင်းတွင် နိုင်ငံ ပေါင်း ၁၉၀ အနက် မြန်မာက အဆင့် ၁၇၁ ဖြစ်ပြီး အာဆီယံဒေသတွင်းနိုင်ငံ များအနက် အဆင့်အနိမ့်ဆုံးနိုင်ငံဖြစ်သည်။

စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု စာရင်းတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံပါဝင်လာပြီး ယင်းနှစ်တွင် မြန်မာနိုင်ငံသည် အဆင့် ၁၈၂ ဖြစ်သည်။

ငါးနှစ်အတွင်း အဆင့် ၁၁ ဆင့် တက်လာသည်ဟု ဆိုနိုင်သော်လည်း ၂၀၁၆ ခုနှစ်တွင် မြန်မာသည် အဆင့် ၁၆၇ အထိရှိခဲ့ရာ ၂ နှစ်ဆက်တိုက် အဆင့်ပြန်ကျလာခြင်းဖြစ်သည်။


စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု ရှိ မရှိကို ကမ္ဘာ့ဘဏ်က အချက် ၁၀ ချက်ဖြင့် တိုင်းတာခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် အချက်ခြောက်ချက်တွင် တိုးတက်မှု မဆိုစလောက်ရှိပြီး ကျန်လေးချက်မှာ ယခင်နှစ်အတိုင်း အပြောင်းအလဲမရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ငါးနှစ်အတွင်း တိုင်းတာမှုအမှတ် လုံးဝမပြောင်းလဲသည့် အချက်မှာ ချေးငွေ ရရှိရေးဖြစ်ပြီး ချေးငွေရရှိရန် အခက်ခဲဆုံး တိုင်းပြည် ၁၅ ခုစာရင်းတွင် ပါဝင်နေသည်။

ချေးငွေရရှိမှုလွယ်ကူမှုစာရင်းတွင် မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၇၀ ရှိရာမှ လေးနှစ်ဆက်တိုက် အဆင့် ကျဆင်းလာပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၇၇ နေရာတွင် ရပ်တည်နေကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးမောင်းနှင်အားဖြစ်သော အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများ ချေးငွေအလွယ်တကူ ရရှိလာစေရန် ဆွေးနွေးပွဲပေါင်း ရာနှင့်ချီ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ မြင်သာသော ပြောင်းလဲမှုမရှိပေ။

“ပြောရတာတော့ ခါတိုင်းလိုပါပဲ။ ဒီစကားလုံးတွေပဲ။ ဒါတွေပဲဗျာ။ အပြောင်း အလဲမရှိဘူး။ Sနြ တွေကို ထိထိရောက် ရောက် ကူညီပေးနိုင်တာ မတွေ့ရသေးဘူး” ဟု ဂျာမန်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (GIZ) မှ အသေးစားနှင့် အလတ်စား ဘဏ္ဍာရေး၊ ငွေရေးကြေးရေးကျွမ်းကျင်သူ ဦးစံသိန်းက ဆိုသည်။

အဆိုပါအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိမှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုခက်ခဲလာသည်။
လျှပ်စစ်မီးရရှိရေးမှာ ငါးနှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၂၆ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၅၁ သို့ရောက်ရှိသွားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အစိုးရိမ်ဆုံး စွန့်စားရမှုမှာ လျှပ်စစ်မီးဖြစ်ပြီး မြန်မာနိုင်ငံသည် လျှပ်စစ်မီးရရှိရေးတွင် သုံးနှစ်ဆက်တိုက် အဆင့်ကျဆင်းလာသည်။

လျှပ်စစ်မီးနှင့် ချေးငွေ တစ်နည်းအားဖြင့် ငွေကြေးအရင်းအနှီးသည် မြန်မာ့ စီးပွားရေး၏ အဓိကစိန်ခေါ်မှု ဖြစ်နေသည်။
“ရေတိုရေရှည်လုပ်ရမယ့် အခြေခံ အဆောက်အဦတွေမှာ ရေရှည်လုပ်ရမယ့် အဓိကဟာတွေ တက်မလာသေးတာကြောင့် ဒီလိုဖြစ်နေတာပဲ။ ဒါတွေ အားနည်းနေသေးသရွေ့ကတော့ ဒီအဆင့် ကလည်း တက်လာမှာမဟုတ်ဘူး” ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။

စီးပွားရေးတိုးတက်ရန် အဓိက ကိုင်တွယ်ရမည့် အချက်များကို မကိုင်တွယ်နိုင်သေးသရွေ့ မြန်မာနိုင်ငံ၏ အခြေ အနေမှာ ရှိရင်းစွဲနေရာတွင်ပင် ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ငြိမ်းချမ်းရေးလည်း ရှိမယ်၊ အားနည်းနေတဲ့ အခြေခံအဆောက်အဦတွေ ကိုလည်း တိုးတက်ပြောင်းလဲနိုင်မယ် ဆိုရင် စီးပွားရေးက ကောင်းလာမယ်။ အခုက ဘေးနားက အကိုင်းအခက် လောက်ပဲ လုပ်နိုင်တဲ့သဘောပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ကုမ္ပဏီလုပ်ငန်းများတွင် ထည့်ဝင်ရင်းနှီးထားသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရေး၊ စီးပွားရေးအငြင်းပွားမှု ဖြေရှင်းရေးနှင့် ကုမ္ပဏီလူမွဲစာရင်းခံမှုကိစ္စရပ်များတွင် တိုးတက်မှုမရှိသည့် အပြင် အဆင့်များကျဆင်းသွားသည်။

ရင်းနှီးမြှုပ်နှံသူ အကာအကွယ်ပေးရေးသည် ကော်ပိုရိတ်အုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှုတို့နှင့် ချိတ်ဆက်နေပြီး လက်ရှိအချိန်ထိ ယင်းအခြေအနေမှာ ထင်သာမြင်သာ ပြောင်းလဲမှုမရှိသေးကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

ပြည်တွင်းရှိ ငွေကြေးရင်းနှီးထည့်ဝင်သူများအတွက် အကာအကွယ်နည်းပါးမှုမှာ လက်ရှိရင်ဆိုင်နေရသော ပြဿနာတစ်ရပ်ဖြစ်ပြီး တရားမဝင် အစုရှယ်ယာ ခေါ်ယူမှု၊ ငွေထည့်ဝင်ခိုင်းပြီးနောက် လိမ်ပြေးမှုများစွာ ပေါ်ပေါက်နေဆဲဖြစ်သည်။

“အွန်လိုင်းကနေ ရှယ်ယာတွေ ခေါ်တယ်။ လူတွေကလည်း သေချာမသိ၊ မစုံစမ်းဘဲ သူတို့ပေးတဲ့မက်လုံးကို ကြည့်ပြီး ငွေထည့်ကြတယ်။ ကိုယ်တိုင်လည်း မက်မောခဲ့တယ်။ နောက်တော့ ကိုယ့်ငွေကို ပြန်ထုတ်မရဘဲ အဆုံးခံလိုက်ရတာတွေ အများကြီးပဲ” ဟု အွန်လိုင်းမှ ခေါ်ယူသော ပြည်တွင်းလုပ်ငန်းတစ်ခုတွင် ငွေထည့် ဝင်ခဲ့ပြီး ငွေကြေးဆုံးရှုံးဖူးသူ မအိသဇင် (အမည်လွှဲ) က ဆိုသည်။

အများပြည်သူသို့ ရှယ်ယာခေါ်ယူ မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က အသိပညာပေးမှုများရှိသော်လည်း နေ့စဉ်နှင့်အမျှ အွန်လိုင်း ပေါ်တွင် ရှယ်ယာထည့်ဝင်ရန်ကမ်းလှမ်း မှုများကလည်း ရှိနေသည်။
ယင်းကြောင့်ပင် ရင်းနှီးမြှုပ်နှံသူများအကာအကွယ်ပေးရေးတွင် မြန်မာနိုင်ငံသည် အဆင့် ၁၈၃ တွင် ရပ်တည်နေပြီး မြန်မာနိုင်ငံအောက်တွင် ခုနစ်နိုင်ငံသာ ကျန်ရှိသည်။

စီးပွားရေးလုပ်ငန်းများ အငြင်းပွားမှု ဖြေရှင်းရေးတွင်လည်း အမှုကိစ္စပြီးပြတ်ရန် သုံးနှစ်ကျော်ကြာမြင့်ပြီး နစ်နာမှု လျော်ကြေးငွေ၏ထက်ဝက်ခန့်ကို တရားစရိတ်အဖြစ် ပြန်လည်ကုန်ကျခံနေရ ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ငါးနှစ်အတွင်း သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်ခဲ့သည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု လွယ်ကူစွာ စတင်နိုင်မှုဖြစ်သည်။

လုပ်ငန်းစတင်ရန် မှတ်ပုံတင်ခြင်း၊ အနည်းဆုံးထည့်ဝင်ရင်းနှီးငွေသတ်မှတ်မှု ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းစဉ် အဆင့်အချို့ကို ပယ်ဖျက်လိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုကို လွယ်ကူစွာစတင်နိုင်ခြင်းတွင် အဆင့်တက်ခဲ့သည်။

သို့သော် ယခုနှစ်နှင့်ယှဉ်လျှင် ၂၀၁၈ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းတစ်ခုကို လွယ်ကူစွာစတင်နိုင်သည့် အဆင့်မှာ ပြန်လည်ကျဆင်းသွားပြန် သည်။

စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရန် ဦးစွာ လုပ်ဆောင်ရမည့် မှတ်ပုံတင်ခြင်းအဆင့်လွယ်ကူနေသော်လည်း ငွေကြေးအရင်းအနှီးရယူရန်လွယ်ကူမှုနှင့် လျှပ်စစ်မီးမရရှိလျှင် အမှန်တကယ် လုပ်ငန်းလည်ပတ်နိုင်ရန်မှာ မလွယ်ကူ ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြသည်။

လက်ရှိမြန်မာ့စီးပွားရေး အခြေအနေမှာလည်း ရှေ့သို့တက်မသွားဘဲ ရပ်တန့်နေသည်ဟု စီးပွားရေးလုပ်ငန်း ရှင်များက မြင်ထားကြသည်။

“ကိုယ့်မှာရှိတာလေး ကျစ်ပြီးတော့သာစုထား။ ဘာမှသေချာပြောလို့ မရဘူး။ အခြေအနေက မြင်တဲ့အတိုင်းပဲ။ အကုန်တန့်နေတာ” ဟု စီးပွားရေးလုပ် ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။


မြန်မာနိုင်ငံ၏ အခြေအနေမှာ ငါးနှစ်အတွင်းသိသာစွာ မပြောင်းလဲလာသော်လည်း ဒေသတွင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့မှာ သိသိသာသာ တိုးတက်ပြောင်းလဲသွားသည်။

စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုတွင် လာမည့်နှစ်အတွက် ဗီယက်နမ်သည် အဆင့် ၆၈၊ အင်ဒိုနီးရှားက အဆင့် ၇၂ သို့ မြင့်တက်ခဲ့ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံကြီး အိန္ဒိယနိုင်ငံသည်လည်း အဆင့် ၁၀၀ သို့ ခုန်တက်ခဲ့သည်။

သုံးနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများကြောင့် လက်ရှိအချိန်တွင် အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများလုပ်ကိုင်ရပိုမိုလွယ်ကူလာစေပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။

မြန်မာနိုင်ငံသည်လည်း လာမည့် သုံးနှစ်အတွင်း စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အဆင့် ၁၀၀ အတွင်း ဝင်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒုတိယသမ္မတ ဦးမြင့်ဆွေတို့ လစဉ်တွေ့ဆုံဆွေးနွေးပွဲများတွင် တစ်ကြိမ်ထက်မနည်း ပြောခဲ့ဖူးသည်။

အိန္ဒိယနိုင်ငံကမူ လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

“လက်တွေ့ကျကျမလုပ်လို့ ခုချိန်ထိ တက်မလာနိုင်သေးတာပဲ။ ဌာန အချင်းချင်းက ပူးပေါင်းဆောင်ရွက်မှု ဆိုတာမရှိဘူး။ အားလုံးပဲမြင်တဲ့အတိုင်းပဲ ဘာမှလုပ်မရလို့ တန့်နေတာ” ဟု Sinma ပရိဘောဂကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ဆိုသည်။

နိုင်ငံတခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဥပဒေသစ်ထပ်မံထုတ် ပြန်ခဲ့သော်လည်း ယင်းဥပဒေသည် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်မှုနည်းပါး နေသေးသည်။

မြန်မာနိုင်ငံ၏ မဖွံ့ဖြိုးသေးသည့် ဒေသများတွင် ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး အားနည်းခြင်း၊ လျှပ်စစ်မီးရရှိရန်ခက်ခဲခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားမှု နည်းပါးခြင်းဖြစ်သည်။

ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော ဗီယက်နမ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးအရ တည်ငြိမ်စေရန် ထိန်းထားနိုင်သည့်အတွက် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုတွင် အဆင့်ခုန်တက်ခြင်းဖြစ်ပြီး အင်အားကြီး အိန္ဒိယနိုင်ငံထက်ပင် အဆင့် များစွာသာလွန်နေပြီဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် စီးပွားရေးတည်ငြိမ်မှုထိန်းထားနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုသူများ ဝင်ရောက်နေခြင်း ဖြစ်ကြောင်း အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးကျော်ကျော်ဝင်းက ဆိုသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဆိုတာ ဘဏ်ချေးငွေနဲ့လုပ်ငန်းလုပ်ကြတာ။ သူတို့ကိုထုတ်ချေးမယ့်ဘဏ်က စွန့်စားရမှု ဒီလောက်များတဲ့နေရာမှာလုပ်ဖို့ ငွေချေးပေးဖို့ဆိုတာ မလွယ်ဘူး”

လာမည့်နှစ် ၂၀ အတွင်း မြန်မာနိုင်ငံက အမီလိုက်မည့် စင်ကာပူမှာ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုတွင် အဆင့်နှစ်နေရာတွင် ရပ်တည်နေချိန်၌ မြန်မာနိုင်ငံက စီးပွားရေးလုပ်ကိုင်ရအခက်ခဲဆုံးနိုင်ငံ ၂၀ စာရင်းတွင် ပါဝင်နေဆဲ။

“ဒီမှာက နိုင်ငံရေးအရရော၊ စီးပွားရေးအရရော စွန့်စားရမယ့်အချက်တွေ အများကြီးပဲ။ လျှပ်စစ်မီးလည်း မရှိဘူး။ ငွေလဲနှုန်း၊ လုပ်ခလစာ ဘာမှမရေရာဘူး” ဟု ဦးကျော်ကျော်ဝင်းက ဆိုသည်။

စစ်ငြိမ်း. 
Ref:http://voicejournalmm.com/archives/7001



နိုဝင်ဘာ ၁၂ ရက်နေ့က မနီလာတွင်ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး (ABIS) တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

Monday, November 13, 2017

ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးထားခြင်းကြောင့် မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့နိုင်မည်ဖြစ်ကာ နိုင်ငံ၏ စီးပွားရေးမှာ အလျင်အမြန် တိုးတက်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးက အလျင်အမြန်ကို တိုးတက်နေပါတယ်” ဟု နိုဝင်ဘာ ၁၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ Solaire Hotel ၌ အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN BAC)က ကြီးမှူး ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး (ABIS) တွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးတာကြောင့် သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ အရေးကြီးတာကတော့ ပုဂ္ဂလိကကဏ္ဍရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတွင် အတိုင်းအတာ မဖော်ပြနိုင်လောက်အောင် အထောက်အကူပြုမည့် အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟုလည်း ၎င်းကပြောကြားသွားသည်။

ထို့ကြောင့် One stop service center များတည်ထောင်ခြင်း၊ single-window system ဟုခေါ်သည့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်သည့် စနစ်ချမှတ်ခြင်း၊ အွန်လိုင်းမှ လျောက်ထားသည့်စနစ် အစရှိသော လုပ်ဆောင်ချက်များကို ဗျူရိုကရက် ကြိုးနီစနစ်လျော့ချရန်နှင့်  ပုဂ္ဂလိက လုပ်ငန်းများ ကြီးပွားတိုးတက်လာနိုင်မည့် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်  ဆောင်ရွက်နေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “စီးပွားရေးနဲ့ နိုင်ငံရေးအရ ဆယ်စုနှစ်ချီ ထီးတည်းနေခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် မကြာသေးမီ အချိန်အတွင်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာချိန်မှာ စိန်ခေါ်မှုများစွာရှိနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။ တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိနိုင်သည်ဟု ၂၀၁၆ ခုနှစ်က ကြိုတင်ခန့်မှန်းခဲ့သော်လည်း ကုန်ထုတ်ကဏ္ဍတွင် နှေးကွေးနေခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ခွင့်ပြုချက်ရရှိရန် နှောင့်နှေးမှုများနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုများ မပြီးပြတ်သေးခြင်းများကြောင့် တိုးတက်မှုနှုန်း ကျဆင်းသွားခြင်းဖြစ်သည်ဟု IMF က ပြောကြားထားသည်။

ထို့ပြင် ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုအရ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားနေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နှေးကွေးနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။ ပြီးခဲ့သည်နှစ်က တိုးတက်မှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။

Sunday 5 November 2017

အဖိုးအို နဲ့ ဇနီးသည် လေးယောက်။ ❤️

အဖိုးအို နဲ့ ဇနီးသည် လေးယောက်။ ❤️
သိပြီး ကြားပြီး သူတွေလည်း ရှိကြမှာပါ ဒါပေမယ့် ပြန်ကြည့်ပြီး ခွန်အား ပြန်လည် ယူကြပါ။

BA...... BA.......Yah!

Incredible Way To make Coconut Water , Milk , Oil !!

Incredible Way To make Coconut Water , Milk , Oil !! 😲😲
Full Video: https://youtu.be/v8GLL0nqKBM

တစ်လအတွင်းဈေးကွက်တန်ဖိုး ၂၂ ဘီလီယံကျော် လျော့နည်းသွားသည့် စတော့အိတ်ချိန်း

စတော့အနှစ်ချုပ် (အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အထိ)


တစ်လအတွင်းဈေးကွက်တန်ဖိုး ၂၂ ဘီလီယံကျော် လျော့နည်းသွားသည့် စတော့အိတ်ချိန်း

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်လုပ်နေသော ကုမ္ပဏီလေးခုပေါင်း၏ ဈေးကွက်တန်ဖိုးစုစုပေါင်းမှာ အောက်တိုဘာလ တစ်လအတွင်း ကျပ် ၂၂ ဘီလီယံကျော် (ကျပ် ၂၂၆၄၆ သန်း) ကျဆင်းသွားသည်။

ယခုနှစ်အတွင်း စတော့အိတ်ချိန်း၏ အမြင့်ဆုံးဈေးကွက်တန်ဖိုးမှာ မတ်လ ၃ ရက်နေ့တွင် ကျပ် ၈၃၂ ဘီလီယံရှိခဲ့ပြီး အနိမ့်ဆုံးအဖြစ် အောက်တိုဘာ ၁ ရက် နေ့တွင် ကျပ် ၅၇၆ ဘီလီယံအထိ ကျဆင်းခဲ့သည်။
စတော့အိတ်ချိန်း၏ ဈေးကွက်တန်ဖိုးမှာ အောက်တိုဘာလကုန် ဈေးကွက်ပိတ်ချိန်တွင် ကျပ် ၅၉၆ ဘီလီယံ (ကျပ် ၅၉၆,၃၅၉ သန်း) ဖြစ်ပြီး ယင်းသို့ ဈေးကွက် တန်ဖိုးလျော့ကျလာခြင်းမှာ ကုမ္ပဏီများ၏ ရှယ်ယာဈေးများ တအိအိကျဆင်းနေမှုကြောင့်ဖြစ်သည်။

ယခုသီတင်းပတ်တွင် အများ ပြည်သူ ရုံးပိတ်ရက်များကြောင့် အရောင်းအဝယ် သုံးရက်သာရှိခဲ့ပြီး ဈေးကွက်အေးခဲ့သည်။

ယခုနှစ် နှစ်သစ်ကူးသင်္ကြန်ကာလ ဧပြီလတွင် အရောင်းအဝယ် ၁၇ ရက် ရှိခဲ့ပြီး အောက်တိုဘာလတွင် အရောင်းအဝယ် ၁၈ ရက်သာ ရှိခဲ့သည်။

ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၈,၀၀၀ ကျော်၊ တန်ဖိုးကျပ်သန်း ၁၁၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတော့အညွှန်းကိန်းမှာ ယခင်သီတင်းပတ်နည်းတူ ၄၇၇ ဒသမ ၉၈ ဖြင့် ဈေးကွက်ပိတ်ခဲ့သည်။

အောက်တိုဘာလတွင် ရှယ်ယာ အစုပေါင်း ၁၄၀,၀၀၀ နီးပါး၊ တန်ဖိုးကျပ် သန်း ၁၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ယမန်နှစ် မတ်လမှ ယခုနှစ် အောက်တိုဘာလအထိလပေါင်း ၂၀ အတွင်း အောက်တိုဘာလသည် အရောင်းအဝယ်အနည်းဆုံး စံချိန်တင်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလထက် အရောင်း အဝယ် ၄၀ ရာခိုင်နှုန်းကျော်၊ ကျပ်သန်း ၇၅၀ နီးပါး ကျဆင်းသွားသည်။

FMI ရှယ်ယာ
ယခုသီတင်းပတ်တွင် ရှယ်ယာ အစု၂၀၀၀ ခန့်၊ တန်ဖိုးကျပ်၂၅ သန်း ခန့် အရောင်းအဝယ် ဖြစ်ခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာ အဖွင့်ဈေး၁၂,၅၀၀ ကျပ်၊ အမြင့်ဆုံး ၁၂,၅၀၀ ကျပ်၊ အနိမ့်ဆုံး ၁၂,၀၀၀ ကျပ် နှင့် အပိတ်ဈေး ၁၂,၅၀၀ ကျပ်ဖြင့် ဈေး ပိတ်ခဲ့သည်။
အောက်တိုဘာတစ်လလုံးတွင် ရှယ်ယာအစုပေါင်း ၃၆ç၀၀၀ ကျော်၊ တန်ဖိုး ကျပ်သန်း ၄၆၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး လေးလအတွင်းအနည်းဆုံး စံချိန်ဖြစ်သည်။
အောက်တိုဘာလ ဈေးကွက်ဖွင့် ချိန်တွင် ရှယ်ယာဈေး ၁၃,၀၀၀ ကျပ်ရှိရာ မှ လကုန်ဈေးပိတ်ချိန်တွင် ၁၂,၅၀၀ ကျပ် ဖြစ်ခဲ့ရာ တစ်လအတွင်းဈေးကွက်တန်ဖိုး ကျပ်သန်းပေါင်း ၁၃,၀၀၀ ခန့် လျော့နည်းသွားသည်။

MTSH ရှယ်ယာ
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၄,၅၀၀ ကျော်၊ တန်ဖိုးကျပ်သန်း ၅၀ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး ၃၃၀၀ ကျပ်၊ အမြင့်ဆုံး ၃၃၀၀ ကျပ်၊ အနိမ့် ဆုံး ၃၂၀၀ ကျပ်နှင့် အပိတ်ဈေး ၃၃၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။


အောက်တိုဘာတစ်လလုံးတွင် ရှယ်ယာအစုပေါင်း ၈၆,၀၀၀ ကျော်၊ တန်ဖိုး ကျပ်သန်း ၂၉၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်နှစ်ခွဲအတွင်း အရောင်းအဝယ် အနည်းဆုံးလဖြစ်သည်။
အောက်တိုဘာလဈေးကွက်ဖွင့်ချိန် တွင် ရှယ်ယာဈေး ၃၄၀၀ ကျပ် ရှိရာမှ လကုန်ဈေးပိတ်ချိန် တွင် ၃၂၀၀ ကျပ်ဖြစ်ခဲ့ရာ တစ်လအတွင်း ဈေးကွက်တန်ဖိုးကျပ် သန်းပေါင်း၉၇၀၀ ကျော် လျော့နည်းသွားသည်။

MCB ရှယ်ယာ
အရောင်းအဝယ်သုံးရက်တွင် ရှယ်ယာ ၂၂ စု၊ တန်ဖိုး နှစ်သိန်းကျပ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ် အနည်းဆုံးသီတင်းပတ်ဖြစ်သည်။
ရှယ်ယာဈေးလှုပ်ခတ်မှုရှိခဲ့ပြီး ၈၅၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၈၂၀၀ ကျပ် ဖြင့် ဈေးပိတ်ခဲ့သည်။
အောက်တိုဘာတစ်လလုံးတွင် ရှယ်ယာအစု ၃၀၀၀ ခန့်၊ တန်ဖိုးကျပ် ၂၅ သန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငါးလအတွင်းအရောင်းအဝယ် အနည်းဆုံး ဖြစ်သည်။
ယခုလအတွင်းအရောင်းအဝယ်မရှိသည့် ရက် ခုနစ်ရက်ရှိခဲ့ပြီး ခြောက်လအတွင်း ဈေးကွက်တန်ဖိုး ကျပ်သန်း ၅၂၀၀ လျော့ကျသွားသည်။

FPB ရှယ်ယာ
ယခင်သီတင်းပတ် အရောင်းအဝယ်၏ ငါးပုံတစ်ပုံခန့်သာယခုသီတင်းပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၇၀၀ ခန့်၊ တန်ဖိုး ကျပ်သန်း ၄၀ ကျော် အရောင်းအဝယ် ဖြစ်ကာ ၂၄၅၀၀ ကျပ်ဖြင့် ဈေးတန်းခဲ့သည်။
အောက်တိုဘာတစ်လလုံးတွင် ရှယ်ယာအစု ၁၂,၆၀၀ ကျော်၊ တန်ဖိုး ကျပ်သန်း ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်လထက် အရောင်းအဝယ် ၅၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။
ငါးလအတွင်း အရောင်းအဝယ် အနည်းဆုံးဖြစ်ခဲ့ပြီး စတော့အိတ်ချိန်း စတင်ဝင်ရောက်ချိန်မှ အောက်တိုဘာလကုန်အတွင်း ဈေးကွက်တန်ဖိုးကျပ် သန်းပေါင်း ၂၃,၅၀၀ နီးပါးလျော့ကျသွားသည်။

Block Trading
(ရှယ်ယာ အမြောက်အမြား ဝယ်ယူမှု)
အောက်တိုဘာလအတွင်း MTSH ရှယ်ယာကို ၃၄၅၀ ကျပ်နှင့် တစ်ကြိမ်၊ ၃၄၀၀ ကျပ်နှင့်နှစ်ကြိမ်၊ စုစုပေါင်း Block Trading ပြုလုပ်မှု သုံးကြိမ်ရှိခဲ့ပြီး ရှယ်ယာအစုပေါင်း ၃၆,၇၁၀ စု၊ တန်ဖိုး ကျပ် ၁၂၅ သန်းကျော် ရှိခဲ့သည်။

Ref:http://voicejournalmm.com/archives/6854

အသေးစားပြည်တွင်း လုပ်ငန်းတွေ တဖြေးဖြေးပြုတ်ကုန်တဲ့ အကြောင်းရင်း?

အဲဒါကြောင့်ပြောတာပေါ့ !
လုပ်ရင်းရှုံး ပြုတ်ပြုတ်ပြုံးဆိုတာလေ?
နှစ်ချုပ် အကောင့်စာရင်း ကျပ်အရ မြတ်နေ ပေမဲ့ ကုမ္မဏီပြုတ်သွားရတာလေ?
ကြားကကုန်ကျ စရိတ်တွေစားသွားတာ?
ဘာကြာင့်င့်လဲဆိုတော့ အမိမြေက အမြတ်ယူတဲ့ % နည်းလို့ပေါ့
( ၁၀-၂၀-၃၀%ရရင်ဘဲ တကယ် မြတ်တယ်ထင်ပြီးရောင်းစားလို့ပါဘဲ ) ပြန်ပြီးမိမိအရင်းကို $,Gold တက်ကျ ပြန်မချိန် တတ်လချက်ခြင်း ပြန်မဝယ်ဘဲ တကယ်မြတ်တယ်ထင်ပြီး ဆက်လုပ် လုပ်ငန်းလည်ပတ်နေကျလို့ပါဘဲဗျ!  အသေးစားပြည်တွင်း လုပ်ငန်းတွေ တဖြေးဖြေးပြုတ်ကုန်တဲ့ အကြောင်းရင်းပေါ့ဗျ!

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/12190131_10156214520945721_2344542439163645533_n.jpg?oh=05b5b5eff05414adc5f431849078c9fa&oe=5A6C991B

No automatic alt text available.

ပါလီမာန်ခေတ်က ပြည်ပက ပစ္စည်းတွေမှာရင် ရောက်တာနဲ့ အစိုးရဘဏ်မှာ တစ်ဒေါ်လာ ၄ ကျပ် နှုံးနဲ့ သွင်းပြီး အခါန်ဆောင်ဝယ်ရတာဆိုတော့ အဲဒီခေတ်က 1US$=၄ကျပ် ဖြစ်မယ်လို့ တွက်နိုင်တယ်။
ဆိုရှယ်လစ် ခေတ်မှာတော့ တိုင်းပြည် ဝင်ငွေနဲပြီး မြန်မာငွေကြေးဖောင်းပွခဲ့ရာက ၁၉၈၈ မှာ 1US$ က ၄၀ ကျော်သွားခဲ့တယ်။ ဆိုလိုတာက အရင်က ထက် ဒေါ်လာနဲ့တွက်ရင် ၁၀ ပုံတစ်ပုံဘဲ မြန်မာငွေတန်ဘိုး ရှိခဲ့တယ်ပေါ့။

၁၉၈၈ မှာ ၄၂ ကျပ် ရှိရာကနေ ၅၀ ၅၈ ၈၄ စသည်ဖြင့် ပုံထဲကလို နှစ်စဉ်တက်လာလိုက်တာ ၂၀၀၀ပြည့်နှစ်မှာ 1US$ က ၃၇၂ ကျပ်ထိဖြစ်သွားတယ်။ ပထမ ပုံမှာ ပြထားသလို အပြာလိုင်း က တစ်နှစ်ချင်းငွေဈေးတက်သွားရာမှာ ထိုးတက်သွားသလို အနီလိုင်းကတော့ မြန်မာငွေ ၁၀၀ ကျပ်က နေရတဲ့ US ဆင့် ကို ပြထားတယ်။ တစ်နည်းဆိုရရင် အရင်က ၁၀၀ တန်ခဲ့တဲ့ ကိုယ်ငွေက ၈၈ က နေ ၂၀၀၀ အရောက်မှာ ၁၁ ဘဲ တန်တော့တယ်လို့ ဆိုလိုတယ်။ ပြောရင် မူလထက် ၁၁% ဘဲ တန်ကြေးရှိတော့တယ် အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ခဲ့ရင်ပေါ့။

ဒုတိယပုံကတော့ ၂၀၀၁ ခုနှစ် ဇန်နဝါရီလက ၄၃၄ ကျပ်ကနေ ဒီဇင်ဘာလမှာ ၇၂၅ ထိဖြစ်သွားတယ် တစ်လချင်းပြောင်းတာပြထားတယ် နောက် 12/4/2002 မှာ ၉၃၀ ဖြစ်ပြီး 24/4/2002 မှာ တော့ ၁၀၀၀ ဖြစ်သွားတယ်။ ဒီတော့ အရင်က တန်တဲ့ ၁၀၀ က ၂၀၀၂ မှာ ၄% ဘဲ တန်ဘိုး ရှိတော့ တယ် အခု 1US$ 1300 နဲ့တွက်ရင် 3%လောက်သာသာဘဲ ရှိတော့တယ်။ မရင်က $100 ဝယ်နိုင်တဲ့ ငွေက $3 ဘဲ ရတော့ သလိုပေါ့။

ဘာရယ်လို့ မဟုတ်ပါဘူး ကိုယ်ငွေတွေ ရဲ့တန်ဘိုးတွေ ကျသွားတာကြောင့် ရတဲ့ ငွေတွေ မတန်တော့ရာက လခမလောက်ဘူး နဲတယ်ဖြစ်ခဲ့ရတာပါ။ တကယ်တော့ မြန်မာနိုင်ငံက အစိုးရကပေးတဲ့ လခရော ပြင်ပကလခရောက သူခေတ်နဲ့သူတုန်းက မနဲခဲ့ပါဘူး ငွေကြေးဖောင်းပွပြီး ဝယ်နိုင်စွမ်းလျော့သွားတာကြောင့် ကိုယ်ရတဲ့ငွေတွေက သုံးမရလောက်အောင် နဲသွားခဲ့တာကို သတိပြုမိစေချင်တာပါ။ တကယ်တော့ ဖောင်းပွသွားသလောက် ဝင်ငွေထွက်ငွေတွေ လိုအပ်သလို လိုက်မပြောင်းနိုင်ခဲ့တာလလည်းပါပေမဲ့ ဒါဟာ တစ်ဖက် မှာ တိုင်းပြည်စီးပွားရေးကို ပြနေတယ်လို့ လည်း မြင်လို့ ရမယ်ထင်ပါတယ်။

Credit: US$ rate Source By Dr U Myin

Saturday 4 November 2017

The 4 Most Memorable Moments Of ONE: HERO'S DREAM

November 04, 2017

For some of the heroes of ONE Championship, their dreams just turned into reality.

On Friday, 3 November, ONE Championship returned to the Thuwunna Indoor Stadium in Yangon, Myanmar, to hold its latest spectacle, ONE: HERO’S DREAM.

The card was headlined by Myanmar’s favorite son and ONE Middleweight World Champion Aung La “Burmese Python” N Sang, who toppled the larger and more powerful Alain “The Panther” Ngalani in the organization’s first-ever Open Weight Super-Bout.

Other local heroes such as Phoe Thaw took a step forward in their respective careers, while some of the promotion’s newer talents had major breakthroughs and established themselves as divisional threats.

Here are just four of the many spectacular highlights from ONE: HERO’S DREAM.

#1 Aung La N Sang Defeats The Hulk That Is Alain Ngalani

It was a clash of epic proportions, as ONE Middleweight World Champion Aung La N Sang valiantly squared off against four-time Muay Thai and kickboxing heavyweight world champion Alain “The Panther” Ngalani in the evening’s headlining attraction. 
Competing opposite a muscular behemoth and a hulking heavyweight did not faze Myanmar’s favorite son at all. In fact, the “Burmese Python” seemed quite comfortable exchanging heavy leather with Ngalani.

Eventually, matters hit the mat, but it was initiated by “The Panther,” who ended up on top. Instead of standing up and return to his striking prowess, Ngalani opted to try and sap the middleweight world champion’s energy with his strength. Apparently, it did not work, as Aung La N Sang fished for submissions, eventually getting the guillotine choke and the victory in front of his hometown faithful.
However, what was even more impressive to see was the huge respect each athlete had for the other in the cage, as well as their burgeoning friendship.

#2 Phoe Thaw And Saw Ba Oo’s Sensational Thriller

Before the bout, Phoe “Bushido” Thaw had decimated every one of opponents inside the cage, earning four first-round TKOs to tie the divisional record. But the 2016 ONE Myanmar Featherweight Tournament Champion was pushed to his limits, and nearly his breaking point, by fellow countryman Saw Ba Oo.
In a featherweight clash that was undoubtedly the match of the night, Phoe Thaw and Saw Ba Oo engaged in a back-and-forth affair, which featured powerful striking, non-stop counters, and multiple submission attempts. Because of that, the advantage teeter-tottered between the two martial artists for the duration of 15 minutes.
There were a handful of times where both competitors were rocked and on the brink of collapse, but each channeled their martial arts warrior spirit and carried on to the very end. Phoe Thaw stayed dangerous to the very end and did a better job of deploying his more diverse skill set, which ultimately earned him the split decision victory.
With the win, “Bushido” showcased his constantly evolving game, an incredible chin, the ability to move forward even when exhausted, and having the gas tank to go beyond a single round.

#3 Pongsiri Mitsatit  Emerges As A Strawweight Contender

Pongsiri Mitsatit has a lot to smile about. The 21-year-old Thai known as “The Smiling Assassin” never truly looked threatened against the tough and durable Jeremy “The Jaguar” Miado. He displayed a slew of skills, solid submission defense, respectable grappling, and of course, the dynamic striking that earned him a Northern Thailand Muay Thai Championship.
What’s more, his awareness was on point, sensing Miado was hurt before going for the finish, all while being careful not to inflict any more damage than was necessary. Mitsatit has certainly emerged from the shadows of other talented Thai martial arts in ONE, and has broken into the upper echelon of the promotion’s strawweight division. 

#4 “Supermom” Wins With Another Lightning-Quick Submission

“Supermom” Miao Jie is an extremely talented grappler, having just recently earned a bronze medal at the BJJ World Championships. But the way she translates her jiu-jitsu inside the cage is sight to behold.
The phenomenal Chinese heroine is aggressive and relentless in her pursuit of the takedown, as she displayed against her latest victim, Australia’s Amira “The Wandera” Hafizovic. Miao pressed forward until she was able to land a hip toss takedown, and then constantly transitioned from submission to submission until she executed a match-ending armbar.
In the process, Miao broke her own record for the fastest finish in ONE’s women’s history at 45 seconds, which is four ticks of the clock faster than her armbar submission victory over Mona Samir just two months earlier.