စံချိန်ချိုးပြီးရင်းချိုးနေဆဲ စတော့အိတ်ချိန်း
စတော့အိတ်ချိန်းအညွှန်းကိန်းမှာ ငါးပတ်ဆက်တိုက်တဖြည်းဖြည်းကျဆင်း လာနေပြီးယခုသီတင်းပတ်တွင် ၄၆၄ ဒသမ ၅၃ အထိစံချိန်တင်ကျဆင်းခဲ့သည်။
သောကြာနေ့ ဈေးကွက်ပိတ်ချိန်တွင် အညွှန်းကိန်း ၄၇၆
ဒသမ ၀၁ သို့ ပြန်လည် မြင့်တက်ခဲ့သော်လည်းယခင် သီတင်းပတ်
ဈေးပိတ်ချိန်အညွှန်းကိန်းအောက် ကျဆင်းခဲ့သည်။
ခြောက်လအတွင်းစတော့အိတ်ချိန်း အညွှန်းကိန်း ၁၈ရာခိုင်နှုန်းကျော်၊ ငါးပုံ တစ်ပုံခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်။
အညွှန်းကိန်းကျဆင်းသော်လည်းဈေးကွက်အနည်းငယ်ပြန်သွက်ခဲ့ပြီး ခုနစ်ပတ်အတွင်းဒုတိယမြောက် အရောင်းအဝယ်အများဆုံး သီတင်းပတ်ဖြစ်ခဲ့သည်။
ယခုသီတင်းပတ်တွင်ရှယ်ယာ အစု ၄၃,၀၀၀ကျော်၊ တန်ဖိုးကျပ်သန်း၂၈၀ကျော်အရောင်းအဝယ်ဖြစ်ခဲ့သည်။
FMI ရှယ်ယာ
ယခုသီတင်းပတ်တွင်ရှယ်ယာအစု ၄၂၀၀ကျော်၊
တန်ဖိုးကျပ်သန်း၅၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး ၁၂,၅၀၀ကျပ်၊
အမြင့်ဆုံး၁၂,၅၀၀ကျပ်၊ အနိမ့်ဆုံး၁၂,၀၀၀ကျပ်နှင့် အပိတ်ဈေး၁၂,၅၀၀ကျပ်ဖြင့်
ဈေးပိတ်ခဲ့သည်။
ခြောက်လအတွင်း ကျပ်သန်းပေါင်းသုံးထောင်နီးပါး
ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာဈေးအမြင့်ဆုံး ၁၆,၅၀၀ကျပ်အထိ
ရောက်ခဲ့ကာ အနိမ့်ဆုံး၁၂,၀၀၀ကျပ်အထိ ဈေးကျဆင်းခဲ့သည်။
ယခုနှစ် မေလ၁၁ရက်နေ့မှ နိုဝင်ဘာ၁၀ရက်နေ့ ဈေးကွက်ပိတ်ချိန်အတွင်း ရှယ်ယာဈေး၂၄ရာခိုင်နှုန်းကျော်၊ လေးပုံတစ်ပုံခန့် ထိုးကျသွားသည်။
MTSH ရှယ်ယာ
ယခုသီတင်းပတ်တွင် ရှယ်ယာအစု၃၃,၅၀၀ကျော်၊
တန်ဖိုးကျပ်သန်း၁၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး၃၃၀၀ကျပ်၊
အမြင့်ဆုံး၃၃၀၀ကျပ်၊ အနိမ့်ဆုံး၃၂၀၀ကျပ်နှင့် အပိတ်ဈေး၃၂၀၀ကျပ်ဖြင့်
ဈေးပိတ်ခဲ့သည်။
ခြောက်လအတွင်း ကျပ်သန်းပေါင်း၃၁၇၀နီးပါး
ရှယ်ယာအရောင်းအဝယ် ဖြစ်ခဲ့ပြီး ရှယ်ယာဈေးအမြင့်ဆုံး၄၂၀၀ကျပ်အထိ ရောက်ခဲ့ကာ
အနိမ့်ဆုံး၃၂၀၀ကျပ်အထိ ဈေးကျဆင်းခဲ့သည်။
ယခုနှစ်မေလ၁၁ရက်နေ့မှ နိုဝင်ဘာ၁၀ရက်နေ့ ဈေးကွက်ပိတ်ချိန်အတွင်း ရှယ်ယာဈေး၂၄ရာခိုင်နှုန်းနီးပါး၊ လေးပုံတစ်ပုံခန့် ဈေးထိုးကျသွားသည်။
MCB ရှယ်ယာ
ရှယ်ယာ အရောင်းအဝယ်နှစ်ရက်သာရှိခဲ့ပြီး
ရှယ်ယာ၃၆၄စု၊ တန်ဖိုးကျပ်သိန်း သုံးဆယ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး
သီတင်းရှစ်ပတ်အတွင်း ဒုတိယမြောက် အရောင်းအဝယ်အနည်းဆုံး သီတင်းပတ် ဖြစ်သည်။
အဖွင့်ဈေး ၈၂၀၀ကျပ်၊ အမြင့်ဆုံး ၈၂၀၀ကျပ်၊ အနိမ့်ဆုံး ၈၁၀၀ကျပ်နှင့် အပိတ်ဈေး ၈၁၀၀ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ခြောက်လအတွင်း ကျပ်သန်း၄၂၀ခန့်
ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာဈေးအမြင့်ဆုံး ၉၀၀၀ကျပ် အထိ ရောက်ခဲ့ကာ
အနိမ့်ဆုံး ၈၁၀၀ကျပ်အထိ ဈေးကျဆင်းခဲ့သည်။
ယခုနှစ် မေလ၁၁ရက်နေ့မှ နိုဝင်ဘာ၁၀ရက်နေ့ ဈေးကွက်ပိတ်ချိန်အတွင်း ရှယ်ယာဈေး၁၀ရာခိုင်နှုန်း၊ ဆယ်ပုံတစ်ပုံ ဈေးကျသွားသည်။
FPB ရှယ်ယာ
ယခုသီတင်းပတ်သည် သီတင်းခုနစ်ပတ်အတွင်း
ဒုတိယမြောက်အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သလို လေးလအတွင်း
ရှယ်ယာဈေး၂၅,၅၀၀ကျပ်သို့ ပထမဆုံးအကြိမ်ပြန်ရောက်ခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု၄၉၀၀ခန့်၊
တန်ဖိုးကျပ်သန်း၁၂၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး၂၄,၀၀၀ကျပ်၊
အမြင့်ဆုံး၂၅,၅၀၀ကျပ်၊ အနိမ့်ဆုံး၂၃,၅၀၀ကျပ်နှင့် အပိတ်ဈေး၂၅,၅၀၀ဖြင့်
ဈေးပိတ်ခဲ့သည်။
ခြောက်လအတွင်း ကျပ်သန်းပေါင်းသုံးထောင်ခန့်
ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာဈေးအမြင့်ဆုံး၂၈,၅၀၀ကျပ်အထိ ရောက်ခဲ့ကာ
အနိမ့်ဆုံး၂၂,၀၀၀ကျပ်အထိ ဈေးကျဆင်းခဲ့သည်။
ယခုနှစ်မေလ၁၁ရက်နေ့မှ နိုဝင်ဘာ၁၀ရက်နေ့ ဈေးကွက်ပိတ်ချိန်အတွင်း ရှယ်ယာဈေး ၁၀ရာခိုင်နှုန်းကျော်၊ ဆယ်ပုံ တစ်ပုံခန့်ဈေးထိုးကျသွားသည်။
Block Trading
(ရှယ်ယာ အမြောက်အမြားဝယ်ယူမှု)
ယခုသီတင်းပတ်တွင် MTSH ရှယ်ယာကို ၃၂၅၀ကျပ်ဖြင့် ရှယ်ယာအစု ၁၃,၀၀၀ကို Block Trading ပြုလုပ်ခဲ့သည်။
No comments:
Post a Comment