စတော့အနှစ်ချုပ် (အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အထိ)
တစ်လအတွင်းဈေးကွက်တန်ဖိုး ၂၂ ဘီလီယံကျော် လျော့နည်းသွားသည့် စတော့အိတ်ချိန်း
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ
အရောင်းအဝယ်လုပ်နေသော ကုမ္ပဏီလေးခုပေါင်း၏ ဈေးကွက်တန်ဖိုးစုစုပေါင်းမှာ
အောက်တိုဘာလ တစ်လအတွင်း ကျပ် ၂၂ ဘီလီယံကျော် (ကျပ် ၂၂၆၄၆ သန်း)
ကျဆင်းသွားသည်။
ယခုနှစ်အတွင်း စတော့အိတ်ချိန်း၏
အမြင့်ဆုံးဈေးကွက်တန်ဖိုးမှာ မတ်လ ၃ ရက်နေ့တွင် ကျပ် ၈၃၂ ဘီလီယံရှိခဲ့ပြီး
အနိမ့်ဆုံးအဖြစ် အောက်တိုဘာ ၁ ရက် နေ့တွင် ကျပ် ၅၇၆ ဘီလီယံအထိ
ကျဆင်းခဲ့သည်။
စတော့အိတ်ချိန်း၏ ဈေးကွက်တန်ဖိုးမှာ
အောက်တိုဘာလကုန် ဈေးကွက်ပိတ်ချိန်တွင် ကျပ် ၅၉၆ ဘီလီယံ (ကျပ် ၅၉၆,၃၅၉ သန်း)
ဖြစ်ပြီး ယင်းသို့ ဈေးကွက် တန်ဖိုးလျော့ကျလာခြင်းမှာ ကုမ္ပဏီများ၏
ရှယ်ယာဈေးများ တအိအိကျဆင်းနေမှုကြောင့်ဖြစ်သည်။
ယခုသီတင်းပတ်တွင် အများ ပြည်သူ ရုံးပိတ်ရက်များကြောင့် အရောင်းအဝယ် သုံးရက်သာရှိခဲ့ပြီး ဈေးကွက်အေးခဲ့သည်။
ယခုနှစ် နှစ်သစ်ကူးသင်္ကြန်ကာလ ဧပြီလတွင် အရောင်းအဝယ် ၁၇ ရက် ရှိခဲ့ပြီး အောက်တိုဘာလတွင် အရောင်းအဝယ် ၁၈ ရက်သာ ရှိခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၈,၀၀၀ ကျော်၊
တန်ဖိုးကျပ်သန်း ၁၁၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတော့အညွှန်းကိန်းမှာ
ယခင်သီတင်းပတ်နည်းတူ ၄၇၇ ဒသမ ၉၈ ဖြင့် ဈေးကွက်ပိတ်ခဲ့သည်။
အောက်တိုဘာလတွင် ရှယ်ယာ အစုပေါင်း ၁၄၀,၀၀၀ နီးပါး၊ တန်ဖိုးကျပ် သန်း ၁၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ယမန်နှစ် မတ်လမှ ယခုနှစ် အောက်တိုဘာလအထိလပေါင်း ၂၀
အတွင်း အောက်တိုဘာလသည် အရောင်းအဝယ်အနည်းဆုံး စံချိန်တင်ခဲ့ပြီး ပြီးခဲ့သည့်
စက်တင်ဘာလထက် အရောင်း အဝယ် ၄၀ ရာခိုင်နှုန်းကျော်၊ ကျပ်သန်း ၇၅၀ နီးပါး
ကျဆင်းသွားသည်။
FMI ရှယ်ယာ
ယခုသီတင်းပတ်တွင် ရှယ်ယာ အစု၂၀၀၀ ခန့်၊ တန်ဖိုးကျပ်၂၅ သန်း ခန့် အရောင်းအဝယ် ဖြစ်ခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာ အဖွင့်ဈေး၁၂,၅၀၀ ကျပ်၊
အမြင့်ဆုံး ၁၂,၅၀၀ ကျပ်၊ အနိမ့်ဆုံး ၁၂,၀၀၀ ကျပ် နှင့် အပိတ်ဈေး ၁၂,၅၀၀
ကျပ်ဖြင့် ဈေး ပိတ်ခဲ့သည်။
အောက်တိုဘာတစ်လလုံးတွင် ရှယ်ယာအစုပေါင်း ၃၆ç၀၀၀
ကျော်၊ တန်ဖိုး ကျပ်သန်း ၄၆၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး
လေးလအတွင်းအနည်းဆုံး စံချိန်ဖြစ်သည်။
အောက်တိုဘာလ ဈေးကွက်ဖွင့် ချိန်တွင် ရှယ်ယာဈေး
၁၃,၀၀၀ ကျပ်ရှိရာ မှ လကုန်ဈေးပိတ်ချိန်တွင် ၁၂,၅၀၀ ကျပ် ဖြစ်ခဲ့ရာ
တစ်လအတွင်းဈေးကွက်တန်ဖိုး ကျပ်သန်းပေါင်း ၁၃,၀၀၀ ခန့် လျော့နည်းသွားသည်။
MTSH ရှယ်ယာ
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၄,၅၀၀ ကျော်၊
တန်ဖိုးကျပ်သန်း ၅၀ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး ၃၃၀၀ ကျပ်၊
အမြင့်ဆုံး ၃၃၀၀ ကျပ်၊ အနိမ့် ဆုံး ၃၂၀၀ ကျပ်နှင့် အပိတ်ဈေး ၃၃၀၀ ကျပ်ဖြင့်
ဈေးပိတ်ခဲ့သည်။
အောက်တိုဘာလဈေးကွက်ဖွင့်ချိန် တွင် ရှယ်ယာဈေး ၃၄၀၀
ကျပ် ရှိရာမှ လကုန်ဈေးပိတ်ချိန် တွင် ၃၂၀၀ ကျပ်ဖြစ်ခဲ့ရာ တစ်လအတွင်း
ဈေးကွက်တန်ဖိုးကျပ် သန်းပေါင်း၉၇၀၀ ကျော် လျော့နည်းသွားသည်။
MCB ရှယ်ယာ
အရောင်းအဝယ်သုံးရက်တွင် ရှယ်ယာ ၂၂ စု၊ တန်ဖိုး နှစ်သိန်းကျပ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ် အနည်းဆုံးသီတင်းပတ်ဖြစ်သည်။
ရှယ်ယာဈေးလှုပ်ခတ်မှုရှိခဲ့ပြီး ၈၅၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၈၂၀၀ ကျပ် ဖြင့် ဈေးပိတ်ခဲ့သည်။
အောက်တိုဘာတစ်လလုံးတွင် ရှယ်ယာအစု ၃၀၀၀ ခန့်၊
တန်ဖိုးကျပ် ၂၅ သန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငါးလအတွင်းအရောင်းအဝယ်
အနည်းဆုံး ဖြစ်သည်။
ယခုလအတွင်းအရောင်းအဝယ်မရှိသည့် ရက် ခုနစ်ရက်ရှိခဲ့ပြီး ခြောက်လအတွင်း ဈေးကွက်တန်ဖိုး ကျပ်သန်း ၅၂၀၀ လျော့ကျသွားသည်။
FPB ရှယ်ယာ
ယခင်သီတင်းပတ် အရောင်းအဝယ်၏
ငါးပုံတစ်ပုံခန့်သာယခုသီတင်းပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၇၀၀ ခန့်၊ တန်ဖိုး ကျပ်သန်း ၄၀ ကျော်
အရောင်းအဝယ် ဖြစ်ကာ ၂၄၅၀၀ ကျပ်ဖြင့် ဈေးတန်းခဲ့သည်။
အောက်တိုဘာတစ်လလုံးတွင် ရှယ်ယာအစု ၁၂,၆၀၀ ကျော်၊
တန်ဖိုး ကျပ်သန်း ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်လထက် အရောင်းအဝယ် ၅၇
ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။
ငါးလအတွင်း အရောင်းအဝယ် အနည်းဆုံးဖြစ်ခဲ့ပြီး
စတော့အိတ်ချိန်း စတင်ဝင်ရောက်ချိန်မှ အောက်တိုဘာလကုန်အတွင်း
ဈေးကွက်တန်ဖိုးကျပ် သန်းပေါင်း ၂၃,၅၀၀ နီးပါးလျော့ကျသွားသည်။
Block Trading
(ရှယ်ယာ အမြောက်အမြား ဝယ်ယူမှု)
အောက်တိုဘာလအတွင်း MTSH ရှယ်ယာကို ၃၄၅၀ ကျပ်နှင့်
တစ်ကြိမ်၊ ၃၄၀၀ ကျပ်နှင့်နှစ်ကြိမ်၊ စုစုပေါင်း Block Trading ပြုလုပ်မှု
သုံးကြိမ်ရှိခဲ့ပြီး ရှယ်ယာအစုပေါင်း ၃၆,၇၁၀ စု၊ တန်ဖိုး ကျပ် ၁၂၅
သန်းကျော် ရှိခဲ့သည်။
Ref:http://voicejournalmm.com/archives/6854
No comments:
Post a Comment