Popular Posts

Sunday 5 November 2017

အသေးစားပြည်တွင်း လုပ်ငန်းတွေ တဖြေးဖြေးပြုတ်ကုန်တဲ့ အကြောင်းရင်း?

အဲဒါကြောင့်ပြောတာပေါ့ !
လုပ်ရင်းရှုံး ပြုတ်ပြုတ်ပြုံးဆိုတာလေ?
နှစ်ချုပ် အကောင့်စာရင်း ကျပ်အရ မြတ်နေ ပေမဲ့ ကုမ္မဏီပြုတ်သွားရတာလေ?
ကြားကကုန်ကျ စရိတ်တွေစားသွားတာ?
ဘာကြာင့်င့်လဲဆိုတော့ အမိမြေက အမြတ်ယူတဲ့ % နည်းလို့ပေါ့
( ၁၀-၂၀-၃၀%ရရင်ဘဲ တကယ် မြတ်တယ်ထင်ပြီးရောင်းစားလို့ပါဘဲ ) ပြန်ပြီးမိမိအရင်းကို $,Gold တက်ကျ ပြန်မချိန် တတ်လချက်ခြင်း ပြန်မဝယ်ဘဲ တကယ်မြတ်တယ်ထင်ပြီး ဆက်လုပ် လုပ်ငန်းလည်ပတ်နေကျလို့ပါဘဲဗျ!  အသေးစားပြည်တွင်း လုပ်ငန်းတွေ တဖြေးဖြေးပြုတ်ကုန်တဲ့ အကြောင်းရင်းပေါ့ဗျ!

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/12190131_10156214520945721_2344542439163645533_n.jpg?oh=05b5b5eff05414adc5f431849078c9fa&oe=5A6C991B

No automatic alt text available.

ပါလီမာန်ခေတ်က ပြည်ပက ပစ္စည်းတွေမှာရင် ရောက်တာနဲ့ အစိုးရဘဏ်မှာ တစ်ဒေါ်လာ ၄ ကျပ် နှုံးနဲ့ သွင်းပြီး အခါန်ဆောင်ဝယ်ရတာဆိုတော့ အဲဒီခေတ်က 1US$=၄ကျပ် ဖြစ်မယ်လို့ တွက်နိုင်တယ်။
ဆိုရှယ်လစ် ခေတ်မှာတော့ တိုင်းပြည် ဝင်ငွေနဲပြီး မြန်မာငွေကြေးဖောင်းပွခဲ့ရာက ၁၉၈၈ မှာ 1US$ က ၄၀ ကျော်သွားခဲ့တယ်။ ဆိုလိုတာက အရင်က ထက် ဒေါ်လာနဲ့တွက်ရင် ၁၀ ပုံတစ်ပုံဘဲ မြန်မာငွေတန်ဘိုး ရှိခဲ့တယ်ပေါ့။

၁၉၈၈ မှာ ၄၂ ကျပ် ရှိရာကနေ ၅၀ ၅၈ ၈၄ စသည်ဖြင့် ပုံထဲကလို နှစ်စဉ်တက်လာလိုက်တာ ၂၀၀၀ပြည့်နှစ်မှာ 1US$ က ၃၇၂ ကျပ်ထိဖြစ်သွားတယ်။ ပထမ ပုံမှာ ပြထားသလို အပြာလိုင်း က တစ်နှစ်ချင်းငွေဈေးတက်သွားရာမှာ ထိုးတက်သွားသလို အနီလိုင်းကတော့ မြန်မာငွေ ၁၀၀ ကျပ်က နေရတဲ့ US ဆင့် ကို ပြထားတယ်။ တစ်နည်းဆိုရရင် အရင်က ၁၀၀ တန်ခဲ့တဲ့ ကိုယ်ငွေက ၈၈ က နေ ၂၀၀၀ အရောက်မှာ ၁၁ ဘဲ တန်တော့တယ်လို့ ဆိုလိုတယ်။ ပြောရင် မူလထက် ၁၁% ဘဲ တန်ကြေးရှိတော့တယ် အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ခဲ့ရင်ပေါ့။

ဒုတိယပုံကတော့ ၂၀၀၁ ခုနှစ် ဇန်နဝါရီလက ၄၃၄ ကျပ်ကနေ ဒီဇင်ဘာလမှာ ၇၂၅ ထိဖြစ်သွားတယ် တစ်လချင်းပြောင်းတာပြထားတယ် နောက် 12/4/2002 မှာ ၉၃၀ ဖြစ်ပြီး 24/4/2002 မှာ တော့ ၁၀၀၀ ဖြစ်သွားတယ်။ ဒီတော့ အရင်က တန်တဲ့ ၁၀၀ က ၂၀၀၂ မှာ ၄% ဘဲ တန်ဘိုး ရှိတော့ တယ် အခု 1US$ 1300 နဲ့တွက်ရင် 3%လောက်သာသာဘဲ ရှိတော့တယ်။ မရင်က $100 ဝယ်နိုင်တဲ့ ငွေက $3 ဘဲ ရတော့ သလိုပေါ့။

ဘာရယ်လို့ မဟုတ်ပါဘူး ကိုယ်ငွေတွေ ရဲ့တန်ဘိုးတွေ ကျသွားတာကြောင့် ရတဲ့ ငွေတွေ မတန်တော့ရာက လခမလောက်ဘူး နဲတယ်ဖြစ်ခဲ့ရတာပါ။ တကယ်တော့ မြန်မာနိုင်ငံက အစိုးရကပေးတဲ့ လခရော ပြင်ပကလခရောက သူခေတ်နဲ့သူတုန်းက မနဲခဲ့ပါဘူး ငွေကြေးဖောင်းပွပြီး ဝယ်နိုင်စွမ်းလျော့သွားတာကြောင့် ကိုယ်ရတဲ့ငွေတွေက သုံးမရလောက်အောင် နဲသွားခဲ့တာကို သတိပြုမိစေချင်တာပါ။ တကယ်တော့ ဖောင်းပွသွားသလောက် ဝင်ငွေထွက်ငွေတွေ လိုအပ်သလို လိုက်မပြောင်းနိုင်ခဲ့တာလလည်းပါပေမဲ့ ဒါဟာ တစ်ဖက် မှာ တိုင်းပြည်စီးပွားရေးကို ပြနေတယ်လို့ လည်း မြင်လို့ ရမယ်ထင်ပါတယ်။

Credit: US$ rate Source By Dr U Myin

No comments:

Post a Comment