Popular Posts

Showing posts with label ဈေးကွက်. Show all posts
Showing posts with label ဈေးကွက်. Show all posts

Wednesday, 8 May 2019

Cryptocurrency (Crypto Currency) အကြောင်း နားလည်သလောက်

Cryptocurrency (Crypto Currency) အကြောင်း နားလည်သလောက် (၁)






Cryptocurrency ဆိုတာ ဒီဂျစ်တယ် ပိုင်ဆိုင်မှု (Digital Asset) တစ်မျိုး ဖြစ်ပြီး ငွေကြေးလို ငွေဖလှယ်ရေး ကြားခံပစ္စည်း (Medium of Exchange) အနေနဲ့ လုံခြုံစိတ်ချစွာ အသုံးပြု ပေးချေနိုင်အောင် ထပ်တိုးယူနစ် ဖန်တီးခြင်း၊ ပေးချေခြင်း၊ သိမ်းဆည်းခြင်း၊ စာရင်းမှတ်ခြင်းများ ကို နည်းပညာ အသုံးပြု ထိန်းချုပ်ထားတဲ့ ငွေကြေးလို့ ပြောနိုင်ပါတယ်။

ဒီဂျစ်တယ် ငွေကြေး (Digital Currency)၊ အခြားငွေကြေး (Alternative Currency)၊ အကောင်အထည် မရှိသော ငွေကြေး (Virtual Currency) လို့လည်း ဆိုကြပါတယ်။

သာမန်အားဖြင့် ငွေကြေး အမျိုးအစား တစ်ခုကို နိုင်ငံတစ်ခုရဲ့ ဗဟိုဘဏ်က ရိုက်နှိပ် သွန်းလောင်း ထုတ်ဝေပြီး ဗဟိုထိန်းချုပ်မှုစနစ် တစ်ခု အောက်မှာ ထပ်တိုးယူနစ် ဖန်တီးခြင်း၊ ပေးချေခြင်း၊ စာရင်းရှင်းလင်းခြင်း လုပ်ဆောင်ပါတယ်။

Cryptocurrency များကတော့ တစ်နေရာတည်းမှ ထိန်းချုပ်ခြင်း မရှိတဲ့ (Decentralized Control) စနစ်နဲ့ အလုပ် လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် စနစ်ကျနတဲ့ Blockchain အနေနဲ့ မှတ်သားထားရှိပါတယ်။ Blockchain ဆိုတာဟာ တကယ်တော့ အများစုပေါင်း အသုံးပြုတဲ့ လုပ်ဆောင်ချက် အချက်အလက် အစုအဝေး (Public Transaction Database) ဖြစ်ပြီး ဖြန့်ခွဲထားတဲ့ လယ်ဂျာစာရင်း (Distributed Ledger) တစ်ခုလို အလုပ်လုပ်ပါတယ်။ 
တနည်းပြောရရင် သုံးစွဲသူ တစ်ဦးချင်းက ဖန်တီးလိုက်တဲ့ လုပ်ဆောင်ချက် အချက်အလက်ကို ဒီဂျစ်တယ်စနစ်နဲ့ လုံခြုံအောင် မှတ်သား သိမ်းဆည်းတဲ့ စနစ် ကို အသုံးပြုရာက ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ (ပူးတွဲ ပုံ-၁ မှာ ကြည့်နိုင်ပါတယ်)

လက်ရှိ အသုံးအများဆုံး Bitcoin ကို နောက်ကွယ်မှာ ဘယ်သူဘယ်ဝါလို့ မသိရတဲ့ Satoshi Nakamoto ဆိုတဲ့ ဖန်တီးသူ/ ဖန်တီးသူအဖွဲ့ က ၂၀၀၉ ခုနှစ်မှာ ဖန်တီးခဲ့ပါတယ်။ ငွေကြေး တစ်ခု အနေနဲ့ ဖန်တီးတာ မဟုတ်ပဲ  အသုံးပြုသူ အချင်းချင်း အီလက်ထရောနစ် နည်းပညာနဲ့ ငွေပေးငွေယူစနစ် (Peer-to-Peer Electronic Cash System) ကို တီထွင်ခဲ့တာလို့ ဆိုပါတယ်။

ဥပမာဆိုရရင် ဦးကကြီးက ဦးခခွေးကို X ပေးပို့တယ် ဆိုတဲ့ အကြောင်း အရာ တစ်ခုကို ဦးကကြီးဖက်က ဖန်တီးလိုက်တာနဲ့ ကွန်ပျူတာများစွာ ချိတ်ဆက် နေတဲ့ ကွန်ယက်ကြီးမှာ ပြန့်နှံရောက်ရှိသွားပါတယ်။ ဒါပေမယ့် ဒါကို တစ်ဦး တစ်ယောက်က မှန်ကန်ကြောင်း သတ်မှတ်ချိန် တစ်ခုအတွင်း အတည်ပြု ပေးရပါတယ်။ အတည်ပြုသူ မရှိတဲ့ အကြောင်းအရာကို ယာယီဖယ်ထားနိုင် / ဖျက်ဆီးပစ်နိုင် ပါတယ်။ အတည်ပြုလိုက်တာနဲ့ ပြန်လည် ပြင်ဆင် ပြောင်းလဲ မရတဲ့ အကြောင်းအရာ မှတ်တမ်း တစ်ခု အနေနဲ့ သိမ်းဆည်း လိုက်ပါတယ်။ အဲဒီ မှတ်တမ်းကို Blockchain တစ်ခုလို့ သတ်မှတ် ခေါ်ဆိုတာ ဖြစ်ပါတယ်။ အတည်ပြုပေးသူကို Miner လို့ ခေါ်ပါတယ်။

နောက်ပိုင်းမှာ ငွေကြေးတစ်ခုရဲ့ လက္ခဏာရပ် တွေနဲ့ ပြည့်စုံနေလို့ ပြောင်းလဲ ပြင်ဆင်လို့ မရတဲ့ ငွေကြေး (Cryptocurrency) အနေနဲ့ သတ်မှတ် လာကြတာ ဖြစ်ပါတယ်။

coinmarketcap.com အရ ဒီနေ့မှာ Cryptocurrency အမျိုးအစားပေါင်း ၁၄၇၀ ရှိနေပြီး ဈေးကွက် ၇၈၂၉ ခုမှာ အသုံးပြုနေပါတယ်။ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၅၅၇,၀၀၀ သန်းခန့် ရှိပြီး ၂၄ နာရီအတွင်း ကန်ဒေါ်လာ ၃၃,၀၀၀ သန်းကျော်ဖိုး ရောင်းဝယ် ပေးချေခဲ့ကြတယ်လို့ ဆိုပါတယ်။ နာမည် အကြီးဆုံး Bitcoin (BTC) က ဈေးကွက် ၃၄.၉% ရရှိထားပါတယ်။ အခြား အသုံးများတဲ့ Cryptocurrency တွေက Ethereum (ETH)၊ Ripple (XRP)၊ Bitcoin Cash (BCH)၊ Cardano (ADA)၊ တို့ပဲ ဖြစ်ပါတယ်။



Infrastructure  တည်​​ဆောက်​ဘို့ Budget မရှိဘူး FDI ကလည်း ထင်​သ​လောက်​မဝင်​၊ Foreign loanကလည်း လိုသ​လောက်​မရ ၊ရလျင်​လည်း ​ loan &GDP အချိုး ခွင့်​ပြုချက်​ကရှိ​သေးတယ်​။

 ဒီလိုအချိန်​ တခြားနည်းတခုစဉ်းစာလုပ်​လျင်​ အဆင်​​ပြေမလားသုံးသပ်​ကြည့်​သင့်​တယ်

ယ​နေ့ (Digital Money) crytocurrencys  စနစ်​ ​တော်​​တော်​တိုးတက်​​နေတယ်​ အ​ပြောများဆုံးတခုက bitcion ပါ။  bitcion ကဲ့သို့ စနစ်​ တခုလုပ်​ အ​ခြေခံ​ဆောက်​ဥတွက်​​ငွေရှာခြင်းပါ။
ဥပမာ.... အ​ခြေခံ​ဆောက်​ဥတွက်​ ​ဘီလိယံ၁၀၀ လိုတယ်​ ထိုတွက်​coins ၁၀၀၀ တန်​ ၁၀၀ ဘီလီိယံဘိုးထုတ်​​ရောင်းလိုက်​တယ်​ ဒီသ​ဘောက ဘွန်းနဲ့သွားဆင်​မယ်​ထင်​တယ်​ ဒါ​ပေမဲ့ မတူတဲ့အချက်​ရှိပါတယ်​။
သူက အတိုးမ​ပေးဘူး နှစ်​အကန့်​သတ်​မရှိဘူး ​နောက်​တချက်​ အစိုးရ​ချေး​ငွေ ကန့်​သတ်​မူကလွတ်​မယ်​၊အတိုးမရတဲ့ ဟာ ဘယ်​သူမှဝယ်​ချင်​မှာမဟုတ်​ ၁-အချက်​က ​စေ့​ဆော်​မူပါ အစိုးရက တိုင်းပြည်​တွက်​ တကယ်​လိုအပ်​တဲ့အ​ခြေခံ​ဆောက်ဥ(သေချာရှင်းပြရပါမယ်​ လက်​ရှိ ဘယ်​လမ်း/တံတားက အဆင့်​မမှိ  သယ်​ယူပို့​ဆောင်​​ရေး စီးပွား​ရေးတွက်​ မရှိမဖြစ်​လိုအပ်​​နေတယ်​ loan/FDI အရ မလုပ်​နိုင်​​သေး ဒီလိုလမ်းမျိုးကို )အများပြည်​သူ​ထောက်​ပံ​/ချေးငှား​ငွေဖြစ်​ လုပ်​​ဆောင်​ခြင်းပါ ၂- မိမိ​ငွေမ​ပျောက်​ခြင်းပါ ထို​ငွေဝယ်​လိုက်​​ပေမဲ့ ထို​ငွေကို ​ငွေသားပြန်​လည်​ထုတ်​ယူနိုင်​ခြင်းမရှိ​ပေမဲ့လည်း ​ဈေးဝယ်​တာမျိုးမှာသုံးနိုင်​တယ်​၊(သို့)လှည့်လှယ်မဖောင်းပွအောင် အစိုးရကို taxပေးရာမှာ % အလိုက်ထည့်ပေးနိုင်တယ်၊
၃- bitcoin လို တချိန်​မှာ​ဈေးတက်​လာနိုင်​တဲ့ဆိုတဲ့​မျှော်​လင့်​ချက်​ပါ(ထိုအတွက်​လည်း DM ​ဈေးကွက်​ကို​လေ့လာလုပ်​ကိုင်​သင့်​တယ်​ ​ငွေ​ကြေးစနစ်​အ​ကြောင်း​တော့နားမလည်​ပါ) ​ငွေတခုကို အသုံး၂ခုပြုလိုက်​သလိုဖြစ်​မှာမို့ ​လှည့်​လှယ်​မူများ ​ငွေ​ဖောင်းပွနိုင်​ပါတယ်

ဒါ​ကြောင့်​အခြားသူ​တွေလုပ်​သလိုကာလတခုသတ်​မှတ်​ ​​ဈေးဝယ်​ခြင်းနှင့်​ရောင်းဝယ်​မူကိုပိတ်​ထားနိုင်​တယ်​၊
ဒါ​ပေမဲ့ လှူတန်းခြင်းတွက်​ အ​ရောင်းဝယ်​အစတည်းက ဖွင့်​ထား​ပေးရမယ်​ လူတစ်​ဦး /တဖွဲ့က DM တခုကိုဝယ်​ ယူကာ အပြီးပိုင်​လှူတန်းနိုင်​တယ်​။
ဒီ​နေရာမှာလူမူကွန်​ယက်​ကိုအသုံးလည်းရတယ်​ ဒါ​ပေ​မဲ့social mediaတွေနဲ့​တော့ ညှီရမယ်​ မညီချင်​လည်း FB က website link ကခုလည်​ ရ​နေတာမို့ နည်းလမ်းတခုခုရှိနိုင်​တယ်​။

တရုတ်​က FB အစား we chat သုံးတယ်।​ အဲမှာ​ဈေးဝယ်​ ​ငွေရှင်းလိုရ​အောင်​လုပ်​ထားတယ်​။

မြန်​မာပြည်​မှာက​တော့ FB ပဲသုံးကြတယ်।​ ကိုယ်​တိုင်​လုပ်​ဘို့ခတ်​တယ်​ ညှိဘို့အခတ်​ခဲရှိနိုင်​တယ်​।လုပ်​နိုင်​ရင်​​တော့​ကောင်းတယ်।​ ဝယ်​လှူထားတဲ့ အ​ရေတွက်​ကို အပြာနဲ့ပြတယ်​ ဥပမာ အပြာ ၂၀ခုဆို  အခု၂၀ ဝယ်​ အစိုးရကို ကူညီထားတယ်​ အနီ၁၀ ဆို တိုင်းပြည်​တွက်​ အခု၁၀ အပြီးလှူလိုက်​ပြီ။

DM ​ရောင်း တာ အစိုးရက ​ပြည်​သူဆီက​ချေးသုံးပုံစံ မျိုးဖြစ်​​တော့ သုံးချင်​တိုင်းမသုံးနိုင်​​အောင်​လို​တော့ စည်းမျဉ်းစည်းကမ်း အထူးလိုအပ်​တယ်​ တိုင်းပြည်​တွက်​ တကယ်​လိုအပ်​​နေ​သော ပုဂ္ဂလိကလည်း ​ပေးမလုပ်​နိုင်​​သော လမ်းတံတား ​အ​ခြေခံ​ဆောက်​ဥမျိုးတွက်​သာလုပ်​သင့်​တယ်​။
ချေး​ငွေပြန်​ဆပ်​မူ  ပြန်​ထည့်​မူ​ငွေ​ပေး​ချေစနစ်​ခွင့်​ပြုမူ ​ရောင်းဝယ်​မူစတာ​တွေက ဘဏ္ဌာ​ရေး နည်းစနစ်​လုပ်​ရမယ်​။

ဘတ်​ဂျတ်​လည်းမရှိ ရင်းနှီးမြုပ်​နှံမူကလည်းထင်​သလာက်​မဝင်​ ဝင်​လာတာအချို့ကလည်း တိုင်းပြည်​လိုအပ်​တဲ့ အဓိကလမ်းတံတားမဟုတ်​ ​ချေး​ငွေကလည်း လိုချင်​သ​လောက်​မရ/မဖြစ်​ လျင်​ ဘာလုပ်​သင့်​လည်းဝိုင်းဝန်းစဉ်းစားသင့်​ပြီ။

Saturday, 20 April 2019

တရုတ်နိုင်ငံမှ စတော့အိတ်ချိန်းကြီးများ

☀  တရုတ်နိုင်ငံမှ စတော့အိတ်ချိန်းကြီးများ  ☀



        ကမ္ဘာ့စတော့ဈေးကွက်ကြီးများထဲတွင် အမေရိကန် စတော့ဈေးကွက်ပြီးနောက် တရုတ်စတော့ဈေးကွက်မှာ ဒုတိယ အကြီးဆုံးဖြစ်သည်။ တရုတ်နိုင်ငံတွင် ပထမဦးဆုံးဖြစ်သော Shanghai စတော့အိတ်ချိန်းကို 1860 ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ၄င်းနောက် ကွန်မြူနစ်တော်လှန်ရေး ကာလအတောအတွင်း နှစ်ပေါင်း 41 နှစ်ကြာ ပိတ်ထားခဲ့ကြရသည်။ 

         2017 ခုနှစ် ဇွန်လ 20 ရက်နေ့ တွင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီး Morgan Stanley က ၄င်းတို့၏ ထွန်းသစ်စဈေးကွက် ညွှန်းကိန်းထဲတွင် တရုတ်မှ A အဆင့် ရှိသည့် ရှယ်ယာများကို ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ၄င်းအချိန်မှစ၍ တရုတ်စတော့ဈေးကွက်ကြီး၏ ပမာဏသည် ဒေါ်လာ 11 ဘီလီယံ တိုးလာခဲ့သည်။ 

       တရုတ်စတော့ဈေးကွက်ကြီးမားလာခြင်းက နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းကြီးများကို ၄င်းတို့၏ ပေါ်ဖိုလီယိုထဲ၌ တရုတ် ၏ A ရှယ်ယာများ ဝယ်ယူစုဆောင်းဖို့ တွန်းအားဖြစ်လာစေသည်။ ယခုအခါ ၄င်းရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းကြီးများ၏ ရှယ်ယာလက်ဝယ်ထားရှိမှု စုစုပေါင်း ဒေါ်လာ 4.75 ထရီလီယံ ခန့်ရှိနေပြီ ဖြစ်သည်။ 2015 နှင့် 2016 နှစ်များတွင်တော့ တရုတ်စတော့ဈေးကွက်တွင်း စီးလိုက်မျော၍ ရောင်းဝယ်မှုများ အဆမတန် များပြားခဲ့သောကြောင့် ဈေးနုန်း အလှုပ်ခတ်များခဲ့သည်။ ကြီးမားလှပါ၏ ဆိုသော တရုတ်စတော့ဈေးကွက်အတွင်း တရုတ်ပြည်သူတို့၏ စတော့ရှယ်ယာ ပိုင်ဆိုင်မှု မှာ 7% သာ ရှိသည်။ အဆိုပါ 7% ထဲကမှ တရုတ်လူချမ်းသာများက 80% နေရာယူထားကြပြီး ၄င်းလူချမ်းသာကြီးများ၏ အရောင်းဝယ်ပြုလုပ်မှုများက စတော့ဈေးနုန်း အရွေ့ ကို ဖြစ်ထွန်းစေနိုင်သည်။ 

       တရုတ်ပြည်မကြီးတွင် စတော့အိတ်ချိန်း 2 ခုရှိလေသည်။ ၄င်းတို့မှာ Shanghai နှင့် Shenzhen အိတ်ချိန်းတို့ ဖြစ်ကြပြီး 1990 ခုနှစ်တွင် တရုတ်အစိုးရမှ တိုင်းပြည်စီးပွားရေးကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲဆောင်ရွက်ခဲ့ချိန်တွင် ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ဟောင်ဟောင်စတော့အိတ်ချိန်းကတော့ တရုတ်စတော့အိတ်ချိန်းနှင့် ပူးတွဲထားသည်။ 

       Shanghai စတော့အိတ်ချိန်း ကတော့ တရုတ်တွင်အကြီးဆုံးဖြစ်ပြီး 2015 ခုနှစ်စာရင်းအရ ဈေးကွက်အရင်းပြုတန်ဖိုး (Market Capitalization) ဒေါ်လာ 4.71 ထရီလီယံ ပမာဏရှိသည်။ Shanghai စတော့အိတ်ချိန်း (SSE) တွင် စာရင်းတင်ထားသည့် ကုမ္ပဏီ အများစုက တရုတ်တွင်အကြီးဆုံးကုမ္ပဏီများဖြစ်ကြပြီး တိုင်းပြည်စီးပွားရေး တိုးတက်မှု အတွက် အရေးပါလှသည့် ကုမ္ပဏီများလည်းဖြစ်ကြသည်။ ၄င်းအိတ်ချိန်းတွင် ရင်းနှီးမြုပ်နှံကြသူအများစုမှာ ပင်စင်ရံပုံငွေ အဖွဲ့များနှင့် ဘဏ်များ ဖြစ်ကြသည်။ SSE က ရှန်ဟိုင်းမြို့တွင် တည်ရှိသည်။ 

      Shenzhen စတော့အိတ်ချိန်း (SZ) ကတော့ SSE လောက်မကြီးပေ။ ဈေးကွက်အရင်းပြုတန်ဖိုးသည်လည်း 2015 ခုနှစ်စာရင်းအရ ဒေါ်လာ 3 ထရီလီယံ သာရှိသည်။ SZ ကတော့ ရှန်းဇန်းမြို့ တွင်ရှိသည်။ ဟောင်ကောင်ကနေ 2 နာရီခန့်သာ မောင်းနှင်ရပြီး ရင်းနှီးမြုပ်နှံသူများဝင်ရောက်နိုင်သည့် အချက်ချာ ကျသည့် မြို့ ဖြစ်သည်။ SZ တွင် စာရင်းတင်ထားသည့် ကုမ္ပဏီငယ် အများစုကတော့ တိုင်းပြည်စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် အလွန်အရေးပါလှသည်။ ၄င်းကုမ္ပဏီများထဲတွင် အများစုမှာ နည်းပညာဆန်းသစ်တီထွင်သော ကုမ္ပဏီများလည်းပါဝင်ပြီး အမေရိကန် နည်းပညာစတော့အိတ်ချိန်းကြီးဖြစ်သည့် NASDAQ နှင့် ဆင်တူယိုးမှား ဖြစ်အောင် ပြုလုပ်ထားသည်။ 

        Hong Kong စတော့အိတ်ချိန်းနှင့် စာရင်းရှင်းလင်းရေး တာဝန်ယူသည့် ကုမ္ပဏီ (HKEx) တွင်တော့ စတော့ဈေးကွက်ရော ဆင့်ပွားဈေးကွက်(Derivatives market) ပါအရောင်းဝယ်ပြုလုပ်နိုင်သည်။ တရုတ်ပြည်မကြီး ကတော့ ဟောင်ကောင်၏ တရားရေးရာစီမံခန့်ခွဲမှုများကိုခွင့်ပြုထားသည်။ သို့သော် ဟောင်ကောင်ဒေါ်လာ ဖြင့်သာ စာရင်းရှင်းလင်းရေး ပြုလုပ်ကြပြီး 2047 ခုနှစ်အထိ တရားရေးရာစီမံခန့်ခွဲ ခွင့် ဌာန ခွဲတစ်ခု အဖြစ်ခွင့်ပြုပေးထားသည်။

         2014 ခုနှစ် နိုဝင်ဘာလမှ စ၍ တရုတ်အစိုးရက Shanghai အိတ်ချိန်းနှင့် Hong Kong အိတ်ချိန်းတို့ကို Shanghai-Hong Kong Connect program ဖြင့် ချိတ်ဆက်ထားခဲ့သည်။ ချိတ်ဆက်ထားသော အိတ်ချိန်းစနစ်တွင် တရုတ်ပြည်သူတို့ နေ့စဉ် ရောင်းဝယ်ခွင့် ပမာဏကို ဒေါ်လာ 1.7 ဘီလီယံ အထိ ခွင့်ပြု ထားပါသည်။ ၄င်း စတော့အိတ်ချိန်းများမှ ရောင်းဝယ်မှုများက သမ္မတ ရှီကျင်ပင်း ၏ စီးပွားရေးပြုပြင်ပြောင်းလဲမည့် စီမံချက်များအတွက် လွန်စွာအထောက်ကူ ပြုလေသည်။ ထူးခြားချက်ကတော့ Hong Kong စတော့အိတ်ချိန်းမှ စတော့ရှယ်ယာဈေးနုန်းများက Shenzhen စတော့အိတ်ချိန်း ထက် 25% လောက် ဈေးနုန်းချို သာလေ့ရှိသည်။ အကြောင်းရင်းကတော့ ပြည်တွင်းရင်းနှီးမြုပ်နှံသူများ အားဆွဲဆောင်မှု ဖြစ်စေလိုခြင်းပင်ဖြစ်သည်။ 

             စတော့ညွှန်းကိန်းများ -
      SHCOMP စတော့ညွှန်းကိန်း (Shanghai Composite Index) က SSE မှ စတော့ရှယ်ယာများကို ခြေရာခံပြီး ညွှန်ပြပေးသည်။ SSE တွင်နေ့စဉ် ရောင်းဝယ်နေသော A အဆင့် နှင့် B အဆင့်ရှယ်ယာများ၏ ဈေးနုန်းများအပြောင်းလဲကို တိုင်းတာပြီး ညွှန်းကိန်းအနေဖြင့် အတက်အကျ ပြပေးသည်။ ကုမ္ပဏီငယ်များ ထက် ကုမ္ပဏီကြီးများ ၏ စတော့ရှယ်ယာဈေးနုန်း အတက်အကျများက SHCOMP စတော့ညွှန်းကိန်းအပေါ် သက်ရောက်မှုရှိသည်။ ဈေးကွက်အရင်းပြု တန်ဖိုးကို အခြေခံပြီး တွက်ချက်သည့် ညွှန်းကိန်းဖြစ်ပြီး အမေရိကန် S&P 500 ညွှန်းကိန်း၏ လုပ်ဆောင်ပုံနှင့် ဆင်တူသည်။ 

       Shenzhen စတော့ညွှန်းကိန်း(SZCOMP) ကတော့ SZ တွင်ရောင်းဝယ်နေသော A , B ရှယ်ယာများအားလုံးကို ခြေရာခံ တိုင်းတာပြီး ဈေးကွက်အရင်းပြု တန်ဖိုးကို အခြေခံပြီး တွက်ချက်သည့် ညွှန်းကိန်းဖြစ်သည်။ Hang Seng စတော့ညွှန်းကိန်း (HSI) ကတော့ ဟောင်ကောင် စတော့အိတ်ချိန်းတွင် အရောင်းဝယ်အများဆုံးပြုလုပ်နေကြသည့် ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာဈေးနုန်းများကိုသာ ခြေရာခံတိုင်းတာသည်။ HSI စတော့ညွှန်းကိန်းတန်ဖိုးအပေါ် မည်သည့်ကုမ္ပဏီကမှ 10% ထက်ပိုပြီး ကိုယ်စားပြုနိုင်ခြင်း မရှိပေ။ 

စာကြွင်း - စတော့ညွှန်းကိန်းတန်ဖိုး အတက်အကျများကို ကြည့်ခြင်းအားဖြင့် ၄င်းညွှန်းကိန်း ကိုယ်စားပြုသည့် စတော့ရှယ်ယာများ၏ တန်ဖိုး အတက်အကျကို သာမက စတော့ဈေးကွက်ကြီး တစ်ခုလုံး၏ အခြေအနေကိုပါ ခြုံငုံ သုံးသပ်နိုင်ပါသည်။ 

Monday, 15 April 2019

ဒေါ်လာ ၁.၃ သန်းတန်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ရေမွှေး

ဒေါ်လာ ၁.၃ သန်းတန်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ရေမွှေး

ဧပြီ - ၁၃၊ ၂၀၁၉

အရည်အသွေးမြင့် ရေမွှေးတွေကို ဈေးကြီးကြီး ပေးဝယ်ရတာ မဆန်းပါဘူး။ 

ဒါပေမဲ့ Shamukhကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ရေမွှေးလို့ ညွှန်းဆိုနိုင်ပါတယ်။

ဒီစကားလုံးဟာ အာရပ် ဝေါဟာရဖြစ်ပြီး အမြင့်ဆုံးအဆင့်နဲ့ ထိုက်တန်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။

စုစုပေါင်း ၃ လီတာပဲရှိတဲ့ ရေမွှေး အရည်ကို ရရှိဖို့ သုံးနှစ် အချိန်ယူ ထုတ်လုပ်ခဲ့ရပါတယ်။ သုတေသန စမ်းသပ်မှုတွေ ၄၉၄ ကြိမ် ပြုလုပ်ခဲ့ရပါတယ်။

ဒီရေမွှေးကို အီတလီထုတ် Murano ပုံဆောင်ခဲ ပုလင်း အကောင်းစားထဲ ထည့်ပြီး ဒေါ်လာ ၁.၃ သန်းနဲ့ ရောင်းချထားပြီး ဖြစ်ပါတယ်။ 

ပုလင်းပေါ်မှာတော့ အာရပ်ရိုးရာ မြင်းရိုင်းတွေ၊ နှင်းဆီပွင့်တွေ ထုဆစ်ထားပြီး ရွှေသိန်းငှက်တစ်ကောင်နဲ့ ကမ္ဘာလုံးပုံတွေ ထည့်သွင်း အလှဆင်ထားပါတယ်။

အဲဒီပုလင်းကြီးမှာ စုစုပေါင်း ၃၈.၅၅ ကာရက် အလေးချိန်ရှိတဲ့ စိန်ပွင့် ၃၅၇၁ ပွင့် စီခြယ်ထားပါတယ်။ 

ပုလဲလုံးကြီးတွေ၊ ၂.၅ ကီလိုဂရမ် လေးတဲ့ ၁၈ ကာရက် ရွှေပြားတွေနဲ့ ၅.၉ ကီလိုဂရမ် လေးတဲ့ ငွေသားသတ္တုတွေကိုလည်း ထည့်သွင်း တန်ဆာဆင်ထားပြန်ပါသေးတယ်။ 

တန်ဖိုးကြီး ရေမွှေး အမှတ်တံဆိပ် Nabeelရဲ့ လက်အောက်ခံ The Spirit of Dubaiက Shamukhရေမွှေးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာအနှံ့က အမွှေးနံ့သာ အမျိုးအစား ပေါင်းစုံကို ယူဆောင်လာပြီး ဒီရေမွှေးအတွက် ထည့်သွင်း ပေါင်းစပ်ထားကြောင်း ကုမ္ပဏီက ကြေညာပါတယ်။ 

စန္ဒာကူး အနှစ်တွေ၊ တူရကီ နှင်းဆီတွေ၊ အိန္ဒိယ သစ်မွှေးတွေ၊ တိဘက်က ကတိုးသမင်တွေ အပါအဝင် အကောင်းဆုံး ကုန်ကြမ်း ရင်းမြစ်တွေကို ဒီရေမွှေး ဖော်စပ်ရာမှာ အသုံးပြုထားပါတယ်။ 

ဒီရေမွှေးကို ဘယ်သူက မှာယူခဲ့သလဲ ဆိုတာကိုတော့ မကြေညာသေးပါဘူး။ Shamukh ရေမွှေးပုလင်းကို မတ်လကုန်ထိ ဒူဘိုင်းမှာ ခမ်းခမ်းနားနား ပြသထားခဲ့ပါတယ်။

Wednesday, 10 April 2019

၂၀၁၉ခုနှစ် ဧပြီလ( ၁၀)ရက် ဖရဲမှာရှမ်းသီးများအားကောင်းနေတဲ့အချိန်

၂၀၁၉ခုနှစ် ဧပြီလ( ၁၀)ရက်  ဖရဲမှာရှမ်းသီးများအားကောင်းနေတဲ့အချိန်ကာလပါ။

ရှမ်းပြည်ထွက်ဖရဲဆိုတာရှမ်းပြည်မြောက်ပိုင်း(၁၀၅)မိုင်ဈေးကွက်နဲ့အဝေးဆုံး(၁၅၀)မိုင်အနီးဆုံး(၂)မိုင်အတွင်းဒေသထွက်ဖရဲသီးများပါ။

ဆိုတော့လတ်ဆတ်မှု၊သယ်ပို့စရိတ်များတပန်းသာပါတယ်။ခားဆွတ်ပြီးအများဆုံး(၈)နာရီလောက်အတွင်းဈေးကွက်ကိုရောက်ရှိပါတယ်။အရည်အသွေးမီထုတ်လုပ်နိုင်မှုကလည်းအများစုကProfessional နည်းပညာရှင်တွေ။စပ်မျိုး ကိုင်းကူးနည်းပညာတွေသုံးနေကြတာ။တရုတ်နဲ့နီးစပ်တော့နည်းပညာအထောက်အပံ့ကောင်းတယ်။

ဒီကာလမှာအရည်အသွေးနဲ့သယ်ပို့စရိတ်ကွာဟတဲ့အဝေးနယ်ကဖရဲတွေဈေးကွက်မှာတိုးလို့မရတော့ပါဘူး။မန္တလေး ရန်ကုန်ကချင် နဲ့မွန် ကရင်ကဖရဲများချင့်ချိန်တွက်ဆပြီးမှတင်သင့်တယ်။ဈေးမရနိုင်တော့ပါ။



16တန်စီးပြတ်ဈေးများ

855ဖရဲကြား  20000-40000¥
လုပေါင်း     20000-40000
အဖြူသီး     20000-37000
ကျွန်းသီး     13000-18000

ဂျပ်ဖာများတန်ချိန်ဈေး…

ထဲန်ဝမ်AAA.    - 3500-3800¥
              A-AA -2500-3000¥ .
                B-C. -1800-2300


ရွှေသခွားဈေး(တ-န်ချိန်)-3500-8000¥
အခြားသခွား   - 3000-5500¥
(ရောင်းတန်းဝင်အရည်အသွေးများသာ)
ငွေဈေး1¥= 217ခန့်

ဝမ်တိန်ကွင်း 09401592776

Tuesday, 26 March 2019

အနောက်ကို မျော်ကိုး၍ တိုင်းပြည်မွဲနိုင်တယ်

အနောက်ကို လျောက်ပါလို့

မကြာသေးမှီ က လန်ဒန် တွင် ဗြိတိသျှ ကုန်သည်ကြီးများ အသင်း၏ ကမကထ ပြုမှု ဖြင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ၀န်ကြီး ဦးသောင်းထွန်း၊ စီမံ ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်၊ ဗဟိုဘဏ် ဒုက္ကဌ ဦးဘိုဘိုငယ် တို့ ဦးဆောင်တဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ဇာ အဖွဲ့နှင့် ဗြိတိန် ရှိ ကုန်သည်ကြီးများ တွေဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲကို ကိုယ်တိုင် ကိုယ် ကျ တက်ရောက် သတင်းယူခဲ့တဲ့ လာရီ ဂျေဂင် က ဘန်ကောက်ပို့စ် ရေးသားချက်ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

အဓိကကတော့ ရင်းနှီးမြုပ်နှံပြီး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရေး အားလုံးအဆင်ပြေအောင် အစိုးရမှအထူးစီမံပေးသွားမှာကို သွားရောက် ရှင်းလင်း ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်များက ကြိုးနီ စနစ်များ အလွန်အကျွံ ရှိနေခြင်း။ အကျင့်ပျက် ခြစားမှု များ နဲ့ အခြေခံ အဆောက်အအုံ တို့ အားနည်းခဲ့မှုများ ဆက်လက်ရှိနေခဲ့ခြင်းတို့ကြောင့် ပြည်ပ ရင်းနှီးမြုပ်နှံသူများစိတ်ဓါတ်ကျစရာ ဖြစ်ခဲ့တာကို ၀န်ခံခဲ့ပြီး ပြောင်းလဲနေပြီ ဖြစ်ကြောင်း လည်း ဦးသောင်းထွန်းက ပြောခဲ့ပါတယ်။

သို့သော် ကမ္ဘာနိုင်ငံ များ ရှိ စီးပွားရေး လုပ်ငန်း များ လုပ်ကိုင်မှု အဆင်ပြေဆုံး စစ်တမ်းတွင် မြန်မာသည် နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၁ ဖြစ်နေပြီး ကမ္ဘောဒီယား। လာအို နဲ့ ဗီယက်နမ် တို့အောက် များစွာ ရောက်နေဆဲ ဖြစ်တာကို ၀န်ခံခဲ့ပြီး မိမိတို့ မှ အနည်းဆုံး ၁၀၀ အောက် ရောက်တဲ့ အထိ ကြိုးစားမယ်ဆိုတာ လည်း ကတိပြူသွားခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး ရှိနေတဲ့ ထိုင်းနိုင်ငံပင် အဆင့် ၂၇ မှာ ရပ်တည်နေပါတယ်။

မြန်မာ အစိုးရ အနေဖြင့် နိုင်ငံတနို်င်ငံတည်း အထူးသဖြင့် တရုတ် အပေါ် ကိုသာ မှီခိုနေရသည့် အဖြစ်မှ ကင်းလွတ်အောင် အထူးကြိုးစားနေပြီး ဂျပန်၊ ဟောင်ကောင်၊ ကိုရီယား နဲ့ ထိုင်း နိုင်ငံများ မှာ အလားတူ ပွဲများ ကျင်းပခဲ့ပြီး အရှေ့ကို လျှောက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလန်း များ ပေါများကြွယ်ဝမှု ကို တက်ရောက်လာသူ ဗြိတိသျှ လုပ်ငန်းရှင်များ အားလုံး က အသိအမှတ် ပြုခဲ့ကြသော်လည်း လူပေါင်း ရှစ်သိန်း ခန့် တိုင်းပြည်မှ ထွက်ပြေးရလောက်သည်အထိ လူ့အခွင့်အရေး များ ဖေါက်ဖျက်ခဲ့သော စစ်တပ်အား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ မှ ထိမ်းချုပ်ဖို့ အာဏာ မရှိ ဖြစ်နေမှုများ အတွက် စိတ်ထဲမှာ သောင်မတင် ရေမကျ ဖြစ်နေကြတယ်လို့ လာရီ ဂျေပင် က သုံးသပ်ပါတယ်။

ထို့အပြင် ဘဏ္ဍာရေး နဲ့ ဗြုရိုကရက်များ က အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲမှု များ ကို အပြင်းအထန် ဆန့်ကျင်နေဆဲ ဖြစ်တာ ကို သိနေကြတဲ့ အတွက် ဘယ်လိုများ လုပ်သွားကြမလဲ ဆိုတာ သိချင်နေကြပြန်ပါတယ်။

သို့သော်လည်း အစိုးရသည် စီးပွားရေး ကို အားသွန်ခွန်စိုက် လုပ်ပမ်း လာနေတာကို အသိအမှတ် ပြုလာကြတာ တွေ့ရပါတယ်။

ဘဏ်လုပ်ငန်း များ နဲ့ ပါတ်သက်ပြီး အတိုးနှုန်းများ လျော့ပေါ့ ပေးမည့် အစီအစဉ်များ। နိုင်ငံခြားငွေ လဲလှယ်ရေး စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေး၊ ဘဏ္ဍာရေး ကဏ္ဍ များမှ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပေးရေး တို့ ပါဝင်ပါတယ်။

ဦးဘိုဘိုငယ် ရဲ့ အပြောအရ ငွေအပေးအယူ ပြုလုပ်ရာမှ အဆင်ပြေစေရေး အတွက် မြန်မာကျပ်ငွေ သုံးသောင်း နှင့် ငါးသောင်းတန်များ ထုတ်ဝေ ဖြန့်ချီ ဖို့ အစီအစဉ် ရှိကြောင်း အရိပ်အမြွက် ပြောသွားခဲ့တယ်လို့ လာရီ ဂျေဂင်က ဆိုပါတယ်။

တချိန်တည်းမှာ ရန်ကုန် နဲ့ အခြားမြို့ကြီးတွေမှာ ခေတ်စားလာနေပြီ ဖြစ်တဲ့ ဒီဂျစ်တယ် နှင့် မိုဘိုင်း အသုံးပြု ငွေလွှဲသည့် စနစ်ကို တရုတ်၊ ဂျပန် စင်္ကာပူ တို့ကို အတုယူပြီး ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

ယခုအခါ နိုင်ငံခြား ကုမ္ပဏီ များ အဖို့ ပြည်တွင်း လုပ်ငန်းများမှာ ၃၅% အထိ ပိုင်ဆိုင်ခွင့် ပေးတဲ့ ဥပဒေကိုလည်း ယမန်နှစ်က ပြဠာန်း ပေးခဲ့ပြီး ဖြစ်ပါတယ်။

အသက်အာမခံ လုပ်ငန်းများ ဆောင်ရွက်ဖို့ ရွေးချယ် ထားတဲ့ ပြည်ပ ကုမ္ပဏီ များ စာရင်းကို မတ်လ ၂၉ ရက်နေ့မှာ ကြေငြာသွားမယ်လို့ ဦးစက်အောင်က ဆိုပါတယ်။ ထိပ်ဆုံးမှ ပြေးနေတဲ့ ကုမ္ပဏီများကတော့ AIA, Prudential နဲ့ ဂျပန် ကုမ္ပဏီများပဲ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်း အတွေ့အကြုံများ ပေါ် မူတည်ပြီး ကျန်းမာရေး၊ မီးဘေး၊ ယာဉ်မတော်တဆမှု များ နဲ့ ပစ္စည်းခိုးယူခံရခြင်း အာမခံ လုပ်ငန်း များ ကို ဆက်လက် တိုးချဲ့သွားဖို့ ရှိနေပါတယ်။

အဆိုပါ အာမခံ များကို ပြည်တွင်း ဘဏ် ဖြစ်တဲ့ ဧရာဘဏ်မှ တဆင့် လောလောဆယ် ရောင်းချပေးသွားဖို့ ရှိနေပြီး အခြား ဘဏ်များလည်း ပါဝင်နိုင်ဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ငွေချေး လုပ်ငန်း များ ၀င်ရောက်လုပ်ကိုင်ဖို့ အစုစပ် ပါဝင်နို်င်ရန် စင်္ကာပူ Sovereign Wealth Fund GIC သည် ရိုးမ ဘဏ် နဲ့ ဆွေးနွေးနေသလို၊ ထိုင်း နိုင်ငံ ရှိ အယုဒ္ဓယ ဘဏ်မှလည်း မြန်မာ အရှေ့တိုင်း ဘဏ် နဲ့ ပြောဆိုမှုတွေ ရှိနေပြီး ကိုရီယား ဘဏ် ဖြစ်တဲ့ Hana သည်လည်း စိတ်ဝင်စားကြောင်း ပြသနေပြီ ဖြစ်ပါတယ်။

ပြည်ပ ရင်းနှီးမြုပ်နှံသူများ အနေနဲ့ စိတ်ရှည်ဖို့သာ များလိုကြောင်း ဦးဆက်အောင်က လန်ဒန်မှာ ပြောသွားခဲ့တယ်လို့ လာရီ ဂျေဂင် ရဲ့ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။



Doing Business in Myanmar 2019 by on Scribd



ဝမရှိဘဲ ၀ိမလုပ်ခြင်စမ်းပါနှင့်!

တကယ့်ဖြစ်နိုင်တာဘဲ တန်ရာလုပ်ကျပါ။


အဲ့! မိမိဖက်က တဖက်သတ် မခံရအောင်တော့ မိမိ အသိပညာတွေနှင့် ဆင်ခြင်တွေးတောတတိဖို့တော့လိုအပ်ပါတယ်နော်!


ဘာဘာ ဘာမှမသိရင်တော့ ခံပေါ့နော်? 


အနောက်နိုင်ငံတွေကိုမျော်ကိုး နေရင် တိုင်းပြည်ပြာကျမွဲသွားနိုင်တယ်!


နယ်ချဲ့အရင်းရှင်တွေဆိုတာ ကိုယ့်နိုင်ငံ ကိုယ့် လူမျိုးတွေအတွက်ကောင်းစားရေးဘဲ လုပ်တာဗျ? 


ဒီမှာဖတ်တာကြည့်တော့နော်?



Statutory guidance

Burma (Sanctions) (EU Exit) Regulations 2019: guidance

Published 31 January 2019