Popular Posts

Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Friday, 15 March 2019

Boeing 737Max Maneuvering Vharateristics Auymentation System

တနေ့ကအီသီယိုပီးယားလေယာဉ်ပျက်ကျရာမှာ အဲလိုင်း CEO ကသတင်းသမားတွေကိုပြောခဲ့တယ် !

" လေယာဉ် take off လုပ်ပြီး ပိုင်းလော့က technical difficulties ရှိလို့ပြန်လှည့်မယ်ဆိုရာမှာလေကြောင်းထိမ်းကပြန်လှည့်ခွင့်ပြုထားပီး" လို့ဆိုခဲ့တယ် .., 
အဲ့လိုသာဆိုရင် တက်ပီး ၆ မိနစ်လောက်အမြင့်ပေ ၉၀၀၀ လောက်မှာဖြစ်တဲ့အခုဖြစ်စဉ်နဲ့ တက်ပြီးပေ ၅၀၀၀ ကျော်မှာအင်ဒို lion air  ဖြစ်ခဲ့တဲ့ကေ့စ်ကတူနေပါတယ် .. 



လေယာဉ်ဆိုတာက လေထဲမှာပျံသန်းရတာဆိုတော့ လေယာဉ်ထုတ်လုပ်သူတွေကလဲအသစ်တွေထုတ်တိုင်း Safety အတွက်ကော၊ Operations ပိုင်းတွေမှာလွယ်ကူအောင် နည်းပညာမြင့်တာတွေထည့်သွင်းကြပါတယ် ... 
Stall ဆိုတဲ့ အကြောင်းကြောင်းကြောင့် လေယာဉ်ခေါင်းကြီးအများကြီးထောင် Speed တွေကျလာရင်ပြုတ်ကျခြင်းမျိုးမဖြစ်အောင် အဲ့လိုအချိန်ဆိုနောက်အမြီးပဲ့ထိန်းကနေခေါင်းကိုပြန်ချပေးတဲ့စနစ်မျိုးတွေပေါ့ .., 

လွန်ခဲ့တဲ့ ၂၃ နှစ် ကျော်လောက်ကကျွန်တော်တို့အမောင်းသင်ခဲ့တဲ့လေယာဉ်ကစလို့ အဲလိုင်းတွေမှာမောင်းခဲ့ဘူးတဲ့လေယာဉ်အမျိုးအစားတွေမှာ အဲ့ဒီလိုစနစ်တွေမပါပါဘူး .., 
ဖြစ်လာရင်ပိုင်းလော့ကပဲ recover လုပ်ရတယ် .. 
ဒီဘက်နောက်ပိုင်းထုတ်တဲ့လေယာဉ်တွေမှာတော့ Stall နဲ့ပါတ်သတ်တဲ့ Protections စနစ်တွေထည့်လာကြပါတယ် .... 
Lion Air အက်စီးဒင့်ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကတော့ B737 Max မှာ တပ်ထားတဲ့ Stall protection စနစ်ဖြစ်တဲ့ MCAS (Maneuvering Characteristics Augmentation System) ကြောင့်ပါတဲ့ ... 
အခုအီသီယိုပီးယားလေယာဉ်လဲအဲ့လိုကြောင့်ပဲဖြစ်နိုင်ပါတယ် .., 
Lion Air ဖြစ်ပီးတဲ့နောက်ဘာကြောင့်ဆိုတာအဖြေရှာတွေ့တာနဲ့ဘိုးရင်းကနေ အဲလိုင်းတွေဆီကို နောက်တခါအဲ့လိုဖြစ်ရင်လုပ်ရမဲ့ Procedure လုပ်ဆောင်ချက်ကိုထုတ်ပြန်ပေးထားပါတယ် ... 
အခုဖြစ်သွားတဲ့အီသီယိုပီးယားလေကြောင်းရဲ့ CEO ကတော့သူ့ဆီက B737 Max မောင်းတဲ့ပိုင်းလော့တွေဟာအဲ့ဒီထုတ်ပြန်ချက်ကိုသိရှိပြီး Procedure ကိုနားလည်သဘောပေါက်ပီးသူတွေပါတဲ့ .... 
သို့ပေမဲ့အဲဒီထုတ်ပြန်ထားတဲ့ procedures ကပဲလိုအပ်လို့လား ? ဘာကြောင့်လဲတော့မသိ အင်ဒိုလေယာဉ်ပြီး နောက်ထပ်လူ ၁၅၀ ကျော်စလုံးသေဆုံ့းရတဲ့အက်စီးဒင့်ဖြစ်ခဲ့ရတာပါပဲ ..

အဲ့ဒီလိုဖြစ်စဉ်ကို လေယာဉ်တုမှာထည့်ကျင့်ရမရတော့ ဘိုးရင်း မမောင်းဘူးလို့မသိပါ ... 
ဘိုးရင်းအနေနဲ့ကတော့အခုဆိုသူတို့အမေရိကန်မှာပါအဲ့ဒီလေယာဉ်တွေမပျံသန်းပဲမြေပြင်မှာရပ်တော့မယ်ဆိုတော့ B737 Max လေယာဉ်တွေလောလောဆယ်မပျံသန်းတော့ပါဘူး ..
အဲ့ဒီ MCAS စနစ်ကိုပြန်လည်ပြုပြင်ဖို့စဉ်းစားမလား? (သို့) လေယာဉ်တုတွေမှာအဲ့လိုမတော်တဆဖြစ်ရင်ဘယ်လိုလုပ်ရင်ကျော်လွှားနိုင်မလဲဆိုတာသေချာအောင်လုပ်မလား ? Design အင်ဂျင်နီယာတွေ၊ Test Pilots တွေသေချာတဲ့အကောင်းဆုံးအဖြေထုတ်လာနိုင်မှပဲအဲ့ဒီလေယာဉ်တွေလေထဲပြန်ရောက်ပါလိမ့်မယ် ..
တကယ်တော့လေယာဉ်တွေမှာ Technical errors တွေရှိတတ်ပေမဲ့ ဒီလောက်ကြီးမားတဲ့မှားယွင်းမှု့တော့မကြားဘူးသေးပါဖူး .. 

ဖြစ်သွားတဲ့ဖြစ်စဉ်တွေကို စဉ်းစားမိတဲ့အခါ protections စနစ်ကခေါင်းထိုးချလိုက် ပိုင်းလော့ကပြန်ဆွဲတင်လိုက်နဲ့ စီးဆော့လိုဖြစ်နေမှာပဲ .. 
နောက်ဆုံး Fight ရင်းနဲ့ပဲခေါင်းစိုက်ဆင်းသွားမဲ့အရေးမှာ ပိုင်းလော့တွေကော ပါလာတဲ့ခရီးသည်တွေပါစိုးရိမ်ကြောင့်ကျအော်ဟစ်ရင်းနဲ့ပဲထိုးကျသွားမယ့်အခြေအနေလားလို့မသက်မသာတွေးမိတယ် ...
လေယာဉ်သားများနဲ့ခရီးသည်များ RIP 😥😥

အခုခေတ်လေယာဉ်တွေဟာအော်တိုမေးရှင်းတွေအများကြီးသုံးလာကြတယ် .., 
နောက်ဆုံးထုတ် အဲဘတ်စ် A350 တို့၊ ဘိုးရင်းဒရင်းလိုင်နာ B787 တို့မှာဆိုရင်တစီးနဲ့တစီးလေထဲမှာတိုက်ဖို့ဆုံသွားရင်တောင်ပိုင်းလော့ကလုပ်စရာမလိုတော့ပဲ အော်တိုမတ်တစ်အပေါ်အောက်တိမ်းရှောင်ကြမှာဖြစ်ပါတယ် .., 
လက်ရှိကျွန်တော်တို့မောင်းနေတဲ့လေယာဉ်တွေမှာတော့ပိုင်းလော့ကပဲ ဒိုင်ခွက်မှာပေါ်တဲ့အတိုင်းလိုက်လုပ်ပေးရပါတယ် ..,

အော်တိုမေးရှင်းတွေတိုးတို့ထည့်လာရင်းနဲ့နောင်တခေတ်ရဲ့လေယာဉ်တွေမှာ Flying Without Pilots အထိသွားဖို့ရည်ရွယ်နေကြသလားမသိ ...
အမေရိကန်သမ္မတ Donald Trump ကဘိုးရင်း Max ပြဿနာနဲ့ပါတ်သတ်ပြီးတွစ်တာမှာရေးထားတယ် ., 
" လေယာဉ်တွေဟာပျံသန်းမောင်းနှင်ဖို့ရှုပ်ထွေးလာပြီ .. MIT တွေကနေကွန်ပြူတာသိပ္ပံပညာရှင်တွေပဲလိုပြီးပိုင်းလော့တွေနောက်ဆိုမလိုတော့ဘူးပုံစံမျိုးတွေ့နေရတယ် .., လူတွေဟာဟောင်းပေမဲ့ပိုမိုလွယ်ကူရိုးရှင်းနေတာတောင် မလိုအပ်ပဲနောက်ထပ်ခြေလှမ်းတွေရှာဖွေနေကြတယ် ... 
စက္ကန့်ပိုင်းဆုံးဖြတ်ချက်ဟာလိုအပ်ပါတယ် ., ရှုပ်ထွေးမူ့ဆိုတာအန္တရာယ်ကိုဖန်တီးခြင်းပဲ .. 
ပိုက်ဆံတွေအများကြီးအကုန်ခံရပေမဲ့ရလာဘ်ကတော့နည်းပါတယ် .. 
မင်းတို့တော့မသိဘူး ., ငါကတော့ငါ့ပိုင်းလော့အဖြစ် အဲလ်ဘတ်အိုင်းစတိုင်းကိုမလိုချင်ဘူး ..
လေယာဉ်ပျံကိုလွယ်ကူပြီးလျင်မြန်စွာထိမ်းချုပ်မောင်းနှင်တတ်တဲ့ ကြီးကျယ်တဲ့အတွေ့အကြုံရှိလေသူရဲပိုင်းလော့များသာအလိုရှိတယ်" 
.........

ဒီလို IT ခေတ်ကြိးရဲ့products အတော်များများမှာကွန်ပြူတာတွေကလူထက်သာလွန်စွာလုပ်ဆောင်နိုင်ပေမဲ့ ပြန်လည်သတိထားရမှာကကွန်ပြူတာဆိုတာလူကလုပ်တာပါ ..
လူမှာ errors ရှိတတ်သလို ကွန်ပြူတာတွေမှာလဲ errors ရှိတတ်တာတွေ့ဖူးမှာပါ .. 
လူမပါပဲစက်တွေမောင်းတဲ့လေယာဉ်ပေါ်လိုက်ရဲကြတဲ့တနေ့ကျွန်တော်တို့ပိုင်းလော့တွေအလုပ်ပြုတ်တဲ့နေ့ပေါ့ 😔
ဒါပေမဲ့ တခါတလေတော့လဲ ဒေါ်နယ်ထရန့်ပြောသလိုလောကကြီးမှာရိုးရှင်းခြင်းကပိုကောင်းတယ်လို့ဆိုတော့လေယာဉ်ပျံလေထဲမှာမောင်းနှင်ဖို့ကျွန်တော်တို့လိုလေသူရဲပိုင်းလော့တွေဟာ မရှိလို့မဖြစ်သေးဘူးဆိုတာသေချာနေပါတယ် ... 😊

ရွှင်လန်းချမ်းမြေ့ပါစေ 
ပိုင်းလော့ကြီး ထွန်းထွန်းဝင်း ၁၄.၃.၂၀၁၉

Monday, 11 March 2019

၂၁ ရာစု ပိုးလမ်းမ နဲ့ အကြွေးထောင်ခြောက် (BRI နဲ့ Debt Trap)🗣

၂၁ ရာစု ပိုးလမ်းမ နဲ့ အကြွေးထောင်ခြောက် (BRI နဲ့ Debt Trap)🗣

(ရခိုင်ပြည်နယ်အမတ် ဦးZaw Zaw Myint မှ ရှယ်ပါသည်)။ 

ပြီးခဲ့တဲ့အပတ်က၊ Belt and Road Initiatives (BRI) အကြောင်းကို အင်္ဂလိပ် စာစောင်တွေမှာ ဖတ်မိလိုက်တယ်။ အဲ့ဒါနဲ့စပ်မိပြီး တရုပ်ရဲ့ Debt Traps Diplomacy အကြောင်း ထပ်လေ့လာမိတယ်။ "ဟ-ဒါတွေတော့ ငတို့ရွှေမြန်မာတွေ ကျယ်ကျယ်ပြန့်ပြန့် သိသင့်တယ်ဟ၊ လက်တို့ဦးမှဖြစ်မှာပါ" လို့တွေးမိပြီး၊ ကျွန်တော်ဖတ်မိ၊ မှတ်မိ၊တွေးမိတာလေးတွေကို မျှလိုက်ပါတယ်။ တချို့လဲ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီပိုစ့်လေးဖတ်ပြီး၊ စာဖတ်သူ အသိလေးတစုံတရာ ရပြီး၊ ဖြန့်ကြက်၍ ထပ်တွေးဖြစ်ကောင်းပါရဲ့ဟု ယုံကြည်မိပါသည်။


၁)BRI ဆိုတာဘာလဲ🗣
One Belt One Road လို့လဲခေါ်ကြပါတယ်တရုပ်ရဲ့ ၂၁ ရာစုပိုးလမ်းမစီမံကိန်းကြီးပေါ့။ အဲ့ဒီစီမံကိန်းကြီးဟာ၊ ဥရောပ၊အာဖရိက ကနေ အာရှထိ ကျယ်ပြန့်ပါတယ်။ အဲ့ဒီလမ်းတလျောက်မှာ ရှိတဲ့တိုင်းပြည်တွေမှာ တရုပ်ဟာ သက်ဆိုင်ရာနိုင်ငံတွေကို သူ့ငွေချေးပေးပြီး၊ တံတားများထိုးခြင်း၊ ဆိပ်ကမ်း၊ကားလမ်း၊ရထားလမ်း များတည်ဆောက်ခြင်း။ ရေနံပိုက်လိုင်းများ သွယ်တန်းခြင်း၊ သယံဇာတများတူးဖေါ်ခြင်း စသည့်လုပ်ငန်းများ လုပ်နေခြင်းပါ။


၂)Debt Traps Diplomacy ဆိုတာဘာလဲ🗣
လက်ရှိတရုပ်ရဲ့ ကမ္ဘာ့စီးပွားရေးကို အုပ်စိုးရေး မဟာဗြူဟာကို အကောင်အထည်ဖေါ်ရာမှာ၊ ဖွံ့ဖြိုးမှု့နှိမ့်ကျနေတဲ့ နိုင်ငံတွေအပေါ်အသုံးပြုတဲ့ (Methodology)လုပ်ငန်းဖေါ်ဆောင်ပုံ၊ ဖေါ်ဆောင်နည်းတခုပါ။ အပေါင်ပစ္စည်းထားပြီးမှငွေချေးပေး သော (Asset-based lending)စနစ်ပါ။ မြီရှင်တရုပ်နဲ့ မြီစားနိုင်ငံတို့အကြား နှစ်ဦးသဘောတူ ချုပ်ဆိုပြီး၊ ဆက်ဆံကြတဲ့ Foreign Policy ပါ။

များသောအားဖြင့်၊ အဲ့ဒီလိုစာချုပ်ကို ပြည်သူကိုချမပြကြပဲ၊ ငွေအပေးအယူအတွက် ကြားခံ Contractor ကို အသုံးပြုကြပါတယ်။ ဥပမာ - မြစ်ဆုံအတွက် China Power Investment၊ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် China Communucation Construction Company တို့ဖြစ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ပြန်မဆပ်နိုင်အောင်ကိုပဲ၊ အတိုးများများယူပါတယ်။ ADB, World Bank တို့က အတိုးနှုန်း ၀.၂၅ ကနေ အများဆုံး ၃% ယူတဲ့အချိန်မှာ တရုပ်က အနဲဆုံး ၄% ကနေ ၆% ထိယူပါတယ်။ ပြန်မဆပ်နိုင်မှ အပေါင်ခံပစ္စည်းသူတို့ရမှာကိုး။ သူတို့အပေါင်လက်ခံတဲ့ပစ္စည်းကလဲ ကျွန်တော်တို့ရွာက ဦးအဝါး အမိန့်ရအပေါင်ဆိုင်က လက်ခံတဲ့၊ စက်ဘီး၊ အင်းကျီ၊ ဒံအိုး၊ဒံခွက် မဟုတ်ပါဘူး၊ အဲ့ဒီတိုင်းပြည်ရဲ့အရေးပါတဲ့ ရေ၊မြေ ပိုင်နက်တွေပါ။

အဲဒီးနည်းအရ - သီရိလင်္ကာ ကတော့ ကိုယ့်ထက်စောပြီး တရုပ်ရဲ့ အကြွေးထောင်ချောက်ထဲမိသွားပါပြီ။ အတိုးအရင်းပေါင်း US$ 13 billions တရုပ်ကို ပြန်မဆပ်နိုင်တောတဲ့အဆုံး Hambantota ဆိပ်ကမ်း နဲ့ မြေဧက ၁၅,၀၀၀ တရုပ်လက်ထဲကို နှစ်ပေါင်း ၉၉ နှစ် မင်းတို့လုပ်ခြင်ရာလုပ်ပါတော့ ရယ်လို့၊ မျက်ရည်စက်လက်နဲ့ ပဲ အရင်အစိုးရဒဏ်ဒင်းပဲခံတော့ဟဲ့ ဆိုပြီး၊ အပူလုံးကြွ၊ ရင်ကွဲပက်လက်နဲ့ ၂၀၁၇ ဒီဇင်္ဘာ မှာ တရုပ်လက်ထဲကို ဝကွက်အပ်လိုက်ရတယ်။ 

ရှေ့လူအမြင်မကျယ်၊ ကိုယ့်အတွက်ဘဲကြည့်ုပြီး လုပ်သွားတာကို၊ နောက်လူက ကျောကော့၊ ရင်ကော့ပြီး ခံလိုက်ရပြီပေါ့။ ဆပ်ပေဦးတော့ ၉၉ နှစ်။ ကျွန်ခံပြီး အကြွေးဆပ်တယ်ဆိုတာ ဒါပဲထင်ပါ့။မျက်ပေတုန်း၊ နှာခေါင်းလန်လန် သီရိလင်္ကာအမည်ခံ တရုပ်မျိုးဆက်သစ်တွေ မကြာမှီလာပြီ - မျော်ပေါ့။

သီရိလင်္ကာနောက်ကို လိုက်မှာက ပါကစ္စတန်ပါ၊ သူ့ရဲ့စီးပွားရေး အတော်ကျနေပါတယ်။ ယခုလဲ BRI ရဲ့ အပိုင်းတခုဖြစ်တဲ့ the China-Pakistian Ecomomic Corridor (CPEC) အစီအစဉ် အရ US$62 Billion တန်ဖိုးရှိ စီမံကိန်းတွေချုပ်ဆိုပြီးလုပ်ကိုင်နေပါတယ်။ လှမ်းနေပါတယ် တရုပ်ရဲ့ အကြွေးထောင်ချောက်ဆီ။ မကြာခင် "ဂျပ်" ကနဲ့ ကွိ သွားပါလိမ့်မည်။ ကွိ တောင် ကွိနေပြီလားမသိ။

အဲ့ဒီနောက်ကနေ "အာရှမှာမြန်မာကသာ ....." လို့ သံပြိုင်အော်ရင်း၊ အပြေးအလွား လိုက်နေတာကကျွန်တော်တို့ ရွှေမြန်မာပါ။ အဲ့ဒီပြေးနေတဲ့ ခြေလှမ်း ကျုပ်တို့ ဘယ်လို ချုပ်ကြမလဲ။ မိနေတဲ့ဟာတွေ၊ ဘယ်လိုပြန်ထုတ်ကြမလဲ။ မိထားပြီးတဲ့ဟာကိုတော့ အကောင်းပကတိ ပြန်ရဖို့တော့မမျော်လင့်ပါနဲ့တော့။ ကိုငတေ၊ ဦးငတေ၊ ဘကြီးတေတို့မာဖို့ အတွက် စတေးလိုက်တယ်လို့ပဲ မှတ်လိုက်ကြပါတော့။ ပစ္စယောဟောတု ပြီး ရေစက်ချ အမျှဝေ လိုက်ကြပေတော့။

ကိုယ့်အတွက်ပဲနေတတ်ခဲ့ပြီး၊ သူများအတွက်မနေပေးခဲ့တဲ့၊ သွားလေသူတွေကတော့၊ နိုင်သလောက်အားလေးနဲ့၊ တတ်နိုင်သလောက် ရောင်းစရာရှိတာရောင်း၊ ပေါင်စရာရှိတာပေါင်ခဲ့ပြီးလို့ ဒူးနှံ့စာဖတ်တဲ့သူကဖတ်၊ မုန်းဟင်းခါးလေးစားပြီး၊ နွားနို့ပူပူလေးသောက်တဲ့သူကသောက်။ ဇိမ်ကျချက်။ ကဲ - အမွေဆက်ခံသူတွေဘယ်လိုလုပ်ကြမလဲ။ မြွေပူရာ၊ ကင်းမှောက်၊ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ၊ ကံခေလိုက်ပုံများ။ ဟိုကကန်၊ ဒီကပုတ်။


၃)အမွေဆက်ခံသူတွေဘယ်လိုလုပ်ကြမလဲ🗣

ပိုးလမ်းမတလျောက်မှာ ထောင် ထားတဲ့၊ အကြွးထောင်ချောက်၊ တရုပ်ရဲ့ ခေတ်သစ်နယ်မြေသိမ်းရေး၊ ဗြူဟာထဲမှ လက်နက်တခု။ မိတဲ့သူတွေလဲမိသွားပြီ၊ အဲ့ဒီလမ်းပေါ်မှာလျောက်နေတဲ့သူတွေလဲလျောက်နေပြီ။

"ကျွေးတင်ကျွန်ဖြစ်" ဆိုတဲ့စကားကို တရုပ်ကြီးသေသေချာချာလေ့လာထားပြီး၊ လက်တွေ့ အသုံးချနတယ် ဆိုတာကိုတော့ ကိုရွှေမြန်မာတို့ သိထားဖို့လိုပါလိမ့်မယ်။

အခုကိုဘဲ၊ ခင်ဗျားတို့၊ ကျွန်တော်တို့ အပေါ်မှာတင်နေတဲ့ ပြည်ပအကြွေး US$ 10 Billions မှာ၊ တရုပ်ကိုဆပ်ရမဲ့အကြွေးက 4 Billions လောက်ရှိနေပြီ။ NLD အစိုးရကလဲ အဲ့ဒီတရုပ်ရဲ့အကြံအစည်ကို ရိပ်မိလို့ အဲ့ဒီအကြွေးကို အမြန်ဆုံးပြန်ဆပ်ဖို့ လွှတ်တော်ကနေ တိုက်တွန်းနေတာကို တွေ့ရပါတယ်။ (အရင်အဘ ၂ ယောက်၊ ၃ ယောက်လောက်စီကနေ ပြန်တောင်းလိုက်ရင် တော့ ဒီအကြွေးတွေကြေလောက်ပါတယ် - စတာနော် အာဘွား!! အတည်ယူနဲ့။)

လွန်ခဲ့တဲ့ ၂ နှစ် လောက်က ပီကင်းမှာ Belt and Road ထိပ်းသီးဆွေးနွေးပွဲလုပ်တယ်။မြန်မာလဲတက်ပါတယ်။  B and R ရဲ့ China-Myanmar Economic Corridor (CMEC) အစီအစဉ်ထဲမှာ ကီလိုမီတာ ၁၇၀၀ ကျော်ရှည်တဲ့ ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်းစတင်ဖို့ပါပါတယ်။ အဲ့ဒီ CMEC အစီအမံဟာ မြန်ပြည်ကို ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု့ ထဲမှာ အကြီးမားဆုံးပါ။

 နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု့ (Foreign Direct Investment) ကလဲ ၂၀၁၈ ခုနှစ်မှာသိသိသာသာ ကျဆင်းသွားတော့၊ ဒီ CMEC ဟာ မြန်မာ့စီးပွားရေးတက်လာဖို့အတွက် ဂယ်ပေါက် ပဲလို့ လူကြီးတွေ ယူစထားပုံရပါတယ်။ တရုပ်နဲ့ရင်းနှီးမြုတ်နှံမှု့စာချုပ် ချုပ်ဆိုခြင်း ကနေ "Boiling frog effect" ရနိုင်တယ်ဆိုတာကို သိစေခြင်ပါတယ်။  ဖားအရှင်ကို အိုးထဲထဲ့၊ တဖြေးဖြေးမီးပေး၊ နောက်ဆုံး မာလကီးယား ဖြစ်တဲ့၊ ဖါးပြုတ်နည်းပါ။ ကျွန်တော်တို့ မြန်မာ တရုပ်ပြုတ်မဲ့ ဖား မဖြစ်စေဖို့ အရေးကြီးပါတယ်။လူကြီးတွေ သတိရှိကြပါ။

"မပြီးခင် ဗမာမမြင်စေနဲ့" တဲ့။ ခေတ်၊စနစ် ပေါ်မူတည် တဲ့ Conditional statement တခုပေါ့။  ဒီခေတ်၊ဒီစနစ်နဲ့ ညီအောင် "မလုပ်ခင် ချပြပါ" ဟု အဲ့ဒီစကားကို ပြင်ဖို့လိုပြီလို့ထင်ပါတယ်။

ပထမဦးဆုံးလုပ်သင့်တာက အဲ့ဒီ စီမံကိန်းတွေဟာ၊ မြန်မာအတွက်လား၊ တရုပ်အတွက်လား၊ ဆိုတာကို ပြည်သူတွေ ရှင်းရှင်း လင်းလင်း သိအောင် ချပြသင့်ပါတယ်။ ဒုတိယ မြစ်ဆုံ၊ ဒုတိယ လက်ပတောင်းတောင်၊ ဒုတိယ ရေနံပိုက်လိုင်း၊ မဖြစ်စေဖို့ အထူးဂရုပြု့သင့်ပါတယ်။ လောလောဆယ်ငါအဆင်ပြေဖို့အရေးကြီးတယ်၊ ကြွေးတင်နောက်လူဆပ်လိမ့်မယ် ဆိုတဲ့ အပြုအမူနဲ့ စိတ်နေသဘာထားကိုတော့၊ ဒီခေတ်၊ ဒီစနစ်၊ ဒီလူတွေရဲ့အားနဲ့ ဖြတ်ချခဲ့ပြီး၊ အဘတို့နဲ့ပဲ အန္တိမဈာပန ချလိုက်ပါတော့။

အဲ့ဒီ CMEC အစီအစဉ်ထဲ့မှာ US$ 2 billions တန်ဖိုးရှိတဲ့ Project အခု ၂၀ ပါပါတယ်။ ဆည်မြောင်း၊ တာတမံတွေ၊ပြုပြင်၊ မွန်းမံ၊ထိမ်းသိမ်းဖို့ အတွက် US$ 400 million လျာထားပါတယ်။ သို့သော် လမ်းပမ်းဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံ အတွက် ကုန်ကျစရိတ်ကို ဒီ ၂ ဘီလီယံထဲမှာ မပါပါဘူး။ သူ့အတွက် သီးသန့် ချေးငွေနဲ့သွားမှာပါ။

မကြာခင်မှာ၊ ကားလမ်း၊ရထားလမ်း၊ လေယဉ်ကွင်းတွေကို အဆင့်မြှင့်တော့မယ်၊ မြှင့်တင်နေတာတွေလဲရှိတယ်။ အခြေခံ အဆောက်အဦးတွေ၊ ဟိုမှာ ဒီမှာ ဆောက်ကြတော့မယ်။ကုန်းတွင်းဆိပ်ကမ်းတွေ ဆောက်တော့မယ်။ တချို့ဟာတွေ စတောင်စနေကြပြီထင်တယ်။ ပြည်သူတွေ အလုပ်ရတော့မည်။ အင်ဂျင်နီယာတွေ ထယ်ထယ်ဝါဝါဖြစ်တော့မည်။ နည်းပညာရှင်တွေ မော်တော့မယ်။ SME လုပ်ငန်းရှင်တွေ Service supplier ဖြစ်တော့မယ်၊ Contract တွေရတော့မယ်။ ပျော်စရာကြီးပေါ့၊ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးတွေ၊ ခိုင်ခိုင်မာမာကြီးပေါ်လာတော့မည်။

သို့သော်၊ မေးစရာရှိလာတာက၊ ကိုယ့်ပိုက်ဆံနဲ့ကို လုပ်မှာလား၊ မဟုတ်ဘူး။ ထုံးစံမပျက်၊ချေးငှားပြီးလုပ်မယ်။ ငွေဘယ်လောက် ကုန်မလဲ၊ ဘယ်သူ့ဆီကနေ့၊ ဘယ်လောက်အတိုးနဲ့ချေးမှာလဲ၊အဲ့ဒီအတွက်ယူထားတဲ့၊ ယူမဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်၏ မနိုင်၏ တွက်ထားသလား။ မဆပ်နိုင်ရင် ဘယ်လို လုပ်ကြမလဲ။

Financial Risk assessment တွေလုပ်ပြီးပြီလား၊ တွေ့ရှိတဲ့ Risk တွေကို ဘယ်လို ထိမ်းချုပ်မလဲ (Control) ဆိုတဲ့ Mitigations တွေချထားပြီးပြီလား။ အလုပ်သမားခွဲတမ်း(Quota)၊ အင်ဂျင်နီယာဦးရေခွဲတမ်း၊ နည်းပညာရှင်ခွဲတန်း၊ သတ်မှတ်ပြီးပြီလား။ ပြည်တွင်း SME တွေအတွက်၊ ဘယ်လိုအခွင့်အရေးတွေပေးပြီး၊ ဘယ်လိုအကာအကွယ်တွေ ထားပေးမှာလဲ။ နွားရှေ့ထွန်ကြူး လုပ်တာမဟုတ်ရပါ။

အဲ့ဒီစီမံကိန်းတွေနဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးကြသလား၊ အဲ့ဒီအတွက်ကုန်ကျမဲ့ငွေကို ဘယ်သူ့စီကနေ၊ ဘယ်လိုပုံစံနဲ့ယူထားသလဲ၊ ယူမှာလဲ၊ ဘယ်လောက်ကာလကြာကြာ၊ ဆပ်ကြမလဲ၊ ပြန်ဆပ်နိုင်ပါ့မလား။ အဲ့ဒါကပြည်သူ့အတွက် စိုးရိမ်စရာပါ။ ပြည်သူတွေ သိသင့်သိထိုက်တဲ့ ကိစ္စပါ။

CMEC ရဲ့မဟာအစီအစဉ်ထဲမှာ Private Priority Project အနေနဲ့ US$ 100 billions တန်ဖိုးရှိတဲ့ ရန်ကုန်မြို့တော်သစ် စီးမံကိန်းပါပါတယ်။ China Communications Construction Company (CCCC) နဲ့ မြန်မာနဲ့ MoU တောင်ချုပ်ဆိုပြီးလောက်ပါပြီ။

ဒီစီမံကိန်းကြီးများဟာ မြန်မာအစိုးရနဲ့တရုပ်တို့၊ အပေးအယူညှိနိုင်းနေကြတုန်းပဲဟုယူဆပါသည်။ အထူးသဖြင့် အချေး၊ အငှားနဲ့ အပေးအယူဖြစ်ဖို့များပါတယ်။ ဒေသတွင်းနိုင်ငံများမှာလဲ၊ ဒီ BRI နဲ့ပတ်သက်ပြီး၊ တရုပ်ရဲ့ချေးငွေတွေဟာ မေးခွန်းထုတ်စရာဖြစ်နေပြီး၊ သူ့ရဲ့အကြွေးထောင်ချောက်ထဲ့ကို တွန်းပို့နေသလိုဖြစ်နေတာပါ။ မြန်မာကိုလဲ ချွင်းချက်အနေဖြင့် ချန်ထားခဲ့လို့မရပါဘူး။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ကူမင်း-ကျောက်ဖြူ ရထားလမ်း၊ ရန်ကုန်မြို့သစ်စီမံကိန်း စသည်တို့ ကြောင့်၊ မြန်မာပြည်သူကြားမှာ တရုပ်ဆန့်ကျင်ရေးတွေ၊ အုံနဲ့ကျင်းနဲ့ ဖြစ်လာနိုင်စရာရှိပါတယ်။ နှစ်ရှည် လများစွာ၊ မြန်မာ့မြေ၊ မြန်မာ့ရေ ကို တရုပ်ကို အငှားချ၊ လုပ်ပိုင်ခွင့်ပေးမယ်ဆိုလျင်၊ အများစုကတော့ကျေနပ်မှာ မဟုတ်ပါဘူး။ 

တရုပ်က ဒီစီမံကိန်းတွေကို သူ့တိုင်းပြည်။သူ့လူမျိုး အကျိုးစီးပွားအတွက်၊ မဟာဗြူဟာချပြီး၊ ကိုယ့်နိင်ငံထဲမှာလုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ လူကြီးတွေကော၊ မိမိတိုင်းပြည်နဲ့ လူမျိုး ရေရှည်ကောင်းစားရေးအတွက်၊ ဘယ်လိုဗြူဟာတွေနဲ့ ဘယ်လိုအစီအစဉ်တွေဆွဲပြီး၊ လုပ်နေပါတယ်ဆိုတာကို လူထုကို အချိန်မနှောင်းမှီ ချပြသင့်တယ်တယ်လို့ ထင်ပါတယ်။ "သူခိုးပြေးမှ ထိုးကွင်းထ"၊ လုပ်နေလို့မရပါဘူး။ မြစ်ဆုံစီမံကိန်း နဲ့ လက်ပတောင်းတောင် ကြေးနီစီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်းတွေဟာ၊ မျက်မြင်သက်သေ၊ သင်္ခန်းစာယူရမဲ့ဟာတွေပါ။

ယူနန် ကနေ ရခိုင် ကျောက်ဖြူဆိပ်ကမ်း၊ ထိုမှတဆင့်၊ အိန္ဒိယသမုဒ္ဒယာ သို့ထွက်ရေးဟာ၊ တရုပ်ရဲ့အန္တိမပစ်မှတ်ပါ။ အဲ့ဒီသွားမဲ့လမ်းတလျောက်မှာ၊ ဘာတွေကောက်စားသွားမလဲ ဆိုတာမည်သူမှ ခန့်မှန်းလို့မရပါဘူး။ တရုပ်အစားပက်စက်တာ အထူးပြောပြစရာမလိုပါ။

ယခုရေနံပိုက်လိုင်း နဲ့အပြိုင်၊ မြန်မာပြည်ကို ကန့်လန့်ဖြတ်ပြီး ရထားလမ်းဆောက်မှာပါ။ အဲ့ဒီရထားလမ်းဟာ၊ မြန်မာ့းရထားလမ်းလား၊ တရုပ်ရထားလမ်းလား၊ မြန်မာ့ အကျိုးစီးပွားအတွက်လား၊ တရုပ်အကျိုးစီးပွားအတွက်လား၊ ဘယ်သူအခိုင်အမာပြောနိုင်မလဲ။ ယခု မူဆယ်ကနေ ကျောက်ဖြူ လမ်းပိုင်းအတွက် ဘယ်သူတွေ တိုင်းထွာလေ့လာနေသလဲ၊ တရုပ်လား၊ မြန်မာလား၊ China Railway Eryuan Engineering Corporation (CREEC) ကလုပ်နေတာပါ။  ဘယ်သူ့ငွေနဲ့လဲ၊ တရုပ်ငွေလား၊ မြန်မာ့ငွေလား။ တော်ကြာနေ တရုပ်မီးရထား၊ မြန်မာပြည်တွင်ပြေးသည်။ "မြန်မာမစီးရ" ဆိုတဲ့ဆိုင်းဘုတ်နဲ့တွေ့တဲ့အခါကြမှ၊ ငါးပါး-ဆယ်ပါးတင်မက သံဃာစဉ်ပါမှောက်ပါလိမ့်မယ်။

ရေနံပိုက်လိုင်းကတော့ တရုပ်အတွက်ပဲ ဆိုတာ "လယ်ပြင်မှာ ဆင်သွားသလို" ရှင်းပါတယ်။ အငြင်းပွားစရာမရှိပါဘူး။ ရေနံပိုက်လိုင်းက တရုပ်အတွက် ရေနံသယ်ပို့သလို၊ ကူမင်း-ကျောက်ဖြူ ရထားလမ်းကလဲ၊ တရုပ်တွေပဲ၊သယ်ယူ၊သယ်ပို့ ဖို့ပဲ့ဆိုလျှင်တော့၊ တရုပ်တောမှာ မြန်မာမျောရုံပဲ ရှိပါလိမ့်မယ်။ အသေအချာ တွက်ချက်ပြီး စဉ်းစဉ်းစားစား လုပ်စေခြင်ပါတယ်။ မလုပ်ဖို့ ပြောနေတာမဟုတ်ပါ။ မပြေးသော် ကံရာရှိ၊ တကယ်လို့များ အဲ့ဒီလိုဖြစ်လာလျင်၊ ကျွန်တော်တို့ ခင်ဗျားတို့အတွက်၊ ဆုံးရှုံးမှု့နဲနိုင်သမျှ နဲပါးအောင်၊ အစီအမံ၊ အကာအကွယ်၊ (Mitigations) တွေကိုစဉ်းစား၊စီမံ၊ချထားပေးဖို့ဖြစ်ပါတယ်။ တရုပ်လူဦးရေ ၁.၄ ဘီလီယံ၊ မြန်မာလူဦးရေ ၅၅သန်း။ အချိုးချကြည့်ပါ။ အခုတောင် တရုပ်မြန်မာပြည်လာလျင် Arrival Visa ပဲလိုတယ်။ ကြိုလျောက်စရာမလိုဘူး။ မြန်မာပြည်ဟာ သူတို့အတွက် အိမ်ဦးနဲ့ကျမ်း။ ကိုယ်တို့ သူ့လေယာဉ်စီးပြီး၊ သူ့လေဆိပ်ထဲခဏဝင်၊သူ့လေယာဉ်ပြောင်း စီးတာတောင်၊ Transit visa လျောက်ရတယ်။ မတရားပုံ။ အနိုင်ကျင့်ချက်များ။ မခံစားနိုင်လို့ ပြန်ပြောတော့၊ "This is my country" တဲ့။ သူများတွေများ ကိုယ့်ဟာကို ကာကွယ်တတ်လိုက်ကြတာ။

သူတို့အစီအစဉ်ကို ကြည့်ရတာ၊ ဇာမဏီငှက်အလားသဏာန်တူတဲ့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အရှေ့၊အနောက်၊ ဝဲယာ တောင်ပံတစုံကို ရေနံပိုက်လိုင်းကြိုးကြီးနဲ့ချီပြီး၊ နောက်ထပ် တုပ်တုပ်မှ မလှုပ်နိုင်အောင် ယူနန်-ကျောက်ဖြူ ရထားလမ်း သံကြိုးနဲ့ပါ ချီဖို့ကြိုးစားနေသလိုဖြစ်နေတယ်။ ဒါမှ ဇာမဏီရဲ့ခေါင်း မြစ်ဆုံဆည်ကို အပိုင်ကုပ်ပြီး၊ တရုပ်နဂါးကြီး က မြိုမဲ့အထာပါ။ ကြောက်တတ်လျင်၊ ကြောက်စရာအတော်ကောင်းပါတယ်။ မျိုးပြုတ်မဲ့ကိန်းပါ။

ယခုပြောခဲ့တဲ့ စီမံကိန်းတွေဟာ အစဦးပိုင်းမှာပဲ၊ ရှိနေပါသေးတယ်။ ပွင့်လင်းမြင်သာစွာ၊ ပြည်သူကို ချပြ၊ Public Consulation တွေစောလျင်စွာ လုပ်၊ ပယ်သင့်တာပယ်၊ ဖျက်စရာရှိတာဖျက်၊ လျော်စရာရှိတာလျော် သင့်တယ်လို့ထင်ပါတယ်။ ပြည်သူမှလဲ တောင်းဆိုသင့်ပါတယ်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ အဆင်တပြေဖြစ်ရေး၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် မှာ လက်နက်ကိုင် ပဋ္ဌိပက္ခတွေ ချုပ်ငြိမ်းရေး ဟာ တရုပ်အတွက်၊ အရေးကြီးပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အဆင်ပြေမှ သူဆောက်ချင်တဲ့၊ Highway လမ်းတွေ၊ High Speed Train တွေကို ဖေါက်လို့ရမှာပါ။

ဒါကြောင့်။ တရုပ်ဟာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီ(Federal Political Negotiation and Consultative Committee - FPNCC) ရဲ့ အဖွဲ့အဝင်တွေဖြစ်တဲ့  မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တွေနဲ့ မြန်မာအစိုးရ ပြေလည်မှု့ရရှိအောင် ဝင်ရောက်ဆောက်ရွက်ပေးနေရတာပါ။ အကျိုးလိုလို့ ညောင်ရေသွန်း နေရတာပါ။

သို့သော် မြန်မာဟာ အဲ့ဒီ CMEC အစီအစဉ်ထဲ့ပါဝင်ဖို့အတွက်၊ ကုန်ကျမဲ့ငွေကြေး၊ တရုပ်စီကနေယူရမဲ့အကြွေးဒဏ်တွေကို ခံနိုင်ရည်ရှိပါ့မလား၊ တတ်နိုင်ပါ့မလား၊ တရုပ်ရဲ့အကြွေးထောင်ချောက်ကို လွတ်အောင် ရှောင်နိုင်ပါ့မလား ဆိုတာကတော့၊ တကယ့်ဧရာမ မေးခွန်းကြီးတခုပါ။

၎)ရှိထားသင့်သော သံသယစိတ် (Healthy Skeptcism)⁉️

ဘာကြောင့်ဒါတွေပြောရသလဲဆိုတော့၊ နောင်များမှာ "တို့တော့ နှပ်အပစ်ခံရပြီဟဲ့" ဆိုပြီး "အရပ်ကယ်ပါ လူဝိုင်းပါ" မဖြစ်စေခြင်လို့ပါ။

“မီးတုတ်၊ မီးတုတ် - ရှို့ ရှို့”
“သူပုန်၊ သူပုန် - ထ ထ”
“သပိတ်၊ သပိတ် -မှောက် မှောက်”
"ဗမာပြည်သည် တို့ပြည် - Gong xi fa cai သည်သူတို့စကား"
“သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ”.....ဟု ထပ်ပြီးတော့ နောင်လူနောက်သား မြန်မာလူငယ်တွေကို လက်သီးလက်မောင်းတန်းပြီး မဆိုစေခြင်တော့လို့ပါ။

ဒါဟာ ပြည်သူအများမှာ ရှိသင့်ရှိထိုက်တဲ့ သံသယစိတ် (Healthy Skepticism) ပါ။သိပ်မနှောင်းခင်၊ ပြည်သူနဲ့ အစိုးရ ဒါတွေကို ကျပ်ကျပ်သတိထား၊ စဉ်းစား၊ လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံခြားသားနဲ့အလုပ်လုပ်တိုင်း ရှိသင့်ရှိထိုက်သော သံသယစိတ်ကိုမွေးကြပါ။

၁)အကျိုးအမြတ်စံစားရတာကသူတို့၊ နောက်ဆက်တွဲဘေးဒုက္ခ ကိုဆွေစဉ်မျိုးဆက်ခံစားရမှာက ကျုပ်တို့။
၂)စီမံကိန်းတွေအစပြုချိန်၊ စနေချိန်၊အပြီးမှာ တရုပ်အလုပ်သမား နဲ့ အရာရှိတွေရဲ့၊လုပ်ပိုင်ခွင့်ကိုကျော်ပြီး၊ ပြုမှုလုပ်ဆောင်ချက်။
၃)တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော အပြုအမူလုပ်ဆောင်ချက်။
၎)တရုပ်၏လုပ်နည်းလုပ်ဟန်၊ နည်းပညာ ရင့်ကျက်မှု့ နဲ့ ပညာရှင် ကျင့်ဝတ်သိက္ခာ ကိုတိုင်းတာစစ်ဆေး၊ အာမခံချက်။
၎)လုပ်ပိုင်ခွင့် နဲ့ ရပိုင်ခွင့် တဖက်စောင်းနင်း မဖြစ်ရေး။
၅)တရုပ်တွေဥပဒေမဲ့ လုပ်ခြင်တာမလုပ်နိုင်အောင်၊ ဧည့်သည်မှ အိမ်ရှင်ကို မထေမဲ့မြင် အနိုင်ကျင့် စော်ကားခြင်း မလုပ်နိုင်အောင် ကာကွယ်တားစည်းခြင်း။
၆)နိုင်ငံးခြားသားတရုပ် အရေအတွက် ထိန်းချုပ်ခြင်း နှင့် နိုင်ငံအဝင်အထွက် စီစစ်ခြင်း။
၇)မြန်မာအာဏာပိုင်များဘက်မှလဲ၊ ကိုယ့်လူမျိုးကိုနှိမ့်ချဆက်ဆံပြီး နိုင်ငံခြားသားကို အထင်ကြီး၍ သော်၎င်း၊ ကြောက်၍သော်၎င်း၊ အရေပေးဆက်ဆံ၊ ဆလံသ မှု့များရှိနေလျှင် လျော့ချခြင်း။
၈)အာဏာပိုင်များ၊ နိုင်ငံခြားသားနဲ့ အလိုတူအလိုပါ၊ ဂိုဏ်းဖွဲ့ပြီး ပြည်သူကိုနှိပ်စက်ခြင်း။
၉)ဇာတ်တူသားစားခြင်းမှ ရှောင်ကျဉ်ခြင်း
၁၀)လက်သိပ်ထိုးလုပ်ကိုင်ခြင်းများကို စောင့်ကြည့်တားမြစ်ခြင်း။

နောက်ထပ်ဘာတွေဖြစ်နိုင်သလဲ၊ ပြည်သူအများစုပေါင်းပြီး (Brainstorming)ပြင်းပြင်းထန်ထန် ခေါင်းချင်းရိုက် အဖြေရှာကြပါ။ အဖြေရလျှင် ရတဲ့နေရာမှာမထားခဲ့ပဲ၊ အကောင်အထည်ဖေါ်ကြပါ။

မြန်မာအစိုးရနဲ့ ပြည်သူပေါင်းပြီး ဒီနှစ် ၂၀၁၉ မှာ အထူးဂရုပြုစောင့်ကြည့်ရမဲ့ BRI ရဲ့ စီမံကိန်း ၆ ခုရှိပါတယ်။

၁)နိုဝင်္ဘာ ၂၀၁၈ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့တဲ့ US$10 Billions တန်ဖိုးရှိ ကျောက်ဖြူ ရေနက်စီမံကိန်း
၂)အောက်တိုဘာ ၂၀၁၈ မှာ Feasibility Study စတင်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်း၊ ဒါဟာ ယူနန်-ကျောက်ဖြူ မီးရထား စီမံကိန်းရဲ့အပိုင်းတခုပါ။
၃)ရန်ကုန်မြို့သစ်စီမံကိန်း၊
၎)တြိဂံဒေသစီးပွားရေးဇုံ၊ ကချင်မှာရှိတဲ့ကန်ပက်လက်၊ ရှမ်းပြည်နယ်မှာရှိတဲ့ လောက်ကိုင်၊မူဆယ်၊ချင်းရွှေဟော်
၅)US$3.6 billions တန်ဖိုးရှိ မြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်း
၆)US$20 Billions တန်ဖိုးရှိ ကျောက်ဖြူ-ကူမင်းရထားလမ်း၊၊ သမတဦးသိန်းစိန်လက်ထက် ၂၀၁၁ မှာ တရုပ်နဲ့ MoU ထိုးခဲ့ပြီး၊ ဒေသခံများကန့်ကွက်တဲ့အတွက် ၂၀၁၄ မှာ ရပ်ထားခဲ့တဲ့ စီမံကိန်းပါ။

Credit - Original Writer.

References:

1. https://bharatshakti.in/why-do-nations-fall-into-the-chinese-debt-trap/
2. https://www.heritage.org/international-economies/commentary/pakistan-about-be-caught-chinas-debt-trap-diplomacy
3. https://www.khaleejtimes.com/editorials-columns/are-more-nations-falling-into-chinas-debt-trap
4. https://www.zambianobserver.com/zambia-china-death-trap/
5. https://economictimes.indiatimes.com/news/international/world-news/new-chinese-loan-may-further-plunge-sri-lanka-into-debt-trap/articleshow/65659719.cms
6. https://chinaus-icas.org/wp-content/uploads/2017/02/American-Perspectives-on-the-Belt-and-Road-Initiative.pdf
.
Credit
.
.
မိမိ သုံးသပ်ချက်။
အဂတိများပြားလှတဲ့ အစိုးရခေါင်းဆောင်နဲ့ ခိုးသား၅၀၀ နိုင်ငံတွေမှာ China တရုပ် သာမက ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်၊ အင်္ဂလိပ်၊ ဂျာမန်၊ ရုရှား နဲ့ နောက်ဆုံး စင်ကာပူ၊ ထိုင်း နိုင်ငံများကပါ အကြွေးနဲ့ သိမ်းမှာ ဖြစ်ပါတယ်။
.
NLD အစိုးရက BRI ကော်မတီ ဖွဲ့ပြီး ပထမအစည်းဝေး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လုပ်နေပါပြီ။ ပြင်ပ ပညာရှင်တွေ ထည့်သွင်းရပါမယ်။ အရေး အလွန်ကြီးတဲ့ အမျိုးသားရေးပါ။ အဂတိ ခေါင်းဆောင်ကြီး နာဂျစ်နဲ့ ခိုးသားငါးရာ ခိုးလိုက်ကြတာ မလေးရှားနိုင်ငံ ၁၀နှစ်အတွင်း US$157 billion (ဘီလျံဒေါ်လာများစွာ) ဆုံးရှုံးကြောင်း အစိုးရသစ် ဝန်ကြီးချုပ် မဟာသီယာ က ကြေညာပါတယ်။ 
.
 အမျိုးသားရေး နံပါတ်(1) ထားပြီး စစ်တပ်ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး တဖက်သပ် အပြစ်ခတ်ရပ်စဲပီး၊ နောက်ဆုံး လွှတ်တော်ထဲကို တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေ ထည့်ပေးရပါမယ်။ မကြာမီ ငြိမ်းချမ်းရေး ရယူတဲ့ ကိုလံဗီယာ နိုင်ငံကို စံထားရမယ်။ သူပုန် တဗိုလ်ဆင်း (သူဌေးဖြစ်) ပြီး တစ်ဗိုလ်တက် မဖြစ်အောင် အသေချာ ငြိမ်းချမ်းရေး လုပ်ရပါမယ်။  
.
အခု LNG US$5b စီမံကိန်း ၂ခုလည်း Debt Trab ပါပဲ။ Total, Unical စတဲ့ ကုမဏီတွေလည်း မတရားစာချုပ်တွေချည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ စာချုပ်ပညာရှင် အများကြီး မွေးထုတ် ပျိုးထောင်ရပါဦးမယ်။
.
မြန်အစိုးရ BRI ကော်မတီ သတင်း
https://www.facebook.com/792607210873497/posts/1509939229140288/
.
ဇော်အောင်

Sunday, 27 January 2019

Top 10 Reasons George Soros Is Dangerous

Human Events’ readers, in an online poll, recently voted billionaire financier George Soros “the single most destructive leftist demagogue in the country.”  Here are the Top 10 Reasons George Soros Is Dangerous:

1.  Gives billions to left-wing causes:  Soros started the Open Society Institute in 1993 as a way to spread his wealth to progressive causes.  Using Open Society as a conduit, Soros has given more than $7 billion to a who’s who of left-wing groups.  This partial list of recipients of Soros’ money says it all: ACORN, Apollo Alliance, National Council of La Raza, Tides Foundation, Huffington Post, Southern Poverty Law Center, Soujourners, People for the American Way, Planned Parenthood, and the National Organization for Women.

2.  Influence on U.S. elections:  Soros once said that removing President George W. Bush from office in 2004 was the “central focus of my life.”  He put his money where his mouth is, giving $23.58 million to various 527 groups dedicated to defeating Bush.  His early financial support helped jump-start Barack Obama’s political career.  Soros hosted a 2004 fund-raiser for Obama when he was running for the Illinois Senate and gave the maximum-allowed contribution within hours of Obama’s announcement that he was running for President.

3.  Wants to curtail American sovereignty:  Soros would like nothing better than for America to become subservient to international bodies.  He wants more power for groups such as the World Bank and International Monetary Fund, even while saying the U.S. role in the IMF should be “downsized.”  In 1998, he wrote:  “Insofar as there are collective interests that transcend state boundaries, the sovereignty of states must be subordinated to international law and international institutions.”

4.  Media Matters:  Soros is a financial backer of Media Matters for America, a progressive media watchdog group that hyperventilates over any conservative view that makes it into the mainstream media.  Now its founder, David Brock, has openly declared war on Fox News, telling Politico that the group was mounting “guerrilla warfare and sabotage” against the cable news channel, and would try to disrupt the commercial interests of owner Rupert Murdoch—an odd mission for a 501(c)(3) tax-exempt educational foundation that is barred from participating in partisan political activity.

5.  MoveOn.org:  Soros has been a major funder of MoveOn.org, a progressive advocacy group and political action committee that raises millions for liberal candidates.  This is the group that had on its website an ad comparing President George W. Bush to Adolf Hitler and ran the infamous “General Betray Us” ad in the New York Times, disparaging the integrity of Gen. David Petraeus.

6.  Center for American Progress:  Headed by John Podesta, White House chief of staff under President Clinton, the Center for American Progress has been instrumental in providing progressive talking points and policy positions for the Obama administration.  There has also been a revolving door between the White House and the Soros-funded think tank, with Obama staffing his administration with many CAP officials.

7.  Environmental extremism:  Former Obama green jobs czar Van Jones and his leftist environmental ideas have been funded by Soros’ money at these groups: the Ella Baker Center, Green For All, the Center for American Progress, and the Apollo Alliance, which was instrumental in getting $110 billion in green initiatives included in Obama’s stimulus package.  Soros also funds the Climate Policy Initiative to address global warming and gave Friends of the Earth money to “integrate a climate equity perspective in the presidential transition.”

8.  America Coming Together:  Soros gave nearly $20 million to this 527 group with the express purpose of defeating President Bush. A massive get-out-the-vote effort, ACT’s door-to-door canvassing teams included numerous felons, its voter registration drives were riddled with fraud, and it handed out incendiary fliers and made misleading taped phone calls to voters.  ACT was fined $775,000 by the Federal Election Commission for violations of various federal campaign finance laws.

9.  Currency manipulation:  A large part of Soros’ multibillion-dollar fortune has come from manipulating currencies.  During the 1997 Asian financial crisis, Malaysian Prime Minister Mahathir bin Mohamad accused him of bringing down the nation’s currency through his trading activities, and in Thailand he was called an “economic war criminal.”  Known as “The Man who Broke the Bank of England,” Soros initiated a British financial crisis by dumping 10 billion sterling, forcing the devaluation of the currency and gaining a billion-dollar profit.

10.  Delusions:  Soros has repeatedly said that he sees himself as a messianic figure.  Who but a megalomaniac would make these comments?  “I admit that I have always harbored an exaggerated view of my self-importance—to put it bluntly, I fancied myself as some kind of god” or “I carried some rather potent messianic fantasies with me from childhood, which I felt I had to control, otherwise I might end up in the loony bin.”  If only the loony bin were an option.  As it is, one of the wealthiest men in the world is using his billions to impose a radical agenda on America.

Ref:http://humanevents.com/2011/04/02/top-10-reasons-george-soros-is-dangerous/

George Soros  or White Ghost


...I mean this man is like the Terminator alright. He can't be bargained with, he can't be reasoned with, he doesn't feel remorse or pity and he absolutely will not stop until he takes over THIS GODDAMN *cans.wav* WORLD! HE'S SICK!


Soros talk in Malaysia.jpg

George Soros (birth name György Schwartz) is an Hungarian-American business magnate, investor, philanthropist, political activist and author who is of Hungarian-Jewish ancestry and holds dual citizenship (Hungary and the United States). He is chairman of Soros Fund Management. He is known as "The Man Who Broke the Bank of England" because of his short sale of US$10 billion worth of pounds, making him a profit of $1 billion during the 1992 Black Wednesday UK currency crisis. Soros is also a well-known supporter of American progressive and American liberal political causes. Soros is also a popular target of numerous right-wing Conspiracy Theories that range from blaming him for various deaths and disasters to claiming that he is the leader of NWO/Illuminati/Jewish World Order.

Ghost has a highly negative view of Soros to the point that he sees Soros as an almost satanic figure trying to take over the world by any means necessary, calling him The Prince of Freaking Darkness. Ghost has blamed Soros, among other things, for funding violent organizations and professional protesters such as Black Lives MatterAntifa and Deray Mckesson, funding several coups around the world, as well as working against his own people during the holocaust. Whenever Ghost wants to prove Soros's sociopathy, he often points to an interview of Soros discussing the time he was living in Nazi occupied Hungary pretending to be the son of a government worker and seeing the deportation of numerous Jews to concentration camps (Ghost believes it goes further than this and that Soros outright took part in the deportations and confiscation of Jewish property), calling it "the happiest time of my life".

Beginning with Episode 338, Ghost has regularly imitated George Soros whenever he becomes a subject matter during the broadcasts. Ghost's Soros impression involves speaking in a deep, raspy voice with a thick Hungarian accent and proclaiming various things to be "mine", culminating in "EVERYTHING IS MINE!".

Contents

Trolling

TCRIsMine.jpg

Trolling relating to George Soros has been very rare at first; however, it's known to be a sensitive subject matter to Ghost, often driving him into cans.wav as well as giving a lengthy soliloquy about the man. After Ghost imitated Soros in Episode 338, there has been an increase in George Soros-related splices, which often involve Soros bringing down his wrath on Ghost and killing him.

In Capitalist Episode 394, a troll sent Ghost a photoshopped image of George Soros's Open Society Foundation advertising on the True Capitalist Radio page on Blog Talk Radio. Ghost believed the image was genuine, fueling his paranoia that Soros was personally funding efforts against not only the Trump Train as a whole, but also True Capitalist Radio itself.

Videos



Sunday, 27 August 2017

How to use digital camera for photography?

Camera Modes for Beginners! 

Beginner တွေ အမေးများတဲ့ Camera mode အကြောင်းနဲ့ ဘယ်အချိန်မှာ ဘယ် mode သုံးပြီး ရိုက်ရမလဲဆိုတာကို နားလည်လွယ်အောင် ရှင်းပြထားပါတယ်။

How to take better Photo?

How to improve your photography skills - Part 1 (Rule of Thirds)


How to improve your photography skills - Part 2 (6 tips for better photos)


Crop frame အတွက် ဘက်စုံသုံးလို့ကောင်းတဲ့ lens တစ်လုံး ဝယ်ဖို့ စဉ်းစားနေပါသလား? ဒီ lens review ကို ကြည့်ကြည့်လိုက်ပါ။

#Nikon #LensReview #35mm



Telephoto lens တွေရှာနေသူများအတွက် tele lens လေး တစ်လုံးကို review လုပ်ထားပါတယ်။ တခြား tele lens တွေအကြောင်းလဲ ရှင်းပြထားတာမို့ tele lens ဝယ်မယ်ဆိုရင် ဒီ video ကို အရင် ကြည့်သင့်ပါတယ်။

#55_300mm #Nikon #LensReview



Nikon က အသစ်ထွက်ထားတဲ့ D7500 မှာ ဘာတွေပြောင်းသွားမလဲဆိုတာကို ဒီ video     ကြည့်ပြီး လေ့လာလိုက်ပါ။

#Nikon #D7500 #Review

Ref:ဓါတ်ပုံဝါသနာရှင် တစ်ယောက် @photographyhobbyist.mm

Saturday, 19 August 2017

Alibaba's Jack Ma ရဲ့ အတုယူစရာ ပညာပေး သတိပေးချက်လေးတွေ!

  Jack Ma, the Chinese man, I've been beaten many times. He stopped mind.This defeat was a low strength.Today, China is already the richest in.

တရုတ်လူမျိုးဖြစ်ပြီး ဂျက်မားအောင်မြင်ရတာကလဲ B.A English နှင့် ကျောင်းပြီးထားပြီး နောက်  ဟားဗစ်အမေရိကန် တက္ကသိုလ် ၁၀ကြိမ်မြောက်ထိအပယ်ခံခဲ့ရတဲ့ 'Harvard rejected me 10 times'  ကျောင်းဆင်းပြီးဆိုတော့ အင်္ဂလိပ်စာကောင်းလွန်းလို့လဲပါတာပေါ့....


နောက်တရုတ်ပြည်ကြီး စီးပွားဖွင့်ချိန် ပြည်တော်ပြန် ၍ အကြိမ်ကြိမ်ကျဆုံးမှုများစွာကို သင်ခန်းစာယူပြီး ထူးဆန်းပြား တဲ့ အတွေးနှင့် အင်တာနက် လက်ကားဈေးကွက် ကို ယုံကြည့်မှုရှိစွာ  သတ္တိရှိရှိ  မလျာ့သောဇွဲ  အခက်အခံပေါင်းများစွာကို ရဲရင့်ကျော်လွား ဖော်ဆောင်ခဲ့ရတာပါ....



အဲဒါကြောင့်...တရုတ်ဈေးကွက်မှာ  ကမ္ဘာ့ ဆရာ့ ဆရာကြီး eBay ပိတ်သိမ်းပြီးထွက်ပြေး ခဲ့ရတဲ့ အထိပေါ့။။


Listen to Mr Jack Ma CEO of Alibaba GroupListen to Mr. Jack Ma Talk about the job is not to make you happy, it makes you think and his company.

 

Ma Yun (Chinese: 马云, [mà y̌n]; born September 10, 1964),[3] known professionally as Jack Ma, is a Chinese business magnate who is the founder and executive chairman of Alibaba Group, a family of Internet-based businesses.
He is currently the 2nd richest person in Asia with a net worth of US$36.4 billion after being overtaken by Ma Huateng, as of August 2017.[4][5][6] He has become a global icon in business and entrepreneurship, one of the world's most influential businessmen, and a philanthropist known for expounding his philosophy of business. [7][8][9] He was ranked 2nd in Fortune's 2017 "World's 50 Greatest Leaders" list.[10]

Early life

Ma was born in Hangzhou, Zhejiang Province, China. Ma started to study English at a young age and practiced English daily by conversing with English-speakers at Hangzhou international hotel, a 70 min bike ride from his home. He would give them tours around the city for free to improve his English.[11] He did this for nine years. He became pen pals with one of those foreigners, who nicknamed him "Jack" because he found it hard to pronounce his Chinese name.[12]

Later in his youth, Ma struggled attending college. The Chinese entrance exams are held only once a year and it took Ma four years to pass. After that,[13] Ma attended Hangzhou Teacher's Institute[14] (currently known as Hangzhou Normal University) and graduated in 1988 with a B.A. in English. While at school, Ma was head of the student council.[11][11] After graduation, he became a lecturer of English and International Trade at Hangzhou Dianzi University. He later enrolled at Beijing-based Cheung Kong Graduate School of Business (CKGSB) and graduated in 2006.[1

Career

Jack Ma applied for 30 different jobs and got rejected by all. "I went for a job with the police; they said, 'you're no good,'" Ma told interviewer Charlie Rose. "I even went to KFC when it came to my city. Twenty-four people went for the job. Twenty-three were accepted. I was the only guy...".[15] In addition he applied 10 times for Harvard and got rejected.[16]
Jack Ma on the future of online trade and globalization at World Economic Forum

In 1994, Ma heard about the Internet. In early 1995, he went to the US and with his friends' help he got introduced to the Internet. During his first encounter he searched the word "beer". Although he found information related to beer from many countries, he was surprised to find none from China. Further, he tried to search for general information about China and again was surprised to find none. So he and his friend created an "ugly" website related to China.[17] He launched the website at 9:40 AM and by 12:30 PM he had received emails from some Chinese wishing to know about him. This is when Ma realized that the Internet had something great to offer. In April 1995, Ma, his wife and a friend went around, asked for USD 20,000, and started their first company. Their company was dedicated to creating websites for companies. He named their company "China Yellow Pages." Within three years, his company had made 5,000,000 Chinese Yuan which was equivalent to USD 800,000.

Ma began building websites for Chinese companies with the help of friends in the US. He has said that "the day we got connected to the Web, I invited friends and TV people over to my house," and on a very slow dial-up connection, "we waited three and a half hours and got half a page.... We drank, watched TV and played cards, waiting. But I was so proud. I proved (to my house guests that) the Internet existed."[18] (At a conference in 2010, Ma revealed that he has never actually written a line of code nor made one sale to a customer. He acquired a computer for the first time at the age of 33.[19])

From 1998 to 1999, Ma headed an information technology company established by the China International Electronic Commerce Center, a department of the Ministry of Foreign Trade and Economic Cooperation. In 1999, he quit and returned to Hangzhou with his team to found Alibaba, a China-based business-to-business marketplace site in his apartment with a group of 18 friends.[20] He started a new round of venture development with 500,000 yuan.

In October 1999 and January 2000, Alibaba twice won a total of a $25 million foreign venture capital investment. The program was expected to improve the domestic e-commerce market and perfect an e-commerce platform for Chinese enterprises, especially small and medium-sized enterprises (SMEs), to address World Trade Organization (WTO) challenges. Ma wanted to improve the global e-commerce system and from 2003 he founded Taobao Marketplace, Alipay, Ali Mama and Lynx. After the rapid rise of Taobao, eBay offered to purchase the company. However, Ma rejected their offer, instead garnering support from Yahoo co-founder Jerry Yang with a $1 billion investment.

In September 2014 it was reported Alibaba was raising over $25 billion in an initial public offering (IPO) on the New York Stock Exchange.[21] Alibaba became one of the most valuable tech companies in the world after raising $25 billion, the largest initial public offering in US financial history. Ma now serves as executive chairman of Alibaba Group, which is a holding company with nine major subsidiaries: Alibaba.com, Taobao Marketplace, Tmall, eTao, Alibaba Cloud Computing, Juhuasuan, 1688.com, AliExpress.com and Alipay.

In November 2012, Alibaba's online transaction volume exceeded one trillion yuan. Ma was thus labeled "trillion Hou", meaning literally "Trillion Yuan Marquis" in Chinese.[citation needed]

Ma has often been invited to lecture at universities such as the Wharton School at the University of Pennsylvania, Massachusetts Institute of Technology, Harvard University, and Peking University.[22]

As of 2016, Ma is the owner of Château de Sours in Bordeaux, Chateau Guerry in Côtes de Bourg and Château Perenne in Blaye, Côtes de Bordeaux.[23]

On January 9, 2017, Ma talked with United States President Donald Trump at Trump Tower about how to create 1 million US jobs in five years. [24]

 

ဘီလျံနာသူဌေးကြီး Jack Ma ရဲ့ ကျရှုံးမှုအပေါ် အမြင်

Jack Ma ဆိုတဲ့ တရုတ်သူဌေးဟာ အကြိမ်ရေများစွာ ရှုံးခဲ့ဖူးတယ်။ သူရပ်တန့်မနေဘူး။ 
ဒီရှုံးနှိမ့်မှုကို သူက ခွန်အားဖြစ်စေခဲ့တယ်။
ဒီကနေ့ တရုတ်ရဲ့ အချမ်းသာဆုံးထဲမှာ သူပါနေပြီ။

အမြဲတမ်း ကျရူံးမှု ဆိုတာ မရှိနိုင်​သလို ​အောင်​မြင်​မှုဆိုတာလည်း အမြဲတမ်း မဖြစ်​နိုင်​ပါဘူး!
အ​ရေးကြီးတာက ကြိုးစား​နေဖို့နှင့်​ မှားသွားရင်​မှားတယ်​ဆိုတာကို လက်​ခံရင်​သိရင်​ ဒီလူမှာ ​မျှော်​လင့်​ချက်​ ရှိပါတယ်​။



ဘီလျံနာသူဌေးကြီး Jack Ma ရဲ့စီးပွားရေးအတွေ့ အကြုံ၊ အကြံပေးချက်များ

Jack Ma - Even A Failure Can Become A Huge Success .

Jack Ma of Alibaba talks about his early failings and struggles before Alibaba became worth billions of dollars -

-How he didn't come from a strong background in wealth, higher education, or status - how he couldn't get any venture capital investments - how he didn't have the praise or trust of bankers and big businesses who would help out a small business during the stock market crash - how Alibaba went from small start-up to billion dollar e-commerce giant in Chana

From:
Davos Interview - I was rejected from Harvard 10 times
&
Stanford GSB 2015 Interview with Jack Ma
&
1999 Alibaba IPO Jack Ma Original Sales Pitch.

Jack Ma's Life Advice Will Change Your Life (MUST WATCH)

 

Jack Ma - Dream Big, Never Give Up!

Some Words of Wisdom Jack Ma - for entrepreneurs, startup founders, leaders, and other aspiring people- Wise counsel from Jack Ma founder of e-commerce giant in China and also USA Alibaba / Taobao Jack talks about long-term business / management-leadership / value-investing / keeping dreams alive Also Ecommerce founder/leader of China Jack Ma speaks on Ali Cloud Computing and why he started Alipay full version here: https://www.youtube.com/watch?v=UgznG... 

Jack Ma: Train Your Own Brain to Think More Clearly (Best Motivational Speech)

 Jack Ma: Train Your Own Brain to Think More Clearly (jack ma interview) When it comes to solving really hard problems, Ma has a famous quote that I love: "Today is hard. Tomorrow will be worse. But the day after that will be beautiful. 
Most of your talent won't make it past tomorrow." But as a leader, you must inspire people through those hardest times: To stick with it, to move through it, and to see past it so they can make it to the day where things are beautiful. That's when you're really innovating. You have get your team there. 
 I'm a dropout of Harvard Business School, but I took a very helpful leadership class while I was there that really stuck with me. 
We discussed looking at problems from every angle, and looking at the person inside the puzzle. 
See their picture, their concern, their point of view, and understand that people feel passionately the way they do. Your job is to see the 360º and come up with the answers. On the flip side, you have to balance this by pushing people to their boundaries. How do you get there, if most people don't make it past Jack Ma's tomorrow? You ache to get talent to do things they've never done before. And that's hard. 


 

Jack Ma - What Will Happen In 2017 And Beyond?

Jack Ma Speaks on Solving The Problems of The Future - Highlights from 2017 Davos Interview + Speech on Business, politics/policy, globalization, trade, and e-commerce in America vs China Jack Ma - Inspiring Leader / Founder of Alibaba interview talk about economic trade policy, investing in small businesses, global connectivity, women and young people being the future of enterprise success, as well as other wise insights into life- 



Jack Ma: Attitude is Everything (Best Motivational Speech)

Alibaba’s Jack Ma, China’s second-richest man, visits Obama at the White House When it comes to solving really hard problems, Ma has a famous quote that I love: "Today is hard. Tomorrow will be worse. But the day after that will be beautiful. Most of your talent won't make it past tomorrow." 
But as a leader, you must inspire people through those hardest times: To stick with it, to move through it, and to see past it so they can make it to the day where things are beautiful. That's when you're really innovating. You have get your team there. 
I'm a dropout of Harvard Business School, but I took a very helpful leadership class while I was there that really stuck with me. We discussed looking at problems from every angle, and looking at the person inside the puzzle. See their picture, their concern, their point of view, and understand that people feel passionately the way they do. 
Your job is to see the 360º and come up with the answers. On the flip side, you have to balance this by pushing people to their boundaries. How do you get there, if most people don't make it past Jack Ma's tomorrow? You ache to get talent to do things they've never done before. And that's hard. 



Jack Ma: $1 Trillion GMV, 2 Billion Customers Still Alibaba's Vision !

 At 2017 Investor Day in Hangzhou, Alibaba Executive Chairman Jack Ma stood by his targets of hitting $1 trillion gross merchandise volume in fiscal 2020 and serving 2 billion customers by 2036.