Popular Posts

Wednesday 8 May 2019

Cryptocurrency (Crypto Currency) အကြောင်း နားလည်သလောက်

Cryptocurrency (Crypto Currency) အကြောင်း နားလည်သလောက် (၁)






Cryptocurrency ဆိုတာ ဒီဂျစ်တယ် ပိုင်ဆိုင်မှု (Digital Asset) တစ်မျိုး ဖြစ်ပြီး ငွေကြေးလို ငွေဖလှယ်ရေး ကြားခံပစ္စည်း (Medium of Exchange) အနေနဲ့ လုံခြုံစိတ်ချစွာ အသုံးပြု ပေးချေနိုင်အောင် ထပ်တိုးယူနစ် ဖန်တီးခြင်း၊ ပေးချေခြင်း၊ သိမ်းဆည်းခြင်း၊ စာရင်းမှတ်ခြင်းများ ကို နည်းပညာ အသုံးပြု ထိန်းချုပ်ထားတဲ့ ငွေကြေးလို့ ပြောနိုင်ပါတယ်။

ဒီဂျစ်တယ် ငွေကြေး (Digital Currency)၊ အခြားငွေကြေး (Alternative Currency)၊ အကောင်အထည် မရှိသော ငွေကြေး (Virtual Currency) လို့လည်း ဆိုကြပါတယ်။

သာမန်အားဖြင့် ငွေကြေး အမျိုးအစား တစ်ခုကို နိုင်ငံတစ်ခုရဲ့ ဗဟိုဘဏ်က ရိုက်နှိပ် သွန်းလောင်း ထုတ်ဝေပြီး ဗဟိုထိန်းချုပ်မှုစနစ် တစ်ခု အောက်မှာ ထပ်တိုးယူနစ် ဖန်တီးခြင်း၊ ပေးချေခြင်း၊ စာရင်းရှင်းလင်းခြင်း လုပ်ဆောင်ပါတယ်။

Cryptocurrency များကတော့ တစ်နေရာတည်းမှ ထိန်းချုပ်ခြင်း မရှိတဲ့ (Decentralized Control) စနစ်နဲ့ အလုပ် လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် စနစ်ကျနတဲ့ Blockchain အနေနဲ့ မှတ်သားထားရှိပါတယ်။ Blockchain ဆိုတာဟာ တကယ်တော့ အများစုပေါင်း အသုံးပြုတဲ့ လုပ်ဆောင်ချက် အချက်အလက် အစုအဝေး (Public Transaction Database) ဖြစ်ပြီး ဖြန့်ခွဲထားတဲ့ လယ်ဂျာစာရင်း (Distributed Ledger) တစ်ခုလို အလုပ်လုပ်ပါတယ်။ 
တနည်းပြောရရင် သုံးစွဲသူ တစ်ဦးချင်းက ဖန်တီးလိုက်တဲ့ လုပ်ဆောင်ချက် အချက်အလက်ကို ဒီဂျစ်တယ်စနစ်နဲ့ လုံခြုံအောင် မှတ်သား သိမ်းဆည်းတဲ့ စနစ် ကို အသုံးပြုရာက ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ (ပူးတွဲ ပုံ-၁ မှာ ကြည့်နိုင်ပါတယ်)

လက်ရှိ အသုံးအများဆုံး Bitcoin ကို နောက်ကွယ်မှာ ဘယ်သူဘယ်ဝါလို့ မသိရတဲ့ Satoshi Nakamoto ဆိုတဲ့ ဖန်တီးသူ/ ဖန်တီးသူအဖွဲ့ က ၂၀၀၉ ခုနှစ်မှာ ဖန်တီးခဲ့ပါတယ်။ ငွေကြေး တစ်ခု အနေနဲ့ ဖန်တီးတာ မဟုတ်ပဲ  အသုံးပြုသူ အချင်းချင်း အီလက်ထရောနစ် နည်းပညာနဲ့ ငွေပေးငွေယူစနစ် (Peer-to-Peer Electronic Cash System) ကို တီထွင်ခဲ့တာလို့ ဆိုပါတယ်။

ဥပမာဆိုရရင် ဦးကကြီးက ဦးခခွေးကို X ပေးပို့တယ် ဆိုတဲ့ အကြောင်း အရာ တစ်ခုကို ဦးကကြီးဖက်က ဖန်တီးလိုက်တာနဲ့ ကွန်ပျူတာများစွာ ချိတ်ဆက် နေတဲ့ ကွန်ယက်ကြီးမှာ ပြန့်နှံရောက်ရှိသွားပါတယ်။ ဒါပေမယ့် ဒါကို တစ်ဦး တစ်ယောက်က မှန်ကန်ကြောင်း သတ်မှတ်ချိန် တစ်ခုအတွင်း အတည်ပြု ပေးရပါတယ်။ အတည်ပြုသူ မရှိတဲ့ အကြောင်းအရာကို ယာယီဖယ်ထားနိုင် / ဖျက်ဆီးပစ်နိုင် ပါတယ်။ အတည်ပြုလိုက်တာနဲ့ ပြန်လည် ပြင်ဆင် ပြောင်းလဲ မရတဲ့ အကြောင်းအရာ မှတ်တမ်း တစ်ခု အနေနဲ့ သိမ်းဆည်း လိုက်ပါတယ်။ အဲဒီ မှတ်တမ်းကို Blockchain တစ်ခုလို့ သတ်မှတ် ခေါ်ဆိုတာ ဖြစ်ပါတယ်။ အတည်ပြုပေးသူကို Miner လို့ ခေါ်ပါတယ်။

နောက်ပိုင်းမှာ ငွေကြေးတစ်ခုရဲ့ လက္ခဏာရပ် တွေနဲ့ ပြည့်စုံနေလို့ ပြောင်းလဲ ပြင်ဆင်လို့ မရတဲ့ ငွေကြေး (Cryptocurrency) အနေနဲ့ သတ်မှတ် လာကြတာ ဖြစ်ပါတယ်။

coinmarketcap.com အရ ဒီနေ့မှာ Cryptocurrency အမျိုးအစားပေါင်း ၁၄၇၀ ရှိနေပြီး ဈေးကွက် ၇၈၂၉ ခုမှာ အသုံးပြုနေပါတယ်။ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၅၅၇,၀၀၀ သန်းခန့် ရှိပြီး ၂၄ နာရီအတွင်း ကန်ဒေါ်လာ ၃၃,၀၀၀ သန်းကျော်ဖိုး ရောင်းဝယ် ပေးချေခဲ့ကြတယ်လို့ ဆိုပါတယ်။ နာမည် အကြီးဆုံး Bitcoin (BTC) က ဈေးကွက် ၃၄.၉% ရရှိထားပါတယ်။ အခြား အသုံးများတဲ့ Cryptocurrency တွေက Ethereum (ETH)၊ Ripple (XRP)၊ Bitcoin Cash (BCH)၊ Cardano (ADA)၊ တို့ပဲ ဖြစ်ပါတယ်။



Infrastructure  တည်​​ဆောက်​ဘို့ Budget မရှိဘူး FDI ကလည်း ထင်​သ​လောက်​မဝင်​၊ Foreign loanကလည်း လိုသ​လောက်​မရ ၊ရလျင်​လည်း ​ loan &GDP အချိုး ခွင့်​ပြုချက်​ကရှိ​သေးတယ်​။

 ဒီလိုအချိန်​ တခြားနည်းတခုစဉ်းစာလုပ်​လျင်​ အဆင်​​ပြေမလားသုံးသပ်​ကြည့်​သင့်​တယ်

ယ​နေ့ (Digital Money) crytocurrencys  စနစ်​ ​တော်​​တော်​တိုးတက်​​နေတယ်​ အ​ပြောများဆုံးတခုက bitcion ပါ။  bitcion ကဲ့သို့ စနစ်​ တခုလုပ်​ အ​ခြေခံ​ဆောက်​ဥတွက်​​ငွေရှာခြင်းပါ။
ဥပမာ.... အ​ခြေခံ​ဆောက်​ဥတွက်​ ​ဘီလိယံ၁၀၀ လိုတယ်​ ထိုတွက်​coins ၁၀၀၀ တန်​ ၁၀၀ ဘီလီိယံဘိုးထုတ်​​ရောင်းလိုက်​တယ်​ ဒီသ​ဘောက ဘွန်းနဲ့သွားဆင်​မယ်​ထင်​တယ်​ ဒါ​ပေမဲ့ မတူတဲ့အချက်​ရှိပါတယ်​။
သူက အတိုးမ​ပေးဘူး နှစ်​အကန့်​သတ်​မရှိဘူး ​နောက်​တချက်​ အစိုးရ​ချေး​ငွေ ကန့်​သတ်​မူကလွတ်​မယ်​၊အတိုးမရတဲ့ ဟာ ဘယ်​သူမှဝယ်​ချင်​မှာမဟုတ်​ ၁-အချက်​က ​စေ့​ဆော်​မူပါ အစိုးရက တိုင်းပြည်​တွက်​ တကယ်​လိုအပ်​တဲ့အ​ခြေခံ​ဆောက်ဥ(သေချာရှင်းပြရပါမယ်​ လက်​ရှိ ဘယ်​လမ်း/တံတားက အဆင့်​မမှိ  သယ်​ယူပို့​ဆောင်​​ရေး စီးပွား​ရေးတွက်​ မရှိမဖြစ်​လိုအပ်​​နေတယ်​ loan/FDI အရ မလုပ်​နိုင်​​သေး ဒီလိုလမ်းမျိုးကို )အများပြည်​သူ​ထောက်​ပံ​/ချေးငှား​ငွေဖြစ်​ လုပ်​​ဆောင်​ခြင်းပါ ၂- မိမိ​ငွေမ​ပျောက်​ခြင်းပါ ထို​ငွေဝယ်​လိုက်​​ပေမဲ့ ထို​ငွေကို ​ငွေသားပြန်​လည်​ထုတ်​ယူနိုင်​ခြင်းမရှိ​ပေမဲ့လည်း ​ဈေးဝယ်​တာမျိုးမှာသုံးနိုင်​တယ်​၊(သို့)လှည့်လှယ်မဖောင်းပွအောင် အစိုးရကို taxပေးရာမှာ % အလိုက်ထည့်ပေးနိုင်တယ်၊
၃- bitcoin လို တချိန်​မှာ​ဈေးတက်​လာနိုင်​တဲ့ဆိုတဲ့​မျှော်​လင့်​ချက်​ပါ(ထိုအတွက်​လည်း DM ​ဈေးကွက်​ကို​လေ့လာလုပ်​ကိုင်​သင့်​တယ်​ ​ငွေ​ကြေးစနစ်​အ​ကြောင်း​တော့နားမလည်​ပါ) ​ငွေတခုကို အသုံး၂ခုပြုလိုက်​သလိုဖြစ်​မှာမို့ ​လှည့်​လှယ်​မူများ ​ငွေ​ဖောင်းပွနိုင်​ပါတယ်

ဒါ​ကြောင့်​အခြားသူ​တွေလုပ်​သလိုကာလတခုသတ်​မှတ်​ ​​ဈေးဝယ်​ခြင်းနှင့်​ရောင်းဝယ်​မူကိုပိတ်​ထားနိုင်​တယ်​၊
ဒါ​ပေမဲ့ လှူတန်းခြင်းတွက်​ အ​ရောင်းဝယ်​အစတည်းက ဖွင့်​ထား​ပေးရမယ်​ လူတစ်​ဦး /တဖွဲ့က DM တခုကိုဝယ်​ ယူကာ အပြီးပိုင်​လှူတန်းနိုင်​တယ်​။
ဒီ​နေရာမှာလူမူကွန်​ယက်​ကိုအသုံးလည်းရတယ်​ ဒါ​ပေ​မဲ့social mediaတွေနဲ့​တော့ ညှီရမယ်​ မညီချင်​လည်း FB က website link ကခုလည်​ ရ​နေတာမို့ နည်းလမ်းတခုခုရှိနိုင်​တယ်​။

တရုတ်​က FB အစား we chat သုံးတယ်।​ အဲမှာ​ဈေးဝယ်​ ​ငွေရှင်းလိုရ​အောင်​လုပ်​ထားတယ်​။

မြန်​မာပြည်​မှာက​တော့ FB ပဲသုံးကြတယ်।​ ကိုယ်​တိုင်​လုပ်​ဘို့ခတ်​တယ်​ ညှိဘို့အခတ်​ခဲရှိနိုင်​တယ်​।လုပ်​နိုင်​ရင်​​တော့​ကောင်းတယ်।​ ဝယ်​လှူထားတဲ့ အ​ရေတွက်​ကို အပြာနဲ့ပြတယ်​ ဥပမာ အပြာ ၂၀ခုဆို  အခု၂၀ ဝယ်​ အစိုးရကို ကူညီထားတယ်​ အနီ၁၀ ဆို တိုင်းပြည်​တွက်​ အခု၁၀ အပြီးလှူလိုက်​ပြီ။

DM ​ရောင်း တာ အစိုးရက ​ပြည်​သူဆီက​ချေးသုံးပုံစံ မျိုးဖြစ်​​တော့ သုံးချင်​တိုင်းမသုံးနိုင်​​အောင်​လို​တော့ စည်းမျဉ်းစည်းကမ်း အထူးလိုအပ်​တယ်​ တိုင်းပြည်​တွက်​ တကယ်​လိုအပ်​​နေ​သော ပုဂ္ဂလိကလည်း ​ပေးမလုပ်​နိုင်​​သော လမ်းတံတား ​အ​ခြေခံ​ဆောက်​ဥမျိုးတွက်​သာလုပ်​သင့်​တယ်​။
ချေး​ငွေပြန်​ဆပ်​မူ  ပြန်​ထည့်​မူ​ငွေ​ပေး​ချေစနစ်​ခွင့်​ပြုမူ ​ရောင်းဝယ်​မူစတာ​တွေက ဘဏ္ဌာ​ရေး နည်းစနစ်​လုပ်​ရမယ်​။

ဘတ်​ဂျတ်​လည်းမရှိ ရင်းနှီးမြုပ်​နှံမူကလည်းထင်​သလာက်​မဝင်​ ဝင်​လာတာအချို့ကလည်း တိုင်းပြည်​လိုအပ်​တဲ့ အဓိကလမ်းတံတားမဟုတ်​ ​ချေး​ငွေကလည်း လိုချင်​သ​လောက်​မရ/မဖြစ်​ လျင်​ ဘာလုပ်​သင့်​လည်းဝိုင်းဝန်းစဉ်းစားသင့်​ပြီ။

No comments:

Post a Comment