Popular Posts
Showing posts with label ဥပဒေများ. Show all posts
Showing posts with label ဥပဒေများ. Show all posts
Saturday, 27 April 2019
ယာဘဆေးပြားဓာတ်ပုံ မူပိုင်
Image capti
ယာဘဟာ လွယ်လွယ်ရနိုင်သလို ဈေးလည်းချိုပါတယ်
Image caption
Image caption
Image caption
Image caption
အဗ္ဗဒူလ်ရာမန်
Image caption
အဗ္ဗဒူလ်ရာမန်
Image caption
Image caption
အဲဒီ ဖေဖေါ်ဝါရီလက လူတွေ လာအဖမ်းခံခဲ့အပြီးမှာ ကော့ဆက်ဘဇားခရိုင်အတွင်း ယာဘဆေးပြားရောင်းဝယ်မှုဟာ ၇၀ ရာခိုင်နှုန်းနီးပါး ကျြသွားခဲ့ပါတယ်လို့လည်း ရဲဝန် မာဆွတ်ဟိုစိန်က ပြောပါတယ်။
Image caption
Image caption
သံယောဇ့ဉ် ပိုခိုင်မလာခဲ့
ယာဘ - လွယ်လွယ်ရ များများသုံးရင်း ခြိမ်းခြောက်ခံလာရတဲ့ ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်မှာ အနီရောင်နဲ့ ပန်းရောင်ဆေးပြားလေးတွေ စွဲနေသူ သောင်းနဲ့ သိန်းနဲ့ ချီပြီး ရှိနေပါပြီ။ အဲဒီ ဆေးပြားလေးတွေဟာ နေရာတကာ လွယ်လွယ်နဲ့ ဝယ်လို့ ရနေသလို စျေးလည်းချိုပါတယ်။ အဲဒီ ဆေးပြားလေးတွေကတော့ ယာဘလို့ အသိများတဲ့ မူးယစ်ဆေးပါ။ မူးယစ်ဆေး သုံးစွဲသူ၊ ရောင်းဝယ်သူတွေကို နှိမ်နင်းရင်း ရဲတွေက ပစ်သတ်လို့ လူ ရာနဲ့ ချီပြီးလည်း သေဆုံးခဲ့ရပါပြီ။ ကျွန်တော် မအိပ်ပဲ ၇ ရက်၊ ၈ ရက်၊ တခါတလေ ၁၀ ရက်အထိ နေခဲ့တယ်။ မနက်၊ နေ့လယ်၊ ည အချိန်တိုင်း ယာဘကို သုံးတယ်။ ပြီးတော့ မအိပ်တော့ပဲ တစ်ညလုံး အလုပ်လုပ်နေနိုင်တယ် လို့ ပြောပြသူကတော့ မိုဟာမက်ပါ။ သူယာဘ စွဲနေတာ ကြာပါပြီ။ မအိပ်ပဲ အချိန်အကြာကြီး နေပြီးတဲ့နောက်မှာတော့ သူ မခံနိုင်တော့ပါဘူး။လုံးဝ သတိလစ်သွားတယ်။ ဘာမှ မသိတော့ဘူး။ နှစ်ရက် သုံးရက်ကြာတော့ ပြန်နိုးလာပြီး တစ်ခုခုစားတယ်။ ပြီးရင် ပြန် အိပ်တော့တာပဲ။ ယာဘ ရှိသေးရင် အဲဒီအချိန်မှာ သောက်လိုက်တယ်။ တစ်လုံးပဲ ကျန်လည်း အဲဒီဆေးပြားကို သောက်လိုက်ပါတယ်။ 
မိုဟာမက် ယာဘစွဲသွားက ဒက္ကားမှာ အလုပ်လုပ်ချိန်က စပါတယ်။ 
Quotebox: You become more sociable... You enjoy music, cigarettes and sex more
Image captionလူတွေနဲ့ ပိုရောလာတယ်၊ သီချင်းကို ပိုနားထောင်ဖြစ်တယ်၊ စီးကရက်ကြိုက်တယ်၊ လိင်ကိစ္စလည်း ပို အားသန်လာပါတယ်။
ကျွန်တော်တို့က ဂျပန်ကို ကုန်ပို့တဲ့ အလုပ်လုပ်တာဆိုတော့ အချိန်ကွာလို့ ညဘက်မှာ အလုပ်လုပ်ရတယ်။ အဲဒီမှာ အလုပ်ထဲက တစ်ယောက်က ယာဘအကြောင်း ကျွန်တော့်ကို ပြောတယ်။ အဲဒီ ဆေးပြားသုံးရင် ည မအိပ်ပဲ နေနိုင်တယ်။ ပိုလည်း အားရှိတယ်။ မနက်ကျလည်း အပင်ပန်းခံနိုင်တယ်၊ ညလည်း အလုပ်ဆက်လုပ်နိုင်တယ်လို့ ပြောတယ်။ 
စပြီး သုံးစမှာတော့ သူ့ သူငယ်ချင်းပြောသလိုပဲ ကောင်းတဲ့အပိုင်းတွေကို မိုဟာမက်ခံစားရပါတယ်။ အဲဒါက သိပ်တော့ ကြာကြာမခံပါဘူး။ သူ့အမူအရာတွေ ပျက်လာပြီး လူကလည်း ပြိုလဲတော့မလို ဖြစ်လာပါတယ်။ 
ယာဘ စသုံးတဲ့အချိန်မှာတော့ အားလုံးက အကောင်းချည်းလိုပဲ၊ စိတ်တက်ကြွတယ်။ အားလည်း ပြည့်တယ်၊ စိတ်ခံစားမှုဘက်ဆို ထက်သန်နေတတ်တယ်လို့ မူးယစ်ဆေးစွဲမှုတွေကို အထူးပြုလေ့လာနေတဲ့ စိတ္တဗေဒဆရာဝန် ဒေါက်တာ အာရှစ်ဆာလင်းက ပြောပါတယ်။ 
"လူတွေနဲ့လည်း ပို ခင်တတ်လာတယ်။ သီချင်းဂီတကိုလည်း ပို ခံစားတတ်လာတယ်။ စီးကရက်ပိုသောက်လာမယ်။ လိင်ခံစားမှုလည်း ပိုအားသန်လာမယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ယာဘသုံးတာနဲ့ လိင်ပိုင်းထက်သန်မှုကို တွဲပြီးမြင်ကြတယ်၊ အဲဒီအတွက် သုံးကြတယ်။ မအိပ်ပဲ အကြာကြီးနေနိုင်တယ်။ အင်အား ပိုပြည့်နေသလိုလည်း ခံစားရတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာတယ်။ ယာဘက ဖြတ်လိုက်ရင်လည်း အရက်နဲ့ ဘိန်းဖြူလို ဖြတ်ရင်ခံစားရတဲ့ ဝေဒနာတွေ မရှိဘူး။ ဒါပေမယ့် ယာဘက သိပ်ကို စွဲဖို့လွယ်တယ်။ သိပ်အန္တရာယ်ကြီးတဲ့ ဆေးပြားမျိုးပါ။"
ယာဘဆေးပြား ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတာ ၂၀၀၂ ခုနှစ်ကပါ။ အဲဒီကတည်းက သုံးစွဲသူ၊ စွဲလမ်းသူ၊ ရောင်းချသူတွေလည်း တဖြေးဖြေးချင်းတိုးလာနေခဲ့ပါတယ်။ အိန်မီးချင်းမြန်မာနိုင်ငံမှာ အမြောက်အမြေားထုတ်လုပ်တဲ့ အဲဒီဆေးပြားတွေဟာ နယ်စပ်ကတဆင့် အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ နှစ်နိုင်ငံကြားက နာ့ဖ်မြစ်ကြောင်းတလျှောက်ဟာ မူးယစ်ဆေး ဝင်ရောက်ရာ လမ်းကြောင်းတစ်ခုပါပဲ။ 
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်
Image captionနယ်စပ်တလျှောက်ကနေ ယာဘတွေ အလု့းအရင်းနဲ့ ဝင်ရောက်
Presentational white space
အဲဒီ နယ်စပ်က မြစ်ကို ဖြတ်ကျော်ပြီး ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ သိန်းချီလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်နှိမ်နင်းမှုတွေက ရှောင်တိမ်းလွတ်မြောက်အောင်လို့ပါ။ အခုဆို ဒုက္ခသည်ပေါင်း တစ်သန်းလောက် နယ်စပ်က ဖြစ်သလို တည်ဆောက်ထားတဲ့ စခန်းတွေမှာ နေနေကြပါတယ်။ အဲဒီ ဒုက္ခသည်တွေဟာ မူးယစ်ဆေးကုန်သည်တွေက ဆေးပြားသယ်ဆောင်ရေးအတွက် အသုံးချ ခိုင်းစေခံရသူတွေ ဖြစ်လာကြပါတယ်။ အမျိုးသမီးတွေကတောင် ဆေးပြားတွေကို သူတို့ရဲ့ အမျိုးသမီးအင်္ဂါထဲ ထည့်လို့ သယ်ယူကြတာတွေလည်း ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် စီးပွားရေးဟာ တဟုန်ထိုးတိုးတက်အားကောင်းခဲ့တဲ့ အချိန်တစ်ခု မကြာခင်က ရှိခဲ့ပါတယ်။ အဲဒီ အခြေအနေကို မူးယစ်ကုန်သည်တွေက အမိအရ အသုံးချခဲ့ပုံရတယ်လို့ မူးယစ်စျေးကွက်ကို လေ့လာထားသူတွေက သုံးသပ်ပါတယ်။ မူးယစ်ဆေး ကုန်သည်တွေဟာ ယာဘတွေကို အလုံးအရင်းနဲ့ တင်သွင်းလာပြီး စျေးကွက်ထဲမှာ စျေးသက်သက်သာသာနဲ့ ရောင်းပေးပါတယ်။ အများစုက စွဲနေပြီး မသုံးရမနေနိင် ဖြစ်လာတော့မှ သူတို့ လိုချင်သလို ရောင်းကြတော့တာ ဖြစ်ပါတယ်။ 
ကျွန်တော်တော့ လုံးဝကို မသုံးရမနေနိုင် ဖြစ်သွားခဲ့ပါတယ်လို့ မိုဟာမက်က ပြန်ပြောပြပါတယ်။ 
အဲဒီအချိန်က သူတို့ရဲ့ မွေးစကလေးကို ကြည့်ရှုနေရတဲ့ မိုဟာမက်ရဲ့ ဇနီး နူစရတ်ကလည်း မိုဟာမက်ရဲ့ အပြုအမူတွေဟာ တစ်နေ့ထက်တစ်နေ့ မှန်းလို့မရအောင်ဖြစ်ဖြစ်လာတယ်လို့ ပြောပါတယ်။
မိုဟာမက်နဲ့ သူ့ဇနီးသည်
Image captionမိုဟာမက်နဲ့ သူ့ဇနီးသည်
"သူ အိမ်ပြန်လာပြီဆို ကျွန်မကို အားလုံး အပြစ်ရှာတော့တာပဲ၊ ထမင်း ဟင်းနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ဖြစ်ဖြစ်၊ ကျွန်မ အလုပ်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် အပြစ်ရှာတယ်။ အဲဒါက သူ့အရင်က ပုံစံနဲ့ လုံးဝ မတူဘူး" လို့ နူစရတ်က ဆိုပါတယ်။ အိမ်ထဲမှာ ယာဘဆေးပြားတွေတွေ့ရတဲ့ အချိန်မှာတော့ သူ မိုဟာမက်ကို မေးခဲ့ပါတယ်။ 
"သူက ကျွန်မကို အော်တယ်။ သူ ဆေးကုခံဖို့ ကိုကျွန်မပြောပေမယ့် လက်မခံဘူး၊ သူ မဟုတ်ဘူးပဲ ငြင်းတယ်၊ နင်က ငါ့ကို မယုံဘူး၊ နင်တစ်ယောက်ယောက်နဲ့ ထွက်သွားချင်တယ်၊ ငါနဲ့ အတူမနေချင်ဘူးလို့ စွပ်စွဲတယ်။ အဲဒီအချိန်တွေက ကျွန်မအတွက် သိပ်ခက်ခဲပါတယ်။ သူ အဲဒီအချိန်က ကျွန်မကို သတ်ချင်တောင် သတ်လိုက်နိုင်ပါတယ်။"
မြို့တော် ဒက္ကားက စိတ်ပညာဆရာဝန် အာရှစ်ဆာလစ်ကတော့ အရက်သောက်တာကို ပိတ်ပင်တားမြစ်ထားပြီး အရက်ကိုလည်း လွယ်လွယ်နဲ့ မရတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ယာဘဆေးပြားတွေက အစားထိုးပြီး ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားတယ်လို့ ပြောပါတယ်။ 
"တစ်ခါက လူကြီးလူကောင်းဆိုသူ တစ်ယောက် ကျွန်တော့်ဆီ ရောက်လာတယ်။ သူ့ မိဘတွေကလည်း တော်တော်လေး စည်းကမ်းတင်းကျပ်တဲ့ ရှေးရိုးစွဲသမားတွေ၊ ဒါကြောင့် သူက သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တဲ့ အခါ တခြားသူတွေ ဘီယာသောက်လည်း သူက မသောက်ဘူး၊ အိမ်ပြန်လာရင် အရက်နံ့ထွက်နေမှာ စိုးလို့။ သူ အသက် ၃၀ ကျော်မှာပဲ ယာဘကို စပြီး စမ်းသုံးမိသွားတယ်။ သူ ဆေးသုံးထားလည်း အပြင်ပန်းက ကြည့်ရင် မသိသာဘူး၊ အနံ့လည်း မထွက်ဘူး။ ဆေးပြားကိုလည်း နည်းနည်းပဲ သုံးတော့ နောက်တစ်နေ့ကျတော့လည်း သိပ်ဆိုးဆိုးဝါးဝါး ဖြစ်မနေဘူးပေါ့။"
မြန်မာနဲ့ နယ်စပ်အနားမှာ ဆေးပြားပြဿနာက အဆိုးဆုံးဖြစ်
Image captionကော့ဆက်ဘဇားနားမှာ ရဲတွေက ယာဉ်တွေကို ရပ်တန့်ရှာဖွေ
ဒါပေမယ့် ယာဘ သုံးသူတွေဟာ စိတ်ပြေလက်ပျောက်သုံးစွဲတာနဲ့ တင်မရပ်တော့ပါဘူး။ ရာဇ၀တ်မှုတွေကိုလည်း ကျူးလွန်လာပါတယ်။ ယာဘက နေရာတိုင်းလိုမှာ အလွယ်တကူ ရနေတာကလည်းတစ်ကြောင်း၊ ဆေးသုံးတဲ့လူတွေက ပြဿနာတွေဖော်လာတာကလည်း တစ်ကြောင်းကြောင့် နောက်ဆုံးတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ယာဘဆေးပြားလက်ဝယ်တွေ့သူတွေကို အရေးယူလာပြီး မူးယစ်ဆေးရောင်းဝယ်မှုတွေကို လုံးဝ သည်းမခံဘူးဆိုတဲ့ မူဝါဒကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီ မူဝါဒကြောင့်ပဲ ရဲတွေက မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ်သူတွေကို အကျဉ်းရုံး သုတ်သင်သတ်ဖြတ်တာမျိုးတွေ လုပ်တာရှိလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။
ဗလီက ပြန်လာတဲ့ တစ်နေ့ ကျွန်တော့်အိမ် ဂိတ်ဝမှာ ရဲတွေအများကြီးရောက်နေတာတွေ့ရတယ်လို့ တက်ကနပ်ဖ်မှာ နေတဲ့ အဗ္ဗဒူလ်ရာမန်က ပြန်ပြောပြပါတယ်။ တက်ကနပ်ဖ်ဆိုတာ ယာဘဆေးပြားအများဆုံးရောင်းဝယ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း ကော့ဆက်ဘဇားဒေသက မြို့တစ်မြို့ပါ။ 
"သူတို့ အိမ်ထဲဝင်လာကြပြီး ကျွန်တော့်သား အဘူလ်ကာလမ်ကို ရေချိုးခန်းထဲက ဆွဲထုတ်ပြီး လက်ထိပ်ခတ်ပါတယ်။ သူ့ကို မဖမ်းပါနဲ့၊ သူ ဘာလုပ်လို့လဲလို့ ကျွန်တော်က မေးတော့ ရဲတစ်ယောက်က အဖိုးကြီး စကားမများနဲ့၊ ခင်ဗျားကိုပါ ပစ်သတ်ရမလား" လို့ ပြောပါတယ်။
အဘူလ်ကာလမ်ဟာ လူကုန်ကူးမှုနဲ့ အဖမ်းခံခဲ့ရပြီး ထောင်ကျခဲ့လို့ ပြန်လွတ်လာတာ မကြာသေးပါဘူး။ မူးယစ်ဆေးမှုနဲ့တော့ မဟုတ်ပါဘူး။ သူ့ကို အခုတစ်ခေါက်ဖမ်းခေါ်သွားပြီး ဖမ်းထားလို့ ငါးရက်အကြာမှာတော့ သူ့အဖေဆီ သတင်းဆိုးကြီး ရောက်လာပါတယ်။ 
အဗ္ဗဒူလ်ရာမန်
Image captionအဗ္ဗဒူလ်ရာမန်
ကျွန်တော့်သား အပြန်အလှန် ပစ်ကြရင်း သေသွားပြီလို့ ရဲတွေက ပြောတယ်လို့ သူက ပြန်ပြောပြပါတယ်။ 
အဘူလ်ကာလမ်ဟာ ဇန်နဝါရီလ ၉ ရက်နေ့က ရဲစခန်းနဲ့ တော်တော်လှမ်းတဲ့ နေရာတစ်ခုမှာ သေဆုံးခဲ့ပါတယ်။ ရဲတွေကတော့ သူ အချင်းချင်းအပြန်အလှန် ပစ်ခတ်ရင်း သေသွားတာလို့ ပြောပါတယ်။ မီဒီယာသတင်းတွေမှာတော့ အဘူလ်ကာလမ်နဲ့အတူ နောက်တစ်ယောက်လည်း အဲဒီနားမှာပဲ သေဆုံးနေတာတွေ့ခဲ့ရပြီး အချင်းဖြစ်တဲ့နေရာက ယာဘဆေးပြား နှစ်သောင်းနဲ့ သေနတ်ငါးလက်ကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။ 
၂၀၁၈ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက မူးယစ်ဆေး နှိမ်နင်းရေး စီမံချက် စတင်ခဲ့ပြီး ပထမ ခုနှစ်လအတွင်းမှာပဲ နိုင်ငံတဝန်းမှာ လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တစ်ခုက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မီဒီယာ သတင်းတွေမှာတော့ အစိုးရက အကြောင်းပြလေ့ရှိတဲ့ အပြန်အလှန်ပစ်ခတ်ကြရင်းဆိုတဲ့ စကားလုံးကို အဖွင့်အပိတ်မျက်တောင်တွေနဲ့ ဖော်ပြတတ်ကြပါတယ်။ အဲဒါကတော့ ဒီလို အပြန်အလှန် ပစ်ကြတယ်ဆိုတာ တမင်ဖန်တီးထားတာလို့ သံသယတွေ ကြီးကြီးမားမား ရှိနေကြတယ်ဆိုတာကို ဖော်ပြချင်တာပါ။ 
ကော့ဆက်ဘဇားက ခရိုင်ရဲဝန် မာဆွတ်ဟိုစိန်ကတော့ ယာဘရောင်းဝယ်တဲ့သူတွေကို ပစ်သတ်ရမယ်ဆိုတဲ့ မူဝါဒ ချထားတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါဆို အဘူလ်ကာလမ် သေဆုံးရတဲ့ အနေအထားကိုရော သူဘယ်လို ရှင်းပြမှာပါလဲ။
တခါတလေ ကျွန်တော်တို့ စီမံချက်လုပ်ရင် ယာဘမှောင်ခိုသမားတွေနဲ့ ရင်ဆိုင်ရပါတယ်။ သူ သေသွားတာလည်း အဲဒီလို ရင်ဆိုင်တိုက်ခိုက်ရမှု တစ်ခုခုမှာ ဖြစ်ပါလိမ့်မယ်လို့ ရဲဝန်က ပြောပါတယ်။"ဖမ်းမိတဲ့ လူတွေကို ကျွန်တော်တို့က ရဲစခန်းကို ခေါ်သွားတယ်။ သူတို့ကို စစ်ဆေးလို့ သတင်းရရင် ကျွန်တော်တို့ အပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ပါတယ်။ အဲဒီလို စစ်ဆင်ရေးလုပ်တဲ့အချိန် ဒုစရိုက်သမားတွေက သေနတ်တွေဘာတွေနဲ့ ပြန် ပစ်တာတွေရှိတယ်။အဲဒီလို ပစ်ရင်းခတ်ရင်း သူသေသွားတာ ဖြစ်နိုင်ပါတယ်။" 
ကော့ဆက်ဘဇားက ခရိုင်ရဲဝန် မာဆွတ်ဟိုစိန်
Image captionကော့ဆက်ဘဇားက ခရိုင်ရဲဝန် မာဆွတ်ဟိုစိန်
ဒီလို သေဆုံးမှုတွေဟာ တစ်ပုံစံထဲလိုလို ဘာလို့ ဖြစ်နေရတာလဲဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးလည်း သူ့မှာ အဖြေရှိပါတယ်။ 
"ပုံစံတူနေတာတွေတော့ ရှိမှာပေါ့ဗျာ။ ဒါပေမယ့် ဖြစ်လိုက်တိုင်း ဒီအတိုင်းချည်းပဲဆိုတော့ ခင်ဗျားကို ကျွန်တော်က တခြားလှီးလွဲပြောရမှာလား။"
ဖေဖေါ်ဝါရီလမှာတော့ ခရိုင်ရဲဝန်က တက္ကနပ်ဖ်မြို့မှာ ထူးထူးခြားခြားပွဲကလေး တစ်ခုလုပ်ပါတယ်။ သောင်းချီပြီး လာကြည့်တဲ့လူတွေရဲ့ ရှေ့မှာ ယာဘရောင်းတဲ့လူဆိုတဲ့ လူပေါင်း ၁၀၂ ယောက်က ရဲတွေဆီမှာ သူတို့ကိုယ်သူတို့ လာအပ်ကြတာပါ။ ဒီလူအားလုံးဟာ ဒေသခံတွေချည်းပါပဲ။ သူတို့ထဲမှာ အာဏာရ အဝါမီလိခ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ယောက်ရဲ့ အမျိုးတွေနဲ့ တခြား လွှတ်တော်အမတ်တွေရဲ့ အမျိုးတွေတောင်ပါပါတယ်။ အဲဒီပွဲမှာ လက်နက်မျိုးစုံ အလက် ၃၀ နဲ့ ယာဘဆေးပြား သုံးသိန်းခွဲ ပါတဲ့ အိတ်ကလေးတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ လာပြီး အဖမ်းခံတဲ့လူတွေကို ပန်းတွေနဲ့ ဆင်ထားတဲ့ စင်မြင့်ရှေ့မှာ တန်းစီခိုင်းထားပြီး သူတို့ကို ပြည်ထဲရေးဝန်ကြီး အဆာဒူဇမန်ခန်က ပန်းတစ်ပွင့်စီ ပေးခဲ့ပါတယ်။ 
တစ်နိုင်ငံလုံးမှာ ယာဘတွေ ပြန့်နေပြီ။ အထက်တန်းကျောင်းတွေနဲ့ ကောလိပ်တွေက ကျောင်းသားတွေတောင် ယာဘဆေး စွဲနေကြပြီလို့ ဝန်ကြီးက တက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။ 
တက်ကနဖ်မှာ လာအဖမ်းခံကြသူတွေဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionလူပေါင်း ၁၀၂ ယောက်က ရဲတွေဆီမှာ လာအဖမ်းခံ
သူက အဲဒီနေ့ကလာအဖမ်းခံကြသူတွေကိုလည်း ဆက်စကားပြောခဲ့ပါတယ်။
"ခင်ဗျားတို့ အခုလို လာအဖမ်းခံလိုက်တာကလည်း တက်က်နဖ်ရော တစ်နိုင်ငံလုံးမှာပါ ယာဘဆေးပြား ကင်းစင်အောင်လုပ်နိုင်မယ်ဆိုတဲ့ ကျွန်တော်တို့ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာ ပြလိုက်တာပါ" လို့ သူက ဆိုပါတယ်။ 
အဲဒီနေ့က လာအဖမ်းခံကြသူတွေဟာ အခုဆောင်းပါးရေးသားချိန် ဧပြီလအထိ ပြန်မလွတ်ကြသေးပါဘူး။ 
ဝန်ကြီးအပြောအရဆိုရင်တော့ လာအဖမ်းကြသူတွေဟာ သူ့တို့ ဆန္ဒအလျောက် ရဲလက် ကိုယ့်ဟာကိုယ် လာအပ်ကြတာ လို့ ယူဆစရာရှိပါတယ်။ ဒါပေမယ့် သူတို့ထဲက ရှော်ကက်အလမ်ဆိုသူဟာ သူ့ အသက်သေမှာကြောက်လို့ သွားအဖမ်းခံခဲ့ရတာပါလို့ ညီဖြစ်သူက ပြောပါတယ်။ 
ရဲတွေက အပစ်ခံရမယ့် လူစာရင်းကို ပြုစုထားတယ်။ အဲဒီအကြောင်းကြားတဲ့အခါမှာ ကျွန်တော့်အစ်ကိုက သိပ်ကြောက်သွားလို့ သွားအဖမ်းခံလိုက်တာပါလို့ မိုဟာမက် အလန်ဂါက ပြောပါတယ်။ 
ခရိုင်ရဲဝန် မာဆွတ်ဟိုစိန်ကတော့ သူတို့ ဒီလို ဖိအားပေးခဲ့တာ မရှိပါဘူးလို့ ငြင်းပါတယ်။ 
"ကျွန်တော် အခိုင်အမာပြောနိုင်ပါတယ်။ ပစ်သတ်မယ့် လူစာရင်းဆိုတာ လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ တရားခံတွေကို ဖမ်းမိဖို့ပဲ အမြဲကြိုးစားပါတယ်" လို့ သူက ဆိုပါတယ်။ 
အဲဒီ ဖေဖေါ်ဝါရီလက လူတွေ လာအဖမ်းခံခဲ့အပြီးမှာ ကော့ဆက်ဘဇားခရိုင်အတွင်း ယာဘဆေးပြားရောင်းဝယ်မှုဟာ ၇၀ ရာခိုင်နှုန်းနီးပါး ကြျသွားခဲ့ပါတယ်လို့လည်း ရဲဝန် မာဆွတ်ဟိုစိန်က ပြောပါတယ်။ 
ယာဘတွေ ရှာနေတဲ့ နယ်ခြားစောင့်ရဲဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionတက်ကနဖ်က ဘတ်စကားတစ်စီးပေါ်မှာ ယာဘတွေ ရှာနေတဲ့ နယ်ခြားစောင့်ရဲ
၂၀၁၈ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးမှာ ယာဘဆေးပြား ၅၃ သန်း ဖမ်းမိခဲ့ပါတယ်။ ဒီ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းဟာ တစ်နှစ်တစ်နှစ်ကို ဒေါ်လာ သန်းတစ်ထောင်လောက်တန်ဘိုး ရှိပါတယ်။ 
နိုင်ငံတွင်းမှာ မူးယစ်ဆေးစွဲနေသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျ စာရင်းပြုစုထားတာမျိုးတော့ မရှိပါဘူး။ မူးယစ်ဆေးနှိမ်နင်းရေးဌာနက လူလေးသန်းလောက် မူးယစ်ဆေးစွဲနေတယ်လို့ ခန့်မှန်းထားပေမယ့် လူမှုရေးအဖွဲ့တွေကတော့ ခုနှစ်သန်းလောက်လို့ မှန်းပါတယ်။ အဲဒီထဲမှာ သုံးပုံတစ်ပုံလောက်က ယာဘဆေးစွဲနေသူတွေလို့ ယူဆရပါတယ်။ 
အစပိုင်းက ပြောခဲ့တဲ့ ယာဘဆေးစွဲခဲ့သူ မိုဟာမက်အတွက်တော့ ယာဘသုံးလို့ စိတ်တက်ကြွရတာတွေဟာ သိပ်မကြာခင်မှာပဲ စိတ်ဓာတ်ကျဆင်းရတာတွေ ဖြစ်လာပါတယ်။
ကျွန်တော့် စိတ်မှာ အမြဲရှုပ်ထွေးနေတယ်၊ တစ်ယောက်ယောက်က ကျွန်တော်ပြောတာကို ခိုးနားထောင်နေတယ်။ ကျွန်တော့်ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်လို့ အမြဲခံစားနေရတယ်။
ဒီလို စိတ်ကစဉ့်ကလျားဖြစ်ရတာတွေဟာ ယာဘသုံးသူတွေအကြားမှာ တွေ့ရလေ့ရှိပါတယ်။
သူ ဒီလို မူးရူးနေချိန်မှာပဲ သူ့ မိသားစုက အကူအညီတောင်းလို့ တစ်ညမှာ လူစိမ်းတချို့က သူ့ကို ချုပ်နှောင်ပြီး ဆေးခန်းတစ်ခုဆီကို ခေါ်သွားခဲ့ပါတယ်။ အဲဒီတုန်းက အတွေ့အကြုံဟာ သိပ်ကို ထိတ်လန့်စရာ ကောင်းခဲ့ပေမယ့် အခုတော့ သူ့ကို ဆေးခန်းပို့ပေးခဲ့ကြတာကို မိုဟာမက်က ကျေးဇူးတင်နေပါပြီ။ သူ အဲဒီ ဆေးဖြတ်စခန်းမှာ လေးလနေခဲ့ရပြီး အခုဆို ဆေးပြတ်တာ တစ်နှစ်ကျော်ပါပြီ။ သူ့ကို ဆေးဖြတ်ပေးခဲ့တဲ့ စခန်းမှာပဲ လုပ်အားပေး ပြန်လုပ်ပေးနေပါတယ်။ ဒါကလည်ဒ ဆေးကို ပြန်မသုံးမိအောင်ပါလို့ သူက ပြောပါတယ်။ 
အခုဆို သူ အလုပ်ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ မိုဟာမက်ရဲ့ ဇနီးသည် နူစရတ်ကပြောပါတယ်။ ဒါပေမယ့် ကျွန်မကတော့ သူ့ကို အတင်းမတိုက်တွန်းပါဘူး။ သူ အကူအညီလိုရင် ပေးဖို့ ကျွန်မတို့ အားလုံး အနားမှာ ရှိနေကြပါတယ်လို့လည်း သူက ဆိုပါတယ်။ 
မိုဟာမက်နဲ့ သူ့ဇနီးသည်
Image captionသံယောဇ႕ဉ် ပိုခိုင်မလာခဲ့
မိုဟာမက် ယာဘဆေးစွဲခဲ့တာက သူတို့ လင်မယားအကြားမှာ ကြီးမားတဲ့ အရံအတားကြီးကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို အတူတူ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ သူတို့ရဲ့ သံယောဇဉ်က ပိုခိုင်မာလာပြီလို့ ယုံကြည်နေပါတယ်လို့ နူစရတ်ကပြောပါတယ်။ 
မိုဟာမက်ကလည်း ဒါကို သဘောတူပါတယ်။
"အခုဆို သူ့ကို ကျွန်တော်ပိုယုံကြည်လာတယ်။ သူ ကျွန်တော့်ကို စွန့်သွားမှာ မဟုတ်တော့ပါဘူး။"
Ref:https://www.bbc.com/burmese/in-depth-48068362?ocid=socialflow_facebook
Monday, 18 March 2019
Korea New! ကွမ်း အထူးသတိပေးချက်
ကိုးရီယားကို ကွမ်းနှင့်ပတ်သက်တဲ့ပစ္စည်းလေးတွေ သယ်မလာကျဖို့ သတိပေးလိုက်တယ်နော်!
ကျေးဇူးတင်ပါသည်။
YNHT(KOREA)
Breaking News! ကွမ်း အထူးသတိပေးချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ချောင်းလေဆိပ်သို့ အလည်ပြန်လာ၍
ဖြစ်စေ၊ ပထမဦးဆုံးလာ၍ ဖြစ်စေ လူကြုံ ပါးခြင်း(သို့) မိမိကိုယ်တိုင်မှ ကွမ်းရွက်၊ ဆေးဘူး(ဘုရင်မ/92) စသဖြင့် သယ်ဆောင်ခြင်း မပြုရန်
သတိပေးတိုက်တွန်းလိုက်ရပါသည်။
လတ်တလော SBS သတင်းတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းနှင့် ပတ်သက်၍ ထုတ်လွှင့်ပြီးနောက်စီမံချက် တစ်ရပ်အဖြစ် လေဆိပ်တွင်တင်းကျပ်စွာစစ်ဆေးလျက်ရှိပါသည်။
လေဆိပ်တွင် သိမ်းဆည်းရမိပါက ပထမအကြိမ်တွင် စည်းကမ်းဖောက်ဖျက်သဖြင့် သတိပေးအနေဖြင့် ပတ်စ်ပို့ထဲတုံးထုပါမည်။ ဒုတိယအကြိမ်တွင် ထပ်မံ မိပါက ဒဏ်ကြေးပါ ဆောင်ရပါမည်။
ပတ်စ်ပို့ထဲတွင် ပြစ်မှု တုံးရှိနေပါကလူကြီးမင်းများ အိုင်ဒီကတ် သက်တမ်းတိုးချိန်တွင် အခက်အခဲရှိနိုင်ပါသည်။
သို့ပါ၍ ကွမ်း၊ ဆေးဘူးများ အတတ်နိုင်ဆုံး အားနာ၍ လူကြုံသယ်ဆောင်ခြင်း ၊အခကြေးငွေ ယူ၍ သယ်ဆောင်ခြင်းရှောင်ကြဉ်ရန် လေးစားစွာဖြင့် မေတ္တာရှေ့ထားကာ တိုက်တွန်း အကြံပြုပါသည်။
လတ်တလောတွင် အလည်ပြန်လာသော ခရီးဆောင်အိတ်ထဲမှ ကွမ်းရွက်ဖမ်းမိ၍ ပတ်စ်ပို့ ထဲတွင် တားမြစ်ပစ္စည်း သယ်ဆောင်မှုဖြင့် တုံးထုခံလိုက်ရသော မြန်မာလူမျိုးအနည်းငယ်ရှိပါသည်။ သတိပြုကြစေလိုပါသည်။
ကွမ်းစားသော လူကြီးမင်းများလည်း ပြင်ပတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးမထွေးကြရန်၊ မအောင့်နိုင်ရန် စားသုံးလိုပါကလည်း ရေသန့်ဘူးအလွတ်၊ ကျွတ်ကျွတ်အိတ်များ ဆောင်ထားစေလိုပါသည်။
ကျေးဇူးတင်ပါသည်။
လေးစားစွာဖြင့် မစုထက်အောင်
အများသိသာစေရန်ပြန်လည် ဖြန့်ဝေအပ်ပါသည်။
YNHT(KOREA)
Customer ဆီကရော နိုင်ငံတော်ဆီကရော လိမ်ပြီး အခွန်ငွေတွေ ခိုးလိုက်တဲ့ The Myst
(ဒါ ကျနော်က ကိုယ်မိလာတဲ့ဆိုင်ကို သာဓကထား ပြောပြတာပါ။ဒီဆိုင်ကို မုန်းလို့ မဟုတ်ပါဘူး။ဒီလိုဆိုင်တွေ ဘယ်နှဆိုင်လောက်တောင် ရှိနေမလဲ။ ကိုယ့်နိုင်ငံအကျိုးအတွက် လူထု သတိထားမိအောင် ဝိုင်းshareပေးကြပါ။)
စိတ်မကောင်းစရာတစ်ခု ပြောပြရဦးမယ်။ ကျနော် အရမ်းကြိုက်တဲ့ မန္တလေးက The Myst Shisha Loungeu မှာ ဖြစ်သွားခဲ့တာပါ။ ပထမဦးစွာ ကျနော်ဟာ ဟိုးးးးးးအရင် ဆေးကျောင်းသားဘဝကတည်းက The Mystမှာ အမြဲထိုင်လေ့ရှိတဲ့ Customer ပါ။ သူ့ဆိုင်မှာ ထိုင်ရတဲ့Feelingနှင့် သူ့Shishaကို ကြိုက်လွန်းလို့ပါ။ အခုတော့ နောက်ဘယ်တော့မှ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ။
ပထမဆုံးစဖြစ်ခဲ့တာ ကျနော်ဘွဲ့ယူတဲ့အထိမ်းအမှတ် သူငယ်ချင်းတွေကို ပြုစုတဲ့နေ့ကပေါ့ (Marchလ ၁ ရက်နေ့ညပါ။ Bill ရှင်းတာတော့ 2.3.2019 1:30Amပေါ့) အဲ့ညကျ ကျနော်တို့သောက်တာ စုစုပေါင်း ၁သိန်းခွဲလောက်ကျတော့ Taxက ၇ထောင်ကျော်ကျတာပေါ့။ ရတယ် Okay ကိုယ်တွေဆိုတာ အခွန်ကောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုသိနေလို့ အခွန်ဆောင်ရမှာ မကြောက်ပါဘူး။ ဒါပေမယ့် သူတို့ အခွန်တံဆိပ်ခေါင်း ကပ်ပေးထားတာက ၁၃၀၀ဖိုးတည်း (၁၀၀တန် တံဆိပ်ခေါင်းလေး ၁၃ ခု)
ကျနော်က အမြဲလိုလို ဘယ်ဆိုင်ထိုင်ထိုင် တံဆိပ်ခေါင်းအမြဲစစ်တယ်။ ပြီးရင် အဲ့တံဆိပ်ခေါင်းကို ၂ခါပြန်သုံးလို့မရအောင် ဖြဲပစ်ခဲ့တဲ့အကျင့်ရှိတယ်။ အဲ့တော့ တံဆိပ်ခေါင်းစစ်တော့ ၇ထောင်ကျော်ကို ၁ထောင်ကျော်ပဲကပ်ထားတာ မတော်တဆမှု လုံးဝမဖြစ်နိုင်ဘူး။ ကြားထဲက တမင်ခိုးလိုက်တာပဲ။
အဲ့မှာ ကျနော်သောင်းကျန်းတော့တာပဲ ကျနော် မန္တလေးကို ဘွဲ့လာယူနေစဉ်၃ရက်အတွင်းမှာပဲ သူ့ဆိုင်မှာ ညတိုင်း ကျနော်အားပေးခဲ့တဲ့ငွေဟာ ၃,၄သိန်းအထက်မှာရှိပါတယ်။ ဒီလို ညတိုင်းလာပြီး မျက်မှန်းတန်းမိနေတဲ့ Customer အပေါ်တောင် ဒီလိုလုပ်ရဲရင် အခြားလူတွေအပေါ်လည်း သူတို့လုပ်မှာပဲ။
ဒါ ပထမတစ်ခါတုန်းက သူတို့ကို ဆူခဲ့ပြီး နောက်မလုပ်ဖို့ မှာခဲ့ပါတယ်။ ခုလို Facebookကြီးမှာ တင်ပစ်ဖို့ကလည်း သူများစီးပွားရေးကို မဖျက်ဆီးချင်ဘူးလေ။
ဒါပေမယ့် မနေ့ညက နောက်တစ်ခါ ထပ်လုပ်ပါတယ်။ ဒုတိယပုံမှာကြည့်ပါ။ ၂ ထောင်ကျော် ကောက်ထားတဲ့ Taxကို ၁၂၀၀ဖိုးပဲ ကပ်ထားတယ်လေ။ ထပ်ခိုးပြန်ပြီ။၁၀၀၀တန် တံဆိပ်ခေါင်း ၅၀၀တန် တံဆိပ်ခေါင်းတွေ ရှိလျက်သားနဲ့ ၁၀၀တန်လေးတွေ အများကြီးကပ်ပြီး မျက်စိရှုပ်အောင် လုပ်ထားတာပါ။
ဒါပေမယ့် ကျနော့်လိုကောင်က ဘယ်လိုကပ်ထားထား အမြဲသေချာစစ်တယ်လေ။ တွေ့သွားတယ်။ ဒီတစ်ခါ ဘာမှမပြောတော့ဘူး။ တိတ်တိတ်ကလေးပဲ ဓာတ်ပုံရိုက်လာပြီး အားလုံးသိအောင် ခုလို ဖွင့်ချရခြင်းဖြစ်ပါတယ်။
ထူးခြားတာတစ်ခုက ၂ခေါက်လုံး အပေါ်ထပ်မှာထိုင်မှပဲ ဖြစ်တာပါ။ အောက်ထပ်မှာ ထိုင်တုန်းက မဖြစ်ဖူးပါဘူး။ ဒီ Post ကို ဆိုင်ရဲ့ တာဝန်ရျှသူ တစ်ယောက်ယောက် မြင်သွား ခဲ့မယ်ဆို အပေါ်ထပ်ကို သတိပြုစေချင်ပါတယ်။ ကျနော်ဘာကြောင့် ဒီတံဆိပ်ခေါင်းလေးကို သဲသဲလှုပ်ဖြစ်နေရသလဲ ကျနော်တွက်ပြမယ် သေချာဆက်ဖတ်ပါ။
ဒီလိုပါ နိုင်ငံတော် စားသုံးသူက အခွန်ဆောင်ရင် အခွန်တံဆိပ်ခေါင်းကပ်ပေးမှ နိုင်ငံတော်ကို အခွန်ငွေတွေရောက်ပါတယ်။ ဒီတံဆိပ်ခေါင်းတွေကို အခွန်ရုံးမှာ သတ်မှတ်ထားတဲ့ ဈေးအတိုင်း ဆိုင်က ပြန်ဝယ်ရတာလေ။
ဥပမာ – ၁၀၀၀တန် အခွန်တံဆိပ်ခေါင်းကို အခွန်ရုံးမှာ ငွေ ၁၀၀၀ နှင့် ဝယ်ပြီး ကျနော်တို့ Tax ၁၀၀၀ ကျရင် ၁၀၀၀ ကပ်ပေးရတာလေ။ အဲ့တော့ အခွန်တံဆိပ်ခေါင်းတွေဟာ ဘယ်အခွန်ဦးစီး ဘာညာသာရကာမှ မဖြတ်ရလို့ ၁၀၀ ဆို၁၀၀ ကိုယ်ဆောင်သမျှ ကပ်ပေးသလောက် နိုင်ငံတော်ဘဏ္ဍာတိုက်ကို အတိအကျ မပျက်မယွင်း ရောက်လို့ ဆောင်ရတာ အတန်ဆုံးအခွန်ပါ။
အခု သူတို့က ၇၀၀၀ ကျော် ကျတာကို ၁၃၀၀ ဖိုးပဲ ကပ်ပေးတာဆိုတော့ ကြားထဲက ၅၇၀၀ ခိုးထားလိုက်ပြီလေ။ ကျနော်ကလည်း ပေးလိုက်ရတယ်။ နိုင်ငံတော်ကလည်း မရဘူး။သူက ကြားထဲက ခိုးထားလိုက်တာ ၅၇၀၀။ ဒီလို တစ်ဝိုင်းကို ပျှမ်းမျှခြင်း ၅၀၀၀ လောက်ခိုးရင် တစ်ညကို သူ့ဆိုင်မှာ အနည်းဆုံး ဝိုင်း ၄၀ လောက်ရှိပါတယ်။ ဒါဆို ခိုးယူငွေ ၂ သိန်းလောက်ရနေပြီလေ။ တစ်ည ၂ သိန်း တစ်လကို သိန်း ၆၀။ တစ်နှစ်ကို သိန်း ၇၀၀ ကျော် ခိုးနေတာပါ။
ဒီလို ဘားမှာ လာသောက်ကြပြီ ဆိုမှတော့ အားလုံးက မူးနေကြတာလေ။ ကျနော့်လို Tax စစ်မယ့်လူ ဘယ်နှယောက် ပါမယ် ထင်သလဲ။
အခြားမြို့က လူတွေထက် မန္တလေးသူ မန္တလေးသားတွေက အခွန်ငွေရဲ့ အကျိုးကျေးဇူးကို ပိုသိကြမှာပါ။ အခု မန္တလေးမြို့ကြီးတိုးတက်လာတာ နေ့ချင်းညချင်းမဟုတ်ပါဘူး။ မြို့တော်ဝန် ဦးရဲလွင်အစိုးရ တက်လာခါစက ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ပိုက်ဆံမရှိဘူးလေ။ အခွန်တွေကောက်ပြီးမှ ဒီအခွန်ငွေတွေနင့် လမ်းတွေခင်း မီးတိုင်တွေစိုက် လုပ်ပေးနိုင်တာလေ။ ရှင်းရှင်းပြောရရင် ကျနော်တို့ အခွန်ဆောင်ထားတဲ့ ကျနော်တို့ပိုက်ဆံတွေနှင့် အခုလို လုပ်ပေးနိုင်တာပါ။ ဘယ်နိုင်ငံ ဘယ်ဖန်ဆင်းရှင်ကမှ လာလုပ်ပေးသွားတာမဟုတ်ဘူး။ အခုလို ကြားထဲက ဖြတ်ခိုးတဲ့ သူခိုးရှိနေရင် ကျနော်တို့ ရပိုင်ခွင့်တွေ မီးတိုင်တွေ လမ်းတွေ ဘယ်ကပိုက်ဆံနှင့် ဆောက်ကြမလဲ။
ကျနော်တွက်ပြမယ်။ ခုနက တွက်ပြတဲ့အတိုင်း ဒီတစ်ဆိုင်ထဲက တစ်နှစ်ခိုးငွေ သိန်း၇၀၀ ဆို မီးတိုင် အတိုင်၇၀ စိုက်လို့ရပါတယ်။ မီးသတ်ကားတစ်စီး ဝယ်လို့ရပါတယ်။ အမှိုက်သိမ်း ၃ဘီးယာဉ် အစီး၂၀ကျော် ဝယ်လို့ရပါတယ်။
ဒီဆိုင်က ကျနော့်လို သတိထား စစ်တတ်တဲ့သူနှင့်တွေ့သွားလို့ ပေါ်သွားပေမယ့် ဒီလို ခိုးနေတဲ့ ဆိုင် ဘယ်နှဆိုင်ရှိမလဲ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ကျနော် ဒီနေရာကနေ အားလုံးကို ကိုယ်စားသောက်ပြီး Billရှင်းတဲ့အခါ။ အခွန်တံဆိပ်ခေါင်း သေချာစစ်ဖို့ရယ် အဲ့တံဆိပ်ခေါင်းကို ပြန်သုံးမရအောင် သေချာဖြဲပစ်ခဲ့ဖို့ရယ် တိုက်တွန်းရင်း ပြည်သူ့ဘဏ္ဍာငွေကို ခိုးယူတဲ့ The Myst Shisha Lounge ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
PS ကျနော့် Post ကို share ရုံပဲ မ Share ပါနဲ့။ share လည်း share copy လည်း ယူထားပေးကြပါ။ ကျနော့်အကောင့် Report အထုခံရရင် ကျနော့်အကောင့် ပျက်မှာထက် ဒီစာလေးတွေ ပါသွားမှာ ပိုစိုးရိမ်လို့ပါ။
Source : Kyaw Wai Yan Phyo FB:http://wunyan.com/?p=19616
Monday, 4 February 2019
" (public-private partnership) ပီပီပီဘာတွေပြောင်းလဲသွားပြီလဲ"
WHY PPP?
Private participation in infrastructure is expected to create value-for-money for Myanmar and the Government in a number of ways, including:
  • Bringing private innovation, expertise and management to infrastructure
  • Better project management, including project delivery on-time and on-budget
  • Optimized (lifecycle) project design, investment, maintenance and operations
  • Better customer orientation
  • Mobilization of private financing
  • Better realization of commercial potential of infrastructure
  • More efficient and cost-effective management of certain risks (such as construction risks)
To realize value-for-money from private participation, the Government will focus on specifying PPP projects on an output basis; will allocate risk appropriately and will contract private partners following a competitive tendering process. Effective post-contract oversight will also be realized to ensure that the private partner meets the performance targets specified in the contract. The Government will therefore play a key role in structuring, procurement and oversight of PPP, and will put in place specialized support in this regard.
မြန်မာနိုင်ငံရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ PUBLIC-PRIVATE PARTNERSHIPS (PPP) မှ ကြိုဆိုပါသည်
ဤဝက်ဆိုက်သည် မြန်မာနိုင်ငံရှိ Public-Private Partnerships (PPP) (အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများ) အကြောင်း သတင်းအချက်အလက်များအတွက် တရားဝင် စာမျက်နှာတစ်ခုဖြစ်ပါသည်။ ဤ ဝက်ဆိုက်မှတဆင့် မြန်မာနိုင်ငံမှ PPP နဲ့ပတ်သက်သော နောက်ဆုံး မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ အကြောင်း သတင်းအချက်အလက်များကို ဖော်ပြပေးနေပါသည်။ ရှေ့လာမည့် PPP စီမံကိန်းများကို အများသိစေရန်ဖော်ပြပေးမည်ဖြစ်ပြီး အစိုးရအရာရှိများနှင့်အတူ အခြားသော သက်ဆိုင်သူများအနေဖြင့် PPP ခေါ်ယူမှုလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အရင်းအမြစ်များနှင့် လေ့ကျင့်သင်ကြားရေးထောက်ကူပစ္စည်းများကို ရရှိနိုင်ကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အစိုးရ၏ ရေရှည်ရည်မှန်းချက်မှာ Public-Private Partnerships (PPP) ( အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံများ) ကို သိသာထူးခြားသော လုပ်ဆောင်ပုံတစ်ခုအဖြစ် ထူထောင်ပြီး ယင်းမှတဆင့် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးကာ တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ အနာဂတ် အားကောင်းစွာ တိုးတက်ဖွံ့ဖြိုးရန်အတွက် ထောက်ပံ့ရန်ဖြစ်သည်။ အစိုးရ၏ ကာလလတ် ရည်မှန်းချက်မှာမူ PPP များကို ဖြစ်ပေါ်စေသော ပတ်ဝန်းကျင်ကို ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန်နှင် စွန့်ဦးတီထွင် PPP စီမံကိန်းများကို အကောင်အထည်ဖော်ရန်ဖြစ်သည်။
စီမံကိန်းများ
မြန်မာနိုင်ငံအစိုးရသည် PPP စီမံကိန်းများနှင့် အတွေ့အကြုံကောင်းများ ရှိထားပြီးဖြစ်ပါသည်။  တစ်ခုချင်းစီအားဖြင့် ပြောမည်ဆိုလျှင် စွမ်းအင်ကဏ္ဍတွင် (ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ) စီမံကိန်းများ ရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း စီမံကိန်းများရှိခဲ့ပါသည်။ ဥပမာ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် လည်ပတ်ဆောင်ရွက်မှု၊ ပြန်လည်ထူထောင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု လေဆိပ်လုပ်ငန်းများအတွက် ခွင့်ပြုသဘောတူညီမှု စာချုပ်ကို ၂ဝ၁၄ ခုနှစ်တွင် ရေးထိုးခဲ့ပါသည်။ ထို့အပြင် ထိုနှစ်တွင်ပင် ရန်ကုန်၏  အရှေ့မြောက်ဘက် ၇ဝ ကီလိုမီတာခန့်အကွာတွင် လေဆိပ်သစ်တစ်ခုကို တည်ဆောက်ရန် အနှစ်ဆုံးဆယ်သက်တမ်းရှိ PPP စာချုပ်တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ လမ်းများကိုလည်း BOT စနစ်ဖြင့် တည်ဆောက်နေခဲ့သည်မှာ နှစ်အတန်ကြာရှိခဲ့ပြီဖြစ်ပါသည်။
PPP စီမံကိန်း ဖြစ်စဉ်
PPP စီမံကိန်းများ၏ ဖြစ်စဉ်ကို နောင်တွင် ဤဝက်ဆိုက်မှ အသိပေးဖော်ပြသွားပါမည်။
PPP စီမံကိန်း အသေးစိတ်အချက်အလက်များ
PPP စီမံကိန်းများကို မြန်မာနိုင်ငံတွင် အကောင်အထည်ပေါ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းတို့အနက်မှ အချို့ကို အောက်တွင် ဖော်ပြထားပါသည်။
http://www.pppmyanmar.gov.mm/policy-and-guidelines
"ပီပီပီဘာတွေပြောင်းလဲသွားပြီလဲ"
ယခင်အပတ်က နေပြည်တော်မှာ ကျင်းပခဲ့သည့် Invest Myanmar Summit (IMS)ပွဲတွင် ပီပီပီ (public-private partnership) အစီအစဉ်ဖြင့် အကောင်အထည်ဖေါ်ဆောင်မည့် အစိုးရ၏ ဦးစားပေး စီမံကိန်း စုစုပေါင်း ၃၀ကို ပြသပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်ခဲ့သည်။ 
    • အဆိုပါ ပီပီပီ စီမံကိန်း၃၀ သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု (Myanmar Development Sustainable Plan-MSDP)အစီအစဉ်အရ အကောင်အထည်ဖေါ်ဆောင်မည့် စီမံကိန်းဘဏ် (Project Bank)တွင်ပါဝင်သည့် စီမံကိန်းများထဲမှ ပီပီပီ စီမံကိန်းများဖြစ်သည်။ အခြား စီမံကိန်းဘဏ်တွင်ပါဝင်သည့် စီမံကိန်းများမှာတော့ အစိုးရ ဘတ်ဂျက်ဖြင့် အကောင်အထည်ဖေါ်မည့် စီမံကိန်းများနှင့် နိုင်ငံတကာ အကူအညီဖြင့် အကောင်အထည်ဖေါ် မည့် စီမံကိန်းများဖြစ်သည်။ 
    • အဆိုပါပွဲ မတိုင်မီ ၂၀၁၈ခုနှစ် နိုဝင်ဘာလ၃၀နေ့ နေ့စွဲဖြင့် သမ္မတရုံး ညွှန်ကြားချက် ၂/၂၀၁၈ဖြင့် စီမံကိန်းဘဏ် (Project Bank) ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်တွင် ပီပီပီများဖြင့်သက်ဆိုင်သည့် အပိုဒ်များပါဝင်လာခဲ့သည်။ 
ယခင်က ပီပီပီများကို မည်သို့လုပ်ဆောင်ခဲ့သနည်း
ယခင်က ပီပီပီများကို ပြည်သူအများ သိရှိသည်မှာ ဘီအိုတီ (Build-Operate-Transfer)ဟု၍ဖြစ်သည်။ အဆိုပါ ဘီအိုတီများကို ယခင်အစိုးရအဆက်ဆက် (စစ်အစိုးရလက်ထက်မှစ၍) လုပ်ဆောင်ခဲ့သည်မှာ ပွင့်လင်းမြင်သာ မှုမရှိဘဲ unsolicited ဟုခေါ်သည့် ပုဂ္ဂလိကဘက်မှ ကမ်းလှမ်းလာမှုနှင့်အဆိုပြုလွှာ (proposals) တင်ပြမှုအ   ပေါ်မူတည်ပြီး လုပ်ဆောင်သည်ကများခဲ့သည်။ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ ၂ဦး ညှိနှိုင်းပြီး အကောင်အထည်ဖေါ်ကြခြင်းဖြစ်သည်။
  • ဥပမာအနေဖြင့်ပြရလျှင် မကြာခင်က အလုပ်သမား ဆန္ဒပြမှု များကြောင့် ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ကျော်ထက်ကျော် ကုမ္ပဏီ၏ အုတ်ကျင်းဂုန်နီစက်ရုံ ဘီအိုတီမျိုး ဖြစ်  ကြသည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဋ္ဌာနနှင့် ကျော်ထက်ကျော် ကုမ္ပဏီတို့အကြား ညှိနှိုင်းပြီး ဘီအိုတီ နှစ်ရှည် စာချုပ်ချုပ်ဆို လုပ်ကိုင်ခြင်းဖြစ်သည်။ စာချုပ်တွင် မူလ ဂုန်နီစက်ရုံအဖြစ်မှ အခြားနည်း အသုံးပြုမည်ဆိုလျှင် အစိုးရကို မည်ရွေ့မည်မျှ ပြန်လည်ပေးသွင်းရမည်၊ အခွန်အခ မည်သို့ထမ်းဆောင်ရမည် အစရှိသည့် စည်းမျဉ်း စည်းကမ်းများ ပါမပါလည်းမသိရှိရချေ။ 
  • အလားတူ ဆောက်လုပ်ရေး ၀န်ကြီးဋ္ဌာနမှ ဆောင်ရွက်သည့် ဘီအိုတီ အမြန်လမ်းများ၌လည်း စံချိန်စံနှုန်းများအတိုင်း ဘီအိုတီလုပ်ဆောင်သည့် ကုမ္ပဏီဘက်မှ လိုက်နာမှု ရှိမရှိတော့ မသိရသော်လည်း ၄င်းလမ်းများ ပျက်စီးနေခြင်း၊ ပုဂ္ဂလိကဘက်မှလည်း တွက်ချေမကိုက်သဖြင့် ပြုပြင်ထိန်းသိမ်း မွမ်းမံခြင်း  မပြုနိုင်ဟုဆိုနေခြင်းများ (ဥပမာ ရန်ကုန်-ပုသိမ်လမ်း)၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်မှ အပြီးအပိုင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် နိုင်ငံတော်ပိုင် စက်ရုံများ၊ အဆောက်အအုံများ တန်ဖိုးမည်မျှ ရရှိသည်ကို မသိရခဲ့ခြင်း၊ 
  • ပီပီပီ ပုံစံဖြင့် လုပ်ဆောင်သည့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် စာချုပ် ချုပ်ဆိုလုပ်ကိုင်သည့် ရေနံထုတ်လုပ်ရေးလုပ်ငန်းများမှ နိုင်ငံတော်အနေဖြင့် အခွန်ဝင်ငွေမရရှိခြင်း အစရှိသည့် ပီပီပီ စီမံကိန်း အများအပြားသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အများအားဖြင့် အကျိုးမဖြစ်ထွန်းဘဲ ပုဂ္ဂလိ ဘက်မှသာ တဘက်သတ် အဆမတန် အကျိုးဖြစ်ထွန်းနေသဖြင့် ခရိုနီအရင်းရှင်ဝါဒနှင့် နိုင်ငံတော်ပိုင်များကို လက်သင့်ရာ စားတော်ခေါ်နေကြသည် (assets stripping) ဟုပြောဆိုဝေဖန်နေကြသည်။ြ
  • မြစ်ဆုံကဲ့သို့ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် အကောင်အထည်ဖေါ်ဆောင်မည့်  ပီပီပီ စီမံကိန်းကြီးများ၏ စာချုပ်များသည် လည်း နိုင်ငံအကျိုး စီးပွားထက် ရင်းနှီးသူသာ တဘက်သတ် အကျိုးစီးပွားဖြစ်ထွန်းနိုင်သဖြင့် ဟားဗတ် တက္ကသိုလ်မှ ပညာရှင် David Dapice က  သူ၏ မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် စာတမ်း တစ်ခုကို “Hydro Power in Myanmar” Moving Electricity Contracts from Colonial to Commercial” ဟု အမည်ပေးထားခဲ့ခြင်းဖြစ်သည်။ 
  • ထိုသို့ဖြစ်နေရခြင်းမှာလည်း ပီပီပီ ဘီအိုတီဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နည်း ဥပဒေ၊ ဥပဒေများ မရှိခဲ့ခြင်း၊ ပီပီပီ စီမံကိန်းအားလုံးကို စီမံကိန်းဘဏ်အတွင်း တစ်ပေါင်းတစ်စည်းထဲ ထည့်သွင်း၍ ဗဟိုမှ စနစ်တကျ လေ့လာဆန်းစစ် စောင့်ကြပ်ကြည့်ရှုမည့် ပီပီပီ ဗဟိုဋ္ဌာနကဲ့သို့ အဖွဲ့အစည်း မရှိ ခြင်း၊ ပီပီပီများကို တာဝန်ယူ အကောင်အထည်ဖေါ်ဆောင်နေသည့် ၀န်ကြီးဋ္ဌာနများ၌ ပီပီပီဆိုင်ရာ စွမ်းဆောင် ရည် (capacity) အားနည်းနေခြင်းတို့ကြောင့်ဖြစ်သည်။ 
  • ယခုဖေါ်ပြခဲ့သည့် အချက်များကို ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာပင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့က လေ့လာသုံးသပ်ပြီး အကြံဥာဏ်များ  ပေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ပီပီပီများ
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရလာပြီး ၂နှစ်ခွဲခန့်အတွင်း ပီပီပီများနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များကို သုံးသပ်ရလျှင် ယခင်အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့်  ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ် အထူးစီးပွားရေးဇုံကဲ့သို့ ပီပီပီ စီမံကိန်းကြီးများ၏ စာချုပ်များကို နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းရန် ပြန် လည်ပြင်ဆင်ခြင်းဖြစ်သည်။
  • နောက်တစ်ချက်တွေ့ရသည်မှာတော့ နိုင်ငံတော်မှ အရှုံးပေါ်နေသည့် စက်ရုံများ လည်ပတ်မှုကို ပီပီပီအဖြစ် မပြောင်းလဲမီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ အရှုံးပေါ်နေသည့် စက်ရုံ စုစုပေါင်း၄၄ရုံ အနက် စက်မှုဝန်ကြီးဋ္ဌာနအောက်ရှိ စက်ရုံ ၇ရုံနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနအောက်ရှိ စက်ရုံ၎ရုံမှလွှဲ၍ ကျန်စက်ရုံ ၃၃ရုံအား ပြည်ထောင်စုလွှတ်တော်က ၂၀၁၇ခုနှစ် မတ်လ၁၅ရက်နေ့က ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့သည် (Frontier, 17 Mar 2017)။ 
  • ထိုရပ်ဆိုင်းခဲ့သည့်  စက်ရုံ၃၃ရုံအနက် ကျွန်းချောင်းဓါတ်မြေသြဇာစက်ရုံ၊ ကျော်စွာ ဓါတ်မြေသြဇာစက်ရုံ၊ သန်လျင်ရေနံချက်စက်ရုံတို့အား ပီပီပီအဖြင့်ပြောင်းလဲလုပ်ကိုင်ရန် ယခင်အပတ်က ကျင်းပခဲ့သည့် Invest Myanmar Summit ပီပီပီစာရင်းတွင်ထည့်သွင်းပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထား သည်။ 
  • ၀န်ကြီးဋ္ဌာနနှင့် သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် စီမံကိန်း ဆောင်ရွက်လိုသည့် ပုဂ္ဂလိကရင်းနှီးးမြှုပ်နှံသူ ၂ဦး၂ဘက် bilateral ဟုခေါ်ဆိုသည့် တိုက်ရိုက်ညှိနှိုင်း လုပ်ဆောင်ရန်စီစဉ်သည့် ပီပီပီစီမံကိန်းများ (တင်ဒါမခေါ်ဘဲဆောင်ရွက်သည့်) ယခုအစိုးရလက်ထက် ပြပါ ဆိုလျှင် ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနနှင့် Notice to Proceed ဟုခေါ်သည့် နားလည်မှု စာချွန်  လွှာချုပ်ဆိုပြီး အကောင်အထည်ဖေါ်ဆောင်ရန် ပြင်ဆင်နေသည့် LNG to Power လျှပ်စစ်ဓါတ်အားထုတ်လုပ်  ရေး စီမံကိန်း၎ခုကို ပြရမည်ဖြစ်သည်။ 
  • သို့သော်၎င်းတို့မှာလည်း power purchase agreement (မိမိကြားသိ သလောက်)များ မထိုးရသေး၍ အကောင်အထည်ဖေါ်သည့်အဆင့်မရောက်သေးဘဲ ဖြစ်နိုင်ချေလေ့လာဆန်းစစ် မှုများ (feasibility studies)ပြုလုပ်ဆဲဟု ယူဆနိုင်သည်။ 
    • အခြားလည်း ရန်ကင်းမြို့နယ်တွင် ဂျပန် ကုမ္ပဏီ Kajimaမှ အကောင်အထည်ဖေါ်ဆောင်မည့် အိမ်ယာစီမံကိန်း၊ ရွာသာကြီးတွင် ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနဖြင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဟောင်ကောင်အခြေစိုက် Kerry Logisticsဒ Dry Port စီမံကိန်းတို့ဖြစ်သည်။  လူသိများသည့် တရုတ် CCCCကုမ္ပဏီဖြင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရတို့ တိုက်ရိုက်ညှိနှိုင်း အကောင်အထည်ဖေါ်ရန် ကြိုပမ်းနေသည့် ရန်ကုန်မြို့သစ် စီမံကိန်း ပင်လျှင် ဖြစ်နိုင်ချေလေ့လာဆန်းစစ်မှုများ၊ pre-project proposal development ပြုလုပ်ပြီးလျှင် Swiss Challenge ဖြင့် အခြားကုမ္ပဏီများကိုလည်း တင်ဒါဖိတ်ခေါ်၍ ယှဉ်ပြိုင်ခိုင်းရမည်ဖြစ်သည်။ 
    • Swiss Challenge သည် ပီပီပီ စီမံကိန်းများအတွက် အကောင်းဆုံးဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ တကယ်အကောင် အထည်ဖေါ်သည့်အဆင့်သို့ မရောက်ရှိမီ အခြားကုမ္ပဏီများဖြင့် မူလစတင် အကောင်အထည်ဖေါ်ရန် အဆိုပြုခဲ့ သည့် ကုမ္ပသည် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    • ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနက ဦးစီးအကောင်အထည်   ဖေါ်ဆောင်မည့်  ရန်ကုန်မိုးပျံလမ်း ပီပီပီ စီမံကိန်းအတွက် မစတင်မီ ကမ္ဘာ့ဘဏ်အုပ်စုဝင် International Finance Corporation (IFC)၏ အကြံပေးမှုကိုရယူပြီးမှသာ အကြို အရည်အချင်းစစ် အီးအိုအိုင်(expression of interest-EOI)ခေါ်ယူပြီး အရည်အချင်းပြည့်မီသည့် ကုမ္ပဏီများသာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်  ခြင်းပြုလုပ်ခဲ့သည်။ တနည်းပြောရလျှင် ယခင်ကထက် ပီပီပီ စီမံကိန်းများကို ယခုအစိုးရသည် ပိုမိုသတိထား လုပ်ဆောင်လာပြီး တတ်နိုင်သမျှ စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
  • သို့သော် အားနည်းချက်အချို့တော့ရှိနေသေးသည်။ အထူးသဖြင့် ဘီအိုတီစာချုပ်များ၏ သက်တမ်းမှာ နှစ်၅၀မှ ၇၀အတွင်း ဖြစ်နေခြင်းဖြစ်သည်။ 
  • ထိုပြင် အထူးသတိထားသင့်သည်မှာ စီမံကိန်းအကြီးစားများမဟုတ်ဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရများဖြင့် ညှိနှိုင်းလုပ်ဆောင်မည့် ဈေးသစ်စီမံကိန်းမျိုးဖြစ်သည်။ မီးလောင်ခဲ့၍   သော်၎င်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ဈေးဟောင်းများနေရာတွင် ပြန်လည်တည်ဆောက်မည့် ဈေးစီမံ ကိန်းအချို့နှင့် အလားတူစီမံကိန်းများနှင့် ပတ်သက်ပြီး မြင်သိနေရသည်မှာ တင်ဒါခေါ်ယူပြီး ယှဉ်ပြိုင်သည့် စနစ် ဖြင့် အကောင်အထည်ဖေါ်ခြင်းမျိုးမဟုတ်ဘဲ unsolicited အမျိုးအစား ပုဂ္ဂလိကဘက်မှ ကမ်းလှမ်းလာခြင်း (သို့) ပုဂ္ဂလိကနှင့်အစိုးရ ၂ဦးတည်း ညှိနှိုင်းခြင်းမျိုးဖြစ်နေသည်။ 
စာချုပ်များကိုလည်း အစိုးရဘက်မှ ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကျွမ်းကျင်သူများအားတိုင်ပင်ပြီး ချုပ်ဆိုရန်လုပ်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ ပုဂ္ဂလိကဘက်မှ ပြင်ဆင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်အစိုးရမှ လက်မှတ်ရေးထိုးရန် လုပ်ဆောင်    နေခြင်းမျိုးများဖြစ်သည်။ 
  • သိန်းပေါင်းမြောက်မြားစွာ ရင်းနှီးမြှုပ်နှံလုပ်ဆောင်မည့် စီမံကိန်းစာချုပ်တွင် စနစ်တကျ   ရေးဆွဲထားသည့် financial plan ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များမပါဝင်သည်ကို မြင်သိနေရ သည်။ ယင်းစာချုပ်များသည် ယခင်အစိုးရများလက်ထက်က ၀န်ကြီးဋ္ဌာနများ ပုဂ္ဂလိကဖြင့်ချုပ်ဆိုခဲ့သည့်  စက်ရုံ ဘီအိုတီစာချုပ်များနှင့်ဆင်တူနေသည်။ 
  • ယခင်အစိုးရလက်ထက် ချုပ်ဆိုခဲ့သည့် ကျော်ထက်ကျော်ကုမ္ပဏီ အုတ် ကျင်းဂုန်နီစက်ရုံ၊ မုံရွာမြို့ရှိ ၀ါစက်ရုံ စာချုပ်များသည် ဘီအိုတီ ပီပီပီ စာချုပ်များဖြင့်မတူဘဲ မြေငှားစာချုပ်များဖြင့် တူနေသည်။ ထိုအတွက်ကြောင့် မြို့ကြီးများတွင် အကောင်အထည်ဖေါ်မည့် ဈေးသစ်နှင့်အိမ်ယာ စီမံကိန်းများ အား ဗဟိုမှလမ်းညွှန်မှုပေးသင့်သည်ဟုယူဆသည်။
ပီပီပီများ၏ အနာဂတ်အလားအလာ
အထက်တွင်ဖေါ်ပြခဲ့သည့်  စီမံကိန်းဘဏ်ဆိုင်ရာ သမ္မတရုံးညွှန်ကြားချက် ၂/၂၀၁၈ပါ ပီပီပီဆိုင်ရာ အပိုဒ်များ၊ စည်းမျဉ်းစည်းကမ်းများသည် အတော်ပြည့်စုံသည်ဟုဆိုရမည်။ 
  1. ပထမဆုံးအချက်မှာ ယခင်ကလို ဟိုတစ်ခု ဒီတစ်ခု ပြန့်ကျဲပြီး လုပ်ဆောင်နေခြင်းမျိုးမဟုတ်တော့ဘဲ နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး ပီပီပီ အရေအ တွက် မည်ရွေ့မည်မျှကို အကောင်အထည်ဖေါ်မည်ဆိုသည်ကို သိရှိလာရခြင်းဖြစ်သည်။ တစ်ပေါင်းတစ်စည်းထဲ စီမံကိန်းများ စုစည်းထားသည့် ပီပီပီ ပိုက်လိုင်း (PPP pipeline) တစ်ခုကို ချပြနိုင်ခြင်းသည်လည်း ရင်းနှီးမြှုပ်နှံသူ များအတွက် အချိန်ကုန်ခံ အစိုးရကြိုက်မည်ထင်သည့် စီမံကိန်းများအတွက် အဆိုပြုလွှာများရေးဆွဲခြင်းဖြင့် အချိန်ကုန်ခံစရာ မလိုတော့သလို စောင့်ကြပ်ကြည့်ရှုမည့် အဖွဲ့အစည်းများအတွက်လည်း ပိုမို ပွင့်လင်းမြင်သာမှု ရှိလာသည်။ 
  2. ဒုတိယအချက်မှာတော့ ပီပီပီ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ မူဘောင်တစ်ခု (regulatory and institutional framework) တည်ရှိလာခြင်းဖြစ်သည်။ ပီပီပီခေါင်းစဉ်အောက်တွင် နိုင်ငံတော်ပိုင် စီးပွားရေးလုပ် ငန်းများ (State Economic Enterprises-SEE)များ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလိုလျှင်လည်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းထားသည်။
    • ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (privatization) ဥပဒေသာ မရှိသော် လည်း ပုဂ္ဂလိကပိုင် ပြုလုပ်လျှင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အစုရှယ်ယာထည့်ဝင်မှုပုံစံများကို လမ်းညွှန် ချက်တွင် ထည့်သွင်းထားသည်။
    • ပုဂ္ဂလိကဘက်မှ တဘက်သတ်တင်ပြလာသည့် အဆိုပြုလွှာ (unsolicited proposals)များကိုလည်း မည်သို့စီမံဆောင်ရွက်ရမည်ကို ပြဋ္ဌာန်းထားခဲ့သည်။ ဘဏ္ဍာငွေကြေး ထည့်ဝင်ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေကြေးစီးဝင်မှု အစီအစဉ်များ၊ အစိုးရအနေဖြင့် ပီပီပီ စီမံချက်များဖြင့်ပတ်သက်ပြီး အာမခံချက်များ (government guarantees and contingent liabilities)များအတွက်လည်း နှစ်စဉ် ဘတ်ဂျက်ဥပဒေပြဋ္ဌာန်းသည့်အခါ ထည့်သွင်းဖေါ်ပြရန်၊ 
    • အစိုးရ အာမခံပေးရမည့် ပီပီပီ စီမံကိန်းအာလုံးသည် တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်ရခြင်း (သို့) Swiss Challenge ဖြင့် ယှဉ် ပြိုင်ပြီးမှသာ အစိုးရအာမခံချက်များရရှိနိုင်ခြင်း၊ ပီပီပီများ၏ ဆုံးရှုံးနိုင်သည့် အန္တရာယ်များ(risks)ကို စနစ်တကျ   လျှော့ချနိုင်ရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ ပီပီပီများ၏ အဆိုပြုလွှာများကို စနစ်တကျ ဆန်းစစ် သုံးသပ်မည့် ပီပီပီ ဗဟိုဋ္ဌာနတည်ထောင်ခြင်းနှင့် ၀န်ကြီးဋ္ဌာနများ၌ ပီပီပီဋ္ဌာနများဖွဲ့စည်းခြင်းနှင့် အကောင်အထည်ဖေါ်ဆောင်ရာတွင်စနစ်တကျ စောင့်ကြပ်ကြည့်ရှုနိုင်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းတို့ဖြစ်သည်။ 
ထိုအချက်များအပေါ်မူတည်ပြီး သုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ ကြီးမားသည့် အခြေခံအဆောက်အအုံ လိုအပ်ချက် (လက်ရှိနှုန်းဖြင့်သွားလျှင် နိုင်ငံ နှစ်စဉ်ဂျီဒီပီ၏ ၅ရာခိုင်နှုန်းကျော်လိုအပ်မည်)ကိုဖြည့်ဆည်းရန် ပီပီပီ စီမံကိန်း များကို စနစ်တကျ အကောင်အထည်ဖေါ်ရန် စည်းမျဉ်းစည်းကမ်းမူဘောင် (institutional framework)ရှိသွားပြီ ဟုဆိုနိုင်သည်။ 
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပိုဒ်များအတိုင်းပင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များသည် သက်ဝင်မှုမရှိလျှင် စည်းမျဉ်းစည်းကမ်းများအဖြင့်သာ  စာအုပ်ထဲ၌ရှိနေလိမ့်မည်။ ထိုအတွက်ကြောင့် ပီပီပီဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖေါ်ဆောင်မည့် ပီပီပီ ဗဟိုဋ္ဌာနနှင့် ၀န်ကြီးဋ္ဌာနများ၏ ပီပီပီယူနစ်များက မြန်မာနိုင်ငံတွင် ကောင်းမွန်ပြီး ပြည်သူလူထုအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ပေါ်ထွန်းလာမှုကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ယင်းဋ္ဌာနများ၏ စွမ်းဆောင်ရည်ကို အမြန်ဆုံး မြင့်မားအောင်ဆောင်ရွက်ရမည်ဖြစ်သည်။
Ref:Khin Win FB:https://www.facebook.com/1382262771/posts/10218230524979532/