Popular Posts

Monday, 4 February 2019

" (public-private partnership) ပီပီပီဘာတွေပြောင်းလဲသွားပြီလဲ"






WHY PPP?

Private participation in infrastructure is expected to create value-for-money for Myanmar and the Government in a number of ways, including:

  • Bringing private innovation, expertise and management to infrastructure
  • Better project management, including project delivery on-time and on-budget
  • Optimized (lifecycle) project design, investment, maintenance and operations
  • Better customer orientation
  • Mobilization of private financing
  • Better realization of commercial potential of infrastructure
  • More efficient and cost-effective management of certain risks (such as construction risks)

To realize value-for-money from private participation, the Government will focus on specifying PPP projects on an output basis; will allocate risk appropriately and will contract private partners following a competitive tendering process. Effective post-contract oversight will also be realized to ensure that the private partner meets the performance targets specified in the contract. The Government will therefore play a key role in structuring, procurement and oversight of PPP, and will put in place specialized support in this regard.

မြန်မာနိုင်ငံရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ PUBLIC-PRIVATE PARTNERSHIPS (PPP) မှ ကြိုဆိုပါသည်

ဤဝက်ဆိုက်သည် မြန်မာနိုင်ငံရှိ Public-Private Partnerships (PPP) (အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများ) အကြောင်း သတင်းအချက်အလက်များအတွက် တရားဝင် စာမျက်နှာတစ်ခုဖြစ်ပါသည်။ ဤ ဝက်ဆိုက်မှတဆင့် မြန်မာနိုင်ငံမှ PPP နဲ့ပတ်သက်သော နောက်ဆုံး မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ အကြောင်း သတင်းအချက်အလက်များကို ဖော်ပြပေးနေပါသည်။ ရှေ့လာမည့် PPP စီမံကိန်းများကို အများသိစေရန်ဖော်ပြပေးမည်ဖြစ်ပြီး အစိုးရအရာရှိများနှင့်အတူ အခြားသော သက်ဆိုင်သူများအနေဖြင့် PPP ခေါ်ယူမှုလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အရင်းအမြစ်များနှင့် လေ့ကျင့်သင်ကြားရေးထောက်ကူပစ္စည်းများကို ရရှိနိုင်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အစိုးရ၏ ရေရှည်ရည်မှန်းချက်မှာ Public-Private Partnerships (PPP) ( အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံများ) ကို သိသာထူးခြားသော လုပ်ဆောင်ပုံတစ်ခုအဖြစ် ထူထောင်ပြီး ယင်းမှတဆင့် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးကာ တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ အနာဂတ် အားကောင်းစွာ တိုးတက်ဖွံ့ဖြိုးရန်အတွက် ထောက်ပံ့ရန်ဖြစ်သည်။ အစိုးရ၏ ကာလလတ် ရည်မှန်းချက်မှာမူ PPP များကို ဖြစ်ပေါ်စေသော ပတ်ဝန်းကျင်ကို ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန်နှင် စွန့်ဦးတီထွင် PPP စီမံကိန်းများကို အကောင်အထည်ဖော်ရန်ဖြစ်သည်။


စီမံကိန်းများ

မြန်မာနိုင်ငံအစိုးရသည် PPP စီမံကိန်းများနှင့် အတွေ့အကြုံကောင်းများ ရှိထားပြီးဖြစ်ပါသည်။  တစ်ခုချင်းစီအားဖြင့် ပြောမည်ဆိုလျှင် စွမ်းအင်ကဏ္ဍတွင် (ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ) စီမံကိန်းများ ရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း စီမံကိန်းများရှိခဲ့ပါသည်။ ဥပမာ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် လည်ပတ်ဆောင်ရွက်မှု၊ ပြန်လည်ထူထောင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု လေဆိပ်လုပ်ငန်းများအတွက် ခွင့်ပြုသဘောတူညီမှု စာချုပ်ကို ၂ဝ၁၄ ခုနှစ်တွင် ရေးထိုးခဲ့ပါသည်။ ထို့အပြင် ထိုနှစ်တွင်ပင် ရန်ကုန်၏  အရှေ့မြောက်ဘက် ၇ဝ ကီလိုမီတာခန့်အကွာတွင် လေဆိပ်သစ်တစ်ခုကို တည်ဆောက်ရန် အနှစ်ဆုံးဆယ်သက်တမ်းရှိ PPP စာချုပ်တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ လမ်းများကိုလည်း BOT စနစ်ဖြင့် တည်ဆောက်နေခဲ့သည်မှာ နှစ်အတန်ကြာရှိခဲ့ပြီဖြစ်ပါသည်။

PPP စီမံကိန်း ဖြစ်စဉ်

PPP စီမံကိန်းများ၏ ဖြစ်စဉ်ကို နောင်တွင် ဤဝက်ဆိုက်မှ အသိပေးဖော်ပြသွားပါမည်။

PPP စီမံကိန်း အသေးစိတ်အချက်အလက်များ

PPP စီမံကိန်းများကို မြန်မာနိုင်ငံတွင် အကောင်အထည်ပေါ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းတို့အနက်မှ အချို့ကို အောက်တွင် ဖော်ပြထားပါသည်။


http://www.pppmyanmar.gov.mm/policy-and-guidelines



"ပီပီပီဘာတွေပြောင်းလဲသွားပြီလဲ"


ယခင်အပတ်က နေပြည်တော်မှာ ကျင်းပခဲ့သည့် Invest Myanmar Summit (IMS)ပွဲတွင် ပီပီပီ (public-private partnership) အစီအစဉ်ဖြင့် အကောင်အထည်ဖေါ်ဆောင်မည့် အစိုးရ၏ ဦးစားပေး စီမံကိန်း စုစုပေါင်း ၃၀ကို ပြသပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်ခဲ့သည်။ 

    • အဆိုပါ ပီပီပီ စီမံကိန်း၃၀ သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု (Myanmar Development Sustainable Plan-MSDP)အစီအစဉ်အရ အကောင်အထည်ဖေါ်ဆောင်မည့် စီမံကိန်းဘဏ် (Project Bank)တွင်ပါဝင်သည့် စီမံကိန်းများထဲမှ ပီပီပီ စီမံကိန်းများဖြစ်သည်။ အခြား စီမံကိန်းဘဏ်တွင်ပါဝင်သည့် စီမံကိန်းများမှာတော့ အစိုးရ ဘတ်ဂျက်ဖြင့် အကောင်အထည်ဖေါ်မည့် စီမံကိန်းများနှင့် နိုင်ငံတကာ အကူအညီဖြင့် အကောင်အထည်ဖေါ် မည့် စီမံကိန်းများဖြစ်သည်။ 
    • အဆိုပါပွဲ မတိုင်မီ ၂၀၁၈ခုနှစ် နိုဝင်ဘာလ၃၀နေ့ နေ့စွဲဖြင့် သမ္မတရုံး ညွှန်ကြားချက် ၂/၂၀၁၈ဖြင့် စီမံကိန်းဘဏ် (Project Bank) ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်တွင် ပီပီပီများဖြင့်သက်ဆိုင်သည့် အပိုဒ်များပါဝင်လာခဲ့သည်။ 


ယခင်က ပီပီပီများကို မည်သို့လုပ်ဆောင်ခဲ့သနည်း

ယခင်က ပီပီပီများကို ပြည်သူအများ သိရှိသည်မှာ ဘီအိုတီ (Build-Operate-Transfer)ဟု၍ဖြစ်သည်။ အဆိုပါ ဘီအိုတီများကို ယခင်အစိုးရအဆက်ဆက် (စစ်အစိုးရလက်ထက်မှစ၍) လုပ်ဆောင်ခဲ့သည်မှာ ပွင့်လင်းမြင်သာ မှုမရှိဘဲ unsolicited ဟုခေါ်သည့် ပုဂ္ဂလိကဘက်မှ ကမ်းလှမ်းလာမှုနှင့်အဆိုပြုလွှာ (proposals) တင်ပြမှုအ   ပေါ်မူတည်ပြီး လုပ်ဆောင်သည်ကများခဲ့သည်။ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ ၂ဦး ညှိနှိုင်းပြီး အကောင်အထည်ဖေါ်ကြခြင်းဖြစ်သည်။


  • ဥပမာအနေဖြင့်ပြရလျှင် မကြာခင်က အလုပ်သမား ဆန္ဒပြမှု များကြောင့် ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ကျော်ထက်ကျော် ကုမ္ပဏီ၏ အုတ်ကျင်းဂုန်နီစက်ရုံ ဘီအိုတီမျိုး ဖြစ်  ကြသည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဋ္ဌာနနှင့် ကျော်ထက်ကျော် ကုမ္ပဏီတို့အကြား ညှိနှိုင်းပြီး ဘီအိုတီ နှစ်ရှည် စာချုပ်ချုပ်ဆို လုပ်ကိုင်ခြင်းဖြစ်သည်။ စာချုပ်တွင် မူလ ဂုန်နီစက်ရုံအဖြစ်မှ အခြားနည်း အသုံးပြုမည်ဆိုလျှင် အစိုးရကို မည်ရွေ့မည်မျှ ပြန်လည်ပေးသွင်းရမည်၊ အခွန်အခ မည်သို့ထမ်းဆောင်ရမည် အစရှိသည့် စည်းမျဉ်း စည်းကမ်းများ ပါမပါလည်းမသိရှိရချေ။ 
  • အလားတူ ဆောက်လုပ်ရေး ၀န်ကြီးဋ္ဌာနမှ ဆောင်ရွက်သည့် ဘီအိုတီ အမြန်လမ်းများ၌လည်း စံချိန်စံနှုန်းများအတိုင်း ဘီအိုတီလုပ်ဆောင်သည့် ကုမ္ပဏီဘက်မှ လိုက်နာမှု ရှိမရှိတော့ မသိရသော်လည်း ၄င်းလမ်းများ ပျက်စီးနေခြင်း၊ ပုဂ္ဂလိကဘက်မှလည်း တွက်ချေမကိုက်သဖြင့် ပြုပြင်ထိန်းသိမ်း မွမ်းမံခြင်း  မပြုနိုင်ဟုဆိုနေခြင်းများ (ဥပမာ ရန်ကုန်-ပုသိမ်လမ်း)၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်မှ အပြီးအပိုင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် နိုင်ငံတော်ပိုင် စက်ရုံများ၊ အဆောက်အအုံများ တန်ဖိုးမည်မျှ ရရှိသည်ကို မသိရခဲ့ခြင်း၊ 
  • ပီပီပီ ပုံစံဖြင့် လုပ်ဆောင်သည့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် စာချုပ် ချုပ်ဆိုလုပ်ကိုင်သည့် ရေနံထုတ်လုပ်ရေးလုပ်ငန်းများမှ နိုင်ငံတော်အနေဖြင့် အခွန်ဝင်ငွေမရရှိခြင်း အစရှိသည့် ပီပီပီ စီမံကိန်း အများအပြားသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အများအားဖြင့် အကျိုးမဖြစ်ထွန်းဘဲ ပုဂ္ဂလိ ဘက်မှသာ တဘက်သတ် အဆမတန် အကျိုးဖြစ်ထွန်းနေသဖြင့် ခရိုနီအရင်းရှင်ဝါဒနှင့် နိုင်ငံတော်ပိုင်များကို လက်သင့်ရာ စားတော်ခေါ်နေကြသည် (assets stripping) ဟုပြောဆိုဝေဖန်နေကြသည်။ြ
  • မြစ်ဆုံကဲ့သို့ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် အကောင်အထည်ဖေါ်ဆောင်မည့်  ပီပီပီ စီမံကိန်းကြီးများ၏ စာချုပ်များသည် လည်း နိုင်ငံအကျိုး စီးပွားထက် ရင်းနှီးသူသာ တဘက်သတ် အကျိုးစီးပွားဖြစ်ထွန်းနိုင်သဖြင့် ဟားဗတ် တက္ကသိုလ်မှ ပညာရှင် David Dapice က  သူ၏ မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် စာတမ်း တစ်ခုကို “Hydro Power in Myanmar” Moving Electricity Contracts from Colonial to Commercial” ဟု အမည်ပေးထားခဲ့ခြင်းဖြစ်သည်။ 
  • ထိုသို့ဖြစ်နေရခြင်းမှာလည်း ပီပီပီ ဘီအိုတီဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နည်း ဥပဒေ၊ ဥပဒေများ မရှိခဲ့ခြင်း၊ ပီပီပီ စီမံကိန်းအားလုံးကို စီမံကိန်းဘဏ်အတွင်း တစ်ပေါင်းတစ်စည်းထဲ ထည့်သွင်း၍ ဗဟိုမှ စနစ်တကျ လေ့လာဆန်းစစ် စောင့်ကြပ်ကြည့်ရှုမည့် ပီပီပီ ဗဟိုဋ္ဌာနကဲ့သို့ အဖွဲ့အစည်း မရှိ ခြင်း၊ ပီပီပီများကို တာဝန်ယူ အကောင်အထည်ဖေါ်ဆောင်နေသည့် ၀န်ကြီးဋ္ဌာနများ၌ ပီပီပီဆိုင်ရာ စွမ်းဆောင် ရည် (capacity) အားနည်းနေခြင်းတို့ကြောင့်ဖြစ်သည်။ 
  • ယခုဖေါ်ပြခဲ့သည့် အချက်များကို ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာပင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့က လေ့လာသုံးသပ်ပြီး အကြံဥာဏ်များ  ပေးခဲ့ကြသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ပီပီပီများ

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရလာပြီး ၂နှစ်ခွဲခန့်အတွင်း ပီပီပီများနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များကို သုံးသပ်ရလျှင် ယခင်အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့်  ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ် အထူးစီးပွားရေးဇုံကဲ့သို့ ပီပီပီ စီမံကိန်းကြီးများ၏ စာချုပ်များကို နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းရန် ပြန် လည်ပြင်ဆင်ခြင်းဖြစ်သည်။
  • နောက်တစ်ချက်တွေ့ရသည်မှာတော့ နိုင်ငံတော်မှ အရှုံးပေါ်နေသည့် စက်ရုံများ လည်ပတ်မှုကို ပီပီပီအဖြစ် မပြောင်းလဲမီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ အရှုံးပေါ်နေသည့် စက်ရုံ စုစုပေါင်း၄၄ရုံ အနက် စက်မှုဝန်ကြီးဋ္ဌာနအောက်ရှိ စက်ရုံ ၇ရုံနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနအောက်ရှိ စက်ရုံ၎ရုံမှလွှဲ၍ ကျန်စက်ရုံ ၃၃ရုံအား ပြည်ထောင်စုလွှတ်တော်က ၂၀၁၇ခုနှစ် မတ်လ၁၅ရက်နေ့က ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့သည် (Frontier, 17 Mar 2017)။ 
  • ထိုရပ်ဆိုင်းခဲ့သည့်  စက်ရုံ၃၃ရုံအနက် ကျွန်းချောင်းဓါတ်မြေသြဇာစက်ရုံ၊ ကျော်စွာ ဓါတ်မြေသြဇာစက်ရုံ၊ သန်လျင်ရေနံချက်စက်ရုံတို့အား ပီပီပီအဖြင့်ပြောင်းလဲလုပ်ကိုင်ရန် ယခင်အပတ်က ကျင်းပခဲ့သည့် Invest Myanmar Summit ပီပီပီစာရင်းတွင်ထည့်သွင်းပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထား သည်။ 
  • ၀န်ကြီးဋ္ဌာနနှင့် သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် စီမံကိန်း ဆောင်ရွက်လိုသည့် ပုဂ္ဂလိကရင်းနှီးးမြှုပ်နှံသူ ၂ဦး၂ဘက် bilateral ဟုခေါ်ဆိုသည့် တိုက်ရိုက်ညှိနှိုင်း လုပ်ဆောင်ရန်စီစဉ်သည့် ပီပီပီစီမံကိန်းများ (တင်ဒါမခေါ်ဘဲဆောင်ရွက်သည့်) ယခုအစိုးရလက်ထက် ပြပါ ဆိုလျှင် ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနနှင့် Notice to Proceed ဟုခေါ်သည့် နားလည်မှု စာချွန်  လွှာချုပ်ဆိုပြီး အကောင်အထည်ဖေါ်ဆောင်ရန် ပြင်ဆင်နေသည့် LNG to Power လျှပ်စစ်ဓါတ်အားထုတ်လုပ်  ရေး စီမံကိန်း၎ခုကို ပြရမည်ဖြစ်သည်။ 
  • သို့သော်၎င်းတို့မှာလည်း power purchase agreement (မိမိကြားသိ သလောက်)များ မထိုးရသေး၍ အကောင်အထည်ဖေါ်သည့်အဆင့်မရောက်သေးဘဲ ဖြစ်နိုင်ချေလေ့လာဆန်းစစ် မှုများ (feasibility studies)ပြုလုပ်ဆဲဟု ယူဆနိုင်သည်။ 
    • အခြားလည်း ရန်ကင်းမြို့နယ်တွင် ဂျပန် ကုမ္ပဏီ Kajimaမှ အကောင်အထည်ဖေါ်ဆောင်မည့် အိမ်ယာစီမံကိန်း၊ ရွာသာကြီးတွင် ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနဖြင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဟောင်ကောင်အခြေစိုက် Kerry Logisticsဒ Dry Port စီမံကိန်းတို့ဖြစ်သည်။  လူသိများသည့် တရုတ် CCCCကုမ္ပဏီဖြင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရတို့ တိုက်ရိုက်ညှိနှိုင်း အကောင်အထည်ဖေါ်ရန် ကြိုပမ်းနေသည့် ရန်ကုန်မြို့သစ် စီမံကိန်း ပင်လျှင် ဖြစ်နိုင်ချေလေ့လာဆန်းစစ်မှုများ၊ pre-project proposal development ပြုလုပ်ပြီးလျှင် Swiss Challenge ဖြင့် အခြားကုမ္ပဏီများကိုလည်း တင်ဒါဖိတ်ခေါ်၍ ယှဉ်ပြိုင်ခိုင်းရမည်ဖြစ်သည်။ 
    • Swiss Challenge သည် ပီပီပီ စီမံကိန်းများအတွက် အကောင်းဆုံးဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ တကယ်အကောင် အထည်ဖေါ်သည့်အဆင့်သို့ မရောက်ရှိမီ အခြားကုမ္ပဏီများဖြင့် မူလစတင် အကောင်အထည်ဖေါ်ရန် အဆိုပြုခဲ့ သည့် ကုမ္ပသည် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    • ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနက ဦးစီးအကောင်အထည်   ဖေါ်ဆောင်မည့်  ရန်ကုန်မိုးပျံလမ်း ပီပီပီ စီမံကိန်းအတွက် မစတင်မီ ကမ္ဘာ့ဘဏ်အုပ်စုဝင် International Finance Corporation (IFC)၏ အကြံပေးမှုကိုရယူပြီးမှသာ အကြို အရည်အချင်းစစ် အီးအိုအိုင်(expression of interest-EOI)ခေါ်ယူပြီး အရည်အချင်းပြည့်မီသည့် ကုမ္ပဏီများသာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်  ခြင်းပြုလုပ်ခဲ့သည်။ တနည်းပြောရလျှင် ယခင်ကထက် ပီပီပီ စီမံကိန်းများကို ယခုအစိုးရသည် ပိုမိုသတိထား လုပ်ဆောင်လာပြီး တတ်နိုင်သမျှ စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။


  • သို့သော် အားနည်းချက်အချို့တော့ရှိနေသေးသည်။ အထူးသဖြင့် ဘီအိုတီစာချုပ်များ၏ သက်တမ်းမှာ နှစ်၅၀မှ ၇၀အတွင်း ဖြစ်နေခြင်းဖြစ်သည်။ 
  • ထိုပြင် အထူးသတိထားသင့်သည်မှာ စီမံကိန်းအကြီးစားများမဟုတ်ဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရများဖြင့် ညှိနှိုင်းလုပ်ဆောင်မည့် ဈေးသစ်စီမံကိန်းမျိုးဖြစ်သည်။ မီးလောင်ခဲ့၍   သော်၎င်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ဈေးဟောင်းများနေရာတွင် ပြန်လည်တည်ဆောက်မည့် ဈေးစီမံ ကိန်းအချို့နှင့် အလားတူစီမံကိန်းများနှင့် ပတ်သက်ပြီး မြင်သိနေရသည်မှာ တင်ဒါခေါ်ယူပြီး ယှဉ်ပြိုင်သည့် စနစ် ဖြင့် အကောင်အထည်ဖေါ်ခြင်းမျိုးမဟုတ်ဘဲ unsolicited အမျိုးအစား ပုဂ္ဂလိကဘက်မှ ကမ်းလှမ်းလာခြင်း (သို့) ပုဂ္ဂလိကနှင့်အစိုးရ ၂ဦးတည်း ညှိနှိုင်းခြင်းမျိုးဖြစ်နေသည်။ 


စာချုပ်များကိုလည်း အစိုးရဘက်မှ ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကျွမ်းကျင်သူများအားတိုင်ပင်ပြီး ချုပ်ဆိုရန်လုပ်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ ပုဂ္ဂလိကဘက်မှ ပြင်ဆင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်အစိုးရမှ လက်မှတ်ရေးထိုးရန် လုပ်ဆောင်    နေခြင်းမျိုးများဖြစ်သည်။ 

  • သိန်းပေါင်းမြောက်မြားစွာ ရင်းနှီးမြှုပ်နှံလုပ်ဆောင်မည့် စီမံကိန်းစာချုပ်တွင် စနစ်တကျ   ရေးဆွဲထားသည့် financial plan ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များမပါဝင်သည်ကို မြင်သိနေရ သည်။ ယင်းစာချုပ်များသည် ယခင်အစိုးရများလက်ထက်က ၀န်ကြီးဋ္ဌာနများ ပုဂ္ဂလိကဖြင့်ချုပ်ဆိုခဲ့သည့်  စက်ရုံ ဘီအိုတီစာချုပ်များနှင့်ဆင်တူနေသည်။ 
  • ယခင်အစိုးရလက်ထက် ချုပ်ဆိုခဲ့သည့် ကျော်ထက်ကျော်ကုမ္ပဏီ အုတ် ကျင်းဂုန်နီစက်ရုံ၊ မုံရွာမြို့ရှိ ၀ါစက်ရုံ စာချုပ်များသည် ဘီအိုတီ ပီပီပီ စာချုပ်များဖြင့်မတူဘဲ မြေငှားစာချုပ်များဖြင့် တူနေသည်။ ထိုအတွက်ကြောင့် မြို့ကြီးများတွင် အကောင်အထည်ဖေါ်မည့် ဈေးသစ်နှင့်အိမ်ယာ စီမံကိန်းများ အား ဗဟိုမှလမ်းညွှန်မှုပေးသင့်သည်ဟုယူဆသည်။


ပီပီပီများ၏ အနာဂတ်အလားအလာ

အထက်တွင်ဖေါ်ပြခဲ့သည့်  စီမံကိန်းဘဏ်ဆိုင်ရာ သမ္မတရုံးညွှန်ကြားချက် ၂/၂၀၁၈ပါ ပီပီပီဆိုင်ရာ အပိုဒ်များ၊ စည်းမျဉ်းစည်းကမ်းများသည် အတော်ပြည့်စုံသည်ဟုဆိုရမည်။ 

  1. ပထမဆုံးအချက်မှာ ယခင်ကလို ဟိုတစ်ခု ဒီတစ်ခု ပြန့်ကျဲပြီး လုပ်ဆောင်နေခြင်းမျိုးမဟုတ်တော့ဘဲ နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး ပီပီပီ အရေအ တွက် မည်ရွေ့မည်မျှကို အကောင်အထည်ဖေါ်မည်ဆိုသည်ကို သိရှိလာရခြင်းဖြစ်သည်။ တစ်ပေါင်းတစ်စည်းထဲ စီမံကိန်းများ စုစည်းထားသည့် ပီပီပီ ပိုက်လိုင်း (PPP pipeline) တစ်ခုကို ချပြနိုင်ခြင်းသည်လည်း ရင်းနှီးမြှုပ်နှံသူ များအတွက် အချိန်ကုန်ခံ အစိုးရကြိုက်မည်ထင်သည့် စီမံကိန်းများအတွက် အဆိုပြုလွှာများရေးဆွဲခြင်းဖြင့် အချိန်ကုန်ခံစရာ မလိုတော့သလို စောင့်ကြပ်ကြည့်ရှုမည့် အဖွဲ့အစည်းများအတွက်လည်း ပိုမို ပွင့်လင်းမြင်သာမှု ရှိလာသည်။ 
  2. ဒုတိယအချက်မှာတော့ ပီပီပီ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ မူဘောင်တစ်ခု (regulatory and institutional framework) တည်ရှိလာခြင်းဖြစ်သည်။ ပီပီပီခေါင်းစဉ်အောက်တွင် နိုင်ငံတော်ပိုင် စီးပွားရေးလုပ် ငန်းများ (State Economic Enterprises-SEE)များ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလိုလျှင်လည်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းထားသည်။
    • ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (privatization) ဥပဒေသာ မရှိသော် လည်း ပုဂ္ဂလိကပိုင် ပြုလုပ်လျှင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အစုရှယ်ယာထည့်ဝင်မှုပုံစံများကို လမ်းညွှန် ချက်တွင် ထည့်သွင်းထားသည်။
    • ပုဂ္ဂလိကဘက်မှ တဘက်သတ်တင်ပြလာသည့် အဆိုပြုလွှာ (unsolicited proposals)များကိုလည်း မည်သို့စီမံဆောင်ရွက်ရမည်ကို ပြဋ္ဌာန်းထားခဲ့သည်။ ဘဏ္ဍာငွေကြေး ထည့်ဝင်ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေကြေးစီးဝင်မှု အစီအစဉ်များ၊ အစိုးရအနေဖြင့် ပီပီပီ စီမံချက်များဖြင့်ပတ်သက်ပြီး အာမခံချက်များ (government guarantees and contingent liabilities)များအတွက်လည်း နှစ်စဉ် ဘတ်ဂျက်ဥပဒေပြဋ္ဌာန်းသည့်အခါ ထည့်သွင်းဖေါ်ပြရန်၊ 
    • အစိုးရ အာမခံပေးရမည့် ပီပီပီ စီမံကိန်းအာလုံးသည် တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်ရခြင်း (သို့) Swiss Challenge ဖြင့် ယှဉ် ပြိုင်ပြီးမှသာ အစိုးရအာမခံချက်များရရှိနိုင်ခြင်း၊ ပီပီပီများ၏ ဆုံးရှုံးနိုင်သည့် အန္တရာယ်များ(risks)ကို စနစ်တကျ   လျှော့ချနိုင်ရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ ပီပီပီများ၏ အဆိုပြုလွှာများကို စနစ်တကျ ဆန်းစစ် သုံးသပ်မည့် ပီပီပီ ဗဟိုဋ္ဌာနတည်ထောင်ခြင်းနှင့် ၀န်ကြီးဋ္ဌာနများ၌ ပီပီပီဋ္ဌာနများဖွဲ့စည်းခြင်းနှင့် အကောင်အထည်ဖေါ်ဆောင်ရာတွင်စနစ်တကျ စောင့်ကြပ်ကြည့်ရှုနိုင်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းတို့ဖြစ်သည်။ 


ထိုအချက်များအပေါ်မူတည်ပြီး သုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ ကြီးမားသည့် အခြေခံအဆောက်အအုံ လိုအပ်ချက် (လက်ရှိနှုန်းဖြင့်သွားလျှင် နိုင်ငံ နှစ်စဉ်ဂျီဒီပီ၏ ၅ရာခိုင်နှုန်းကျော်လိုအပ်မည်)ကိုဖြည့်ဆည်းရန် ပီပီပီ စီမံကိန်း များကို စနစ်တကျ အကောင်အထည်ဖေါ်ရန် စည်းမျဉ်းစည်းကမ်းမူဘောင် (institutional framework)ရှိသွားပြီ ဟုဆိုနိုင်သည်။ 


သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပိုဒ်များအတိုင်းပင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များသည် သက်ဝင်မှုမရှိလျှင် စည်းမျဉ်းစည်းကမ်းများအဖြင့်သာ  စာအုပ်ထဲ၌ရှိနေလိမ့်မည်။ ထိုအတွက်ကြောင့် ပီပီပီဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖေါ်ဆောင်မည့် ပီပီပီ ဗဟိုဋ္ဌာနနှင့် ၀န်ကြီးဋ္ဌာနများ၏ ပီပီပီယူနစ်များက မြန်မာနိုင်ငံတွင် ကောင်းမွန်ပြီး ပြည်သူလူထုအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ပေါ်ထွန်းလာမှုကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ယင်းဋ္ဌာနများ၏ စွမ်းဆောင်ရည်ကို အမြန်ဆုံး မြင့်မားအောင်ဆောင်ရွက်ရမည်ဖြစ်သည်။


Ref:Khin Win FB:https://www.facebook.com/1382262771/posts/10218230524979532/

No comments:

Post a Comment