Popular Posts

Monday 4 February 2019

**Homemade တောင်ပိုင်းရှမ်းမုံညင်းချဉ်တည်နည်း**


လူတိုင်းကြိုက်တဲ့ ရှမ်းချဉ် ( သို့ ) ရှမ်းမုံညှင်းချဉ် လုပ်နည်း

ဟင်း မရှိရင်တောင် ဒါနဲ့  စားလို့ ရပါတယ်

ရှမ်းမုံညင်းချဉ်ကြိုက်သူများ မိမိအိမ်မှာ သန့်ရှင်းလတ်ဆတ်စွာ လုပ်စားလို့ရပြီနော်။

**Homemade မုံညင်းချဉ်**




ပါဝင်ပစ္စည်းများ...

  1. မုံညင်း
  2. ဂျုးမြစ်
  3. ထမင်းရည်
  4. ဆား
  5. နနွင်း
  6. ကြံသကာ
  7. စမုံစပါး (လှော်ထောင်းထားပါ)
  8. ငရုတ်သီးခြောက် (ထောင်းထားပါ)
  9. ရှောက်ကော ၊ ပါ့ကောမှုန့်
  10. နံနံပင်
ပြုလုပ်နည်း

  1. မုံညင်းကို အရင်ဆုံး နေပူ ၁ ရက်လှန်းထားပါ ။ 
  2. ရပြီဆိုလျှင် လက် ၄ လုံးစာ အရှည်လောက် ဂျုးမြစ်ကို လှီးဖြတ်ပါ ။
  3. ပြီးလျှင် မုံညင်းကို လက်ဖြင့်အဝတ်လျှော်သလို ဇလုံကြီးထဲ အားရပါးရ ချေပါ ။ ရေဖြင့် ၅ ခါခန့် အစိမ်းရေဆေး ပစ်ပါ ။
  4. မုံညင်းများကို ရေစစ်ပြီး ထမင်းရည် ၊ ဆား ၊ နနွင်း ၊ ဂျုးမြစ် တို့ကို ထည့်နှယ်ပြီး အိုး (သို့) ကျွတ်ကျွတ်အိတ်ကြီးထဲ သိပ်ထားကာ နေပူတွင် ၅ ရက်ခန့် ထုတ်လှန်းပါ ။
  5. ချဉ်ပြီဆိုမှ ကြံသကာ ၊ နံနံ ၊ စမုံစပါး လှော်ထောင်း ၊ ငြုပ်သီးခြောက်ထောင်း ၊ ရှောက်ကော ၊ ပါ့ကောမှုန့် ထည့်နှယ်လိုက်ပါ ။
  6. အကြာကြီးထား စားမယ်ဆိုလျှင် နေပူလှန်းစရာမလိုပါ ။


Watch Video.....

No comments:

Post a Comment