Popular Posts

Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Monday, 21 January 2013

ဖန်လုံးအလင်းတန်းအကလေး

    စကာင်္ပူရဲ့ Changi Airport Termainal  1 လေယာဉ်ကွင်းမှာတွေ့ရပြီး ဖန်လုံးအလင်းတန်းတွေနှင့် သီချင်းတီးလုံးလေးတွေလို  အနုပညာပါပါ လေလိုင်းလေးတွေလို မြင့်တက်လိုက် လျောချလိုက် အလှပြကစားပြနေတာကို လှလွန်းလို့ အမှတ်တရဗီဒီယိုရိုက်ကူးလိုက်ရပါတယ်၊  ကမ္ဘာခရီးသွား ဧည်သည် တွေကို ဖျော်ဖြေနေလိုက်တာကို ကြည့်လိုက်ပါအုံး! ဒီကို လာလည်တဲ့ ခရီးသွားဧည့်သည်တွေရဲ့ ပါးစပ်ဖျား တွေမှာ ပြောစရာကျန်ခဲ့အောင် ဆွဲဆောင်ထားပုံကိုက ပညာသားပါလွန်းပါတယ်လေ၊ ဒါကြောင့် ဒီ terminal 1 က နေ့ညမပြတ် ၂၄ နာရီလုံး ကမ္ဘာခရီးသွားဧည့်သည်တွေနှင့်လူစည်ကားနေတဲ့ လေဆိပ်လေးပါ၊ ဒီလိုမှ မလုပ်ရင် ကမ္ဘာခရီးသွားဧည့်သည်မှာစိတ်ဝင်စားမှုရှိ မှာမဟုတ်လို့ဘဲပေါ့၊

Credit@ Ko Ng

Sunday, 17 June 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ East Asia 2012 Wold Economic From

ဒေါ်အောင်ဆန်းစုကြည်ရဲ့ World Economic Form ဟောပြောချက်တွေနှင့်အင်တာဗျူးတွေပါ၊
East Asia 2012 - A Conversation with Daw Aung San Suu Kyi


DASSK Press Confeeence@EF Bankok-DVB 16-01DVB TV 1st June 2012 - ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း (အစအဆုံး)

Thursday, 7 June 2012

ငွေသန်းချီ၍သုံးဖြုံးနေကျသူများ အပိုင်း(၂)

ငွေသန်းချီ၍သုံးဖြုံးနေကျသူများ
ခရီးသွားမှတ်တမ်း- Credit@KoNge- Jun 1-3,12
     ဒုတိယရက်မှာ မနက်စာကို ဟိုတယ်က ကျွှေးတဲ့ ဘူဖေးကို အ၀စားပြီး...........

တနေကုန် ကားအပြတ်ငှားပြီးကျွှန်ကြီး (၆) ကျွှန်းကိုလျှောက်လည်ပါတယ်၊ ဘာမှတော့ထွေထွေထူးထူးမတွေ့ရပါဘူး၊

 Batam မြို့အကြောင်းလေးနဲနဲပြောပြချင်ပါတယ်....







Batam ဆိုတာက ကျွှန်းပေါင်း ၃၀၀၀ လောက်ရှိပြီး စကာင်္ပူကနေ ၂၀ ကီလိုဘဲကွာဝေးသော ဆင်းရဲတဲ့သဘာဝကျေးရွာတွေကို ၁၉၈၉ခုနှစ်မှာ Free Trade Zone လုပ်ပြီး ကျွှန်းတွေကိုအဆင့်မြင့် ပြင်ဆင်မူတွေကို နှစ်အနည်းငယ်မှာ အိမ်ရာ အသစ်ေ တွ နှင့် ခေတ်သစ်လဆိပ်တွေကိုလုပ်ပြီး ခရီးသွားဧည့်သည်တွေလာအောင်စွဲဆောင်လုပ်ပြီး၊ စီးပွားရေး အဆောက်အအုံသစ်တွေနှင့် စကာင်္ပူပုံစံအတိုင်း တူအောင်လုပ်ထားတာပါ၊ နောက်ပြီး အရှေ့တောင် အာရှမှာအကြီးဆုံးဆိပ်ကမ်းကြီး နှင့် နိုင်ငံတကာ ကုန်သွယ် မူ့ ဆိပ် ကမ်း ၊ စက်မှုဇုံဖြစ် အောင်ရည်ရွယ်ပြီး မလကာရေလက်ကြားလမ်းကြောင်း အတိုင်း စကာင်္ပူကူညီနေတာဖြစ်ပြီး အင်ဒိုနီးရှားစီးပွားရေးစီမံကိန်း ပူးပေါင်း၍ အဓိက ၁၉၉၀ခုနှစ် အာရှစီးပွားရေးအကျပ်အတည်းအတွင်းနှင့်အပြီးမှ ရပ်နားသွားတာဘဲလို့သိရတယ်၊
                                                                           မူရငိးကဒီမှာကြည့်ပါ-http://www.batam.com
  • အဲဒီလိုလုပ်လို့ ခရီးသွားဧည့်သည်တွေလျင်မြန်စွာများလာပြီး (၇)ခုမြှောက် Beach Resort တွေ ၊အဆင့်မြင့်ဟိုတယ်ကြီးတွေ၊ ဂေါက်ကွင်း တွေနှင့်တိုးတက်လာပြီး၊ စင်္ကာပူကနေ သဘောင်္ငယ်ဖြင့် အလွန်လျင်မြန်စွာ မိနစ် ၄၀ ဘဲသွားရလို့ အလွန်များပြား သော ခရီးသွားဧည့်သည်တွေ အတွက် ရွှေးချယ်ရာတနေတိုးလာတာက Batam မြို့ဖြစ်လာပါတော့တယ်။

  • ဒါတွေကြောင့် ကျွှန်တော်လဲသွားလည်ကြည့်တာပါ၊ မြို့သစ်လုံးချင်းအိမ်ရာစီမံကိန်းအသစ် IDR 400-500Milion(S$540,000-650,000)ဆိုတော့တွေက စင်္ကာပူထက် တ၀က်ကျော်လောက် သက်သာနေတာ ကိုတွေ့ရပါတယ်၊ ဗမာပြည်ထက်လဲလုံးချင်းအိမ်တွေသက်သာနေတာကိုတွေ့ရတယ်၊ နောက်ပြီးမီးမှန်မှန်ရတယ်၊ အလုပ်သမားခလဲသက်သာတော့ စင်္ကာပူကစက်ရုံတွေတော်တော်များများလဲ ပြောင်း သွားကျတာ ဒါကြောင့်ကိုး၊ ငွေဈေးကကွာတာကိုး!
“အဲ! ပြောချင်တာက ဗမာပြည်က လူပြောများနေကျပြီး အထင်ကြီးနေကျသော  ဆိပ်ကမ်းဇုန်တွေ  အလုပ်ဖြစ်လိမ့်မယ်မထင်ပါဘူး?
ဒီကဆိပ်ကမ်းဇုန်တွေ ထင်သလောက်အလုပ်မဖြစ်လို့ရပ်ဆိုင်းထားနေပြီ Malaca နှင့် Batam  Project တွေ တော်တော်များများ လဲ စီးပွားရေးကပ်ဆိုဒ်တော့ ခဏရပ်နားထားတာကိုတွေ့ရတယ်  ”
အဲ!မြို့ထဲမှာလဲ ဈေးဆိုင်ခန်းအသစ်တွေ အများကြီး တွေတွေ့ရပြီး တချို့နေရာတွေမှာဖွင့်တောင် မဖွင့်ကျ သေးဘူး၊ Waterfront Ferry City အသစ်မှာလဲအတူတူဘဲ တချို့ဆိုင်ခန်းတွေ မဖွင့်သေးဘူး၊
မြို့ထဲလူတော်တော်စည်တဲ့ Nagoya Shopping Mall ဘေးကဆိုင်ခန်းသစ်တွေလဲ ဆောက်လက်စနှင့် ဆောက်ပြီးသားတွေကိုတွေ့ရတယ်၊ တချို့ဆိုဖွင့်တောင်မဖွင့်သေးဘူး၊ မြို့ထဲရှိနေရာတိုင်းရဲ့အောက်ထပ်တွေမှာ ဘဲဆိုင်ခန်းအဖြစ် ဖွင့်ရောင်းနေတာတွေ့ ရ တယ်၊            




နောက်ပြီး ဆိုင်ကယ်တွေနှင့်ကားသမားတွေလဲ စည်းကမ်းမရှိ ကျပါ ဘူး၊ မောင်းချင်သလိုမောင်းနေတာဘဲ၊ အဲ! မီးပွင့်မှာတော့ မော်တော်ပီကယ် အဆောက်အအုံနှင့် ကား၊ ဆိုင်ကယ် ကိုတွေ့ရတယ်၊
လိုင်းကားကိုတော့ မီနီဘတ်လေးဘဲတွေ့ရတယ်၊ ကျွှန်းတွေရဲ့ကားလမ်းဘေးမှာလဲ ဘာမှာစီးပွားရေးလုပ်တာ မတွေ့ရပါဘူး ဆီအုံးခြံနှင့်အုတ်ဖုတ်တာ ဘဲတွေ့ရတယ်၊ ရွာတွေကို မတွေ့လိုက်ရဘူး၊ ကျွှန်း ၆ ကျွှန်းကို ဆက်သွယ်နေတဲ့ တံတား ၆ခုလောက်ကို ဘဲ ဖြတ်သန်းသွားဘူးတာဆိုတော့...

Barelang Bridge နာမည်ကျော်ကြိုးတံတား ကိုရောက်တော့ ဓါတ်ပုံတွေရိုက်ကျတယ်၊ အဲဒီမှာ ဆိုင်ကယ်လှည်းတွေ ဒီမှာဘဲတွေ့ဖူးတယ် (တခြားနိုင်ငံမှာလဲမတွေ့ဖူး)နှင့် အကျော်တွေ လင်ပန်းတွေနှင့် လက်မကြီး တွေနှင့် ပင်လယ်ဂဏာန်း တွေကို ရောင်းနေတာကိုတွေ့လို့ဝယ်စားချင်တာကို ကားသမား ပြောလို့မသန့်ဘူးဆိုလို့ဝယ်မစားဖြစ်ဘူး၊ အဲဒါကိုကမှားသွားတာ မြို့ထဲမှာ ဒီလို ဂဏန်းမျိုးမတွေ့ရ တော့ ဘူးလေ၊ အဲဒီမှာပြဿနာစတော့တာဘဲ! မနေ့က အင်ဒိုစာတွေစားကောင်းတာနှင့် (ငရုတ်သီးထောင်း လေး တွေ)တ၀စားထားတာဆို ဗိုက်ကဆန္ဒ တွေပြတော့တာပေါ့၊ ဒါနဲ့အိမ်သာသွားတာ IDR2,000($0.27) လောက် ပေး လိုက်ရတယ် ရေလောင်းအိမ်သာပါ ၊ အသန့်ကြီးတော့မဟုတ်ဘူးပေါ့နော်၊ ဒါပေမဲ့ ဗိုက်ကရစ် နေ တော့ သွားရတာပေါ့၊ “ဟီးဟီး”..

 ဗီယက်နမ်ဒုက္ခသည်တွေကို ကယ်ဆယ်ရေးလုပ်ထားတဲ့ Galang ကျွှန်း နေရာဟောင်းလေးတခုဘဲရောက် လိုက်သေးတယ်၊ အဲဒီမှာကားသမားလိုက်ပြလို့ ကြည့်လိုက်တာ! ဗီယက်နမ် လူတွေဘယ်လိုလူမျိုးလဲလားလို့၊ မမြင်ဖူးဘူးလေ !
(ဘာလိုလဲဆိုတော့ အင်ဒိုလူမျိုးတွေကို မလေးလို အသားမဲမယ်လို့ထင်ထားတာ မဟုတ်ဘူးလေ၊ ဗမာလိုဘဲ အသားညိုတယ် မျက်ခုံးကောင်းတယ် မိန်းခလေးကိုဘဲ ကြည့်မိလိုပါ).... ဟဲဟဲ...









အဲဒီမှာ လူကိုမတွေ့ရဘဲ လူအစားမျောက်တွေကိုတွေ့ရတယ်၊ အဲ! မေးကြည့်တော့ အကုန်ပြန် ကုန်ပီတဲ့၊ ပေ၂၀လောက်ဘဲရှိတဲ့လှေငယ်နှင့်ပင်လယ် ကိုဖြတ်ကျော်ခဲ့တာတော့ တော်တော် အံ့အော်ဖို့တော့ကောင်းတယ်၊ ကုန်တွင်းသွားလှေဘဲ၊ အန္တရယ်အလွန်များပါတယ် ခေတ်ကပျက် နေတုံး ဆိုတော့မပြောတတ်ဘူးလေ၊ သမိုင်းဝင်အနေနှင့်တော့ထားထားပါတယ်၊ အခုတော့ မျောက်တွေဘဲရှိတော့တယ်လေ၊ ကားလာရင် အစာလာတောင်းတတ်ပါတယ်၊ ဗီယက်နမ်မျောက်ပေါ့နော်!ဟီးဟီး......












နောက်ပြီး Beach Resort ကမ်းခြေဟိုတယ် တွေကိုလိုက်ပြတယ် စင်္ကာပူကိုမြင်ရတဲ့နေရာတွေပါ၊
နေလယ် ၂နာရီလောက်မြို့ထဲပြန်ရောက်ပြီး နေ့လည်စာကို မှာ တရုတ်ဆိုင်မှာစားတာ ဂဏာန်းသေးသေးလေးတကောင်ရယ်၊ခရုခွက်၈ကောင်လောက်ပါတဲ့ဟင်းတခွက်၊ ပြည်ကြီးငါးကျော်၊ ကြက်ဟင်းခါးသီးကြက်ဥကျော်၊ ကြက်ဟင်းခါးသီးပုဇွန်ချက်နှင့် အုန်းရည်တွေကို IDR 500,000($67) ဈေးကြီးတာဘဲရှိတယ် အင်ဒိုစာ လောက်စားလို့မကောင်းဘူး၊ ကားသမားကပြောတယ်ဈေးပေါတဲ့ Shopping Mall ကိုပြမယ်ဆိုလို့သွားတာ ပင်ရင်းတွေရောင်းတဲ့ဆိုင်တန်းတွေဆီရောက်တယ် ဒါပေမဲ့တံဆိပ်ကောင်းကောင်းတွေမတွေ့ရပါဘူး ဒါပေမဲ့ BOSS အတုတွေကိုတော့ တွေ့ခဲ့ရတယ်၊ အင်ဒိုစက်ရုံထွက်တွေများတယ် အင်္ကျီအသားတွေ တော့ ကောင်း ပါတယ်၊ မမြင်ဘူးတဲ့တံဆိပ်တွေများတယ်၊ ဈေးကလဲ သိပ်မပေါပါဘူး။


အဲ! ညဖက်ရောက် ကားသမားပြောတယ် Night Club ၀င်ကြေးက IDR 4,000($6) ကျတယ်ဆိုလို့ ဈေးပေါတာနှင့်သွားကျမယ်ပေါ့၊ ဒါနှင့်ဟိုတယ်ပြန်ရေမိုးချိုးပြီးတာနှင့် ၉နာရီလောက်မှာ ညစာစားသောက် ကျတယ်၊ အဲဒီမှာပြဿနာတက်တော့တာဘဲ Harbort Bay အကောင်းဆုံးတရုတ်စားသောက်ဆိုင်က ၁၀ နာရီပိတ်တာကို စားပွဲထိုးတွေက ဟင်းမှာတော့ဘာမှမပြောကျဘူး နာရီဝက်လောက်မှာနောက်ထပ်ဟင်းတွေ မှာတော့မှ ဆိုင်ကပိတ်ပြီးတဲ့ ကားသမားပြောတုန်းက မနက် ၃-၅နာရီထိရတယ်ဆိုလို့ ဒီဆိုင်ကိုဝင်တာ ဒီဆိုင်ကမဟုတ်ဘူးလေ၊ ဘေးကဆိုင်တွေအားလုံးက ရတယ်၊ ဆိုင်မှားဝင်မှီတာလေ၊ ဒါနှင့် ၁၁နာရီ ခွဲလောက်မှာအပြီးသတ်လိုက်ရတယ်၊ နောက်ပြီးတရုတ်ဆိုင်က ငမန်းတောင်ဟင်းချို တပွဲတင် IDR 300,000 ပေးရပြီး၊ ငါးဟင်းတခွက်ရယ်၊ ကိုက်လန် တခွက်ရယ်၊ ပုဇွန်ဟင်းတခွက်ရယ်ဘဲ ဈေးကြီးပြီး IDR 600,000($87)လောက်ကျပါတယ်၊ အဲ! ၀ယ်လာတဲ့အရက်ကိုယူသွားတာ IDR 10,000($1.30) ပေးလိုက်ရသေးတယ်၊ အချိန်မရှိတော့ ဘယ်လို လုပ်ပြီး သောက်ရတာဖီလင်ရှိတော့မှာလဲဟင်? ဒါက အသောက်သမားတွေ ဘဲ   သိပါတယ် ၊သောက်ပြီးရင် ရစ်ရမှလေ! ဟုတ်တယ်မဟုတ်လား????....

        ဒါနှင့် Batam City ကအကောင်းဆုံးပြောတဲ့ Night Club ကို ရောက်တယ် စီးကရက်တဘူးဘဲပေးတယ် အထဲရောက်တော့ အရက်မှာတာ ပုလင်းလိုက်ဘဲရောင်းတယ်တဲ့ ဒါနှင့် ခွက်နှင့်ရောင်းတဲ့ဘာမှန်းမသိအရက်ကို သူငယ်ချင်းကမှာပြီးသောက်သေးတယ်၊ အထဲက DJ က မကောင်း ပါဘူး ဘေ့ထုနေတာဘဲရှိတယ် ဘာသီချင်းတွေမှန်ူတောင်မသိရဘူး လူတွေလဲကနေတသိပ်မရဘူး လိုက်ကြည့်လိုက်တော့ ဆေးချနေကျတာနှင့် ဆေးလာရောင်းတဲ့ မိန်းခလေးတွေ ၁၅မိနစ်လောက်တခါလာမေးတာကိုတွေ့ရတယ်၊



ဒါကြောင့်ကားသမားကပြောတာမ၀င် ခင်မှာ ဆေးတွေရတယ်ဆိုလို့ ၊ ညနက်လောက်ရောက်မှ ကတဲ့ ခပ်ချောချောဆံပင်ရှည်ကောင်မလေး ၅ ယောက်တွေနှင့် DJ မိန်းခလေးပြောင်းမှ အင်ဒိုသီချင်းဘဲဖွင့်ပြီးနဲနဲမြူးလာကျပြီး အနဲငယ်ကလာကျပါတယ်၊ အင်ဒိုမတွေတော်တော်ချောပါတယ် မဲတာတွေမတွေ့ရလို့! ကျွှန်တော်မြင်တာကိုပြောတာနော်! ဟဲဟဲ???
    နောက်တတိယရက် ပြန်မဲ့ရက်မှာ အခန်းကို နေ့လည် ၁၂ နှင့် ၁နာရီကြားမှာအပ်ရပါတယ်၊ နေ့လည်စာ စားဖို့ကားသမာကို အင်ဒို အစာတွေရောင်းတဲ့ဆိုင် ကိုလိုက်ပို့ခိုင်းပါတယ် ဆိုင်က တခါပြင်ကြိုက်တဲ့ ဟင်း တွေယူပြီးမှာရှင်းရတဲ့ ဆိုင်လေးပါ ဈေးတော်တော် ပေါပါတယ်၊ဆိုင်ကလူအပြည့်ဘဲ ၊    ဆိတ်စွတ်ခွက်ကြီးတခွက်မှ IDR 20,000($3) နှင့် ဆိတ်သားကင်တချောင်းကို IDR 4000($0.50) လူတယောက်မှ    IDR -15,000-20,000($2-3)   လောက်ဘဲကျတော့ အားလုံးစားမှ IDR 160,000 ($21) ဘဲ  ကျ ပါတယ် ၊ နောက်သူငယ်ချင်းလိုချင်တဲ့ ဆိတ်သားနှင့်ငါးရှဉ့်လိုက်ရှာတာ မနက်ဈေးတွေ ပိတ်ကုန်လို့ဘယ်မှရှာမရတာနှင့် NAGOYA Super Mark မှာ ငါးရှဉ့်အရှင်ရလိုက်ပြီး ဆိုင်မှာရေပြုတ်လုပ်ခိုင်းဖို့ IDR 20,000($3)ပေးလိုက်ရတယ်၊ ငါးကင်တွေလဲ ၀ယ်လိုက်သေးတယ်၊

နောက် NAGOYA အပြင်ဆိုင်တန်းက အင်ဒိုပါတိပ်ဆိုင်မှာ     ဟာဝိုင်ရီိပိုးပါတိပ်လေး IDR 199,000($ 27) နှင့်ဈေးကလည်းမဆိုးဘူးဆိုတော့ဒီဇိုင်းလှတာနှင့် ၂ထည်ဝယ်ဖြစ်သွားတယ်၊ ဒီဇိုင်းက တမျိုးတထည်ဘဲရှိတာလေ!
      
သန့်တယ်လို့ကားသမားပြောတဲ့ Harbour Bayသဘောင်္ဆိုဒ်အသစ်ကိုသွားပြီး လက်မှတ်ဝယ်တာ ဘာမှ ကြိုတင်လက်ဝယ်မထားတော့ ည ၉း၄၀ နာရီ နောက်ဆုံးသဘောင်္ဘဲရတယ်လေ၊ အဲ! မေ့နေတာက လာတုံးက သောကြာနေ့ဆိုတော့လက်မှတ်ကလွယ်တယ် ပြန်တော့တနင်္ဂနွေဆိုတော့ ပြန်တဲ့လူများတာကိုသတိ မထားမိ ကျဘူးလေ! ပြီးတော့ သဘောင်္ဆိုဒ်ကအသစ်ဆိုတော့ ဘေးမှာဆိုင်တန်း တွေရှိ စားသောက် ဆိုင်တန်းလဲရှိဆိုတော့သန့်လဲသန့်တော့ ဒီဆိုဒ်ကမ်းကိုရွှေးလိုက်တာ သဘောင်္လိုင်း အစုံ မရှိဘူးလေ!


အချိန်၅နာရီပိုနေတာနှင့် ကားသမားက လုံးချင်းအိမ်ရာ တွေစီခေါ်သွားပါတယ်၊ ၂ ထပ်လုံးချင်းတွေကို ပေ68x126လောက်ကို IDR 400-500 Milion(S$40,000-60,000),ပေ 158x200ကို IDR 100 Milion(S$70,000)နှင့် ပေ158x344မှIDR 1,500 Milion(S$200,000)လောက်ဘဲရှိတယ်တဲ့၊ “ဒီဈေးကဗမာပြည်မှာ တောင်မရနိုင်တဲ့ဈေး တွေဘဲ!”


ပင်လယ်ပြင်ကို မျက်နှာမူပြီး လသာနေပုံကို ကတော်တော်လှတဲ့Cosatarina ကိုသွားပြီးအချိန်ဖြန်းနေ ရတယ်၊ ပင်လယ်ကမ်းစပ်လေးတွေမှာတန်းစီပြီး ဆိုင်ကယ်လေးတွေနှင့် အီစီကလီလေး တွေ၊ အတွဲတွေ တော်တော်များတယ် ရင်ခုန်စရာတွေ!







ဒါက စကာင်္ပူကို ပြန်ရောက်လို့ရိုတ်ထားတာလေ၊
ညနက်၁၂ နာရီမှာရောက်တော့ ရထားတကြောင်းဘဲမှီတယ် နောက် တနေရာ မှမ မှီလို့ အိမ်ကို တက်စီငှားပြန်ရတယ်လေ!
အဲဒါပါဘဲ BATAM ခရီးသွားရတာ ဘယ်တွေမြင်ခဲ့သလဲဆိုတာတွေ!
အဲမေ့လို့! အလည်ခေါ်တဲ့ သူငယ်ချင်း ကိုအောင်နှင့်ချစ်မညီးလေးမိန်မိန်းတို့ကို အထူးကျေးဇူးတင်ပါကြောင်း ဒီဘလော့ကနေပြောလိုက်ပါရစေ..............

Monday, 4 June 2012

ငွေသန်းချီ၍သုံးဖြုံးနေကျသူများ အပိုင်း(၁)

ငွေသန်းချီ၍သုံးဖြုံးနေကျသူများ
ခရီးသွားမှတ်တမ်း- Credit@KoNge- Jun 1-3,12


   Jun 1,12 (ပထမတရက်)က သူငယ်ချင်း လင်မယား အလည်ခေါ်လို့ Batam ခေါ် ဘာတန်ဆိုတဲ့ အင်ဒိုနီးရှားနယ်စပ်ကမြို့လေးက စင်္ကာပူ ကနေ  Speed Board Ferry  အမြန် သဘောင်္ လေးနှင့် သွားရင် ၄၅ မိနစ် ဘဲကြာ ပါ တယ်၊  မြန်မာတွေ အတွက် ဘာမှ ဗီဇာမလိုပါဘူး၊

စင်္ကာပူ Harbourfront Centre ကနေ batamfast ferry သဘောင်္လိုင်း ကနေ အင်ဒိုမြို့ ferry Port ဖြစ်သော Batam City, Batu Ampar, Sekuopang ,Waterfront City ကို အသွားခရီးတကြောင်း လူတယောက်ကို S$28 နှင့် လက်မှတ်ဝယ်ပြီးသွားလိုက်ရုံပါဘဲ၊
လက်မှတ်ဝယ်တဲ့နေရာမှာဘဲ အ၀င် White Card ကို တခါထဲအပြီး ဖြည့်ပေးပါတယ်၊ Ferry port ဖြစ်သော Batam Cityက သင်္ဘောဆိုဒ် အဟောင်း ဖြစ်ပြီး၊ Waterfront City ကသင်္ဘောဆိုဒ် အသစ် လေး ပါ၊ ကျွှန်တော်တို့က စင်္ကာပူ Harbourfront Centreက နေ batamfast ferry ( အချိန်စာရင်းကို သိချင်ရင်ဒီမှာလင့်လိုက်ပါ)လိုင်း နှင့်၁၂း၃၀ မှာထွက်တာဆိုတော့ Batam City သဘောင်္ ဆိုဒ်အဟောင်း ကို ၂း၁၅လောက်မှာ ရောက် ပါ တယ်၊ စကာင်္ပူ Duty free Shop ကနေ လူက ၄ယောက်ဆိုတော့  Duoble Black ၃လုံးကိုဝယ်ပြီး သယ်သွားလို့ရတယ်လေ၊(ဟိုမှာ၂ညအိပ်ဆိုတော့)

မလေးရှားက Johor bahru မြို့ထက်သွားရတာ လွယ်ကူပြီးမြို့နှင့် အင်ဒိုလူမျိုးTaxiကားသမားတွေလဲ အင်္ဂလိပ်လိုပြောလို့ရပြီး မြို့ထဲက  ကျွှန်တော်တို့တည်းသော မြို့ထဲက 3 Star ရှိသော swissbel ဟိုတယ် ကို အင်ဒိုငွေ IDR50,000 လောက်ကျပါတယ်၊ ကလိန်က ကျစ်မရှိပါဘူး၊
ကျွှန်တော်တို့ ငှားတဲ့ ကားသမားက BP 1708 က ၁၂နာရီ တရက်လုံး ကားအပြတ်ငှား IDR 400,000 ပေးရပြီး ကြိုက်တဲ့နေရာ တကျွန်းလုံး ကိုပို့ခိုင်းလို့ရပါတယ်၊

      Swiss Bel ဟိုတယ် ရောက်တော့ ပြဿနာစတော့တာဘဲ သူငယ်ချင်း Online Board က ဘိုကင်လုပ်ထားတဲ့ အိပ်ခန်း ၂ခန်းပါတဲ့ Aparment  Room(တရက်ကိုS$180) မရဘဲ ၂ယောက်တွဲပါအိပ်ခန်း၂ခန်းအစား ထိုး ပေးပါတယ်၊ ပွဲစား online Web က သူတို့ကို အကြောင်းမကြား ထားလို့ နှင့် လက်ရှိအခန်းရှင်က ရက်ထပ်တိုးတာနှင့် အခန်းမရ  တာ လေ၊   အဲဒီမှာသူငယ်ချင်းက ပြဿနာရှာတော့တာဘဲ၊ ဒါနှင့် ဈေးလျော့ပြီး နဂို boardလုပ်ထားတဲ့ မူရင်းလုပ်ထားတဲ့ဈေးနှင့်ဘဲပေးပါတယ် (ပြောချင်တာက ငြိမ်နေရင် သူတို့က ဈေးချပေးမှာမဟုတ်လို့၊ ၂ယောက်ခန်း တခန်းစီ သတ်သတ်ကပိုဈေးကြီးပါတယ် S$250 လောက် ရှိ တယ်လေ) ဒါနဲ့ဘဲကျေကျေနပ်နပ် ယူလိုက်ပါတယ်၊ (ဘာလဲဆိုတော့ တခန်းက ရေချိုးခန်းမှာ ရေလုံဇလုံနှင့် ၀င်လန်တာပါတယ်လေ--သာလို့ကျေနပ်လိုက်တာနော်-ဟဲဟဲ!)
အဲ!ပြောဖို့မေ့နေ တာက အခုခရီးသွားတာ ၄ယောက်ပါ၊ ကျွှန်တော်ရယ် သူငယ်ချင်းလင်မယားနှင့် ယောက္ခထီးလေးတွေပါ၊ သူရဲ့ ယောက္ခထီးက ဒီမှာနေတာကြာလို့ Stay ရှောင်ရင်းနှင့် ဒါပေမဲ့ အင်ဒို အ၀င် မှာပြဿနာတက်ပါသေးတယ် Stay ရှောင်မှန်းသိတော့ ပိုက်ဆံတောင်းပါတယ် အဲဒီမှာ S$100လောက် တောင်းတယ် S$50ဈေးဆစ်တော့ မရဘူး သူလူတွေများတယ်တဲ့ ဒါနှင့်ဘဲပေးလိုက်ရပါတယ်၊ (သူငယ်ချင်းကတော့ ဆဲတော့မှာဘဲ အဖြစ်မှာတွေအကုန်လုံးရေးလို့--ဟီးဟီး! ဗမာတွေအားလုံးကို သိစေချင်လို့ရေးရတာပါ၊ ဗမာပြည် လိုဘဲလို့....ပေးလိုက်ရင်အဆင်ပြေတယ် မပေးရင် ပြန်ပေါ့.!)


နယ်စပ်မြို့ကငယ်လေးတမြို့ဖြစ်ပြီး ဗမာပြည်နှင့်မတူတာက မီးတွေထိန်ထိန်လင်းနေတာပါ၊ နောက်ပြီးငွေဈေး ၁၂ ဆလောက်ကွာနေတာတောင် တိုးတက်နေကျတယ်လေ!!!

ရေမိုးချိုးပြီးညနေခင်းမှာ ငွေလဲတာနှင့် S$ 400 ကိုလဲတာ IDR2,932,000 ရတယ်(S$1=7330နှုံး) ဒါကြောင်!....ပိုက်ဆံသန်းချီသုံးကျသူများလို့ရေးရ တာလေ!! ဟီးဟီး.....


  ညနေစာကို NOVEL ဟိုတယ်ရဲ့မျက်စောင်း ထိုးမှာရှိတဲ့ အင်ဒိုစာ ထွက်စားတာလေ၊ ဟင်းတွေမှာတော့ အင်္ဂလိပ်ပြောတာနားမလည်ဘူး ကားသမားကိုခေါ်ပြီး ဟင်းတွေမှာရတယ်၊ ဒီလိုဟင်းတွေမစားရတာကြာလို တအုပ်စုလုံး အ၀စားကျတာ IDR 325,000($ 44) လောက် ကျပါတယ်၊ (ဟင်းတွေကတော့ အင်ဒိုကြက်ကလေး ကျော်တွေက (ကြက်ပေါင် ၁၀တုံး) အိမ်ကြက်တွေဖြစ်လို့တော်တော် စားကောင်း ပါတယ်၊ ငရုတ်သီးနှင့် ကဇော့ခါးသီး အစပ်ချက်က (၂ခွက်) ထားတဲ့ တော်တော်ကောင်းလို့လိုက်ပွဲ တောင်း မှာယူရတယ် လေ၊ အမဲသား ၊ဆိတ်သား (၂တုံးစီ) ၊ငါးကျော်၂မျိုးကျော်ထားတာ ၂ကောင် စီတွေရယ်၊ အကျော်တွေဘဲများ တာတွေရတယ်၊ အရွက်ဆိုလို့ပဲပင်ပေါက် နှင့် အရွက်တမျိုးရော ကျော် ထားတာရယ်၊ ဒညင်းသီးအုံးနို့ ၁ခွက်ဘဲ၊ အရွက်တွေ သိပ်မတွေ့ ရ ဘူး၊နောက်ဆိတ်စွတ်၁ခွက်ရယ်၊ လူကထမင်းစားတာ ၅ယောက်)

Shopping Mall---
 Batam မြို့ကတော်တော်ကျယ်ပါတယ်၊ ဒါပေမဲ့လူစည်ကားတာကShopping Mall မှာဘဲတွေ့ရတယ် ရုံးပိတ်ရက်တွေဖြစ်လို့ထင်တယ်၊







နောက် Nagoya Shopping Mall ကိုသွားပါတယ်၊ အင်ဒိုကထွက်တဲ့ တံဆိပ်တွေဘဲတွေ့ရတယ်၊  ဈေးတော်တော်ပေါပါတယ်၊




လူတွေကြိုက်တိုးပြီးငွေရှင်းကောင်တာမှာ လူတွေပြည့်ကျပ်နေတယ်၊ ဒါပေမဲ့ကျွှန်တော်လိုချင်တဲ့ အင်းဒိုပါတိပ် ပိုးချည်နှင့်ကဈေးကြီးတယ်  IDR 399,000($60လောက်ရှိတော့မ၀ယ်ဖြစ်ဘူးလေ) နိုင်ငံတကာက တံဆိပ်တွေကတော့ စင်္ကာပူဈေးနှင့် အတူတူပါဘဲ ဘာမှမထူးပါဘူး၊ အဲ! Honda ဆိုင်ကယ်အသစ်တွေကတော့ IDR 13,000,000 -15,000,000($1700-2000) လောက်ဈေးရှိတယ်၊








ဒါကအင်ဒိုဆန်IDR ? တွေနှင့် စားအုံးဆီ စစ်စစ်  ဘူးကြီးမှ IDR 75,000($9.58) ဆိုတော့ တော်တော်ဈေးပေါတာပေါ့၊




ကြက်သားဈေး IDR 25900($3.53)နှင့် ငါးရှဉ် IDR 6,890/400GL($.94)တွေ ရောင်းတာတွေ့လို့ ရိုက်ယူထားတာလေ!အဲ! သူငယ်ချင်းလင်မယား အဲဒီငါးရှဉ်နှင့် ဆိတ်သားကို လိုက်ရှာတာ နေ့တ၀က် လောက် အချိန်ကုန်သွားတယ်၊ (နေခင်းမှလိုက်ရှာတော့အသားဈေးတွေပိတ်ကုန်ပြီလေ)




 အဆင် သင့်ထုပ်ပြီးသား ရိုးရာ အင်ဒိုအစားအသောက် ANGSANA AYAMBAKAR MADU-1kg ဘူးကြီးဈေး IDR62160($8.45) နှင့် KROKY- AYAM JAMUR 300Gg IDR33,900($4.60)ရှိတယ်၊

Mall အထဲမှာအဆင်သင့်ချက်ပြီးသားတွေ ရောင်းတဲ့ ဆိုင်IDR 12,000-14,000($1.50-2)လောက်ဘဲရှိ  တယ်၊


အပြင်တန်းကဈေးဆိုင်တွေက----

နောက်ပြီးအပြင်တန်းဈေးဆိုင်တွေမှာ နာမည်ကျော်တံဆိပ် အတုသားရေအိတ်တွေ တော်တောများများတွေ့ရပါတယ်..ဈေးတွေက IDR 1,250,000($170-200) လောက်ဘဲ ရှိတယ်၊ ဒါကြောင့်စကာင်္ပူမှာ တော်တော် များအိပ်တွေကိုလွယ် တာတွေ့ရင် သေချာတယ် အဲဒါအင်ဒိုနှင့် တရုတ်ဘဲ! ဟီးဟီး!
FRAKE !!!.... (HEME,LOUIS VUITTON, PRADA, BOSS, GUSSCI,----)
BOSS ဆိုရင် အ၀တ်အစား ဘောင်းဘီအင်္ကျီတွေ့ကို့ Hypermall ရောင်းနေတာတွေ့ရတယ်။

ဂီတာလေးတွေ့လို့ရိုတ်ထားတာ IDR 750,000($102)လောက်ရှိတယ် နှင့် ငါးကင်ဝယ်တဲ့စား သောက် ဆိုင် တန်း လေး ဘဲခြောက်ကပ် တယ်စား တဲ့ လူနဲနဲ ဘဲ ရှိတယ်၊

Nagoya Mall ထဲက RIA  Resdo ဆိုတဲ့ငါးကင်ဆိုင်မှာ ငါးကင် ၃ဘူးနှင့် ကြက်၊ဘဲအကင် ၁ဘူးစီ စုစုပေါင်း၅ဘူးကိုIDR 132,000($18) တွေကိုသူငယ်ချင်းတွေ တော်တော် ကြိုက်ကျလို့ ညဖက် သောက်ပွဲလေးအတွက် အမြည်းလေးသွားဝယ်ရတယ်လေ၊ သူရဲ့တံဆိပ်တွေပါတဲ့ဘူးတွေနှင့် အသေချာထည့် ပေးတာတွေ့ရတယ်၊ တော် တော်ကိုစားကောင်းပါတယ်၊ စကာင်္ပူမှာ တကောင်ကို $10 လောက် ပေးရတယ်လေ၊


နဲနဲမှောင်တော့ညဖက်ကိုဟိုတယ်ပြန် လာပြီး ၀ယ် လာတဲ့ငါးကင်တွေနှင့် ညဖက်စာ  စားသောက်ကျတာလေ....







ဒါကပထမရက်မှာ Batam မြို့ထဲမှာလည်ထားတာတွေဘဲ!
ဒုတိယရက်တွေကိုတော့ အပိုင်း(၂) အနေနှင့် ကျွှန်းတွေကိုတနေ့တာလည်တာနှင့် Night Club (IDR4,000-$6- လူတယောက်ကို)သွားတာ ကို ဆက်ရေးသွား မှာပါ...!!!
Batamမြို့ရဲ့အကြောင်းတွေကိုသူရဲ့Websiterမှာကြည့်လို့ရပါတယ်-http://www.batam.com/--

ဒီမှာ Batam မြေပုံနှင့် Websiteလေး-http://www.batam.com/component/option,com_wrapper/Itemid,134/