Popular Posts
Showing posts with label ချစ်မှုရေးရာ. Show all posts
Showing posts with label ချစ်မှုရေးရာ. Show all posts
Wednesday, 6 March 2019
ချစ်သူအတွက် လက်ဆောင်အနေနဲ့ သူမရဲ့ ပေါင် ၅၀၀ ကျော်ကြီးကို ဝိတ်ချခဲ့သူ
Zawgyicodeဖြင့်ဖတ်ရန်
Credit:Nanmalgyi
Unicode
တကယ့်ကို ကြည်နူးဖွယ်ရာ အဖြစ်အပျက်တွေ လောကမှာ ရှိတတ်ပါတယ်။ဒါကတော့ အခြားမဟုတ်ပါဘူး။အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ ပေါင် 500 ကျော် ခန္ဓာက်ုယ်ကို သူ့ချစ်သူအတွက် စွန့်လွှတ်ပြီး သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကို သူမရဲ့ ချစ်သူအတွက် New Year
လက်ဆောင်အနေနဲ့ ပေးလိုက်တာဖြစ်ပါတယ်။တခါတလေမှာ တချိန်က အရာတွေကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးပြန်ရှင်းပြလို့ရပေမယ့် တကယ်အဲ့ဒီအချိန်တုန်းကတော့ စိတ်ဓာတ်က ငရဲမှာပါ။
Indiana ဆိုတဲ့ ခံယူချက်ကတော့ Terre Haute ဆိုတဲ့ သူ့ချစ်သူမထားခဲ့ရေးပါပဲ။သူမရဲ့ ကယ်လိုရီတွေလောင်ကျွမ်းသွားတဲ့အခါ သူမရဲ့ ခင်ပွန်းအတွက်
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ သူမဟာ တွေးထင်ပြီး 2017 ခုနှစ်မှာတော့ ဒါကို လုပ်ခဲ့ပါတယ်။သူမရဲ့ ပြောင်းလဲမှုကို သိဖို့ သူမဟာ Gym ရောက်တိုင်း ပေါင်ချိန်တဲ့အခါတိုင်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။
နေရာတူပေမယ့် အချိန်ကာလနဲ့ အနေအထားပုံစံမတူကွဲပြားသွားတဲ့ မြင်ကွင်းပါ။
ဒီပုံမှာ ခြားနားချက်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပါပဲ။ဒါငကို သူ့မျက်နှာမှာ မြင်ရပြီး သူ့ရဲ့ ဘယ်ပုံက ပိုယုံကြည်မှုရှိလဲ သတိ်ထားမိမှာပါ။12
လအတွင်း ဝိတ်တွေအများကြီးကျဖို့ မဖြစ်နိုင်ဘူးဆိုတာ ဆင်ခြေဖြစ်ကြောင်း သူမဟာ သက်သေပြခဲ့တာဖြစ်ပါတယ်။
စုံတွဲချင်းတူပေမယ့် မတူတော့တာ ခန္ဓာကိုယ်တွေဖြစ်ပါတယ်။တခါက ရောင်း၇ခက်တဲ့ အကျီၤဆိုဒ်တွေကို ရှာဝ်မှုဟာ ခက်ခဲခဲ့ပြီး အခုတော့
အိပ်မက်တွေဖြစ်ခဲ့ပါပြီ။ခရီးစဉ်တလျောက်လုံးရဲ့ ပြောင်းလဲမှုက အဲဒီလို ရှိခဲ့ပါတယ်။အရင် တနှစ်လောက်က အမှတ်တမဲ့မြင်ဖူးခဲ့သူဟာ ဒီနှစ်မှာ ဒီလင်မယားကိုတွေ့ရင် မှတ်မိနိုင်ပါဦးမလား။
မနက်ဖြန်တိုင်းမှာ ရှင်းသန်ခြင်းရှိြ့ပီး ဒီရှင်သန်ခြင်း အဓိပ္ပာယ်ပြည့်ဝဖို့ ကျမတို့တာဝန်လို့ သူမက ပြောခဲ့ပါတယ်။မင်္ဂဆောင်နဲ့ တနှစ်အကြာက ပုံတွေပြောင်းလဲမှုက အံ့မခန်းဖြစ်ပါတယ်။
ဝဝ ပိန်ပိန် အချစ်မှာ မျက်စိမပါပေမယ့် ဘယ်သူမဆို အလှတရားကို ခုံမင်မှာပဲလို့ သူမက ပြောပါတယ်။ဝတဲ့အချိန် လူတွေပစ်ပယ်ထားချိန်မှာ တလေးတစားဆက်ဆံခဲ့လို့ နေတိုင်းငိုရတယ်လို့ ဆိုပါတယ်။
Credit:Nanmalgyi
Ref:http://www.kthar.site/?p=16514
Sunday, 27 January 2019
We'll be waiting right here! Homeless man's loyal dogs stand at hospital entrance as he receives treatment for illness in Brazil
ဘရာဇီးနိုင်​ငံကဆေးရုံတစ်​ခုမှာ ဝေဒနာတစ်​ခုကြောင့်​ အရေးပေါ် ဆေးရုံလာတတ်​ရတဲ့ အိမ်​ခြေယာမဲ့ သူတစ်​ဦးကို လာရောက်​ဝန်းရံကျတဲ့ လမ်းဘေးခွေးလေးများ
ဘရာဇီးလ်နိုင်ငံက ဆေးရုံတစ်ခုကို မနက် ၃ နာရီလောက် အိမ်ခြေမဲ့ တစ်ဦး အရေးပေါ်ဝေဒနာတစ်ခုခံစားရလို့ ဆေးရုံလာပြတယ်။
ဆေးရုံတာဝန်ကျဝန်ထမ်းနဲ့သူ့သူငယ်ချင်းက လိုအပ်တာ စစ်ဆေးပေးပြီး ရောဂါအခြေအနေနဲ့သူ့နောက်ကြောင်းကို မေးမြန်းစုံစမ်းပြီး ဆေးရုံကို ဘယ်သူတွေလိုက်ပို့လဲ၊ ဆေးရုံတက်ရမယ်ဆို ဘယ်သူတွေကစောင့်ရှောက်ပေးမှာလဲမေးတော့ လူနာက ဆေးရုံတံခါးဝကို လှမ်းပြတယ်။ကြည့်လိုက်တော့ ဆေးရုံတံခါးဝမှာ လူနာကို စိတ်ပူပန်စွာကြည့်နေတဲ့ လမ်းဘေးခွေးလေးတွေ….
လူနာကို ကုသနေစဉ် တစ်လျောက်လုံးလည်း သူတို့လူနာကို စိတ်ရှည်စွာ၊စည်းကမ်းရှိရှိပဲ တံခါးဝမှာ အချိန်အကြာကြီး စောင့်ပေးနေရှာတယ်။ ဆေးရုံဝန်ထမ်းရဲ့ အဆိုအရ သူတို့မျက်နှာမှာ စိတ်ပူပန်မှုတွေ အပြည့်နဲ့ပေါ့တဲ့။
သူတို့ဆန္ဒပြည့်ခဲ့ပါတယ်။ လူနာဘာမှမဖြစ်ပါဘူး။နောက်ဆုံး သူတို့ရဲ့ လမ်းဘေးကမေတ္တာသံယောဇဉ်တရားကို လေးစားသော အားဖြင့် ဆေးရုံထဲဝင်ရောက်ခွင့် ပြုခဲ့ပြီး သူတို့သခင်နဲ့ တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။
အိမ်ယာမဲ့တစ်ယောက်နဲ့ လမ်းဘေးကခွေးလေးတွေရဲ့သံယောဇဉ်ကို ကျမ်းမာရေးဝန်ထမ်းက မှတ်တမ်းတင်ထားတာပါ။
ပြီးတော့ သူတို့သခင်နဲ့သူတို့ ပျော်ရွှင်စွာပဲ ဆေးရုံကထွက်ခွာပြီး အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသတဲ့။
Ref:https://thadinyatkwat.com/archives/14793
  • Dogs accompanied their owner named Cesar to a checkup in Alto Vale, Brazil 
  • Staff were amazed by how well-fed and well-behaved the four dogs were 
  • Cesar admitted he makes sure they get enough food before he eats
  • After Ceasar was discharged, he walked from hospital with fury friends in tow
With eyes wide and tails wagging, these dogs waited patiently at a hospital doorway while their homeless owner was being treated.  
The canines accompanied their owner named Cesar to a checkup in Alto Vale, Brazil.
Staff were amazed by how well-fed the dogs were - and Cesar admitted he makes sure they get enough food before he thinks about his own meals.
With eyes wide and tails wagging, these dogs waited patiently at a hospital doorway while their homeless owner was being treated
With eyes wide and tails wagging, these dogs waited patiently at a hospital doorway while their homeless owner was being treated
The canines accompanied their owner named Cesar to a checkup in Alto Vale, Brazil
The canines accompanied their owner named Cesar to a checkup in Alto Vale, Brazil
The dogs waited eagerly at the doorway of the hospital and lay down outside
When Cesar had been given medicine, staff invited the dogs inside and they were reunited with their owner. 
Hospital worker Cris Mamprim shared images of the touching scenes on Facebook.
She wrote: 'With so many people out there, I came across this scene today. At the hospital in which I work, at 3am, while a dog owner was being treated, his companions waited at the door. 
'A simple person, without luxury, who depends on help to overcome the hunger, the cold, the pain, the evils of the world, has by his side the best companions, and the exchange is reciprocal. 
'It was an exchange of love, affection, warmth, understanding from a person who confessed to us that he stops eating to feed them.
She added: 'I don't know what his life is like, because he's on the street, but I admire the respect and love he has for seeing them like this, waiting on the door.
'It just shows how much they are well cared for and loved. If only everyone was like this.... if there were no evil, or mistreatment.'
After Ceasar was discharged, he walked from the hospital with his four fury friends in tow. 
Staff (pictured) were amazed by how well-fed the dogs were - and Cesar admitted he makes sure they get enough food before he thinks about his own meals
Staff (pictured) were amazed by how well-fed the dogs were - and Cesar admitted he makes sure they get enough food before he thinks about his own meals
Ref:https://www.dailymail.co.uk/news/article-6492463/Rough-sleepers-loyal-dogs-wait-patiently-hospital-doorway-checkup-Brazil.html
Friday, 14 December 2018
ဘရာဇီးနိုင်​ငံကဆေးရုံတစ်​ခုမှာ ဝေဒနာတစ်​ခုကြောင့်​ အရေးပေါ် ဆေးရုံလာတတ်​ရတဲ့ အိမ်​ခြေယာမဲ့ သူတစ်​ဦးကို လာရောက်​ဝန်းရံကျတဲ့ လမ်းဘေးခွေးလေးများ
ဘရာဇီးလ်နိုင်ငံက ဆေးရုံတစ်ခုကို မနက် ၃ နာရီလောက် အိမ်ခြေမဲ့ တစ်ဦး အရေးပေါ်ဝေဒနာတစ်ခုခံစားရလို့ ဆေးရုံလာပြတယ်။
ဆေးရုံတာဝန်ကျဝန်ထမ်းနဲ့သူ့သူငယ်ချင်းက လိုအပ်တာ စစ်ဆေးပေးပြီး ရောဂါအခြေအနေနဲ့သူ့နောက်ကြောင်းကို မေးမြန်းစုံစမ်းပြီး ဆေးရုံကို ဘယ်သူတွေလိုက်ပို့လဲ၊ ဆေးရုံတက်ရမယ်ဆို ဘယ်သူတွေကစောင့်ရှောက်ပေးမှာလဲမေးတော့ လူနာက ဆေးရုံတံခါးဝကို လှမ်းပြတယ်။ကြည့်လိုက်တော့ ဆေးရုံတံခါးဝမှာ လူနာကို စိတ်ပူပန်စွာကြည့်နေတဲ့ လမ်းဘေးခွေးလေးတွေ….
လူနာကို ကုသနေစဉ် တစ်လျောက်လုံးလည်း သူတို့လူနာကို စိတ်ရှည်စွာ၊စည်းကမ်းရှိရှိပဲ တံခါးဝမှာ အချိန်အကြာကြီး စောင့်ပေးနေရှာတယ်။ ဆေးရုံဝန်ထမ်းရဲ့ အဆိုအရ သူတို့မျက်နှာမှာ စိတ်ပူပန်မှုတွေ အပြည့်နဲ့ပေါ့တဲ့။
သူတို့ဆန္ဒပြည့်ခဲ့ပါတယ်။ လူနာဘာမှမဖြစ်ပါဘူး။နောက်ဆုံး သူတို့ရဲ့ လမ်းဘေးကမေတ္တာသံယောဇဉ်တရားကို လေးစားသော အားဖြင့် ဆေးရုံထဲဝင်ရောက်ခွင့် ပြုခဲ့ပြီး သူတို့သခင်နဲ့ တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။
အိမ်ယာမဲ့တစ်ယောက်နဲ့ လမ်းဘေးကခွေးလေးတွေရဲ့သံယောဇဉ်ကို ကျမ်းမာရေးဝန်ထမ်းက မှတ်တမ်းတင်ထားတာပါ။
ပြီးတော့ သူတို့သခင်နဲ့သူတို့ ပျော်ရွှင်စွာပဲ ဆေးရုံကထွက်ခွာပြီး အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသတဲ့။
Ref:https://thadinyatkwat.com/archives/14793
  • Dogs accompanied their owner named Cesar to a checkup in Alto Vale, Brazil 
  • Staff were amazed by how well-fed and well-behaved the four dogs were 
  • Cesar admitted he makes sure they get enough food before he eats
  • After Ceasar was discharged, he walked from hospital with fury friends in tow
With eyes wide and tails wagging, these dogs waited patiently at a hospital doorway while their homeless owner was being treated.  
The canines accompanied their owner named Cesar to a checkup in Alto Vale, Brazil.
Staff were amazed by how well-fed the dogs were - and Cesar admitted he makes sure they get enough food before he thinks about his own meals.
With eyes wide and tails wagging, these dogs waited patiently at a hospital doorway while their homeless owner was being treated
With eyes wide and tails wagging, these dogs waited patiently at a hospital doorway while their homeless owner was being treated
The canines accompanied their owner named Cesar to a checkup in Alto Vale, Brazil
The canines accompanied their owner named Cesar to a checkup in Alto Vale, Brazil
The dogs waited eagerly at the doorway of the hospital and lay down outside
When Cesar had been given medicine, staff invited the dogs inside and they were reunited with their owner. 
Hospital worker Cris Mamprim shared images of the touching scenes on Facebook.
She wrote: 'With so many people out there, I came across this scene today. At the hospital in which I work, at 3am, while a dog owner was being treated, his companions waited at the door. 
'A simple person, without luxury, who depends on help to overcome the hunger, the cold, the pain, the evils of the world, has by his side the best companions, and the exchange is reciprocal. 
'It was an exchange of love, affection, warmth, understanding from a person who confessed to us that he stops eating to feed them.
She added: 'I don't know what his life is like, because he's on the street, but I admire the respect and love he has for seeing them like this, waiting on the door.
'It just shows how much they are well cared for and loved. If only everyone was like this.... if there were no evil, or mistreatment.'
After Ceasar was discharged, he walked from the hospital with his four fury friends in tow. 
Staff (pictured) were amazed by how well-fed the dogs were - and Cesar admitted he makes sure they get enough food before he thinks about his own meals
Staff (pictured) were amazed by how well-fed the dogs were - and Cesar admitted he makes sure they get enough food before he thinks about his own meals
Ref:https://www.dailymail.co.uk/news/article-6492463/Rough-sleepers-loyal-dogs-wait-patiently-hospital-doorway-checkup-Brazil.html
Thursday, 22 August 2013
မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်
ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။
မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါးကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ
ရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။
ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချော ပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင်လင်မယားမဖြစ်သေးလဲ အဲလို နေကြတာကထုံးစံပါ။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေကလဲ ရှောင်လို့မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ကျမလိုပါဘဲ” လို့။
မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစားသူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောင် သရုပ်ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါ အတုလုပ်လေ့ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။
ဒီလိုအတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမျာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ မှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ Mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင်လုပ်ရတဲ့ ဗျူဟာလို့ ဆိုပါတယ်။
နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင် လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်သာ မှန်ပါမယ်။ ဖေါက်ပြားချင်သူ ဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျား ခင်ပွန်းဘက် က ပြောစရာမလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။
လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေ သင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီး ခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျား လုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက် တတ်တယ်။ လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျ ခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတ ဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုး ဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင် လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။
လိင်မှုကိစ္စဟာ တခြားအရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မည်တဲ့ လက်ခုပ်သံက မပြီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက် ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။
စိတ်မပျက်ပါနဲ့။ အားငယ်စရာမဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ် လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။
ဒေါက်တာတင့်ဆွေ
Ref:myanamrnewsupdates blog's
Thursday, 25 July 2013
ယောကျာ်းလေးတွေ အလွန်ကြောက်သော ဒီလိုမိန်းမလေးများ!
သတိပေးချက်-Myanmar express မှတဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်၊ မိမိအာဘော် မဟုတ်ပါ....
သာနောင်-Wednesday, September 26, 2012
(၁) ညစ်ပတ်သောမိန်းမ
ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင် သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေး များ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာ မရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။
(၂) အတင်းပြောသောမိန်းမ
 BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြ သော်လည်း BMW (Big Mouth Women)မိန်းကလေး များကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအားထောက်ခံရန် မဲဆွယ် တတ်
သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များ ထုတ် တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။
(၃) စကားများသောမိန်းမ
ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။
(၄) ခိုင်းနိုင်းတတ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြသည်။ ယောကျာ်းလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။
(၅) အနေအထိုင်မတတ်သောမိန်းမ
အနေအထိုင်မတတ်သော မိန်းကလေး မျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက် သော မိန်းမဟု နာမည်ကြီးတတ် သည်။ ပစ္စည်းတစ်ခု သွားဝယ်သည် ဖြစ်စေ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ် သောမိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင် ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ် သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ် ချင်သော နုတ်ကြမ်းသော မိန်းကလေး မျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။
(၆) သ၀န်တိုလွယ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။
(၇) တုံးအသောမိန်းမ
အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ် သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေးမျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။
(၈) ငွေသုံးကြမ်းသောမိန်းမ
hopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်း သောသူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီး ဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေ တတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။
(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ
ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။
(၁၀) ချွဲနွဲ့လွန်သောမိန်းမ
မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင်နှင့်(ခေတ်စ ကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်း ဖြစ်သည်) လူကွယ်ရာတွင်မှု ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာ လာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့် တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင် ကိုင်နိုင်စွမ်းရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ် သည်။
Ref:Myanmar Express
Thursday, 18 July 2013
လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ
လင်းမာန်အောင်
လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက် ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ်ထောင်ရှင်များ၏ လိင်ဆက်ဆံ ခြင်းသည် ကျန်းမာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေးဇူးများကို ကောင်းစွာ ဖြစ်ပေါ်လာစေ နိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက် ကို သတိပြုရန်လိုအပ်ပေသည်။
(၁) လိင်ဆက်ဆံခြင်းသည် သင့်ကိုယ်အလေး ချိန်ကို ကျဆင်းစေအောင် ရပ်ပေးနိုင်သည်။လိင်ဆက်ဆံခြင်းအချိန် နာရီဝက်ခန့်အ တွင်း ကယ်လိုရီ ၇၅ မှ ၁၅ဝ အထိကို လောင် ကျွမ်းကုန်ဆုံးစေနိုင်ကြောင်း သတိပြုရန်လိုအပ် သည်။ နာရီဝက်လမ်းလျှောက်ခြင်းသည် (၁၅၃) ကယ်လိုရီ၊ ကခုန်ခြင်းသည် (၁၂၉) ကယ်လိုရီ ဖြင့် နှိုင်းယှဉ်လျှင် ကျန်းမာစေရန် အထောက် အကူတစ်ခုဖြစ်သည်။
(၂) နှလုံးသွေးလှည့်ပတ်မှုကို အားကောင်းစေ သည်။
ကျန်းမာသောအစာစားခြင်း၊ ကော်လက် စထရောများ စစ်ဆေးပေးခြင်းဖြင့် နှလုံးကို ထိန်းသိမ်းနိုင်သကဲ့သို့ လိင်ဆက်ဆံခြင်းသည် နှလုံးအတွင်း အကောင်းဆုံးသွေးလှည့်ပတ်စီး ဆင်းခြင်းများ ဖြစ်စေသည်ကို အထူးသတိပြု ရန်လိုသည်။
(၃) အိပ်ပျော်ခြင်းကို ပိုဖြစ်စေသည်။
တစ်ပတ်တွင် (+) ကြိမ် လိင်ဆက်ဆံခြင်း ဖြင့် ကိုယ်ခံအားစနစ် ၃ဝ ရာခိုင်နှုန်းအထိကို မြှင့်တင်စေပြီး အိပ်ပျော်မှုကို ပို၍ကောင်းစေ သည်။
(၄) ကိုယ်လက်ကိုက်ခဲမှုကို လျှော့ချစေနိုင် သည်။
လိင်ဆက်ဆံနေစဉ်အတွင်း စစ်ထုတ်လိုက် သော (Oxytocin) ဟိုမုန်းသည် ခေါင်းကိုက် ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းကို လျော့ကျစေ သော ဓာတ်ပစ္စည်းဖြစ်သည်။
(၅) ဆီးအိမ်ထိန်းသိမ်းမှုစွမ်းအားပိုကောင်း
ဆီးအိမ်၏ ကြွက်သားများ ကျုံ့ထားနိုင်စွမ်း ကို ပို၍ကောင်းအောင်ပြုလုပ်ပေးနိုင်စွမ်းကို ပို ဆောင်ရွက်ပေးသည်ဟု မှတ်ချက်ပြုထားကြ သည်။
(၆) စိတ်ကျန်းမာရေးကိုပါ တိုးတက်စေသည်။
စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျဆင်း နေ သူများအတွက် ကုသမှုမှာ လိင်ဆက်ဆံခြင်းဟု ပင် အကြံပြုထားသည်။
(၇) အရေပြားကျန်းမာရေးအတွက်အကောင်း ဆုံး
စစ်ထုတ်ပေးလိုက်သော ဟိုမုန်းကြောင့် ကိုယ်ခံအားစနစ်ပိုကောင်းလာပြီး ကိုယ်အရေ ပြား လှပစိုပြည်နိုင်သည်ဟု သုတေသီများဖော် ပြကြသည်။
(၈) ကိုယ်ခံအားစနစ်ပို၍ကောင်းလာ
ကိုယ်ခံအားစနစ်ကောင်းစေရန်နည်း လမ်းကို သင်၏ အိပ်ခန်းအတွင်း စွမ်းဆောင် နိုင်ပြီး အချိန်တိုအတွင်း ကိုယ်လက်ကြွက်သား များ လျှော့ချအနားပေးစေပြီး လွှတ်ထုတ်ပေး လိုက်သော (Testosterone) ဟိုမုန်းများမှာ အရိုးများကို ထောင့်ကန်ပေးထားသည့် ကြွက် သားများ ထိန်းထားနိုင်မှုကို ကောင်းမွန်စေ သည်။
 Ref:myanmarexpress
Dr Aung Khin Sint - Pho Ma Sat San Yayy by myanmarbooks
Tuesday, 25 June 2013
ကိုယ်ဝန်တားနည်းများအကြောင်း (Contraception)
မြန်မာပြည်မှာ မိန်းကလေးတွေကိုယ်ဝန်ဖျက်ချတဲ့ အရေအတွက်ပာာ နှစ်စဉ်နှစ်တိုင်း ပိုပိုပြီး တိုးတက်လာတာကိုတွေ့မြင်နိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချတဲ့အတွက် သေဆုံးရတဲ့အရေအတွက်ပာာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးမှုတွေထဲမှာ ထိပ်ဆုံးကပါနေပါတယ်။ ကိုယ်ဝန်ပာာ မလိုချင်ရင် တားဆီးနိုင်ပါတယ်။ ပြောရရင် ကိုယ်ဝန်တားဆေးမသုံးရသေးဘဲ အတူတူနေမိလို့ရှိရင်တောင် ကိုယ်ဝန်မရှိအောင်တားလို့ရပါတယ်။ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတာထက်စာရင် ကိုယ်ဝန်မရှိခင်ကတည်းက ကိုယ်ဝန်မရှိအောင် ကာကွယ်သင့်ပါတယ်။ ဒါကြောင့်ဒီပို့စ်မှာ ကိုယ်ဝန်မရှိအောင်ဘယ်လိုတားဆီးရမလည်းဆိုတဲ့ အချက်အလက်တွေကို ကျနော်တင်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်တားနည်းကို အမျိုးအစားအားဖြင့် ခွဲရင် ၃နည်းပဲရှိပါတယ်။ အဲဒါတွေကတော့
၁။ပောာ်မုန်းဖြင့်ကိုယ်ဝန်တားခြင်း (Hormonal method)
၂။ပောာ်မုန်းမပါဘဲ ကိုယ်ဝန်တားခြင်း (Non-hormonal method) နှင့်
၃။အခြားနည်းများဖြင့် ကိုယ်ဝန်တားခြင်းဆိုပြီး ၃နည်းရှိပါတယ်။
ကိုယ်ဝန်တားတဲ့နည်းလမ်းအားလုံးမှာ Failure rate လို့ခေါ်တဲ့ ကိုယ်ဝန်ရသွားနိုင်တဲ့နှုန်းတွေရှိကြပါတယ်။ သူ့ရဲ့နှုန်းအနည်းအများပေါ်မူတည်ပြီး ဆေးတစ်ခုရဲ့စိတ်ချရမှုနှုန်းကို တိုင်းတာပါတယ်။
၁။ပောာ်မုန်းဖြင့်ကိုယ်ဝန်တားခြင်း (Hormonal method)
ပောာ်မုန်းဖြင့်ကိုယ်ဝန်တားခြင်းဆိုတာက ဆေးဝါးအကူအညီများနဲ့ ကိုယ်ဝန်တားတာကိုဆိုလိုပါတယ်။ ဆေးအမျိုးအစားအားဖြင့် သုံးမျိုးရှိပါတယ်။ အဓိကသုံးတဲ့ပောာ်မုန်းကတော့ ၂မျိုးပါ။ Estrogen (အီစရိုဂျင်) နှင့် Progesterone (ပရိုဂျက်စတီရုန်း) တို့ဖြစ်ပါတယ်။ ဆေးအမျိုးအစား၃မျိုးကတော့ estrogen နဲ့ progesterone ပါတဲ့ အမျိုးအစား၊ progesterone တစ်ခုထဲပါတဲ့အမျိုးအစား၊ Emergency contraception လို့ခေါ်တဲ့ အရေးပေါ်သန္ဒေတားတဲ့ အမျိုးအစားဆိုပြီးရှိပါတယ်။
Estrogen and Progesterone ပါတဲ့အမျိုးအစားကတော့ အမျိုးသမီးအများစုသောက်သုံးနေကြတဲ့ တားဆေးအမျိုးအစားဖြစ်ပါတယ်။ Combined oral contraceptive (COC) လို့အတိုကောက်ခေါ်နိုင်ပါတယ်။ အခုလောလောဆယ်နည်းလမ်းတွေမှာတော့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆေးတကဒ်မှာ ၂၈လုံးပါတာရှိသလို ၂၁လုံးပါတာလည်းရှိပါတယ်။ အတူတူပါပဲ။ တစ်နေ့ကိုတစ်လုံးသောက်ရပါတယ်။ တစ်ကဒ်ကုန်သွားရင် နောက်တစ်ကဒ် အလွယ်တကူ ကူးပြောင်းသွားနိုင်လို့ အဆင်ပြေပါတယ်။ သူ့ရဲ့ ကိုယ်ဝန်တားတဲ့နည်းလမ်းက သားဥကြွေတာကို တားဆီးခြင်းနည်းဖြင့် ကိုယ်ဝန်တားတာဖြစ်ပါတယ်။
သူ့ရဲ့ကောင်းကျိုးတွေကတော့ ကိုယ်ဝန်ရနိုင်တဲ့နှုန်း အလွန့်ကိုနည်းပါတယ်။ ဈေးပေါပါတယ်။ သုံးစွဲရလွယ်ကူပါတယ်။ ရာသီလာတာကို မှန်စေပါတယ်။ မိန်းမတွေမှာဖြစ်တတ်တဲ့ ရာသီလာချိန်မှာနာတာ၊ သားအိမ်ထဲမှာဖြစ်တဲ့ အလုံးတွေ၊ရေအိတ်တွေ၊ သားဥပြွန်ကင်ဆာ စတဲ့ရောဂါတွေကိုပါ ကာကွယ်ပြီးဖြစ်စေပါတယ်။ ဆေးရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်ဝန်ရတာမြန်ပါတယ်။ မိန်းကလေး အသက် ၄၀အောက်တွေအတွက်ဆိုရင် အကောင်းဆုံးပဲဖြစ်ပါတယ်။
ဆိုးကျိုးတွေအနေနဲ့ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့အန်၊ ရင်သားတွေတင်းနေတာ၊ ကိုယ်လေးချိန်ပြောင်းလဲသွားတာ၊ ၀က်ခြံပေါက်တာတွေဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ရာသီမမှန်တာလည်းဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်နည်းနည်းတက်လာတတ်ပါတယ်။ ဒီဆေးကြောင့် သွေးပေါင်ချိန်တက်လာတာဆိုရင် ဆေးရပ်လိုက်တာနဲ့ ပြန်ကောင်းသွားတတ်ပါတယ်။
အလွန်ရှားတဲ့ဆိုးကျိုးတွေအနေနဲ့ ခြေထောက်သွေးကြောသွေးခဲခြင်းနဲ့၊ အဆုတ်သွေးကြောများပိတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
အလွန့်အလွန်ရှားတဲ့ဆိုးကျိုးအနေနဲ့ လေဖြတ်၊ နှလုံးသွေးကြောပိတ်တို့ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီဆေးပာာ သားဥပြွန်ကင်ဆာနဲ့၊ သားအိမ်ကင်ဆာတို့ကို ကာကွယ်ပေးပြီး၊ ရင်သားကင်ဆာဖြစ်နိုင်ချေကို အနည်းငယ်တက်စေပါတယ်။
ဒီဆေးအမျိုးအစားကို ဘယ်အမျိုးသမီးမဆိုသောက်သုံးနိုင်ပါတယ်။ COC ကိုအမျိုးသမီးတစ်ယောက်ပာာ သူ့ကိုယ်သူကိုယ်ဝန်မရှိနိုင်ဘူးဆိုတာ ကျိန်းသေရင် စသောက်လို့ရပါပြီ။ ဒီနေရာမှာတစ်ခုရှင်းပြချင်တာက COC ပာာသောက်သောက်ပြီးချင်း ကိုယ်ဝန်ကိုမကာကွယ်နိုင်ပါဘူး။ ဒီအမျိုးအစားက သောက်ပြီး ၇ရက်ကြာမှစပြီး ကိုယ်ဝန်ကစပြီး ကာကွယ်ပေးပါတယ်။ အဲဒါကြောင့် ဆေးသောက်ပြီး ချက်ခြင်းတူတူနေမယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။ ဆေးသောက်ပြီး ၇ရက်စောင့်ပါ။ ၇ရက်ကြားထဲမှာတော့ ပောာ်မုန်းမပါတဲကိုယ်ဝန်တားနည်းဖြစ်တဲ့ အကာအကွယ်သုံးတဲ့နည်းကို ကျင့်သုံးပေးရပါမယ်။ ဒီဆေးကို ရာသီစလာတဲ့နေ့မှ ၅ရက်အတွင်းစသောက်ထားမယ်ဆိုရင်တော့ ၇ရက်စောင့်စရာမလိုသလို အကာအကွယ်လည်းသုံးစရာမလိုပါဘူး။ ဒါမှမပာုတ်ရင်တော့ ၇ရက်မပြည့်ခင် အကာအကွယ်သုံးပေးရပါမယ်။ သားအိမ်တွင်း ပစ္စည်းထည့်ထားရာကနေ ဆေးသောက်ချင်ရင်တော့ ဆေးစသောက်လို့ရပါတယ်။ စောင့်စရာ၊ အကာအကွယ်သုံးစရာမလိုပါဘူး။ တခြားဆေးတွေ၊ နည်းတွေကနေပြီး ပြောင်းမယ်ဆိုရင်တော့ ၇ရက်စောင့်ရပါမယ်။ ကလေးနို့တိုက်နေတဲ့အမေတွေမှာ ကလေးကိုဖြည့်စွက်စာကျွေးတဲ့ ၆လအရွယ်ရောက်ရင် စသောက်လို့ရပါတယ်။
ဆေးသောက်ဖို့မေ့သွားခဲ့ရင် သတိရရခြင်းမှာပဲ ပြန်သောက်ရပါမယ်။ ၁လုံး၂လုံးမေ့သွားခဲ့ရင် ပြသနာသိပ်မရှိပါဘူး။ ၃လုံးထက်ပိုပြီး မေ့သွားခဲ့ရင်တော့ သတိရခြင်းပြန်သောက်ပါ။ ၇ရက်ပြန်စောင့်ပါ။ မစောင့်နိုင်ရင် အကာအကွယ်သုံးပါ။ ကြားထဲမှာ အတူတူနေခဲ့မိရင် အရေးပေါ်သန္ဒေတားဆေးသုံးစွဲရပါမယ်။
Progesterone only contraceptives (POCs) အမျိုးအစားကတော့ သောက်ဆေး၊ ထိုးဆေးနဲ့၊ သားအိမ်ထဲထည့်တဲ့အမျိုးအစား၊ လက်မောင်း၊ ကျောတို့ရဲ့ အရေပြားအောက်မှာထည့်သွင်းတဲ့အမျိုးအစားဆိုပြီး ရှိပါတယ်။ နောက်ဆုံးအမျိုးအစားဖြစ်တဲ့အရေပြားအောက်မှာ ထည့်သွင်းတဲ့အမျိုးအစားကတော့ ကျနော်တို့ဆီမှာ သိပ်ပြီးတွင်တွင်ကျယ်ကျယ်မသုံးဖြစ်ကြသေးပါဘူး။
သောက်ဆေးကတော့ COC လိုပဲဖြစ်ပါတယ်။ တစ်နေ့ကိုတစ်လုံးသောက်ရပါတယ်။ အချိန်မှန်မှန်သောက်ရပါတယ်။ ဆေးသောက်ဖို့မေ့လို့မရပါ။
ထိုးဆေးအနေနဲ့ကတော့ ၃လခံဆေး ဒက်ပို (Depot) လို့အသိများတဲ့ Depot medroxyprogesterone acetate (DMPA) နဲ့ Norethisterone enanthate (NET-EN) ဆိုပြီးရှိပါတယ်။ သားအိမ်ထဲထည့်သွင်းတဲ့အမျိုးအစားကတော့ Levonogesteral intrauterine device ဆိုပြီးရှိပါတယ်။ သားအိမ်ထဲမှာထည့်ထားရင် ၅နှစ်ကနေ ၈နှစ်ထိခံပါတယ်။
ဒီအမျိုးအစားကတော့ ကိုယ်ဝန်တားရာမှာ သားအိမ်အချွဲများကိုထူလာစေခြင်း၊ သားဥကြွေခြင်းကိုတားဆီးခြင်းနဲ့ သားအိမ်နံရံဖြစ်ပေါ်လာခြင်းကို တားဆီးခြင်းဆိုပြီး ၃နည်းနဲ့တားပါတယ်။
ဆိုးကျိုးကတော့ ကိုယ်အလေးချိန်တက်လာပါတယ်။ ဆေးဖြတ်ပြီးရင် ကိုယ်ဝန်ပြန်ရဖို့ အချိန်ယူရပါတယ်။ ရာသီသွေးကို မမှန်ဖြစ်စေပါတယ်။ ကာလကြာရှည်သုံးရင် အရိုးပွတတ်ပါတယ်။
Emergency contraceptives (ECs)
ဒီအမျိုးအစားကတော့ မည်သည့်နည်းနဲ့မှ အကာအကွယ်မယူထားဘဲအတူတူနေမိသွားရင် ကိုယ်ဝန်မရှိအောင်တားပေးနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ ၃မျိုးရှိပါတယ်။
၁။ Combined oral contraceptives (COCs)
အပေါ်မှာ ဖြော်ပခဲ့တဲ့ COC လို့ခေါ်တဲ့ သောက်ဆေးကို အောက်ဆုံးတန်းက ဆေးမပာုတ်ဘဲ အပေါ်တန်းကဆေးကို ပထမတစ်ခါမှာ ၄လုံးသောက်ပါ။ ၁၂နာရီခြားပြီး နောက်ထပ်၎လုံးသောက်ပေးရပါမယ်။
၂။ Progestin-only pills (POPs)
Levonogesteral 750ug ပါတဲ့ဆေးအမျိုးအစားဖြစ်ပါတယ်။ ဆေးနှစ်လုံးပါဝင်ပြီး ၁၂နာရီစီခြားပြီး သောက်ပေးရပါတယ်။ EC2 ဆိုပြီး အလွယ်တကူဝယ်ယူလို့ရပါတယ်။ အတူတူနေပြီး သုံးတဲ့ကိုယ်ဝန်တားဆေးများထဲမှာတော့ အသုံးများတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။
၃။ Intrauterine devices (IUDs)
သားအိမ်ထဲမှာ သန္ဒေသားမတွယ်နိုင်အောင်လို့ ပစ္စည်းထည့်ပြီး တားတဲ့နည်းဖြစ်ပါတယ်။
သတိထားရမှာကတော့ ဒီဆေးအမျိုးအစားတွေပာာ ကိုယ်ဝန်ဖျက်ချတဲ့နည်းတွေမပာုတ်ပါဘူး။ ဒီနည်းတွေကို ကိုယ်ဝန်ရှိပြီးချိန်မှာမှ သုံးရင်တော့ ဘာမှမထူးပါဘူး။ ဒီဆေးအမျိုးအစားတွေကိုတော့ အတူတူနေပြီးပြီးခြင်း အမြန်ဆုံးသောက်သုံးသင့်ပါတယ်။ သောက်ဆေးအမျိုးအစားတွေကတော့ အတူနေပြီး အလွန်ဆုံး ၇၂နာရီ (၃ရက်) အတွင်းသောက်ရပါတယ်။ သားအိမ်ထဲထည့်တာကတော့ ၅ရက်အတွင်းထည့်ရပါမယ်။ မပာုတ်ရင်တော့ ကိုယ်ဝန် ရသွားနိုင်ပါတယ်။
ဒီဆေးအမျိုးအစားတွေပာာ အမြဲတမ်းစွဲသောက်လို့မရပါဘူး။ ဆေးတစ်ခါသောက်ခြင်းပာာ ရှေ့မှာဖြစ်ခဲ့တဲ့ တစ်ခါကိုပဲ ကာကွယ်နိုင်ပါတယ်။ ဆေးသောက်ပြီး နောက်မှာဆက်ဖြစ်တဲ့ အတူတူနေခြင်းတွေကိုတော့ ကိုယ်ဝန်မရအောင်မကာကွယ်နိုင်ပါဘူး။
ဆိုးကျိုးတွေ အနေနဲ့ ရာသီမမှန်တာကိုဖြစ်စေပါတယ်။ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့အန်၊ ဗိုက်အောင့်၊ ရင်သားတင်း စတာတွေဖြစ်နိုင်ပါတယ်။
ဆေးသောက်ပြီး ၂နာရီအတွင်းမှာ အန်ခဲ့ရင်တော့ ဆေးကို ပြန်သောက်ဖို့လိုပါတယ်။ ၂နာရီကျော်မှ အန်တယ်ဆိုရင်တော့ ပြန်သောက်စရာမလိုပါဘူး။
၂။ပောာ်မုန်းမသုံးသော နည်းလမ်းများ (Non Hormonal method)
ဒီအမျိုးအစားကတော့ ပောာ်မုန်းသုံးတာမျိုး (ဆေးသုံးတာမျိုး) မပာုတ်ဘဲ အခြားနည်းလမ်းတွေနဲ့ ကိုယ်ဝန်တားတဲ့နည်းတွေဖြစ်ပါတယ်။ ပောာ်မုန်းမသုံးတဲ့နည်းတွေမှာ
(က) သားအိမ်ထဲကိုပစ္စည်းထည့်ခြင်း (IUCDs)
(ခ) အကာအကွယ်သုံးခြင်း (Barriers)
(ဂ) သုက်ပိုးကိုသတ်ခြင်း (Spermicides)
(ဃ) ရက်ရှောင်ခြင်း (Fertility awareness based methods ဆိုပြီး ရှိပါတယ်။ တစ်ခုခြင်းစီကိုဆက်ရှင်းပေးပါမယ်။ ကျနော်တို့ဆီမှာတော့ သုက်ပိုးသတ်ခြင်း (Spermicides) ကိုသိပ်မသုံးတဲ့အတွက် ချန်လှပ်ထားပါမယ်။
(က) သားအိမ်ထဲကို ပစ္စည်းထည့်ခြင်း (IUCDs)
သားအိမ်ထဲပစ္စည်းထည့်တယ်ဆိုလို့ ကြောက်သွားစရာမလိုပါဘူး။ ပစ္စည်းက သေးသေးလေးပါ။ ထည့်ရတာလည်း အခက်အခဲသိပ်မရှိပါဘူ။ ဈေးလည်းပေါပါတယ်။
သားအိမ်ထဲကိုပစ္စည်းထည့်တဲ့အမျိုးအစားတွေ အများကြီးရှိပါတယ်။ အဲဒါတွေကတော့
Grafenberg ring
Ota ring
Lippes loop
Copper-bearing IUD (Cu-IUD )
Nova T 380
T-safe Cu 380 A
Flexi – T 300
Multiload 375
Multiload 250 short
Multiload 250
LNG-IUD -Levonorgestrel-releasing IUD, (20 g/24hours)
ဆိုပြီးရှိပါတယ်။ အဲဒီထဲမှာ Copper bearing IUD တွေက အသုံးများပါတယ်။ သူက ယောက်ျားသုက်ပိုး ၀င်ရောက်ခြင်းကို တားဆီးသလို သန္ဒေသားတွယ်ကပ်ဖို့ကိုလည်း တားဆီးပါတယ်။ ဒါပေမယ့် သားအိမ်ထဲပစ္စည်းထည့်တဲ့နည်းကို လုံးဝမသုံးရတဲ့အခြေအနေတွေရှိပါတယ်။ အဲဒါတွေကတော့
၁။ ရာသီသွေးမမှန်တာ၊ ရာသီသွေးအရမ်းများတာ၊ သားအိမ်မှာ အလုံးရှိနေတာ၊
၂။ သားအိမ်နှစ်ခွဖြစ်နေတာ
၃။ သားအိမ်ပုံစံပျက်နေတာ
၎။ သားအိမ်ခွဲကြောင်းရှိတာ
၅။ အရင်က သားအိမ်အပြင်ဘက်မှာ ကလေးသန္ဒေတည်ဖူးတာ
၆။ မိန်းမကိုယ်အတွင်းပိုင်းတွေရောင်ရမ်းဖူးတာ၊ ရောင်ရမ်းနေတာ (Present or Previous Pelvic inflammatory disease)
၇။ မိန်းမကိုယ်ပိုင်းတွေမှာ တီဘီဖြစ်နေတာ (Pelvic TB)
၈။ HIV ပိုးရှိတာ
၉။ ဖျက်ချပြီး ပိုးဝင်ထားတဲ့အချိန်
၁၀။ ဘာကြောင့်မှန်းမသိဘဲ သွေးဆင်းနေတဲ့အချိန်
၁၁။ နှလုံးအဆို့ရှင်ရောဂါရှိနေသူတွေ
ဖြော်ပပါ အခြေအနေရှိတဲ့သူတွေမှာ ထည့်လို့မရပါဘူး။
ဆိုးကျိုးတွေအနေနဲ့တော့ ရာသီမလာချိန်ကြားထဲမှာ သွေးဆင်းခြင်း၊ သွေးဆင်းများခြင်း၊ ရာသီလာချိန် နာကျင်ခြင်း၊ သားအိမ်ပေါက်သွားခြင်း၊ ပစ္စည်းပျက်ဆီးသွားခြင်း၊ အပြင်တွင်ချန်ထားသောကြိုးမှ ပိုးဝင်နိုင်ပါတယ်။ တို့ဖြစ်ပေါ်နိုင်ပါတယ်။
ကောင်းကျိုးတွေကတော့ အချိန်အကြာကြီးအသုံးပြုနိုင်ပါတယ်(၅နှစ်ကနေ ၈နှစ်ထိခံပါတယ်)။ ပြန်ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။ ဈေးသက်သာပါတယ်။ တခြားဆေးတွေနဲ့လည်းမတည့်တာမျိုးတွေ မရှိပါဘူး။ ခန္ဒာကိုယ်အပေါ်ကို သက်ရောက်မှုနည်းပါတယ်။ ဆိုးကျိုးတွေဖြစ်လာရင်လည်း ချက်ခြင်းထုတ်ယူနိုင်ပါတယ်။
သတိပြုရမယ့်အချက်ကတော့ သားအိမ်ထဲမှာ ပစ္စည်းထည့်တဲ့အခါမှာ ပစ္စည်းအနေအထားကို သိနိုင်အောင် အပြင်မှာ ကြိုးလေးချန်ထားရပါတယ်။ အဲဒီကြိုးလေးက ပိုလည်းမတိုသွားရသလို ပိုလည်းမရှည်သွားရပါဘူး။ ကြိုးလေးကို ရာသီလာပြီးချိန်တွေ၊ အတူနေပြီးချိန်တွေမှာ ပြန်ပြီး စမ်းကြည့်ပါ။ ကြိုးအနေအထားပြောင်းသွားတာနဲ့ ဆရာဝန်ဆီပြန်သွားပါ။ ကြိုးကို ဆွဲမထုတ်ရပါဘူး။ သားအိမ်ကို ထိခိုက်နိုင်ပါတယ်။
(ခ) အကာအကွယ်သုံးခြင်း
ဒါကတော့ အများသိကြတဲ့နည်းပါ။ အကာအကွယ်သုံးခြင်းဆိုတာမိန်းမအကာအကွယ်နဲ့ ယောက်ျားအကာအကွယ်ဆိုပြီး ၂မျိုးရှိပါတယ်။ မိန်းမအကာအကွယ်က သုံးရတာခက်သလို ဈေးကြီးပါတယ်။ အသုံးမတွင်ကျယ်ပါဘူး။ အကာအကွယ်ဆိုတာ ကွန်ဒုံးကိုပြောတာပါ။ ယောက်ျားအကာအကွယ်ကတော့ ဈေးပေါပါတယ်။ သုံးရလွယ်ပါတယ်။ ကိုယ်ဝန်ကိုသာမက အခြားလိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ရောဂါတွေကိုပါ အကာအကွယ်ပေးပါတယ်။ သုံးစွဲတဲ့အခါမှာ နည်းစနစ်မှန်မှန်သုံးစွဲမယ်ဆိုရင် ကိုယ်ဝန်တားတဲ့နည်းလမ်းတွေမှာ အကောင်းဆုံးဖြစ်ပါတယ်။
(ဂ) ရက်ရှောင်ခြင်း (Fertility awareness based methods)
ကိုယ်ဝန်တားတဲ့နေရာမှာ ရက်ရှောင်ပြီး ဆက်ဆံတဲ့နည်းကိုလည်း အသုံးပြုနိုင်ပါတယ်။ အလွယ်ပြောရရင်တော့ မလာခင် ၇ ရက် နဲ့ လာပြီး ၇ ရက်လို့မှတ်ထားလို့ရပါတယ်။ ရာသီလာတာမှန်တဲ့ အမျိုးသမီးတွေမှာပဲ အသုံးပြုနိုင်ပါတယ်။ ရာသီလာတာမမှန်တဲ့သူတွေမှာ သုံးရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဥပမာပေးရရင် လစဉ် ၂၂ရက်မှာ ပုံမှန်စလာတတ်တဲ့သူပာာ ၁၅ရက်နေ့နောက်ပိုင်းကနေ ၂၉ ရက်နေ့ထိ အမျိုးသားနဲ့တူတူနေနိုင်ပါတယ်။ ကိုယ်ဝန်မရှိနိုင်ပါဘူး။ ဒီနေရာမှာ လာပြီး ၇ရက်ဆိုတာပာာ ရာသီစလာတဲ့နေ့ကနေပြီး ရေတွက်ပါတယ်။ ရာသီပြီးတဲ့နေ့ကို မဆိုလိုပါဘူး။
၃။ အခြားနည်းလမ်းများ အသုံးပြုခြင်း
(၁)။ကလေးနို့တိုက်နေတဲ့ အမေတွေမှာဆိုရင် ကလေးအသက်၆လထိ အပြည့်အ၀နို့ချိုတိုက်ကျွေးနေမယ်ဆိုရင် အတူတူနေလို့ ကိုယ်ဝန်မရနိုင်ပါဘူး။ ဒီနေရာမှာ တစ်ခုရှိတာက ကလေးကို နို့တိုက်ရာမှာ အပြည့်အ၀တိုက်နေသူ၊ ဖြည့်စွက်စာမကျွေးသေးဘဲ နို့ပဲ အချိန်ပြည့်တိုက်နေသူတွေကိုသာ ဆိုလိုပါတယ်။
(၂)။လိင်ဆက်ဆံနေတုန်း အပြင်ကိုထုတ်ပြီး သုက်လွှတ်တာကလည်း ကိုယ်ဝန်တားတဲ့နည်းလမ်းအနေနဲ့သုံးနိုင်ပါတယ်။ Failure rate များပါတယ်။ လူ၁၀၀မှာ ၁၀-၃၀ထိကိုယ်ဝန်ရသွားနိုင်ပါတယ်။ အမျိုးသားမသိလိုက်တဲ့အချိန်တွေမှာ အထဲမှာ သုက်ထွက်သွားတာဖြစ်နိုင်လို့ပါ။
(၃)။သားကြောဖြတ်ခြင်းများပာာလည်း ကိုယ်ဝန်တားတဲ့နေရာမှာ အသုံးပြုပါတယ်။ မိန်းမသားကြောဖြတ်ခြင်းရှိသလို ယောက်ျားသားကြောဖြတ်ခြင်းလည်းရှိပါတယ်။ မိန်းမသားကြောဖြတ်တယ်ဆိုတာက သားဥပြွန်လမ်းကြောင်းကို ဖြတ်လိုက်တာဖြစ်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ အပြီးမဖြတ်ဘဲ ပိတ်လိုက်တဲ့နည်းကို သုံးပါတယ်။ ကျနော်တို့ဆီမှာတော့ အပြီး ဖြတ်တဲ့နည်းကိုပဲသုံးတဲ့အတွက်ကြောင့် သားကြောမဖြတ်ခင် အသေအချာ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ယောက်ျားသားကြောဖြတ်ခြင်းလည်း ဒီအတိုင်းပါပဲ၊ သုက်ပိုးထွက်တဲ့ လမ်းကြောင်းကို ဖြတ်ပစ်လိုက်တာပါ။ ယောက်ျားဖြတ်တာက ပိုပြီး လွယ်ပါတယ်။ ထုံဆေးနဲ့တင်လုပ်လို့ရပါတယ်။ တစ်ခုရှိတာက ယောက်ျားဖြတ်ရင် လမ်းကြောင်းထဲမှာ သုက်ပိုးတချို့ကျန်နေတတ်တဲ့အတွက်ကြောင့် ဖြတ်ပြီး ၂လ၃လထိ ကိုယ်ဝန်ရနိုင်သေးပါတယ်။
အရေပြားအောက်တွင် ပောာ်မုန်းထွက်သော ဆေးထည့်ထားတဲ့နည်းလမ်းက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အသုံးများပါတယ်။ လက်မောင်းအပေါ်ဘက်ကို နည်းနည်းလေးခွဲစိတ်ပြီး ထည့်တာပါ။ ၃နှစ်ခံပြီး အရမ်း ကောင်းပါတယ်။ ကိုယ်ဝန်ရသွားတာမရှိပါဘူး။ ဆေးသောက်ဖို့မေ့တတ်တဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ ပြန်ထုတ်ပြီးရင်လည်း ချက်ခြင်းကိုယ်ဝန်ရနိုင်ပါတယ်။
ကလေးမလိုချင်သေးတဲ့သူတွေ အနေနဲ့ အထက်ဖြော်ပပါနည်းလမ်းတစ်ခုခုနဲ့ ကိုယ်ဝန်တားထားသင့်ပါတယ်။ ကိုယ်ဝန်ရပြီးမှ ဖျက်ချတာထက်စာရင် ကိုယ်ဝန်တားထားတာက ပိုအဆင်ပြေပါတယ်။ ဆိုးကျိုးနည်းပါတယ်။ ငွေကုန်ကြေးကြသက်သာပါတယ်။ အန္တရာယ်ကင်းပါတယ်။
Ref:.academicmedicines.blogs