Popular Posts

Showing posts with label ငွေကြေး. Show all posts
Showing posts with label ငွေကြေး. Show all posts

Wednesday, 8 May 2019

Cryptocurrency (Crypto Currency) အကြောင်း နားလည်သလောက်

Cryptocurrency (Crypto Currency) အကြောင်း နားလည်သလောက် (၁)






Cryptocurrency ဆိုတာ ဒီဂျစ်တယ် ပိုင်ဆိုင်မှု (Digital Asset) တစ်မျိုး ဖြစ်ပြီး ငွေကြေးလို ငွေဖလှယ်ရေး ကြားခံပစ္စည်း (Medium of Exchange) အနေနဲ့ လုံခြုံစိတ်ချစွာ အသုံးပြု ပေးချေနိုင်အောင် ထပ်တိုးယူနစ် ဖန်တီးခြင်း၊ ပေးချေခြင်း၊ သိမ်းဆည်းခြင်း၊ စာရင်းမှတ်ခြင်းများ ကို နည်းပညာ အသုံးပြု ထိန်းချုပ်ထားတဲ့ ငွေကြေးလို့ ပြောနိုင်ပါတယ်။

ဒီဂျစ်တယ် ငွေကြေး (Digital Currency)၊ အခြားငွေကြေး (Alternative Currency)၊ အကောင်အထည် မရှိသော ငွေကြေး (Virtual Currency) လို့လည်း ဆိုကြပါတယ်။

သာမန်အားဖြင့် ငွေကြေး အမျိုးအစား တစ်ခုကို နိုင်ငံတစ်ခုရဲ့ ဗဟိုဘဏ်က ရိုက်နှိပ် သွန်းလောင်း ထုတ်ဝေပြီး ဗဟိုထိန်းချုပ်မှုစနစ် တစ်ခု အောက်မှာ ထပ်တိုးယူနစ် ဖန်တီးခြင်း၊ ပေးချေခြင်း၊ စာရင်းရှင်းလင်းခြင်း လုပ်ဆောင်ပါတယ်။

Cryptocurrency များကတော့ တစ်နေရာတည်းမှ ထိန်းချုပ်ခြင်း မရှိတဲ့ (Decentralized Control) စနစ်နဲ့ အလုပ် လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် စနစ်ကျနတဲ့ Blockchain အနေနဲ့ မှတ်သားထားရှိပါတယ်။ Blockchain ဆိုတာဟာ တကယ်တော့ အများစုပေါင်း အသုံးပြုတဲ့ လုပ်ဆောင်ချက် အချက်အလက် အစုအဝေး (Public Transaction Database) ဖြစ်ပြီး ဖြန့်ခွဲထားတဲ့ လယ်ဂျာစာရင်း (Distributed Ledger) တစ်ခုလို အလုပ်လုပ်ပါတယ်။ 
တနည်းပြောရရင် သုံးစွဲသူ တစ်ဦးချင်းက ဖန်တီးလိုက်တဲ့ လုပ်ဆောင်ချက် အချက်အလက်ကို ဒီဂျစ်တယ်စနစ်နဲ့ လုံခြုံအောင် မှတ်သား သိမ်းဆည်းတဲ့ စနစ် ကို အသုံးပြုရာက ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ (ပူးတွဲ ပုံ-၁ မှာ ကြည့်နိုင်ပါတယ်)

လက်ရှိ အသုံးအများဆုံး Bitcoin ကို နောက်ကွယ်မှာ ဘယ်သူဘယ်ဝါလို့ မသိရတဲ့ Satoshi Nakamoto ဆိုတဲ့ ဖန်တီးသူ/ ဖန်တီးသူအဖွဲ့ က ၂၀၀၉ ခုနှစ်မှာ ဖန်တီးခဲ့ပါတယ်။ ငွေကြေး တစ်ခု အနေနဲ့ ဖန်တီးတာ မဟုတ်ပဲ  အသုံးပြုသူ အချင်းချင်း အီလက်ထရောနစ် နည်းပညာနဲ့ ငွေပေးငွေယူစနစ် (Peer-to-Peer Electronic Cash System) ကို တီထွင်ခဲ့တာလို့ ဆိုပါတယ်။

ဥပမာဆိုရရင် ဦးကကြီးက ဦးခခွေးကို X ပေးပို့တယ် ဆိုတဲ့ အကြောင်း အရာ တစ်ခုကို ဦးကကြီးဖက်က ဖန်တီးလိုက်တာနဲ့ ကွန်ပျူတာများစွာ ချိတ်ဆက် နေတဲ့ ကွန်ယက်ကြီးမှာ ပြန့်နှံရောက်ရှိသွားပါတယ်။ ဒါပေမယ့် ဒါကို တစ်ဦး တစ်ယောက်က မှန်ကန်ကြောင်း သတ်မှတ်ချိန် တစ်ခုအတွင်း အတည်ပြု ပေးရပါတယ်။ အတည်ပြုသူ မရှိတဲ့ အကြောင်းအရာကို ယာယီဖယ်ထားနိုင် / ဖျက်ဆီးပစ်နိုင် ပါတယ်။ အတည်ပြုလိုက်တာနဲ့ ပြန်လည် ပြင်ဆင် ပြောင်းလဲ မရတဲ့ အကြောင်းအရာ မှတ်တမ်း တစ်ခု အနေနဲ့ သိမ်းဆည်း လိုက်ပါတယ်။ အဲဒီ မှတ်တမ်းကို Blockchain တစ်ခုလို့ သတ်မှတ် ခေါ်ဆိုတာ ဖြစ်ပါတယ်။ အတည်ပြုပေးသူကို Miner လို့ ခေါ်ပါတယ်။

နောက်ပိုင်းမှာ ငွေကြေးတစ်ခုရဲ့ လက္ခဏာရပ် တွေနဲ့ ပြည့်စုံနေလို့ ပြောင်းလဲ ပြင်ဆင်လို့ မရတဲ့ ငွေကြေး (Cryptocurrency) အနေနဲ့ သတ်မှတ် လာကြတာ ဖြစ်ပါတယ်။

coinmarketcap.com အရ ဒီနေ့မှာ Cryptocurrency အမျိုးအစားပေါင်း ၁၄၇၀ ရှိနေပြီး ဈေးကွက် ၇၈၂၉ ခုမှာ အသုံးပြုနေပါတယ်။ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၅၅၇,၀၀၀ သန်းခန့် ရှိပြီး ၂၄ နာရီအတွင်း ကန်ဒေါ်လာ ၃၃,၀၀၀ သန်းကျော်ဖိုး ရောင်းဝယ် ပေးချေခဲ့ကြတယ်လို့ ဆိုပါတယ်။ နာမည် အကြီးဆုံး Bitcoin (BTC) က ဈေးကွက် ၃၄.၉% ရရှိထားပါတယ်။ အခြား အသုံးများတဲ့ Cryptocurrency တွေက Ethereum (ETH)၊ Ripple (XRP)၊ Bitcoin Cash (BCH)၊ Cardano (ADA)၊ တို့ပဲ ဖြစ်ပါတယ်။



Infrastructure  တည်​​ဆောက်​ဘို့ Budget မရှိဘူး FDI ကလည်း ထင်​သ​လောက်​မဝင်​၊ Foreign loanကလည်း လိုသ​လောက်​မရ ၊ရလျင်​လည်း ​ loan &GDP အချိုး ခွင့်​ပြုချက်​ကရှိ​သေးတယ်​။

 ဒီလိုအချိန်​ တခြားနည်းတခုစဉ်းစာလုပ်​လျင်​ အဆင်​​ပြေမလားသုံးသပ်​ကြည့်​သင့်​တယ်

ယ​နေ့ (Digital Money) crytocurrencys  စနစ်​ ​တော်​​တော်​တိုးတက်​​နေတယ်​ အ​ပြောများဆုံးတခုက bitcion ပါ။  bitcion ကဲ့သို့ စနစ်​ တခုလုပ်​ အ​ခြေခံ​ဆောက်​ဥတွက်​​ငွေရှာခြင်းပါ။
ဥပမာ.... အ​ခြေခံ​ဆောက်​ဥတွက်​ ​ဘီလိယံ၁၀၀ လိုတယ်​ ထိုတွက်​coins ၁၀၀၀ တန်​ ၁၀၀ ဘီလီိယံဘိုးထုတ်​​ရောင်းလိုက်​တယ်​ ဒီသ​ဘောက ဘွန်းနဲ့သွားဆင်​မယ်​ထင်​တယ်​ ဒါ​ပေမဲ့ မတူတဲ့အချက်​ရှိပါတယ်​။
သူက အတိုးမ​ပေးဘူး နှစ်​အကန့်​သတ်​မရှိဘူး ​နောက်​တချက်​ အစိုးရ​ချေး​ငွေ ကန့်​သတ်​မူကလွတ်​မယ်​၊အတိုးမရတဲ့ ဟာ ဘယ်​သူမှဝယ်​ချင်​မှာမဟုတ်​ ၁-အချက်​က ​စေ့​ဆော်​မူပါ အစိုးရက တိုင်းပြည်​တွက်​ တကယ်​လိုအပ်​တဲ့အ​ခြေခံ​ဆောက်ဥ(သေချာရှင်းပြရပါမယ်​ လက်​ရှိ ဘယ်​လမ်း/တံတားက အဆင့်​မမှိ  သယ်​ယူပို့​ဆောင်​​ရေး စီးပွား​ရေးတွက်​ မရှိမဖြစ်​လိုအပ်​​နေတယ်​ loan/FDI အရ မလုပ်​နိုင်​​သေး ဒီလိုလမ်းမျိုးကို )အများပြည်​သူ​ထောက်​ပံ​/ချေးငှား​ငွေဖြစ်​ လုပ်​​ဆောင်​ခြင်းပါ ၂- မိမိ​ငွေမ​ပျောက်​ခြင်းပါ ထို​ငွေဝယ်​လိုက်​​ပေမဲ့ ထို​ငွေကို ​ငွေသားပြန်​လည်​ထုတ်​ယူနိုင်​ခြင်းမရှိ​ပေမဲ့လည်း ​ဈေးဝယ်​တာမျိုးမှာသုံးနိုင်​တယ်​၊(သို့)လှည့်လှယ်မဖောင်းပွအောင် အစိုးရကို taxပေးရာမှာ % အလိုက်ထည့်ပေးနိုင်တယ်၊
၃- bitcoin လို တချိန်​မှာ​ဈေးတက်​လာနိုင်​တဲ့ဆိုတဲ့​မျှော်​လင့်​ချက်​ပါ(ထိုအတွက်​လည်း DM ​ဈေးကွက်​ကို​လေ့လာလုပ်​ကိုင်​သင့်​တယ်​ ​ငွေ​ကြေးစနစ်​အ​ကြောင်း​တော့နားမလည်​ပါ) ​ငွေတခုကို အသုံး၂ခုပြုလိုက်​သလိုဖြစ်​မှာမို့ ​လှည့်​လှယ်​မူများ ​ငွေ​ဖောင်းပွနိုင်​ပါတယ်

ဒါ​ကြောင့်​အခြားသူ​တွေလုပ်​သလိုကာလတခုသတ်​မှတ်​ ​​ဈေးဝယ်​ခြင်းနှင့်​ရောင်းဝယ်​မူကိုပိတ်​ထားနိုင်​တယ်​၊
ဒါ​ပေမဲ့ လှူတန်းခြင်းတွက်​ အ​ရောင်းဝယ်​အစတည်းက ဖွင့်​ထား​ပေးရမယ်​ လူတစ်​ဦး /တဖွဲ့က DM တခုကိုဝယ်​ ယူကာ အပြီးပိုင်​လှူတန်းနိုင်​တယ်​။
ဒီ​နေရာမှာလူမူကွန်​ယက်​ကိုအသုံးလည်းရတယ်​ ဒါ​ပေ​မဲ့social mediaတွေနဲ့​တော့ ညှီရမယ်​ မညီချင်​လည်း FB က website link ကခုလည်​ ရ​နေတာမို့ နည်းလမ်းတခုခုရှိနိုင်​တယ်​။

တရုတ်​က FB အစား we chat သုံးတယ်।​ အဲမှာ​ဈေးဝယ်​ ​ငွေရှင်းလိုရ​အောင်​လုပ်​ထားတယ်​။

မြန်​မာပြည်​မှာက​တော့ FB ပဲသုံးကြတယ်।​ ကိုယ်​တိုင်​လုပ်​ဘို့ခတ်​တယ်​ ညှိဘို့အခတ်​ခဲရှိနိုင်​တယ်​।လုပ်​နိုင်​ရင်​​တော့​ကောင်းတယ်।​ ဝယ်​လှူထားတဲ့ အ​ရေတွက်​ကို အပြာနဲ့ပြတယ်​ ဥပမာ အပြာ ၂၀ခုဆို  အခု၂၀ ဝယ်​ အစိုးရကို ကူညီထားတယ်​ အနီ၁၀ ဆို တိုင်းပြည်​တွက်​ အခု၁၀ အပြီးလှူလိုက်​ပြီ။

DM ​ရောင်း တာ အစိုးရက ​ပြည်​သူဆီက​ချေးသုံးပုံစံ မျိုးဖြစ်​​တော့ သုံးချင်​တိုင်းမသုံးနိုင်​​အောင်​လို​တော့ စည်းမျဉ်းစည်းကမ်း အထူးလိုအပ်​တယ်​ တိုင်းပြည်​တွက်​ တကယ်​လိုအပ်​​နေ​သော ပုဂ္ဂလိကလည်း ​ပေးမလုပ်​နိုင်​​သော လမ်းတံတား ​အ​ခြေခံ​ဆောက်​ဥမျိုးတွက်​သာလုပ်​သင့်​တယ်​။
ချေး​ငွေပြန်​ဆပ်​မူ  ပြန်​ထည့်​မူ​ငွေ​ပေး​ချေစနစ်​ခွင့်​ပြုမူ ​ရောင်းဝယ်​မူစတာ​တွေက ဘဏ္ဌာ​ရေး နည်းစနစ်​လုပ်​ရမယ်​။

ဘတ်​ဂျတ်​လည်းမရှိ ရင်းနှီးမြုပ်​နှံမူကလည်းထင်​သလာက်​မဝင်​ ဝင်​လာတာအချို့ကလည်း တိုင်းပြည်​လိုအပ်​တဲ့ အဓိကလမ်းတံတားမဟုတ်​ ​ချေး​ငွေကလည်း လိုချင်​သ​လောက်​မရ/မဖြစ်​ လျင်​ ဘာလုပ်​သင့်​လည်းဝိုင်းဝန်းစဉ်းစားသင့်​ပြီ။

Saturday, 20 April 2019

တရုတ်နိုင်ငံမှ စတော့အိတ်ချိန်းကြီးများ

☀  တရုတ်နိုင်ငံမှ စတော့အိတ်ချိန်းကြီးများ  ☀



        ကမ္ဘာ့စတော့ဈေးကွက်ကြီးများထဲတွင် အမေရိကန် စတော့ဈေးကွက်ပြီးနောက် တရုတ်စတော့ဈေးကွက်မှာ ဒုတိယ အကြီးဆုံးဖြစ်သည်။ တရုတ်နိုင်ငံတွင် ပထမဦးဆုံးဖြစ်သော Shanghai စတော့အိတ်ချိန်းကို 1860 ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ၄င်းနောက် ကွန်မြူနစ်တော်လှန်ရေး ကာလအတောအတွင်း နှစ်ပေါင်း 41 နှစ်ကြာ ပိတ်ထားခဲ့ကြရသည်။ 

         2017 ခုနှစ် ဇွန်လ 20 ရက်နေ့ တွင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီး Morgan Stanley က ၄င်းတို့၏ ထွန်းသစ်စဈေးကွက် ညွှန်းကိန်းထဲတွင် တရုတ်မှ A အဆင့် ရှိသည့် ရှယ်ယာများကို ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ၄င်းအချိန်မှစ၍ တရုတ်စတော့ဈေးကွက်ကြီး၏ ပမာဏသည် ဒေါ်လာ 11 ဘီလီယံ တိုးလာခဲ့သည်။ 

       တရုတ်စတော့ဈေးကွက်ကြီးမားလာခြင်းက နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းကြီးများကို ၄င်းတို့၏ ပေါ်ဖိုလီယိုထဲ၌ တရုတ် ၏ A ရှယ်ယာများ ဝယ်ယူစုဆောင်းဖို့ တွန်းအားဖြစ်လာစေသည်။ ယခုအခါ ၄င်းရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းကြီးများ၏ ရှယ်ယာလက်ဝယ်ထားရှိမှု စုစုပေါင်း ဒေါ်လာ 4.75 ထရီလီယံ ခန့်ရှိနေပြီ ဖြစ်သည်။ 2015 နှင့် 2016 နှစ်များတွင်တော့ တရုတ်စတော့ဈေးကွက်တွင်း စီးလိုက်မျော၍ ရောင်းဝယ်မှုများ အဆမတန် များပြားခဲ့သောကြောင့် ဈေးနုန်း အလှုပ်ခတ်များခဲ့သည်။ ကြီးမားလှပါ၏ ဆိုသော တရုတ်စတော့ဈေးကွက်အတွင်း တရုတ်ပြည်သူတို့၏ စတော့ရှယ်ယာ ပိုင်ဆိုင်မှု မှာ 7% သာ ရှိသည်။ အဆိုပါ 7% ထဲကမှ တရုတ်လူချမ်းသာများက 80% နေရာယူထားကြပြီး ၄င်းလူချမ်းသာကြီးများ၏ အရောင်းဝယ်ပြုလုပ်မှုများက စတော့ဈေးနုန်း အရွေ့ ကို ဖြစ်ထွန်းစေနိုင်သည်။ 

       တရုတ်ပြည်မကြီးတွင် စတော့အိတ်ချိန်း 2 ခုရှိလေသည်။ ၄င်းတို့မှာ Shanghai နှင့် Shenzhen အိတ်ချိန်းတို့ ဖြစ်ကြပြီး 1990 ခုနှစ်တွင် တရုတ်အစိုးရမှ တိုင်းပြည်စီးပွားရေးကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲဆောင်ရွက်ခဲ့ချိန်တွင် ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ဟောင်ဟောင်စတော့အိတ်ချိန်းကတော့ တရုတ်စတော့အိတ်ချိန်းနှင့် ပူးတွဲထားသည်။ 

       Shanghai စတော့အိတ်ချိန်း ကတော့ တရုတ်တွင်အကြီးဆုံးဖြစ်ပြီး 2015 ခုနှစ်စာရင်းအရ ဈေးကွက်အရင်းပြုတန်ဖိုး (Market Capitalization) ဒေါ်လာ 4.71 ထရီလီယံ ပမာဏရှိသည်။ Shanghai စတော့အိတ်ချိန်း (SSE) တွင် စာရင်းတင်ထားသည့် ကုမ္ပဏီ အများစုက တရုတ်တွင်အကြီးဆုံးကုမ္ပဏီများဖြစ်ကြပြီး တိုင်းပြည်စီးပွားရေး တိုးတက်မှု အတွက် အရေးပါလှသည့် ကုမ္ပဏီများလည်းဖြစ်ကြသည်။ ၄င်းအိတ်ချိန်းတွင် ရင်းနှီးမြုပ်နှံကြသူအများစုမှာ ပင်စင်ရံပုံငွေ အဖွဲ့များနှင့် ဘဏ်များ ဖြစ်ကြသည်။ SSE က ရှန်ဟိုင်းမြို့တွင် တည်ရှိသည်။ 

      Shenzhen စတော့အိတ်ချိန်း (SZ) ကတော့ SSE လောက်မကြီးပေ။ ဈေးကွက်အရင်းပြုတန်ဖိုးသည်လည်း 2015 ခုနှစ်စာရင်းအရ ဒေါ်လာ 3 ထရီလီယံ သာရှိသည်။ SZ ကတော့ ရှန်းဇန်းမြို့ တွင်ရှိသည်။ ဟောင်ကောင်ကနေ 2 နာရီခန့်သာ မောင်းနှင်ရပြီး ရင်းနှီးမြုပ်နှံသူများဝင်ရောက်နိုင်သည့် အချက်ချာ ကျသည့် မြို့ ဖြစ်သည်။ SZ တွင် စာရင်းတင်ထားသည့် ကုမ္ပဏီငယ် အများစုကတော့ တိုင်းပြည်စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် အလွန်အရေးပါလှသည်။ ၄င်းကုမ္ပဏီများထဲတွင် အများစုမှာ နည်းပညာဆန်းသစ်တီထွင်သော ကုမ္ပဏီများလည်းပါဝင်ပြီး အမေရိကန် နည်းပညာစတော့အိတ်ချိန်းကြီးဖြစ်သည့် NASDAQ နှင့် ဆင်တူယိုးမှား ဖြစ်အောင် ပြုလုပ်ထားသည်။ 

        Hong Kong စတော့အိတ်ချိန်းနှင့် စာရင်းရှင်းလင်းရေး တာဝန်ယူသည့် ကုမ္ပဏီ (HKEx) တွင်တော့ စတော့ဈေးကွက်ရော ဆင့်ပွားဈေးကွက်(Derivatives market) ပါအရောင်းဝယ်ပြုလုပ်နိုင်သည်။ တရုတ်ပြည်မကြီး ကတော့ ဟောင်ကောင်၏ တရားရေးရာစီမံခန့်ခွဲမှုများကိုခွင့်ပြုထားသည်။ သို့သော် ဟောင်ကောင်ဒေါ်လာ ဖြင့်သာ စာရင်းရှင်းလင်းရေး ပြုလုပ်ကြပြီး 2047 ခုနှစ်အထိ တရားရေးရာစီမံခန့်ခွဲ ခွင့် ဌာန ခွဲတစ်ခု အဖြစ်ခွင့်ပြုပေးထားသည်။

         2014 ခုနှစ် နိုဝင်ဘာလမှ စ၍ တရုတ်အစိုးရက Shanghai အိတ်ချိန်းနှင့် Hong Kong အိတ်ချိန်းတို့ကို Shanghai-Hong Kong Connect program ဖြင့် ချိတ်ဆက်ထားခဲ့သည်။ ချိတ်ဆက်ထားသော အိတ်ချိန်းစနစ်တွင် တရုတ်ပြည်သူတို့ နေ့စဉ် ရောင်းဝယ်ခွင့် ပမာဏကို ဒေါ်လာ 1.7 ဘီလီယံ အထိ ခွင့်ပြု ထားပါသည်။ ၄င်း စတော့အိတ်ချိန်းများမှ ရောင်းဝယ်မှုများက သမ္မတ ရှီကျင်ပင်း ၏ စီးပွားရေးပြုပြင်ပြောင်းလဲမည့် စီမံချက်များအတွက် လွန်စွာအထောက်ကူ ပြုလေသည်။ ထူးခြားချက်ကတော့ Hong Kong စတော့အိတ်ချိန်းမှ စတော့ရှယ်ယာဈေးနုန်းများက Shenzhen စတော့အိတ်ချိန်း ထက် 25% လောက် ဈေးနုန်းချို သာလေ့ရှိသည်။ အကြောင်းရင်းကတော့ ပြည်တွင်းရင်းနှီးမြုပ်နှံသူများ အားဆွဲဆောင်မှု ဖြစ်စေလိုခြင်းပင်ဖြစ်သည်။ 

             စတော့ညွှန်းကိန်းများ -
      SHCOMP စတော့ညွှန်းကိန်း (Shanghai Composite Index) က SSE မှ စတော့ရှယ်ယာများကို ခြေရာခံပြီး ညွှန်ပြပေးသည်။ SSE တွင်နေ့စဉ် ရောင်းဝယ်နေသော A အဆင့် နှင့် B အဆင့်ရှယ်ယာများ၏ ဈေးနုန်းများအပြောင်းလဲကို တိုင်းတာပြီး ညွှန်းကိန်းအနေဖြင့် အတက်အကျ ပြပေးသည်။ ကုမ္ပဏီငယ်များ ထက် ကုမ္ပဏီကြီးများ ၏ စတော့ရှယ်ယာဈေးနုန်း အတက်အကျများက SHCOMP စတော့ညွှန်းကိန်းအပေါ် သက်ရောက်မှုရှိသည်။ ဈေးကွက်အရင်းပြု တန်ဖိုးကို အခြေခံပြီး တွက်ချက်သည့် ညွှန်းကိန်းဖြစ်ပြီး အမေရိကန် S&P 500 ညွှန်းကိန်း၏ လုပ်ဆောင်ပုံနှင့် ဆင်တူသည်။ 

       Shenzhen စတော့ညွှန်းကိန်း(SZCOMP) ကတော့ SZ တွင်ရောင်းဝယ်နေသော A , B ရှယ်ယာများအားလုံးကို ခြေရာခံ တိုင်းတာပြီး ဈေးကွက်အရင်းပြု တန်ဖိုးကို အခြေခံပြီး တွက်ချက်သည့် ညွှန်းကိန်းဖြစ်သည်။ Hang Seng စတော့ညွှန်းကိန်း (HSI) ကတော့ ဟောင်ကောင် စတော့အိတ်ချိန်းတွင် အရောင်းဝယ်အများဆုံးပြုလုပ်နေကြသည့် ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာဈေးနုန်းများကိုသာ ခြေရာခံတိုင်းတာသည်။ HSI စတော့ညွှန်းကိန်းတန်ဖိုးအပေါ် မည်သည့်ကုမ္ပဏီကမှ 10% ထက်ပိုပြီး ကိုယ်စားပြုနိုင်ခြင်း မရှိပေ။ 

စာကြွင်း - စတော့ညွှန်းကိန်းတန်ဖိုး အတက်အကျများကို ကြည့်ခြင်းအားဖြင့် ၄င်းညွှန်းကိန်း ကိုယ်စားပြုသည့် စတော့ရှယ်ယာများ၏ တန်ဖိုး အတက်အကျကို သာမက စတော့ဈေးကွက်ကြီး တစ်ခုလုံး၏ အခြေအနေကိုပါ ခြုံငုံ သုံးသပ်နိုင်ပါသည်။ 

Monday, 15 April 2019

ဒေါ်လာ ၁.၃ သန်းတန်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ရေမွှေး

ဒေါ်လာ ၁.၃ သန်းတန်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ရေမွှေး

ဧပြီ - ၁၃၊ ၂၀၁၉

အရည်အသွေးမြင့် ရေမွှေးတွေကို ဈေးကြီးကြီး ပေးဝယ်ရတာ မဆန်းပါဘူး။ 

ဒါပေမဲ့ Shamukhကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ရေမွှေးလို့ ညွှန်းဆိုနိုင်ပါတယ်။

ဒီစကားလုံးဟာ အာရပ် ဝေါဟာရဖြစ်ပြီး အမြင့်ဆုံးအဆင့်နဲ့ ထိုက်တန်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။

စုစုပေါင်း ၃ လီတာပဲရှိတဲ့ ရေမွှေး အရည်ကို ရရှိဖို့ သုံးနှစ် အချိန်ယူ ထုတ်လုပ်ခဲ့ရပါတယ်။ သုတေသန စမ်းသပ်မှုတွေ ၄၉၄ ကြိမ် ပြုလုပ်ခဲ့ရပါတယ်။

ဒီရေမွှေးကို အီတလီထုတ် Murano ပုံဆောင်ခဲ ပုလင်း အကောင်းစားထဲ ထည့်ပြီး ဒေါ်လာ ၁.၃ သန်းနဲ့ ရောင်းချထားပြီး ဖြစ်ပါတယ်။ 

ပုလင်းပေါ်မှာတော့ အာရပ်ရိုးရာ မြင်းရိုင်းတွေ၊ နှင်းဆီပွင့်တွေ ထုဆစ်ထားပြီး ရွှေသိန်းငှက်တစ်ကောင်နဲ့ ကမ္ဘာလုံးပုံတွေ ထည့်သွင်း အလှဆင်ထားပါတယ်။

အဲဒီပုလင်းကြီးမှာ စုစုပေါင်း ၃၈.၅၅ ကာရက် အလေးချိန်ရှိတဲ့ စိန်ပွင့် ၃၅၇၁ ပွင့် စီခြယ်ထားပါတယ်။ 

ပုလဲလုံးကြီးတွေ၊ ၂.၅ ကီလိုဂရမ် လေးတဲ့ ၁၈ ကာရက် ရွှေပြားတွေနဲ့ ၅.၉ ကီလိုဂရမ် လေးတဲ့ ငွေသားသတ္တုတွေကိုလည်း ထည့်သွင်း တန်ဆာဆင်ထားပြန်ပါသေးတယ်။ 

တန်ဖိုးကြီး ရေမွှေး အမှတ်တံဆိပ် Nabeelရဲ့ လက်အောက်ခံ The Spirit of Dubaiက Shamukhရေမွှေးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာအနှံ့က အမွှေးနံ့သာ အမျိုးအစား ပေါင်းစုံကို ယူဆောင်လာပြီး ဒီရေမွှေးအတွက် ထည့်သွင်း ပေါင်းစပ်ထားကြောင်း ကုမ္ပဏီက ကြေညာပါတယ်။ 

စန္ဒာကူး အနှစ်တွေ၊ တူရကီ နှင်းဆီတွေ၊ အိန္ဒိယ သစ်မွှေးတွေ၊ တိဘက်က ကတိုးသမင်တွေ အပါအဝင် အကောင်းဆုံး ကုန်ကြမ်း ရင်းမြစ်တွေကို ဒီရေမွှေး ဖော်စပ်ရာမှာ အသုံးပြုထားပါတယ်။ 

ဒီရေမွှေးကို ဘယ်သူက မှာယူခဲ့သလဲ ဆိုတာကိုတော့ မကြေညာသေးပါဘူး။ Shamukh ရေမွှေးပုလင်းကို မတ်လကုန်ထိ ဒူဘိုင်းမှာ ခမ်းခမ်းနားနား ပြသထားခဲ့ပါတယ်။

Friday, 12 April 2019

𝐄-𝐑𝐞𝐦𝐢𝐭𝐭𝐚𝐧𝐜𝐞 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐭𝐨 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐮𝐬𝐞𝐫

ငွေလွှဲခြင်း နဲ့ ငွေချေးခြင်း 






CB ဘဏ်​က စင်​ကာပူက ​ဒေါ်လာကို တရက်​ 24hr အတွင်း( မြန်​မာပြည်​ CB ဘဏ်​အ​ကောင့်​ ထဲ့ ထည့်​​ပေးတဲ့ စနစ်​) စတင်​​နေတယ်​။ ကွန်​မင့်​များ ဖတ်​ကြည့်​တယ်​။

မင်္ဂလာပါ
Zawwynn Htwee 
လူကြီးမင်းအနေဖြင့် Send2CB ဝန်ဆောင်မှုအား အသုံးပြု၍ စင်္ကာပူနိုင်ငံရှိ မည်သည့်ဘဏ် မှမဆို CB Bank ရှိ မြန်မာကျပ်ငွေစာရင်းထဲသို့ ငွေလွှဲပေးပို့နိုင်ပါတယ်ရှင်။ ငွေလွှဲသူသည် တစ်လလျှင် စင်ကာပူဒေါ်လာ 5000 အထိငွေလွှဲပေးပို့နိုင်ပါတယ်ရှင်။ ငွေလွှဲတစ်ကြိမ်လျှင် စင်္ကာပူ (၃) ဒေါ်လာ ကျသင့်မည်ဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာရှိသော နေ့လေး ဖြစ်ပါစေ ရှင်။
.
မင်္ဂလာပါ ထက် ထက်
CB Bank တွင် အကောင့်ဖွင့်လှစ်လိုပါက နီးစပ်ရာ CB Bank ဘဏ်ခွဲသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ပေးရမည်ဖြစ်ပါတယ်ရှင်။
CB Bank Account ရှိပါက ငွေလွှဲပြောင်းပြီး အကောင့်ထဲတွင် ငွေစုဆောင်းအပ်နှံနိုင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေရှင်။
.
မင်္ဂလာပါ မောင် မောင်
လူကြီးမင်းအနေဖြင့် Korea နိုင်ငံရှိ ချိတ်ဆက်ထားသော ဘဏ်များမှ တဆင့် CB Bank Account ထဲသို့ တိုက်ရိုက်ငွေလွှဲဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။Korea နိုင်ငံရှိ ချိတ်ဆက်ဘဏ်များမှာ

KOOKMIN BANK 
WOORI BANK, SEOUL 
KEB HANA BANK 
NONGHYUP BANK (FORMERLY KNOWN AS NATIONAL
AGRICULTURAL COOPERATIVE FEDERATION) 
BUSAN BANK 
SHINHAN BANK တို့ဖြစ်ပါတယ်ခင်ဗျာ။ထို ဘဏ်များမှ တဆင့် CB Bank Account ထဲသို့ တိုက်ရိုက်ငွေလွှဲဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာရှိသော ညနေခင်းလေးဖြစ်ပါစေခင်ဗျာ။
.
.
မင်္ဂလာပါ Kaung Hset 
လူကြီးမင်းသိလိုသည်မှာ ငွေလွှဲသူသည် တစ်လလျှင် စင်ကာပူဒေါ်လာ 5000 အထိငွေလွှဲပေးပို့နိုင်ပါသည်။ အနည်းဆုံးငွေလွှဲပမာဏ - စင်္ကာပူဒေါ်လာ (၁၀)ဖြစ်ပြီး၊ငွေလွှဲခမှာငွေလွှဲတစ်ကြိမ်လျှင် စင်္ကာပူ (၃) ဒေါ်လာ ကျသင့်ပါမည်။ငွေလွှဲပေးပို့သူမှ ပေးပို့လိုက်သည့်နေ့၏ နောက်ရက် ဘဏ်ဖွင့်ရက်တွင် ထည့်သွင်းပေးမည်ဖြစ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညလေးဖြစ်ပါစေရှင်။
.
.
Myanmat to Singapore Transfer
မင်္ဂလာပါMyintzu Htet San 
လူကြီးမင်းအနဖြင့် CB Bank FCY Account ရှိပါက CB Bank နှင့် ချိတ်ဆက်ထားသော စင်ကာပူနိုင်ငရှိဘဏ်များ၏ အကောင့်သို့ Swift နည်းလမ်းဖြင့် ငွေလွှဲပို့နိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာရှိသော နေ့လေး ဖြစ်ပါစေ ရှင်။
(ထို Swift နည်းလမ်းမှာ CB ဘဏ်​တွင်​ ​ဒေါ်လာအ​ကောင့်​ ဖွင့်​ထာမှ ရသည်​။ Export လုပ်​ငန်းရှိသူများသာ Swift အ​ကောင့်​ ဖွင့်​နိုင်​သည်​။ သာမန်​ CB Bank ကျပ်​​ငွေ အ​ကောင့်​ ဖြင့်​ မရပါ )

==========?

ဟိုနေ့က ဘဏ်တစ်ခုက ဖုန်းဆက်တယ်။ ငွေချေးပါလားတဲ့။

အနည်းဆုံး သိန်း ၂၀၀ ကနေ ၅၀၀၀ အထိ ချေးလို့ ရပါတယ်တဲ့။ စာရွက်စာတမ်းသာပေး ၂ ပတ်အတွင်း ငွေရစေရမယ်တဲ့။

ဒါပေမယ့် မချေးရဲပါဘူး။ ဘဏ်အတိုးက တစ်နှစ် ၁၃ % နှုန်းတဲ့။ သိန်း တစ်ထောင်ချေးရင် နှစ်ကုန်တာနဲ့ အတိုးက သိန်း ၁၃၀ ပေါ့။

သိန်း ၅၀၀၀ ချေးထားရင် နှစ်ကုန်ပေးရမယ့် အတိုးက သိန်း ၆၅၀ ။

ကိုယ့်စီးပွား က သိန်း ၅၀၀၀ ပစ်ထည့်ထားလို့ နှစ်ကုန်ရင် ၆၅၀ မြတ်ဖို့ မသေခြာဘူး။

အနည်းဆုံး ၂ နှစ်လောက်ရင်းထားမှ စီးပွားရေးက အခြေကျတာ။ အဲ့လောက် မရင်းနိုင်ရင် ခါးကြောပြတ်ပီး ပြုတ်ကုန်ရော။

ဘဏ်တွေကသာ စီးပွားဖြစ်တာ။ချေးတဲ့လူတွေ စီးပွားပျက်ရော။ လင်းဖန်မလီ

ဒီနေရာမှာပြောချင်တာက နိင်ငံတစ်ကာမှာ အတိုးနှုန်း2%နဲ့ SME တွေ အောင်မြင်တိုးတက်နေချိန်မှာကျုပ်တို့ နိင်ငံမှာက အတိုးနှုန်း13%နဲ့တောင်ချေးချင်တိုင်း ချေးမရ အပေါင်ပစ္စည်းပြရ ဘဏ်တွေဟာ ဘဏ်အ လုပ် မလုပ်ပဲ အပေါင်ဆိုင်အလုပ် လုပ်နေကြတယ်။ 

မြန်မာပြည်မှာ ဘဏ် လုပ်ငန်း ၂၃ ခုရှိတယ်ဆိုပဲ နိင်ငံတစ်ကာဘဏ်တွေဝင်ခွင့်မပေးတာ ဟာ ၎င်း၂၃ ယောက် စီးပွားပျက်မှာစိုးလို့ တဲ့ဗျ ဆယ်သက်စားမကုန်အောင်ဒေါ်လာတွေရှိနေတဲ့ 23ယောက်သောဘဏ်ပိုင်ရှင်တွေရဲ့ မျက်နှာသာကြည့်ပြီး သန်း၅၀သောပြည်သူတွေငတ်သေပါစေ ဆိုတဲ့ အစိုးရအဆက်ဆက်
အုပ်ချုပ်နေတဲ့ဒီနိင်ငံကလူတွေဟာ စာများများဖတ်ဖို့ လို သလို အမြင်ကျယ်ကြဖို့  နိင်ငံတစ်ကာအမြင်ရှိကြဖို့ လိုနေပါပြီ

အပြင်တိုး ၃ကျပ်တိုး အရပ်အခေါ်ဟာ ၃၆%ပါ  ကျုပ်ဟာစိတ်မကောင်းဘူး မြန်မာတွေဘာကြောင့်ဆင်းရဲနေလဲ ဆိုတဲ့အဖြေဟာ အတိုးကြောင့်လို့ ယေဘုယျ ပြောနိင်သလို အစိုးရအဆက်ဆက်ရဲ့ စီးပွားရေအမြင်ကျဉ်းမှုကြောင့်အဓိကလို့ ပြောချင်ပါတယ်

သယံဇာတထုတ်ရောင်း နိင်ငံမှာ ရှိနေတဲ့ပြည်သူပြည်သားတွေကို နိင်ငံခြားလွှတ် ကျွန်ခံခိုင်းပြီးရလာတဲ့ဒေါ်လာတွေနဲ့ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းဝင်လုပ်နေကြတဲ့ လက်တစ်ဆုပ်စာသောလူတွေကိုအားကျနေတဲ့လူတန်းစားတစ်ရပ်ရှိနေ တဲ့နိင်ငံဟာ ဘယ်လိုမှနာလန်မထူနိင်ပါဘူး

ဒီနိင်ငံဒီလူမျိုးဟာ အဓိက အားနည်းချက်က ပညာမတတ် တာ မဟုတ်ပဲ စာမဖတ် ဗဟုသုတမရှိအမြင်ကျဉ်း နေကြလို့ သာ ဖြစ်ကြောင်းပါ. 
တစ်ချို့ ကလည်းနိင်ငံခြားထွက်အလုပ်လုပ်ကျွန်ခံရလာတဲ့စက်က္ကူ သာသာ မြန်မာငွေလေး ရာဂဏန်းလောက်နဲ့ ဆောင့်ကြွားဆောင့်ကြွား သူဌေးလုပ်နေသမျှကာလပတ်လုံးနောင်မျိုးဆက် နောင်တိုင်းပြည်နဲ့လူမျိုး အတွက်အပင်ပန်းမခံကြပဲ ရေသာခို အချောင်လိုက် နေကြမယ်ဆိုရင် နောင်သားစဉ်င်မြေးဆက်ပျောက် နေစရာပျောက် မဲ့ဘဝမျိုးရောက်နိင်ပါကြောင်းပါ

Crd, Sai
.
.
သုံးသပ်ချက် (ငွေလွှဲခြင်း နဲ့ ချေးငွေ)
စင်ကာပူ ကနေ မြန်မာနိုင်ငံကို နှစ်စဉ် တရားမ၀င် (ဟွန်ဒီ) ငွေလွှဲခြင်း ဒေါ်လာ ဘီလျံများစွာ ရှိနေပါတယ်။ ဒီ ဟွန်ဒီ ငွေလွှဲခြင်းက တရက်အတွင်း၊ နာရီပိုင်းအတွင်း ပုဂလိက ငွေလွှဲလုပ်ငန်းများက ၀န်ဆောင်မှု ပေးနေပါတယ်။ စင်ကာပူ SinTel တယ်လီဖုန်း ကုမဏီကြီးက ဒိလုပ်ငန်းကို လုပ်ဖို့ စင်ကာပူအစိုးရဆီက ၂၀၁၈ နှစ်ကုန်မှာ လိုင်စင် ရယူပြီး ဖြစ်ပါတယ်။ အကျိုး နောက်ဆက်တွဲ အဖြစ် မြန်မာနိုင်ငံ က ငွေလွှဲ လုပ်ငန်းများဖြစ်တဲ့ Wave Money, True Money, MyPikesan, KBZ Pay စတဲ့ လုပ်ငန်းများ၊ ပုဂလိကဘဏ်လုပ်ငန်းများ နဲ့ တွဲပြီး ငွေလွှဲမှုကို မြန်ဆန်၊ သက်သာ၊ တိကျဖို့ လုပ်ဆောင်တော့မယ် ဖြစ်ပါတယ်။ 
.
အခု CB Bank တရက်အတွင်း စင်ကာပူဘဏ် အသီးသီးက တဆင့် မြန်မာပြည်ကို တရက်အတွင်း ငွေလွှဲနိုင်ခြင်းက ရလဒ် တစ်ခုပါ။ မကြာခင်း CB Bank သာမက၊ အခြား ဘဏ် (ဥပမာ နာမည်ကျော် KBZ,.. etc) တွေလဲ ငွေလွှဲမှု တိကျ၊ သက်သာ၊ မြန်ဆန်အောင် လုပ်နိုင်ဖို့ မျှော် လင့် ပါတယ်။ 
.

အကျင့်ပျက်သူခိုး၊ အလွဲသုံးမဲ့လူ ကို ငွေချေးလိုပါသလား။ ဘယ်သူမှ မချေးလိုပါ။
.
အစိုးရ ခေါင်းဆောင်နဲ့ အစိုရအဖွဲ့က ငွေအလွဲသုံးမဲ့ပုံ မရှိဘူး၊ အကျင့်ကောင်းတယ် ယူဆပြီး နိုင်ငံတကာချေးငွေ များစွာ မြန်မာဘဏ်တွေမှာ ရရှိလာပါပြီ။ 
.
အရင်က SME အသေးစား၊ အလပ်စား ကုမဏီများ အိမ်ခြံမြေ ဂရမ်အပ်ပါမယ် ဆိုရင်တောင် သိန်း၁၀၀ ချေးငွေရဖို့ ဌာနဆိုင်ရာကို လက်ဆောင်အများကြီး ပေးရတဲ့အပြင် ခယ တောင်းပန်ရတယ်။ 
.
အခု ဘဏ်ချေးငွေတွေ ရလာပြီ ဆိုတော့ အသေးစား အလပ်စား လုပ်ငန်းရှင်လေးတွေ အဆင်ပြေလာမဲ့ အခြေအနေပါ။ ပြည်ပ ကုမဏီ ကောင်းတွေ ဝင်လာရင် SME များ အလုပ်၊ ကန်ထရိုက်ရ ချေးငွေ ဘဏ်တိုးနှုန်း ၆% လောက်နဲ့ ရရှိလာရင် မြန်မာတွေ ဗီယက်နမ်၊ မလေး၊ ထိုင်း နိုင်ငံတွေလို အလုပ်ပေါလာကြတော့မယ်။ မျှော်လင့်ချက်ကြီးပါ။ 
.
ဘာပဲဖစ်​ဖြစ်​ မြန်​မာပြည်​ ဘဏ်​စနစ်​က တိုးတက်​​နေပါတယ်​။ 
TSP series
20.Feb.2019
.
ကိုကား ဆက်လက်ဖတ်ရန်
မြန်မာနိုင်ငံ တိုးတက်နေသော ဘဏ်စနစ်၊ ATM၊ မိုဘိုင်းဘဏ်
https://m.facebook.com/story.php?story_fbid=10155934950643472&id=755653471

မြန်မာပြည် မိုဘိုင်းဘဏ် နဲ့ ATM စနစ် 

တဟုန်ထိုး တိုးတက်နေပါပြီ.."မသိသူကျော်သွား သိသူဖော်စား"..ပေါ့..ဘယ်ကဏ္ဍပဲ ဖြစ်ပါစေ မြန်မာပြည်မှမဟုတ် တကမ္ဘာလုံး စကါးသိပ်မများပဲ  ငြိမ်ငြိမ် အလုပ်လုပ်နေရင်..ဝင်ငွေကောင်းနိုင်ပါတယ်။ စီးပွား ရှာလို့ အကောင်းဆုံး နိုင်ငံ ဖြစ်လာပြီး မကြာခင် နိုင်ငံခြားသား လူတော်လူကောင်း အများကြီး ဝင်လာကြမယ်။ ငူတူတူ မဟုတ်သူတိုင်း လှပ အဆင်ပြေလာတော့မဲ့ အခြေအနေပါ။ 
.
အခု မြန်မာပြည်မှာ တရားဝင် လည်ပတ်နေတဲ့ ဘဏ်ကြီးပေါင်း ၂၅ခုလောက် ရှိနေတယ်။ KBZ လို့ ခေါ်တဲ့ ဦးအောင်ကိုဝင်း အဖွဲ ကမ္ဘောဇဘဏ်က ဘဏ်ခွဲပေါင်း ၄၀၀ကျော် နဲ့ ပထမ.. မြန်မာပြည်မှာ အခွန်အများဆုံးပေးနေတယ်။ ဒုတိယ ကတော့ CB ဘဏ်. တတိယက AYA ဘဏ်.. နောက်နာမည်ကြီး ဘဏ်တွေကတော့ ရိုးမဘဏ် မြဝတီဘဏ် AGD ဘဏ်..MOB MAB အစိုးရရဲ့ မစဘ မြန်မာ့စီးပွားရေးဘဏ်. နိုင်ငံခြားငွေ FEB ဘဏ် တွေကတော့ ဘိတ်ချီးပေါ့. အခုထိ ဘဏ်ချလံ ရေးတဲ့စနစ်ကို သုံးနေဆဲ အံသြဘွယ် မြန်မာအစိုးရ ဘဏ်ကြီးပေါ့။ Manual System ငွေသွင်းထုတ်တယ် ဆိုလို့ အထင်မသေးနဲ့ မြန်မာဘဏ် ဆိုတဲ့အတိုင်း စာရေးမတွေ လက်ရေးနဲ့ ပြေစာအထပ်လိုက် ရေးသွင်းတာ  အရမ်းမြန်တယ်..အဲ..ငွေထုတ်ဖို့ကြတော့ တော်တော် နှေးသွားတယ်။ အစိုးရ ကန်ထရိုက်တွေ ရလို့ ငွေသွင်းရင် အရမ်းမြန်ပြီး လုပ်ငန်းအတွက် ရစရာငွေထုတ်တော့ ဝန်ဆောင်ခ ပေးရတယ်။ ပေးနည်းက တခေတ်နဲ့တခေတ် မတူပါ။ မဆိုင်လို့ မရေးလိုတော့ပါ။ 
.
.
မြန်မာ့ မိုဘိုင်းဘဏ်လုပ်ငန်း ပုဂ္ဂလိက ဘဏ်တွေ အရမ်း တိုးတက်နေတယ်။ အဓိက ဘဏ်တွေရဲ့ ဝင်ငွေက ငွေလွှဲ ခ ဖြစ်ပါတယ်။ လူအမည် မှတ်ပုံတင် ဖုန်းနံပါတ် ပေးပြီး ငွေလွှဲရင် သိန်း၂၀ အထိ နာရီဝက်အတွင်း မြန်မာမြို့ကြီး အားလုံးကို ရောက်တယ်။ ဟိုဘက်က လူ မှတ်ပုံတင်ပြပြီး ၁၅မိနစ်အတွင်း ထုတ်ယူနိုင်တယ်။ ရိုးမ ဧရာဝတီ AGD လို ဘဏ်ဆိုရင် ပိုမြန်တယ်။ KBZ ဆိုရင်တော့ လူများလွန်းလို့ တခါတလေ တချို့မြို့တွေမှာ တနာရီလောက် စောင့်ရတတ်တယ်။ .. အားနည်းချက်ကတော့..မှတ်ပုံတင်မှာ.စာတလုံးမှားရင် ထုတ်မရပဲ လွှဲသူက ဘဏ်ကို ပြန်သွားပြီး ပြင်ရတယ်။ ပြင်ခ ၅၀၀ကျပ်.. လွှဲခ ၁၀၀၀ကျပ်..ထုတ်တဲ့လူ ပေးစရာမလို..KBZ ဘဏ် ဝန်ထမ်းတွေ အရမ်းသွက်လက် မြန်ဆန်တယ်။ လစာလည်း ၃သိန်းအထက် ပေးပြီး ဘောနပ်စ် ဆုကြေးတွေလဲ အများကြီးရတော့ ဘဏ်ဝန်ထမ်း လုပ်ရတာ မြန်မာပြည်မှာ Job Security အကောင်းဆုံး လို့ ပြောကြပါတယ်။ တခြားဘဏ်တွေက ဝန်ထမ်းတွေလဲ သွက်လက်မြန်ဆန်ကြတယ်။ ဘဏ်လုပ်ငန်းတွေ အမြတ်စွန်း ကြီးကြပါတယ်။
.
စင်ကာပူမှာ ဘဏ်ကြီး၃ခု တခုစီ အစိုးရထံအခွန်..အမြတ်ငွေကနေ ၃၅% ဆောင်ကြတာ အကြီးဆုံး DBS/POBB (Government Banks) က နှစ်စဉ် ဒေါ်လာ သန်းတထောင်ကျော်တယ်။  UOB OCBC တွေလဲ သန်းတထောင်နီးပါး ရှိတယ်.. City.Bank, Standard.Chartered.Bank May.Bank China.Bank စတဲ့ ဘဏ်တွေလဲ အမြတ်များတာပါပဲ. . ATM များများရှိလေလေ အမြတ်ပိုကြီးလေလေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘဏ်တိုးငွေ 8% ပေးပြီး စင်ကာပူမှာ 0.5% ပဲပေးတယ်။ ဂျပန်ဆို အနှုတ် -0.1% ဆိုလား..ဘဏ်က ထိန်းသိမ်းခတောင် ပြန်ယူတယ်။ သူတို့ ငွေကြေးက ခိုင်မာတာကိုး.. မြန်မာကျပ်ငွေ လဲ အရင် ၄နှစ်က ၁၃% အတိုးကနေ အခု ၈% ထိ ကျသွားတော့ ခိုင်မာလာတယ် ပြောရမယ်။ ငွေစက္ကူ တရားမဝင်ကြေငြာတာ. ဘဏ်ထဲက ငွေပြန်ထုတ်မရတာ မျိုး ဖြစ်လာမှာ ကြောက်ခဲ့ကြတယ်။ ဘဏ်ဆို မယုံဘူး..အခုတော့  စိုးရိမ်စရာမရှိတော့ပါ.. ပုဂ္ဂလိကဘဏ်တွေမှာ သူဌေးကြီးတွေ အပ်ငွေ ဘီလျံ ၂သောင်းခွဲ (USD 20 billion) တောင် ရှိနေပြီ လို့ ဗဟိုဘဏ်က လွှတ်တော်မှာ လာရှင်းပြပါတယ်။ စိတ်မချသူများကတော့ ကျန်ရစ်မယ်..ချန်ရစ်ခံရမဲ့ မြန်မာပြည် အနာဂါတ်ပါ။ 
.
.
အခုဆို Mobile Banking လူများစွာ.. ကုမ္ပဏီများစွာ မြန်မာပြည်မှာ အသုံးပြုနေပါပြီ။ ဘဏ်အကောင့်ဖွင့်..တခါတည်း ATM ကပ်ပြား ထုတ်ပေးကြတယ်။ (KBZ က ကြီးကျယ်တော့ တလကြာမှ ATM ကပ် ထုတ်ပေးတယ်)။ Online Bank လျှောက်ရင် တနာရီနဲ့ မိမိမိုဘိုင်းဖုန်း မှာ ရပြီ။
.
.
ဘဏ်မဟုတ်တဲ့ ငွေလွှဲခြင်း
တယ်လီနော Wave Money, အိုရီဒူး၊ အမ်ပီတီ၊(True Money, My Kyat) အခုနောက်မှ ပေါ်လာတဲ့ မိုင်တဲ မိုဘိုင်းဖုန်းတွေ သုံးပြီး ငွေလွှဲတဲ့ စနစ်တွေလဲ ပေါ်နေပါတယ်။ မကြာခင်မှာ တိုးတက်တဲ့ နိုင်ငံများနည်းတူ မိုဘိုင်းငွေလွှဲ စနစ်များစွာ ပေါ်လာမှာပါ။ ငွေလွှဲတဲ့ ဆိုင်တွေ အများပြား ရပ်ကွက်ထဲ၊ လမ်းထဲ မှာ ပေါ်နေပါပြီ။ ချက်ချင်း တဖက်လူ ငွေထုတ်လို့ ရပါတယ်။ Western Union, Money Gram တွေလဲ မြန်မာနိုင်ငံမှာ ရှိနေပေမဲ့ နိုင်ငံခြားက ငွေလွှဲတာပဲ သုံးကြပါတယ်။ ပြည်တွင်း ငွေလွှဲတာတော့ ပြည်တွင်း ကုမဏီ အသစ်တွေ ပေါ်လာဖို့ မျှော်လင့်ပါတယ်။  လောလောဆယ် တော့ ဘဏ်မသုံးတဲ့ မိုဘိုင်း ငွေလွှဲခ ဈေးကြီးပါတယ်။
.
မကြာမီက စင်ကာပူအစိုးရ အမျာပိုင် SingTel  တယ်လီဖုန်းကုမဏီ ကြီးက မြန်မာပြည်သား တလကို ဒေါ်လာ ဘီလျံ ဟွန်ဒီ ငွေလွှဲ ခြင်းကို စင်ကာပူအစိုးရနဲ့ စာချုပ် ဈေးကွက် ရယူတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟွန်ဒီ ငွေလွှဲစနစ်ကတော့ ပန်းပန်နေဦးမှာပါ။ 
.
.
အိမ်၊ ကား၊ ဖုန်း၊ ဆိုင်ကယ် အကြွေးဝယ်စနစ်
ကမ္ဘာ့ ဘဏ် မြန်မာနိုင်ငံကို ၀င်လာတော့၊ နောက်ကနေ အမေရိကန် ငွေချေး (ချစ်တီး) ကုမဏီများစွာ လိုက်ပါလာကြပါတယ်။ သူတို့က ငွေချေးရရင် ဆင်တောင် အကြွေးဝယ်ချင်တဲ့ မြန်မာ လူမျိုး များကို အကြွေး တင်အောင် အားပေး မဲ့ ချစ်တီးကုမဏီ များ ဖြစ်ပါတယ်။ ကျေးလက် အထိ သွားပြီး NGO လိုလို နဲ့ ငွေချေး လုပ်ငန်း တွေ မသိ မသာ လုပ်ကိုင် ကြပါတယ်။ ကျေးလက် မှာတော့ စိုက်ပျိုး စရိတ် ချေးတဲ့ (မလုပ်သင့်တော့တဲ့) အစိုးရ ငွေချေး စနစ်ကြီး ရှိပါတယ်။ လယ်သမား တွေ အကျိုး မရှိပဲ ငွေ ဖြုန်းတီး အောင် အားပေး နေတဲ့ စနစ်၊ စိုက်ပျိုးရေး အစိုးရ ၀န်ထမ်း တွေပဲ အဲဒီ ငွေချေး လုပ်ငန်း နဲ့ အဆင်ပြေ လုပ်စားနေကြပါတယ်။ ထားပါတော့။ မြို့ ပေါ်မှာ တော့ မိုဘိုင်းဖုန်း အကြွေး တနှစ်နဲ့ အတိုးနှုန်း ကြီးမားစွာ ရောင်းချ ပေးနေ ကြပါတယ်။ အလုပ် ရှိကြောင်း ကုမဏီ ရဲ့ ထောက်ခံ စာ ပါရင် အမေရိကန် ချစ်တီးကုမဏီ (Argon လိုမျိုး ကုမဏီ) က ငွေချေး ပေးပါတယ်။ အတိုးနှုန်း ၁၅% လောက် ယူပါတယ်။ လစဉ် ငွေသွင်းတာ မေ့သွားရင် (ဒါမှမဟုတ်) မသွင်းနိုင်ရင် နောက်ကျကြေး Late Fee တောင်းပါတယ်။ ဘဏ်တွေက Late Fee နဲ့ လူတွေဆီက ငွေချူ စား နေတာ တိုးတက်နိုင်ငံ နေတဲ့ မြန်မာတိုင်း သိပါတယ်။ ခရက်တစ်ကပ် နောက်ကျကြေး Credit Card Late Fee ဆိုတာ မနည်းလှပါ။ 
.
အဆိုးထဲ က အကောင်းကတော့ မော်တော်ကားတွေ ၊ အိမ်တွေ အကြွေးစနစ် ခိုင်မာလာပါတယ်။ ၃၀% ကနဦးပေးငွေ 30% down payment ပြီးရင် ၁၃% အတိုးနဲ့ ၅နှစ် ၁၀နှစ် အကြွေးရောင်းပေး ပါတယ်။ လုပ်နည်း လုပ်ဟန် တွေကတော့ နိုင်ငံခြား တိုးတက် နိုင်ငံများထက် နည်းနည်း ရှုပ်ပါတယ်။ ၀ယ်ပြီး ရင် အတိုးနှုန်း နည်းတဲ့ ဘဏ်ကို ပြောင်းဖို့ ခက်ပါတယ်။ အတိုးနှုန်းက နိုင်ငံတကာမှာ ၅% လောက်ပဲ ပေးရပေမဲ့ ၊ ငွေဖောင်းပွနှုန်း မြင့်တဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဘဏ်တိုးနှုန်း မြင့်ပါတယ်။ မြန်မာနိုင်ငံ အိမ်၊ ကား ၀ယ်ရင်  ဘဏ်တိုးနှုန်းက ၁၃% ဆိုတော့ အလွန်များပြားပါတယ်။ သို့သော်လည်း စီးပွားလုပ်သူများ အတွက်တော့ Capital Cost ဆိုတဲ့ ငွေလုံးငွေရင်း ရင်းနှီးဖို့ အတိုးနှုန်းများပေမဲ့ အဆင်ပြေပါတယ်။ စီးပွား ကောင်းနေ ရင် ၁၃% ပေးနိုင်ပါတယ်။  
.
အကြွေးဝယ်ကဒ် (Credit Card) စနစ်
မြန်မာ ခရက်စတ်စနစ် ကတော့ တော်တော် ဆိုး နေပါသေးတယ်။ တိုးတက်တဲ့ အာစီယံနိုင်ငံတွေမှာ လစာငွေရဲ့ ၂ဆ၊ သုံးခွင့်ပေးပါတယ်။ ၀င်ငွေထွက်ငွေ များတဲ့ လုပ်ငန်းရှင်တွေ ခရက်တစ် များများ သုံးခွင့် ပေးပါတယ်။ ယခင်က လူတစ်လည် တစ်ယောက်၊ နိုင်ငံများစွာ၊ ဘဏ်များစွာ လှည့်လည် ငွေချေး ထွက်ပြေး တဲ့ စနစ် ကြောင့် အခုခေတ်မှာ ခရက်တစ်ဗြူရို ဆိုတဲ့ လူတွေ၊ ကုမဏီတွေ ငွေအမြောက်အများ မချေးအောင် ထိန်းချုပ် ထားပါတယ်။ မြန်မာပြည်မှာ MPU စနစ် ကို စတင်ပေမဲ့၊ ချေးလို့ရရင် ဆင်တောင် အကြွေးဝယ်ချင်တဲ့ မြန်မာများ အကျင့်ကို ထိန်းဖို့ အစိုးရမှာတာဝန် ရှိပါတယ်။ လစာကို ၂ပတ်တစ်ခါ ပေးမှ ဖြစ်မှာမို့ တချို့ ကုမဏီများက (အမေရိကန်နိုင်ငံလို) ၂ပတ်တခါ လစာပေးနေကြပါတယ်။ မြန်မာ ခရက်တစ်ကဒ် ကတော့ သာမန်လူဆိုရင် ဒေါ်လာ၃၀၀ ပဲ ပေးတော့ နိုင်ငံတကာမှာ သုံးဖို့ မလွယ်ပါဘူး။ လေယာဉ်လက်မှတ် တောင် ၀ယ်ဖို့ မလောက်ငှပါဘူး။ နိုင်ငံခြားသားတွေလဲ မြန်မာပြည်လာရင် ခရက်တစ်ကဒ် နဲ့ မ၀ယ်ကြပါဘူး။ သူတို့ ခရက်တစ်ကဒ်ကို ဟက်ကာ Hacker တွေက ခိုးထုတ်ခံရမှာ စိုးရိမ်လို့ပါ။ မြန်မာပြည် ဘဏ်စနစ်က လုံခြုံရေး အားနည်းတယ် လို့ မှတ်ချက် ရှိပါတယ်။ တိုးတက်အောင် လုပ်ဖို့ကတော့ အဂတိလိုက်စားမှု နည်းသွားမှ ဖြစ်မှာပါ။ 
.
သို့သော်လည်း ငွေဖောင်းပွ နှုန်း နည်းသွားအောင် ..အဓိက (အစိုးရဌာန ဆိုင်ရာများ ရဲ့) အဂတိလိုက်စားမှု Corruption Index နည်းသွားမှ ဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အဂတိအညွန်း က အရှေ့တောင်အားရှမှာ ဘိတ်ဆုံး ဖြစ်နေဆဲပါ။ စီးပွားလုပ်ဖို့ အခက်ခဲဆုံး Ease of Doing Business အညွန်းကလဲ ဘိတ်ဆုံး ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ က တပ်မတော်နဲ့ ရင်ကြားစေ့စပ် နိုင်မှာ အဂတိနည်းသွားမယ်၊ စီးပွားရေး ရင်းနှီးမြှတ်နှံမှုလည်း ၀င်လာမယ် ဖြစ်ပါတယ်။ 
.
.
မိုဘိုင်းဘဏ် အကျိုးကျေးဇူး
ဘဏ်တွေက မနက်၁၀နာရီကနေ ညနေ ၂နာရီပဲ ဖွင့်တော့ ပြည့်ကြပ်နေတယ်။ စနေတနင်္ဂနွေ ပိတ်တယ်။ ATM က ၂၄နာရီ ငွေသွင်း ထုတ်နိုင်တယ်။ သွင်းစက်က မရှိသလောက် နည်းပေမဲ့ ငွေထုတ်စက်တွေ အများကြီးပဲ။ Online Mobile Banking ကတော့ တော်တော်အဆင်ပြေပါတယ်။ 
.
အထူးသဖြင့် မိုဘိုင်းဘဏ်စနစ် မြန်မာပြည် ထွန်းကားလာတော့ ဘဏ်အကောင့် အလွယ်တကူ ဖွင့်ပြီး ဘဏ်ထဲ တိုက်ရိုက်ငွေလွှဲမယ်..ကိုယ်လွှဲပြီးကြောင်း ပြေစာကို မိုဘိုင်းဖုန်းမှာ SS Screen Save လုပ်ပြီး ငွေလွှဲခံရသူဆီ Viber Messenger နဲ့ ပို့ပေးမယ်။ တဖက်ကလဲ ချက်ချင်း မိုဘိုင်းအကောင့်နဲ့ ဝင်လာငွေကို စစ်ဆေးမယ်။ ငွေက သိန်း၂၀အောက်ဆို ချက်ချင်းရောက်တယ် ပြောပေမဲ့ အင်တာနက်လိုင်း က နှေးတော့ နာရီဝက်လောက် စောင့်ရပါတယ်။ ရောက်ရင် ATM ဆီ သွားထုတ်ရုံပါပဲ။ အဲ..ATM မှာ ၅သိန်အထိပဲ ထုတ်နိုင်တော့ တနေ့ ၃ခါပဲ ထုတ် ဆိုရင် ၅ငိန်း ၃ခါ ထုတ်ရတာ အခက်ခဲရှိပေမဲ့ ပြည်သူအများစုက တသိန်း ၂သိန်း ပဲ တလစာ သုံးကြတော့ အိုကေပါတယ်။ 
.
မိုဘိုင်းဖုန်းမှာ Online Statement သွင်းထုတ် စရင်းကို Pdf / Word file နဲ့ ကြည့်နိုင်တယ်။ အကောင်းဆုံး ဝန်ဆောင်မှုက မိုဘိုင်ဖုန်း နံပါတ်သိရင် Topup ချက်ခြင်း လုပ်ပေးနိုင်ပါတယ်။ ငွေဖြည့်ကပ် လိုက်ရှာဝယ်နေစရာ မလိုတော့ပါ။ 
.
.
မိုဘိုင်းဘဏ် အားနည်းချက်
မိုးရွာ လေကြီးဆို အင်တာနက်လိုင်းပျက်တယ်။ online fail ဖြစ်ရင် တခါတလေ တနေ့လုံး ဘဏ်ငွေလွှဲ မရောက်ဘူး။ ATM တွေကလဲ ခဏခဏ ပျက်နေတတ်တယ်။ မြန်မာတွေက Manual System ကိုယ်တိုင် ပိုက်ဆံကိုင်တွယ် ငွေသွင်း/ထုတ်ရတာ နှစ်သက်တော့ ငွေလွှဲ ရင် မှတ်ပုံတင်ပြပြီး ငွေထုတ်တဲ့ စနစ် နှစ်ပေါင်းများစွာ လုပ်နေဦးမှာပါပဲ။
.
တချို့ စင်ကာပူပြန် မြန်မာများ ဟိုမှာနေစဉ် အင်တာနက်ဘဏ် Internet Banking မလုပ်ဖူးပေမဲ့၊ စင်ကာပူမှာ Mobile Banking လုပ်ဖူးသူများ အဖို့တော့ မြန်မာနိုင်ငံမှာ မိုဘိုင်းဘဏ် လုပ်ဖို့ အခက်ခဲ မရှိပါ။ မြန်မာပြည်မှာပဲ နေထိုင်တဲ့ မျိုးဆက်သစ် အသက်၂၀ကျော် လူငယ်လေးတွေလဲ မိုဘိုင်းဘဏ် စနစ်ကို အလွယ်တကူ လုပ်တတ်ပါတယ်။ လဒ လို ငှက်မျိုး ကတော့ တခြားငှက်တွေထက် နှေးကွေး၊ မလှုပ်ရှားနိုင် ဖြစ်မှာပါ။ လဒ လို ငှက်မျိုး မဟုတ်ပဲ၊ လင်းယုန်လို ငှက်မျိုး၊ ခွပ်ဒေါင်းလို ငှက်မျိုး၊ ချိုးငှက်လို ငှက်မျိုး မျိုးဆက်သစ် မြန်မာလူငယ်များ ဖြစ်ကြပါစေ။ မိုဘိုင်းဘဏ် စနစ် Registration လုပ်တာတော့ အနည်းငယ် ခက်ပေမဲ့ နားလည်တဲ့ သူငယ်ချင်း မိတ်ဆွေကို အကူညီတောင်းရပါမယ်။ 
.
❤️
✔️🆗 ကျနော့် သုံးသပ်ချက်
ငွေလွှဲခြင်း၊ ငွေသွင်းငွေထုတ်ခြင်း အခကြေးငွေဟာ မြန်မာပြည်ရဲ့ ဘဏ်အားလုံး ဝင်ငွေရဲ့ ၇၀ရာနှုန်း ဖြစ်မယ်။ ကျန်၂၉ရာနှုန်း ဝင်ငွေက ချေးငွေ (အိမ်ခြံမြေဂရံ အပေါင်ဆုံး၊ အတိုးရ) တာပဲ။ ၁% လောက်ပဲ နိုင်ငံခြားငွေလဲ အမြတ်ဖြစ်မှာပါ။ 
========
မြန်မာတွေက ၅၀၀ကျပ်၊ တထောင်ကျပ် ဝန်ဆောင်ခ ပေးဖို့ လုံးဝ မတွန့်တိုဘူး။ 
...
ဥပမာ
KBZ ပုသိမ်ဘဏ်၁ မှာ အကောင့်ဖွင့်ထားပြီး KBZ ဘဏ်၂ ဘဏ်၃ ဘဏ်၎ တွေမှာ ငွေသွားထုတ်ရင် ဝန်ဆောင်ခ မ ၅၀၀ကျပ် ဖြတ်တယ်။ ငွေသွင်း ရင်လဲ ၅၀၀ကျပ်ဖြတ်တယ်။ ရန်ကုန်ကနေ (မိမိအကောင့်ကိုပဲ) ငွေသွင်း၊ ငွေထုတ် လုပ်ရင် ၁ထောင်ကျပ် ဖြတ်တယ်။ မြို့မတူလို့ တဲ့။ ATM သုံး ငွေလွဲရင် ၅၀၀ကျပ် ဖြတ်တယ်။  ၉၉% Customer တွေ ATM မသုံးနိုင်ပာ။
.....
နောက် ဘဏ်အကောင့် မရှိလဲ လူအမည်၊ မှတ်ပုံတင်နံပတ် သုံးပြီး ငွေလွှဲ ရင် တခါလွဲခ ကျပ်၁ထောင်အထက် (or) 0.025% ဖြတ်တယ်။ အခု နောက်ဆုံးပေါ် KBZ pay ဆိုတာ ၅၀% ပိုဖြတ်တယ်။ လွှဲရ လွယ်အောင် မြန်မာစတိုင် ငွေလွဲနည်း တီထွင်မှု ပါပဲ။ 
========
မြန်မာတွေက တောင်းစား သူတွေကို ၁၀၀ ၂၀၀ ပေးလှုဖို့ ဝန်မလေးသလို ဘဏ်က ၅၀၀ ၁၀၀၀ တောင်းတာလဲ ပေးကြ ပါတယ်။ ဌာနဆိုင်ရာ ကိုလဲ ၅၀၀၀ ၁၀၀၀၀ ပေးဖို့ ဝန်မလေးကြဘူး။ အလှုခံ အင်မတန်ပေါတဲ့ နိုင်ငံပဲ ဗျ။.✔️💯👀
.
.
နိဂုံး (မိုဘိုင်းဘဏ် နဲ့ ATM)
မိတ်ဆွေ တစ်ဦး ဘဏ်ကပ် လုပ်တာ ဘဏ်က လုံခြုံရေးကို အကူညီတောင်းပြီး Password အသစ် မှတ်ပုံတင်ရတယ်။ ပြီးတော့ သူ့ဘဏ်ကပ် နဲ့ Password ရေးထားတဲ့ စာရွက် ပိုက်ဆံအိတ်ထဲ အတူထည့်ထားတယ်၊ တလ ၁သိန်း လစာငွေ ဘဏ်ကို လစဉ် သွားသွင်းတယ်။ ဘဏ်စာအုပ်ကို Update မလုပ်ဘူး။ ၄လမြောက်မှာ ၄သိန်း ရှိမရှိ ဘဏ်မှာ စစ်ကြည့်တော့ ၄ကျပ်ပဲ ကျန်တာ တွေ့ရတယ်။ အကူညီ တောင်းလို့ ဘဏ်ကို လိုက်ပြီး မေးတယ်။ ATM ကနေ လစဉ် ၁သိန်း ထုတ်ယူနေတယ် ဆိုလို့ ဘဏ်က CCTV နဲ့ ဘယ်သူထုတ်သလဲ ဗွီဒီယို ကြည့်တော့ ..သူ့သမီး လောင်းကစားစွဲလမ်းနေတဲ့ အသက်၃၀ကျော် မိန်းကလေးက လစဉ် ATM သုံးပြီး ခိုးထုတ်နေတာကိုး။  သိပ်မသုံးတတ်ရင် မသုံးတာပဲ ကောင်းပါတယ်။ မိုဘိုင်းဘဏ် စနစ်နဲ့ မိမိဘဏ်ထဲက ပိုက်ဆံတွေ ဟက်ကာ Hacker က ထုတ်ယူသွားရင် ပြသနာပဲ။ ကိုယ့် ဆွေမျိုး အရက်သမား၊ ဆေးသမား၊ လောင်းကစားသမား ခိုးထုတ်မဲ့ ရန်ကိုလဲ သတိထားရပါမယ်။
 မြန်မာပြည် မိုဘိုင်းဘဏ် နဲ့ ATM စနစ်ပါ။
.
 𝐑𝐞𝐟: ဇော်အောင်FB :https://www.facebook.com/755653471/posts/10155934950643472?sfns=mo


Wednesday, 10 April 2019

၂၀၁၉ခုနှစ် ဧပြီလ( ၁၀)ရက် ဖရဲမှာရှမ်းသီးများအားကောင်းနေတဲ့အချိန်

၂၀၁၉ခုနှစ် ဧပြီလ( ၁၀)ရက်  ဖရဲမှာရှမ်းသီးများအားကောင်းနေတဲ့အချိန်ကာလပါ။

ရှမ်းပြည်ထွက်ဖရဲဆိုတာရှမ်းပြည်မြောက်ပိုင်း(၁၀၅)မိုင်ဈေးကွက်နဲ့အဝေးဆုံး(၁၅၀)မိုင်အနီးဆုံး(၂)မိုင်အတွင်းဒေသထွက်ဖရဲသီးများပါ။

ဆိုတော့လတ်ဆတ်မှု၊သယ်ပို့စရိတ်များတပန်းသာပါတယ်။ခားဆွတ်ပြီးအများဆုံး(၈)နာရီလောက်အတွင်းဈေးကွက်ကိုရောက်ရှိပါတယ်။အရည်အသွေးမီထုတ်လုပ်နိုင်မှုကလည်းအများစုကProfessional နည်းပညာရှင်တွေ။စပ်မျိုး ကိုင်းကူးနည်းပညာတွေသုံးနေကြတာ။တရုတ်နဲ့နီးစပ်တော့နည်းပညာအထောက်အပံ့ကောင်းတယ်။

ဒီကာလမှာအရည်အသွေးနဲ့သယ်ပို့စရိတ်ကွာဟတဲ့အဝေးနယ်ကဖရဲတွေဈေးကွက်မှာတိုးလို့မရတော့ပါဘူး။မန္တလေး ရန်ကုန်ကချင် နဲ့မွန် ကရင်ကဖရဲများချင့်ချိန်တွက်ဆပြီးမှတင်သင့်တယ်။ဈေးမရနိုင်တော့ပါ။



16တန်စီးပြတ်ဈေးများ

855ဖရဲကြား  20000-40000¥
လုပေါင်း     20000-40000
အဖြူသီး     20000-37000
ကျွန်းသီး     13000-18000

ဂျပ်ဖာများတန်ချိန်ဈေး…

ထဲန်ဝမ်AAA.    - 3500-3800¥
              A-AA -2500-3000¥ .
                B-C. -1800-2300


ရွှေသခွားဈေး(တ-န်ချိန်)-3500-8000¥
အခြားသခွား   - 3000-5500¥
(ရောင်းတန်းဝင်အရည်အသွေးများသာ)
ငွေဈေး1¥= 217ခန့်

ဝမ်တိန်ကွင်း 09401592776

Friday, 22 March 2019

ဗင်နီဇွဲလားရေ အကြွေးမဆပ်နိုင်ရင် ရွှေတွေ ရောင်းပစ်တော့မယ်' ဆိုတဲ့ Citi ဘဏ်ကြီး

☀️  'ဗင်နီဇွဲလားရေ အကြွေးမဆပ်နိုင်ရင် ရွှေတွေ ရောင်းပစ်တော့မယ်' ဆိုတဲ့ Citi ဘဏ်ကြီး ☀️



         ဗင်နီဇွဲလားကို ဆင်းရဲသွားအောင် ကြိုးကိုင်ခြယ်လှယ်သူကြီး သမ္မတ Nicolas Maduro တစ်ယောက် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို မရှုမလှခံနေရသည်။ အမေရိကန်က ဗင်နီဇွဲလားဆီက ရေနံ ကို မဝယ်တော့ပြီ။ ယခုလတွင် အမေရိကန်သို့ ဗင်နီဇွဲလားရေနံတင်ပို့မှုက သုည အမှတ်သို့ ကျဆင်းသွားပြီ ဖြစ်သည်။ 

         ထို့ အပြင် Maduro ရင်ဆိုင်နေရသော ပြဿ     နာ တစ်ရပ်ရှိသေးသည်။ ကမ္ဘာ့ထိပ်တန်းဘဏ်လုပ်ငန်းစုဖြစ်သော Citi Group မှ ဗင်နီဇွဲလား ချေးယူထားသော ဒေါ်လာ 1.6 ဘီလီယံကို ယခုလကုန်တွင် ပြန်မဆပ်နိုင်ပါက Citi Group တွင်ထားရှိသော ဗင်နီဇွဲလားရွှေများကို ရောင်းဖို့ အစီအစဉ်ရှိနေသည်။ ၂၀၁၅ ခုနှစ် ဧပြီလတုန်းက ဗင်နီဇွဲလား၏ စီးပွားရေးကျဆင်းခြင်း နှင့် ဟိုက်ပါအင်ဖလေးရှင်းတို့ မသောင်းကျန်းခင်ကာလတွင် ဘဏ္ဍာငွေ အကြပ်အတည်း ဖြစ်ပေါ် ခဲ့သည်။ ၄င်းအခြေအနေကို ဖြေရှင်းရန် Maduro က Citigroup တွင် ရွှေ ကို ထားပြီး ငွေသား ဒေါ်လာ 1 ဘီလီယံ လဲလှယ်ယူထားခြင်း ဖြင့် တိတ်တဆိတ် ဖြေရှင်းခဲ့သည်။ အပေါင်ထားသည့် သဘောပင်ဖြစ်သည်။


      ဗင်နီဇွဲလား ဗဟိုဘဏ်က ချေးငွေရရှိဖို့ အတွက် Citi တွင်  ရွှေတန်ချိန်ပမာဏ 1.4 သန်း အောင်စ ထားရှိပြီး အပေးယူလုပ်ထားခဲ့ကြောင်း ပြီးခဲ့သော လကတော့ ရိုက်တာ သတင်းဌာနက အင်တာဗျူးမှာ ထုတ်ပြောခဲ့သည်။ ယခုအခါ ဗင်နီဇွဲလားအနေဖြင့် ၄င်းငွေ အတွက် အတိုးများလည်းပေးစရာ ရှိနေသည်။ Citi က ၄င်းတို့ ရွှေများကို အရံစုဆောင်းမှု အနေဖြင့် ဆက်လက် ထိန်းသိမ်းထားလိမ့်မည် ဟု မျှော်လင့်ထားကြောင်းလည်း ပြောခဲ့သည်။ 

       ၂၀၁၅ တုန်းက Citi Group ၏ Citibank နှင့် သဘောတူညီချက်အရ ဗင်နီဇွဲလားက ၂၀၁၉ ခုနှစ်မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ပေးဆောင်ရမည် ဖြစ်သည်။ ယခုအခါ Citibank ကို ဗင်နီဇွဲလားဗဟိုဘဏ်က ငွေ မလွှဲပေးသေးပေ။ ရိုက်တာ သတင်းဌာနမှ ထုတ်ဖော်ချက်အရ Citibank ကတော့ အာမခံ အဖြစ်ယူထားသော ရွှေများသည် ယခုဈေးကွက်ပေါက်ဈေး အရတွက်လျှင် ဒေါ်လာ 1.358 ဘီလီယံခန့် တန်နေပြီ ဖြစ်သောကြောင့် ၄င်းတို့ ချေးပေးထားသော ငွေကို ထေကာမိရန်အတွက် ထုတ်ရောင်းဖို့ စီစဉ်နေကြောင်း သိရသည်။ 

         Maduro ကတော့ ယခုလ အစောပိုင်းတုန်းကတောင် UAE မှ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဖြစ်သော Abu Dhabi Capital သို့ ဗင်နီဇွဲလား ဗဟိုဘဏ်ပိုင်ဆိုင်မှု ထဲမှာ ရွှေ ၃ တန် ကို ဖဲ့ထုတ်ရောင်းလိုက်သေးသည်။ သို့သော်လည်းပဲ ယခုအခါ တိုင်းရေးပြည်ရေးမငြိမ်သက်သောကြောင့် ရောင်းဝယ်မှုများ ထပ်မံ လုပ်ဆောင်ဖို့ ခက်ခဲနေပြီ ဖြစ်သည်။ 

         ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Guaido ကတော့ ဗြိတိသျှ အာဏာပိုင်များကို Maduro ဆီက ရွှေ များလက်သင့်မခံတော့ရန် တောင်းဆိုးထားသည်။ အင်္ဂလန်ဗဟိုဘဏ် (BOE)တွင် Maduro အစိုးရ၏ ရွှေ တုံး ဒေါ်လာ 1.2 ဘီလီယံဖိုး လက်ဝယ်ထားရှိထားသည်။ ယခုအခါ အင်္ဂလန်ဗဟိုဘဏ်က Maduro ၏ တောင်းဆိုချက်များကို ရွှေ ဖြင့် လျှော်ပစ်ရန် သဘောမတူကြောင်း ပြောကြားထားသည်။ 

         ဗင်နီဇွဲလားသည် ၂၀၁၇ ခုနှစ် အထိ ကမ္ဘာ့ရေနံ အရံသိုလှောင်ထားရှိမှု နံပါတ်တစ်နေရာ တွင် ရှိနေခဲ့သည်။ ၂ နှစ်အတွင်း အဝီစိဆင်းရဲတွင်းထဲ သို့ဇောက်ထိုးကျလာခဲ့သည်။ တိုင်းပြည် တစ်ပြည်၏ အနာဂတ်သည် ခေါင်းဆောင်အပေါ် များစွာ မူတည်သည်။ ယခင်က အနောက်အုပ်စုတွင် အကောင်ဖြစ်ခဲ့သော ဗင်နီဇွဲလား၏ အဖြစ်ကို သင်ခန်းစာယူသင့်ပေသည်။ 





Monday, 18 March 2019

Customer ဆီကရော နိုင်ငံတော်ဆီကရော လိမ်ပြီး အခွန်ငွေတွေ ခိုးလိုက်တဲ့ The Myst


(ဒါ ကျနော်က ကိုယ်မိလာတဲ့ဆိုင်ကို သာဓကထား ပြောပြတာပါ။ဒီဆိုင်ကို မုန်းလို့ မဟုတ်ပါဘူး။ဒီလိုဆိုင်တွေ ဘယ်နှဆိုင်လောက်တောင် ရှိနေမလဲ။ ကိုယ့်နိုင်ငံအကျိုးအတွက် လူထု သတိထားမိအောင် ဝိုင်းshareပေးကြပါ။)

စိတ်မကောင်းစရာတစ်ခု ပြောပြရဦးမယ်။ ကျနော် အရမ်းကြိုက်တဲ့ မန္တလေးက The Myst Shisha Loungeu မှာ ဖြစ်သွားခဲ့တာပါ။ ပထမဦးစွာ ကျနော်ဟာ ဟိုးးးးးးအရင် ဆေးကျောင်းသားဘဝကတည်းက The Mystမှာ အမြဲထိုင်လေ့ရှိတဲ့ Customer ပါ။ သူ့ဆိုင်မှာ ထိုင်ရတဲ့Feelingနှင့် သူ့Shishaကို ကြိုက်လွန်းလို့ပါ။ အခုတော့ နောက်ဘယ်တော့မှ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ။

ပထမဆုံးစဖြစ်ခဲ့တာ ကျနော်ဘွဲ့ယူတဲ့အထိမ်းအမှတ် သူငယ်ချင်းတွေကို ပြုစုတဲ့နေ့ကပေါ့ (Marchလ ၁ ရက်နေ့ညပါ။ Bill ရှင်းတာတော့ 2.3.2019 1:30Amပေါ့) အဲ့ညကျ ကျနော်တို့သောက်တာ စုစုပေါင်း ၁သိန်းခွဲလောက်ကျတော့ Taxက ၇ထောင်ကျော်ကျတာပေါ့။ ရတယ် Okay ကိုယ်တွေဆိုတာ အခွန်ကောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုသိနေလို့ အခွန်ဆောင်ရမှာ မကြောက်ပါဘူး။ ဒါပေမယ့် သူတို့ အခွန်တံဆိပ်ခေါင်း ကပ်ပေးထားတာက ၁၃၀၀ဖိုးတည်း (၁၀၀တန် တံဆိပ်ခေါင်းလေး ၁၃ ခု)

ကျနော်က အမြဲလိုလို ဘယ်ဆိုင်ထိုင်ထိုင် တံဆိပ်ခေါင်းအမြဲစစ်တယ်။ ပြီးရင် အဲ့တံဆိပ်ခေါင်းကို ၂ခါပြန်သုံးလို့မရအောင် ဖြဲပစ်ခဲ့တဲ့အကျင့်ရှိတယ်။ အဲ့တော့ တံဆိပ်ခေါင်းစစ်တော့ ၇ထောင်ကျော်ကို ၁ထောင်ကျော်ပဲကပ်ထားတာ မတော်တဆမှု လုံးဝမဖြစ်နိုင်ဘူး။ ကြားထဲက တမင်ခိုးလိုက်တာပဲ။

အဲ့မှာ ကျနော်သောင်းကျန်းတော့တာပဲ ကျနော် မန္တလေးကို ဘွဲ့လာယူနေစဉ်၃ရက်အတွင်းမှာပဲ သူ့ဆိုင်မှာ ညတိုင်း ကျနော်အားပေးခဲ့တဲ့ငွေဟာ ၃,၄သိန်းအထက်မှာရှိပါတယ်။ ဒီလို ညတိုင်းလာပြီး မျက်မှန်းတန်းမိနေတဲ့ Customer အပေါ်တောင် ဒီလိုလုပ်ရဲရင် အခြားလူတွေအပေါ်လည်း သူတို့လုပ်မှာပဲ။

ဒါ ပထမတစ်ခါတုန်းက သူတို့ကို ဆူခဲ့ပြီး နောက်မလုပ်ဖို့ မှာခဲ့ပါတယ်။ ခုလို Facebookကြီးမှာ တင်ပစ်ဖို့ကလည်း သူများစီးပွားရေးကို မဖျက်ဆီးချင်ဘူးလေ။

ဒါပေမယ့် မနေ့ညက နောက်တစ်ခါ ထပ်လုပ်ပါတယ်။ ဒုတိယပုံမှာကြည့်ပါ။ ၂ ထောင်ကျော် ကောက်ထားတဲ့ Taxကို ၁၂၀၀ဖိုးပဲ ကပ်ထားတယ်လေ။ ထပ်ခိုးပြန်ပြီ။၁၀၀၀တန် တံဆိပ်ခေါင်း ၅၀၀တန် တံဆိပ်ခေါင်းတွေ ရှိလျက်သားနဲ့ ၁၀၀တန်လေးတွေ အများကြီးကပ်ပြီး မျက်စိရှုပ်အောင် လုပ်ထားတာပါ။

ဒါပေမယ့် ကျနော့်လိုကောင်က ဘယ်လိုကပ်ထားထား အမြဲသေချာစစ်တယ်လေ။ တွေ့သွားတယ်။ ဒီတစ်ခါ ဘာမှမပြောတော့ဘူး။ တိတ်တိတ်ကလေးပဲ ဓာတ်ပုံရိုက်လာပြီး အားလုံးသိအောင် ခုလို ဖွင့်ချရခြင်းဖြစ်ပါတယ်။

ထူးခြားတာတစ်ခုက ၂ခေါက်လုံး အပေါ်ထပ်မှာထိုင်မှပဲ ဖြစ်တာပါ။ အောက်ထပ်မှာ ထိုင်တုန်းက မဖြစ်ဖူးပါဘူး။ ဒီ Post ကို ဆိုင်ရဲ့ တာဝန်ရျှသူ တစ်ယောက်ယောက် မြင်သွား ခဲ့မယ်ဆို အပေါ်ထပ်ကို သတိပြုစေချင်ပါတယ်။ ကျနော်ဘာကြောင့် ဒီတံဆိပ်ခေါင်းလေးကို သဲသဲလှုပ်ဖြစ်နေရသလဲ ကျနော်တွက်ပြမယ် သေချာဆက်ဖတ်ပါ။

ဒီလိုပါ နိုင်ငံတော် စားသုံးသူက အခွန်ဆောင်ရင် အခွန်တံဆိပ်ခေါင်းကပ်ပေးမှ နိုင်ငံတော်ကို အခွန်ငွေတွေရောက်ပါတယ်။ ဒီတံဆိပ်ခေါင်းတွေကို အခွန်ရုံးမှာ သတ်မှတ်ထားတဲ့ ဈေးအတိုင်း ဆိုင်က ပြန်ဝယ်ရတာလေ။

ဥပမာ – ၁၀၀၀တန် အခွန်တံဆိပ်ခေါင်းကို အခွန်ရုံးမှာ ငွေ ၁၀၀၀ နှင့် ဝယ်ပြီး ကျနော်တို့ Tax ၁၀၀၀ ကျရင် ၁၀၀၀ ကပ်ပေးရတာလေ။ အဲ့တော့ အခွန်တံဆိပ်ခေါင်းတွေဟာ ဘယ်အခွန်ဦးစီး ဘာညာသာရကာမှ မဖြတ်ရလို့ ၁၀၀ ဆို၁၀၀ ကိုယ်ဆောင်သမျှ ကပ်ပေးသလောက် နိုင်ငံတော်ဘဏ္ဍာတိုက်ကို အတိအကျ မပျက်မယွင်း ရောက်လို့ ဆောင်ရတာ အတန်ဆုံးအခွန်ပါ။

အခု သူတို့က ၇၀၀၀ ကျော် ကျတာကို ၁၃၀၀ ဖိုးပဲ ကပ်ပေးတာဆိုတော့ ကြားထဲက ၅၇၀၀ ခိုးထားလိုက်ပြီလေ။ ကျနော်ကလည်း ပေးလိုက်ရတယ်။ နိုင်ငံတော်ကလည်း မရဘူး။သူက ကြားထဲက ခိုးထားလိုက်တာ ၅၇၀၀။ ဒီလို တစ်ဝိုင်းကို ပျှမ်းမျှခြင်း ၅၀၀၀ လောက်ခိုးရင် တစ်ညကို သူ့ဆိုင်မှာ အနည်းဆုံး ဝိုင်း ၄၀ လောက်ရှိပါတယ်။ ဒါဆို ခိုးယူငွေ ၂ သိန်းလောက်ရနေပြီလေ။ တစ်ည ၂ သိန်း တစ်လကို သိန်း ၆၀။ တစ်နှစ်ကို သိန်း ၇၀၀ ကျော် ခိုးနေတာပါ။

ဒီလို ဘားမှာ လာသောက်ကြပြီ ဆိုမှတော့ အားလုံးက မူးနေကြတာလေ။ ကျနော့်လို Tax စစ်မယ့်လူ ဘယ်နှယောက် ပါမယ် ထင်သလဲ။

အခြားမြို့က လူတွေထက် မန္တလေးသူ မန္တလေးသားတွေက အခွန်ငွေရဲ့ အကျိုးကျေးဇူးကို ပိုသိကြမှာပါ။ အခု မန္တလေးမြို့ကြီးတိုးတက်လာတာ နေ့ချင်းညချင်းမဟုတ်ပါဘူး။ မြို့တော်ဝန် ဦးရဲလွင်အစိုးရ တက်လာခါစက ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ပိုက်ဆံမရှိဘူးလေ။ အခွန်တွေကောက်ပြီးမှ ဒီအခွန်ငွေတွေနင့် လမ်းတွေခင်း မီးတိုင်တွေစိုက် လုပ်ပေးနိုင်တာလေ။ ရှင်းရှင်းပြောရရင် ကျနော်တို့ အခွန်ဆောင်ထားတဲ့ ကျနော်တို့ပိုက်ဆံတွေနှင့် အခုလို လုပ်ပေးနိုင်တာပါ။ ဘယ်နိုင်ငံ ဘယ်ဖန်ဆင်းရှင်ကမှ လာလုပ်ပေးသွားတာမဟုတ်ဘူး။ အခုလို ကြားထဲက ဖြတ်ခိုးတဲ့ သူခိုးရှိနေရင် ကျနော်တို့ ရပိုင်ခွင့်တွေ မီးတိုင်တွေ လမ်းတွေ ဘယ်ကပိုက်ဆံနှင့် ဆောက်ကြမလဲ။

ကျနော်တွက်ပြမယ်။ ခုနက တွက်ပြတဲ့အတိုင်း ဒီတစ်ဆိုင်ထဲက တစ်နှစ်ခိုးငွေ သိန်း၇၀၀ ဆို မီးတိုင် အတိုင်၇၀ စိုက်လို့ရပါတယ်။ မီးသတ်ကားတစ်စီး ဝယ်လို့ရပါတယ်။ အမှိုက်သိမ်း ၃ဘီးယာဉ် အစီး၂၀ကျော် ဝယ်လို့ရပါတယ်။

ဒီဆိုင်က ကျနော့်လို သတိထား စစ်တတ်တဲ့သူနှင့်တွေ့သွားလို့ ပေါ်သွားပေမယ့် ဒီလို ခိုးနေတဲ့ ဆိုင် ဘယ်နှဆိုင်ရှိမလဲ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ကျနော် ဒီနေရာကနေ အားလုံးကို ကိုယ်စားသောက်ပြီး Billရှင်းတဲ့အခါ။ အခွန်တံဆိပ်ခေါင်း သေချာစစ်ဖို့ရယ် အဲ့တံဆိပ်ခေါင်းကို ပြန်သုံးမရအောင် သေချာဖြဲပစ်ခဲ့ဖို့ရယ် တိုက်တွန်းရင်း ပြည်သူ့ဘဏ္ဍာငွေကို ခိုးယူတဲ့ The Myst Shisha Lounge ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

PS ကျနော့် Post ကို share ရုံပဲ မ Share ပါနဲ့။ share လည်း share copy လည်း ယူထားပေးကြပါ။ ကျနော့်အကောင့် Report အထုခံရရင် ကျနော့်အကောင့် ပျက်မှာထက် ဒီစာလေးတွေ ပါသွားမှာ ပိုစိုးရိမ်လို့ပါ။

Source : Kyaw Wai Yan Phyo FB:http://wunyan.com/?p=19616

တရုတ်ပြည်နွားမွေူးမြူရေး

ရွှေလီက မိတ်ဆွေတစ်ယောက်က နွားအရောင်းအဝယ်လုပ်ဖို့ လုပ်နေတယ်။ မြန်မာပြည်ကလာတဲ့ နွားတွေ ဝယ်ပြီး ဝအောင်ကျွေးမယ်။ ရောင်းမယ်ပေါ့။ သူ့ခြံကို လာလည်ဖို့ ခဏခဏခေါ်နေတာ။

၂၃-၉-၂၀၁၈ ရက်နေ့က ကျယ်ဂေါင်ရောက်တုန်း ဖုန်းဆက်လိုက်တော့ လာကြိုတယ်။
သူ့ခြံကို ခေါ်သွားပြတယ်။ ကျယ်ဂေါင်-ရွှေလီ လုံတောင်းလမ်းဆုံကနေ ၁၀ မိနစ်လောက် ကားမောင်းရတယ်။

ခြံကကိုယ်ပိုင်မဟုတ်ဘူး။ အစိုးရခြံ။ ၂ ဧကလောက်ခြံထဲမှာ နွား အကောင် ၃-၄၀၀ ကျွေးနိုင်တဲ့ နွားတဲ ကွန်ကရစ်ခင်း သံဖရိမ် နဲ့ ဆောက်ထားတယ်။ အလုပ်သမားနေဖို့ အိမ်ပါတယ်။ အစာလှောင်ကန်တွေပါတယ်။ အစာနုလှောင်ဖို့နဲ့ ပိုင်ရှင် နေဖို့ နွားဝယ်တဲ့သူတွေလာရင်နားဖို့ အတွက် အဆောက်အဦ ၁ လုံးပါတယ်။

၁ နှစ်ကို မြန်မာငွေ သိန်း ၄၀၀ နဲ့ ၁၀ နှစ် စာချုပ် တစ်နှစ်ချင်းပေး ငှားပေးတာ။ လုပ်ငန်းအောင်မြင်ရင် တိုးချဲ့ဖို့ မြေလွတ်တွေ ထပ်လိုချင်ရင် လိုသလောက် ရနိုင်သေးတယ်

နွားတွေ ခြံထဲရောက်ရင် သူတို့ မွေးမြူရေးဌာနကို ခေါ်လိုက်။ ၁ ကောင်းချင်းစီကို QR Code ပါတဲ့ ear tag တွေ လာရိုက်ပေးပြီး၊ ကာကွယ်ဆေး၊ အားဆေး၊ တွေ ထိုးပေးမယ်။ အခမဲ့ လို့ပြောတယ်။

၂၁ ရက်ပြည့်ရင် နောက် ၁ ခေါက်ပြန်လာပြီး တစ်ကောင်ချင်းစီအတွက် certificate တစ်ရွက်ပေးမယ်။ အဲဒီစာရွက်ပါရင် တရုတ်တစ်ပြည်လုံးကို သယ်ဆောင်ခွင့်ရပြီ။

လမ်းမှာစစ်ဆေးခဲ့ရင်လည်း QR code scanner နဲ့ scan လုပ်ပြီး စာရွက်နဲ့ ကိုက်မကိုက်ပဲကြည့်မယ်။ Commercial tax မရှိဘူး။

စကားပြောရင်း နမ့်ခမ်း နယ်စပ် တရုတ်ပြည်ဘက်ခြမ်း လုံတောင်းမှာ နိုင်ငံတကာအဆင့်မီ သားသတ်ရုံ တစ်ရုံ တည်ဆောက်နေတဲ့ အကြောင်းရောက်သွားတယ်။

ကျွန်တော် ကြားထားတာ အဲဒီရုံက ၁ ရက်ကို နွားကောင်ရေ ၈၀၀ သတ်မယ်။ နွားတစ်ကောင် သတ်ခုံပေါ်ရောက်ပြီး ၂ နာရီအတွင်း အသားအမျိုးအစားအလိုက်ခွဲပြီး အေးခဲခန်းထဲ ဂျပ်ဖာတွေနဲ့ရောက်သွားမယ်။ အဲဒီကနေ တွဲကားတွေနဲ့ တရုတ် တစ်ပြည်လုံးကိုသွားမယ်။

တရုတ်သူဌေးပြောတာ အစတုန်းက ၁ ရက်ကို အကောင်ရေ ၈၀၀ လျာထားတာဟုတ်တယ်။ ၁ နှစ်ကို ကောင်ရေ သုံးသိန်း ဝန်းကျင်။ အခုက ၁ နှစ်ကို အကောင်ရေ ၅ သိန်းလောက် နဲ့ တွက်ပြီးဆောက်နေတာတဲ့။

အဲ့လောက်ကုန်ကြမ်း မရရင် ခက်ပြီ အများကြီး ရင်းနှီးမြှုပ်နှံထားပြီးမှ။ မြန်မာဘက်က နွားတွေ ရှားကုန်မှာပေါ့။ ပို့စရာ ကုန်သွားမှာပေါ့။ အဲ့လိုဖြစ်ရင် ဘယ်လိုလုပ်မလဲ လို့မေးကြည့်တာ။

တရုတ်သူဌေးက တရုတ်ပြည်ဘက်က အသေအချာ ဆာဗေး လုပ်ပြီးသား မြန်မာပြည်ရဲ့ လက်ရှိ စိုက်ပျိုးမြေ အကျယ်စုစုပေါင်း၊ တစ်နှစ်ထွက်ရှိတဲ့ စိုက်ပျိုးရေး ဘေးထွက်ပစ္စည်း (ကောက်ရိုး၊ ကြံရွက်၊ ပြောင်းဖူးပင်၊ ပဲပင်) နွားစာ စိုက်ပျိုးရေး အသုံးချနိုင်တဲ့ အသုံးမပြုတဲ့မြေ နဲ့ ရေ အရင်းအမြစ်။
တစ်နှစ် ထွက်မယ့် နွားစာ တန်ချိန် ဘယ်နှစ်သန်း၊ မွေးမြူနိုင်မယ့် နွားကောင်ရေ၊ တစ်နှစ်ကို ရောင်းထုတ်နိုင်မယ့် အကောင်ရေတွက်ချက်ပြီးသားရှိတယ်။ စွမ်းအားပြည့် လုပ်နိုင်ရင် မြန်မာပြည်ကနေ တစ်နှစ်ကို နွားကောင်ရေ ၆ သန်း အထိ တင်ပို့နိုင်မယ်။ အခု တရုတ်ပြည်က ရည်မှန်းတဲ့ ပထမ အဆင့်က တစ်နှစ်အကောင်ရေ ၅ သိန်းပဲ ရှိသေးတာ။
အသာလေးထုတ်နိုင်တာပေါ့ ဘာလို့မထုတ်နိုင်ရမလဲ တဲ့။ တရုတ်ဘက်ကနေ မွေးမြူရေး နည်းစနစ်၊ စက်ယန္တရား၊ အရင်းအနှီးတွေထောက်ပံ့မယ်။ တစ်နိုင်တစ်ပိုင်ကနေ အကောင်ရေ သောင်းချီအထိ အရွယ်ပမာဏ အမျိုးမျိုးအတွက် အကောင်းဆုံးပုံစံတွေ ပညာပေး ပို့ချမယ်တဲ့။

အစတုန်းက ဒီပို့စ်ကို ရေးတင်ဖို့ စိတ်မကူးပါဘူး။ ကိုယ်ကြားခဲ့တဲ့ ကိစ္စတစ်ခု တရုတ်တွေရဲ့ဆာဗေး စွမ်းရည်၊ စီမံကိန်း၊ တွက်ချက်နိုင်မှု လုပ်ရည်ကိုင်ရည်ပေါ့။

ဒါပေမယ့် တရုတ်တွေ သိသလို မြန်မာပြည်ရဲ့ production power, available resources တွေကို မသိတဲ့ မြန်မာပြည်ကနိုင်ငံရေးသမားတွေက နွားတွေ ကုန်သွားမှာပေါ့ ဆိုတာလေး ဖတ်မိလို့ ဒါကို ချရေးလိုက်ပါတယ်။
ကိုယ့်ဆီက animal census data ရယ် available resources ရယ် လောက်ကို သိရင်ပဲ ဒီကိစ္စက အားပေးရမှာလား ပိတ်ပင်သင့်သလား သိရမှာပေါ့။

တရုတ်ပြောသလိုဆိုရင် တရုတ်ပြည်ပို့ရုံမက မလေး နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေတောင် ဈေးကွက်ရှာပြီး ပို့သင့်တယ်။

Thursday, 14 March 2019

ပြည်တွင်းကုမ္ပဏီတွေထက် ပြည်ပကုမ္ပဏီဝန်ထမ်းတွေရဲ့လစာ သုံးဆခန့်ပိုများနေ





Zawgyi ဖြင့်ဖတ်၇န်

ပြည်တွင်းကုမ္ပဏီတွေမှာအလုပ်လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေနဲ့ နိုင်ငံတကာကုမ္ပဏီဝန်ထမ်းတွေရဲ့လစာက သုံးဆနီးပါးကွာဟချက်ရှိနေတယ်လို့ အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ jobnet.com.mm က သတင်းထုတ်ပြန်လိုက်ပါတယ်။








Unicodeဖြင့်ဖတ်ရန်

ပြည်တွင်းကုမ္ပဏီတွေမှာအလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေနဲ့ နိုင်ငံတကာကုမ္ပဏီဝန်ထမ်းတွေရဲ့လစာက သုံးဆနီးပါးကွာဟချက်ရှိနေတယ်လို့ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိိုဒ်တစ်ခုဖြစ်တဲ့ jobnet.com.mm က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီစစ်တမ်းကို မြန်မာနိုင်ငံကကုမ္ပဏီတွေရဲ့လူ့စွမ်းအားအရင်းအမြစ်ဌာနမှာ လုပ်ကိုင်နေတဲ့သူပေါင်း ၃၀၀ ကျော်ကို စစ်တမ်း ကောက်ယူ ခဲ့တာဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီမှာ လုပ်နေတဲ့သူတွေရဲ့ ညွှန်ကြားရေးမှုးနဲ့ အထက်ရာထူးတွေက တစ်လကို ကျပ်သိန်း ၅၀ နီးပါး ရရှိနေကြပြီး ပြည်တွင်း ကုမ္ပဏီတွေမှာတော့ လစာသိန်း ၂၄ သိန်းဝန်းကျင်ပေးထားပြီး နိုင်ငံတကာကုမ္ပဏီတွေမှာ မန်နေဂျာအဆင့်ရာထူးတွေက လစာသိန်း ၂၀ နီးပါးနဲ့ ပြည်တွင်းကုမ္ပဏီတွေကတော့ လစာ ၁၂ သိန်းဝန်းကျင်သာရရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာကုမ္ပဏီတွေမှာ အလုပ်စတင်ဝင်တဲ့သူတွေကို ကျပ် ၅ သိန်းဝန်းကျင်ပေးပေမယ့် ပြည်တွင်းကုမ္ပဏီတွေကတော့ ၃ သိန်းဝန်းကျင်သာပေးတယ်လို့ ဆိုပါတယ်။

play

“မြန်မာနိုင်ငံရဲ့ပွင့်လင်းမြင်သာမှုတွေနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ဝင်ရောက်လာတာကြောင့် နိုင်ငံတကာကုမ္ပဏီတွေ တော်တော်များလာာပါတယ်။ အဲ့ဒီကုမ္ပဏီတွေက ပြည်တွင်း မှအလုပ်အကိုင်အခွင့်အလမ်းတွေကို အများကြီး ဖန်တီးပေးပါတယ်။ စစ်တမ်းတွေအရ နိုင်ငံတကာကုမ္ပဏီတွေက လုပ်ငန်းကျွမ်းကျင်ပြီး ဘာသာစကားကောင်းကောင်းရရင် လစာငွေအများကြီးပေးဖို့ ဝန်မလေးဘူးဆိုတာ သိသာပါတယ်”လို့ Jobnet.com.mm ရဲ့ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca က ပြောပါတယ်။

လုပ်ငန်းနယ်ပယ်အလိုက် လစာကွာခြားမှုတွေအနေနဲ့ အင်ဂျင်နီယာ၊ နည်းပညာပိုင်း နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်းအထိ၊ IT/Software & Hardware နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၈၁ ရာခိုင်နှုန်းအထိ၊ မီဒီယာနဲ့ မားကတ်တင်းနယ်ပယ်တွေမှာာ ပျမ်းမျှလစာ ၅၂ ရာနှုန်းအထိ၊ Sales and Business Development နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်းအထိ နိုင်ငံတကာကုမ္ပဏီဝန်ထမ်းတွေက ပြည်တွင်းကုမ္ပဏီဝန်ထမ်းတွေထက် လစာနှုန်းထားပိုရနေတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။
Credit: Duwun

Tuesday, 12 March 2019

ဝမ်းနည်းစရာက ပြောတဲ့ ဝန်ကြီးက မြန်မာပြည်ကမဟုတ်ဘူး😁

ဝန်ကြီးကဒီလိုပြောတယ် ဝမ်းသာစရာပဲ!
ဝမ်းနည်းစရာက ပြောတဲ့ ဝန်ကြီးက မြန်မာပြည်ကမဟုတ်ဘူး😁


မလေးရှားနိင်ငံ က Miss Yeo Bee Yin (Minister of MESTECC) ပြောသွားတာလေး သဘောကြလို ပြန်ပြီး တင်ပေးလိုက်တာပါ။ 
သူဘာပြောသွားသလဲဆိုတော့... 

(အရင်တုန်းကဆိုရင် မင်းတို့ လုပ်ငန်းရှင်တွေထဲက ဒီပွဲမျိုးကို တက်လာလျှင် မင်းတို့ လုပ်ငန်းတွေရဲ့ မင်တို့ နာမည်နဲ့ လိပ်စာကဒ်ပြားတွေ နဲ့ မင်းတို့ရဲ့ လုပ်ငန်းအတွက် ကမ်းလှမ်းမယ့် စာရွက်တွေ မင်းတို့နဲ့အတူပါလာတာ အကြောင်းအရာတခုဖြစ်မယ်ဆိုတာငါသိနေပါတယ်။ 

ဘာမှမစိုးရိမ်ပါနဲ့ မင်းတို့ ကမ်းလှမ်းမယ့် လုပ်ငန်းတွေအတွက် စာများနှင့် မင်းတို့ရဲ့ လုပ်ငန်းကဒ်ပြားတွေအတွက် တင်ပေးရမည့်နေရာရှိနေပါတယ်။

ဒါပေမဲ့ မင်းတို့ ငါ့ကိုလူခြင်းမတွေ့ရလို့တော့ မစိုးရိမ်ကြပါနဲ့၊ ပြီးခဲ့တဲ့ အချိန်က မင်းတို့တွေ အစိုးရရဲ့ ပရောဂျက်တွေ ရဘို အစိုးရဝန်ကြီးတွေကို ရင်းနှီးထားဘို့ အရေးကြီးတယ်ဆိုတာငါသိပါတယ်။ 

အခုမင်းတို့ကိုငါ ဝန်ကြီးတယောက်အနေနဲ့ ပြောခြင်တာက မင်းတို့ငါ့ကို သိစရာ ရင်းနှီးစရာမလိုဘူး၊ မင်းတို့သိထားရမှာက မင်းတို့အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာပါပဲ။ 

ငါ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေတောင်မှ ငါ့ကို စွမ်းအင်ဝန်းကြီး ရာထူးခန့်အပ်ပြီးနောက်ပိုင်း ဖုန်းဝိုင်းခေါ်ကြပါတယ်၊ ငါသူတို့ကိုပြောလိုက်ပါတယ် မဟုက်ဘူး မင်းတို့ မြို့တော်ခန်းမ ကိုပဲလာကြပါ။

ဘာကြောင့်လဲဆိုတော့ ငါ့ကို မင်းတို့ရင်းနှီးလို့ မင်းတို့အတွက် ဘာအကျိုးအမြက်မှ ရလာမှာမဟုက်သလို ဘယ် အစိုးရ ပရောဂျက်ကိုမှ ရလာမှာမဟုက်ပါဘူး။ 

အဲ့ဒီလှို့ဝှက်ချက်ကိုငါပြောပါ့မယ် ငါက တင်ဒါလူကြီးမဟုက်ဘူးဆိုတာပါပဲ။ 

မင်းတို့သိထားရမှာက မင်းတို့ အလုပ်ကို ဘယ်လိုလုပ်ရမယ်၊ အစိုးရ အလုပ်ဆိုတာ စီးပွားရေး လုပ်ငန်းတွေ လုပ်နေတာမဟုက်ဘူးဆိုတာသိထားရမယ်။ 

အစိုးရ အလုပ်ဆိုတာ သေသပ်လှပတဲ့ ပါတ်ဝန်းကျင်တခုကို ငါတို့နိင်ငံမှာ ဖန်တီးဘို့ပဲ။ ပြီးတော့ မင်းတို့လို စီးပွားရေးလုပ်ငန်းရှင်တွေ အပြိုင်အဆိုင်ကြိုးစားလာအောင်ဖန်တီး ဘို့ပဲ။ ဒီအလုပ်တွေဟာ ငါဝန်ကြီး တယောက်အနေနဲ့ လုပ်ရမယ့် အလုပ်တွေဖြစ်ပါတယ်။ 

မင်းတို့တွေ စိတ်တော့ မညစ်ကြပါနဲ့) 

**** ကျနော်တို့ နိင်ငံမှာ အခုလို ပြောပြပေးတဲ့ ဝန်ကြီးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ***

Monday, 11 March 2019

Yangon Town Hall Meeting

ရန်​ကုန်​မြို့သစ်​စီမံကိန်းနှင့်​ စပ်​လျဉ်း၍ နည်းပညာပိုင်းဆိုင်​ရာ ​နှီးနှောဖလှယ်ပွဲ

 
 

ရန်​ကုန်​မြို့သစ်​စီမံကိန်းနှင့်​ စပ်​လျဉ်း၍ နည်းပညာပိုင်းဆိုင်​ရာ ​နှီးနှောဖလှယ်ပွဲ
23 September 2018 (Sunday)
မာနိုင်ငံအင်ဂျင်နီယာအသင်း။
Function Hall၊ တတိယထပ်၊
မြန်မာနိုင်ငံ

ရန်ကုန်မြို့သစ်စီမံကိန်း ဆွေးနွေးပွဲ (NYDC Town Hall 1)

  
 
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) မှ ပထမဦးဆုံး ကျင်းပပြုလုပ်သော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ ပါဝင်ဆွေးနွေးသူများ 
  1. ဦးသိမ်းဝေ@ Serge Pun (Vice Chairman and CEO, NYDC Co.,Ltd.) 
  2. ဦးခိုင်ဝင်း (Founder and Director, Sandhi Governance Institute) 
  3. ဦးရဲမြတ်သူ (MCDC, Founder/Managing Director - Alpha Mandalay Co.,Ltd.)
  4. ဦးဇေယျသူ (Managing Director/Deputy Chief Editor ,The Voice Journal) Moderator - 
  5. ဦးအောင်ချစ်ခင် (Founder and Managing Director, Strategy First Institute )
 နေ့ရက် - ဇွန်လ (၂၃) ရက် ( စနေနေ့) အချိန် - နံနက် (၉) နာရီ မှ (၁၂) နာရီထိ နေရာ - မင်္ဂလာခန်းမ၊ UMFCCI မင်းရဲကျော်စွာလမ်း။


ရန်ကုန်မြို့သစ်စီမံကိန်း ဆွေးနွေးပွဲ (NYDC Town Hall 2)


  


မ နေ့ က ( ၆ ၊ ၃ ၊ ၂၀၁၉ ) ရန် ကုန် မြို့ သစ် နဲ့ ပတ် သက် ပြီး သိ လို တာ တွေ ကို မေး ဖို့ တာ ဝန် ခံ ဦး သိမ်း ဝေ က သ တင်း စာ ရှင်း လင်း ပွဲ NYDC Town Hall 2 ကို လုပ် ခဲ့ တယ် ။
 စိတ် ပါ ဝင် စား ပြီး မေး ခွန်း မေး လို သူ တွေ အ များ အ ပြား တက် ရောက် ခဲ့ ပြီး မေး ခွန် တွေ မေး ခဲ့ ကြ ပေ မယ့် လူ စုံ အောင် မေး ခွင့် မ ရ ခဲ့ ကြ ဘူး ။ 
 အဲ့ ဒီ ပွဲ က ရန် ကုန် မြို့ သစ် က ပွင့် လင်း မြင် သာ မှု ရှိ ပါ တယ် ဆို တာ ကို ပြ ချင် တာ ရယ် ၁၃% အ တိုး ဆို တဲ့ IRR ကို ဖြေ ရှင်း ချင် တာ ရယ် ကြောင့် လုပ် ခဲ့ တယ် လို့ ယူ ဆ ရ ပေ မယ့် ထိုင် နေ အ ကောင်း သား ထ သွား မှ ကျိုး မှန်း သိ ဆို သ လို ထောက် ကွက် ဟာ ကွက် တွေ စိတ် ပူ စ ရာ 
ကိ စ္စ တွေ အ ပြင် သံ သ ယ တွေ ကို ပါ ကြီး လာ စေ ခဲ့ တယ် လို့ မြင် ခဲ့ ရ တယ် ။ 
 ပ ညာ ရပ် ဆိုင် ရာ တွေ ကို ချန် ထား ပြီး သာ မန် နား လည် လွယ် မယ့် အ ကြောင်း တစ် ချို့ ကို ပဲ ဆွေး နွေး ပေး ပါ မယ် ။ စာ ဖတ် သူ တို့ လည်း စဉ်း စာ နိုင် အောင် ပါ ။ ပွဲ မှာ တာ ဝန် ခံ ဦး သိမ်း ဝေ အ မေး တော် တော် များ များ ကို အ ဖြေ မ ပေး နိုင် ခဲ့ ပါ ဘူး ။ 
ဒီ ပွဲ မှာ ရန် ကုန် မြို့ သစ် အ တွက် ကု မ္ပ ဏီ ဖွဲ့ ထား တဲ့ ရန် ကုန် တိုင်း အ စိုး ရ အ ဖွဲ့ က ဥ က္က ဌ တာ ဝန်ယူ ထား တဲ့ ဒေါ် နီ လာ ကျော် အ ပါ အ ဝင် ရန် ကုန် တိုင်း အ စိုး ရ အ ဖွဲ့ က တက် ရောက် ဖြေ ကြား တာ ကို လည်း မ တွေ့ ရ ပါ ဘူး ။



Gold

Myanmar gold market -

1 Tical(ကျပ်သား)=1.3293 gram


World Gold price / 1.875 x U$=YGN Gold price

1198/1.875x1555=993,541 (Sep 11,18)



ရွှေ "Gold" နှင့်အတူ ရောစပ်အထည်ခတ်ပြုလုပ်ရန်အဆင်ပြေ​သော အခြားသတ္တုဒြပ်စင်များ အ​ကြောင်း ။ ။


ရွှေ (Au) Gold ဖြင့် အတူရောစပ် အထည်ခတ်၍ (ရွှေပန်းတိမ်) ရ သော သတ္တု ဒြပ်စင် များမှာ 

(1) Silver (Ag) ငွေ (ဘော်)

(2) Copper (Cu) ကြေးနီ

(3) Platinum (Pt) ပလက်တီနမ် (ရွှေဖြူ)

(4) Palladium (Pd) ပ လေ ဒီယမ်

(5) Nickel (Ni) နီကယ် တို့ ဖြစ်သည် ။


ဝါရင့် ရတနာတန်းဝင် သတ္တုအရည်ကြိုချက်ရောနှောသူများအဆိုအရ…


ကြေးနီနှင့်ငွေ သည် ရွှေဖြင့် ရောစပ်ပါက ရွှေထည်ခပ် ရာ၌အထုအနှက်ခံ၍ မကွဲမအက်ကြောင်း တွေ့ရှိရ ကြောင်း ။

ပ လေဒီယမ် နှင့် နီကယ် တို့သည် Platinum ဖြင့် ရောစပ်အထည်ခတ် ရာ တွင် ဘော် (Silver ငွေ) ထက် ပို ကောင်း ကြောင်းတွေ့ရှိရသည် ဟု ပြောပါသည်။


Gold ရွှေ ကို ဓါတုသ င်္ကေတ "Au" ဖြစ်ပြီး Latin ဘာသာဖြင့် "A u r r u m" ဟု ခေါ်တွင် သည်။


အ ခေါက်ရွှေစင် Pure Fine Gold ကို99.99%,999.9,.9999,9999, 24 Carat (Karat)၁၆ ပဲရည်  စသဖြင့် ဖေါ်ပြကြသည်။


နေမဝင် အင် ပါယာ British အင် ပါယာလုပ် ရွှေဒင်္ဂါးပြားများကို 22 Carat ~ ၁၄ ပဲ ၂ပြား ရည် ~ ၁၄.၅ ပဲရည် ~ 90% Fine goldပြုလုပ်ထားသည်။ 


24 Carat အပြည့်လုပ်ပါက အောက်လွတ်ကျပါကရွှေဒင်္ဂါးပြား ပင် နီယမ် စောင်း များ ပိန်လိမ် ကုန်မှာ စိုးလို့ ဖြစ်သည်။


နောက် အ ရေး ကြီးတဲ့ အချက်က ရွှေသည် 90% Fine gold (14 ပဲ 2 ပြား = 14.5 ပဲရည် = 14ပဲ 4ရွှေး)ရည် ထက် ရွှေရည်သည် နိမ့်ကျပါက အစိုဓါတ် ရှိသော နေ ရာ နှင့် အပူချိန်နည်းတဲ့နေရာရေကန် ရေအိုး မြေကြီး ဝါးလုံးခေါင်းထဲ ဖွတ်ထားသော်ရွှေ အ ရောင် အ နည်းငယ် သ ပြေသီး ရောင် ဖက် ပြောင်းသွားတတ်သည်။

မူလ အ ရောင် ပြန် ရ လို သော် အ ရောင် တင် အက်ဆစ်မှုန့်များဖြင့်ပွတ်တိုက်ပေးပါက မျက်နှာပြင် အညှိုများသည် ကွာကျကာရွှေ အ ရောင် တက် လာ မည်။ ဆိုးကျိုးက တော့ ပွတ်တိုက် အ ရောင် တင် မှု ကြောင့် ရွှေ အ လျှော့တွက် ရှိလာသည်။

ထို့ ကြောင့် ရွှေသည် ၁၄ ပဲရည် အောက် ဖြစ် ရင် air moisture ရေ ခိုး ရေ ငွေ့ ကြောင့် ရွှေ အ ရောင် ချိန်း ပြောင်းလဲတတ်သည်။

ထို့ ကြောင့် British အင် ပါယာမှ ပညာရှင် များသည် ရွှေ 14 ပဲရည် + Safety factor 0.5 ပဲရည် = 14.5 ပဲရည် ကိုရွှေဒင်္ဂါးသွန်းလုပ်ခြင်းဖြင့် ရေခိုးရေ ငွေ့ ကြောင့် ပင် လယ် ဆားရေ ခိုး ကြောင့်မြေကြီး အစိုဓါတ် ကြောင့် ရွှေအ ရောင်  မ ပြောင်း နိုင် တော့ ပါ။


14 ပဲရည် အောက် အထည်ခတ် လုပ် ရောင်း ပါ က ရွှေ မှန်ဘုန်းများ အတွင်းမှာ ဝပ်အားကြီး မီးလုံးများဖြင့် အ ပူ ပေးထားသင့်သည်။


ည နေ ဆိုင် ပိတ်လျှင် လည်း ရောင်းမည့် ရွှေများသည်၁၄ ပဲရည် အောက် ဖြစ် နေ ပါ က ဝပ်အားပြင်း မီးလုံးများဖြင့် အပူပေးထားပြီးသတ္တု မီးခံသေတ္တာထဲတွင် မီးလုံး အပူ ပေးပြီး

ထားသို သိမ်းဆည်းသင့်သည်။



ကမ္ဘာ့ ရွှေ ဈေးနှုံး ကို 1 troy ounce အ လေးချိန်ဖြင့်ရှိသောUS $ ဖြင့် ဖေါ်ပြသည်။


1 troy ounce = 1.09714 ounces 

1 metric ton = 1.10231 US ton (Long ton)

1 metric ton = 0.984207 imperial ton (Short ton)

1 metric ton = 1000 kilo grams.

1 troy ounce = 31. 1035 grams (gm)

1 gram = 0. 032 150 7466 troy ounce

1 kilo gram = 32. 150 7466 troy ounces


တစ် ကျပ် သား = ၁၆ ပဲ = ၁၂၈ ရွှေး

တစ်ပဲသား = ၈ ရွှေး

ရွှေး တစ်ခြမ်း = နှစ်ပိုင်းတစ်ပိုင်းရွှေး = ၀.၅ ရွှေး



ရွှေ သည် လက်တွေ့နယ်ပယ်တွင် ကြေးနီ လောက် အသုံးမဝင် ပေမဲ့ရှားပါးမှု ကို အ ကြောင်းပြုပြီး "ငွေ မာ" အ နေ ဖြင့် ထားသုံးကြသည်။


ရွှေသည်စီးပွါးရေးအကျပ်တည်းဆိုက် သောအခါ ငွေကြေးတန်ဖိုးအလွန်ကျပြီး စီးပွါးပျက်ကပ်ဆိုက် သောအခါစစ်ပွဲကြီးများဖြစ်ပွါးနေ သောအခါ နိုင် ငံရေး ပျက်ယွင်း ငွေစက္ကူ သုံးမရ သောအခါအ ခြား ရင်းနှီးမြုပ် နှံ မှု များထက် စိတ်ချ ရ သည်။



ရွှေ ကို သဘာဝ ကျောက် သား Quartz veins များအကြားတွေ့ရပြီးprimary deposit မူလသိုက် ဟု ခေါ်သည်။


မူလ သိုက်များကို နှစ်သန်းပေါင်းများစွာကြာအောင်မြစ်ချောင်း စိမ့်စမ်း မိုးရေ တိုက်စား ကြေပျက် ရာမှsecondary deposit (placer deposit) ပ လေ စာ နုံးမြေ သိုက် တွင်Free Gold ရွှေမှုံ ရွှေ မွှား များ အ နေ ဖြင့် ၎င်းအခြား သတ္တုများနှင့် ရောနှော ပေါင်းစပ်လျှက် ၎င်း

နှုံးမြေသိုက်ထဲက သဲများကို sluce boxes ဖြင့် ဆေးချ၍ jigging + shaking tables တို့ဖြင့် အ လေးစီးချပြီးနောက် free gold များကို ပြဒါးဖမ်းခြင်း/ အက်ဆစ်စားခြင်း/ ဆိုင်ယမ်နိုက်စားခြင်း ဖြင့်၎င်း ရွှေကို ထုပ်ယူသည်။

 ရွှေသည် ရံဖန် ရံခါ antimony ခ နောက် စိမ်း (Au Sb3) နှင့် လည်းတွဲဖက် ပါ ဝင် တတ် သည်။iron pyrite နှင့် galena (PbS) တွင် အနည်းငယ် ပါတတ်သည်။Bi ဗစ်စမတ်ဆာလဖိုဒ် ore အ နေ နဲ့လည်း ပေါင်းစပ် ပါ ဝင် တတ်သည်။cassiterite ခဲမဖြူ သတ္တုရိုင်းမှာလည်း အနည်းအကျဉ်းပါဝင် တတ်သည်။

quartz vein နှင့် ရော နှောနေဖြစ်တည်နေ သော WO3 ဝူဖရန်မိုက် တွင် လည်းတွဲဖက် ပါ တတ် သည်။


ရွှေ သည် tellurium ဖြင့် ပေါင်းပြီး calaverite တွင်းထွက်အဖြစ်၎င်း ရွှေသည် silver ငွေ ဖြင့် ပေါင်းပြီး sylvanite တွင်းထွက် အဖြစ်၎င်းခဲ lead + အန်တီမိုနီ + ဆာလ်ဖာ တို့ ပေါင်း၍ 

nagyagite တွင်းထွက် အ ဖြစ် ၎င်းရွှေသည် မာကျူရီ ပြဒါး ဖြင့် ပေါင်း၍ amalgam အဖြစ်၎င်းသဘာဝ တွင် ရှုတ်ထွေး များပြား စွာ တည် ရှိသည်။


ပင် လယ် သမုဒ္ဒရာ ကြမ်းပြင် အောက် တွင် ရွှေ အ များဆုံး တည် ရှိသည်။


သဘာဝ ကျောက်သားထဲမှာ ရွှေကို ရွှေဝါရောင် metallic yellow အတုံးအခဲအဖပ်အ နေ ဖြင့်ကို Nugget Gold Ore တစ်မျိုးတည်းမှာပဲ တွေ့နိုင် သည်။

သဘာဝမှာ ရွှေမှုံ အ တော် များများသည် ကျောက်သား မြေသားထဲတွင် အမည်း ရောင် အ ဖြစ် အ တွေ့ များသည်။

ရေ ဆေး ဖျော်ချ သော် အမဲ ရောင် မှခရမ်းညို နှင့် ခရမ်းမဲ ရောင် / သ ပြေသီးခရမ်းမဲ ရောင် အကြားအ ရောင် ပြောင်း သွား တတ်သည်။

ထို ရွှေ ဆောင် အ နည် မှုံ များသည် အ လွန် အ လေးစီးသည်။


ရွှေ သည် ကလိုရိုက်  ဘရိုမိုက်  အိုင် အိုဒိုက် အစရှိ သောဟယ်လိုဂျင် အရည် များ၌ ပျော်ဝင် သည်။

nitric acid ပြင်း တစ်ဆ + hydrochloric acid ပြင်း သုံးဆ ရော နှော ထား သော aqua-regia liquid ပျော်ရည် ထဲမှာ ရွှေသည် ပျော် ဝင် နိုင် သည်။

ရွှေသည် အထူးသဖြင့် alkali-cyanides (sodium cyanides)ပျော်ရည် ထဲတွင် ပျော်ဝင် အားကောင်းသည်။


ရွှေ ကို ဆိုင်ယမ်နိုက် ဖျော်ချရာမှာ oxide ore အတွက်သာ တိုက် ရိုက် ဖျော်ချနိုင် သော်လည်း sulphide ore (pyrite ore) အတွက် ပထမ ဓါတ်လျှော့ဖိုမှာ ဆာလဖါ ဓါတ်လျှော့ ရပြီး 

အောက်ဆီဂျင် ဓါတ်တိုးပေးဖို့ လိုသည်။ 700'C တွင် Roasting မီးဖုတ် ပေးခြင်း 

ရေ နွေးငွေ့ ဘွိုင် လာ reactors ထဲမှာ autoclave process လုပ်ပြီးမှ sodium cyanides ဖြင့် ဖျော်ချရ လွယ်ကူမည်။


parts per million

*****************

1 metric ton = 10 00  kilo gram

1 kilo gram = 10 00 grams


therefore,

1 metric ton = 10 00 000 grams = 1 million grams

(50kg) gold ore deposit မြေစာ အိတ် ပေါင်း 20  ဆိုလျှင်50kg x 20 အိပ် = 1 metric ton


ရွှေ မြေစာ အိတ် 20 အိတ် 1 metric tons = 1 million grams မှာ fine gold 5 gm ပါ ဝင် မည် ဆိုပါကထို gold ore ရွှေသတ္တုရိုင်း မြေစာ သည် 5 ppm (parts per million) ရှိသည် ဟု ခေါ် တွင် သည်။



ရွှေ နှင့် ရောစပ် လို့ရ သော သတ္တုစင် တို့၏ ဂုဏ်သတ္တိများ။

******************************************************


Gold          (block - d)     (Group - 11)       (Period - 6)

Silver         (block - d)     (Group - 11)      (Period - 5)

Copper       (block - d)    (Group -11)       (Period - 4)

Platinum   (block - d)    (Group - 10)      (Period - 6)

Palladium  (block - d)    (Group -10)       (Period - 5)

Nickel          (block - d)    (Group - 10)      (Period - 4)




Discovery history

******************

Gold : before BC 6000  Middle Easterns 

Silver : before BC 5000

Copper : about BC 9000 Middle Easterns

Platinum : Antonio De Ulloa (1735)

Palladium : William Hyde Wollaston (1803)

Nickel : Axel Fredrik Cronstedt (1751)



Appearance Color

*******************

Gold : metallic yellow

Silver : Lustrous white metal

Copper : red-orange metallic luster

Platinum : grayish white

Palladium : silvery white

Nickel : lustrous metallic silver



Boiling Point ('C)

******************

Gold :  2856

Silver : 2162

Copper : 2927

Platinum : 3825

Palladium : 2963

Nickel : 2913



Melting Point ('C)

*******************

Gold         1064. 18

Silver         961. 78

Copper     1084. 62

Platinum  1768. 30

Palladium 1554. 90

Nickel         1455. 00



Atomic Number

******************

Au  79

Ag  47

Cu 29

Pt 78

Pd 46

Ni 28



Atomic Weight

*****************

Au   196. 9665594

Ag   107. 8682

Cu     63. 546

Pt    195. 078

Pd   106.42

Ni      58. 6934



Density (gram per cm3) ရေချိန် သိပ်သည်းဆ

*************************

Au    19. 30

Ag    10. 49

Cu       8. 96

Pt      21. 45

Pd     12. 023

Ni        8. 908




Mohs Hardness မာဆင့် မိုး စ ကေး

*******************

Au  2. 5

Ag  2. 5

Cu   3. 0

Pt    3. 5

Pd   4. 75

Ni     4. 0

ထို့ ကြောင့် ရွှေ ငွေ ကြေးနီ သည် အ ပျော့ လိုင်း ဖြစ် ပြီးပလက်တီနမ် ပ လေဒီယမ် နီကယ် သည် အမာလိုင်း ဖြစ်သည်။



Brinell Hardness (MPa)

******************

Au  2450

Ag        24. 50

Cu     874

Pt      392

Pd        37. 30

Ni       700



Vickers Hardness (MPa)

********************

Au   216

Ag    251

Cu    369

Pt     549

Pd    461

Ni     638


(၆) မျိုးစလုံးသည် "Transition Metal" ဖြစ်ပြီး"Solid Phase" အ နေ ဖြင့် တည် ရှိသည်။

"Crystal Structure" မှာ face-centered cubic ဖြစ်သည်။"Electrical type" မှာ Conductor type ဖြစ်သည်။



Magnetic Type

*****************

Au     dia magnetic type

Ag      dia magnetic type

Cu       dia magnetic type

Pt        para magnetic type

Pd       para magnetic type

Ni        ferro magnetic type



Valence (Valency)

*********************

Au  5

Ag  2

Cu  2

Pt  6

Pd  4

Ni  2



Electron Shell Configuration

*******************************

Au      2 - 8 - 18 - 32 - 18 - 1

Ag             2 -   8 - 18 - 18 - 1

Cu                      2 -   8 - 18 - 1

Pt        2 - 8 - 18 - 32 - 17 - 1

Pd               2 - 8 - 18 - 18

Ni                       2 -   8 - 16 - 2




Electron Configuration

************************


Au   4 f 14 ,  5 d 10 ,  6 s 1


Ag                  4 d 10 ,  5 s 1


Cu                   3 d 10 ,  4 s 1


Pt     4 f 14 ,   5 d   9 ,  6 s 1


Pd                    4 d 10 ,


Ni                      3 d  8 ,   4 s 2




Electro negativity

********************

Au  2. 54

Ag  1. 93

Cu  1.90

Pt  2. 28

Pd  2.20

Ni  1. 91



Electron Affinity (kJ/mol)

***************************

Au  222. 80

Ag  125. 60

Cu  118. 40

Pt  205. 30

Pd    53. 70

Ni  112 . 00



Tensile Strength (MPa)

************************

Gold (Au)         120 MPa

Platinum (Pt)  125 to 240 MPa



Young Modulus (GPa)

************************

Au     79

Ag     83

Cu    110 to 128

Pt    168

Pd    121

Ni     200



Shear Modulus (GPa)

***********************

Au     27

Ag     30

Cu     48

Pt     61

Pd    44

Ni     76




Oxidation States of Atomic Properties

*****************************************


Au      5 ,  4 ,  3 ,  2 ,  1 ,  1,  2  (Amphoteric Oxide)


Ag                              1 ,  2 ,  3  (Amphoteric Oxide)


Cu           +1 ,  +2  ,   +3 ,   +4  (Mildly Basic Oxide)


Pt      6 ,  5 ,  4 ,  3 ,  2 ,  1 ,  1 ,  2 ,  3  (Mildly Basic Oxide)


Pd      0 ,  +1 ,  +2  ,  +4  ,  +6   (Mildly Basic Oxide)


Ni             4 ,  3 ,  2 ,  1 ,  -1       (Mildly Basic Oxide)



" မြန်မာ့  ရွှေ တွက် နည်း "

***********************


"Burmese Gold Weight Scale"


1 Tical = 1 kattha = 1 kyat thar = ၁ ကျပ်သား = 16 ပဲ


1 ကျပ်သား = 16 ပဲ = 128 ရွှေး


1 ပဲသား = 8 ရွှေး


ရွှေး တစ်ခြမ်း = 1/2 ရွှေး = 0. 5 ရွှေး



ဥပမာ (1)


1 ကျပ် 14 ပဲ 2 ရွှေး တစ်ခြမ်း = 1 ကျပ် 14 ပဲ 2. 5 ရွှေး


ရွှေ တစ်ကျပ်သား ဆယ် သိန်းကျပ် ဆိုပါစို့။


ပထမ အဆင့်။ ရွှေးအားလုံး ပဲဖွဲ့ရန်။


2.5 ရွှေး ÷ 8 = 0. 3125 ပဲ


ဒုတိယ အဆင့်။ 14 ပဲဖြင့် ပေါင်း၍ ကျပ် ဖွဲ့ပါ။


0. 0325 + 14 = 14. 3125 ပဲ


14. 3125 ÷ 16 = 0 . 89 45 31 25 ကျပ်သား


တတိယ အဆင့်။ ပေးထားတဲ့ 1 ကျပ်နဲ့ ပေါင်းပါ။


1 + 0. 89 45 31 25 = 1. 89 45 31 25 ကျပ်သား 


စုစုပေါင်းရမည်။


စတုတ္ထ အဆင့်။ ဈေးနှုံးဖြင့် မြှောက်ပါ။


ရွှေ တစ် ကျပ်သား = 10 သိန်း ကျပ် ဆိုပါစို့ ။


1. 89453125 x 10 00 000 = 18 94 531 ကျပ် 


အ ဖြေ။ ။ 18 သိန်း 9 သောင်း လေး ထောင် ငါးရာ/- ကျပ်


======


ဥပမာ (2)


1 ကျပ် 4 ရွှေး တစ်ခြမ်း (သို့မ ဟုတ်) 1 ကျပ် 4. 5 ရွှေး။


ရွှေ တစ်ကျပ်သား ဆယ်သိန်းဆိုပါစို့။


ပထမ အဆင့်။ ရွှေးအားလုံးကို ကျပ်ဖွဲ့ပါ။


4. 5 ရွှေး ÷ 128 = 0. 035 15 625 ကျပ်သား


ဒုတိယ အဆင့်။ ကျပ်သားအားလုံးပေါင်းပါ။


1 ကျပ်သား + 0. 035 15 625 = 1. 03515625 ကျပ်သားစုစုပေါင်း။


တတိယ အဆင့်။ တစ်ကျပ်သားဈေးနှုံးဖြင့်ကျသင့်ငွေ တွက်ပါ။


1. 03515625 x 1000000 ဆယ်သိန်းကျပ် = 10 35 156/- ကျပ်ဆယ်သိန်း သုံးသောင်း ငါးထောင် ကျပ် ကျမည်။


======


ဥပမာ (3)


အ လေးချိန် 14 ပဲ 6 ရွှေး


တစ်ကျပ်သား ဆယ်သိန်း နှုံးဖြင့် တွက် သော်


ပထမ အဆင့်။ ရွှေး ကို ပဲဖွဲ့ ပါ။


6 ရွှေး ÷ 8 = 0. 75 ပဲ


ဒုတိယ အဆင့်။  ပဲအားလုံးပေါင်းပြီး ကျပ်သားဖွဲ့ ပါ။


0. 75 + 14 = 14. 75 ပဲ


14.75 ÷ 16 = 0. 92 18 75 ကျပ်သား ရမည်။


တတိယ အဆင့်။ ဈေးနှုံး နဲ့ မြှောက်ပါ။


0. 921875 x 10 00 000 = 92 1875/- ကျပ် ကိုးသိန်း နှစ် သောင်း နှစ် ထောင် ကျပ် သင့်ပါမည်။


====


ဥပမာ (4)


အ လေးချိန် 7 ရွှေး တစ်ခြမ်း = 7. 5 ရွှေး ။


ရွှေ တစ် ကျပ်သား ဆယ် သိန်းနှုံး ဖြင့် တွက် သော် 


ပထမ အဆင့်။ ရွှေးအားလုံး ကျပ်ဖွဲ့ ပစ်ပါ။


7.5 ရွှေး ÷ 128 = 0. 05 85 93 75 ကျပ်သား 


ဒုတိယ အဆင့်။ ရွှေတစ်ကျပ်သား ဆယ်သိန်းပေါက်ဈေးဆိုပါစို့။


0. 05859375 x 10 00 000 = 58 593 ကျပ် ငါး သောင်း ရှစ် ထောင် ခြောက် ရာ ကျပ် ကျ ပါသည်။




နောက် ဆုံး အ နှစ် ချုပ် သော် 


1. မြန်မာ့ ရွှေ လုပ် ငန်း သည် ပွင့် လင်း မြင် သာ မှု မ ရှိ ။


2. လက်မှု ပညာ ပန်းတိမ် ပညာ ဖြင့် လုပ် ကိုင် သော မြန်မာ့ အထည် ရွှေ ရည် အ ရည် အ

သွေး Standaridisation မ ရှိ ။


3. မြန်မာ့အ ခေါက် ရွှေ ချောင်း များသည် 15 ရာစု ခေတ် ပုံစံမျိုးဖြစ်ပြီးအ ခေါက် ရွှေ ချွတ် 

လုပ် ငန်း သည် ကမ္ဘာ နှင့် ရင် ဘောင် တန်းလျှင်နည်းပညာအရ နှစ် ပေါင်း 500 ကျော် 

ခေတ် နောက် ကျ ကျန် ရစ် နေ သည်။


4. myanmar weight scale နဲ့ နိုင် ငံတကာသုံး(troy ounce) weight scale unit system 

"unit convension" မှာ တစ် နေ ရာ တွင် တစ်မျိုး (တစ်ကျောင်း တစ် ဂါထာတစ် ရွှာ တစ်ပုဒ်ဆန်း) အမျိုးမျိုးထားတွက်နေသည်။


5. မြန်မာ့ရွှေ ဈေး သည်

  • (A) ကမ္ဘာ့ ရွှေ ဈေး 
  • (B) မြန်မာကျပ် ငွေနှင့် အ မေရိကန် ဒေါ်လာ Money Currency Exchange နှစ်မျိုး ပေါ် မူတည် နေ သည်။


(6) ရွှေ ဈေးကွက်  နှင့် လုပ်နည်း ကိုင် နည်း ရောင်းဝယ် ဖေါက်ကားမှုစံချိန် စံညွန်း အားလုံး

သည် Out of Standaridisation ဖြစ်ပြီး နိုင် ငံ တကာ နှင့် ရင် ဘောင် တန်း သော် ခေတ် အဆက် ဆက် ခေတ် နောက် ကျ နေ သည်။



U Maung Maung Win-Mining Engineer.