Popular Posts

Friday, 12 April 2019

𝐄-𝐑𝐞𝐦𝐢𝐭𝐭𝐚𝐧𝐜𝐞 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐭𝐨 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐮𝐬𝐞𝐫

ငွေလွှဲခြင်း နဲ့ ငွေချေးခြင်း 






CB ဘဏ်​က စင်​ကာပူက ​ဒေါ်လာကို တရက်​ 24hr အတွင်း( မြန်​မာပြည်​ CB ဘဏ်​အ​ကောင့်​ ထဲ့ ထည့်​​ပေးတဲ့ စနစ်​) စတင်​​နေတယ်​။ ကွန်​မင့်​များ ဖတ်​ကြည့်​တယ်​။

မင်္ဂလာပါ
Zawwynn Htwee 
လူကြီးမင်းအနေဖြင့် Send2CB ဝန်ဆောင်မှုအား အသုံးပြု၍ စင်္ကာပူနိုင်ငံရှိ မည်သည့်ဘဏ် မှမဆို CB Bank ရှိ မြန်မာကျပ်ငွေစာရင်းထဲသို့ ငွေလွှဲပေးပို့နိုင်ပါတယ်ရှင်။ ငွေလွှဲသူသည် တစ်လလျှင် စင်ကာပူဒေါ်လာ 5000 အထိငွေလွှဲပေးပို့နိုင်ပါတယ်ရှင်။ ငွေလွှဲတစ်ကြိမ်လျှင် စင်္ကာပူ (၃) ဒေါ်လာ ကျသင့်မည်ဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာရှိသော နေ့လေး ဖြစ်ပါစေ ရှင်။
.
မင်္ဂလာပါ ထက် ထက်
CB Bank တွင် အကောင့်ဖွင့်လှစ်လိုပါက နီးစပ်ရာ CB Bank ဘဏ်ခွဲသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ပေးရမည်ဖြစ်ပါတယ်ရှင်။
CB Bank Account ရှိပါက ငွေလွှဲပြောင်းပြီး အကောင့်ထဲတွင် ငွေစုဆောင်းအပ်နှံနိုင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေရှင်။
.
မင်္ဂလာပါ မောင် မောင်
လူကြီးမင်းအနေဖြင့် Korea နိုင်ငံရှိ ချိတ်ဆက်ထားသော ဘဏ်များမှ တဆင့် CB Bank Account ထဲသို့ တိုက်ရိုက်ငွေလွှဲဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။Korea နိုင်ငံရှိ ချိတ်ဆက်ဘဏ်များမှာ

KOOKMIN BANK 
WOORI BANK, SEOUL 
KEB HANA BANK 
NONGHYUP BANK (FORMERLY KNOWN AS NATIONAL
AGRICULTURAL COOPERATIVE FEDERATION) 
BUSAN BANK 
SHINHAN BANK တို့ဖြစ်ပါတယ်ခင်ဗျာ။ထို ဘဏ်များမှ တဆင့် CB Bank Account ထဲသို့ တိုက်ရိုက်ငွေလွှဲဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာရှိသော ညနေခင်းလေးဖြစ်ပါစေခင်ဗျာ။
.
.
မင်္ဂလာပါ Kaung Hset 
လူကြီးမင်းသိလိုသည်မှာ ငွေလွှဲသူသည် တစ်လလျှင် စင်ကာပူဒေါ်လာ 5000 အထိငွေလွှဲပေးပို့နိုင်ပါသည်။ အနည်းဆုံးငွေလွှဲပမာဏ - စင်္ကာပူဒေါ်လာ (၁၀)ဖြစ်ပြီး၊ငွေလွှဲခမှာငွေလွှဲတစ်ကြိမ်လျှင် စင်္ကာပူ (၃) ဒေါ်လာ ကျသင့်ပါမည်။ငွေလွှဲပေးပို့သူမှ ပေးပို့လိုက်သည့်နေ့၏ နောက်ရက် ဘဏ်ဖွင့်ရက်တွင် ထည့်သွင်းပေးမည်ဖြစ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညလေးဖြစ်ပါစေရှင်။
.
.
Myanmat to Singapore Transfer
မင်္ဂလာပါMyintzu Htet San 
လူကြီးမင်းအနဖြင့် CB Bank FCY Account ရှိပါက CB Bank နှင့် ချိတ်ဆက်ထားသော စင်ကာပူနိုင်ငရှိဘဏ်များ၏ အကောင့်သို့ Swift နည်းလမ်းဖြင့် ငွေလွှဲပို့နိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာရှိသော နေ့လေး ဖြစ်ပါစေ ရှင်။
(ထို Swift နည်းလမ်းမှာ CB ဘဏ်​တွင်​ ​ဒေါ်လာအ​ကောင့်​ ဖွင့်​ထာမှ ရသည်​။ Export လုပ်​ငန်းရှိသူများသာ Swift အ​ကောင့်​ ဖွင့်​နိုင်​သည်​။ သာမန်​ CB Bank ကျပ်​​ငွေ အ​ကောင့်​ ဖြင့်​ မရပါ )

==========?

ဟိုနေ့က ဘဏ်တစ်ခုက ဖုန်းဆက်တယ်။ ငွေချေးပါလားတဲ့။

အနည်းဆုံး သိန်း ၂၀၀ ကနေ ၅၀၀၀ အထိ ချေးလို့ ရပါတယ်တဲ့။ စာရွက်စာတမ်းသာပေး ၂ ပတ်အတွင်း ငွေရစေရမယ်တဲ့။

ဒါပေမယ့် မချေးရဲပါဘူး။ ဘဏ်အတိုးက တစ်နှစ် ၁၃ % နှုန်းတဲ့။ သိန်း တစ်ထောင်ချေးရင် နှစ်ကုန်တာနဲ့ အတိုးက သိန်း ၁၃၀ ပေါ့။

သိန်း ၅၀၀၀ ချေးထားရင် နှစ်ကုန်ပေးရမယ့် အတိုးက သိန်း ၆၅၀ ။

ကိုယ့်စီးပွား က သိန်း ၅၀၀၀ ပစ်ထည့်ထားလို့ နှစ်ကုန်ရင် ၆၅၀ မြတ်ဖို့ မသေခြာဘူး။

အနည်းဆုံး ၂ နှစ်လောက်ရင်းထားမှ စီးပွားရေးက အခြေကျတာ။ အဲ့လောက် မရင်းနိုင်ရင် ခါးကြောပြတ်ပီး ပြုတ်ကုန်ရော။

ဘဏ်တွေကသာ စီးပွားဖြစ်တာ။ချေးတဲ့လူတွေ စီးပွားပျက်ရော။ လင်းဖန်မလီ

ဒီနေရာမှာပြောချင်တာက နိင်ငံတစ်ကာမှာ အတိုးနှုန်း2%နဲ့ SME တွေ အောင်မြင်တိုးတက်နေချိန်မှာကျုပ်တို့ နိင်ငံမှာက အတိုးနှုန်း13%နဲ့တောင်ချေးချင်တိုင်း ချေးမရ အပေါင်ပစ္စည်းပြရ ဘဏ်တွေဟာ ဘဏ်အ လုပ် မလုပ်ပဲ အပေါင်ဆိုင်အလုပ် လုပ်နေကြတယ်။ 

မြန်မာပြည်မှာ ဘဏ် လုပ်ငန်း ၂၃ ခုရှိတယ်ဆိုပဲ နိင်ငံတစ်ကာဘဏ်တွေဝင်ခွင့်မပေးတာ ဟာ ၎င်း၂၃ ယောက် စီးပွားပျက်မှာစိုးလို့ တဲ့ဗျ ဆယ်သက်စားမကုန်အောင်ဒေါ်လာတွေရှိနေတဲ့ 23ယောက်သောဘဏ်ပိုင်ရှင်တွေရဲ့ မျက်နှာသာကြည့်ပြီး သန်း၅၀သောပြည်သူတွေငတ်သေပါစေ ဆိုတဲ့ အစိုးရအဆက်ဆက်
အုပ်ချုပ်နေတဲ့ဒီနိင်ငံကလူတွေဟာ စာများများဖတ်ဖို့ လို သလို အမြင်ကျယ်ကြဖို့  နိင်ငံတစ်ကာအမြင်ရှိကြဖို့ လိုနေပါပြီ

အပြင်တိုး ၃ကျပ်တိုး အရပ်အခေါ်ဟာ ၃၆%ပါ  á€€á€şá€łá€•á€šá€Ÿá€Źá€…á€­á€á€šá€™á€ąá€€á€Źá€„á€šá€¸á€˜á€°á€¸ မြန်မာတွေဘာကြောင့်ဆင်းရဲနေလဲ ဆိုတဲ့အဖြေဟာ အတိုးကြောင့်လို့ ယေဘုယျ ပြောနိင်သလို အစိုးရအဆက်ဆက်ရဲ့ စီးပွားရေအမြင်ကျဉ်းမှုကြောင့်အဓိကလို့ ပြောချင်ပါတယ်

သယံဇာတထုတ်ရောင်း နိင်ငံမှာ ရှိနေတဲ့ပြည်သူပြည်သားတွေကို နိင်ငံခြားလွှတ် ကျွန်ခံခိုင်းပြီးရလာတဲ့ဒေါ်လာတွေနဲ့ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းဝင်လုပ်နေကြတဲ့ လက်တစ်ဆုပ်စာသောလူတွေကိုအားကျနေတဲ့လူတန်းစားတစ်ရပ်ရှိနေ တဲ့နိင်ငံဟာ ဘယ်လိုမှနာလန်မထူနိင်ပါဘူး

ဒီနိင်ငံဒီလူမျိုးဟာ အဓိက အားနည်းချက်က ပညာမတတ် တာ မဟုတ်ပဲ စာမဖတ် ဗဟုသုတမရှိအမြင်ကျဉ်း နေကြလို့ သာ ဖြစ်ကြောင်းပါ. 
တစ်ချို့ ကလည်းနိင်ငံခြားထွက်အလုပ်လုပ်ကျွန်ခံရလာတဲ့စက်က္ကူ သာသာ မြန်မာငွေလေး ရာဂဏန်းလောက်နဲ့ ဆောင့်ကြွားဆောင့်ကြွား သူဌေးလုပ်နေသမျှကာလပတ်လုံးနောင်မျိုးဆက် နောင်တိုင်းပြည်နဲ့လူမျိုး အတွက်အပင်ပန်းမခံကြပဲ ရေသာခို အချောင်လိုက် နေကြမယ်ဆိုရင် နောင်သားစဉ်င်မြေးဆက်ပျောက် နေစရာပျောက် မဲ့ဘဝမျိုးရောက်နိင်ပါကြောင်းပါ

Crd, Sai
.
.
သုံးသပ်ချက် (ငွေလွှဲခြင်း နဲ့ ချေးငွေ)
စင်ကာပူ ကနေ မြန်မာနိုင်ငံကို နှစ်စဉ် တရားမ၀င် (ဟွန်ဒီ) ငွေလွှဲခြင်း ဒေါ်လာ ဘီလျံများစွာ ရှိနေပါတယ်။ ဒီ ဟွန်ဒီ ငွေလွှဲခြင်းက တရက်အတွင်း၊ နာရီပိုင်းအတွင်း ပုဂလိက ငွေလွှဲလုပ်ငန်းများက ၀န်ဆောင်မှု ပေးနေပါတယ်။ စင်ကာပူ SinTel တယ်လီဖုန်း ကုမဏီကြီးက ဒိလုပ်ငန်းကို လုပ်ဖို့ စင်ကာပူအစိုးရဆီက ၂၀၁၈ နှစ်ကုန်မှာ လိုင်စင် ရယူပြီး ဖြစ်ပါတယ်။ အကျိုး နောက်ဆက်တွဲ အဖြစ် မြန်မာနိုင်ငံ က ငွေလွှဲ လုပ်ငန်းများဖြစ်တဲ့ Wave Money, True Money, MyPikesan, KBZ Pay စတဲ့ လုပ်ငန်းများ၊ ပုဂလိကဘဏ်လုပ်ငန်းများ နဲ့ တွဲပြီး ငွေလွှဲမှုကို မြန်ဆန်၊ သက်သာ၊ တိကျဖို့ လုပ်ဆောင်တော့မယ် ဖြစ်ပါတယ်။ 
.
အခု CB Bank တရက်အတွင်း စင်ကာပူဘဏ် အသီးသီးက တဆင့် မြန်မာပြည်ကို တရက်အတွင်း ငွေလွှဲနိုင်ခြင်းက ရလဒ် တစ်ခုပါ။ မကြာခင်း CB Bank သာမက၊ အခြား ဘဏ် (ဥပမာ နာမည်ကျော် KBZ,.. etc) တွေလဲ ငွေလွှဲမှု တိကျ၊ သက်သာ၊ မြန်ဆန်အောင် လုပ်နိုင်ဖို့ မျှော် လင့် ပါတယ်။ 
.

အကျင့်ပျက်သူခိုး၊ အလွဲသုံးမဲ့လူ ကို ငွေချေးလိုပါသလား။ ဘယ်သူမှ မချေးလိုပါ။
.
အစိုးရ ခေါင်းဆောင်နဲ့ အစိုရအဖွဲ့က ငွေအလွဲသုံးမဲ့ပုံ မရှိဘူး၊ အကျင့်ကောင်းတယ် ယူဆပြီး နိုင်ငံတကာချေးငွေ များစွာ မြန်မာဘဏ်တွေမှာ ရရှိလာပါပြီ။ 
.
အရင်က SME အသေးစား၊ အလပ်စား ကုမဏီများ အိမ်ခြံမြေ ဂရမ်အပ်ပါမယ် ဆိုရင်တောင် သိန်း၁၀၀ ချေးငွေရဖို့ ဌာနဆိုင်ရာကို လက်ဆောင်အများကြီး ပေးရတဲ့အပြင် ခယ တောင်းပန်ရတယ်။ 
.
အခု ဘဏ်ချေးငွေတွေ ရလာပြီ ဆိုတော့ အသေးစား အလပ်စား လုပ်ငန်းရှင်လေးတွေ အဆင်ပြေလာမဲ့ အခြေအနေပါ။ ပြည်ပ ကုမဏီ ကောင်းတွေ ဝင်လာရင် SME များ အလုပ်၊ ကန်ထရိုက်ရ ချေးငွေ ဘဏ်တိုးနှုန်း ၆% လောက်နဲ့ ရရှိလာရင် မြန်မာတွေ ဗီယက်နမ်၊ မလေး၊ ထိုင်း နိုင်ငံတွေလို အလုပ်ပေါလာကြတော့မယ်။ မျှော်လင့်ချက်ကြီးပါ။ 
.
ဘာပဲဖစ်​ဖြစ်​ မြန်​မာပြည်​ ဘဏ်​စနစ်​က တိုးတက်​​နေပါတယ်​။ 
TSP series
20.Feb.2019
.
ကိုကား ဆက်လက်ဖတ်ရန်
မြန်မာနိုင်ငံ တိုးတက်နေသော ဘဏ်စနစ်၊ ATM၊ မိုဘိုင်းဘဏ်
https://m.facebook.com/story.php?story_fbid=10155934950643472&id=755653471

မြန်မာပြည် မိုဘိုင်းဘဏ် နဲ့ ATM စနစ် 

တဟုန်ထိုး တိုးတက်နေပါပြီ.."မသိသူကျော်သွား သိသူဖော်စား"..ပေါ့..ဘယ်ကဏ္ဍပဲ ဖြစ်ပါစေ မြန်မာပြည်မှမဟုတ် တကမ္ဘာလုံး စကါးသိပ်မများပဲ  áżá€„ိမယငြိမယ အလုပ်လုပ်နေရင်..ဝင်ငွေကောင်းနိုင်ပါတယ်။ စီးပွား ရှာလို့ အကောင်းဆုံး နိုင်ငံ ဖြစ်လာပြီး မကြာခင် နိုင်ငံခြားသား လူတော်လူကောင်း အများကြီး ဝင်လာကြမယ်။ ငူတူတူ မဟုတ်သူတိုင်း လှပ အဆင်ပြေလာတော့မဲ့ အခြေအနေပါ။ 
.
အခု မြန်မာပြည်မှာ တရားဝင် လည်ပတ်နေတဲ့ ဘဏ်ကြီးပေါင်း ၂၅ခုလောက် ရှိနေတယ်။ KBZ လို့ ခေါ်တဲ့ ဦးအောင်ကိုဝင်း အဖွဲ ကမ္ဘောဇဘဏ်က ဘဏ်ခွဲပေါင်း ၄၀၀ကျော် နဲ့ ပထမ.. မြန်မာပြည်မှာ အခွန်အများဆုံးပေးနေတယ်။ ဒုတိယ ကတော့ CB ဘဏ်. တတိယက AYA ဘဏ်.. နောက်နာမည်ကြီး ဘဏ်တွေကတော့ ရိုးမဘဏ် မြဝတီဘဏ် AGD ဘဏ်..MOB MAB အစိုးရရဲ့ မစဘ မြန်မာ့စီးပွားရေးဘဏ်. နိုင်ငံခြားငွေ FEB ဘဏ် တွေကတော့ ဘိတ်ချီးပေါ့. အခုထိ ဘဏ်ချလံ ရေးတဲ့စနစ်ကို သုံးနေဆဲ အံသြဘွယ် မြန်မာအစိုးရ ဘဏ်ကြီးပေါ့။ Manual System ငွေသွင်းထုတ်တယ် ဆိုလို့ အထင်မသေးနဲ့ မြန်မာဘဏ် ဆိုတဲ့အတိုင်း စာရေးမတွေ လက်ရေးနဲ့ ပြေစာအထပ်လိုက် ရေးသွင်းတာ  á€Ąá€›á€™á€šá€¸á€ťá€™á€”ယတယယ..အဲ..ငွေထုတ်ဖို့ကြတော့ တော်တော် နှေးသွားတယ်။ အစိုးရ ကန်ထရိုက်တွေ ရလို့ ငွေသွင်းရင် အရမ်းမြန်ပြီး လုပ်ငန်းအတွက် ရစရာငွေထုတ်တော့ ဝန်ဆောင်ခ ပေးရတယ်။ ပေးနည်းက တခေတ်နဲ့တခေတ် မတူပါ။ မဆိုင်လို့ မရေးလိုတော့ပါ။ 
.
.
မြန်မာ့ မိုဘိုင်းဘဏ်လုပ်ငန်း ပုဂ္ဂလိက ဘဏ်တွေ အရမ်း တိုးတက်နေတယ်။ အဓိက ဘဏ်တွေရဲ့ ဝင်ငွေက ငွေလွှဲ ခ ဖြစ်ပါတယ်။ လူအမည် မှတ်ပုံတင် ဖုန်းနံပါတ် ပေးပြီး ငွေလွှဲရင် သိန်း၂၀ အထိ နာရီဝက်အတွင်း မြန်မာမြို့ကြီး အားလုံးကို ရောက်တယ်။ ဟိုဘက်က လူ မှတ်ပုံတင်ပြပြီး ၁၅မိနစ်အတွင်း ထုတ်ယူနိုင်တယ်။ ရိုးမ ဧရာဝတီ AGD လို ဘဏ်ဆိုရင် ပိုမြန်တယ်။ KBZ ဆိုရင်တော့ လူများလွန်းလို့ တခါတလေ တချို့မြို့တွေမှာ တနာရီလောက် စောင့်ရတတ်တယ်။ .. အားနည်းချက်ကတော့..မှတ်ပုံတင်မှာ.စာတလုံးမှားရင် ထုတ်မရပဲ လွှဲသူက ဘဏ်ကို ပြန်သွားပြီး ပြင်ရတယ်။ ပြင်ခ ၅၀၀ကျပ်.. လွှဲခ ၁၀၀၀ကျပ်..ထုတ်တဲ့လူ ပေးစရာမလို..KBZ ဘဏ် ဝန်ထမ်းတွေ အရမ်းသွက်လက် မြန်ဆန်တယ်။ လစာလည်း ၃သိန်းအထက် ပေးပြီး ဘောနပ်စ် ဆုကြေးတွေလဲ အများကြီးရတော့ ဘဏ်ဝန်ထမ်း လုပ်ရတာ မြန်မာပြည်မှာ Job Security အကောင်းဆုံး လို့ ပြောကြပါတယ်။ တခြားဘဏ်တွေက ဝန်ထမ်းတွေလဲ သွက်လက်မြန်ဆန်ကြတယ်။ ဘဏ်လုပ်ငန်းတွေ အမြတ်စွန်း ကြီးကြပါတယ်။
.
စင်ကာပူမှာ ဘဏ်ကြီး၃ခု တခုစီ အစိုးရထံအခွန်..အမြတ်ငွေကနေ ၃၅% ဆောင်ကြတာ အကြီးဆုံး DBS/POBB (Government Banks) က နှစ်စဉ် ဒေါ်လာ သန်းတထောင်ကျော်တယ်။  UOB OCBC တွေလဲ သန်းတထောင်နီးပါး ရှိတယ်.. City.Bank, Standard.Chartered.Bank May.Bank China.Bank စတဲ့ ဘဏ်တွေလဲ အမြတ်များတာပါပဲ. . ATM များများရှိလေလေ အမြတ်ပိုကြီးလေလေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘဏ်တိုးငွေ 8% ပေးပြီး စင်ကာပူမှာ 0.5% ပဲပေးတယ်။ ဂျပန်ဆို အနှုတ် -0.1% ဆိုလား..ဘဏ်က ထိန်းသိမ်းခတောင် ပြန်ယူတယ်။ သူတို့ ငွေကြေးက ခိုင်မာတာကိုး.. မြန်မာကျပ်ငွေ လဲ အရင် ၄နှစ်က ၁၃% အတိုးကနေ အခု ၈% ထိ ကျသွားတော့ ခိုင်မာလာတယ် ပြောရမယ်။ ငွေစက္ကူ တရားမဝင်ကြေငြာတာ. ဘဏ်ထဲက ငွေပြန်ထုတ်မရတာ မျိုး ဖြစ်လာမှာ ကြောက်ခဲ့ကြတယ်။ ဘဏ်ဆို မယုံဘူး..အခုတော့  á€…ိုးရိမယစရဏမရှိတဏအပဍ.. ပုဂ္ဂလိကဘဏ်တွေမှာ သူဌေးကြီးတွေ အပ်ငွေ ဘီလျံ ၂သောင်းခွဲ (USD 20 billion) တောင် ရှိနေပြီ လို့ ဗဟိုဘဏ်က လွှတ်တော်မှာ လာရှင်းပြပါတယ်။ စိတ်မချသူများကတော့ ကျန်ရစ်မယ်..ချန်ရစ်ခံရမဲ့ မြန်မာပြည် အနာဂါတ်ပါ။ 
.
.
အခုဆို Mobile Banking လူများစွာ.. ကုမ္ပဏီများစွာ မြန်မာပြည်မှာ အသုံးပြုနေပါပြီ။ ဘဏ်အကောင့်ဖွင့်..တခါတည်း ATM ကပ်ပြား ထုတ်ပေးကြတယ်။ (KBZ က ကြီးကျယ်တော့ တလကြာမှ ATM ကပ် ထုတ်ပေးတယ်)။ Online Bank လျှောက်ရင် တနာရီနဲ့ မိမိမိုဘိုင်းဖုန်း မှာ ရပြီ။
.
.
ဘဏ်မဟုတ်တဲ့ ငွေလွှဲခြင်း
တယ်လီနော Wave Money, အိုရီဒူး၊ အမ်ပီတီ၊(True Money, My Kyat) အခုနောက်မှ ပေါ်လာတဲ့ မိုင်တဲ မိုဘိုင်းဖုန်းတွေ သုံးပြီး ငွေလွှဲတဲ့ စနစ်တွေလဲ ပေါ်နေပါတယ်။ မကြာခင်မှာ တိုးတက်တဲ့ နိုင်ငံများနည်းတူ မိုဘိုင်းငွေလွှဲ စနစ်များစွာ ပေါ်လာမှာပါ။ ငွေလွှဲတဲ့ ဆိုင်တွေ အများပြား ရပ်ကွက်ထဲ၊ လမ်းထဲ မှာ ပေါ်နေပါပြီ။ ချက်ချင်း တဖက်လူ ငွေထုတ်လို့ ရပါတယ်။ Western Union, Money Gram တွေလဲ မြန်မာနိုင်ငံမှာ ရှိနေပေမဲ့ နိုင်ငံခြားက ငွေလွှဲတာပဲ သုံးကြပါတယ်။ ပြည်တွင်း ငွေလွှဲတာတော့ ပြည်တွင်း ကုမဏီ အသစ်တွေ ပေါ်လာဖို့ မျှော်လင့်ပါတယ်။  á€ąá€œá€Źá€ąá€œá€Źá€†á€šá€š တော့ ဘဏ်မသုံးတဲ့ မိုဘိုင်း ငွေလွှဲခ ဈေးကြီးပါတယ်။
.
မကြာမီက စင်ကာပူအစိုးရ အမျာပိုင် SingTel  á€á€šá€šá€œá€Žá€–á€Żá€”á€šá€¸á€€á€Żá€™á€á€Ž ကြီးက မြန်မာပြည်သား တလကို ဒေါ်လာ ဘီလျံ ဟွန်ဒီ ငွေလွှဲ ခြင်းကို စင်ကာပူအစိုးရနဲ့ စာချုပ် ဈေးကွက် ရယူတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟွန်ဒီ ငွေလွှဲစနစ်ကတော့ ပန်းပန်နေဦးမှာပါ။ 
.
.
အိမ်၊ ကား၊ ဖုန်း၊ ဆိုင်ကယ် အကြွေးဝယ်စနစ်
ကမ္ဘာ့ ဘဏ် မြန်မာနိုင်ငံကို ၀င်လာတော့၊ နောက်ကနေ အမေရိကန် ငွေချေး (ချစ်တီး) ကုမဏီများစွာ လိုက်ပါလာကြပါတယ်။ သူတို့က ငွေချေးရရင် ဆင်တောင် အကြွေးဝယ်ချင်တဲ့ မြန်မာ လူမျိုး များကို အကြွေး တင်အောင် အားပေး မဲ့ ချစ်တီးကုမဏီ များ ဖြစ်ပါတယ်။ ကျေးလက် အထိ သွားပြီး NGO လိုလို နဲ့ ငွေချေး လုပ်ငန်း တွေ မသိ မသာ လုပ်ကိုင် ကြပါတယ်။ ကျေးလက် မှာတော့ စိုက်ပျိုး စရိတ် ချေးတဲ့ (မလုပ်သင့်တော့တဲ့) အစိုးရ ငွေချေး စနစ်ကြီး ရှိပါတယ်။ လယ်သမား တွေ အကျိုး မရှိပဲ ငွေ ဖြုန်းတီး အောင် အားပေး နေတဲ့ စနစ်၊ စိုက်ပျိုးရေး အစိုးရ ၀န်ထမ်း တွေပဲ အဲဒီ ငွေချေး လုပ်ငန်း နဲ့ အဆင်ပြေ လုပ်စားနေကြပါတယ်။ ထားပါတော့။ မြို့ ပေါ်မှာ တော့ မိုဘိုင်းဖုန်း အကြွေး တနှစ်နဲ့ အတိုးနှုန်း ကြီးမားစွာ ရောင်းချ ပေးနေ ကြပါတယ်။ အလုပ် ရှိကြောင်း ကုမဏီ ရဲ့ ထောက်ခံ စာ ပါရင် အမေရိကန် ချစ်တီးကုမဏီ (Argon လိုမျိုး ကုမဏီ) က ငွေချေး ပေးပါတယ်။ အတိုးနှုန်း ၁၅% လောက် ယူပါတယ်။ လစဉ် ငွေသွင်းတာ မေ့သွားရင် (ဒါမှမဟုတ်) မသွင်းနိုင်ရင် နောက်ကျကြေး Late Fee တောင်းပါတယ်။ ဘဏ်တွေက Late Fee နဲ့ လူတွေဆီက ငွေချူ စား နေတာ တိုးတက်နိုင်ငံ နေတဲ့ မြန်မာတိုင်း သိပါတယ်။ ခရက်တစ်ကပ် နောက်ကျကြေး Credit Card Late Fee ဆိုတာ မနည်းလှပါ။ 
.
အဆိုးထဲ က အကောင်းကတော့ မော်တော်ကားတွေ ၊ အိမ်တွေ အကြွေးစနစ် ခိုင်မာလာပါတယ်။ ၃၀% ကနဦးပေးငွေ 30% down payment ပြီးရင် ၁၃% အတိုးနဲ့ ၅နှစ် ၁၀နှစ် အကြွေးရောင်းပေး ပါတယ်။ လုပ်နည်း လုပ်ဟန် တွေကတော့ နိုင်ငံခြား တိုးတက် နိုင်ငံများထက် နည်းနည်း ရှုပ်ပါတယ်။ ၀ယ်ပြီး ရင် အတိုးနှုန်း နည်းတဲ့ ဘဏ်ကို ပြောင်းဖို့ ခက်ပါတယ်။ အတိုးနှုန်းက နိုင်ငံတကာမှာ ၅% လောက်ပဲ ပေးရပေမဲ့ ၊ ငွေဖောင်းပွနှုန်း မြင့်တဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဘဏ်တိုးနှုန်း မြင့်ပါတယ်။ မြန်မာနိုင်ငံ အိမ်၊ ကား ၀ယ်ရင်  á€˜á€á€šá€á€­á€Żá€¸á‚á‚ˆá€”ယးက ၁၃% ဆိုတော့ အလွန်များပြားပါတယ်။ သို့သော်လည်း စီးပွားလုပ်သူများ အတွက်တော့ Capital Cost ဆိုတဲ့ ငွေလုံးငွေရင်း ရင်းနှီးဖို့ အတိုးနှုန်းများပေမဲ့ အဆင်ပြေပါတယ်။ စီးပွား ကောင်းနေ ရင် ၁၃% ပေးနိုင်ပါတယ်။  
.
အကြွေးဝယ်ကဒ် (Credit Card) စနစ်
မြန်မာ ခရက်စတ်စနစ် ကတော့ တော်တော် ဆိုး နေပါသေးတယ်။ တိုးတက်တဲ့ အာစီယံနိုင်ငံတွေမှာ လစာငွေရဲ့ ၂ဆ၊ သုံးခွင့်ပေးပါတယ်။ ၀င်ငွေထွက်ငွေ များတဲ့ လုပ်ငန်းရှင်တွေ ခရက်တစ် များများ သုံးခွင့် ပေးပါတယ်။ ယခင်က လူတစ်လည် တစ်ယောက်၊ နိုင်ငံများစွာ၊ ဘဏ်များစွာ လှည့်လည် ငွေချေး ထွက်ပြေး တဲ့ စနစ် ကြောင့် အခုခေတ်မှာ ခရက်တစ်ဗြူရို ဆိုတဲ့ လူတွေ၊ ကုမဏီတွေ ငွေအမြောက်အများ မချေးအောင် ထိန်းချုပ် ထားပါတယ်။ မြန်မာပြည်မှာ MPU စနစ် ကို စတင်ပေမဲ့၊ ချေးလို့ရရင် ဆင်တောင် အကြွေးဝယ်ချင်တဲ့ မြန်မာများ အကျင့်ကို ထိန်းဖို့ အစိုးရမှာတာဝန် ရှိပါတယ်။ လစာကို ၂ပတ်တစ်ခါ ပေးမှ ဖြစ်မှာမို့ တချို့ ကုမဏီများက (အမေရိကန်နိုင်ငံလို) ၂ပတ်တခါ လစာပေးနေကြပါတယ်။ မြန်မာ ခရက်တစ်ကဒ် ကတော့ သာမန်လူဆိုရင် ဒေါ်လာ၃၀၀ ပဲ ပေးတော့ နိုင်ငံတကာမှာ သုံးဖို့ မလွယ်ပါဘူး။ လေယာဉ်လက်မှတ် တောင် ၀ယ်ဖို့ မလောက်ငှပါဘူး။ နိုင်ငံခြားသားတွေလဲ မြန်မာပြည်လာရင် ခရက်တစ်ကဒ် နဲ့ မ၀ယ်ကြပါဘူး။ သူတို့ ခရက်တစ်ကဒ်ကို ဟက်ကာ Hacker တွေက ခိုးထုတ်ခံရမှာ စိုးရိမ်လို့ပါ။ မြန်မာပြည် ဘဏ်စနစ်က လုံခြုံရေး အားနည်းတယ် လို့ မှတ်ချက် ရှိပါတယ်။ တိုးတက်အောင် လုပ်ဖို့ကတော့ အဂတိလိုက်စားမှု နည်းသွားမှ ဖြစ်မှာပါ။ 
.
သို့သော်လည်း ငွေဖောင်းပွ နှုန်း နည်းသွားအောင် ..အဓိက (အစိုးရဌာန ဆိုင်ရာများ ရဲ့) အဂတိလိုက်စားမှု Corruption Index နည်းသွားမှ ဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အဂတိအညွန်း က အရှေ့တောင်အားရှမှာ ဘိတ်ဆုံး ဖြစ်နေဆဲပါ။ စီးပွားလုပ်ဖို့ အခက်ခဲဆုံး Ease of Doing Business အညွန်းကလဲ ဘိတ်ဆုံး ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ က တပ်မတော်နဲ့ ရင်ကြားစေ့စပ် နိုင်မှာ အဂတိနည်းသွားမယ်၊ စီးပွားရေး ရင်းနှီးမြှတ်နှံမှုလည်း ၀င်လာမယ် ဖြစ်ပါတယ်။ 
.
.
မိုဘိုင်းဘဏ် အကျိုးကျေးဇူး
ဘဏ်တွေက မနက်၁၀နာရီကနေ ညနေ ၂နာရီပဲ ဖွင့်တော့ ပြည့်ကြပ်နေတယ်။ စနေတနင်္ဂနွေ ပိတ်တယ်။ ATM က ၂၄နာရီ ငွေသွင်း ထုတ်နိုင်တယ်။ သွင်းစက်က မရှိသလောက် နည်းပေမဲ့ ငွေထုတ်စက်တွေ အများကြီးပဲ။ Online Mobile Banking ကတော့ တော်တော်အဆင်ပြေပါတယ်။ 
.
အထူးသဖြင့် မိုဘိုင်းဘဏ်စနစ် မြန်မာပြည် ထွန်းကားလာတော့ ဘဏ်အကောင့် အလွယ်တကူ ဖွင့်ပြီး ဘဏ်ထဲ တိုက်ရိုက်ငွေလွှဲမယ်..ကိုယ်လွှဲပြီးကြောင်း ပြေစာကို မိုဘိုင်းဖုန်းမှာ SS Screen Save လုပ်ပြီး ငွေလွှဲခံရသူဆီ Viber Messenger နဲ့ ပို့ပေးမယ်။ တဖက်ကလဲ ချက်ချင်း မိုဘိုင်းအကောင့်နဲ့ ဝင်လာငွေကို စစ်ဆေးမယ်။ ငွေက သိန်း၂၀အောက်ဆို ချက်ချင်းရောက်တယ် ပြောပေမဲ့ အင်တာနက်လိုင်း က နှေးတော့ နာရီဝက်လောက် စောင့်ရပါတယ်။ ရောက်ရင် ATM ဆီ သွားထုတ်ရုံပါပဲ။ အဲ..ATM မှာ ၅သိန်အထိပဲ ထုတ်နိုင်တော့ တနေ့ ၃ခါပဲ ထုတ် ဆိုရင် ၅ငိန်း ၃ခါ ထုတ်ရတာ အခက်ခဲရှိပေမဲ့ ပြည်သူအများစုက တသိန်း ၂သိန်း ပဲ တလစာ သုံးကြတော့ အိုကေပါတယ်။ 
.
မိုဘိုင်းဖုန်းမှာ Online Statement သွင်းထုတ် စရင်းကို Pdf / Word file နဲ့ ကြည့်နိုင်တယ်။ အကောင်းဆုံး ဝန်ဆောင်မှုက မိုဘိုင်ဖုန်း နံပါတ်သိရင် Topup ချက်ခြင်း လုပ်ပေးနိုင်ပါတယ်။ ငွေဖြည့်ကပ် လိုက်ရှာဝယ်နေစရာ မလိုတော့ပါ။ 
.
.
မိုဘိုင်းဘဏ် အားနည်းချက်
မိုးရွာ လေကြီးဆို အင်တာနက်လိုင်းပျက်တယ်။ online fail ဖြစ်ရင် တခါတလေ တနေ့လုံး ဘဏ်ငွေလွှဲ မရောက်ဘူး။ ATM တွေကလဲ ခဏခဏ ပျက်နေတတ်တယ်။ မြန်မာတွေက Manual System ကိုယ်တိုင် ပိုက်ဆံကိုင်တွယ် ငွေသွင်း/ထုတ်ရတာ နှစ်သက်တော့ ငွေလွှဲ ရင် မှတ်ပုံတင်ပြပြီး ငွေထုတ်တဲ့ စနစ် နှစ်ပေါင်းများစွာ လုပ်နေဦးမှာပါပဲ။
.
တချို့ စင်ကာပူပြန် မြန်မာများ ဟိုမှာနေစဉ် အင်တာနက်ဘဏ် Internet Banking မလုပ်ဖူးပေမဲ့၊ စင်ကာပူမှာ Mobile Banking လုပ်ဖူးသူများ အဖို့တော့ မြန်မာနိုင်ငံမှာ မိုဘိုင်းဘဏ် လုပ်ဖို့ အခက်ခဲ မရှိပါ။ မြန်မာပြည်မှာပဲ နေထိုင်တဲ့ မျိုးဆက်သစ် အသက်၂၀ကျော် လူငယ်လေးတွေလဲ မိုဘိုင်းဘဏ် စနစ်ကို အလွယ်တကူ လုပ်တတ်ပါတယ်။ လဒ လို ငှက်မျိုး ကတော့ တခြားငှက်တွေထက် နှေးကွေး၊ မလှုပ်ရှားနိုင် ဖြစ်မှာပါ။ လဒ လို ငှက်မျိုး မဟုတ်ပဲ၊ လင်းယုန်လို ငှက်မျိုး၊ ခွပ်ဒေါင်းလို ငှက်မျိုး၊ ချိုးငှက်လို ငှက်မျိုး မျိုးဆက်သစ် မြန်မာလူငယ်များ ဖြစ်ကြပါစေ။ မိုဘိုင်းဘဏ် စနစ် Registration လုပ်တာတော့ အနည်းငယ် ခက်ပေမဲ့ နားလည်တဲ့ သူငယ်ချင်း မိတ်ဆွေကို အကူညီတောင်းရပါမယ်။ 
.
❤️
✔️🆗 ကျနော့် သုံးသပ်ချက်
ငွေလွှဲခြင်း၊ ငွေသွင်းငွေထုတ်ခြင်း အခကြေးငွေဟာ မြန်မာပြည်ရဲ့ ဘဏ်အားလုံး ဝင်ငွေရဲ့ ၇၀ရာနှုန်း ဖြစ်မယ်။ ကျန်၂၉ရာနှုန်း ဝင်ငွေက ချေးငွေ (အိမ်ခြံမြေဂရံ အပေါင်ဆုံး၊ အတိုးရ) တာပဲ။ ၁% လောက်ပဲ နိုင်ငံခြားငွေလဲ အမြတ်ဖြစ်မှာပါ။ 
========
မြန်မာတွေက ၅၀၀ကျပ်၊ တထောင်ကျပ် ဝန်ဆောင်ခ ပေးဖို့ လုံးဝ မတွန့်တိုဘူး။ 
...
ဥပမာ
KBZ ပုသိမ်ဘဏ်၁ မှာ အကောင့်ဖွင့်ထားပြီး KBZ ဘဏ်၂ ဘဏ်၃ ဘဏ်၎ တွေမှာ ငွေသွားထုတ်ရင် ဝန်ဆောင်ခ မ ၅၀၀ကျပ် ဖြတ်တယ်။ ငွေသွင်း ရင်လဲ ၅၀၀ကျပ်ဖြတ်တယ်။ ရန်ကုန်ကနေ (မိမိအကောင့်ကိုပဲ) ငွေသွင်း၊ ငွေထုတ် လုပ်ရင် ၁ထောင်ကျပ် ဖြတ်တယ်။ မြို့မတူလို့ တဲ့။ ATM သုံး ငွေလွဲရင် ၅၀၀ကျပ် ဖြတ်တယ်။  á‰á‰% Customer တွေ ATM မသုံးနိုင်ပာ။
.....
နောက် ဘဏ်အကောင့် မရှိလဲ လူအမည်၊ မှတ်ပုံတင်နံပတ် သုံးပြီး ငွေလွှဲ ရင် တခါလွဲခ ကျပ်၁ထောင်အထက် (or) 0.025% ဖြတ်တယ်။ အခု နောက်ဆုံးပေါ် KBZ pay ဆိုတာ ၅၀% ပိုဖြတ်တယ်။ လွှဲရ လွယ်အောင် မြန်မာစတိုင် ငွေလွဲနည်း တီထွင်မှု ပါပဲ။ 
========
မြန်မာတွေက တောင်းစား သူတွေကို ၁၀၀ ၂၀၀ ပေးလှုဖို့ ဝန်မလေးသလို ဘဏ်က ၅၀၀ ၁၀၀၀ တောင်းတာလဲ ပေးကြ ပါတယ်။ ဌာနဆိုင်ရာ ကိုလဲ ၅၀၀၀ ၁၀၀၀၀ ပေးဖို့ ဝန်မလေးကြဘူး။ အလှုခံ အင်မတန်ပေါတဲ့ နိုင်ငံပဲ ဗျ။.✔️💯👀
.
.
နိဂုံး (မိုဘိုင်းဘဏ် နဲ့ ATM)
မိတ်ဆွေ တစ်ဦး ဘဏ်ကပ် လုပ်တာ ဘဏ်က လုံခြုံရေးကို အကူညီတောင်းပြီး Password အသစ် မှတ်ပုံတင်ရတယ်။ ပြီးတော့ သူ့ဘဏ်ကပ် နဲ့ Password ရေးထားတဲ့ စာရွက် ပိုက်ဆံအိတ်ထဲ အတူထည့်ထားတယ်၊ တလ ၁သိန်း လစာငွေ ဘဏ်ကို လစဉ် သွားသွင်းတယ်။ ဘဏ်စာအုပ်ကို Update မလုပ်ဘူး။ ၄လမြောက်မှာ ၄သိန်း ရှိမရှိ ဘဏ်မှာ စစ်ကြည့်တော့ ၄ကျပ်ပဲ ကျန်တာ တွေ့ရတယ်။ အကူညီ တောင်းလို့ ဘဏ်ကို လိုက်ပြီး မေးတယ်။ ATM ကနေ လစဉ် ၁သိန်း ထုတ်ယူနေတယ် ဆိုလို့ ဘဏ်က CCTV နဲ့ ဘယ်သူထုတ်သလဲ ဗွီဒီယို ကြည့်တော့ ..သူ့သမီး လောင်းကစားစွဲလမ်းနေတဲ့ အသက်၃၀ကျော် မိန်းကလေးက လစဉ် ATM သုံးပြီး ခိုးထုတ်နေတာကိုး။  á€žá€­á€•á€šá€™á€žá€śá€Żá€¸á€á€á€šá€›á€„ယ မသုံးတာပဲ ကောင်းပါတယ်။ မိုဘိုင်းဘဏ် စနစ်နဲ့ မိမိဘဏ်ထဲက ပိုက်ဆံတွေ ဟက်ကာ Hacker က ထုတ်ယူသွားရင် ပြသနာပဲ။ ကိုယ့် ဆွေမျိုး အရက်သမား၊ ဆေးသမား၊ လောင်းကစားသမား ခိုးထုတ်မဲ့ ရန်ကိုလဲ သတိထားရပါမယ်။
 á€ťá€™á€”ယမဏဝပညယ မိုဘိုင်းဘဏ် နဲ့ ATM စနစ်ပါ။
.
 đ‘đžđŸ: ဇော်အောင်FB :https://www.facebook.com/755653471/posts/10155934950643472?sfns=mo


No comments:

Post a Comment