Popular Posts

Wednesday 10 April 2019

ဗိုက်ခေါက် အဆီကျနည်းတဲ့

"ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ်စရာမလိုအစားရှောင်စရာမလိုပဲ ကျစေတဲ့ ပျားသံပရာလုပ်နည်း "



ကျွန်တော့ အလုပ်က အထိုင်များတယ် အားကစားလဲ သိပ်မလုပ်ဖြစ်လို့မ၀ပေမယ့် ဗိုက်မှာအဆီတွေ များနေတယ် အဲ့ဒါကြောင့် အွန်လိုင်းမှာရောတီဗီမှာလာတဲ့ ကျန်းမာရေး အစီစဉ်တွေကနေ ဆရာဝန်တွေ ခဏခဏညွှန်းတဲ့ အဆီကျတဲ့ နံမည်ကြီး ပျားသံပရာကိုစသောက်ဖို့ ဒီနေ့ပဲဆုံးဖြတ်လိုက်ပါတယ် လုပ်နည်းအဆင့်ဆင့်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် .....

(၁) ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပျားရည်အစစ် (ကျွန်တော်ကတော့ City Mart က စစ်တယ်လို့ပြောလို့ City Mart ကနေ သဘာဝပျားရည်တစ်ဘူးဝယ်လာပါတယ်)၊ သံပရာသီး ၁၅ လုံး (ကျွန်တော်ကတော့ ၁၀ လုံးပဲသုံးထားပါတယ်)ဆားအနည်းငယ်၊ ပုလင်းခွံတစ်လုံး ဖြစ်ပါတယ်။

(၂) ပထမဆုံး သံပရာသီးတွေကို အလုံးလိုက် ဆားဖြင့် ပွတ်ပါ၊ ဆားဖြင့်ပွတ်ပြီး ၅ မိနစ်ခန့်ထားပါ၊ ပြီးရင် အဆိုပါသံပုရာသီးတွေကို ရေဖြင့်ဆေးလိုက်ပြီးရေခြော.  က်အောင် ခဏထားပါ။

(၃) ရေခြောက်သွားသော သံပုရာသီးတွေကို အကွင်းအကွင်းလေးတွေလှီးအစေ့ဖယ်ပြီး ပုလင်းခွံ အလွတ်ထဲကို သံပုရာကွင်း တစ်ကွင်းထည့်လိုက်ပျားရည်တစ်စွန်း ထည့်လိုက်နှင့် သံပုရာသီးအကွင်းတွေကုန်အောင်ထည့်ပါ။

(၄) ပြီးလျှင် သောက်ရေကို အပေါ်မှ သံပုရာကွင်းတွေ မြှုပ်နေအောင်ထည့်ပြီး ရေခဲသေတ္တာထဲတွင် သုံးရက်ခန့်ထားလိုက်ပါက ပျားသံရာကိုရရှိပြီဖြစ်ပါသည်။

သောက်သုံးနည်း … မနက်စာ မစားမီ သံပရာသီး တစ်ကွင်းနှင့်ပုလင်းထဲမှ ပျားသံပရာ တစ်စွန်းကို ရေ (သို့မဟုတ်) ရေနွေးဖြင့်တစ်ကြိမ်သောက်ပါ ညအိပ်ခါနည်းလဲ အဆိုပါအတိုင်း တစ်ကြိမ်သောက်ပါ။

ကိုယ့်တွေ သောက်သုံးပြီး အဆီကျတဲ့လူတွေကတော့ အဆိုပါနည်းအတိုင်းသောက်သုံးလိုက်တဲ့အခါ တစ်ပတ် အတွင်းသိသာတယ်လို့ပြောပါတယ်။

"သိသူများကျော်သွားပါ မသိသူများဖော်စားပါ တစ်ခြားမသိသူများကို Share ပေးပါ" ..........

No comments:

Post a Comment