Popular Posts

Thursday 14 March 2019

ျပည္တြင္းကုမၸဏီေတြထက္ ျပည္ပကုမၸဏီဝန္ထမ္းေတြရဲ႕လစာ သုံးဆခန္႔ပိုမ်ားေန





Zawgyi ျဖင့္ဖတ္၇န္

ျပည္တြင္းကုမၸဏီေတြမွာအလုပ္လုပ္ကိုင္ေနတဲ့ ၀န္ထမ္းေတြနဲ႔ ႏုိင္ငံတကာကုမၸဏီ၀န္ထမ္းေတြရဲ႕လစာက သုံးဆနီးပါးကြာဟခ်က္ရွိေနတယ္လုိ႔ အလုပ္အကုိင္ရွာေဖြေရး ၀က္ဘ္ဆုိိဒ္တစ္ခုျဖစ္တဲ့ jobnet.com.mm က သတင္းထုတ္ျပန္လုိက္ပါတယ္။

အဲ့ဒီစစ္တမ္းကုိ ျမန္မာႏုိင္ငံကကုမၸဏီေတြရဲ႕လူ႔စြမ္းအားအရင္းအျမစ္ဌာနမွာ လုပ္ကုိင္ေနတဲ့သူေပါင္း ၃၀၀ ေက်ာ္ကုိ စစ္တမ္း ေကာက္ယူ ခဲ့တာျဖစ္ၿပီး ႏုိင္ငံတကာကုမၸဏီမွာ လုပ္ေနတဲ့သူေတြရဲ႕ ညႊန္ၾကားေရးမႈးနဲ႔ အထက္ရာထူးေတြက တစ္လကုိ က်ပ္သိန္း ၅၀ နီးပါး ရရွိေနၾကၿပီး ျပည္တြင္း ကုမၸဏီေတြမွာေတာ့ လစာသိန္း ၂၄ သိန္း၀န္းက်င္ေပးထားၿပီး ႏုိင္ငံတကာကုမၸဏီေတြမွာ မန္ေနဂ်ာအဆင့္ရာထူးေတြက လစာသိန္း ၂၀ နီးပါးနဲ႔ ျပည္တြင္းကုမၸဏီေတြကေတာ့ လစာ ၁၂ သိန္း၀န္းက်င္သာရရွိေနတယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ႏုိင္ငံတကာကုမၸဏီေတြမွာ အလုပ္စတင္၀င္တဲ့သူေတြကုိ က်ပ္ ၅ သိန္း၀န္းက်င္ေပးေပမယ့္ ျပည္တြင္းကုမၸဏီေတြကေတာ့ ၃ သိန္း၀န္းက်င္သာေပးတယ္လုိ႔ ဆုိပါတယ္။

 “ျမန္မာႏုိင္ငံရဲ႕ပြင့္လင္းျမင္သာမႈေတြနဲ႔အတူ ႏုိ္င္ငံျခားရင္းႏွီးျမွဳပ္နွံမႈေတြ ဆက္တုိက္၀င္ေရာက္လာတာေၾကာင့္ ႏုိင္ငံတကာကုမၸဏီေတြ ေတာ္ေတာ္မ်ားလာာပါတယ္။ အဲ့ဒီကုမၸဏီေတြက ျပည္တြင္း မွအလုပ္အကုိင္အခြင့္အလမ္းေတြကုိ အမ်ားႀကီး ဖန္တီးေပးပါတယ္။ စစ္တမ္းေတြအရ ႏုိင္ငံတကာကုမၸဏီေတြက လုပ္ငန္းကၽြမ္းက်င္ၿပီး ဘာသာစကားေကာင္းေကာင္းရရင္ လစာေငြအမ်ားႀကီးေပးဖုိ႔ ၀န္မေလးဘူးဆုိတာ သိသာပါတယ္”လုိ႕ Jobnet.com.mm ရဲ႕ မန္းေနးဂ်င္းဒါရုိက္တာ Matt De Luca က ေျပာပါတယ္။

လုပ္ငန္းနယ္ပယ္အလုိက္ လစာကြာျခားမႈေတြအေနနဲ႔ အင္ဂ်င္နီယာ၊ နည္းပညာပို္င္း နယ္ပယ္ေတြမွာ ပ်မ္းမွ်လစာ ၆၅ ရာခုိင္ႏႈန္းအထိ၊ IT/Software & Hardware နယ္ပယ္ေတြမွာ ပ်မ္းမွ်လစာ ၈၁ ရာခိုင္ႏႈန္းအထိ၊ မီဒီယာနဲဲ႔ မားကတ္တင္းနယ္ပယ္ေတြမွာာ ပ်မ္းမွ်လစာ ၅၂ ရာႏႈန္းအထိ၊ Sales and Business Development နယ္ပယ္ေတြမွာ ပ်မ္းမွ်လစာ ၆၅ ရာခုိင္ႏႈန္းအထိ ႏုိင္ငံတကာကုမၸဏီ၀န္ထမ္းေတြက ျပည္တြင္းကုမၸဏီ၀န္ထမ္းေတြထက္ လစာႏႈန္းထားပိုရေနတယ္လုိ႕ စစ္တမ္းမွာေဖာ္ျပထားပါတယ္။




Unicodeဖြင့်ဖတ်ရန်

ပြည်တွင်းကုမ္ပဏီတွေမှာအလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေနဲ့ နိုင်ငံတကာကုမ္ပဏီဝန်ထမ်းတွေရဲ့လစာက သုံးဆနီးပါးကွာဟချက်ရှိနေတယ်လို့ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိိုဒ်တစ်ခုဖြစ်တဲ့ jobnet.com.mm က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီစစ်တမ်းကို မြန်မာနိုင်ငံကကုမ္ပဏီတွေရဲ့လူ့စွမ်းအားအရင်းအမြစ်ဌာနမှာ လုပ်ကိုင်နေတဲ့သူပေါင်း ၃၀၀ ကျော်ကို စစ်တမ်း ကောက်ယူ ခဲ့တာဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီမှာ လုပ်နေတဲ့သူတွေရဲ့ ညွှန်ကြားရေးမှုးနဲ့ အထက်ရာထူးတွေက တစ်လကို ကျပ်သိန်း ၅၀ နီးပါး ရရှိနေကြပြီး ပြည်တွင်း ကုမ္ပဏီတွေမှာတော့ လစာသိန်း ၂၄ သိန်းဝန်းကျင်ပေးထားပြီး နိုင်ငံတကာကုမ္ပဏီတွေမှာ မန်နေဂျာအဆင့်ရာထူးတွေက လစာသိန်း ၂၀ နီးပါးနဲ့ ပြည်တွင်းကုမ္ပဏီတွေကတော့ လစာ ၁၂ သိန်းဝန်းကျင်သာရရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာကုမ္ပဏီတွေမှာ အလုပ်စတင်ဝင်တဲ့သူတွေကို ကျပ် ၅ သိန်းဝန်းကျင်ပေးပေမယ့် ပြည်တွင်းကုမ္ပဏီတွေကတော့ ၃ သိန်းဝန်းကျင်သာပေးတယ်လို့ ဆိုပါတယ်။

play

“မြန်မာနိုင်ငံရဲ့ပွင့်လင်းမြင်သာမှုတွေနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ဝင်ရောက်လာတာကြောင့် နိုင်ငံတကာကုမ္ပဏီတွေ တော်တော်များလာာပါတယ်။ အဲ့ဒီကုမ္ပဏီတွေက ပြည်တွင်း မှအလုပ်အကိုင်အခွင့်အလမ်းတွေကို အများကြီး ဖန်တီးပေးပါတယ်။ စစ်တမ်းတွေအရ နိုင်ငံတကာကုမ္ပဏီတွေက လုပ်ငန်းကျွမ်းကျင်ပြီး ဘာသာစကားကောင်းကောင်းရရင် လစာငွေအများကြီးပေးဖို့ ဝန်မလေးဘူးဆိုတာ သိသာပါတယ်”လို့ Jobnet.com.mm ရဲ့ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca က ပြောပါတယ်။

လုပ်ငန်းနယ်ပယ်အလိုက် လစာကွာခြားမှုတွေအနေနဲ့ အင်ဂျင်နီယာ၊ နည်းပညာပိုင်း နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်းအထိ၊ IT/Software & Hardware နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၈၁ ရာခိုင်နှုန်းအထိ၊ မီဒီယာနဲ့ မားကတ်တင်းနယ်ပယ်တွေမှာာ ပျမ်းမျှလစာ ၅၂ ရာနှုန်းအထိ၊ Sales and Business Development နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်းအထိ နိုင်ငံတကာကုမ္ပဏီဝန်ထမ်းတွေက ပြည်တွင်းကုမ္ပဏီဝန်ထမ်းတွေထက် လစာနှုန်းထားပိုရနေတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။
Credit: Duwun

No comments:

Post a Comment