Popular Posts

Monday 11 March 2019

အိမ္ၿခံေျမေဈးကြက္ အမွန္ျပင္ခ်ိန္


အိမ္ၿခံေျမေဈးကြက္ အမွန္ျပင္ခ်ိန္
 

ျမန္မာ့အိမ္၊ ၿခံ၊ ေျမေဈးကြက္ ပူေဖာင္းေပါက္ခဲ့သည္မွာ ယခုဆိုလွ်င္ ေလးႏွစ္ေက်ာ္၊ ငါးႏွစ္ဝန္းက်င္ရွိၿပီျဖစ္သည္။

မိုးထိုးတက္ခဲ့ေသာ ျမန္မာ့အိမ္၊ ၿခံ၊ ေျမေဈးႏႈန္းမ်ားမွာ ၂၀၁၄၊ ၂၀၁၅ ခုႏွစ္မွ စတင္ၿပိဳဆင္းလာရာ လက္ရွိအခ်ိန္ထိ တအိအိက်ဆင္းေနဆဲျဖစ္သည္။

ျပည္တြင္းရွိ ၿမိဳ႕ႀကီးျပႀကီးမ်ား၏ ေျမ၊ တိုက္ခန္း၊ ႐ုံးခန္းငွားရမ္းခ၊ အေရာင္းအဝယ္ေဈးႏႈန္းမ်ားမွာ ကမာၻ႔ထိပ္သီးၿမိဳ႕ႀကီးမ်ား၏ ေဈးႏႈန္းမ်ားႏွင့္ပင္ ရင္ေပါင္တန္းနိုင္သည္အထိ မတန္တဆေဈးမ်ား ျဖစ္ခဲ့သည္။

ယခုအခါ ေရာင္းသူစိတ္ႀကိဳက္ မတန္တဆေခၚေဈးအမ်ားစုမွာ သုံး၊ ေလးႏွစ္အတြင္း ၃၀ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းအထိ ျပန္လည္က်ဆင္းသြားၿပီျဖစ္ေၾကာင္း အိမ္၊ ၿခံ၊ ေျမအက်ိဳးေဆာင္လုပ္ငန္းမ်ားထံမွ စုံစမ္းသိရွိရသည္။

“အဲဒီအခ်ိန္တုန္းက ေဈးေတြက ျဖစ္သင့္ျဖစ္ထိုက္တဲ့ေဈးမွမဟုတ္တာ။ ဒါေၾကာင့္ တျဖည္းျဖည္း ျပန္ၿပိဳဆင္းလာတာ။ စိတ္ကူးနဲ႕ေပါက္ကရေဈးေတြ ေျပာၿပီး တကယ္တမ္းက် ေရာင္းမထြက္ဘူး။ အမွန္က ဘယ္ေဈးျဖစ္သင့္တယ္ဆိုတာကို ဝယ္သူကသာ ဆုံးျဖတ္တာ။ ေဈးကြက္ၿပိဳဆင္းသြားတာ ႏွစ္နည္းနည္းၾကာၿပီဆိုေပမယ့္ ျပည္သူေတြအတြက္ ၾကည့္မယ္ဆို ဒါ ေကာင္းတယ္ေလဗ်ာ” ဟု ရန္ကုန္တိုင္းေဒသႀကီး အိမ္၊ ၿခံ၊ ေျမ ဝန္ေဆာင္မႈအသင္းအတြင္းေရးမႉး ဦးမ်ိဳးျမင့္ေအာင္က ဆိုသည္။

အိမ္၊ ၿခံ၊ ေျမေဈးကြက္ ပူေဖာင္းေပါက္ၿပီး ႏွစ္ႏွစ္ေက်ာ္အၾကာတြင္ ေဈးကြက္ျပန္လည္ဦးေမာ့လာရန္ လုပ္ငန္းရွင္အမ်ားစုက ေမွ်ာ္မွန္းေျပာဆိုခဲ့ၾကေသာ္လည္း လက္ေတြ႕တြင္ ေဈးကြက္မွာ ပုံမွန္အေနအထားျဖင့္သာ လည္ပတ္ေနဆဲျဖစ္ၿပီး ေဈးႏႈန္းမ်ားမွာလည္း က်ဆင္းေနဆဲသာျဖစ္သည္။

႐ုံးခန္းအငွားေဈးကြက္တြင္မူ အသစ္ထပ္ထြက္လာမည့္ ႐ုံးခန္းတာဝါမ်ားေၾကာင့္ ငွားရမ္းခေဈးမွာ ဆက္လက္က်ဆင္းလ်က္ရွိေၾကာင္း နိုင္ငံတကာအိမ္၊ ၿခံ၊ ေျမဝန္ေဆာင္မႈလုပ္ငန္းႀကီးျဖစ္ေသာ Colliers International Myanmar က ယခုႏွစ္ ဒုတိယသုံးလပတ္ သုံးသပ္ခ်က္ တြင္ ေဖာ္ျပထားသည္။

အထူးသျဖင့္ မဂၤလာေတာင္ၫြန႔္ ၿမိဳ႕နယ္ ကန္ေတာ္ႀကီးအနီးရွိ ကန္သာယာစင္တာစီမံကိန္းမွ ႐ုံးခန္းတာဝါ ၿပီးစီးမႈ၊ Time City ႐ုံးခန္းတာဝါ၊ မဟာနဝရတ္ ႐ုံးခန္းတာဝါ၊ မင္းဓမၼ႐ုံးခန္းတာဝါ စသည့္ စီမံကိန္းႀကီးမ်ား တည္ေဆာက္ၿပီးစီးပါက ႐ုံးခန္းေနရာျဖည့္ဆည္းမႈ ပိုမိုမ်ားျပားကာ ငွားရမ္းခႏႈန္းထားမ်ား က်ဆင္းလာမည္ ျဖစ္သည္။



႐ုံးခန္းပုံစံ စနစ္တက်မရွိေသာ သုံးထပ္၊ ေလးထပ္လုံးခ်င္းတိုက္မ်ားကို ႐ုံးခန္းအျဖစ္ ငွားရမ္းထားရာမွ အသစ္တည္ေဆာက္ထားေသာ အဆင့္မီ႐ုံးခန္း ေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕မႈပိုမ်ားလာၿပီး ၂၀၁၈ ခုႏွစ္အတြင္း ႐ုံးခန္းတာဝါ ေဆာက္လုပ္ၿပီးစီးမႈမွာလည္း ၂၀၁၅ ခုႏွစ္ေနာက္ ပိုင္းတြင္ အမ်ားဆုံးျဖစ္ေၾကာင္း Colliers International Myanmar က သုံးသပ္ထားသည္။

“ခုလက္ရွိ အငွားေဈးကြက္အလုပ္ျဖစ္ေနတယ္ဆိုတာက ဝန္ေလွ်ာ့တဲ့သူေတြေပါ့။ အရင္ သိန္း ၂၀ ေလာက္နဲ႕ ငွားေနတဲ့အခန္းကေန ၁၅ သိန္းေလာက္ရွိတဲ့အခန္းကို ေျပာင္းၾကတဲ့သေဘာပါ။ ေဈးကြက္က ဒီလိုပုံစံနဲ႕ လည္ပတ္ေနတာ” ဟု ရန္ကုန္တိုင္းေဒသႀကီး အိမ္၊ ၿခံ၊ ေျမ ဝန္ေဆာင္မႈအသင္းအတြင္းေရးမႉး ဦးမ်ိဳးျမင့္ေအာင္က အငွားေဈးကြက္အေျခအေနကို ေျပာျပသည္။

ရန္ကုန္ၿမိဳ႕ရွိ ပ်မ္းမွ်႐ုံးခန္းေနရာ ငွားရမ္းခမွာ ၂၀၁၈ ခုႏွစ္ ဒုတိယသုံးလပတ္ (ဧၿပီ မွ ဇြန္) တြင္ ၁ စတုရန္းမီတာ (၁၀ ဒသမ ၇၆ စတုရန္းေပ) ကို အေမရိကန္ ေဒၚလာ ၄၂ ဒသမ ၉ ရွိၿပီး ယမန္ႏွစ္ကာလတူႏွင့္ႏွိုင္းယွဥ္ပါက ငွားရမ္းခ ၆ ဒသမ ၄ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း Colliers International Myanmar ၏ သုံးလပတ္ ေဈးကြက္သုံးသပ္ခ်က္မ်ား သိရသည္။

သာမန္အိမ္ငွားေဈးကြက္အေျခအေနတြင္လည္း ယခင္ႏွစ္မ်ားက ေဈးတိုးေတာင္းျခင္းမ်ိဳးရွိေသာ္လည္း ယခုႏွစ္တြင္ ေဈးအေျပာင္းအလဲမရွိေတာ့ေၾကာင္း လွည္းတန္းေဈးအနီး ႏွစ္လႊာတြင္ ငွားရမ္းေနထိုင္သူ မျဖဴလြင္က ဆိုသည္။

“အရင္ လွည္းတန္း-အင္းစိန္လမ္းမဘက္မွာ ငွားေနတုန္းက ေျခာက္လႊာ Hall Type အခန္းကို ၂၀၁၅ မွာ ငွားတုန္းက ႏွစ္သိန္းခြဲ၊ ေနာက္တစ္ႏွစ္က်ေတာ့ ႏွစ္သိန္းရွစ္ေသာင္း၊ ၂၀၁၇ မွာ သုံးသိန္း။ ဒီႏွစ္ တိုးမေတာင္းေတာ့ေပမယ့္ တိုက္အသစ္လည္းျဖစ္၊ အထပ္လည္းနိမ့္ တာလိုခ်င္လို႔ လွည္းတန္းေဈးနားက ႏွစ္လႊာတိုက္ခန္းကို ႏွစ္သိန္းရွစ္ေသာင္းနဲ႕ ငွားေနလိုက္တာ” ဟု ၎က ေျပာသည္။

ေနအိမ္၊ တိုက္ခန္းငွားရမ္းခအမ်ားစု ေဈးထပ္မံတိုးေတာင္းျခင္း မရွိေသာ္လည္း ယခင္ရွိခဲ့သည့္ေဈးအတိုင္း ေမ်ာလိုက္ေနသည္က အမ်ားစုျဖစ္သည္။

ထို႔ေၾကာင့္ပင္ ေဈးႏႈန္းသင့္တင့္ၿပီး ပိုမိုေကာင္းမြန္ေသာ တိုက္ခန္းအသစ္မ်ားသို႔ ပိုမိုေျပာင္းေ႐ႊ႕လာၾကသည္။

ျပည္တြင္းရွိ အိမ္၊ ၿခံ၊ ေျမအက်ိဳးေဆာင္လုပ္ငန္းမ်ား၏ အျမင္တြင္လည္း အေရာင္း၊ အဝယ္၊ အငွား ေဈးႏႈန္းအေျခအေနမွာ အက်ဘက္တြင္သာရွိေနမည္ျဖစ္ေၾကာင္း မွတ္ခ်က္ေပးၾကသည္။

“ျမန္မာပလာဇာတို႔၊ ကန္သာယာတို႔လို ေနာက္ထပ္အသစ္ထြက္လာမယ့္ ႐ုံးခန္းတာဝါစီမံကိန္းေတြလည္း ရွိတယ္။ ေဆာက္လုပ္ၿပီးသြားတဲ့ တိုက္အသစ္ေတြလည္း ရွိတယ္ဆိုေတာ့ အငွားေဈးက တက္ဖို႔ လုံးဝမရွိဘူး” ဟု iMyanmar House.com ၏ အုပ္ခ်ဳပ္မႈဒါရိုက္တာ ဦးေနမင္းသူက ဆိုသည္။

ထို႔အတူ လူေနတိုက္ခန္း အေရာင္းအဝယ္ေဈးကြက္အေျခအေနမွာလည္း အေရာင္းအဝယ္အနည္းအက်ဥ္းသာရွိၿပီး လက္ရွိအေျခအေနႏွင့္ ထိုက္သင့္သည့္ေဈးႏႈန္းျဖစ္မွသာ အေရာင္းအဝယ္ျဖစ္နိုင္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ျမန္မာ့အိမ္၊ ၿခံ၊ ေျမေဈးကြက္ ျပန္လည္ဦးေမာ့လာရန္ဆိုသည့္ ေမွ်ာ္မွန္းခ်က္တြင္ ေဈးႀကီးမိထားသူအခ်ိဳ႕က ေဈးႏႈန္းမ်ားပါ ျပန္လည္ျမင့္တက္လာရန္ ေမွ်ာ္လင့္ေနၾကသည္။

အိမ္၊ ၿခံ၊ ေျမေခတ္ေကာင္းစဥ္အခ်ိန္က ေဈးႀကီးေပးဝယ္ထားသူမ်ားမွာ လက္ရွိျဖစ္ေပၚေနေသာ ေဈးကြက္ေပါက္ေဈးႏွင့္လည္း ထုတ္မေရာင္းနိုင္ခ်ိန္တြင္ ေနာက္ထပ္ထိုးႏွက္ခ်က္အျဖစ္ အသစ္ေဆာက္လုပ္ၿပီးစီးသည့္ အေဆာက္အအုံမ်ားေၾကာင့္ ေဈးကြက္အတြင္း ေဈးႏႈန္းအရ ယွဥ္ၿပိဳင္လာရျခင္းျဖစ္သည္။

“ေဈးကြက္က ျဖစ္သင့္ျဖစ္ထိုက္တဲ့ ေဈးနဲ႕ဆို ေျမ၊ တိုက္ခန္း၊ ကြန္ဒို အကုန္ အလုပ္ျဖစ္တယ္။ ဝယ္သူေပးတဲ့ေဈးက မလြန္ဘူး။ ေရာင္းသူဘက္ကသာ အဲဒီေဈးနဲ႕မေရာင္းနိုင္ၾကတာ” ဟု ဦးမ်ိဳးျမင့္ေအာင္က လက္ရွိအိမ္၊ ၿခံ၊ ေျမေဈးကြက္အေျခအေနကို ရွင္းျပသည္။

ထို႔အတူ ကေမာၻဇဘဏ္၊ ရိုးမဘဏ္၊ ဧရာဝတီဘဏ္ စသည့္ ျပည္တြင္းပုဂၢလိကဘဏ္အခ်ိဳ႕၏ ႏွစ္ရွည္အိမ္ရာေခ်းေငြ အစီအစဥ္သစ္မ်ား ေပၚထြက္လာၿပီးေနာက္ အိမ္၊ ၿခံ၊ ေျမေဈးကြက္ ပိုမိုသြက္လက္လာမည္ဟု မွန္းဆထားေသာ္လည္း လက္ေတြ႕တြင္ ေဈးကြက္မွာ ယခင္အတိုင္း ေအးစက္စက္ပင္။

အဓိကအေၾကာင္းရင္းမွာ အနည္းဆုံး သက္တမ္း ဆယ္ႏွစ္ခန႔္ရွိေနေသာ ေနအိမ္တိုက္ခန္းအမ်ားစုမွာ ပိုင္ဆိုင္မႈအေထာက္အထား စာ႐ြက္စာတမ္း တိတိက်က်ျပသနိုင္ရန္ အခက္အခဲမ်ားရွိေနေသာေၾကာင့္ အိမ္ရာေခ်းေငြ ထုတ္ေပးမည့္ သတ္မွတ္ခ်က္ႏွင့္မကိုက္ညီျခင္းျဖစ္သည္။

“ဘဏ္တစ္ခုရဲ႕ေခ်းေငြနဲ႕ စမ္းေခ်ာင္းဘက္မွာ သိန္း ၄၀၀ ေက်ာ္တန္ တိုက္ခန္းဝယ္ဖို႔ အားလုံးၿပီးသေလာက္ျဖစ္ေနေပမယ့္ လက္ရွိအိမ္ပိုင္ရွင္မွာ အမည္ေပါက္ပိုင္ဆိုင္တာ ဘယ္သူဆိုတာျပဖို႔ စာ႐ြက္စာတမ္းက မရွိဘူး။ အဲဒါနဲ႕ မဝယ္ျဖစ္ေတာ့ဘဲ အိမ္ငွားေနေနတာ” ဟု လွည္းတန္းေဈးအနီးတြင္ တိုက္ခန္းငွားေနထိုင္သူ မျဖဴလြင္က ဆိုသည္။

အခြန္၊ ေငြျဖဴေငြမည္းျပႆနာႏွင့္ နားလည္မႈေခါင္းစဥ္တပ္ကာ အရပ္စာခ်ဳပ္မ်ားျဖင့္ လက္လႊဲေရာင္းဝယ္ခဲ့ၾကသည့္ ျမန္မာ့အိမ္၊ ၿခံ၊ ေျမေဈးကြက္၏ ေနာက္ထပ္ စိန္ေခၚမႈတစ္ရပ္ပင္ျဖစ္သည္။

ဤေနရာတြင္ အိမ္၊ ၿခံ၊ ေျမပြဲစား၊ အက်ိဳးေဆာင္မ်ား၏ အခန္းက႑က အေရးပါလာသည္။

ေဈးကြက္အတြင္း ေရာင္း၊ ဝယ္၊ ငွား အားလုံးကို အိမ္၊ ၿခံ၊ ေျမအက်ိဳးေဆာင္မ်ားကတစ္ဆင့္ ၿပီးေျမာက္ေအာင္ ခ်ိတ္ဆက္လုပ္ေဆာင္ေပးရျခင္းျဖစ္ၿပီး ယင္းတို႔ကို တရားဝင္မွတ္ပုံတင္စာခ်ဳပ္စာတမ္းျဖင့္ စာခ်ဳပ္ခ်ဳပ္ဆိုနိုင္ရန္ လိုအပ္သည္။

လက္ရွိအေျခအေနမွာမူ ေငြျဖဴျဖစ္ေၾကာင္းျပရန္ခက္ခဲသည့္အေျခအေနႏွင့္ ေပးေဆာင္ရမည့္ အခြန္ကို အျပည့္အဝမေပးေဆာင္သည့္ အေျခအေနေၾကာင့္ နိုင္ငံေတာ္ကရသင့္ရထိုက္သည့္ အခြန္ေငြမ်ား ဆုံးရႈံးရျပန္သည္။

ထိုျပႆနာကို ကူညီေျဖရွင္းနိုင္မည့္အခ်က္မွာ အိမ္၊ ၿခံ၊ ေျမဝန္ေဆာင္မႈ ဥပေဒေပၚထြက္လာေရးျဖစ္သည္။

အဆိုပါဥပေဒၾကမ္းကို လာမည့္နိုဝင္ဘာလတြင္ ျပန္လည္စတင္မည့္ လႊတ္ေတာ္အစည္းအေဝးမ်ားတြင္ ေဆြးေႏြးျပ႒ာန္းနိုင္ပါက အိမ္၊ ၿခံ၊ ေျမအက်ိဳးေဆာင္လုပ္ငန္းမ်ားအေနႏွင့္ လုပ္ငန္းလိုင္စင္ မျဖစ္မေနရွိရန္ လိုအပ္ၿပီး က်င့္ဝတ္၊ စည္းကမ္းႏွင့္ လုပ္ကိုင္လာနိုင္ေပမည္။

“ဒီဥပေဒထြက္လာရင္ တာဝန္ယူမႈ၊ တာဝန္ခံမႈအပိုင္းေတြ တိတိက်က်ျဖစ္လာမယ္။ ေပါ့ေပါ့ဆဆလုပ္လို႔ မရေတာ့ဘူး။ ေရာင္း၊ ဝယ္၊ ငွား လုပ္တိုင္း စာရင္းအတိအက်ရွိၿပီး အခြန္ေတြလည္း ရမယ္။ ပရမ္းပတာျဖစ္ေနတဲ့ ဒီေဈးကြက္မွာ စီးပြားေရးက်င့္ဝတ္၊ စည္းကမ္းနဲ႕အညီ လုပ္မယ္ဆို အက်ိဳးေဆာင္ေရာ၊ ဝန္ေဆာင္မႈရယူသူေရာ နိုင္ငံေတာ္ပါ အက်ိဳးရွိမယ့္ဥပေဒပါ” ဟု ျမန္မာနိုင္ငံ အိမ္၊ ၿခံ၊ ေျမ ဝန္ေဆာင္မႈအသင္း ဥကၠ႒ ဦးခင္ေမာင္သန္း က ေျပာသည္။

လက္ရွိအိမ္၊ ၿခံ၊ ေျမေဈးကြက္တြင္ ဝန္ေဆာင္မႈရယူသူႏွင့္ ဝန္ေဆာင္မႈေပးသူအၾကား ယုံၾကည္မႈနည္းပါးျခင္း၊ စိတ္ေက်နပ္မႈ အျပည့္အဝမရျခင္းႏွင့္ ဝန္ေဆာင္ခအျပည့္အဝမရနစ္နာျခင္းမ်ား ႏွစ္ဖက္လုံးတြင္ရွိေနေၾကာင္း ၎က ဆိုသည္။

အိမ္၊ ၿခံ၊ ေျမအက်ိဳးေဆာင္လုပ္ငန္းကို အမွန္တကယ္ နားလည္တတ္ကြၽမ္းမႈရွိမွသာ လုပ္ကိုင္ခြင့္ရေတာ့မည္ျဖစ္သည့္အတြက္ ေဈးႏႈန္းမ်ား စနစ္တက်ျဖစ္လာၿပီး ျပည္တြင္း၊ ျပည္ပမွ ေဈးကြက္အတြင္း ေဈးဝင္ကစားျခင္းကိုလည္း ထိန္းေက်ာင္းလာနိုင္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

“ဒီဥပေဒထြက္လာရင္ ေရာင္းသူ၊ ဝယ္သူ၊ ဝန္ေဆာင္မႈေပးသူအားလုံးအတြက္ ေကာင္းသြားမယ္။ အခုက်ေတာ့ ကြမ္းယာေရာင္းတဲ့သူကလည္း ပြဲစား၊ ဆိုင္ကယ္ကယ္ရီေမာင္းသူကလည္း ပြဲစားနဲ႕ ပါးစပ္ပါရင္ ပြဲစားျဖစ္သလို ျဖစ္ေနတာကိုး” ဟု ရန္ကုန္တိုင္းေဒသႀကီး အိမ္၊ ၿခံ၊ ေျမ ဝန္ေဆာင္မႈအသင္းအတြင္းေရးမႉး ဦးမ်ိဳးျမင့္ေအာင္က ဆိုသည္။

အိမ္၊ ၿခံ၊ ေျမေဈးကြက္ ျပန္လည္ေကာင္းမြန္လာမည့္ ေနာက္ထပ္ေမွ်ာ္လင့္ခ်က္တစ္ခုအျဖစ္ ကြန္ဒိုမီနီယံဥပေဒ (စုေပါင္းပိုင္အေဆာက္အအုံဥပေဒ) ကို လုပ္ငန္းရွင္မ်ားက မ်ားစြာအားထားခဲ့ၾကသည္။

သို႔ေသာ္ ကြန္ဒိုမီနီယံဥပေဒအပါအဝင္ နည္းဥပေဒျပ႒ာန္းၿပီးသည္အထိ ေဈးကြက္မွာ ဒုံရင္းအေျခအေနတြင္သာ ဆက္ရွိေနသည္။

အဘယ္ေၾကာင့္ဆိုေသာ္ အဆိုပါဥပေဒအရ တရားဝင္မွတ္ပုံတင္ထားေသာ ကြန္ဒိုတိုက္ခန္းမ်ား ျမန္မာနိုင္ငံတြင္ လက္ရွိအခ်ိန္ထိ ရွိမေနျခင္းေၾကာင့္ နိုင္ငံျခားသားမ်ားကို ကြန္ဒိုတိုက္ခန္းပိုင္ဆိုင္ခြင့္ ၄၀ ရာခိုင္ႏႈန္းအထိ ကြန္ဒိုဥပေဒကခြင့္ျပဳထားေသာ္လည္း ေျမျပင္အေျခအေနတြင္မူ ယင္းသို႔ဝယ္ယူပိုင္ဆိုင္ရန္ စိန္ေခၚမႈမ်ားစြာရွိေနသည္။

ျမန္မာနိုင္ငံရွိ ကြန္ဒိုတိုက္ခန္းအမ်ားစုမွာ အမည္ခံကြန္ဒိုတိုက္ခန္းမ်ားသာျဖစ္ၿပီး ကြန္ဒိုဥပေဒသတ္မွတ္ခ်က္စံႏႈန္းမ်ားႏွင့္ကိုက္ညီနိုင္ရန္ အခက္အခဲမ်ားရွိေနေၾကာင္း iMyanmar House.com အိမ္၊ ၿခံ၊ ေျမဝန္ေဆာင္မႈလုပ္ငန္း၏ အုပ္ခ်ဳပ္မႈဒါရိုက္တာ ဦးေနမင္းသူက ဆိုသည္။

“စုေပါင္းပိုင္အေဆာက္အအုံဥပေဒအရဆိုရင္ ကြၽန္ေတာ္တို႔ဆီမွာ အဲဒီလိုဟာမ်ိဳး လုံးဝကိုမရွိေသးတာပါ။ ဘုရားစူး ကြန္ဒိုေတြပဲရွိပါေသးတယ္။ ဥပေဒကို နားမလည္သူေတြကေတာ့ ဝယ္ေနတာေပါ့။ တကယ္နားလည္သူကေတာ့ ဝယ္မွာ မဟုတ္ဘူး” ဟု ဦးမ်ိဳးျမင့္ေအာင္ကဆိုသည္။

ကြန္ဒိုဥပေဒအရ ကြန္ဒိုတည္ေဆာက္မည့္ေျမကို ေျမပိုင္ရွင္ သို႔မဟုတ္ ေျမပိုင္ရွင္ႏွင့္ တည္ေဆာက္သူ ပူးတြဲပိုင္ဆိုင္ထားလွ်င္ ထိုပိုင္ဆိုင္မႈကို စြန႔္လႊတ္မွသာ စုေပါင္းပိုင္အေဆာက္အအုံသတ္မွတ္ခ်က္ႏွင့္ အမွန္တကယ္ကိုက္ညီမႈရွိမည္ျဖစ္ၿပီး ကြန္ဒိုဝယ္ယူမည့္သူမ်ားႏွင့္ ေျမကို အခ်ိဳးက်ပိဳင္ဆိုင္ရမည္ျဖစ္ရာ ေျမပိုင္ရွင္မ်ားအေနႏွင့္ ၎တို႔၏ပိုင္ဆိုင္မႈကို မစြန႔္လႊတ္လိုျခင္းက အဓိက စိန္ေခၚမႈႀကီး ျဖစ္ေနသည္။



ကြန္ဒိုမီနီယံဥပေဒအရ နိုင္ငံျခားသားမ်ားကို ကြန္ဒိုဝယ္ယူခြင့္ျပဳေသာ္လည္း ရင္းႏွီးျမႇုပ္ႏွံမႈဥပေဒ၊ ေျမယာဥပေဒႏွင့္ မေ႐ႊ႕ေျပာင္းနိုင္ေသာပစၥည္းမ်ားလႊဲေျပာင္းျခင္းဥပေဒတို႔တြင္မူ နိုင္ငံျခားသားမ်ားကို ေျမပိုင္ဆိုင္ခြင့္ လုံးဝခြင့္မျပဳထားေပ။

ထို႔အတြက္ ဥပေဒအရ အကာအကြယ္ရယူနိုင္မႈနည္းပါးေနေသာ ပကတိအေျခအေနတြင္ နိုင္ငံျခားသား ကြန္ဒိုတိုက္ခန္းဝယ္ယူမႈ မ်ားလာမည္ဟု ေမွ်ာ္မွန္းခ်က္မွာ အမွန္တကယ္ျဖစ္မလာဘဲ ေမွးမွိန္သြားျပန္သည္။

“ဧရိယာအက်ယ္အဝန္း သတ္မွတ္ခ်က္ကလည္း စတုရန္းေပ ၂၀,၀၀၀ ရွိရမယ္၊ ၿပီးေတာ့ စုေပါင္းပိုင္အေဆာက္အအုံျဖစ္ဖို႔ ေျမပိုင္ရွင္ကလည္း သူ႕ေျမ ပိုင္ဆိုင္မႈကို စြန႔္လႊတ္ရမယ္။ တည္ေဆာက္သူကလည္း စြန႔္လႊတ္ရမယ္။ ဒါေတြက တကယ့္ပကတိအေျခအေနမွာ လုပ္ရကိုင္ရ ေတာ္ေတာ္ခက္ခဲေနတယ္” ဟု ဦးေနမင္းသူက ဆိုသည္။

ျမန္မာ့အိမ္၊ ၿခံ၊ ေျမေဈးကြက္ ျပန္လည္ေကာင္းမြန္လာရန္ ေက်ာ္လႊားရမည့္ စိန္ေခၚမႈမ်ားက ဒုႏွင့္ေဒး။

ပိုင္ဆိုင္မႈအရႈပ္အရွင္းျပႆနာ၊ မတန္တဆပါးစပ္ေဈးျဖင့္ ဆြဲတင္ထားေသာ ေဈးႀကီးမႈျပႆနာ၊ လက္ေတြ႕အေျခအေနႏွင့္ အေကာင္အထည္ေဖာ္လုပ္ေဆာင္ရန္ ခက္ခဲေနေသာ ဥပေဒလုပ္ထုံးလုပ္နည္း၊ ေငြျဖဴေငြမည္း ခဝါခ်မႈႏွင့္ အခြန္ႏႈန္းထားျပႆနာ။

အိမ္၊ ၿခံ၊ ေျမေဈးႏႈန္းမ်ား တအိအိက်ဆင္းလာသည္မွာ ႏွစ္အတန္ငယ္ၾကာၿပီျဖစ္ၿပီး ယခင္က ဝယ္ယူနိုင္သည့္ အေျခအေနမရွိရာမွ ယခုလိုေဈးက်လာျခင္းသည္ အမ်ားျပည္သူအတြက္ ပိုေကာင္းေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အိမ္၊ ၿခံ၊ ေျမ ဝန္ေဆာင္မႈအသင္း အတြင္းေရးမႉး ဦးမ်ိဳးျမင့္ေအာင္က ဆိုသည္။

ေဈးကြက္သေဘာတရားအရ ပူေဖာင္းေပါက္ခဲ့သည့္အေျခအေနမွ ပုံမွန္ျပန္ျဖစ္ရန္ ႏွစ္အတန္ၾကာ အခ်ိန္ယူျပန္လည္ျပင္ဆင္ေနျခင္းျဖစ္သည္။

“အဓိကက ကိုယ္က်ိဳးစီးပြားကို အရမ္းႀကီးေရွ႕တန္းတင္တာမ်ိဳးမလုပ္ၾကဖို႔လိုတယ္။ အိမ္၊ ၿခံ၊ ေျမေဈးေတြ ျပန္တက္လာတာထက္ တည္ၿငိမ္တဲ့ ေဈးကြက္ျဖစ္တာကိုပဲ လိုခ်င္တယ္” ဟု ရန္ကုန္တိုင္းေဒသႀကီး အိမ္၊ ၿခံ၊ ေျမ ဝန္ေဆာင္မႈအသင္း အတြင္းေရးမႉး ဦးမ်ိဳးျမင့္ေအာင္က မွတ္ခ်က္ေပးသည္။


စစ္ၿငိမ္းသူ





[Unicode]
အိမ်ခြံမြေဈေးကွက် အမှန်ပြင်ချိန်
 ( လွန်ခဲ့သော ၄-လ ခန့်က)   536 ကြိမ် မှတ်ချက်ပေးထားသည်


မြန်မာ့အိမ်၊ ခြံ၊ မြေဈေးကွက် ပူဖောင်းပေါက်ခဲ့သည်မှာ ယခုဆိုလျှင် လေးနှစ်ကျော်၊ ငါးနှစ်ဝန်းကျင်ရှိပြီဖြစ်သည်။

မိုးထိုးတက်ခဲ့သော မြန်မာ့အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ ၂၀၁၄၊ ၂၀၁၅ ခုနှစ်မှ စတင်ပြိုဆင်းလာရာ လက်ရှိအချိန်ထိ တအိအိကျဆင်းနေဆဲဖြစ်သည်။

ပြည်တွင်းရှိ မြို့ကြီးပြကြီးများ၏ မြေ၊ တိုက်ခန်း၊ ရုံးခန်းငှားရမ်းခ၊ အရောင်းအဝယ်ဈေးနှုန်းများမှာ ကမ္ဘာ့ထိပ်သီးမြို့ကြီးများ၏ ဈေးနှုန်းများနှင့်ပင် ရင်ပေါင်တန်းနိုင်သည်အထိ မတန်တဆဈေးများ ဖြစ်ခဲ့သည်။

ယခုအခါ ရောင်းသူစိတ်ကြိုက် မတန်တဆခေါ်ဈေးအများစုမှာ သုံး၊ လေးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

“အဲဒီအချိန်တုန်းက ဈေးတွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးမှမဟုတ်တာ။ ဒါကြောင့် တဖြည်းဖြည်း ပြန်ပြိုဆင်းလာတာ။ စိတ်ကူးနဲ့ပေါက်ကရဈေးတွေ ပြောပြီး တကယ်တမ်းကျ ရောင်းမထွက်ဘူး။ အမှန်က ဘယ်ဈေးဖြစ်သင့်တယ်ဆိုတာကို ဝယ်သူကသာ ဆုံးဖြတ်တာ။ ဈေးကွက်ပြိုဆင်းသွားတာ နှစ်နည်းနည်းကြာပြီဆိုပေမယ့် ပြည်သူတွေအတွက် ကြည့်မယ်ဆို ဒါ ကောင်းတယ်လေဗျာ” ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းအတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ဆိုသည်။

အိမ်၊ ခြံ၊ မြေဈေးကွက် ပူဖောင်းပေါက်ပြီး နှစ်နှစ်ကျော်အကြာတွင် ဈေးကွက်ပြန်လည်ဦးမော့လာရန် လုပ်ငန်းရှင်အများစုက မျှော်မှန်းပြောဆိုခဲ့ကြသော်လည်း လက်တွေ့တွင် ဈေးကွက်မှာ ပုံမှန်အနေအထားဖြင့်သာ လည်ပတ်နေဆဲဖြစ်ပြီး ဈေးနှုန်းများမှာလည်း ကျဆင်းနေဆဲသာဖြစ်သည်။

ရုံးခန်းအငှားဈေးကွက်တွင်မူ အသစ်ထပ်ထွက်လာမည့် ရုံးခန်းတာဝါများကြောင့် ငှားရမ်းခဈေးမှာ ဆက်လက်ကျဆင်းလျက်ရှိကြောင်း နိုင်ငံတကာအိမ်၊ ခြံ၊ မြေဝန်ဆောင်မှုလုပ်ငန်းကြီးဖြစ်သော Colliers International Myanmar က ယခုနှစ် ဒုတိယသုံးလပတ် သုံးသပ်ချက် တွင် ဖော်ပြထားသည်။

အထူးသဖြင့် မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကြီးအနီးရှိ ကန်သာယာစင်တာစီမံကိန်းမှ ရုံးခန်းတာဝါ ပြီးစီးမှု၊ Time City ရုံးခန်းတာဝါ၊ မဟာနဝရတ် ရုံးခန်းတာဝါ၊ မင်းဓမ္မရုံးခန်းတာဝါ စသည့် စီမံကိန်းကြီးများ တည်ဆောက်ပြီးစီးပါက ရုံးခန်းနေရာဖြည့်ဆည်းမှု ပိုမိုများပြားကာ ငှားရမ်းခနှုန်းထားများ ကျဆင်းလာမည် ဖြစ်သည်။



ရုံးခန်းပုံစံ စနစ်တကျမရှိသော သုံးထပ်၊ လေးထပ်လုံးချင်းတိုက်များကို ရုံးခန်းအဖြစ် ငှားရမ်းထားရာမှ အသစ်တည်ဆောက်ထားသော အဆင့်မီရုံးခန်း နေရာများသို့ ပြောင်းရွှေ့မှုပိုများလာပြီး ၂၀၁၈ ခုနှစ်အတွင်း ရုံးခန်းတာဝါ ဆောက်လုပ်ပြီးစီးမှုမှာလည်း ၂၀၁၅ ခုနှစ်နောက် ပိုင်းတွင် အများဆုံးဖြစ်ကြောင်း Colliers International Myanmar က သုံးသပ်ထားသည်။

“ခုလက်ရှိ အငှားဈေးကွက်အလုပ်ဖြစ်နေတယ်ဆိုတာက ဝန်လျှော့တဲ့သူတွေပေါ့။ အရင် သိန်း ၂၀ လောက်နဲ့ ငှားနေတဲ့အခန်းကနေ ၁၅ သိန်းလောက်ရှိတဲ့အခန်းကို ပြောင်းကြတဲ့သဘောပါ။ ဈေးကွက်က ဒီလိုပုံစံနဲ့ လည်ပတ်နေတာ” ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းအတွင်းရေးမှူး ဦးမျိုးမြင့်အောင်က အငှားဈေးကွက်အခြေအနေကို ပြောပြသည်။

ရန်ကုန်မြို့ရှိ ပျမ်းမျှရုံးခန်းနေရာ ငှားရမ်းခမှာ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီ မှ ဇွန်) တွင် ၁ စတုရန်းမီတာ (၁၀ ဒသမ ၇၆ စတုရန်းပေ) ကို အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၉ ရှိပြီး ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ငှားရမ်းခ ၆ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Colliers International Myanmar ၏ သုံးလပတ် ဈေးကွက်သုံးသပ်ချက်များ သိရသည်။

သာမန်အိမ်ငှားဈေးကွက်အခြေအနေတွင်လည်း ယခင်နှစ်များက ဈေးတိုးတောင်းခြင်းမျိုးရှိသော်လည်း ယခုနှစ်တွင် ဈေးအပြောင်းအလဲမရှိတော့ကြောင်း လှည်းတန်းဈေးအနီး နှစ်လွှာတွင် ငှားရမ်းနေထိုင်သူ မဖြူလွင်က ဆိုသည်။

“အရင် လှည်းတန်း-အင်းစိန်လမ်းမဘက်မှာ ငှားနေတုန်းက ခြောက်လွှာ Hall Type အခန်းကို ၂၀၁၅ မှာ ငှားတုန်းက နှစ်သိန်းခွဲ၊ နောက်တစ်နှစ်ကျတော့ နှစ်သိန်းရှစ်သောင်း၊ ၂၀၁၇ မှာ သုံးသိန်း။ ဒီနှစ် တိုးမတောင်းတော့ပေမယ့် တိုက်အသစ်လည်းဖြစ်၊ အထပ်လည်းနိမ့် တာလိုချင်လို့ လှည်းတန်းဈေးနားက နှစ်လွှာတိုက်ခန်းကို နှစ်သိန်းရှစ်သောင်းနဲ့ ငှားနေလိုက်တာ” ဟု ၎င်းက ပြောသည်။

နေအိမ်၊ တိုက်ခန်းငှားရမ်းခအများစု ဈေးထပ်မံတိုးတောင်းခြင်း မရှိသော်လည်း ယခင်ရှိခဲ့သည့်ဈေးအတိုင်း မျောလိုက်နေသည်က အများစုဖြစ်သည်။

ထို့ကြောင့်ပင် ဈေးနှုန်းသင့်တင့်ပြီး ပိုမိုကောင်းမွန်သော တိုက်ခန်းအသစ်များသို့ ပိုမိုပြောင်းရွှေ့လာကြသည်။

ပြည်တွင်းရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများ၏ အမြင်တွင်လည်း အရောင်း၊ အဝယ်၊ အငှား ဈေးနှုန်းအခြေအနေမှာ အကျဘက်တွင်သာရှိနေမည်ဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။

“မြန်မာပလာဇာတို့၊ ကန်သာယာတို့လို နောက်ထပ်အသစ်ထွက်လာမယ့် ရုံးခန်းတာဝါစီမံကိန်းတွေလည်း ရှိတယ်။ ဆောက်လုပ်ပြီးသွားတဲ့ တိုက်အသစ်တွေလည်း ရှိတယ်ဆိုတော့ အငှားဈေးက တက်ဖို့ လုံးဝမရှိဘူး” ဟု iMyanmar House.com ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။

ထို့အတူ လူနေတိုက်ခန်း အရောင်းအဝယ်ဈေးကွက်အခြေအနေမှာလည်း အရောင်းအဝယ်အနည်းအကျဉ်းသာရှိပြီး လက်ရှိအခြေအနေနှင့် ထိုက်သင့်သည့်ဈေးနှုန်းဖြစ်မှသာ အရောင်းအဝယ်ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်လည်ဦးမော့လာရန်ဆိုသည့် မျှော်မှန်းချက်တွင် ဈေးကြီးမိထားသူအချို့က ဈေးနှုန်းများပါ ပြန်လည်မြင့်တက်လာရန် မျှော်လင့်နေကြသည်။

အိမ်၊ ခြံ၊ မြေခေတ်ကောင်းစဉ်အချိန်က ဈေးကြီးပေးဝယ်ထားသူများမှာ လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်ပေါက်ဈေးနှင့်လည်း ထုတ်မရောင်းနိုင်ချိန်တွင် နောက်ထပ်ထိုးနှက်ချက်အဖြစ် အသစ်ဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံများကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းအရ ယှဉ်ပြိုင်လာရခြင်းဖြစ်သည်။

“ဈေးကွက်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနဲ့ဆို မြေ၊ တိုက်ခန်း၊ ကွန်ဒို အကုန် အလုပ်ဖြစ်တယ်။ ဝယ်သူပေးတဲ့ဈေးက မလွန်ဘူး။ ရောင်းသူဘက်ကသာ အဲဒီဈေးနဲ့မရောင်းနိုင်ကြတာ” ဟု ဦးမျိုးမြင့်အောင်က လက်ရှိအိမ်၊ ခြံ၊ မြေဈေးကွက်အခြေအနေကို ရှင်းပြသည်။

ထို့အတူ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ် စသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့၏ နှစ်ရှည်အိမ်ရာချေးငွေ အစီအစဉ်သစ်များ ပေါ်ထွက်လာပြီးနောက် အိမ်၊ ခြံ၊ မြေဈေးကွက် ပိုမိုသွက်လက်လာမည်ဟု မှန်းဆထားသော်လည်း လက်တွေ့တွင် ဈေးကွက်မှာ ယခင်အတိုင်း အေးစက်စက်ပင်။

အဓိကအကြောင်းရင်းမှာ အနည်းဆုံး သက်တမ်း ဆယ်နှစ်ခန့်ရှိနေသော နေအိမ်တိုက်ခန်းအများစုမှာ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း တိတိကျကျပြသနိုင်ရန် အခက်အခဲများရှိနေသောကြောင့် အိမ်ရာချေးငွေ ထုတ်ပေးမည့် သတ်မှတ်ချက်နှင့်မကိုက်ညီခြင်းဖြစ်သည်။

“ဘဏ်တစ်ခုရဲ့ချေးငွေနဲ့ စမ်းချောင်းဘက်မှာ သိန်း ၄၀၀ ကျော်တန် တိုက်ခန်းဝယ်ဖို့ အားလုံးပြီးသလောက်ဖြစ်နေပေမယ့် လက်ရှိအိမ်ပိုင်ရှင်မှာ အမည်ပေါက်ပိုင်ဆိုင်တာ ဘယ်သူဆိုတာပြဖို့ စာရွက်စာတမ်းက မရှိဘူး။ အဲဒါနဲ့ မဝယ်ဖြစ်တော့ဘဲ အိမ်ငှားနေနေတာ” ဟု လှည်းတန်းဈေးအနီးတွင် တိုက်ခန်းငှားနေထိုင်သူ မဖြူလွင်က ဆိုသည်။

အခွန်၊ ငွေဖြူငွေမည်းပြဿနာနှင့် နားလည်မှုခေါင်းစဉ်တပ်ကာ အရပ်စာချုပ်များဖြင့် လက်လွှဲရောင်းဝယ်ခဲ့ကြသည့် မြန်မာ့အိမ်၊ ခြံ၊ မြေဈေးကွက်၏ နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

ဤနေရာတွင် အိမ်၊ ခြံ၊ မြေပွဲစား၊ အကျိုးဆောင်များ၏ အခန်းကဏ္ဍက အရေးပါလာသည်။

ဈေးကွက်အတွင်း ရောင်း၊ ဝယ်၊ ငှား အားလုံးကို အိမ်၊ ခြံ၊ မြေအကျိုးဆောင်များကတစ်ဆင့် ပြီးမြောက်အောင် ချိတ်ဆက်လုပ်ဆောင်ပေးရခြင်းဖြစ်ပြီး ယင်းတို့ကို တရားဝင်မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် စာချုပ်ချုပ်ဆိုနိုင်ရန် လိုအပ်သည်။

လက်ရှိအခြေအနေမှာမူ ငွေဖြူဖြစ်ကြောင်းပြရန်ခက်ခဲသည့်အခြေအနေနှင့် ပေးဆောင်ရမည့် အခွန်ကို အပြည့်အဝမပေးဆောင်သည့် အခြေအနေကြောင့် နိုင်ငံတော်ကရသင့်ရထိုက်သည့် အခွန်ငွေများ ဆုံးရှုံးရပြန်သည်။

ထိုပြဿနာကို ကူညီဖြေရှင်းနိုင်မည့်အချက်မှာ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှု ဥပဒေပေါ်ထွက်လာရေးဖြစ်သည်။

အဆိုပါဥပဒေကြမ်းကို လာမည့်နိုဝင်ဘာလတွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးပြဋ္ဌာန်းနိုင်ပါက အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများအနေနှင့် လုပ်ငန်းလိုင်စင် မဖြစ်မနေရှိရန် လိုအပ်ပြီး ကျင့်ဝတ်၊ စည်းကမ်းနှင့် လုပ်ကိုင်လာနိုင်ပေမည်။

“ဒီဥပဒေထွက်လာရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေ တိတိကျကျဖြစ်လာမယ်။ ပေါ့ပေါ့ဆဆလုပ်လို့ မရတော့ဘူး။ ရောင်း၊ ဝယ်၊ ငှား လုပ်တိုင်း စာရင်းအတိအကျရှိပြီး အခွန်တွေလည်း ရမယ်။ ပရမ်းပတာဖြစ်နေတဲ့ ဒီဈေးကွက်မှာ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနဲ့အညီ လုပ်မယ်ဆို အကျိုးဆောင်ရော၊ ဝန်ဆောင်မှုရယူသူရော နိုင်ငံတော်ပါ အကျိုးရှိမယ့်ဥပဒေပါ” ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ပြောသည်။

လက်ရှိအိမ်၊ ခြံ၊ မြေဈေးကွက်တွင် ဝန်ဆောင်မှုရယူသူနှင့် ဝန်ဆောင်မှုပေးသူအကြား ယုံကြည်မှုနည်းပါးခြင်း၊ စိတ်ကျေနပ်မှု အပြည့်အဝမရခြင်းနှင့် ဝန်ဆောင်ခအပြည့်အဝမရနစ်နာခြင်းများ နှစ်ဖက်လုံးတွင်ရှိနေကြောင်း ၎င်းက ဆိုသည်။

အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းကို အမှန်တကယ် နားလည်တတ်ကျွမ်းမှုရှိမှသာ လုပ်ကိုင်ခွင့်ရတော့မည်ဖြစ်သည့်အတွက် ဈေးနှုန်းများ စနစ်တကျဖြစ်လာပြီး ပြည်တွင်း၊ ပြည်ပမှ ဈေးကွက်အတွင်း ဈေးဝင်ကစားခြင်းကိုလည်း ထိန်းကျောင်းလာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီဥပဒေထွက်လာရင် ရောင်းသူ၊ ဝယ်သူ၊ ဝန်ဆောင်မှုပေးသူအားလုံးအတွက် ကောင်းသွားမယ်။ အခုကျတော့ ကွမ်းယာရောင်းတဲ့သူကလည်း ပွဲစား၊ ဆိုင်ကယ်ကယ်ရီမောင်းသူကလည်း ပွဲစားနဲ့ ပါးစပ်ပါရင် ပွဲစားဖြစ်သလို ဖြစ်နေတာကိုး” ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းအတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ဆိုသည်။

အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်လည်ကောင်းမွန်လာမည့် နောက်ထပ်မျှော်လင့်ချက်တစ်ခုအဖြစ် ကွန်ဒိုမီနီယံဥပဒေ (စုပေါင်းပိုင်အဆောက်အအုံဥပဒေ) ကို လုပ်ငန်းရှင်များက များစွာအားထားခဲ့ကြသည်။

သို့သော် ကွန်ဒိုမီနီယံဥပဒေအပါအဝင် နည်းဥပဒေပြဋ္ဌာန်းပြီးသည်အထိ ဈေးကွက်မှာ ဒုံရင်းအခြေအနေတွင်သာ ဆက်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် အဆိုပါဥပဒေအရ တရားဝင်မှတ်ပုံတင်ထားသော ကွန်ဒိုတိုက်ခန်းများ မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ရှိမနေခြင်းကြောင့် နိုင်ငံခြားသားများကို ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်ခွင့် ၄၀ ရာခိုင်နှုန်းအထိ ကွန်ဒိုဥပဒေကခွင့်ပြုထားသော်လည်း မြေပြင်အခြေအနေတွင်မူ ယင်းသို့ဝယ်ယူပိုင်ဆိုင်ရန် စိန်ခေါ်မှုများစွာရှိနေသည်။

မြန်မာနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းအများစုမှာ အမည်ခံကွန်ဒိုတိုက်ခန်းများသာဖြစ်ပြီး ကွန်ဒိုဥပဒေသတ်မှတ်ချက်စံနှုန်းများနှင့်ကိုက်ညီနိုင်ရန် အခက်အခဲများရှိနေကြောင်း iMyanmar House.com အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုလုပ်ငန်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။

“စုပေါင်းပိုင်အဆောက်အအုံဥပဒေအရဆိုရင် ကျွန်တော်တို့ဆီမှာ အဲဒီလိုဟာမျိုး လုံးဝကိုမရှိသေးတာပါ။ ဘုရားစူး ကွန်ဒိုတွေပဲရှိပါသေးတယ်။ ဥပဒေကို နားမလည်သူတွေကတော့ ဝယ်နေတာပေါ့။ တကယ်နားလည်သူကတော့ ဝယ်မှာ မဟုတ်ဘူး” ဟု ဦးမျိုးမြင့်အောင်ကဆိုသည်။

ကွန်ဒိုဥပဒေအရ ကွန်ဒိုတည်ဆောက်မည့်မြေကို မြေပိုင်ရှင် သို့မဟုတ် မြေပိုင်ရှင်နှင့် တည်ဆောက်သူ ပူးတွဲပိုင်ဆိုင်ထားလျှင် ထိုပိုင်ဆိုင်မှုကို စွန့်လွှတ်မှသာ စုပေါင်းပိုင်အဆောက်အအုံသတ်မှတ်ချက်နှင့် အမှန်တကယ်ကိုက်ညီမှုရှိမည်ဖြစ်ပြီး ကွန်ဒိုဝယ်ယူမည့်သူများနှင့် မြေကို အချိုးကျပိုင်ဆိုင်ရမည်ဖြစ်ရာ မြေပိုင်ရှင်များအနေနှင့် ၎င်းတို့၏ပိုင်ဆိုင်မှုကို မစွန့်လွှတ်လိုခြင်းက အဓိက စိန်ခေါ်မှုကြီး ဖြစ်နေသည်။



ကွန်ဒိုမီနီယံဥပဒေအရ နိုင်ငံခြားသားများကို ကွန်ဒိုဝယ်ယူခွင့်ပြုသော်လည်း ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြေယာဥပဒေနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများလွှဲပြောင်းခြင်းဥပဒေတို့တွင်မူ နိုင်ငံခြားသားများကို မြေပိုင်ဆိုင်ခွင့် လုံးဝခွင့်မပြုထားပေ။

ထို့အတွက် ဥပဒေအရ အကာအကွယ်ရယူနိုင်မှုနည်းပါးနေသော ပကတိအခြေအနေတွင် နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်းဝယ်ယူမှု များလာမည်ဟု မျှော်မှန်းချက်မှာ အမှန်တကယ်ဖြစ်မလာဘဲ မှေးမှိန်သွားပြန်သည်။

“ဧရိယာအကျယ်အဝန်း သတ်မှတ်ချက်ကလည်း စတုရန်းပေ ၂၀,၀၀၀ ရှိရမယ်၊ ပြီးတော့ စုပေါင်းပိုင်အဆောက်အအုံဖြစ်ဖို့ မြေပိုင်ရှင်ကလည်း သူ့မြေ ပိုင်ဆိုင်မှုကို စွန့်လွှတ်ရမယ်။ တည်ဆောက်သူကလည်း စွန့်လွှတ်ရမယ်။ ဒါတွေက တကယ့်ပကတိအခြေအနေမှာ လုပ်ရကိုင်ရ တော်တော်ခက်ခဲနေတယ်” ဟု ဦးနေမင်းသူက ဆိုသည်။

မြန်မာ့အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်လည်ကောင်းမွန်လာရန် ကျော်လွှားရမည့် စိန်ခေါ်မှုများက ဒုနှင့်ဒေး။

ပိုင်ဆိုင်မှုအရှုပ်အရှင်းပြဿနာ၊ မတန်တဆပါးစပ်ဈေးဖြင့် ဆွဲတင်ထားသော ဈေးကြီးမှုပြဿနာ၊ လက်တွေ့အခြေအနေနှင့် အကောင်အထည်ဖော်လုပ်ဆောင်ရန် ခက်ခဲနေသော ဥပဒေလုပ်ထုံးလုပ်နည်း၊ ငွေဖြူငွေမည်း ခဝါချမှုနှင့် အခွန်နှုန်းထားပြဿနာ။

အိမ်၊ ခြံ၊ မြေဈေးနှုန်းများ တအိအိကျဆင်းလာသည်မှာ နှစ်အတန်ငယ်ကြာပြီဖြစ်ပြီး ယခင်က ဝယ်ယူနိုင်သည့် အခြေအနေမရှိရာမှ ယခုလိုဈေးကျလာခြင်းသည် အများပြည်သူအတွက် ပိုကောင်းကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ဆိုသည်။

ဈေးကွက်သဘောတရားအရ ပူဖောင်းပေါက်ခဲ့သည့်အခြေအနေမှ ပုံမှန်ပြန်ဖြစ်ရန် နှစ်အတန်ကြာ အချိန်ယူပြန်လည်ပြင်ဆင်နေခြင်းဖြစ်သည်။

“အဓိကက ကိုယ်ကျိုးစီးပွားကို အရမ်းကြီးရှေ့တန်းတင်တာမျိုးမလုပ်ကြဖို့လိုတယ်။ အိမ်၊ ခြံ၊ မြေဈေးတွေ ပြန်တက်လာတာထက် တည်ငြိမ်တဲ့ ဈေးကွက်ဖြစ်တာကိုပဲ လိုချင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က မှတ်ချက်ပေးသည်။

စစ်ငြိမ်းသူ


No comments:

Post a Comment