Popular Posts
Monday 18 March 2019
Korea New! ကွမ်း အထူးသတိပေးချက်
ကိုးရီယားကို ကွမ်းနှင့်ပတ်သက်တဲ့ပစ္စည်းလေးတွေ သယ်မလာကျဖို့ သတိပေးလိုက်တယ်နော်!
ကျေးဇူးတင်ပါသည်။
YNHT(KOREA)
Breaking News! ကွမ်း အထူးသတိပေးချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ချောင်းလေဆိပ်သို့ အလည်ပြန်လာ၍
ဖြစ်စေ၊ ပထမဦးဆုံးလာ၍ ဖြစ်စေ လူကြုံ ပါးခြင်း(သို့) မိမိကိုယ်တိုင်မှ ကွမ်းရွက်၊ ဆေးဘူး(ဘုရင်မ/92) စသဖြင့် သယ်ဆောင်ခြင်း မပြုရန်
သတိပေးတိုက်တွန်းလိုက်ရပါသည်။
လတ်တလော SBS သတင်းတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းနှင့် ပတ်သက်၍ ထုတ်လွှင့်ပြီးနောက်စီမံချက် တစ်ရပ်အဖြစ် လေဆိပ်တွင်တင်းကျပ်စွာစစ်ဆေးလျက်ရှိပါသည်။
လေဆိပ်တွင် သိမ်းဆည်းရမိပါက ပထမအကြိမ်တွင် စည်းကမ်းဖောက်ဖျက်သဖြင့် သတိပေးအနေဖြင့် ပတ်စ်ပို့ထဲတုံးထုပါမည်။ ဒုတိယအကြိမ်တွင် ထပ်မံ မိပါက ဒဏ်ကြေးပါ ဆောင်ရပါမည်။
ပတ်စ်ပို့ထဲတွင် ပြစ်မှု တုံးရှိနေပါကလူကြီးမင်းများ အိုင်ဒီကတ် သက်တမ်းတိုးချိန်တွင် အခက်အခဲရှိနိုင်ပါသည်။
သို့ပါ၍ ကွမ်း၊ ဆေးဘူးများ အတတ်နိုင်ဆုံး အားနာ၍ လူကြုံသယ်ဆောင်ခြင်း ၊အခကြေးငွေ ယူ၍ သယ်ဆောင်ခြင်းရှောင်ကြဉ်ရန် လေးစားစွာဖြင့် မေတ္တာရှေ့ထားကာ တိုက်တွန်း အကြံပြုပါသည်။
လတ်တလောတွင် အလည်ပြန်လာသော ခရီးဆောင်အိတ်ထဲမှ ကွမ်းရွက်ဖမ်းမိ၍ ပတ်စ်ပို့ ထဲတွင် တားမြစ်ပစ္စည်း သယ်ဆောင်မှုဖြင့် တုံးထုခံလိုက်ရသော မြန်မာလူမျိုးအနည်းငယ်ရှိပါသည်။ သတိပြုကြစေလိုပါသည်။
ကွမ်းစားသော လူကြီးမင်းများလည်း ပြင်ပတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးမထွေးကြရန်၊ မအောင့်နိုင်ရန် စားသုံးလိုပါကလည်း ရေသန့်ဘူးအလွတ်၊ ကျွတ်ကျွတ်အိတ်များ ဆောင်ထားစေလိုပါသည်။
ကျေးဇူးတင်ပါသည်။
လေးစားစွာဖြင့် မစုထက်အောင်
အများသိသာစေရန်ပြန်လည် ဖြန့်ဝေအပ်ပါသည်။
YNHT(KOREA)
No comments:
Post a Comment