Popular Posts

Friday 15 March 2019

Boeing 737Max Maneuvering Vharateristics Auymentation System

တနေ့ကအီသီယိုပီးယားလေယာဉ်ပျက်ကျရာမှာ အဲလိုင်း CEO ကသတင်းသမားတွေကိုပြောခဲ့တယ် !

" လေယာဉ် take off လုပ်ပြီး ပိုင်းလော့က technical difficulties ရှိလို့ပြန်လှည့်မယ်ဆိုရာမှာလေကြောင်းထိမ်းကပြန်လှည့်ခွင့်ပြုထားပီး" လို့ဆိုခဲ့တယ် .., 
အဲ့လိုသာဆိုရင် တက်ပီး ၆ မိနစ်လောက်အမြင့်ပေ ၉၀၀၀ လောက်မှာဖြစ်တဲ့အခုဖြစ်စဉ်နဲ့ တက်ပြီးပေ ၅၀၀၀ ကျော်မှာအင်ဒို lion air  ဖြစ်ခဲ့တဲ့ကေ့စ်ကတူနေပါတယ် .. 



လေယာဉ်ဆိုတာက လေထဲမှာပျံသန်းရတာဆိုတော့ လေယာဉ်ထုတ်လုပ်သူတွေကလဲအသစ်တွေထုတ်တိုင်း Safety အတွက်ကော၊ Operations ပိုင်းတွေမှာလွယ်ကူအောင် နည်းပညာမြင့်တာတွေထည့်သွင်းကြပါတယ် ... 
Stall ဆိုတဲ့ အကြောင်းကြောင်းကြောင့် လေယာဉ်ခေါင်းကြီးအများကြီးထောင် Speed တွေကျလာရင်ပြုတ်ကျခြင်းမျိုးမဖြစ်အောင် အဲ့လိုအချိန်ဆိုနောက်အမြီးပဲ့ထိန်းကနေခေါင်းကိုပြန်ချပေးတဲ့စနစ်မျိုးတွေပေါ့ .., 

လွန်ခဲ့တဲ့ ၂၃ နှစ် ကျော်လောက်ကကျွန်တော်တို့အမောင်းသင်ခဲ့တဲ့လေယာဉ်ကစလို့ အဲလိုင်းတွေမှာမောင်းခဲ့ဘူးတဲ့လေယာဉ်အမျိုးအစားတွေမှာ အဲ့ဒီလိုစနစ်တွေမပါပါဘူး .., 
ဖြစ်လာရင်ပိုင်းလော့ကပဲ recover လုပ်ရတယ် .. 
ဒီဘက်နောက်ပိုင်းထုတ်တဲ့လေယာဉ်တွေမှာတော့ Stall နဲ့ပါတ်သတ်တဲ့ Protections စနစ်တွေထည့်လာကြပါတယ် .... 
Lion Air အက်စီးဒင့်ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကတော့ B737 Max မှာ တပ်ထားတဲ့ Stall protection စနစ်ဖြစ်တဲ့ MCAS (Maneuvering Characteristics Augmentation System) ကြောင့်ပါတဲ့ ... 
အခုအီသီယိုပီးယားလေယာဉ်လဲအဲ့လိုကြောင့်ပဲဖြစ်နိုင်ပါတယ် .., 
Lion Air ဖြစ်ပီးတဲ့နောက်ဘာကြောင့်ဆိုတာအဖြေရှာတွေ့တာနဲ့ဘိုးရင်းကနေ အဲလိုင်းတွေဆီကို နောက်တခါအဲ့လိုဖြစ်ရင်လုပ်ရမဲ့ Procedure လုပ်ဆောင်ချက်ကိုထုတ်ပြန်ပေးထားပါတယ် ... 
အခုဖြစ်သွားတဲ့အီသီယိုပီးယားလေကြောင်းရဲ့ CEO ကတော့သူ့ဆီက B737 Max မောင်းတဲ့ပိုင်းလော့တွေဟာအဲ့ဒီထုတ်ပြန်ချက်ကိုသိရှိပြီး Procedure ကိုနားလည်သဘောပေါက်ပီးသူတွေပါတဲ့ .... 
သို့ပေမဲ့အဲဒီထုတ်ပြန်ထားတဲ့ procedures ကပဲလိုအပ်လို့လား ? ဘာကြောင့်လဲတော့မသိ အင်ဒိုလေယာဉ်ပြီး နောက်ထပ်လူ ၁၅၀ ကျော်စလုံးသေဆုံ့းရတဲ့အက်စီးဒင့်ဖြစ်ခဲ့ရတာပါပဲ ..

အဲ့ဒီလိုဖြစ်စဉ်ကို လေယာဉ်တုမှာထည့်ကျင့်ရမရတော့ ဘိုးရင်း မမောင်းဘူးလို့မသိပါ ... 
ဘိုးရင်းအနေနဲ့ကတော့အခုဆိုသူတို့အမေရိကန်မှာပါအဲ့ဒီလေယာဉ်တွေမပျံသန်းပဲမြေပြင်မှာရပ်တော့မယ်ဆိုတော့ B737 Max လေယာဉ်တွေလောလောဆယ်မပျံသန်းတော့ပါဘူး ..
အဲ့ဒီ MCAS စနစ်ကိုပြန်လည်ပြုပြင်ဖို့စဉ်းစားမလား? (သို့) လေယာဉ်တုတွေမှာအဲ့လိုမတော်တဆဖြစ်ရင်ဘယ်လိုလုပ်ရင်ကျော်လွှားနိုင်မလဲဆိုတာသေချာအောင်လုပ်မလား ? Design အင်ဂျင်နီယာတွေ၊ Test Pilots တွေသေချာတဲ့အကောင်းဆုံးအဖြေထုတ်လာနိုင်မှပဲအဲ့ဒီလေယာဉ်တွေလေထဲပြန်ရောက်ပါလိမ့်မယ် ..
တကယ်တော့လေယာဉ်တွေမှာ Technical errors တွေရှိတတ်ပေမဲ့ ဒီလောက်ကြီးမားတဲ့မှားယွင်းမှု့တော့မကြားဘူးသေးပါဖူး .. 

ဖြစ်သွားတဲ့ဖြစ်စဉ်တွေကို စဉ်းစားမိတဲ့အခါ protections စနစ်ကခေါင်းထိုးချလိုက် ပိုင်းလော့ကပြန်ဆွဲတင်လိုက်နဲ့ စီးဆော့လိုဖြစ်နေမှာပဲ .. 
နောက်ဆုံး Fight ရင်းနဲ့ပဲခေါင်းစိုက်ဆင်းသွားမဲ့အရေးမှာ ပိုင်းလော့တွေကော ပါလာတဲ့ခရီးသည်တွေပါစိုးရိမ်ကြောင့်ကျအော်ဟစ်ရင်းနဲ့ပဲထိုးကျသွားမယ့်အခြေအနေလားလို့မသက်မသာတွေးမိတယ် ...
လေယာဉ်သားများနဲ့ခရီးသည်များ RIP 😥😥

အခုခေတ်လေယာဉ်တွေဟာအော်တိုမေးရှင်းတွေအများကြီးသုံးလာကြတယ် .., 
နောက်ဆုံးထုတ် အဲဘတ်စ် A350 တို့၊ ဘိုးရင်းဒရင်းလိုင်နာ B787 တို့မှာဆိုရင်တစီးနဲ့တစီးလေထဲမှာတိုက်ဖို့ဆုံသွားရင်တောင်ပိုင်းလော့ကလုပ်စရာမလိုတော့ပဲ အော်တိုမတ်တစ်အပေါ်အောက်တိမ်းရှောင်ကြမှာဖြစ်ပါတယ် .., 
လက်ရှိကျွန်တော်တို့မောင်းနေတဲ့လေယာဉ်တွေမှာတော့ပိုင်းလော့ကပဲ ဒိုင်ခွက်မှာပေါ်တဲ့အတိုင်းလိုက်လုပ်ပေးရပါတယ် ..,

အော်တိုမေးရှင်းတွေတိုးတို့ထည့်လာရင်းနဲ့နောင်တခေတ်ရဲ့လေယာဉ်တွေမှာ Flying Without Pilots အထိသွားဖို့ရည်ရွယ်နေကြသလားမသိ ...
အမေရိကန်သမ္မတ Donald Trump ကဘိုးရင်း Max ပြဿနာနဲ့ပါတ်သတ်ပြီးတွစ်တာမှာရေးထားတယ် ., 
" လေယာဉ်တွေဟာပျံသန်းမောင်းနှင်ဖို့ရှုပ်ထွေးလာပြီ .. MIT တွေကနေကွန်ပြူတာသိပ္ပံပညာရှင်တွေပဲလိုပြီးပိုင်းလော့တွေနောက်ဆိုမလိုတော့ဘူးပုံစံမျိုးတွေ့နေရတယ် .., လူတွေဟာဟောင်းပေမဲ့ပိုမိုလွယ်ကူရိုးရှင်းနေတာတောင် မလိုအပ်ပဲနောက်ထပ်ခြေလှမ်းတွေရှာဖွေနေကြတယ် ... 
စက္ကန့်ပိုင်းဆုံးဖြတ်ချက်ဟာလိုအပ်ပါတယ် ., ရှုပ်ထွေးမူ့ဆိုတာအန္တရာယ်ကိုဖန်တီးခြင်းပဲ .. 
ပိုက်ဆံတွေအများကြီးအကုန်ခံရပေမဲ့ရလာဘ်ကတော့နည်းပါတယ် .. 
မင်းတို့တော့မသိဘူး ., ငါကတော့ငါ့ပိုင်းလော့အဖြစ် အဲလ်ဘတ်အိုင်းစတိုင်းကိုမလိုချင်ဘူး ..
လေယာဉ်ပျံကိုလွယ်ကူပြီးလျင်မြန်စွာထိမ်းချုပ်မောင်းနှင်တတ်တဲ့ ကြီးကျယ်တဲ့အတွေ့အကြုံရှိလေသူရဲပိုင်းလော့များသာအလိုရှိတယ်" 
.........

ဒီလို IT ခေတ်ကြိးရဲ့products အတော်များများမှာကွန်ပြူတာတွေကလူထက်သာလွန်စွာလုပ်ဆောင်နိုင်ပေမဲ့ ပြန်လည်သတိထားရမှာကကွန်ပြူတာဆိုတာလူကလုပ်တာပါ ..
လူမှာ errors ရှိတတ်သလို ကွန်ပြူတာတွေမှာလဲ errors ရှိတတ်တာတွေ့ဖူးမှာပါ .. 
လူမပါပဲစက်တွေမောင်းတဲ့လေယာဉ်ပေါ်လိုက်ရဲကြတဲ့တနေ့ကျွန်တော်တို့ပိုင်းလော့တွေအလုပ်ပြုတ်တဲ့နေ့ပေါ့ 😔
ဒါပေမဲ့ တခါတလေတော့လဲ ဒေါ်နယ်ထရန့်ပြောသလိုလောကကြီးမှာရိုးရှင်းခြင်းကပိုကောင်းတယ်လို့ဆိုတော့လေယာဉ်ပျံလေထဲမှာမောင်းနှင်ဖို့ကျွန်တော်တို့လိုလေသူရဲပိုင်းလော့တွေဟာ မရှိလို့မဖြစ်သေးဘူးဆိုတာသေချာနေပါတယ် ... 😊

ရွှင်လန်းချမ်းမြေ့ပါစေ 
ပိုင်းလော့ကြီး ထွန်းထွန်းဝင်း ၁၄.၃.၂၀၁၉

No comments:

Post a Comment