Popular Posts

Saturday, 9 March 2019

ချင်းမိန်ပွဲတော်

ချင်းမိန်ပွဲတော် (၅.၄.၂၀၁၉)



ချင်းမိန်ပွဲတော်ဟာဆိုရင် တရုတ်ရိုးရာပွဲတော်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်အရ ဧပြီလ ၄ရက် (သို့မဟုတ်) ၅ရက်နေ့တွင်ကျင်းပကြသည်။ ဟန်မင်းဆက်အချိန်ကာလတွင် စတင်ခဲ့သည်ဟုဆိုကြသည်။ ယင်းနေ့တွင် ဂူသင်္ချီုင်းများအား သန့်စင်ခြင်း၊ ခြုံနွယ်များရှင်းလင်းပြီး ကွယ်လွန်လေပြီးသော ဘိုးဘွားမိဘများ၏ ဂူသင်္ချီုင်းများတွင် ကန်တော့ဖွယ်များဖြင့် သွားရောက်ကန်တော့ကြပြီး ရွှေစက္ကူများဖြင့် မီးရှို့ကြသည်။ ချင်းမိန်ရိုးရာကန်တော့ပွဲတော်ကို တရုတ်ပြည်နယ်များတွင် ရိုးရာကန်တော့ပွဲပိတ်ရက်အဖြစ်ပြဋ္ဌာန်းထားသည်။

ချင်းမိန်ပွဲတော်အစ

ဟိုးရှေးယခင်အချိန် (၇၇၀-၄၇၆ဘီစီ)တွင် ကျန်းစီးထွေးဆိုသူတစ်ဦးရှိလေသည်။ ကျင်းနိုင်င်္ငတော်ဘုရင်ကြီးတွင်ချုံအာဟုခေါ်သော သားတော်တစ်ပါးရှိလေသည်။ မနာလိုသူများသည် သားတော်အားအိမ်ရှေ့စံရာထူးပေးအပ်ရာတွင် ကိုယ်လုပ်တော်မှမွေးဖွားသူဖြစ်သည်ဟု စွပ်စွဲပြီး နန်းတော်အတွင်းတွင် ပုန်ကန်မှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ ထိုအခါ မင်းသားသည် ရွေးစရာလမ်းမရှိတော့ဘဲ တောင်ပေါ်တစ်နေရာသို့ ကျန်းစီထွေးဆိုသူနဲ့အတူ ထွက်ပြေးပုန်းအောင်းနေရလေသည်။ ရက်အတန်အကြာထွက်ပြေးပုန်းအောင်းနေရသောကြောင့် မင်းသားလေးသည် ဆာလောင်၍ ဖျားနာလေတော့သည်။ ထိုအခါ ကျန်းစီးထွေးဆိုသူသည် မိမိသခင်အတွင် မိမိ၏ခြေထောက်မှ အသားများကိုကိုယ်တိုင်လှီးဖြတ်၍ သခင်အားကျွေးမွေးလေသည်။ နှောင်နှစ်ပေါင်း ၁၉နှစ်ကြာလေသောအခါ ချုံအာသည် မိမိ၏နေရာကို ပြန်လည်ရရှိအောင်ကြိုးစားပြီး ကျင်းနိုင်ငံ၏ အရှင်ဘုရင်ဖြစ်လာခဲ့သည်။ အရှင်ဘုရင်ဖြစ်လာသောအခါ ကျန်းစီးထွေးအား မေ့လျော့နေလေသည်။ နောင်မှ အရှင်ဘုရင်သည် ကျန်းစီးထွေးအား သတိရလာခဲ့ပြီး ကြီးစွာအရှက်တရားရ၍ ကျန်းစီးထွေးအား လိုက်လှံရှာစေ၍ ဆုလာဘ်ပေးတော်မူမည်ဟု မိန်တော်မူလေသည်။ ထိုအချိန်တွင် ကျန်းစီးထွေး နှင့် သူ၏မိခင်တို့သည် တောင်ပေါ်နေရာတွင် ပုန်းအောင်နေလေသည်။ အရှင်ဘုရင်ကြီးသည် ကျန်းစီးထွေးတောင်ပေါ်တွင် ပုန်းအောင်နေသည်ကိုသိရှိပြီး တောင်ပေါ်တွင် လိုက်လှံရှာဖွေစေသော်လည်း ကျန်းစိးထွေးအား မတွေ့ရပေ။ အရှင်ဘုရင်ကြီးသည် ကျန်းစီးထွေးထွက်လာစေရန်း နည်းဗျူဟာသုံးပြီး တောင်အားမီးရှို့စေခဲ့သည်။ သို့သော် ကျန်းစီးထွေးမှာ ထွက်မလာပေ။ ဘုရင်ကြီးသည် မီးငြိမ်းသွားသောအခါ တောင်ပေါ်သို့တက်ရောက်၍ လိုက်လှံရှာဖွေရာ မိုးမခပင်အောက်တွင် မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသော ကျန်းစီးထွေးနှင့်သူ၏မိခင်အလောင်းအား တွေ့ရလေသည်။ ဘုရင်ကြီးသည် ကြီးစွာစိတ်မကောင်းဖြစ်၍ မိုးမခပင်အောက်တွင်ပင် မြုပ်နှံပေးခဲ့လေသည်။ နှောင်တစ်နှစ်ပြည့်သော အချိန်တွင် ဘုရင်ကြီးသည် တောင်ပေါ်သို့တက်ရောက်၍ မိုးမခပင်အောက်သို့သွားရောက်ပြီး ကျန်းစီးထွေးအား သတိရသောအားဖြင့် အမိန့်ထုတ်လေသည်။ နှစ်စဉ်၎င်းနေ့တွင် ကျန်းစီးထွေးနှင့် မိခင်အားသတိရစေရန် ကန်တော့ပွဲပြုလုပ်ရမည်ဖြစ်ရာ ၄င်းမှနေ၍ သေဆုံးသွားသူများအားလုံးအားသတိတရဖြင့် ကန်တော့ကြသော ချင်းမိန်ပွဲတော်အစပြုလာခဲ့သည်။

ချင်မင်းဆက်အချိန်ရောက်သောအခါတွင် လျိုတန် ချူးနိုင်ငံအရှင်ဘုရင် နှင့် ရှန်ယုတို့သည် စစ်ပွဲအတော်အကြာဖြစ်ပွားခဲ့လေသည်။ စစ်ပွဲများအချိန်ကြာမြင့်စွားဖြစ်ပွားပြီး နောက်ဆုံးတွင် လျိုတန်သည် ပထမဟန်မင်းဆက်၏ အရှင်သခင်ဖြစ်လာခဲ့သည်။ သူသည်စစ်ပွဲများအောင်မြင်ပြီးဘုရင်ဖြစ်လာသောအခါ မိဘများကိုအောက်မေ့၍ သူ၏မိဘများအား မြုပ်နှံထားရာ သင်္ချီုင်းသို့ ဂါရ၀ပြုရန်ရောက်လာခဲ့သည်။ သို့သော် စစ်ဘေးဒဏ်နှင့် အချိန်ကာလကြာမြင့်သောကြောင့် ခြုံနွယ်ပိတ်ပေါင်းများဖြင့် ဖုန်းအုပ်နေပြီး သူ၏မိဘဂူအား ဘယ်လိုမှပင် ရှာဖွေ၍ မရခဲ့ပေ။ သူသည်စစ်သည် အင်အားသုံး၍ ရှာဖွေစေသော်လည်း မတွေ့ပေ။ လျိုတန်သည် ကြီးစွာသော ဝမ်းနည်းမှုဖြစ်ပြီး နောက်ဆုံးတွင် မိမိအိတ်အတွင်းပါလာသော စာရွက်လေးတစ်ရွက်အား မြဲစွာဆုပ်ကိုင်၍ ဘုရားသခင်အားဆုတောင်းလေသည်။ မိဘအားကန်တော့လိုစိတ်ပြင်းထန်နေပြီး ကောင်ကင်အားအဓိဋ္ဌာန်ပြုလေသည်။ ယင်းစာရွက်လေးသည် လေနှင့်အတူလွင့်ပါပြီး ငါကိုယ်တော်မြတ်၏မိဘဂူပေါ်သို့တင်စေသတည်းဟု အဓိဋ္ဌာန်ဖြင့် စာရွက်လေးအားလေထဲသို့ပစ်လိုက်ရာ ဂူတစ်ဂူပေါ်သို့သွားရောက်တင်နေလေသည်။ ၄င်းစာရွက်လေးသည် လေမည်မျှပင်တိုက်စေကာမူ ဤဂူတွင်သာမြဲမြံစွာတင်နေလေသည်။ လျူတန်သည် ၄င်းဂူသို့သွားရောက်ပြီး ချြုံနွယ်များရှင်းလင်းရာတွင် သူ၏မိဘ မျိုးနွယ်စားလုံးအား မသဲမကွဲတွေ့ရလေတော့သည်။ သူသည် များစွာသောပျော်ရွှင်မှုဖြစ်ပေါ်ပြီး ဂူအားပြန်လည်ဆောက်လုပ်ခဲ့သည်။ ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း ချင်းမိန်ပွဲတော်ဖြစ်ပေါ်လာခဲ့ပြီး ကွယ်လွန်လေပြီးသော မိဘဘိုးဘွားများကို သွားရောက်ကန်တော့သော အလေ့အထဖြစ်လာခဲ့သည်။ သွားရောက်ကန်တော့ရာတွင် မိမိ၏ဘိုးဘွားဂူပေါ်တွင် ရောင်စုံစာရွက်များအား ကပ်သောအလေ့အထဖြစ်လာတော့သည်။ စာရွက်ကပ်ထားခြင်းဖြင့် ကန်တော့ပြီးပြီဖြစ်ကြောင်း သိနိုင်ပါသည်။

ချင်းမိန်ပွဲတော်ကန်တော့ရာတွင် မိဘဘိုးဘွားများအတွက်သာမက ထူတိကုန်းအတွက်ပါ ပူးတွဲကန်တော့ရသည်။ အကြောင်းမှာ ထူတိကုန်းမှလမ်းပြအဖြင့် ခေါ်ဆောင်လာပေးသူဟု ယုံကြည်ကြသည်။ ကန်တော့ပွဲသိမ်းရာတွင် ဘိုးဘွားကန်တော့ပွဲအား အရင်သိမ်းရပါသည်။ ဘိုးဘွားအတွက်ငွေစက္ကူများအား အရင်မီးရှို့ပြီးမှ ထူတိကုန်းအတွက် ရွှေစက္ကူအားမီးရှို့ရသည်။ အကြောင်းမှာ ထူတိကုန်းကန်တော့ပွဲအားအရင်သိမ်းပါက ထူတိကုန်းအရင်ပြန်သွားလျှင် ဘိုးဘွားများ လမ်းပျောက်မည်ဖြစ်သောကြောင့်ဖြစ်သည်။

No comments:

Post a Comment