Popular Posts

Monday 18 March 2019

" အ နိုင် အ ရှုံ အ ဆုံး အ ဖြတ် "

" အ နိုင် အ ရှုံ အ ဆုံး အ ဖြတ် " 

WTO လို့ ခေါ် တဲ့ က မ္ဘာ့ ကုန် သွယ် ရေး အ ဖွဲ့ စည်း ကမ်း တွေ ကို မ လိုက် နာ ချင် တော့ တဲ့ အ မေ ရိ ကန် သ မ္မ တ ရဲ့ သ ဘော ထား ကို ပြိုင် ဖက် တ ရုတ် က ထောက် ခံ ပေး ခဲ့ တယ် ။ 

WTO ရဲ့ စည်း မျဉ်း စည်း ကမ်း တွေ ကို ပြင် ဆင် ဖို့ ကို တ ရုတ် နိုင် ငံ က ပြီး ခဲ့ တဲ့ လ ၁၉ ရက် နေ့ က တည်း က ဝန် ကြီး ချုပ် လီ ခယ် ကျင်း က သ ဘော တူ တယ် လို့ ထျန် ကျန်း မြို့ မှာ ကျင်း ပ တဲ့ စီး ပွား ရေး ဖို ရမ် မှာ ပြော ခဲ့ ပြီး ပြီ ။ 

WTO က ဖွံ့ ဖြိုး ဆဲ နိုင် ငံ တွေ ကို ကုန် သွယ် ရေး အ ခွင့် အ ရေး တွေ ပို ပေး ထား တယ် ။ ဖွံ့ ဖြိုး ဆဲ နိုင် ငံ က ထုတ် ကုန် တွေ ကို ဖွံ့ ဖြိုး ပြီး အ နောက် နိုင် ငံ တွေ ( အ ထူး သ ဖြင့် အ မေ ရိ ကန် နိုင် ငံ ) ကို လွတ် လွတ် လပ် လပ် အ ခွန် နှုန်း နည်း နည်း နဲ့ တင် ပို့ ရောင်း ချ ခွင့် ပြု ထား တယ် ။ 

ဆင်း ရဲ တဲ့ နိုင် ငံ တွေ ၊ ဖွံ့ ဖြိုး ဆဲ နိုင် ငံ တွေ ကို လျှင် လျှင် မြန် မြန် ဖွံ့ ဖြိုး လာ အောင် အ ကူ အ ညီ ပေး တဲ့ သ ဘော ပါ ။ 

တ ရုတ် နိုင် ငံ က အဲ့ ဒီ အ ခွင့် အ ရေး ကို ရ ယူ ပြီး အ မေ ရိ ကန် နိုင် ငံ ကို ကုန် ပ စ္စည်း တွေ တင် ပို့ ခဲ့ လို့ ကုန် သွယ် ရေး မ မျှ တ မှု က နေ ချမ်း သာ လာ တာ ဖြစ် ပြီး အ ခု ထိ ဖွံ့ ဖြိုး ဆဲ နိုင် ငံ အ နေ နဲ့ ပဲ အ ခွင့် အ ရေး တွေ ယူ နေ တုန်း ဖြစ် ပါ တယ် ။ 

ဒါ ကြောင့် အ မေ ရိ ကန် နိုင် ငံ က ကုန် သွယ် ရေး စစ် ပွဲ ဆင် နွှဲ ခဲ့ တာ ဖြစ် ပြီး တ ရုတ် ရ နေ တဲ့ ကုန် သွယ် ရေး အ ဆင့် အ တန်း ကို ပြန် လျော့ ချ ဖို့ WTO စည်း မျဉ်း စည်း ကမ်း တွေ ပြန် ပြင် ဖို့ ဖိ အား ပေး နေ တာ ။ ပြော လို့ မ ရ ရင် WTO က နေ နှုတ် ထွက် မယ် အ ထိ ရည် ရွယ် ထား ပါ တယ် ။ 

အ မေ ရိ ကန် နိုင် ငံ သာ WTO က နေ နှုတ် ထွက် ရင် WTO အ ဖွဲ့ ပျက် စီး သွား တာ နဲ့ အ တူ တူ ပဲ ဖြစ် လိမ့် မယ် ။ ဘာ ဖြစ်​ လို့ လဲ ဆို ကုန် သွယ် ရေး အ ထူး အ ခွင့် အ ရေး ပေး မယ့် နိုင် ငံ EU ပဲ ကျန်​ ​တော့ မယ်​ ။ EU ရဲ့ ဝယ်​ လို အား တစ်​ ခု တည်း နဲ့ ဖွံ့ ဖြိုး ဆဲ နိုင် ငံ က ထုတ် ကုန် တွေ ကို အ ခွန် သက် သက် သာ သာ နဲ့ အ ကန့် အ သတ် မ ရှိ ဝယ် ပေး ဖို့ မ ဖြစ်​ နိုင် ဘူး ။ 

တ ရုတ် ချမ်း သာ လာ တယ် ဆို ပေ မယ့် တ ရုတ် က ဘယ် တော့ မှ အ မေ ရိ ကန် လို ဖွံ့ ဖြိုး ဆဲ နိုင် ငံ တွေ က ကုန် ပ စ္စည်း တွေ ကို လို လို မ လို လို ပိုက် ဆံ အ ကုန် ခံ ပြီး ဝယ် ပေး မှာ မ ဟုတ် ဘူး ။ 

အ မေ ရိ ကန် နိုင် ငံ က ဖွံ့ ဖြိုး ဆဲ နိုင် ငံ တွေ က ထုတ် ကုန် တွေ ကို သူ့ နိုင် ငံ မှာ လို လို မ လို လို ဝယ် ပေး တယ် ။ အဲ့ ဒီ ကုန် ပ စ္စည်း တွေ ကို ဝယ် ပြီး အာ ဖ ရိ က တိုက် က ဆင်း ရဲ တဲ့ နိုင် ငံ တွေ ကို အ လ ကား ပြန် ဝေ ပေး တယ် ။ Quota ပေး တာ ပေါ့ ။ 

တ ရုတ် က အဲ့ လို လုပ် ပါ့ မ လား ။ 

IMF အ ကြီး အ ကဲ က ခ ရ စ္စ တင်း လာ ဂါ ဒီ က မ္ဘာ့ ကုန် သွယ် ရေး စ နစ် ကို မ ဖျက် ပစ် ပဲ ပြင် ဆင် ရန် ပဲ တိုက် တွန်း ခဲ့ တယ် ။ သူ့ သ ဘော က WTO ဆက် ရှိ နေ ဖို့ လို လား သ လို အ မေ ရိ ကန် လို ချင် တဲ့ ပုံ စံ ပြန် ပြင် ဖို့ လို လား တဲ့ ပုံ စံ ပြ ခဲ့ ပါ တယ် ။ တစ် လက် စ တည်း မှာ လည်း တ ရုတ် နဲ့ အ မေ ရိ ကန် ခေါင်း ဆောင် တွေ ကို လည်း အ ပြစ် တင် ခဲ့ တယ် ။ 

အ မေ ရိ ကန် တ ရုတ် ကုန် သွယ် ရေး စစ် ကြောင့် တ ရုတ် သူ ဌေး တွေ ပိုင် ဆိုင် မှု လျော့ ကျ ခဲ့ ပြီး အ ထိ နာ ခဲ့ ကြ တယ် ။ တ ရုတ် စ တော့ ဈေး ကွက် လည်း ၂၀% ကျ ဆင်း ခဲ့ ပြီး တ ရုတ် သူ ဌေး ဆို တဲ့ အ ဆင့် အ တန်း ထဲ က ၄၅၆ ယောက် ထွက် သွား ခဲ့ ရ တယ် လို့ Hurun Report ဥ က္က ဌ ရော ဘတ် ဟို ဂီ ဝက်ဖ် က ပြော ကြား တယ် ။ သ ဘော က တ ရုတ် သူ ဌေး ၄၅၆ ယောက် သာ မန် လူ တွေ ပြန် ဖြစ် သွား ခဲ့ ရ တယ် ။ 

ငွေ ကြေး တန် ဖိုး ကျ ရင် ပိုင် ဆိုင် မှု တွေ တန် ဖိုး ကျ ကုန် တာ ပုံ မှန် ပါ ပဲ ။ တ ရုတ် အ မေ ရိ ကန် ကုန် သွယ် ရေး စစ် ပွဲ အ ချိန် ကြာ လာ တာ နဲ့ အ မျှ လက် ရှိ ဦး တည် နေ တဲ့ လမ်း ကြောင်း အ တိုင်း ပဲ ဆက် သွား နေ မယ် ဆို ရင် တ ရုတ် သူ ဌေး နောက် ထပ် တော် တော် များ များ လည်း သာ မန် လူ တန်း စား ထဲ ပြန် ရောက် လာ ဖို့ ရှိ သေး တယ် ။ 

လက် ရှိ တ ရုတ် နိုင် ငံ ရဲ့ အ ချမ်း သာ ဆုံး ပု ဂ္ဂိုလ် ဖြစ် သွား တဲ့ အ လီ ဘာ ဘာ ကု မ္ပ ဏီ ပိုင် ရှင် ဂျက် မား က ကုန် သွယ် ရေး စစ် ပွဲ က နှစ် ဆယ် ချီ ကြာ နိုင် တယ် လို ဆို တော့ တ ရုတ် အ တွက် ကောင်း စေ နိုင် မ လာ ဆိုး စေ နိုင် မ လား တွေး စ ရာ ပဲ ။ 

တ ရုတ် နိုင် ငံ မှာ ဘီ လီ ယံ နာ ၆၂၀ ရှိ တယ် ။ က မ္ဘာ မှာ အ များ ဆုံး ပဲ ။ ဒါ ပေ မဲ့ အဲ့ ဒီ ဘီ လီ ယံ နာ တွေ မိ သား စု လိုက်​ အ မေ ရိ ကန် ကို ပြောင်း ရွေ့ ကြ ဖို့ စိတ် အား ထက် သန် လာ ကြ တယ် ။ အ ခု အ မေ ရိ ကန် နဲ့ တ ရုတ် ကုန် သွယ် ရေး စစ် ကြောင့် တ ရုတ် သူ ဌေး တစ် ဝက် လောက် ပိုင် ဆိုင် မှု တွေ ကျုံ့ လာ ကြ ပြီး တစ် ချို့ မ တိုး တက် မှု နဲ့ ကြုံ ရ တယ် လို့ စစ် တမ် တစ် ခု က ဖော် ပြ တယ် ။ အဲ့ ဒီ ကိ စ္စ တွေ က တ ရုတ် ဘီ လီ ယံ နာ တွေ အ မေ ရိ ကန် ကို သွား ပြီး အ ခြေ ချ နေ ထိုင် ဖို့ တွန်း အား တွေ ဖြစ် လာ ပါ တယ် ။ 

တ ရုတ် နိုင် ငံ ရဲ အ ချမ်း သာ ဆုံး သူ ဌေး ဂျက် မား က အ မေ ရိ ကန် နိုင် ငံ သူ ဌေး တွေ နဲ့ ယှဉ် ရင် အ များ ကြီး နောက် မှာ ပြတ် ကျန် နေ ပါ သေး တယ် ။ 

ဒီ အ တော အ တွင်း အ မေ ရိ ကန် နိုင် ငံ ခြား ရေး ဝန် ကြီး မိုက် ပွန် ပီ ယို မြောက် ကို ရီး ယား နိုင် ငံ နျူ လက် နက် ကိ စ္စ နဲ့ အာ ရှ ကို လာ တဲ့ ခ ရီး စဉ် ရဲ့ တ ရုတ် ပြည် အ ဝင် မှာ တ ရုတ် နိုင် ငံ ခြား ရေး ဝန် ကြီး ဝမ် ယီ က အ မေ ရိ ကန် ဖက် က ထိုင် ဝမ် ကို ကူ ညီ နေ တာ ရယ် ၊ အ ခွန် တွေ တိုး ပြီး ကောက် နေ တာ ရယ် ကြောင့် ပျက် ဆီး သွား တဲ့ နှစ် နိုင် ငံ ဆက် ဆံ ရေး ကို ပြန် ပြီး ကောင်း လာ အောင် ပြု ပြင် ပေး ဖို့ အောက် တို ဘာ ၈ ရက် နေ့ မှာ Diaoyutai ဧည့် ဂေ ဟာ မှာ မေ တ္တာ ရပ် ခံ ခဲ့ တယ် ။ 

တ ရုတ် အ ပေါ် ရမ်း ကား စွတ် စွဲ ပြော ဆို နေ မှု တွေ ၊ အ လွဲ လွဲ အ ချော် ချော် လုပ် ဆောင် နေ မှု တွေ ကို ရပ် တန့် ပေး ဖို့ လည်း တောင်း ဆို ခဲ့ တယ် ။ 

တ ရုတ် ဖက် က ကုန် သွယ် ရေး စစ် ပွဲ အ မြန် ပြီး လို တယ် လို့ ထင် ရ ပါ တယ် ။ လက် ရှိ အ ခြေ အ နေ အ ရ လည်း အ မြန် ပြီး တာ တ ရုတ် အ တွက် ပို သက် သာ နိုင် တယ် ။ တစ် က မ္ဘာ လုံး အ တွက် လည်း အ ကောင်း ဆုံး ဖြစ် လိမ့် မယ် ။ ကြာ လာ ရင်​ အ ​မေ ရိ ကန်​ လည်း တစ်​ နည်း နည်း နဲ့ ပြန်​ တုန့်​ ပြန်​ ခံ လာ ရ နိုင်​ ပါ တယ်​ ။ 

ဒါ ပေ မဲ့ ပွဲ ပြီး ချင်​ ရင်​ အ နည်း ဆုံး WTO က ခွဲ တမ်း တွေ ၊ အ ထူး အ ခွင့် အ ရေး တွေ ကို တော့ တ ရုတ် လက် လွှတ် ရ ပါ လိမ့် မယ် ။ 

မိုး တင့် ( ရန် ကုန် တ က္က သိုလ် ) ၁၁ ၊ ၁၀ ၊ ၂၀၁၈ 

                                                
                                           
                                   

No comments:

Post a Comment