Popular Posts

Saturday 9 March 2019

စင်္ကာပူမှာ အစိုးရ ခွင့်ပြု့ချက်မရှိဘဲ ခိုးဆောက်ထားတဲ့ ၉ ထပ်အား ဖြိုချရန် အမိန့်ထုတ်

March 8, 2019 - by y k


စင်ကာပူက Alexandra လမ်းမပေါ်က The Alexcier အဆောက်အအုံက ၉ ထပ်မှာ BCA ခွင့်ပြုမရှိဘဲ ဆောက်လုပ်ထားတဲ့ အထပ်အား ဖြိုဖျက်ရန် အမိန့်ထုတ်ပြီးပါပြီ။ ကြမ်းပြင်ဧရိယာ စတုရန်းပေ ၅၀၀၀ ကျော်အကျယ်ရှိတဲ့ ၉ ထပ်၌ ဆောက်လုပ်ထားတဲ့ အခန်းတွေဟာ ရုံးခန်း၊ အစည်းဝေးခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင်တွေပါဝင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဆောက်အဦး ပိုင်ရှင်က ZACD Group Investment ဖြစ်ပြီး CEO ကတော့ Stanley Yeo Choon Guan လို့ အမည်ရပါတယ်။ Stanley ဟာ လက်ရှိ အာဏာပါတီရဲ့ ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Tampines မဲဆန္ဒနယ်မြေမှ Grassroots ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ လက်ရှိကာလထိ Tampines North CCC (Tampines GRC), Vice-Chairman ဖြစ်သလို Public Service Medal ဆုကိုလည်း ၂၀၁၅ မှာ ရရှိထားသူပါ။

BCA ကတော့ ဒီဖြစ်ရပ်အတွက် ပါဝင်ပတ်သက်သူ အားလုံးကို အရေးယူမယ်လို့ ဆိုပါတယ်။


အာဏာပိုင်တွေဘက်က ဥပဒေချိုးဖောက်သူ၊ စည်းကမ်း မလိုက်နာသူကို အရေးယူဖို့ သူ့တာဝန် ပျက်ကွက်တာကို ဆင်ခြေပေးစရာမလိုသလို၊ ဥပဒေ ချိုးဖောက်သူကို အရေးယူတာ အာဏာရှင်စနစ်မဟုတ်သလို၊ ဒီလိုအရေးယူတာဟာလည်း ဥပဒေလိုက်နာသူ အခြားသူများကို အကာအကွယ်ပေးတဲ့ လုပ်ရပ်ပါ။

Ref:https://www.xyznews.co/archives/32276

No comments:

Post a Comment