Popular Posts

Monday 18 March 2019

Man on Fire

Man on  Fire


ဂျော့စ်ဆိုးရော့မသေခင်တာထွက်စောလာတဲ့ သားဖြစ်သူ  အလက်ဇန္ဒြားဆိုးရော့

https://m.facebook.com/home.php?ref=bookmarks#!/story/graphql_permalink/?graphql_id=UzpfSTEwMDAyMTkzODA3MjQ5MTozNTUwMTQ2MDg1NzMxMzk%3D


IMG_3003.jpeg

ဟန်ဂေရီနိုင်ငံသားဂျူးလူမျိုး အဖြစ်ကနေ ငယ်စဉ်ဘဝက နာဇီတွေရဲ့  ရက်စက်မှု အောက်က လွတ်မြောက်ရှင်သန်ပြီး အမေရိကန်နိုင်ငံသားဖြစ်လာတဲ့ဂျော့စ်ဆိုးရော့ ဟာ သူတွေ့ ကြုံခဲ့ရတဲ့ ရက်စက်တဲ့ အစိုးရတွေကို မေ့ဖျောက်မရအောင်မုန်းတီးခဲ့ပါတယ်။


ဝက်သရင်းဟိုက်ဝတ္ထု ထဲက ဟီးကလစ် လိုစိတ်အမူအကျင့်ရှိသလို ကမ္မဖလ ဝတ္ထု ထဲက ကံကောင်း ဆိုသူလို လက်စားချေတုန့် ပြန်ဖို့ စိတ်ဓာတ်တွေကိန်း အောင်းလာခဲ့သူ လို ကျွန်တော်ကသုံးသပ်မိတယ်။


၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကျပြီး ခွဲထွက်နိုင်ငံတွေ ပေါ်ထွက်လာပြီးနောက်ပိုင်း အရှေ့ ဥရောပဒေသမှာ ကွန်မြူနစ်ဆန်တဲ့အစိုးရတွေပြုတ်ကျရေး Revolution တွေ ကို လူထုတိုက်ပွဲ နဲ့ ဆင်နွှဲတဲ့ အယူအဆမှာ ဂျော့စ်ဆိုးရော့စ်က သူ့ ရဲ့ အဇ္ဓျတကိုပြန်လည်အသက်သွင်းဖို့  စတင်လာခဲ့ပါတယ်။


Velvet Revolution နဲ့  အကြမ်းမဖက်လူထုတော်လှန်ရေး နည်းနာတွေဟာ ဂျော့စ်ဆိုးရော့စ်အတွက် အတွေးတွေလမ်းပွင့်စေခဲ့ပါတယ်။


ဒါကြောင့် အကြမ်းမဖက်လူထုတော်လှန်ရေး( NonViolence Revolution)နည်းနာတွေ၊နိုင်ငံရေးအံတုမှု (Political Defiance) နည်းနာတွေကို လှုံ့ ဆော်အားပေးနိုင်မယ့် Soros Foundation ကို စတင်တည်ထောင်လာခဲ့ပါတယ်။


နောက်တော့ သူဖြစ်ချင်တဲ့ ကမ္ဘာလုံးဆိုင်ရာလွတ်လပ်ပွင့်လင်းတဲ့ လူ့ ဘောင်တစ်ရပ်ထူထောင်ဖို့ Open Society Institute(OSI) ကိုဖွဲ့စည်းခဲ့ပါတယ်။ OSI ဟာ အရှေ့ ဥရောပကို လစ်ဘရယ်ဇာတ်သွင်းပေးပြီး အမေရိကန်လိုလားတဲ့ ဒီမိုကရေစီအစိုးရတွေ ပြောင်းလဲဆောက်တည်ဖို့ ဖြစ်ပါတယ်။https://www.opensocietyfoundations.org/


နောက်တော့ Global Trend နဲ့ အမြတ်ထုတ်နိုင်ဖို့ Open Society Foundation ( OSF ) လို့ ဖွဲ့ စည်းခဲ့ပါတယ်။


ကျွန်တော်ပြောချင်တာ အဲဒီ OSF နဲ့  ကမ္ဘာကြီးကို လွှမ်းမိုးဖို့ ခြယ်လှယ်ဖို့ ကြိုးပမ်းလာချိန် ကစပြီး ငွေပေးရင် အကုန်ကစားလို့ ရတယ်၊အကုန်ပြောင်းလဲပစ်နိုင်တယ်၊     အမေရိကန်မကြိုက်တဲ့ အစိုးရမှန်သမျှ ဖြုတ်ချဖို့ ကြိုးပမ်းမယ်ဆိုတဲ့ ယုတ်ညံ့တဲ့အတွေးအခေါ်တွေပေါက်ဖွားလာခဲ့ပါတယ်။


မှတ်မိသလောက်ပြောရရင် ၂၀၀၃ ခုနှစ်အလွန်ကာလ ယူကရိန်းတို့ ၊ဂျော်ဂျီယာဥဇဘက်ကစ္စတန်တို့ မှာ Orange Revolution တို့ ၊Tulip Revolution တို့ ၊ Rose Revolutionတို့ ဆိုတဲ့ Colour Revolution တွေ ဖြစ်ပေါ်ရာမှာ ဂျော့စ်ဆိုးရော့စ် ရဲ့ မီးလောင်ရာလေပင့်လုပ်ရပ်တွေအဓိက ပါဝင်ခဲ့ပါတယ်။


အဲဒီ လူထုအုံကြွမှု တွေမှာ အလံတွေစီစဉ်ပေးတာ၊Colour ရှပ်တွေ သိန်းနဲ့ချီဝေငှတာ၊သပိတ်စခန်းဖွင့်ဖို့ အစာရေစာနဲ့  campတွေ စီစဉ်တာက အစ ဆာကက်ရှ်ဗီလီ တို့ လို နိုင်ငံရေးခေါင်းဆောင်တွေ ပြောဖို့ မိန့်ခွန်းကအထိ အမေရိကန်အလိုကျစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။


အဲဒီ အရေးအခင်းတွေကို သွေးထွက်သံယိုမရှိတဲ့အရေးအခင်း Non Bloodshed လို့  ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေဟာအကုန်လုံး စွမ်းအားမရှိတဲ့နိုင်ငံ( Weakness Power States) တွေဖြစ်ကုန်တယ်။


တစ်ခါခံဖူးရင် အခါခါခံရသလို အမေရိကန်အလိုကျတွေသိပ်လိုက်လျောလွန်းရတော့ ဒီမိုလစ်ဘရယ်ကျပါတယ်။အမေရိကန်မှာ ဒေါက်တာဘွဲ့ ယူခဲ့ပါတယ်ဆိုတဲ့ သမ္မတ တွေ သိပ်မကြာလိုက်ဘူး။ပြန်ပြုတ်ကျကုန်တယ်။အခုထိလည်း  အင်အားကြီး power

နှစ်ခုအကြားမှ ပျော့ခွေနေတုန်းဖြစ်ပါတယ်။


ဂျော့စ်ဆိုးရော့စ် နဲ့  OSF ကတော့ သူ့ တာဝန်သူ့ အကျိုးစီးပွား အောင်မြင်သွားလို့  ထောက်ပံ့မှု တွေတစ်ဖြည်းဖြည်း ကန့် သတ်လျော့ချလို့ ခွာစစ်ဆင်သွားခဲ့ပါတယ်။နိုင်ငံတွေကတော့အယူဝါဒတွေ အကွဲကွဲ နဲ့ ကျန်ရစ်ခဲ့ပါတယ်။


၂၀၀၇ မှာတော့  OSF ဟာ အလားတူ Colour Revolution ဖြစ်ဖို့ ပုံဖော်ခဲ့ပါတယ်။အဲဒီအုံကြွမှုကို ဆိုးရော့စ်တို့က ရွှေဝါရောင်တော်လှန်ရေးSufferon Revolution လို့  အမည်လှလှလေးပေးခဲ့ပါတယ်။


ဒါပေမယ့်  ဆိုးရော့စ်နဲ့ အမေရိကန်ထင်ထားတာက လူထုတော်လှန်ရေးကို အကြမ်းမဖက်တဲ့ Non Violence နဲ့ လေ့ကျင့်ပေးထားတဲ့အတိုင်းလှုပ်ရှားတဲ့အတွက် တပ်မတော်ကလည်း ညင်ညင်သာသာကိုင်တွယ်ရင်း မရှုနိုင်မကယ်နိုင် အစိုးရပြုတ်ကျသွားမယ်ဆိုတဲ့အထိ အာမခံခဲ့ကြတယ်။


ဒါပေမယ့် မြန်မာ့တပ်မတော်စစ်သားတွေဟာ Riot Phobia  အရေးအခင်းတုန်လှုပ်စိတ်ရှိတယ်။ ဝူးဝါးဝူးဝါးလုပ်တာနဲ့ စိုးရိမ်စိတ်အခံနဲ့  ကိုင်ပစ်တာ။ ဂျပန်ကြီးလည်းသေသွားတယ်။မီးလည်းသေပွဲလည်းပြီးသွားခဲ့တယ်။


ဒါကြောင့် တပ်မတော်သားတွေဟာ ဆန္ဒပြတယ်ဆိုတာမျိုးကို ကြည့်လို့ ကို မရတာ အခုထိဘဲလို့ သုံးသပ်လို့ရပါတယ်။ခေတ်စကားနဲ့ ပြောရင် ဗိုလ်အောင်ဒင် လိုစိတ်မျိုးဖြစ်ပါတယ်။


ပြောရရင် ၂၀၀၇ အရေးအခင်းဟာ OSF-USAID နဲCIA တို့ ဒေါသချောင်းချောင်းထွက်တဲပွဲ တစ်ခု ဖြစ်သွားခဲ့ပါတယ်။


၂၀၀၇ နောက်ပိုင်းမှာတော့ Soros ရဲ့ အခန်းကဏ္ဍနဲ့ ရှေ့ တန်းတင်လို့မရတော့ UN အခန်းကဏ္ဍ နဲ့ ပင်ညဲရိုးတို့ ၊ဂမ်ဘာရီတို့၊UNSC ဇယားတွေ နဲ့ Soft Power နည်းလမ်းတွေ နဲ့ လုပ်လာခဲ့တယ်။


၂၀၁၁ ခုနှစ်ကစပြီးသမ္မတ ဦးသိန်းစိန်အစိုးရကာလမှာ Free Press- Free Media တွေလက်ခံမှု ၊CSO -NGO တွေ လမ်းဖွင့်ကြိုဆိုမှု ၊Blacklist တွေပယ်ဖျက်ပြီး ပြည်တော်ဝင်စီမံကိန်းတွေကြောင့် ဂျော့စ်ဆိုးရော့စ် ရဲ့ မြန်မာပြည်ဖျက်စီမံချက်တွေပြန်လည် အသက်သွင်းအားကောင်းလာခဲ့ပါတယ်။


အခုဆိုဂျော့ဆိုးရော့စ်ရဲ့  OSF လက်ဝေခံ မီဒီယာအုပ်စု၊နိုင်ငံရေးအုပ်စု ၊ လူ့ အခွင့်အရေးအုပ်စု ၊ဂျာနယ်လစ်အုပ်စု ၊ လူမှု ကွန်ရက်အုပ်စု၊လူငယ်အုပ်စု၊ တိုင်းရင်းသားအုပ်စု၊ဥပဒေရေးရာအုပ်စု၊ဘင်္ဂါလီအုပ်စု၊စာရေးဆရာ Penအုပ်စု၊ အမျိုးသမီးရေးရာအုပ်စု၊ဘာသာပေါင်းစုံအုပ်စု၊ဘင်္ဂါလီအုပ်စုဆိုပြီး Network မျိုးစုံ နဲ့  မြန်မာပြည်ကြီးကိုငုံမိနေပါပြီ။


ဒီနိုင်ငံမှ မပျက်ရင်ဘယ်နိုင်ငံပျက်မှာလဲ ?


ဒါပေမယ့် ကံကောင်းနိုင်မလားဆိုတဲ့ အကြောင်းတစ်ခုရှိလာတယ်။ ဂျော့ဆိုးရော့ဟာ အခု အသက်၈၆ နှစ်ကျော်လာပြီဖြစ်သလို သူသေသွားရင်ထားရစ်ခဲ့မယ့်  Legacy အမွေ ကို သူ့သားအလက်ဇ္ဒြားဆိုးရော့စ်ကို အမွေစားအမှာစကားတွေပြောခဲ့ပြီးပါပြီ။


အဲ့ဒီအမှာစကားတွေတော့ နောက်မှပြောပြတော့မယ်။ ကြို သိချင်ရင် အလက်ဇ္ဒြားဆိုးရော့စ် ရှယ်ယာဝင်ထားတဲ့ Forbes မဂ္ဂဇင်းမှာ ရှာဖတ်ကြည့်ပါ။


ပြောချင်တာက သူ့ အဖေ ဂျော့ဆိုးရော့စ်က သူ့ သား Alex Soros ကို မြန်မာ့အရေးအတွက် ၂၀၁၇ဇန်နဝါရီကစပြီး အာဏာကုန်လွှဲအပ်လိုက်ပါပြီ။


ဒါကြောင့် Alex Soros  ဟာ ကျားပြီးတော့ရောက်လာတဲ့ရှင်ကြီးလို့ ဆိုရမယ်။


Alex Soros ရဲ့ ပထမဆုံးခြေလှမ်းဟာ Reuters သတင်းထောက်တွေ အများကြီးသုံးပြီး

တပ်မတော်က War Crime နဲ့  Ethnic Cleansing လုပ်ပါတယ်ဆိုတဲ့ အထောက်အထားကိုမရရအောင် စုံစမ်းထောက်လှမ်းရန်စေခိုင်းခြင်းဘဲဖြစ်ပါတယ်။


Reuters ဟာ Alex Soros  စပွန်ဆာပေးထာတဲ့ သတင်းအေဂျင်စီတစ်ခုဆိုတာ တွေ့ ရတဲ့အတွက် ဝလုံးနဲ့ကျော်စိုးဦးတို့ဟာကျွန်သားပေါက်ကလေးတွေလို့ ဆိုရမှာဖြစ်ပါတယ်။


Alex Soros ကို လျှော့တွက်လို့ မရတာဟာ Gobal Witness ဆိုတဲ့ ထောက်လှမ်းရေးဆန်ဆန်ဂျာနယ်လစ်ကွန်ရက်ကို ကမ္ဘာအနှံ့ ဖြန့် ချထားသူ စ်ြပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် အချိန်ကိုက်ပြီး ကျောက်စိမ်း မြန်မာ (Jade Myanmar ) ဆိုတဲ့ဝါဒဖြန့် စာအုပ်ကို OnlineMedia Propaganda လုပ်ခဲ့သူဖြစ်ပါတယ်။


Alex Soros ဟာ OSF မှာသူ့ အဖေပြီးရင် သူအကြီးဆုံးဖြစ်နေလို့ သေချာပေါက်အမွေဆက်ခံမယ့်သူဖြစ်တဲ့ အပြင်သူကိုယ်တိုင်ကလည်း သီးခြား Alex Soros Foundation ကို ထူထောင်ပြီးအာဏာစက်ဖြန့်ကြက်ဖို့ ခြေလှမ်းပြင်နေသူဖြစ်ပါတယ်။


Alex Soros ဟာ သူ့ ဖေကို ခြေရာနင်းမယ့်သား Man on  Fire လူစားလို့ အနောက်တိုင်းမီဒီယာတွေက မြှောက်ပင့်ရေးသားပေးနေသလို မြန်မာပြည်တည်ငြိမ်ရေးကိုဘက်ပေါင်းစုံကလွှမ်းမိုးကြိုးကိုင်ဖို့အတွက်ငွေလမ်းခင်းပြီးဆက်သွားနေမှာဖြစ်ပါတယ်။


အညှာလွယ်ပြီး ငွေမက်တဲ့ အုပ်စုတွေကလည်း နောက်မြှီးဆွဲပြီးတစ်သီတစ်တန်းလိုက်နေကြဦးမှာဖြစ်ပါတယ်။


ကိုယ့်နိုင်ငံသာ အငိုလွယ် အရှိုက်ခက်တဲ့Failed State ဆီကို ဦးတည်နေတာ။


ပြိုင်တူတွန်းလျင်ရွေ့ နိုင်ပါသည်ဆိုတာDirection မှန်ဖို့ လိုပါတယ်။Direction မှားနေလို့ ကတော့ ဘာမှပြောမနေနဲ့  Failed Sated ဘဲ။


လက်မည်းအောက်မှာ ဇာတ်ခေါင်းကွဲမှာမြင်ယောင်နေသေးတယ်။


#Aung Lwinn



GEORGE SORO

“A full and fair discussion is essential to democracy.”

George Soros has been a prominent international supporter of democratic ideals and causes for more than 30 years. His philanthropic organization, the Open Society Foundations, supports democracy and human rights in more than 100 countries.

https://www.georgesoros.com/

https://m.youtube.com/playlist?list=PLE72E21ED4751B5EC

https://www.opensocietyfoundations.org/people/george-soros


No comments:

Post a Comment