Popular Posts

Wednesday 1 November 2017

မိဘေမတၱာဟူသည္! 天亮了- 韩红

1999 ယခုလိုဆယ်လပိုင်း 3 ရက်နေ့မှာ ကွေ့ကျိုးရှိ မာလင်ဟော်လို့ အမည်ရတဲ့ ခရီးသွားအပန်ဖြေနေရာမှာ ဝမ်းနည်းဖွယ်ရာ အဖြစ်ပျက်လေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေထက် ပိုမိုသယ်ဆောင်ခဲ့သော ကောင်းကင်ကေဘယ်ကား မတော်တဆမှုကြောင့် ကေဘယ်ကားထဲရှိ ခရီးသည် ၃၅ ဦးအနက် ၁၄ ဦးသေဆုံးခဲ့ပါတယ်။ လွတ်မြောက်လာသူများထဲမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်လေးတစ်ဦး ပါဝင်နေခဲ့ပါတယ်။ ၎င်းရဲ့ မိဘ ၂ ပါးဟာ ခလေးငယ်ကို ချီမြှောက်ထားခဲ့တာကြောင့် ပွန်းပဲ့ဒဏ်ရာပဲရရှိခဲ့ပါတယ်။ ဒါပေမယ့် ခလေးငယ်လေးရဲ့ မိဘ ၂ ပါးကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်ပျက်ဟာ အဆိုတော်ဟန်ဟုန် 韩红 စိတ်ကိုရိုက်ခတ်ခဲ့တာမို့ အဖြစ်ပျက်ကို အခြေခံပြီးအဆိုတော် 韩红 ဟာ 天亮了 ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ရေးဖွဲ့ခဲ့ပါတယ်။ ဒီသီချင်းလေးဟာ ပရိတ်သတ်များစွာရဲ့ စိတ်ကိုကိုင်လှုပ်နိုင်ခဲ့ပါတယ်။ ၎င်းခလေးငယ်လေးကို ဟန်ဟုန်က မွေးစားခဲ့ပါတယ်တဲ့နော်
ဒါ့ကြောင့် 天亮了 ဆိုတဲ့သီချင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဟန်ဟုန်ရဲ့ ဆိုဟန်နဲ့ မဟုတ်ပဲ ရှောင်ယွီ့ယွီ့ဆိုတဲ့ ခလေးငယ်လေး ဆိုဟန်နဲ့ တင်ဆက်ပေးထားပါတယ်။ #张书芳(天下第一)
天亮了- 韩红
那是一个秋天 风儿那么缠绵
ဒါဟာလေညှင်းလေးတွေတိုက်ခတ်နေတဲ့ဆောင်းဦးလေးတစ်ခုပါပဲ
让我想起他们 那双无助的眼
အကူညီမဲ့နေတယ့်မျက်ဝန်းလေးတစ်စုံနဲ့သူတို့ကိုသတိရစေခဲ့တယ်
就在那美丽风景 相伴的地方
အဲ့ဒီ့လှပတဲ့ရှ ုခင်းလေးနဲ့အတူရှိနေတဲ့နေရာမှာ
我听到一声巨响 震彻山谷
ငါဟာလှုပ်ခါနေတဲ့တောင်းတန်းကြီးဆီကကျယ်လောင်တဲ့အသံတစ်ခုကြားလိုက်တယ်

就是那个秋天 再看不到爸爸的脸
ဒါဟာအဖေအမေရဲ့မျက်နှာကိုနောက်တခါထပ်မတွေ့ရတော့တဲ့ဆောင်းဦးလေးတစ်ခုပါပဲ
他用他的双肩 托起我重生的起点
သူ့(ဖေဖေဟာ)ရဲ့လက်မောင်းအစုံနဲ့ငါ့ရဲ့ခန္ဓာကိုယ်ကိုချီမြှောက်လိုက်ပါတယ်

黑暗中泪水 沾满了双眼
အမှောင်ထုထဲကမျက်ရည်တွေဟာမျက်လုံးတစ်ခုလုံးကိုပြည့်စေခဲ့ပါတယ်
不要离开 不要伤害
ခွဲခွာမသွားပါနဲ့ ထိခိုက်နာကျင်အောင်မလုပ်လိုက််ပါနဲ့
我看到爸爸妈妈 就这么走远
ငါဟာအဖေနဲ့အမေအဝေးကိုထွက်သွားတာကိုမြင်တွေ့နေခဲ့တယ်
留下我在这陌生的人世间
ငါ့ကိုသူစိမ်းတွေရဲ့အလယ်လောကကြီးထဲမှာတစ်ယောက်ထဲထားခဲ့ပါတယ်
不知道未来 还会有什么风险
အနာဂတ်မှာဘယ်လိုအန္တာရယ်မုန်တိုင်းတွေရှိနေဦးမလဲဆိုတာမသိနိုင်ပါဘူး
我想要紧紧抓住他的手
ငါဟာသူတို့ရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားချင်ခဲ့တယ်
妈妈告诉我希望还会有
အမေကတော့နောက်ထပ်မျှော်လင့်ချက်ရှိပါသေးတယ်လို့ပြောပါတယ်
看到太阳出来妈妈 笑了 天亮了
နေမင်းကြီးထွက်လာချိန်မှာအမေဟာပြုံ းခဲ့တယ် 天亮了 မိုးလဲလင်းသွားပြီ
这是一个夜晚 天上宿星点点
ဒါဟာကောင်းကင်ထက်မှာကြယ်လေးတွေဟိုတစ်ကွက်ဒီတစ်ကွက်ထွက်နေတဲ့ညလေးတစ်ညပါပဲ

我在梦里看见 我的妈妈
ငါဟာအိမ်မက်ထဲမေမေ့ကိုတွေ့ခဲ့ပါတယ်
一个人在世上 要学会坚强
တစ်ယောက်ထဲလောကမှာသန်မာစနေထိုင်နိုင်အောင်ကြိုးစားနေပါတယ်
你不要离开 不要伤害
ခွဲခွာမသွားပါနဲ့ ထိခိုက်နာကျင်အောင်မလုပ်လိုက်ပါနဲ့
我看到爸爸妈妈就这么走远
ငါဟာအဖေနဲ့အမေအဝေးကိုထွက်သွားတာကိုမြင်နေခဲ့တယ်
留下我在这陌生的人世间
ငါကိုတော့သူစိမ်းတွေရဲ့လောကကြီးအလယ်မှာတစ်ယောက်ထဲထားရစ်ခဲ့တယ်
我愿为他建造一个美丽的花园
သူတို့လှပတဲ့ပန်းခြံတစ်ခုငါ့တွက်ဆောက်ပေးဖို့လို့ထင်ခဲ့တယ်
我想要紧紧抓住他的手
ငါဟာသူတို့ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားချင်ခဲ့မိတယ်
妈妈告诉我希望还会有
အမေကတော့မျှော်လင့်ချက်တွေရှိလာဦးမယ်လို့ပြောခဲ့တယ်
看到太阳出来 天亮了
နေမင်းကြီးတောင်ထွက်လာခဲ့ပြီ မိုးလဲလင်းသွားပြီ

No comments:

Post a Comment