Popular Posts

Wednesday 1 November 2017




မြန်မာနိုင်ငံက ချည်ထည်တွေ နိုင်ငံတကာမှာလည်း ရှိစေချင်ပါတယ်ချည်ထည်တွေပေါ်မှာ ပန်းချီရေးဆွဲ ချုပ်လုပ်ရောင်းချသူ ဒီဇိုင်နာ မရွှေသဲဝါနှင့် တွေ့ဆုံခြင်း




ရန်ကုန်၊ အောက်တိုဘာ ၂၅ – မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းဆိုရင် နိုင်ငံတကာကပစ္စည်းတွေဝင်ရောက်လာတာများပြား ပြီး ခေတ်လူငယ်တွေကလည်း ပြည်ပနိုင်ငံကဝင်တဲ့ ပစ္စည်းတွေကိုသာအထင်ကြီး ဝတ်ဆင်လာတာတွေ၊ တန်ဖိုးထားတာတွေကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကလည်း နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပစ္စည်းဆိုပြီးဂုဏ်ယူစေချင်တာကြောင့် မြန်မာ့ချည်ထည်တွေကို ပန်းချီပညာနဲ့ပေါင်းစပ်ပြီး နိုင်ငံတကာမှာ မြန်မာဘရန်းတစ်ခုအနေ နဲ့ ရပ်တည်ချင်တာကြောင့် မြန်မာဝတ်စုံတွေကို ကနုတ်တွေ၊ ဒီဇိုင်းဆန်းတွေကိုရေးဆွဲပြီး ထုတ်လုပ်ရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။


သူက ၂၀ဝ၇ ခုနှစ်လောက်က စတင်ပြီး ပန်းချီတွေရေးဆွဲခဲ့ပြီး ဝတ်စုံတွေကိုထုတ်လုပ်တာတော့ သုံးနှစ်လောက်သာရှိသေးတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးချည်ထည်ပေါ်မှာ ပန်းချီတွေကို ရေးဆွဲတဲ့သူလည်းဖြစ်ပါတယ်။ နောက်ပိုင်းနာမည်ကြီး ဒီဇိုင်နာတွေပါလိုက်ပြီး လုပ်ဆောင်တဲ့အခါမှ သည်လိုလက်မှုပညာ ဟန်းမိတ်တွေကို လူတွေပိုပြီးသိလာတာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ သာမက နိုင်ငံတကာဈေးကွက်မှာပါ မြန်မာဘရန်းတွေနေရာတစ်ခုရလာအောင်ပြုလုပ်ချင်တယ်လို့လည်း သိရပါတယ်။ အထည်တွေအပြင် လက်ဝတ်ရတနာတွေကိုပါ ဟန်းမိတ်တွေပြုလုပ်ပြီး လူလတ်တန်းစားတွေဝတ်ဆင်နိုင်အောင် ပြုလုပ်ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။ သည်လိုဟန်းမိတ်တွေပြုလုပ်ပြီး နိုင်ငံတကာဈေးကွက်ဖောက်နေတဲ့ ဒီဇိုင် နာမရွှေသဲဝါနဲ့ တွေ့ဆုံမေးမြန်းဖြစ်ပါတယ်။


မော်ဒန် ။ ။ အရင်ဆုံး အစ်မနာမည်နဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းလေးအကြောင်းကို ပြောပေးပါဦး။
မရွှေသဲဝါ ။ ။ အစ်မနာမည်ကတော့ မရွှေသဲဝါလို့ ခေါ်ပါတယ်။ အခုလက်ရှိလုပ်နေတာကတော့ ကော်တွန်တွေပေါ်မှာ ပန်းချီဆွဲတာတွေလုပ်ကိုင်ပါတယ်။ ပြီးအလက်စရစ်တာတွေ၊ ပုံဆွဲဖို့အတွက် ဒီဇိုင်နာတွေကို ပုံဆွဲကတ်လေးတွေကိုထုတ်လုပ် ရောင်းချပေးနေပါတယ်။



မော်ဒန် ။ ။ အစ်မအနေနဲ့ မြန်မာဝတ်စုံတွေအပေါ်မှာ ဒီဇိုင်းဆွဲပြီး ဘရန်းတစ်ခုအနေနဲ့ထုတ်ဖြစ်တဲ့အကြောင်းလေးကို ပြောပေးပါဦး။
မရွှေသဲဝါ ။ ။ အစ်မကအရင်တုန်းက ပန်းချီစဆွဲကတည်းကလုပ်ချင်တာပေါ့။ ပြီးတော့ ကိိုးရီးယားတွေ မြန်မာနိုင်ငံကို အရမ်းလွှမ်း မိုးတယ်။ အဲသည်အချိန်မှာ တစ်ခေါက်ပေါ့ အစ်မသင်တန်းတက်တယ်။ သင်တန်းတက်တာက အစ်မနိုင်ငံခြားဝန်ကြီးဌာနမှာ သင်တန်းတက်တယ်။ သင်တန်းတက်တာက အစ်မနိုင်ငံခြားဝန်ကြီးဌာနမှာ သင်တန်းတက်တယ်။ အဲသည်မှာ သူများနိုင်ငံကနေ ကိုယ့်နိုင်ငံကို ထိန်းချုပ်ဆယ်ဆိုရင် ကာချာကို အရင်ဆုံးလုပ်တယ်ရှင့်။ အဲ့သည်မှာ အစ်မကျကတော့ မကြိုက်ဘူး။ အစ်မက အဲသည်အချိန်မှာ မြန်မာဝတ်စုံုကို ဘယ်လိုမျုးလှအောင်လုပ်တယ်ဆိုရင် သူတို့ ပြည်ပနိုင်ငံတွေက စိတ်ဝင်စားမလဲ အစ်မက လည်း ပြန်လည်ထိုးဖောက်ချင်တယ်။ အဲသည်လိုရည်ရွယ်ချက်ကြောင့် အစ်မက မြန်မာနိုင်ငံကထွက်တဲ့ ချည်ထညတွေပေါ်မှာပဲ မြန်မာပန်းချီတွေကို ရေးဆွဲတယ်။ အဲဒါလုပ်တဲ့ အဓိကရည်ရွယ်ချက်က အစ်မက မြန်မာနိုင်ငံက ထွက်တဲ့ပစ္စည်းကို သူများနိုင်ငံကိုသိစေချင်တယ်။ အဲဒါကြောင့်ပါ။ ရှင်းရှင်းပြောရရင် သူတို့ထိုးဖောက်သလို ကိုယ်ပြန်ထိုးဖောက်ဖောက်ချင်လို့ပါ။


မော်ဒန်။ ။ ကိုယ်ပိုင်ဘရန်းတစ်ခုအနေနဲ့ ထုတ်နေတာဆိုတော့ ပြည်ပနိုင်ငံတွေကို ပြန်ပြီးတင်ပို့ရောင်းချတာတွေရောရှိလား
မရွှေသဲဝါ ။ ။ လက်ရှိတော့ ပြည်တွင်းမှာပဲရောင်းချနေပါတယ်။ VE-STIGE Gift & Souvenirs တွေမှာတင်ရောင်းပါတယ်။ ပြည်ပနိုင်ငံတွေကို ပို့နိုင်ဖို့အတွက်လည်းအများကြီးဆက်သွယ်နေပါတယ်။ အခုဆို စင်ကာပူကအစ်မတစ်ယောက်နဲ့ဆက်သွယ် ပြီးတော့ စင်ကာပူမှာလည်း စတင်ရောင်းချနေပါတယ်။ နောက်ပြီး အစ်မကြီးတစ်ယောက်က ပြောထားတာတော့ရှိတယ်။ သူ စပွန်ဆာပေးမယ်ပေါ့။ ပြင်သစ်ကိုပို့ပေးမယ်ပေါ့။ အဲသည်လိုဟာလေးတွေနဲ့လည်း အစ်မချိတ်ထားတာပေါ့။ အစ်မဘက်ကတော့ မြန်မာမှုတွေကို ပိုပြီးသိအောင်ထပ်လေ့လာနေပါတယ်။



မော်ဒန် ။ ။ ရောင်းချနေတဲ့ ဈေးနှုန်းတွေရော သိလို့ရမလားရှင့်။
မရွှေသဲဝါ ။ ။ ရောင်းချတဲ့ ဈေးနှုန်းကတော့ အစ်မအမြင့်ဆုံးက ကျပ် ၃၀,ဝဝဝ ပဲရှိတယ်ရှင့်။ ပန်းချီဆွဲပြီးသား ဝမ်းဆက်ကို အကုန်လုံးမှ ကျပ် ၃၀,ဝဝဝ ပါ။ ဘာလို့ အဲသည်ဈေးနဲ့ ရောင်းလဲဆိုတော့ အစ်မရဲ့ target က လူလတ်တန်းစားတွေကို ရည်ရွယ်တာပါ။ အဲသည်လို လူလတ်တန်းစားတွေဝတ်နိုင်ဖို့ကို ဈေးကိုချပေးထားတာပါ။  ကျပ် ၃၀,ဝဝဝ ဆိုပြီး။ ပြီးတော့ ၂၀,ဝဝဝ ကျော်တန်ရှိတယ်။ အစားစားပဲပေါ့။ အမျိုးသား ရှပ် ကျတော့ အစ်မ ၁၈,ဝဝဝ နဲ့ ရောင်းပေးတယ်။



မော်ဒန် ။ ။ အစ်မအနေနဲ့ အထည်တွေအပြင်လက်ဝတ်ရတနာတွေကိုပါ ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ထုတ်တယ်ကြားတယ်ရှင့်။ အဲသည် အကြောင်းလေး ပြောပေးပါဦး။
မရွှေသဲဝါ ။ ။ အဲဒါကျတော့ အစ်မကအရင်တုန်းကတည်းက ပန်းချီဆွဲတာအပြင် မြန်မာနိုင်ငံကထွက်တဲ့ ကျောက်တွေရဲ့ ပါဝါတွေကိုစိတ်ဝင်စားတယ်။ ပြီးတော့အရမ်းလည်း သူ့ရဲ့ပါဝါတွေက လူကိုအရမ်းအကျိုးပြုစေတာကို အဲသည်အတွက်ကြောင့် ကိုယ့်နိုင်ငံကထွက်တဲ့ ကျောက်တွေကို ဟန်းမိတ်လုပ်ပြီး ကိုယ့်ဆီကပစ္စည်းတွေကို တကယ့်ကို ဈေးနှုန်းချိုချိုသာသာနဲ့ဝတ်စေ ချင်တယ်။ ပြီးတော့ အစ်မ The Rich Gem မှာ လုပ်တုန်းကဆိုရင် သိန်းရာချီတဲ့ပစ္စည်းတွေပေါ့။ အဲဒါတွေကို သူဌေးတွေပဲ ဝတ်နိုင်ကြတယ်။ အစ်မကငွေနဲ့ metal နဲ့ကိုအဆင်ပြေတာသုံးမယ်။ ဒါပေမဲ့ ကျောက်အစစ်ကိုသုံးမယ်။ အစ်မတို့အားလုံး ဝတ်လို့ရတယ်ပေါ့။ အဲသည်အချက်နဲ့ ရတနာတွေကို ဟန်းမိတ်တွေလုပ်တာ။ ပြီးတော့ အစ်မကဟန်းမိတ်လုပ်တာတွေ၊ ဒီဇိုင်း တွေဖန်တီးရတာတွေကို ဝါသနာပါတယ်။ အဓိကကတော့ နိုင်ငံကလူတွေကို ဈေးနှုန်းသက်သက်သာသာနဲ့လှလှပပကျော့ကျော့ မော့မော့လေး ဖြစ်စေချင်တာပါ။



မော်ဒန် ။ ။ အထည်ပဲဖြစ်ဖြစ်၊ လက်ဝတ်ရတနာတွေကိုပဲဖြစ်ဖြစ်ပြုလုပ်တော့မယ်ဆိုရင်အချိန်ဘယ်လောက်ယူလဲ။
မရွှေသဲဝါ ။ ။ အစ်မကတော့ ပန်းချီဆွဲတဲ့လူ ပြီးတော့ဒီဇိုင်နာတစ်ယောက်ဆိုတော့ အချိန်ကတော့ limit မရှိဘူး။ အဲသည်တော့ အစ်မက ၂၄ နာရီလုံး အလုပ်လုပ်ရတာလည်းဖြစ်ချင်ဖြစ်သွားနိုင်တယ်။ တစ်နာရီအတောအတွင်းလည်း ပြီးချင်ပြီးသွားနိုင်တယ်။ စိတ်အားထက်သန်ရင် ထက်သန်သလိုပြီးတယ်။ တော်တော်များများကို တစ်ယောက်တည်းလုပ်တဲ့ဟာတွေမှာအလုပ် တော်တော်များများပြီးတာက အရင်ဆုံးစဉ်းစားတယ်။ ပုံဆွဲတယ် ပြီးရင်ထုတ်တဲ့အပိုင်းကိုလုပ်တယ်။ အဲသည်တော့ အလွန် ဆုံးဆို နှစ်ရက်သုံးရက်လောက်နဲ့ပြီးသွားတယ်။



မော်ဒန် ။ ။ အစ်မ စတင်လုပ်ကိုင်ခဲ့တဲ့အချိန်လေးကိုပြောပေးပါဦး။
မရွှေသဲဝါ ။ ။ အစ်မ စတင်လုပ်ကိုင်ခဲ့တဲ့ အချိန်ကတော့ ပန်းချီစဆွဲတာကတော့ ၂၀ဝ၇၊ ၂၀ဝ၈ မှာစတင်ပြီးလုပ်ခဲ့တာပါ။ ပြီးတော့ အစ်မ သူများဆီမှာဝန်ထမ်းလုပ်တယ်။ အဲသည်မှာလုပ်ရင်းနဲ့ ကိုယ့် ရဲ့ပန်းချီ လေးကို အစ်မအရမ်းအောင်မြင်ချင် တယ်။ အဲဒါကြောင့် အစ်မဒီဇိုင်းဘက်ကိုကူးတယ်။ အဲသည်လိုကူးမှ အစ်မပန်းချီတွေကိုပြသခွင့်ရှိမှာလေ။ အစ်မရိုးရိုးပန်းချီဆွဲတောတွေကိုမပြချင်ဘူး။ ဖက်ရှင်နဲ့ ပန်းချီကိုပေါင်းချင်တယ်။ အဲသည်အတွက်ကြောင့်မို့ သည်ဟာကို လွန်ခဲ့တဲ့နှစ်ဖြစ်လောက်ကစလုပ်တယ်။ အခုဆိုရင်  နှစ်နှစ်ခွဲသုံးနှစ်လောက်ရှိပြီပေါ့။ အခုမှ နည်းနည်းလူသိလာတယ်။ နာမည်ကြီး ဒီဇိုင်နာတွေကပါလုပ်လာတဲ့အတွက်လည်း လူပိုသိလာတာပေါ့နော်။ ဆွဲခဲ့တာကတော့ အစ်မ ၂၀ဝ၇ ကစပြီးဆွဲခဲ့တာပါ။



မော်ဒန် ။ ။ စတင်လုပ်ကိုင်ခဲ့တဲ့ အချိန်တုန်းကတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေရောရှိလား။
မရွှေသဲဝါ ။ ။ အခက်အခဲက ဘာတွေကြုံရလဲဆိုတော့ ကိုယ်ကသူများလုပ်တဲ့အရာတွေကိုလိုက်မလုပ်တဲ့ပြဿနာပါ။ ပြီးတော့ အစ်မတို့ ဆီမှာ ကစပြီးတော့ founderလုပ်ပြီး စွန်ဦးတီထွင်တဲ့သူတွေကအရမ်းကို မအောင်မြင်ကြသေးတဲ့အချိန်မှာအစ်မက ဘက်ဂျက်တွေအရမ်းများလို့ မိဘချမ်းသာလို့အလုပ်လုပ်တာမဟုတ်ဘူး။ ဘယ်လိုပြောမလဲ ရာထူးကြီးတဲ့ဝန်ထမ်းတစ်ယောက် က နေကိုယ်ပိုင်အလုပ်ကို ပြောင်းချင်တာ။ အစ်မတို့ရည်ရွယ်ချက်ကတော့ အဲဒါဆိုတော့ ဖြစ်လာတဲ့အခက်အခဲတွေကတော့ အများကြီးပဲ။ အမျိုးမျိုးတိုက်ခိုက်ခံရတယ်။နာမည်ကြီးတွေလုပ်တဲ့ဟာကမှ ပထမဆုံးလုပ်တဲ့ဟာလို့ထင်တယ်။ ဒါပေမဲ့ အဲသည် လိုပန်းချီဆွဲတာတွေက အစ်မစလုပ်တာ။ အဲသည်လိုတွေပေါ့။ အခက်အခဲတွေကတော့ အများကြီးပါ။ ဒါပေမဲ့ ကိုယ်ဝါသနာပါတဲ့ဟာတွေလည်း လုပ်ရတယ်။ သူများကြိုက်သော်ရှိ မကြိက်သော်ရှိ လက်ခံတဲ့သူတွေကလက်ခံတယ်။ အဲဒါကြောင့်သူများတွေ အများကြီးတိုက်ခိုက်လည်း အစ်မကတော့မခံရဘူး။ သူများတွေ တိုက်ခိုက်တာတွေ၊ ဝေဖန်တာတွေကတော့ တော်တော်ခံနိုင် တယ်။ အရမ်းတော့ပင်ပန်းတယ်။  ပင်ပန်းတာကို အမေကတော့မကြည့်ရက်ဘူးလေ။ အစ်မကတော့ ခေါင်းမာတော့ ဆက်လုပ်နေတာ။ တဖြည်းဖြည်းနဲ့တော့လက်ခံနေကြပါတယ်။



မော်ဒန် ။ ။ ဒီဇိုင်နာတွေအတွက် ပုံဆွဲကတ်တွေထုတ်ပြီး ရောင်းဖြစ်တဲ့အကြောင်းလေး ပြောပေးပါဦး။
မရွှေသဲဝါ ။ ။ ပန်းချီဆွဲတဲ့သူတစ်ယောက်ပေါ့။ အဲသည်လို ပန်းချီဆွဲတဲ့သူမှာဆွဲတတ်တဲ့သူဖြစ်တဲ့ အတွက်ကြောင့် အစ်မအတွက်ကတော့ အခက်အခဲမရှိဘူး။ လူ့ရဲ့ကိုယ်ခန္ဓာကို ဖွဲ့စည်းတည်ဆောက်တဲ့အခါမှာ ငယ်ငယ်တုန်းကဆွဲသလိုတော့မဟုတ် ဘူး။ ပန်းချီသင်တန်းကိုလာတဲ့ သူတွေမှာ သူတို့ဆွဲထားတဲ့ပန်းချီပုံတွေမှာ skill မရှိဘူး။ ဒါပေမဲ့ လူတိုင်းကတော့ မိန်းကလေးပုံဆွဲတတ်ကြတယ်။ ပန်းချီဆွဲရင် ခေါင်းကဘယ်လောက်၊ ရင်ကဘယ်လောက်၊ ကိုယ်ခန္ဓာကဘယ်လောက်ဆိုပြီးရှိတယ်။ အခုကတ်မှာကျတော့ အချိုးအစားတွေက ချပြီးသားဆိုတော့ သုံးတဲ့ဒီဇိုင်နာတွေလည်း ဘယ်အကျႌဖြစ်ဖြစ်သုံးနိုင်တယ်။ ဖက်ရှင်စိတ် ဝင်စားတဲ့ မိန်းကလေးတွေအတွက် အခြေခံကျတဲ့ ကိုယ်ခန္ဓာ၊ အတွန့်လေးတွေ၊ လက်အစိတ်အပိုင်းတွေပြောင်းနိုင်အောင်လို့ လက်တွေ၊ ဖိနပ်တွေကအစ ထည့်ပေးထားပါတယ်။ သည်ကတ်ရှိတာနဲ့ သူတို့ကြိုက်တဲ့ဒီဇိုင်းတွေကိုအချိန်မရွေးဆွဲနိုင်တယ်။ ပြီးတော့ သည်လိုဒီဇိုင်းသင်တန်းတွေကလည်း ဈေးအရမ်းကြီးတယ်။ အဲသည်တော့မတတ်နိုင်တဲ့သူတွေအများကြီးရှိတယ်။ ဘက်ဂျက်မရှိတဲ့သူတွေသင်တန်းမတက်ဘဲ ဒါကိုဆွဲနိုင်အောင်လို့ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။



မော်ဒန် ။ ။ အစ်မအနေနဲ့ မြန်မာဘရန်းတစ်ခုဈေးကွက် ထိုးဖောက်ဖို့ ဘာတွေလိုအပ်တယ်ထင်လဲ။
မရွှေသဲဝါ ။ ။ အစ်မတို့ အဓိကအားဖြင့် မီဒီယာပိုင်းတွေလိုအပ်တယ်။ ပြီးတော့ အစ်မတို့ နိုင်ငံခြားမှာဆိုရင်ယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံမှာဆိုရင် သူတို့ယဉ်ကျေးမှုကအရမ်းတန်ဖိုးထားတယ်။ အဲသည်အတွက်ကြောင့် အစ်မအခုလိုက်ချိတ်ဆက်နေရ  တာကျတော့အစ်မကသံရုံးတွေမှာ ဘယ်သူလုပ်ပိုင်ခွင့်ရှိလဲ၊ ဘယ်လိုချိတ်ရမလဲ၊ အဲဒါတွေကိုလိုက်လေ့လာနေတယ်။ စင်ကာပူမှာရှိတဲ့ အစ်မနဲ့လုပ်ငန်းအတူတူ လုပ်နေတဲ့အစ်မဆိုရင်လည်း တအားကူညီတယ် ။ သူဆိုရင်လည်းအရမ်းကို နိုင်ငံခြားမှာ စပွန်ဆာပေးတဲ့နေရာတွေဘာတွေရှိတယ်ဆိုရင် လည်း အစ်မအဲဒါမျိုးတွေနဲ့ ထိုးဖောက်တယ်။ အခုအစ်မဈေးကွက်ကိုလေ့ လာလိုက်တော့ အစ်မပစ္စည်းတွေကိုဝယ်တဲ့ သူတော်တော်များများက နိုင်ငံခြားသားတွေဖြစ်နေတယ်။ အဲသည်အတွက် သူ့နိုင်ငံမှာ တင်ရင် အစ်မကအချိန်တစ်ခုပေးပြီး ကွာလတီကောင်းကောင်း အဲသည်လို လုပ်နိုင်မယ်ဆိုရင်အားလုံးလက် ခံလာကြမှာပဲ။ ဈေးနှုန်းကလည်းသင့်တင့်ရမယ်။ ပုံမှန်အတိုင်းဝတ်တဲ့ အဝတ်အစားတွေဖြစ်နေရမယ်။ အဲဒါကိုပန်းချီပေါ့။ အဲဒါကို သူတို့သေချာပြနိုင်မယ်ဆိုရင် အစ်မထင်တယ် မြန်မာပြည်ဈေးကွက်တွေသာမက နိုင်ငံတကာဈေးကွက်ကိုပါ ထိုး ဖောက်လာနိုင်မှာပါ။



မော်ဒန် ။ ။ အခုခေတ်လူငယ်တွေအနေနဲ့ မြန်မာနိုင်ငံကထုတ်တဲ့ပစ္စည်းဆိုရင် သိပ်ပြီးအထင်မကြီးကြဘူးပေါ့။ အဲသည်အပေါ် အစ်မအမြင် လေး ပြောပေးပါဦး။
မရွှေသဲဝါ ။ ။ အစ်မ ဖြစ်ချင်တာက အဲသည်အတွက်ကို ပြည်ပဈေးကွက်ကိုထိုးဖောက်တာပါ။ ဘာလို့ဆိုတော့ အစ်မတို့နိုင်ငံကိုလွှမ်းမိုးနေတဲ့ စိတ်က နိုင်ငံခြားပစ္စည်းဆိုအရမ်းကြိုက်တယ်။ အဲသည်တော့ အစ်မအကျႌက နိုင်ငံခြားကိုရောက်သွား မယ်။ အဲဒါနိုင်ငံခြားကိုရောက်သွားကြည့်လိုက် သူတို့ အလိုလိုလက်ခံလာလိမ့်မယ်။ အနုပညာရော၊ ကိုယ်တတ်တဲ့အတတ် ပညာရော တခြားဗဟုသုတတွေရော အဲဒါတွေကိုပေါင်းပြီး ယဉ်ကျေးမှုတွေကိုပြောနေရတာပေါ့။ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာဝတ်စုံဝတ်ရင် မြန်မာဝတ်စုံကြိုက်တယ်လေ။ အဲသည်လိုမျိုး မြန်မာ့ယဉ်ကျေးမှုတွေမြတ်နိုးတတ်အောင် အစ်မ တို့အားလုံး ဝိုင်းဝန်းပြီးဆောင်ရွက်ရမှာပေါ့။ အစ်မက အစ်မ မြန်မာဆိုတာကိုအရမ်းထက်သန်တယ်။ အဲဒါကြောင့် အစ်မ ဒါကိုလုပ်ခဲ့တာပါ။ ပန်းချီဆွဲတယ်။ မြန်မာနိုင်ငံကဆွဲတယ်။ ဘယ်နိုင်ငံက ဆွဲနိုင်လဲသိတယ်မဟုတ်လား ဂုဏ်ယူပြီးဝတ် ကြ အဲသည်လိုမျိုးပေါ့။



မော်ဒန် ။ ။ အခုနောက်ပိုင်းချည်ထည်တွေလည်း အရမ်းရှားလာတယ်ဆိုတော့နောက်ပိုင်းချည်ထည်တွေရှားလာပြီးဝယ်ယူလို့ မရနိုင်ဘူးဆိုရင်အစ်မအနေနဲ့ ဘယ်လိုအထည်တွေကိုအစားထိုးပြီးချုပ်သွားမလဲ။
မရွှေသဲဝါ ။ ။ အစ်မက ချည်ထည်ရှားလာရင် ဘယ်လိုဖြစ်မလဲဆိုရင် အစ်မတို့ချည်ထည်ရှားတယ်ဆိုတာ သူတို့ရောင်းတဲ့ဈေးနှုန်းတွေနိမ့်ကျပြီးပေးတယ်။ အစ်မ အခုစဉ်းစားထားတယ်။ ဝမ်းတွင်းဘက်ကနေ ချည်ထည်တွေထုတ်ပေးတယ်။ အစ်မ ကလည်း ကိုယ်ပိုင်ရက်ကန်းရုံတွေမထောင်နိုင်ဘူးဆိုတော့ အဲသည်တော့ သူနဲ့လက်မှတ်ထိုးထားတယ်။ သူ့ဆီက ထွက်တဲ့ချည်တွေကို အစ်မကိုပဲပေး တယ်။ သူတို့ကိုလည်း သင့်တော်တဲ့ဈေး နှုန်းတွေပေးထား ပြီးသားလေ။ တစ်ယောက်နဲ့ တစ် ယောက်မလုပ်ချင်တော့ဘူးဆိုရင်လည်း ခြောက်လလောက်ကြိုပြော အဲသည်လိုမျိုးလုပ်တယ်။ တခြားရက်ကန်းတွေဘာ တွေအားလုံးကိုလည်း လေ့လာထားတယ်။ အစ်မကတော့ ကိုယ့်လိုင်းနဲ့ ကိုယ်ဟန်းမိတ်ပေါ့နော်။ ချည်တွေကိုရက်ပြီး လုပ်ချင်တာ။



မော်ဒန် ။ ။ အစ်မဘရန်းကို ပြည်ပပို့မယ်ဆိုတော့ အခွန်အခတွေနဲ့ပတ်သက်ပြီး အစ်မထင်မြင်ချက်တွေကို ပြောပေးပါဦး။
မရွှေသဲဝါ ။ ။ အခွန်အခတွေနဲ့ပတ်သက်ပြီးကျတော့ အစ်မတို့ အခုလုပ်နေတာကျတော့ SME လည်းဖြစ်တယ်။ သည်လိုမျိုး နိုင်ငံ ခြားကိုပို့မယ်ပေါ့။ ကိုယ့်ရဲ့ အမှန်တရားတိုင်းကို ပြောမယ်ဆိုရင် သည်လို SME တိုင်းမှာ SME တစ်ယောက်ကိုယ့်ဒူးကိုယ်ချွန် လုပ်တဲ့ သူတစ်ယောက်အတွက်ကတော့ သည်အခွန်တွေကိုပေးဖို့ သတ်မှတ်ထားတဲ့အတိုင်း ဆောင်ဖို့ဆိုတာခက်ခဲတယ်။ သူတို့ ကိုလည်းမညာချင်ဘူး။ ဒါ SME လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ဒါနဲ့တန်ရာတန်ရာဆောင်မယ်ရတယ်။ သူတို့သတ်မှတ်ထားတဲ့အတိုင်းဆို အစ်မကပြောမှာပဲ။ အစ်မတို့ကငွေမည်းကို ငွေဖြူဖြစ်အောင်လုပ်နေတာလဲ မဟုတ်တော့သိအောင်တော့ ပြောပြရမှာပေါ့။ အစ်မတို့ရဲ့ တကယ်လုပ်နေတဲ့သူတွေဆိုလည်းအခွန်အခကိုရှောင်တာမဟုတ် ဘူးဆောင်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲသည်အချိန်ကျရင်လုပ်မယ်လို့တော့စဉ်းစားထားပါတယ်။



မော်ဒန် ။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
မရွှေသဲဝါ ။ ။ ဖြည့်စွက်ပြောချင်တာက ဘာပဲဖြစ်ဖြစ် လူတိုင်းကကိုယ့်ယဉ်ကျေးမှုကိုချစ်မြတ်နိုးပါ။ ပြီးတော့ကိုယ့်မှာရှိတဲ့ အရာနဲ့ပဲ တင်းတိမ်ရောင့်ရဲပါ။ ကိုယ့်မှာရှိတဲ့ အရာနဲ့အလှဆုံးဖန်တီးပါ။ အဲဒါ ဆိုရင် အစ်မတို့က သူများဆီကလိုချင် တပ်မက်တဲ့လောဘတွေလည်း မဖြစ်တော့ဘူး။ အစ်မတို့က ဈေးနှုန်းလည်း အရမ်းမကြီးတဲ့ ချည်ထည်တွေကို အလှဆုံးဝတ် ဆင်ပါ။ တင်းတိမ်ရောင့်ရဲပါပဲ ပြောချင်ပါတယ်။



မော်ဒန် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

Ref:http://www.kumudranews.com/politics/interview/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%80-%E1%80%81%E1%80%BA%E1%80%8A%E1%80%B9%E1%80%91%E1%80%8A%E1%80%B9%E1%80%B1/

No comments:

Post a Comment