Popular Posts

Thursday 24 August 2017


ယနေ့အစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ သိသာထင်ရှားစွာ ဆောင်ရွက်လာသည့် လုပ်ငန်းမှာ နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ချမှတ် ဆောင်ရွက်လာခြင်းပင် ဖြစ်သည်။ မြန်မာ နိုင်ငံ နိုင်ငံ့ဝန်ထမ်း
 ပြုပြင်ပြောင်းလဲမှုဆိုင် ရာ မဟာဗျူဟာ စီမံချက် ထုတ်ပြန်ကြေ ညာသည့် အခမ်းအနားတစ်ရပ် ကျင်းပ၍ နိုင်ငံ့ဝန်ထမ်းများသာမက ပြည်သူတစ် ရပ်လုံးအား အသိပေးခဲ့သည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက် အမှာစကား ပြောကြားစဉ် ဒီမို ကရေစီစနစ်တွင် 'မလုပ် မရှုပ် မပြုတ်'အတွေးအခေါ် ရှိသူအတွက် နေရာမရှိ 
နိုင်ကြောင်းကို ထည့်သွင်း ပြောကြားခဲ့ သည်။

http://www.yangonmedia.com/media/k2/items/cache/a61338d7f798651113635a81cabe1316_XL.jpg
'
မလုပ်၊ မရှုပ်၊ မပြုတ်'ဟူသော စကားသည် ဖဆပလခေတ် ပြည်ထောင်စု အစိုးရလက်ထက်တွင် သုံးစွဲခြင်းမရှိသေး သော်လည်း တစ်ပါတီ အာဏာရှင်ခေတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် ဝန်ထမ်းလောက၌ တွင်တွင် ကျယ်ကျယ် သုံးစွဲခဲ့သည့်စကားဖြစ်သည်။ ထိုစဉ်က နိုင်ငံ့ဝန်ထမ်းလောကတွင် အလုပ်လုပ်သူ၊ ကြိုးစားသူ၊ တော်သူ၊ ထူးချွန်သူ၊ အလုပ်မလုပ်သူ၊ မကြိုးစားသူ၊ ညံ့သူတို့ အားလုံးတစ်ပြေးညီ သတ်မှတ်၍ သတ်မှတ်ထားသည့် လုပ်သက်ပြည့်လျှင် ရာထူးတိုးမြှင့်ခြင်း ခံကြရ
သည်။ ယင်းအချိန်မှစ၍ 'မလုပ်၊မရှုပ်၊မပြုတ်'ဟူသောစကား ကို ဝန်ထမ်းလောကတွင် တွင်တွင်ကျယ် ကျယ် သုံးစွဲလာခဲ့ကြ
သည်။ ဆောင်ပုဒ် သဖွယ် သဘောထားလာကြသည်။

အချို့ နိုင်ငံ့ဝန်ထမ်းများမှာ ဆယ်စုနှစ်သုံးလေးစုခန့် အရိုးစွဲနေသည့် အကျင့်ဟောင်းများကို မဖျောက်၊ ကြား ကာလ အစိုးရအ
ဆက်ဆက်လက်ထက် သို့ သယ်ဆောင်လာကြသည်။ ဝန်ထမ်းငယ် ဘဝမှ အမှုထမ်း၊ အရာထမ်း ဖြစ်လာသည့် တိုင် အမှန်တရားဘက်က ရပ်တည်နိုင် စွမ်း မရှိဘဲ အထက်အရာရှိ အလိုရှိသည့် အတိုင်း အမှားများကိုလည်း လုပ်သည်။ အမှန်ကို သိ
လျက် ထောက်ပြပြောဆိုခြင်း မပြုတော့ဘဲ လက်ညှိုးထောင် ခေါင်းညိတ် ဘဝနှင့် ဘဝကို အသက်ရှင် ရပ်တည်ခဲ့ ကြသည်။

အထူးသဖြင့် ယနေ့ မြန်မာ နိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းအများစုသည် တစ် ပါတီ အာဏာရှင်စနစ်နှင့် စစ်အာဏာ ရှင်လက်ထက်များတွင် ဖြတ်သန်းလုပ်ကိုင် ခဲ့ကြရသဖြင့် 'မလုပ်၊ မရှုပ်၊ မပြုတ်' ဆို သည့် စကားကို ဆောင်ပုဒ်လုပ်၍ နေ့စဉ် ရုံးဆင်းရုံးတက် လုပ်ခဲ့
ကြရသည်။ အချိန် မှန် လစာရခဲ့ကြသည်။ လစာမှာ ကြိုး ကြိုးစားစား၊ နိုးနိုးကြားကြား လုပ်သူများ နှင့် ဘာမျှမလုပ် ရုံးတွင် ငုတ်တုတ်ထိုင် နေလျှင်လည်း ရာထူးတူလျှင် လစာတူ ရခဲ့ကြသည်။ 'မလုပ်၊ မရှုပ်၊ မပြုတ်'အရ သာကို ကောင်းစွာခံစားရင်း ဘဝနေဝင် ချိန်သို့ ဖြတ်သန်းခဲ့ကြသည်။

သာမန်အားဖြင့် ကြည့်လျှင် နိုင်ငံ့ဝန်ထမ်းများ 'မလုပ်၊ မရှုပ်၊ မပြုတ်'အတွေးအခေါ် အစဉ်အလာဟောင်းများ ကြောင့် နိုင်ငံတော်အတွက် မထိခိုက်ဟု ယူဆရသော်လည်း နိုင်ငံတော်အစိုးရ၏ ယန္တရားများမှာ ရပ်တန့်မသွားသည့်တိုင် နှေးကွေးစေသည်။ 
တုံ့ဆိုင်းစေသည်။ ဌာန တစ်ခုနှင့် တစ်ခုအကြား၊ ဝန်ကြီးဌာနအ ချင်းချင်းအကြား ပူးပေါင်းလုပ်ဆောင်မှု ကို အဟန့်အတားဖြစ်စေခဲ့သည်။ တီထွင် ကြံဆမှုနှင့် အတွေးအခေါ် အယူအဆ သစ်များကို တားဆီးပိတ်ပင်နေသကဲ့သို့ ဖြစ်စေခဲ့သည်။ ယင်းမှာ အစိုးရနှင့် နိုင်ငံ့ ဝန်ထမ်းများအကြား ကြီးမားသော စိန် ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

 နိုင်ငံ့ဝန်ထမ်းဟူသည် အစိုးရအပေါ်တွင် တာဝန်ယူမှု (Responsibility)ရှိရန် လိုအပ်သကဲ့သို့ တာဝန်ခံမှု (Accountability) ရှိ
ရန်လည်း လိုအပ် သည်။ ထို့အတူ အစိုးရအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများအပေါ် ဗဟိုချုပ်ကိုင်မှု(Centralization)ကို လျှော့ချပေးသင့်သည်။ ဖြစ်နိုင်လျှင် ဗဟိုချုပ်ကိုင်မှုကို ဖျက်သိမ်း ခြင်း (Decentralization)ပြုသင့်သည်။

ယနေ့ အစိုးရသစ် ကျင့်သုံး မည့် နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်တွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ် ယူကိစ္စများ ပပျောက်စေနိုင်သည့် အချက် အလက်များ ထည့်သွင်းထားမည် ဖြစ် သည်။ သို့တိုင် နိုင်ငံ့ဝန်ထမ်းတိုင်း လိုက် နာကျင့်သုံးနိုင်ရန် အစိုးရက ကြပ်မတ် စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေ စည်းမျဉ်းစည်းကမ်း များ ချမှတ်ထားသော်လည်း ဝန်ထမ်း အများစုက လိုက်နာရန် ပျက်ကွက်ခြင်း ကြောင့် အဂတိလိုက်စားမှုနှင့် လာဘ်ပေး လာဘ်ယူကိစ္စများ ပေါ်ပေါက်နေခြင်းဖြစ် သည်။

ယနေ့အစိုးရသစ် လက်ထက်တွင် ပြည်သူနှင့် အများဆုံး ထိတွေ့ဆက် ဆံနေသည့် တရားရုံး၊ ရဲဌာန၊ ဥပဒေရုံး၊ လူဝင်မှုကြီး
ကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ဌာန၊ ဆေးရုံ စသည်တို့သည် ပြုပြင် ပြောင်းလဲလိုသည့်ဆန္ဒမရှိဘဲ ယခင်လမ်း ဟောင်းအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေကြဆဲ ဖြစ်သည်။ ယခင် အစိုးရလက်ထက်အတိုင်း လာဘ်စားမြဲ၊ အဂတိလိုက်စားဆဲသာ ဖြစ်သည်။

အချို့ဌာနများမှာမူ 'မလုပ်၊ မရှုပ်၊ မပြုတ်'လမ်းစဉ်အတိုင်း လျှောက် လှမ်းနေဆဲဖြစ်သည်။ ယင်းအတွက် နိုင်ငံ့ဝန်ထမ်းများအား ဝန်ကြီးဌာနအလိုက် ပြု ပြင်ပြောင်းလဲ မဟာဗျူဟာစီမံချက်အတိုင်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။ သို့မှသာ အစိုးရယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ကာ ပြည်သူ တို့အတွက် အများပြည်သူဆိုင်ရာ ဝန် ဆောင်မှုများကို ကောင်းမွန်စွာ ဆောင် ရွက်ပေးနိုင်မည် ဖြစ်သည်။ ထို့အတူ အစိုးရ၏ ပြည်သူကိုဗဟိုပြုသော လုပ်ငန်း စဉ်များ ချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

 မြန်မာနိုင်ငံ၏အစိုးရအဆက် ဆက်တွင် နိုင်ငံ့ဝန်ထမ်းအချို့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအရ အရေးယူ ခြင်း၊ ထုတ်ပယ် 
ခြင်း၊ ရပ်နားခြင်းများရှိ သကဲ့သို့ အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ ဒုတိယဝန်ကြီးအချို့အား အငြိမ်းစားပေးခြင်း၊ ရပ်နားခြင်း၊ 
ဝန်ကြီးဌာနပြောင်းရွှေ့ခြင်း များ ရှိခဲ့ဖူးသည်။ ထူးခြားသည်မှာ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဒုတိယသမ္မတ(၁) အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ရုတ်တရက် နှုတ်ထွက်သွားခြင်းပင် ဖြစ်သည်။

အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟ သူရတင်အောင်မြင့်ဦးသည် အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းများ 
အကောင်အထည်ဖော်ရာတွင် အမာခံ(Hardliner) တစ်ဦးအဖြစ် နိုင်ငံရေးသုတေသီများက သုံးသပ်ခဲ့ကြသည်။ 
ဒုတိယသမ္မတ(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးနှင့် စီးပွားရေးပြု ပြင်ပြောင်းလဲမှုများတွင် တားဆီးဟန့်တား နိုင်သည့် အခွင့်အာဏာ မရှိသော်လည်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးသူ ဖြစ်သဖြင့်  
လုပ်ငန်းစဉ်များကို ရှုပ်ထွေး စေရန် လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု သုံး သပ်ပြောဆိုကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
အနေဖြင့်လည်း ဒုတိယသမ္မတ (၁) အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးအား အရေးကြီးသည့် တာဝန်များကို
 ပေးအပ်ထားသည်မှ ရုပ် သိမ်းခြင်းမပြုဘဲ ယင်းအား အတိုက်အခံ လုပ်မည့် ဝန်ကြီးများအား ကူညီခဲ့သည် ဟု နိုင်ငံရေးသုတေသီများက ယူဆခဲ့ကြ သည်။

ထိုနိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ(၁)တို့အကြား အကွဲအပြဲ ဇာတ် လမ်းများ ရှိနေခြင်းကြောင့် တစ်စုံတစ်ရာ ပြဿနာဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆခဲ့ ကြသော်လည်း တကယ်ဖြစ်လာသည်မှာ ဒုတိယသမ္မတ(၁) အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ကျန်းမာ ရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်စာ တင်၍ ထွက်ခဲ့သည်။ ယင်း၏ နုတ်ထွက် စာကို နိုင်ငံတော်သမ္မတထံသာမက လွှတ် တော်သို့ပါ တင်သွင်းခဲ့သည်။ အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး သည် နုတ်ထွက်
ခွင့်ကိုပင် မစောင့်ဆိုင်းဘဲ သာသနာ့ဘောင် ဝင်ရောက်ခဲ့ပြီး အစိုးရ အဖွဲ့နှင့် မဆက်သွယ်ဘဲ ဒုတိယသမ္မတ (၁) တာဝန်ကို အပြီးအပြတ် စွန့်လွှတ်ခဲ့ ခြင်းဖြစ်သည်ဟု အစိုးရနှင့် နီးစပ်သူများ က ပြောသည်။

ယင်းဖြစ်ရပ်ကို သုံးသပ်ကြည့်လျှင် အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ဒုတိယသမ္မတ (၁) တာဝန်ကို အာဏာအရ မက်မော လျှင် 'မလုပ်၊ မရှုပ်၊ မပြုတ်'ဆောင်ပုဒ်နှင့် အညီ အစိုးရသက်တမ်းတစ်ခု ကုန်ဆုံး သည်အထိ နေလိုက 
နေနိုင်သည်။ သို့ သော် အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ဒုတိယသမ္မတ (၁) တာဝန်များကို ထမ်းဆောင်လိုခြင်း မရှိသဖြင့် မည်သည့်ဖိအားမျှမပါဘဲ နုတ် ထွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒုတိယ သမ္မတ(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင် အောင်မြင့်ဦး၏ နုတ်ထွက်သည့် အဓိက ရည်ရွယ်ချက်ကိုမူ ယနေ့တိုင် ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် နိုင်ငံရေးသုတေသီများက ဒု တိယသမ္မတ(၁) သီဟသူရတင်အောင် မြင့်ဦး နုတ်ထွက်ခြင်းသည် သမ္မတဦးသိန်း စိန်
အတွက် နိုင်ငံရေးနှင့် စီးပွားရေး ပြု ပြင်ပြောင်းလဲမှုအတွက် ပိုမိုအဆင်ပြေ ချောမွေ့စေသည်ဟု ထင်မြင်ယူဆခဲ့ကြ သည်။

ယနေ့ အစိုးရသစ်လက်ထက် တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ် ဦး တာဝန်မှ ရပ်နားခံရပြီး ပြည်နယ်ဝန် ကြီးချုပ်တစ်ဦး တာဝန်မှ နုတ်ထွက်သကဲ့ သို့ အမြဲတမ်းအတွင်းဝန်တစ်ဦး တာဝန်မှ နုတ်ထွက်ခဲ့သည်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရသည့် နိုင်ငံ့ဝန်ထမ်းများလည်း ရှိခဲ့သည်။

 ပြည်ထောင်စု တရားလွှတ် တော်ချုပ်၏ ၂ဝ၁၆ ခုနှစ် အစီရင်ခံစာ အရ တရားရုံးအဆင့်ဆင့်ရှိ တရားရေး အရာရှိ၊ တရားသူကြီး ၇၅ဦး၊ ရုံးဝန်ထမ်း ၄၁ ဦး စုစုပေါင်း ၁၁၆ ဦး တို့ကို ဝန်ထမ်း ဆိုင်ရာ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့
သည်။

ယနေ့အစိုးရသစ် တက်လာပြီး နောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန် ထမ်းများကို ဖြုတ်ထုတ်သတ် မလုပ်ဟု ပြောဆိုခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းအချို့ မှာ တည်ဆဲဥပဒေများအရလည်းကောင်း၊ ဝန်ထမ်း စည်းမျဉ်း
စည်းကမ်းများအရ သော်လည်းကောင်း အရေးယူ ခံကြရ သည်။ နောင်တွင်လည်း နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး 
မဟာဗျူဟာ အရ တိကျစွာဆောင်ရွက်လျှင် အရေးယူ ခံရမည့် နိုင်ငံ့ဝန်ထမ်းများ ထပ်မံတိုးပွား လာဖွယ် ရှိသည်။


အထူးသဖြင့် 'မလုပ်၊ မရှုပ်၊ မပြုတ်' ဆိုသည့် ရှေးရိုးစွဲ ဆောင်ပုဒ်ကို ဆက်လက်စွဲကိုင်မည်ဟုဆိုလျှင် ဝန်ထမ်း အဖြစ်မှ အရေးယူခြင်းမခံရမီ မိမိအသိ စိတ်ဓာတ်ဖြင့် ထွက်စာတင်၍ ခွဲခွာခြင်း က နာမည်ကောင်းနှင့် ရလဒ်ကောင်း ကျန် ရှိနိုင်သည်မှာ သေချာသည်။ သို့တည်းမ ဟုတ် 'မလုပ်၊ မရှုပ်၊ မပြုတ်'အတွေးအခေါ် ဟောင်းများကို စွန့်လွှတ်၍ စိတ်သစ်၊ လူ သစ်၊ အတွေးအခေါ်သစ်များဖြင့် တစ်ဦး ချင်းစီ၏ ကိုယ်ပိုင် ပြုပြင်ပြောင်းလဲရေး အသွင်ဖော်ဆောင်ရန် အထူးလိုအပ်မည် ဖြစ်ပေသည်။  

Ref:http://www.yangonmedia.com/မလုပ်-မရှုပ်-မပြုတ်-လုပ်လို့-မထုတ်ရင်-ထွက်မယ်တဲ့လား-

No comments:

Post a Comment