Popular Posts

Saturday, 5 January 2013

မြန်မာနိုင်ငံ၏ ဥပဒေစနစ်

 
မြန်မာနိုင်ငံ၏ ဥပဒေ ရေးရာ စနစ် တွင် အဓိက အားဖြင့် အင်္ဂလိပ်ရိုး ရာဥပဒေနှင့်     မြန်မာ့ရိုးရာဓလေ့ထုံး  တမ်း ဥပဒေများကိုအသုံးပြုသည်။ ၁၈၈၅ ခုနှစ်တွင်အင်္ဂလိပ်တို့ ၏ကိုလို နီနယ်ချဲ့ ကျူးကျော်ကြောင့်  နိုင်ငံ၏အချုပ် ခြာအာဏာ ဆုံးရှုံးခဲ့ ရသည်။ ၁.၁.၁၈၈၆ ရက်နေတွင် ဗြိတိသျှအစိုးရမှ မြန်မာနိုင်ငံအား ၄င်းတို့ ၏ ကိုလိုနီနယ်အဖြစ် ကြေငြာ ခဲ့ ပြီး အင်္ဂလိပ်ရိုးရာ ဥပဒေများ ပြဋ္ဌာန်း ကျင့်သုံးခဲ့သည်။

ထိုအချိန်မှစ၍ကျွန်ုပ်တို့၏ နိုင်ငံတွင် ပြဋ္ဌာန်းဥပဒေများ အဖြစ် ကျင့်သုံးခဲ့သည်။ မြန်မာတို့ကလည်း ၎င်းတို့၏ ဓလေ့ထုံးတမ်းများကို မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအဖြစ် ပြဋ္ဌာန်းအသုံးပြုခဲ့သည်။ထို့နောက် ၄င်းဥပဒေ(၂)မျိုး စလုံးကို အဓိက ဥပဒေများ အဖြစ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖွံ့ဖြိုးတိုးတတ်အောင် ဆက်လက် ကျင့်သုံး ခဲ့ သည်မှာ ယနေ့  အထိပင်ဖြစ်သည်။ ထို့အပြင်နအဖအစိုးရမှာ လည်း ပြည်သူလူထုကို ဖိနှိပ် ချုပ်ခြယ်ကန့်သတ်ရန် အတွက် အက်ဥပဒေ အမြောက်အမြားပြဋ္ဌာန်း ခဲ့ ကြသည်။ ထို့နောက် နအဖ အစိုးရ၏ အာဘော်မှာ လည်းနိုင်ငံတော်သည်အချုပ်အခြာ အာဏာပိုင်ဖြစ်ပြီး၊အချုပ်အခြာ အာဏာမှာလည်း ပြည်သူ၏သဘော ဆန္ဒများအရ ဆင်းသက်လာ ခြင်း ဖြစ်သည်ဟု ပြောသော်လည်း၊၄င်းတို့က အာဏာအသီးသီးကို ထိန်းချုပ်သည့်အပြင် ပြည်သူလူထုအပေါ်လည်း ထိန်းချုပ် ကန့်သတ်မှုများစွာ ပြုလုပ်ခဲ့သည်။ ယေဘုယျအားဖြင့် ဥပဒေရေးရာ စနစ်သည်တခုစီ ခြားထား၍ အချုပ်ခြာအာဏာ သုံးရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေး အာဏာများကို ပြန်လည်ထိန်း ညှိရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ခုနှစ် ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ပုဒ်မ၁၁(က)တွင် အချုပ်ခြာအာဏာ (၃)ရပ်ကို သီးခြားစီခွဲခြားထားပြီး ပြန်လည်ထိန်း ညှိသွားရမည်ဟုကို ထားသော်လည်း ၄င်းတို့ခွဲခြားထားခြင်း မရှိသည့်အပြင် လာဘ်ပေး လာဘ်ယူပြုခြင်းဖြင့် ၀န်ထမ်းများ အပေါ်အကျင့်ပျက်မှုများ ချစားမှုဖြစ်စေခဲ့ သည်။
ပထမအနေဖြင့် ဥပဒေပြုရေး အာဏာသည် အဓိကအားဖြင့် ဥပဒေပြုလုပ်ခြင်းပင်ဖြစ်သည်။အကယ်၍ ဥပဒေပြုသည့် လွှတ်တော်(၂)ရပ်ရှိလျှင်အထက် လွှတ်တော် (သို့ )အောက်လွှတ်တော်မှဥပဒေကို ပြဋ္ဌာန်း ၍မဲ ခွဲ ဝေခြင်းနှင့် ဥပဒေကို ပြင်ဆင်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း များပြုလုပ်၍ အခြားလွှတ်တော်တစ်ခုထံသို့  ပေးပို့ ပြီး အထက်ပါအတိုင်း မဲခွဲခြင်း ဆွေးနွေးခြင်း ပြုလုပ်ကြသည်။ ထိုသို့ ပြုပြီး နောက်လွှတ်တော် နှစ်ရပ်မှာ ကွဲလွဲနေပါက ညှိနှိုင်း၍သဘောတူညီမှုရယူဆွေးနွေး ၍အတည်ပြုကြပြီး၊ နောက်ဆုံးတွင်သမ္မတထံသို့ တင်ပြ၍ အတည်ပြုလက်မှတ် ရေးထိုးကြသည်။ အကယ်၍ သမ္မတ မှ လက်မှတ် မ ထိုး ဘဲ ဗီဒိုအာဏာဖြင့်  ပယ်လျှင် လွှတ်တော်၌အများဆုံး မဲသုံး ပုံနှစ်ပုံ ရသည် နှင့် သမ္မတ၏ဗီဒိုအာဏာကိုပယ်၍ဥပဒေကို အတည်ပြုနိုင်သည်။ မြန်မာနိုင်ငံ၏ ဥပဒေပြုအဖွဲ့များတွင် တိုင်းရင်းသား လူမျိုး စုကို ကိုယ်စားပြု အဖွဲ့ နှင့်အခြားလူတန်းစားအလွှာအသီးသီး မပါဝင်ဘဲအချို့ တို့ မှာ တပ်မတော်မှ တိုက်ရိုက်ခန့်အပ်ခြင်းများပါဝင်သည်။လွှတ်တော်(၂)ရပ်ဖြစ်သော ဥပဒေပြုအဖွဲ့ ၊အမျိုးသား လွှတ်တော် တွင်ဥပဒေပြုနေရာ စုစုပေါင်း(၂၂၄)နေရာတွင်(၁၆၈)နေရာကို ရွေးကောက်တင်မြောက်၍၊ (၅၆)နေရာ မှာ တပ်မတော် မှတိုက်ရိုက်ခန့်အပ်ပြီး၎င်းတို့ ၏သက်တမ်း မှာ(၅)နှစ်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်၌ အမတ်နေရာ(၄၄၀)တွင်၊(၃၃၀)နေရာ မှာတိုက်ရိုက်ရွေးကောက်တင်မြောက်ပြီး (၁၁၀)နေရာမှာ တပ်မတော်မှ တိုက်ရိုက်ခန့် အပ်ပြီး ၊၄င်း တို့၏သက်တမ်းမှာလည်း (၅)နှစ်ပင်သည်။ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဥပဒေပြုအာဏာ ရှိသော်လည်း ၄င်းတို့ သည်ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ၊အသစ်ပြဋ္ဌာန်း ခြင်း နှင့်  ပယ် ဖျက်ခြင်း များ ပြုလုပ်ခြင်း မရှိပေ။ ထိုကြောင့်  ကျွန်ုပ်တို့ က (၅)မိနစ် လွှတ်တော် အဖြစ် သတ်မှတ် ခေါ်နိုင်သည်။
ဒုတိယ အနေဖြင့် အုပ်ချုပ်ရေး အာဏာဖြစ်ပြီး၊ ၄င်းတို့ သည်နေ့ စဉ် နိုင်ငံရေးနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုများကို သတ်မှတ်ထားသော ဥပဒေနှင့်ညီညွှတ်သည့်လုပ်ပိုင်ခွင့်ဘောင် အတွင်း၌သာ ဆောင်ရွက်ရမည်ဖြစ်သည်။ အုပ်ချုပ်ရေး အဖွဲ့  နှင့်  ၄င်းတို့ ၏ကိုယ်စားလှယ် များသည် ဒီမိုကရေစီ နှင့်တရားဥပဒေစိုးမိုးရေးကို အဓိက အကောင်အထည်ဖော်သည့် အဖွဲ့အစည်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏လက်ရှိသမ္မတမှာ ဦးသိန်းစိန်ဖြစ်၍ ဒုတိယသမ္မတများ ဖြစ်သော ဦးစိုင်းမောက်ခမ်း နှင့်  ဦးတင်အောင်မြင့် ဦး တို့ဖြစ်ပြီး၊၎င်းတို့ (၂)ဦး ၏သတ်တမ်း မှာလည်း (၅) နှစ်ပင်ဖြစ် သည်။ ၄င်း အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် တို့မှာ ဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်သည့် ပြည်သူတို့၏ တူညီသောသဘောဆန္ဒများနှင့်အတူ ရွေးချယ်တင်မြောက်၍ ဆင်းသက်လာသောအစိုးရအဖွဲ့ မဟုတ်ဘဲ တပ်မတော်မှ အရပ်ဝတ်လဲ၍သာ အုပ် ချုပ် ရေး အဖွဲ့  ကို ဦးဆောင်ခြင်း ဖြစ်သည်။ အဘယ် ကြောင့်  ဆိုသော် ၄င်းတို့ သည် နအဖ၏ စစ်အာဏာရှင်စနစ် မျိုး ဆက်ပြတ်သွားမည်ကိုစိုးရိမ်ခြင်းကြောင့် လည်းကောင်း၊ အာဏာအား အရပ်သား အစိုးရ အဖြစ်ပြည်သူ ထံသို့ လွှဲ ပြောင်း ပေး ရမည်ကိုမလိုလားသောကြောင့်ပင်ဖြစ်သည်။ အခြားတနည်း အားဖြင့် နအဖအစိုးရသည် နိုင် ငံသား၏ အခြေခံအခွင့်အရေးများနှင့် စပ်လျဉ်း၍ ပြည်တွင်းစစ်များ ဖန်တီးခြင်း၊ လူသားမဆန်သည့် ရက်စက်မှူများ စစ်ပွဲအတွင်း ဥပဒေနှင့် ဆန့်ကျင်သောစသည့် အမှုများ၊ လူနည်းစု အခွင့်ရေးများကို မငဲ့ကွက်ဘဲ အမြစ်ဖြုတ်ချေမှုန်းခြင်းများ၊ လွတ်လပ်စွာဖော် ထုတ်ပြောဆိုခွင့် ၊စု ရုံး ခွင့်များ စသည်တို့ ကိုအာဏာ အလွှဲသုံးစားလုပ်၍ ဖောက်ဖျက်ကျုးလွန် ခြင်းများပြုလုပ်ခဲ့သည်။ အချုပ်အားဖြင့်၎င်းတို့ သည် လူ့အခွင့် အရေးကိုလေးစားရန် နိုင်ငံသားများ အားစောင့်ရှောက်ဖြည့်တင်းပေးရမည့် တာဝန်များကိုပျက်ကွက်ခဲ့သည့်အပြင် ၄င်းတို့သည် အကျင့် ပျက်မှုများ၊ ချစားလာဘ်စားခမှုများကို သာများစွာဖြစ်ပေါ်စေခဲ့သည်။ ထိုကြောင့်ကျွန်ပ်တို့ နိုင်ငံသားများအနေဖြင့်  ပြည် သူလူထုတို့  ပူးပေါင်းပါဝင်၍၊ တူညီသောသဘော ဆန္ဒများ နှင့် အညီဆင်းသက်လာသော အရပ်သား အစိုးရအဖွဲ့ များ ဖြစ်လာစေရန် ကြိုးပမ်း ရမည်ဖြစ်သည်။
တတိယအချက်အနေဖြင့် တရားစီရင်ရေးအာဏာသည် တရားမျှတမှုရှိစေရန်စီမံခန့် ခွဲ ခြင်း၊ ဥပဒေပြုဋ္ဌာနမှပြုလုပ်သော ဥပဒေများကိုအဓိပ္ပါယ် ဖွင့် ဆိုခြင်းနှင့် အငြင်း ပွား မှုများကိုကူညီ ဖြေရှင်း ပေးရန် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်သော တရားစီရင်မှုဖြစ်စေရန် အလွန်အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရေးအဖွဲ့သည် အစိုးရ နှင့် ပြည်သူလူထုအကြား အခက်ခဲပြဿနာများကိုကြားဝင် ဖြေရှင်းပေးရန် နှင့်  တရားမျှတမှုများ ကိုဖော်ထုတ်ရန် ပင်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးသဘောတရား များအရ လွတ်လပ်သော တရားစီရင်ရေး စနစ် မရှိလျှင် လူ့အခွင့်အရေးကို အခြေခံသော ဒီမိုကရေစီစနစ် နှင့် တရား ဥပဒေစိုးမိုးရေးသည် လည်း ရှိမည် မဟုတ် ချေ။
မြန်မာနိုင်ငံတော်တွင် တရားရုံးများ ဖွဲ့စည်းပုံမှာ ပြည်ထောင်စုလွှတ်တော်ချုပ် တရားရုံး ၏ပြည်ထောင်စု လွှတ်တော်ချုပ်တရားသူကြီးမှာ ဦးထွန်းထွန်းဦးဖြစ်ပြီး၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်တရားရုံးများတွင် တရားသူကြီး များမှာ (၂)ဦးမှ (၆)ဦး အထိ လည်းကောင်း၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရား ရုံးများ၊ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ခရိုင်တရားရုံးများ အဖြစ် လည်းကောင်း၊ ခရိုင်တရားရုံးများ၊မြို့ နယ်တရားရုံးများအဖြစ်လည်းကောင်း၊ဥပဒေအရ တည်ဆောက်ထားသော တရားရုံးများ၊ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင်၊့ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးများအဖြစ် ဖွဲ့စည်းထားပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဉက္ကဋ္ဌမှာ ဦးသိန်းစိုး နှင့် အဖွဲ့ဝင် ဦးရေ (၈)ဦးပါဝင်သည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၁၉)(က)၊(ခ) ၊(ဂ)တို့တွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ ဥပဒေအရကန့်  သတ်ချက်များမှအပ ပြည်သူ့ရှေ့ မှောက်တွင် တရား စီရင်ရေးနှင့်  အမှူများတွင်ခုခံ ချေပခွင့်  နှင့်  အယူခံပိုင်ခွင့် ရှိရေး စသည် တို့ ကိုပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် တရားရုံး များသည်တရားမျှ တစွာ စီရင်ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ၊ အစိုးရ အဖွဲ့အစည်းများမှ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားလေသည်။ ထိုကြောင့် မြန်မာနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေး စနစ် မရှိကြောင်း တွေ့ မြင်နိုင်သည်။
အထူးသဖြင့် ကျွန်ပ် တို့ သည် ယခုလက်ရှိ မြန်မာနိုင်ငံ၌ဥပဒေရေးရာစနစ်ကိုသုံးသပ်ရာ တွင် အဆိုးဘက်သို့ ဦးတည်၍် ဆိုး ရွား စွာပျက်စီးလျှက်ရှိနေသည်ကို တွေ့ နိုင်သည်။ ထို့နောက် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေက မည်သို့ ပင် ဆိုစေကာမူ နိုင်ငံသား များ ၏အခြေခံ အခွင့်အရေး များ ဆုံးရှုံးလျှက်ရှိနေမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ၄င်း ဖွဲ့ စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားသော အခွင့်အရေးများနှင့်ပတ်သက်သည့် အခန်းကဏ္ဍတွင်ပြဋ္ဌာန်းဥပဒေများ နှင့်မဆန့် ကျင်လျှင်ခံစားခွင့်ရှိကြောင်းကိုသာ အလေးပေး ရေးသားထားသည်ကို သတိပြုရမည်ဖြစ် သည်။ ထိုကြောင့်  ကျွန်ုပ် တို့ မြန်မာနိုင်ငံတော်တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံး ဥပဒေ မဟုတ်ဘဲ ပြဋ္ဌာန်း ဥပဒေသာ အမြင့်ဆုံး ဖြစ်နေသည့် သဘောကို သက်ရောက်စေသည်။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့် စပ်လျဉ်း၍ လည်း နိုင်ငံသားများအတွက် အခြေခံအခွင့် အရေး များ ကိုအာမခံ မှု မရှိ သလောက် နည်းပြီး၊ ယခုလက်ရှိ ကြံခိုင်ဖွံ့ဖြို့းရေးပါတီအစိုးရကိုသာ ကာကွယ်၍ ၄င်း တို့ အတွက် လက်နက်တစ်ခု အဖြစ်သုံး စွဲခြင်းပ် ဖြစ်သည်။ထိုကြောင့်  ၂၀၀၈ ဖွဲ့ စည်း ပုံ အခြေခံဥပဒေသည် ၄င်းတို့ စိတ်တိုင်းကျရေးဆွဲ၍ ၄င်းတို့ အာဏာတည်မြဲစေရေး ကာကွယ် ၍ နိုင်ငံသားများ၏ အခွင့်အရေးကို ပိတ်ပင်တားဆီးခြင်း၊ ကန့်သတ်ခြင်းများကို သာ အဓိကတွေ့မြင် နိုင်သည်။ ၎င်းနောက် အစိုးရသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုလုပ်၍ တရားစီရင်ရေးစနစ်ကိုလည်း ထိန်းချုပ်လျှက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားရေးလှုပ်ရှားမှု အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကြိုးစားသွားရမည်ဖြစ်သည်။

Ref:ruleoflawinmyanma(peacelawburmese.wordpress)
 
Most of the sub-sections below are divided into "texts" i.e. the actual statute, decree, legislation, treaty etc. and "commentary" i.e. analysis, discussion etc. on the area of law in question. http://www.burmalibrary.org/show.php?cat=404
 
Beginner guide for Burma
 
 

No comments:

Post a Comment