နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ အတည်ပြု
ခုတခါအတည်ပြုလိုက်တဲ့ဥပဒေက နိုင်ငံခြားရင်းနှီးမြုပ်နှံလိုသူတွေကို ပိုပြီးဆွဲဆောင်နိုင်မယ့်ဥပဒေဖြစ် ကြောင်း လည်း သိရပါတယ်။
ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေကို သမ္မတဦးသိန်းစိန်အနေနဲ့ အတည် ပြုလက်မှတ်ထိုးဖို့လည်း မျော်လင့် နေကြပါတယ်။
သမ္မတရုံးအရာရှိ ဦးဇော်ဌေးကတော့ ဒီဥပဒေဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံ လိုသူတွေအတွက် ပိုပြီး ပြုပြင်လွယ်တဲ့ အနေအထားမှာ ရှိဖို့ မျော်လင့်တယ်လို့ ပြောပါတယ်။
အရင်ဥပဒေက ရင်းနှီးမြုပ်နှံလိုသူတွေအတွက် ကန့်သတ်ချက်တွေ များလွန်းတဲ့အတွက် ကျွမ်းကျင်သူတွေကတောင် ဒါဟာ ရင်းနှီးမြုပ်နှံမှုဥပဒေမဟုတ်ဘူးလို့တောင် ပြောနေကြတယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်က အချက် ၁၁ ချက်ကို ပြန်လည်ပြင်ဆင်သုံးသပ်ဖို့ တိုက်တွန်းထားပြီး အဲဒီထဲက ၁၀ ချက်ကို ပြင်ဆင်တာဖြစ်တယ်လို့ သိရပါတယ်။ ပြင်ဆင်ဖို့ ငြင်းဆန်တဲ့အချက်ကတော့ နိုင်ငံခြားသားဝန်ထမ်းတွေနဲ့ မြန်မာဝန်ထမ်းတွေကြားမှာ အလုပ်ရာထူးတူရင် လစာတူပြီး တူညီတဲ့ခံစားခွင့်ရှိရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ဥပဒေကို ပြင်ဆင်ဖို့ သဘောတူတဲ့အချက်တွေထဲမှာတော့ အရင်တုန်းက နိုင်ငံခြားသားအနေနဲ့ စီးပွားရေးရဲ့ ၅၀% နှုန်းသာပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို သမ္မတက ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းပြီးနောက် ခုအခါမှာ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသားဖက်စပ်လုပ်ကိုင်သူတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ကြောင်း ပြောင်းလဲ ပါရှိပါတယ်။ မြန်မာ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ
No comments:
Post a Comment