Popular Posts

Friday 18 January 2013

မြန်မာ့လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းကျော် သွေးတိုးရှိနေ

 
ရန်ကုန်၊ ဇန်နဝါရီ ၁၂
မြန်မာ့လူဦးရေ စုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းကျော်မှာ သွေးတိုးရောဂါ ဖြစ်ပွားနေကြောင်း ဆေးသုတေ သနဦးစီးဌာနမှ ဌာနခွဲမှူးဒေါက်တာကို ကိုဇော်က ပြောသည်။
တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅ဝ ၌ ကောက်ယူခဲ့သော သုတေ သနစစ်တမ်းများအရ အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြားရှိ လူ ၁ဝ ဦး တွင် သွေးတိုးရောဂါ ဖြစ်ပွားနေသူ သုံးဦးရှိသည်ဟု ဆိုသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ သွေးတိုးရောဂါ ဖြစ်ပွားနေသူ များအနက် အမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် ၂ ရာခိုင် နှုန်းကျော် မြင့်မားကြောင်း၊ ထိုသို့ ဖြစ်ပွား ရခြင်းမှာ နေ့စဉ်စားသောက်နေသော အစားအစာများအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော အသင့်စားအစားအစာများ၊ ပိုမိုစားသုံးလာခြင်း၊ အငန်နှင့် ဆားဓာတ် ပါဝင်သော အစားအစာများကို လွန်ကဲစွာစားသုံးခြင်း၊ အရက်ဘီယာ နှင့် ဆေးလိပ်သောက်သုံးမှု မြင့်မားလာခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းစသော မမှန်ကန်သည့်နေထိုင်စားသောက်မှု ပုံစံများ ကြောင့်ဖြစ်သည်ဟု ဒေါက်တာ ကိုကိုဇော်က ပြောသည်။
ထိုရောဂါသည် သေဆုံးမှု မြင့် မားလာပြီး မကူးစက်စေတတ်သည့် ရောဂါများဖြစ်သည့်ကင်ဆာ၊ နှလုံး ရောဂါတို့၏နောက်တွင် ရှိသော် လည်း ထိုရောဂါနှင့်ဆက်စပ်၍ ဦး နှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးသူ ဦးရေမှာ ပိုမိုမြင့်မားလျက်ရှိသည် ဟု ဆိုသည်။
ယခင်ကအသက် ၄ဝ အထက်သာ သွေးတိုးရောဂါ ဖြစ်ပွားခဲ့သော်လည်း ၂ဝဝဝ ခုနှစ်နောက်ပိုင်း၌ အရက်နှင့် ဆေးလိပ်သောက်နှုန်း မြင့်လာသည့်အတွက် လူငယ်များ တွင်ပါ သွေးတိုးရောဂါ အဖြစ်များ လာသည်ကို တွေ့ရကြောင်း ၄င်း က ဆက်ပြောသည်။
တစ်နိုင်ငံလုံးတွင် အသက် ၁၅ နှစ်နှင့် ၄၆ နှစ်ကြား အရက် သောက်မှုနှုန်းမှာ ၂ဝဝ၃ ခုနှစ်ထက် စာလျှင် ယခုနှစ်၌ ၁ဝ ရာခိုင်နှုန်းကျော်မြင့်တက်လာပြီး အမျိုးသားမှာ ၃၃ ရာခိုင်နှုန်းနှင့် အမျိုးသမီးမှာ ၁ဝ ရာခိုင်နှုန်းရှိကြောင်း ၄င်းထဲမှ အမျိုးသား ၂၅ ရာခိုင်နှုန်းနှင့်အမျိုး သမီး ၂ ဒသမ ၉ ရာခိုင်နှုန်းမှာ တစ်ရက်လျှင် အရက်ကိုငါးကြိမ်အ ထက် သောက်သုံးနေ၍ ရောဂါဖြစ် ပွားမှုတက်လာကြောင်း ၄င်းကရှင်း ပြသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ သွေးတိုးရောဂါဖြစ်ပွားမှုနှုန်းမှာ ယခင်က ထက်မြင့်မားလာသော်လည်း ထို ရောဂါအား လက်ရှိ၌ ထိန်းချုပ်နိုင် သည့် အနေအထားတွင် မရှိသေး ကြောင်း သွေးတိုးရောဂါ အပါအဝင် မကူးစက်စေတတ်သော ရောဂါများ ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူလူထု နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲရန် အတွက် အသိပညာပေးမှုများစွာ ပြုလုပ်ရန် လိုအပ်နေသည့်အပြင် နိုင်ငံတော်အပိုင်းမှလည်း စားသောက်ကုန်များနှင့် ပတ်သက်၍ စည်းမျဉ်းများဖြင့် ထိန်းချုပ်ရန် လိုအပ်ကြောင်း ဒေါက် တာကိုကိုဇော်ကထပ်မံပြောသည်။
Ref:populamyanamrnews

No comments:

Post a Comment