Popular Posts

Tuesday, 3 January 2012

Danger of Prawn Plus Vitamin C

ဗီတာမင်စီ နဲ့ ပင်လယ်အစားအစာ

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။
. . . . . . . . . . . . . . .


   ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ သူငယ်ချင်းအပေါင်းအသင်း မိဘဆွေမျိုး တွေနဲ့အတူ အနောက်တိုင်းစားသောက်ဆိုင် တွေရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ဂဏန်း၊ငါး အဲဒါတွေ အကုန်ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့  အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင်၊
ဝိုင်မသောက်တတ်တဲ့သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice လို ဖျော်ရည်မျိုးကို တွဲဖက်ပြီးစားသုံး ခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ တရုတ် မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ ဘူဖေးကျွေးတဲ့ အခါ ပုဇွန်တစ်ပန်းကန်နဲ့ အတူ Orange Juice တစ်မျိုးကတော့ ပါဝင်မှာ သေချာပါတယ်။    
    ဒီလိုတွဲဘက် စားသုံးမှုမျိုးဟာ ဘာမှ မထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှုလေးလို့  ကျွန်တော်တို့ ထင်ခဲ့ကြ ပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့ အခွံပါးလေးတွေ ပါတဲ့ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်ထဲမှာ တွဲဘက်စားသုံးတဲ့ အခါ အခန့် မသင့်ရင် အသက် အန္တရာယ် ကိုပါ စိုးရိမ်ရ ကြောင်း ကျွန်တော်တို့  အခုသိခဲ့ရ ပါပြီ ။ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic အဆိပ်သင့်လို့ သေဆုံးရ ကြောင်း အဖြေထွက် လာပါတယ်။
        အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။ရဲတွေဟာ သေမှု သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှုတွေ လုပ်ပါတော့တယ်။ ဆေးတက္ကသိုလ်တစ်ခု ရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။ပါမောက္ခကြီးဟာ နာရီဝက်ခန့်  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို သေသေချာချာစစ်ဆေးပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ ပါတယ်။ ” သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာ လည်း မဟုတ်ပါဘူး၊ သတိလတ်လွတ်ဖြစ်မှုကြောင့် မတော်တဆသေဆုံးခဲ့ရတာပါ။” လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။
     “ဘာကြောင့် မတော်တဆသေဆုံးရတာ လဲ “ဆိုပြီး လူတွေဟာ အံ့ သြကုန်ကြပါတယ်။“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ်။ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာမရှိပါဘူး။ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်။ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာ ပုဇွန် စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်း မှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကိုသောက်ခဲ့ပါတယ်။ အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။
         အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့Ø သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လေ့လာ တွေ့ ရှိခဲ့ကြပါတယ်။ အဲဒီလတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ခန္ဓာကိုယ် ကိုဘေးမဖြစ်စေပါဘူး ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့ ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as arsenic oxide, the chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်းသုံးမျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အဖြစ်ပြောင်းလဲသွား ပါတယ်။                   
          အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာာ အရေးအပါဆုံးအစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့ အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။
         
          ဒါကြောင့် ပုဇွန် ၊ အခွံပါတဲ့ ရေသတ္တ၀ါတွေကို ဗီတာမင်စီ ပါတဲ့ အစားအစာများ (ဥပမာလိမ္မော်သီး၊သံပုရာသီး၊ဇီးဖြူသီးစသည်)၊ဗီတာမင်စီဆေးပြားများ(ဥပမာ စီဗစ်)တို့ နဲ့ ပူးတွဲ မစားကြ ဖို့သတိပေးထားပါတယ်။ဒီအစားအစာတွေကို မကြိုက်လို့ မစားပေမယ့် အခုအချိန်မှာတုပ်ကွေးအအေးမိတာကို ကာကွယ်တဲ့ အနေနဲ့
စီဗစ်သောက်နေကျလူများလဲအထူးသတိထားကြရန်လိုပါတယ်။
 နီးစပ်ရာလူတွေကို လက်ဆင့်ကမ်းပြောပေးကြပါဦး။
ကိုထွန်းနေအောင် ပေးပို့သော C2Y e_mail ကို ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်။

Ref:http://shwenyein.blogspot.com

No comments:

Post a Comment