Popular Posts

Tuesday 3 January 2012

ဈေးကစားမှုကြောင့် စက်မှုဇုန်မြေကွက် ဈေးအဆမတန်တက်

Posted by in ဆောင်းပါးများ
   အမှန်တကယ် ရင်းနှီးမြှုပ်နှံ မှုမဟုတ်သူများ၏ ဈေးကစားမှုများကြောင့် စက်မှုဇုန်မြေကွက် များနှင့် နိုင်ငံတော်၏ အနာဂတ်စီမံကိန်းများရှိ မြေနေရာ၊ အဆောက်အအုံတို့ မှာ အဆမတန် မြင့် တက်မှုများ ဖြစ်ပွားနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်အများစုက ဆိုသည်။ရန်ကုန်မြို့ရှိ နာမည်ကြီး အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင်တစ်ဦးက ”မီဒီ ယာကလည်း ကြိုတင်ပြီး ဖော်ပြပေး နေမှုကလည်း အဓိကပါနေတယ်။ဒါ့အပြင်ဈေးကစားလိုပြီး ရင်းနှီးမြှုပ်နှံ ကြတဲ့သူတွေကပါပါနေတဲ့အတွက်မြေ နေရာဈေးတွေ အပါအဝင်အဆောက် အအုံဈေးတွေက အဲဒီလို မြင့်တက် သွားတာပဲ”ဟု ပြောသည်။ယခင်က စိတ်ဝင်တစား မေး မြန်းမှုမရှိခဲ့သည့် မြေနေရာများမှာ ယခုအခါတွင် ကြောက်ခမန်းလိလိ ဈေးရှိနေပြီး အမှန်တကယ်ရင်းနှီးမြှုပ် နှံကြသူတို့ အခက်တွေ့သွားစေမှု များလည်း လက်ရှိ အိမ်၊ခြံ၊မြေဈေး ကွက်၌အမှန်တကယ်ရှိနေကြသည်။
     အထည်အလိပ်ထားရှိဖို့အတွက် ဂိုဒေါင်ဆောက်လုပ်ရန် မြေနေရာ ရှာဖွေနေသူတစ်ဦးက ”အရင်က အဲဒီမြေနေရာဆို ဘယ်ဈေးမှ မရှိ ဘူး။ အခုမေးကြည့်လိုက်တော့ တစ် ဧကကို ကျပ်သိန်း ၂၅ဝဝ ခေါ်နေ တယ်။ ကိုယ်က လွန်ရော၊ ကျွံရော ဈေးပေးနိုင်မှ ကျပ်သိန်း ၁၅ဝဝ ဝန်း ကျင်ဆိုတော့ဘယ်လိုမှမလှမ်းနိုင်ဘူး။ ဒါ့ကြောင့်ဝယ်မယ့် အစီအစဉ်ကို ခဏရပ်ထားနေရတယ်” ဟု ရန် ကုန်မြို့စက်မှုဇုန်တစ်ခု၏ မြေဈေး အနေအထားကို ပြောသည်။ယခင်က ဝယ်သူပင်မရှိခဲ့၍ အတင်းခေါ်ကာ ရောင်းချနေ ကြရ သည့် စက်မှုဇုန်မြေ ဈေးကွက်မှာ မီဒီယာများကြောင့် လှုပ်ခတ်သွားပုံ ကို အိမ်၊ခြံ၊ မြေ လုပ်ငန်းလုပ်ကိုင် နေသူက ထပ်မံ၍ ”အမှန်ဆိုဒီ လောက်အထိ အရင်က မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ရေးသားဖော်ပြမှုတွေမှာက ရေရှည်မှာ အကျိုးစီးပွားဖြစ်ထွန်း စေနိုင်မယ့် အချက်အလက်တွေပါ တော့ အကုန်စိတ်ဝင်စားကုန်ကြ တာပေါ့။ ဒါ့ကြောင့် လက်ဝယ်ရှိ သူကလည်းထုတ်မရောင်းဘဲ တက် နိုးတက်နိုးနဲ့ စောင့်တယ်။ ဝယ်တဲ့ သူကလည်း ဒီအတိုင်းပဲ ခေါ်သမျှ ဈေးကိုလိုက်ပြီး ဝယ်ယူမှုအချို့တွေ ကရှိနေတော့ခက်ကုန်တော့တာပဲ” ဟု ပြောသည်။ ထိုကဲ့သို့ ဈေးအဆမတန် မြင့် တက်သွားမှုရှိနေသော်လည်းပဲအများ စုမှာခေါ်ဈေးသာရှိနေပြီးအမှန်တကယ် အရောင်းအဝယ်ဖြစ်မှုမှာ နည်းပါး နေသေးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှသိရသည်။ ”ခေါ်ဈေးတွေပဲရှိတာပါ။ ရောင်း မယ်၊ ဝယ်မယ်ဆိုပြီး လုပ်နေကြပေ မယ့် အမှန်တကယ် စုံစမ်းကြည့်ရင် တေ့တေ့ဆိုင်ဆိုင် မဖြစ်မှုကများနေ ပါတယ်။ ဒါပေမဲ့လည်း ဝယ်သူ၊ ရောင်းသူအနည်းစုက ရှိနေတော့ ပွဲစားဆိုတာကလှုပ်ရှားနေရ တာပဲ။ ငွေပမာဏ အမောင့်ကများတော့ ပွဲဖြစ်ရင် အဆင်ပြေမှာ မို့လို့ပါ”ဟု အိမ်၊ခြံ၊မြေပွဲစားတစ်ဦးကပြောသည်။     
     လတ်တလော လှုပ်ရှားမှု အများဆုံးဖြစ်နေခဲ့ သည့် နေရာမှာ ရန်ကုန်မြို့ရှိ သီလဝါစက်မှုဇုန် မြေ နေရာဖြစ်နေပြီး ယခင်က မြေတစ်ဧက လျှင် ကျပ်သိန်း ၈ဝဝ ရှိနေ သည့် မြေနေရာများမှာ ကျပ်သိန်း ၁၅ဝဝ မှ ၂ဝဝဝ အထိ ဖြစ်ကုန် ကြောင်းနှင့်ကျန်သော ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ရွှေ ပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ တို့ရှိ စက်မှုဇုန်မြေနေရာ များမှာ ယခင်ထက်အနည်းငယ်သာ မြင့်တက်သွားပြီး အဆမတန်ဖြစ် သွားမှုများ မရှိခဲ့ကြောင်းသိရသည်။ အသက် ၅၅ နှစ်ကျော်အရွယ် လမ်းမတော်မြို့နယ်တွင် ငှားရမ်းနေ ထိုင်သူအမျိုးသမီးတစ်ဦးက ”လိုက် ရင်း၊ လိုက်ရင်းနဲ့ ဈေးက မြောက် မြောက်သွားတော့ ဘယ်လိုမှ မဖြစ် နိုင်တော့ဘူး။ တဖြည်းဖြည်းနဲ့ မြို့ပြင် ထွက်ရတော့မယ်နဲ့ တူတယ်” ဟု ညီးတွားဆိုသည်။စီးပွားရေးလုပ်ငန်းတစ်ရပ် တစ် ခုအနေဖြင့် သဘောထားကာ ဝိသမ လောဘသားတို့ အလုံးအရင်းဖြင့် ဈေးကစားမှုများသာ ပြုလုပ်နေပါ လျှင် လက်ရှိနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာလူတစ်စုသာဝယ်ယူနိုင် တော့မည့် အနေအထားမျိုးရောက် သွားနိုင်ကြောင်းဖြစ်ပေါ်နေသည့်အခြေ အနေပေါ်မူတည် သုံးသပ်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်အချို့က ရှိနေ ကြသည်။

No comments:

Post a Comment