Popular Posts

Wednesday 4 January 2012

အောင်ပန်း မြေဈေး ကျပ်သိန်းသောင်းချီရှိ ၊ တောင်ကြီး ၊ ပုဂံ ၊ ချောင်းသာ မြေဈေး အရောင်း အဝယ် အေး

အောင်ပန်း မြေဈေး ကျပ်သိန်းသောင်းချီရှိ ၊ တောင်ကြီး ၊ ပုဂံ ၊ ချောင်းသာ မြေဈေး အရောင်း အဝယ် အေးစီးပွားရေးမြို့တော် တစ်ခုဖြစ် သော အောင်ပန်းမြို့ ၏မြေဈေးမှာ ကျပ်သိန်း ထောင်ဂဏန်းမှ သောင်း ဂဏန်း ထိဈေးရှိ နေကြောင်း အောင် ပန်း အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာကြည်လွင်က မြန်မာပို့စ် သို့ ပြောကြား သည်။
“အခုဒီဒေသမှာ လုပ်ငန်းရှင် ကြီးတွေ၊ လူကြီးပိုင်း တွေအများဆုံး စိတ်ဝင်စားကြတယ်။ မြေဈေးက တော့ လမ်းမ ဘက်ပိုင်းဆိုရင် ကျပ် သိန်းထောင် ဂဏန်းကနေ သောင်း ဂဏန်းထိ ဈေးရှိတယ်။ ပေ ၃၀ x ပေ ၈၀ ဆိုရင် ကျပ်သိန်း ၁,၆၅၀ ရှိတယ်။ လမ်းမဘေးတွေ ဆိုရင် ကျပ်သိန်း သောင်းချီ ရှိတယ်”ဟု ၎င်းကပြော ကြားသည်။
ယခုလက်ရှိ တွင် အောင်ပန်း၌ ဘဏ်များထပ်ဖွင့်ရန် မြေနေရာများ ၀ယ်ယူထားပြီးဖြစ်ကြောင်း၊ ၂၀၁၂ နှစ်လယ်ပိုင်း တွင်ဖွင့်လှစ်နိုင်ရန် လည်း စီစဉ်နေ ကြောင်းဒေသခံ ဟိုတယ်လုပ် ငန်းရှင်တစ်ဦးက ပြောကြား သည်။
ပုဂံဒေသ ရှိ မြေဈေး များမှာ လည်း အရောင်း အ၀ယ်အေးနေပြီး လက်ရှိ၌ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၁၀၀ ၀န်းကျင် မြေကွက်များသာ ၀ယ်ယူမှု အနေအထား ရှိနေကြောင်း ပုဂံအခြေစိုက် လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။
“ကြိုကြားကြိုကြား ၀ယ်ယူတာ ပဲရှိတယ်။ အကြီးအကျယ် ၀ယ်တာ မရှိသေးဘူး။ ၂၀၁၂ မှာဆိုရင် ပုဂံ ဒေသမြေဈေးက တက်လာမယ့် အ နေအထား ရှိတယ်”ဟု ခရီးသွားလုပ် ငန်းရှင် တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ down town ဧရိ ယာတွင်သာမက တစ်နိုင်ငံလုံးရှိမြေ ဈေးအနေ အထားများမှာ ဒေသအ လိုက် ဈေးကွက် ရှိနေပြီး အထူးသဖြင့် စီမံကိန်း များလုပ်ဆောင်မည့် ဒေသ များတွင် အရောင်း အ၀ယ်ဖြစ်ပေါ် နေကြောင်း စုံစမ်း သိရှိရသည်။
တောင်ကြီးမြို့ တွင်လည်းကြိုက် ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အ ရောင်း အ၀ယ်ဖြစ်နေ ကြောင်း ဒေသ ခံများထံမှ သိရ သည်။
“အ၀ယ် မရှိဘူး၊ ကြိုက်ရောင်း ကြိုက်ဝယ် ပဲလုပ်နေကြတယ်။ ကိုယ် ကြိုက် တဲ့ဈေးကိုခေါ်၊ ၀ယ်ချင်တဲ့သူ ကလည်း ကြိုက်ရင် ၀ယ်တယ်”ဟု ဒေသခံ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ချောင်းသာ ကမ်းခြေဘက်တွင် မြေတစ်ဧက လျှင် ကျပ်သိန်း ၅၀၀ ထိပေါက်ဈေး ရှိကြောင်း ဒေသခံ တစ်ဦးက မြန်မာပို့စ် ဂျာနယ်သို့ပြော ကြားသည်။
“ရွှေသောင်ယံ ဘက်ခြမ်းမှာဆို ရင် တစ်ဧကကျပ်သိန်း ၄၀၀ လောက် ရှိတယ်။ မြေဈေး ကတော့ကောင်း တယ်။ အရောင်း အ၀ယ်ကတော့ ဒီ နှစ်ပါးတယ်။ ပြီးခဲ့တဲ့ နှစ်က အ ရောင်း အ၀ယ်ဖြစ်ခဲ့တယ်”ဟုဒေသခံ ကိုတင်မင်းလွင် က ပြောကြားသည်။
ယခုလက်ရှိ အနေအထားတွင် ဒေသခံ များနှင့်ဝယ်ယူလို သူများသာ အချင်းချင်း ရောင်းဝယ်မှုများသာရှိ ပြီး နီးစပ်ရာများနှင့် အရောင်းအ ၀ယ်ဖြစ်နေကြောင်း သိရသည်။
“ဟိုတယ်မျက်နှာစာ မှာရှိတဲ့ မြေကွက် တွေဆိုရင် သိန်းထောင် ချီ ရှိတယ်”ဟု ချောင်းသာ အခြေစိုက် ရွှေပုသိမ် ခရီးသွား ကုမ္ပဏီမှတာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။
မော်ကျွန်းသူ-themyanamrpost

No comments:

Post a Comment