Popular Posts

Sunday 15 January 2012

စင်္ကာပူနိုင်ငံသား တစ်ထောင် ကျော် နှစ်စဉ် နိုင်ငံ ကို စွန့်

by FNG on January 13, 2012
ICA_suspends_walk_in_passport_applications_for_a_week-topImage

DK ၊         ၊(၂၀၀၀) ခုနှစ်မှ (၂၀၁၀) ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်စင်္ကာပူနိုင်ငံသားပေါင်း တထောင်ခန့်သည် စင်္ကာပူနိုင်ငံသားအဖြစ်အား စွန့်လွှတ်နေခဲ့ကြသည်။
           နိုင်ငံသားအဖြစ်အား စွန်လွှတ်သွားခဲ့ကြသော စင်္ကာပူနိုင်ငံသားအရေအတွက်အား စင်္ကာပူလုပ်သားပါတီမှ လွှတ်တော်အမတ်တဦးဖြစ်သူ ပရီတမ်ဆင်း၏ မေးခွန်းအား စင်္ကာပူဒု-ဝန်ကြီးချုပ် တီယိုချီဟိန်မှ လွှတ်တော်၌ စာဖြင့်ပြန်လည်ဖြေဆိုမှု၌ ယင်းကိစ္စအား ဆိုထားခဲ့ခြင်းဖြစ်သည်။
                နိုင်ငံကူးပြောင်းသွားကြခြင်းနှင့် ပတ်သက်သော အကြောင်းရင်းများနှင့်ပတ်သက်၍ အချို့မှာပိုမိုကောင်းမွန်သော လူနေမှုပတ်ဝန်းကျင်ဘဝအတွက်ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပြီး၊ အချို့မှာနိုင်ငံခြားသား/သူများနှင့်လက်ထပ်၍၊ အချို့မှာမူ ပြည်ပရှိမိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းလို၍ ဖြစ်ကြသည်ဟု တီယိုချီဟိန်မှဆိုသည်။
                  လွှတ်တော်အမတ်ပရီတမ်ဆင်းနှင့် ဒု-ဝန်ကြီးချုပ်တီယိုချီဟိန်တို့၏ အမေးအဖြေစကားများ
မှာအောက်ပါအတိုင်းဖြစ်သည်။
    (ပရီတမ်ဆင်း) – ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံသားအဖြစ်အား စွန့်ခွာသွားကြသော စင်္ကာပူနိုင်ငံသားအရေအတွက်နှင့် ၄င်းတို့ရွှေ့ပြောင်းသွားရသော အကြောင်းရင်းကိစ္စများအပေါ်၌ ဖြေရှင်းလုပ်ဆောင်မှုပြုလုပ်ရန် အစိုးရအနေနှင့် မဟာဗျူဟာခင်းကျင်းချမှတ်ထားခြင်းရှိပါလား။

    (တီယိုချီဟိန်) – ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ ဆယ်နှစ်တာအတွင်း နိုင်ငံခြားသို့ရွှေ့ပြောင်းအခြေချသွားသော စင်္ကာပူနိုင်ငံသား နှစ်စဉ် (၁၀၀၀) ခန့်ရှိပါသည်။ (အကြောင်းရင်းများမှာ အထက်၌ဖေါ်ပြထားခဲ့သည့်အတိုင်းဖြစ်ပါသည်) ကျနော်တို့ အလေးထားသည့် အချက်တခုမှာ စင်္ကာ
ပူနိုင်ငံသည် စင်္ကာပူနိုင်ငံသားများအတွက် အကောင်းဆုံးနေအိမ်တခုဖြစ်စေရေးဖြစ်ပါတယ်။
            ဆွဲဆောင်မှုရှိသော လူနေမှုပတ်ဝန်းကျင်အရပ်တခုနှင့် စင်္ကာပူနိုင်ငံသားများအတွက် အလုပ်အကိုင်ကောင်းများရရှိနေစေသော နိုင်ငံနှင့်ပြည်သူကို ကြီးပွားတိုးတက်စေသည့် နိုင်ငံ့စီးပွားရေးအပြင်၊ စင်္ကာပူနိုင်ငံသားများတဦးနှင့်တဦးအကြားရှိနေသော ဆက်သွယ်မှုတို့ အား
ခိုင်မာစေရန် ကျနော်တို့ ကြိုးပမ်းနေပါတယ်။
                  ပြည်ပတွင် ပညာသင်နေ၊ အလုပ်လုပ်နေကြသော စင်္ကာပူနိုင်ငံသားများနှင့် ထိတွေ့နိုင်စေရန်လည်း မိမိတို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပင်လယ်ရပ်ခြားစင်္ကာပူနိုင်ငံသားများအဖွဲ့၏အစီအစဉ်များမှ ကြိုးပမ်းမှုများအရ ပြည်ပရောက်စင်္ကာပူနိုင်ငံသားများအား မိခင်စင်္ကာပူနိုင်ငံနှင့် ဆက်သွယ်မှုခိုင်မာနေစေပြီး၊ ၄င်းတို့၏ပြည်တော်ပြန်လာမှုများကို ကူညီပံ့ပိုးပေးနိုင်မည်ဟု ကျနော်တို့ မျှော်လင့်မိပါတယ်ဟု ဒု-ဝန်ကြီးချုပ်တီယိုချီဟိန်မှ ခပ်လျှိုလျှိုသာပြောသွားခဲ့သည်။
              အာဏာရှင်စနစ် တဝက်၊ ဒီမိုကရေစီစနစ်တဝက် ကိုကျင့်သုံးနေပြီး၊ လူနေမှုစရိတ်နှင့် ကျန်းမာရေးစရိတ်ကြီးမြင့်လှသော စင်္ကာပူနိုင်ငံမှ ဒေသခံ နိုင်ငံသားများသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးလူ့အခွင့်အရေးပြည့်ဝကာ လူမှုဘဝပိုမိုတိုးတက်ကောင်းမွန်ပြီး သက်တောင့်သက်သာရှိသောအနောက်နိုင်ငံများသို့ ရွှေု့ပြောင်းအခြေချနေကြသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ၄င်းတို့နေရာသို
့ မြန်မာ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများမှလူများက အစားထိုးဝင်ယူလာခဲ့ကြသည်။

Ref:freedomnewsgroup

No comments:

Post a Comment