Popular Posts

Saturday 16 February 2013

အမျိုးသမီးတွေရဲ့ ရင်သားနှစ်ဆကြီးထွားမှု အန္တာရယ်

 
ဒီကနေ့ခေတ်မှာ အမျိုးသမီးတွေရဲ့ ရင်သားအရွယ်အစားဟာ အရင်ခေတ်တွေကထက် ယေဘုယျအားဖြင့် ပိုကြီးပါတယ်။ ဒါနှင့်ရင်သား Cancer ဆက်စပ်မှုကို တင်ပြသွားပါမယ်။

ဒီအချက်ကို အမျိုးသမီး နဲ့မိန်းကလေး တစ်ချို့၊နောက်ပြီးတော့ အမျိုးသားအများစု ကတော့ သဘောကျကြမှာပါ။ ဒါပေမဲ့ ဒါဟာ ဝမ်းသာစရာ သတင်းမဟုတ်ပါဘူး။ မျိုးဆက်တစ်ဆက်ထဲမှာတင်ပဲ ပျမ်းမျှ ဘရာစီယာ cup size က 34B ကနေ 36C ဖြစ်လာပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ ခါး ပိုတုတ်လာပါတယ်။ ဒါက အလှအပ အတွက်သာ မကောင်းတာတင် မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဝိတ်များတာနဲ့ သွေးဆုံးပြီးတဲ့အချိန် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း တက်လာတာနဲ့ ဆက်စပ် နေတယ်လို့ ယူဆထား ကြလို့ပါပဲ။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များလာတာနဲ့ ဆိုင်တဲ့ နောက်တစ်ခုက အပျိုဖော်ဝင် စောလာတာပါ။ ဒီခေတ် မိန်းကလေး တွေဟာ ဘယ်တုန်းက နဲ့မှ မတူအောင် ဖွံ့ဖြိုးမှု စောနေပါတယ်။ မိန်းကလေး ၁၅ ရာခိုင်နှုန်းဟာ အသက်ခုနစ်နှစ် မှာတင် ရင်သားဖွံ့ဖြိုး လာပါတယ်။

နောက်ပြီးတော့ လူ့ခန္ဓာကိုယ်ဟာ အဆိပ်အတောက် ဖြစ်စေတဲ့ chemical တွေကိုအဆီ တစ်သျှူးထဲမှာ သိုလှောင်ထား ပါတယ်။ cup size ကြီးတာနဲ့ အမျှ၊ ပြဒါး ၊ PCB စတဲ့ chemical တွေကို လှောင်ဖို့ နေရာများ လာမှာ ဖြစ်ပါတယ်။ (PCB ဆိုတာ Polychlorinated biphenyls ဖြစ်ပါတယ်။ ပိုးသတ်ဆေး ကနေ အိမ်သုတ်ဆေး အထိ ပစ္စည်းတွေမှာ သုံးတဲ့ ဆီချွဲချွဲ၊ အနံ့မရှိ၊ အရသာလည်း မရှိတဲ့ လူလုပ် chemical တစ်မျိုး ဖြစ်ပါတယ်။) PCB တွေက ကိုယ်ထဲကို တစ်ခါဝင် သွားပြီးရင် လနဲ့ချီပြီး အဆီထဲမှာ၊ အင်္ဂါအစိတ် အပိုင်းတွေ ထဲမှာ ရှိနေနိုင်ပါတယ်။ နို့ရည်ထဲ မှာလည်း ရှိနေနိုင် ပြီးတော့ ကလေးနို့ တိုက်တဲ့ အချိန်မှာ ကလေးဆီကို ရောက်သွားပါတယ်။

ကြောက်စရာ အကောင်းဆုံး အချက်ကတော့ PCB တွေက estradiol နေရာဝင် ယူပြီး estradiol အယောင်ဆောင် တတ်တယ် ဆိုတာပါပဲ။ Estradiol ဆိုတာ အမျိုးသမီးတွေရဲ့ အဓိက sex hormone ဖြစ်ပါတယ်။ Estrogen အယောင်ဆောင်တာ ဖြစ်လာရင် ရင်သားကင်ဆာ cell အပြင် သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ cell တွေပါ ဖြစ်လာနိုင် ပါတယ်။ 1940 ဝန်းကျင် ကတည်းက စပြီး ကင်ဆာဖြစ်ပွားမှု နှုန်းက နှစ်ဆ တိုးလာပါတယ်။

ဒီနေ့မှာ ဆိုရင် အမျိုးသမီး ၈ယောက်မှာ ၁ ယောက်ဟာ သူ့ ဘဝတစ်သက်တာမှာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ ရှိနေပါတယ်။ လူတွေမှာ ဖြစ်လာတဲ့ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေး ပြဿနာတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ environmental pollutants တွေကြောင့်ပါ ဆိုတဲ့ အိုင်ဒီယာ အပေါ် အမြင်ကွဲပြား နေပါတယ်။ နှစ်ဖက် စလုံးကို ထောက်ခံတာကော၊ ကန့်ကွက်တာကော ရှိနေပါတယ်။ သေချာတာကတော့ လူသားတွေဟာ ရင်သားတွေလည်း မသေးလာသလို ပိုပြီးလည်း မကျန်းမာလာပါဘူး။
 
Ref:hornbillmedia blogs

No comments:

Post a Comment