(ဒဏ္ဍာရီလား .. ပုံပြင်လား .. တကယ့်ဖြစ်ရပ်မှန်လားတော့မသိ)
ယင်း လူစွမ်းကောင်းသည် လျင်မြန်သွက်လက်၊ ပေါ့ပါးဖျတ်လက်၍ ကြောင်တစ်ကောင်အလား ကိုယ်ပျောက်ပညာရှင်ကဲ့သို့အလား ပဉ္စလက်ပညာရှင်ကဲ့သို့အလား ရဲစွမ်းသတ္တိ အဋ္ဌာရသ (၁၈) ရပ်နှင့် ပြီးပြည့်စုံသော သူရဲကောင်းတစ်ဦးဖြစ်သည်။ အမည်နာမကား “ငတက်ပြား” ဟူ၍ ဖြစ်လေသည်။ ယင်း ငတက်ပြားသည် လယ်ယာမြေများ၊ ကျွဲ၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များ၊ သီးပင်စားပင်များနှင့် တောင်သူ လယ်သမားများ ပြည်သူလူထုအပေါင်းတို့၏ စည်းစိပ်ဥစ္စာများအား မတရားခေါင်းပုံဖြတ် သွေးစုပ်သိမ်းပိုက် ခဲ့သော အတ္တဝါဒီ ဝိသမလောဘသားများဖြစ်ကြသော မတရားစီးပွားရှာကြသော သူဌေးသူကြွယ် စီးပွား ရေးလုပ်ငန်းရှင်ကြီးများ၏ ပိုင်ဆိုင်မှုများအား ပိရိသေသပ်စွာ ပြန်လည်ရယူခဲ့ပြီး ဆင်းရဲနွမ်းပါးသော ပြည်သူလူထုတို့အား တဆင့်ဖြန့်ဝေ ကူညီပံ့ပိုး ခဲ့သော ပရဟိတ လူစွမ်းကောင်းတစ်ယောက် ဖြစ်ပေသည်။
တော့ကြောင်း၊ အချို့ကျေးရွာများတွင် ဧရာဝတီမြစ်ကြီးမှ ရေများအား အလှည့်ကျ အချိန်စနစ်ဖြင့် ပေးလျှက်ရှိသော်လည်း တစ်ရွာလုံးအတွက် လုံလောက်မှု၊ ဖူလုံမှုမရှိကြောင်း၊ အချို့ကျေးရွာ များတွင် အစိုးရအဖွဲ့၊ ပြည်ပအလှူရှင်များ လာရောက်ရန်ပင် မလွယ်ကူလှပေ။ ဧရာဝတီ မြစ်ကြီးနှင့် အလှမ်းဝေးသည့် ကျေးရွာ များစွာကိုလည်း တွေ့မြင်ခဲ့ရသည်။ ကျွန်တော်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်) အလုပ်အမှုဆောင်များနှင့် အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည် ရေရှားပါးသော ကျေးရွာ ဒေသများအား သောက်/သုံးရေ ရရှိနိုင်ရန်အတွက် ကျေးရွာ ပေါင်း (၂၂) ရွာတို့အား ကွင်းဆင်း လေ့လာခဲ့သည်။
“ရေအသက် တစ်မနက်” ဟူ၍ ဆိုစကား ရှိသော်လည်း ရေမရရှိသည့် မနက်ဖြန်ပေါင်း မြောက်များစွာတို့ကို ထိုကျေးရွာနေ ပြည်သူလူထုတို့ ခံစားနေကြရသည်။ ရေမရရှိ၍ အသက်ပေါင်း မြောက် ၏များစွာတို့သည်လည်း ဆုံးရှုံးခဲ့ရသည်။ ထိုကျေးလက်ဒေသခံ ပြည်သူလူထုတို့မှ ကျွန်တော်တို့ အဖွဲ့အား “ရွှေ ကိုမလို .. ရေကိုသာလိုသည်” ဟူ၍ ဆီးကြိုနှုတ် ဆက်ခဲ့သည်။ ကျွန်တော်တို့အား ဧည့်ခံ ကျွေးမွေးရာတွင် သောက်ရေသန့်ဗူးများလည်း ပါဝင်လို့နေပေသည်။ သို့သော် ကျွန်တော်တို့အနေဖြင့် မသောက်သုံးဝင့်ခဲ့ချေ။ ထိုအချိန်ကာလတွင် မြို့ပေါ်ရှိ အချို့သော နေရာဌာန၊ ရုံးအဖွဲ့များ၊ ကုမ္မဏီများ၊ ရပ်ကွက်များနှင့် ဂျိုးဖြူရေလှောင်ကန်မှ သွယ်တန်းထားသော ရေပိုက်များမှ ယိုစိမ့်ပေါက်ထွက် ပန်းထွက် နေခြင်း၊ ရေပိုက်ခေါင်းများမှ ယိုထွက်နေသည့် ရေများတို့သည် ထိုသို့သော ကျေးရွာနေ ပြည်သူလူထုတို့၏ မျက်နှာများအား ပြန်လည်မြင်ယောင်ထောက်ထား စာနာသင့်ချေသည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အများပြည်သူ ပြည်တွင်း/ပအလှူရှင်များ ၏ အလှူငွေများကို စစ်ဘေး၊ လူမှုရေး၊ ပညာရေး စသည့်လိုအပ်ချက်များအား ပံ့ပိုးကူညီ ပေးဆပ်မှုများ ပြုလုပ်နေသည့် လူမှုရေးအဖွဲ့ အစည်းတစ်ရပ်ဖြစ်သည့်အပြင် ယခုကဲ့သို့သော ရေရှားပါးမှု ပြဿနာကြီး များအား မိမိတို့နိုင်သလောက် ကူညီပံ့ပိုးနေရသော ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုသော ပရဟိတအဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ပုဂံ၊ ညောင်ဦး ဒေတတစ်ခုတည်းတွင် တွေ့ရှိရသော ရေဒုက္ခရောက်နေသော ကျေးရွာပေါင်း (၂၂) ရွာတို့အပြင် မြန်မာနိုင်ငံရှိ အရပ်ဒေသ အသီးသီးတို့တွင် ရေဒုက္ခကြုံတွေ့နေရသော ရပ်ရွာဒေသပေါင်းများစွာ ရေတွက်၍ မရလောက်အောင် များပြားလျှက်ရှိသည်။ ထို့ကြောင့် မိမိတို့တွင်ရှိသော အလှူငွေများတို့ဖြင့် ရေကုသိုလ်လှူရန်အတွက်၎င်း၊ ရေဒုက္ခသည်အဖွဲ့အား ကူညီဖေးမပေးရန်အတွက်၎င်း မနိုင်သောဝန်အား ထမ်းရွက်နေသလို ဖြစ်နေတော့သည်။
ထို့ကြောင့် ကျွန်တော်သည် တစ်ချိန်တစ်ခါက၊ တစ်ရံရောအခါက ပြည်သူလူထုတို့၏ သူရဲကောင်း၊ လူစွမ်းကောင်း “ငတက်ပြား” ကဲ့သို့ မြင့်မြတ်လှသော ပုဂ္ဂိုလ်တစ်ဦးသာ ပေါ်ပေါက်လာရန်အတွက် တောင့် တမိပါတော့သည်။ သို့မဟုတ် ကျွန်တော်ကိုယ်တိုင် ခေတ်သစ် “ငတက်ပြား” လုပ်ရန်သာရှိတော့သည်။ (ယင်းဖြစ်ရပ်များသည် စိတ်ကူးယဉ်ဖြစ်ရပ်များမဟုတ်၊ ကျွန်တော်တို့ လူသူအရောက်နည်းပါးလှသော ကျေးရွာပေါင်း (၂၂) ရွာတွင် ကြုံတွေ့ခဲ့ရသော သောက်/သုံးရေ လုံးဝမရှိ သော ကျေးရွာများမှ ခြောက်သွေ့ သော လူသားများနှင့် တွေ့ဆုံခဲ့ရမှု ဖြစ်ရပ်မှန်များပင် ဖြစ်တော့သည်။
Ref:moemaka
ကိုကျော်သူအတွက်သတင်းကောင်းလေးဖြစ်မှာပါ..ဒါပေမဲ့! ......
ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည်
2013-02-18 @RFA
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံတွေ အတွက် အရင်နှစ်ကထက် (၁၄) ဆ အထိတိုးပြီး ကျပ်ငွေ ဘီလီယံ (၅၀) အထိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရင်း ပြောခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက နိုင်ငံတော်က ကျန်းမာရေးအတွက် ဘတ်ဂျက်ကို အတိုင်းအတာတစ်ခုအထိ တိုးပေးထားပေမယ့် အစိုးရဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာတွေကို တွေ့ရှိနေရတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုတွေကို မေးမြန်းခဲ့တာပါ။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ဆေးဝါးပစ္စည်းဝယ်ယူဖို့အတွက် (၃.၅) ဘီလီယံ အသုံးပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဆေးတွေ ၁၄ ဆ ဖိုးလောက် ၀ယ်ဖို့ ဘတ်ဂျက်ရှိပေမယ့် ၀ယ်ယူရေး အခက်ကြုံ
February 19, 2013 by ဒီဗွီဘီ
လာမယ့် ၂၀၁၃-၁၄ ကျန်းမာရေးဘတ်ဂျက်ကို အရင်နှစ်ကထက် ၄ ဆ တိုး ချပေးတဲ့အတွက် ပြည်သူ့ ဆေးရုံ တွေ အတွက် ဆေးဝယ်ယူရေးကိုလည်း ၁၄ ဆလောက် တိုးမြှင့် သတ်မှတ်ခဲ့ပေမယ့် ၀ယ် ယူရေး အခက်အခဲတွေ့နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
ဝန်ကြီးက ဆေးရုံတွေအတွက် ၂၀၁၁-၁၂ ဘတ်ဂျက်မှာ ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံဖိုး၊ ၂၀၁၂-၁၃ မှာ ၃ ဒသမ ၅ ဘီလီယံဖိုး ၀ယ်ယူခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်အတွက် ဘီလီယံ ၅၀ အထိ ၀ယ်ယူဖို့ သတ်မှတ်ခဲ့ တယ် လို့ ရှင်းပြပါတယ်။
ဒါပေမယ့် ဆေးရုံတွေဟာ နှစ် ၂၀ လောက် ဆေးထောက်ပံ့တာ မရှိတဲ့အတွက် ဘာဆေးတွေ လိုအပ်သလဲဆိုတဲ့ စာရင်းဇယား တိတိကျကျ မရှိတာ၊ ဘီလီယံ ၅၀ ဖိုးလောက် ဆေးတွေ သွင်းပေးနိုင်တဲ့ ဆေးကုမ္ပဏီ မြန်မာနိုင်ငံထဲမှာ မရှိတာ၊ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာကြည့်တော့ အနည်းဆုံး ၂ နှစ် ကြိုတင်ပြင်ဆင်ရတာ စတဲ့အချက်အလက်တွေကြောင့် အခက်အခဲ အများကြီးကြုံရတယ်လို့ အမတ်တွေကို ရှင်းပြပါတယ်။
No comments:
Post a Comment