Popular Posts

Thursday, 28 February 2013

သတိထားဆင်ခြင်ကျပါ ဘလော့ဂျာတွေ!


Credit@ Ko Nge
အခုတလောက မြန်မာ့မီဒီယာတွေကို တောက်လျှောက် ကန့်ကွက်နေကျ တရားစွဲဆိုနေကျတာတွေကိုတွေ့နေရလို့ ကျွှန်တော်တို့လို ဘလော့ဂျာတွေ မီဒီယာသမား တွေ ကို သတိပေးချင်တာပါ၊
ဒီစကာင်္ပူက  မီဒီယာတွေမှာ လူတဦးတယောက်ရဲ့ပတ်သက်ပြီး မိမိကိုယ်ပိုင် လွတ်လပ်ခွင့်တွေကို ထိပါး နှောက်ယှက်မှုနှင့် တရားစွဲလို့ရပါတယ်ဆိုတဲ့အကြောင်းသတိပေးချင်တာပါ၊
စကာင်္ပူမှာ ဘလော့တွေနှင့်ဝတ်လ်ဆိုဒ်မီဒီယာတွေမှာ သူတပါးခွင့်မပြုတဲ့  ပေါက်ကရပုံတွေ၊စာသားတွေ လက်သရမ်းမှုတွေ၊တပါးသူထိခိုက်နှစ်နာစေတဲ့ပုံတွေတင်ချင်ရင်နှင့် ပိုင်ရှင်ခွင့်မပြုဘဲကော်ပီကူးယူတာတွေ (ဓာတ်ပုံတွေ၊စာသားစာပိုဒ်တွေပါ) လူတဦးယောက်ရဲ့ကိုယ်ပိုင်ကာကွယ်ခွင့်ဥပဒေနှင့်မှုပိုင်ခွင့်တွေနှင့် ဆိုင်တဲ့ အချက် (၃)ချက်တွေကို ဘလော့ဂျာတွေနှင့်ဝတ်လ်ဆိုဒ်မီဒီယာသမားတွေ နားလည်အောင် အရင်လုပ်ထားကျပါလို့ သတိပေးချင်တာပါ၊

မနှစ်က နာမည်ကြီးဖြစ်ရပ်မှာတခုက စကာင်္ပူက နိုင်ငံခြားပြန်အရာရှိကြီးတယောက်ဖေ့ဘုတ်မှာ လူမျိုးတစု ကို မခံနိုင်ပုတ်ခတ်ရေးထားတာကို အဲဒီလူထုတွေဝိုင်းအော်လို့ အလုပ်ပြုတ်ပြီး နိုင်ငံခြားကိုထွက်ပြေးသွား ရဖူးတဲ့ဇာတ်လမ်းတွေရှိခဲ့ပါတယ်၊ အရေးယူမယ်လို့လဲကြားရပါတယ်၊ ဒါပေမဲ့ အခုထိဘာမှာသတင်းမှ ဆက်မကြားရတော့ပါဘူးလို့!
 

What if someone defames me over a blog or other forms of social networking media?

New Media

Are you the subject of cruel comments by a blogger? Have you been victimised by malicious or untrue allegations over the internet? Laws on defamation are designed to protect you against such injustice.

In summary, Singapore has several measures to protect the individual against harm to his reputation. Defamation is a criminal offence under section 499 of the Penal Code. This means that the police can take action and arrest the perpetrator of defamation if there is sufficient evidence of such transgression. For the prosecution of criminal defamation, it must be shown that the defamer intended, or knew, or had reason to believe his words would harm the reputation of the victim.

In addition, defamation is also a wrongful act that can give rise to civil action under the tort of defamation and the Defamation Act. A tort is a breach of civil duty owed to a fellow person, as differentiated from a crime, which is the breach of duty owed to society in general. Under the tort of defamation, written words can constitute libel, while spoken words can constitute slander, both of which can give the victim a right to commence a civil lawsuit against the wrongdoer and pursue either compensation or injunctions.

Defamatory words published over the internet would constitute libel, if the 3 elements described below are present.

  1. Firstly, the statement in question must be defamatory. It is defamatory if it lowers the victim in the estimation of right-thinking members of society, causes the victim to be shunned or avoided, or exposes the victim to hatred, contempt or ridicule. For example, if a blogger publishes a post accusing you of being a thief, or a philanderer, the post would be defamatory because it harms your reputation, causing you to be exposed to contempt.In addition, a statement is defamatory if the inferential meaning alone defames, as opposed to the literal meaning. For example, in 1998, Senior Minister Goh Chok Tong successfully sued Mr Joshua Benjamin Jeyaretnam, when the latter made a loaded statement without directly accusing the former of wrongdoing. Therefore, if a blog post impliedly accuses you of wrongdoing, by claiming, truthfully or otherwise, that you were being investigated by police for crimes, you may have a case against the blogger of the post.
  2. Secondly, the statement in question must refer to the victim. For example, a blog accusing one of being a dishonest person, referring to the victim by your name, or posting a photograph of the victim, would constitute reference. The crux is whether the victim can be identified by the words or pictures in the statement. This means that if a blog post accuses an organisation of wrongdoing, and a reasonable person can relate the imputation of dishonesty to you, a member of that organisation, reference would be found. Careless words or inadequate research, leading to mistaken identities, is no defence to the tort of defamation.
  3. Thirdly, the statement in question must be published, or communicated to a third party.

However, the maker of the statement can absolve himself of liability, if he can prove that the statement made was truthful in fact.

If the statement is not defamatory but is still very damaging, you may still have grounds to sue the perpetrator, under the tort of malicious falsehood. For example, if a website falsely claims that a doctor has retired, it may not be defamatory, but such words could take a huge toll on the doctor’s earnings.

If you are indeed the victim of defamation, your first course of action should be to make a police report, provided that there is sufficient evidence showing that the maker of the statement, intended, knew, or had reason to believe, that the statement would harm your reputation.

If such intention on the part of the perpetrator is unlikely to be proven, you can alternatively commence a civil lawsuit for defamation. If successful, the court may award you monetary damages, or grant an injunction to force the perpetrator to remove the offending statement(s) from their publication media. You will need to engage a lawyer to do so. Depending on the circumstances, you may also choose to resort to mediation, arbitration, or a private settlement outside of court. If you cannot afford a lawyer, you may wish to apply for legal help here


ဒါတွေလူတဦးတယောက်ကိုကာကွယ်ပေးထားတဲ့ဥပဒေတွေပါဖတ်ကြည့်လိုက်ပါ>>>
What is a Personal Protection Order?

 မူရင်း ၀တ်လ်ဆိုဒ်က>>>http://singaporelegaladvice.com/

 
အခုတလောကမြန်မာ့မီဒီယာတွေကို တောက်လျှောက် ကန့်ကွက်နေကျ တရားစွဲဆိုနေကျတာတွေကိုတွေ့
နေရလို့ကျွှန်တော်တို့လိုဘလော့ဂျာတွေ မီဒီယာသမား တွေကို သတိပေးချင်တာပါ၊

ဒါကလဲ အခုတလောက မော်ဒယ်တယောက်ရဲ့ သူမရဲ့ပုံတွေမှာ ပေါက်ကရရေးထားတာကို ကန့်ကွက်ထားတဲ့ လမ်းညွှန်ပြထားတာကိုတွေ့လို့ နှင့်သက်ဆိုင်
ဝတ်လ်ဆိုဒ်တွေထဲဝင်ပြီးတော့ သူတို့ရဲ့ဆိုဒ်စာမျက် နှာပေါ်မှာတွေရမဲ့ Admin ထဲက Like ဘေးက Message အောက်က Report page မှာ ကန့်ကွက်လို့ရပါတယ်၊ အဲဒီမှာ သူတို့မေးထားတဲ့ မေးခွန်းတွေ ဖြေပေးပြီး ဘာကြောင့် ကန့်ကွက်တယ်ဆိုတာ ကိုပြော ရပါတယ်၊ ဒါဆိုရင် သူတို့လဲ ပြန်ဖျက်ပေးကျမှာ ပါလေ၊

ကဲ! မိမိရဲ့ပေါက်ကရကပုံတွေနှင့်စာတွေ ပါနေတဲ့သူ တွေ စမ်းကြည့်လိုက်ကျပါအုံး! အကြောင်းပြချက် ကောင်းဖို့တော့လိုအပ်လိမ့်မယ်ထင်ပါ တယ်နော်!








အားလုံးလဲသတိထားစေချင်ပါတယ်! မိမိဘယ်တုန်းက လုပ်ထားမှန်းမသိ! ၀တ်လ်ပေါ်ရောက်လို့ လူတွေသိကျတော့မှ အရှက်ရတာဘဲ အဖတ်တင်ပါလိမ့်မယ်! အခုခေတ်က နေရာတိုင်းမှာ လုံခြုံရေး အတွက် CCTV တွေ တပ်ထားကျပြီး Recording မှတ်တမ်းတွေ ရှိတတ်ပါတယ်လေ! နောက်ပြီးဖုန်းတွေရဲ့ကင်မရာတွေကလဲ ပုံထွက်တော်တော်ကိုကောင်းနေပါပြီလို့ပြောချင်တာပါ၊ ဘာမှငြင်းလို့မရအောင် ပုံထွက်ကောင်းလွန်းပါတယ်၊ အထူးသဖြင့် ရွှေဆိုတဲ့မိန်းခလေးတွေပါဘဲ! ခေတ်မှီတာနှင့် လှပ်လီလှပ်ပေါ်တာ မတူပါဘူးလို့ပြောချင်တာပါ၊ သူနေရာနှင့်သူ အသုံးပြုတတ်မှ အဆင်ပြေပါတယ်လို့! နို့မဟုတ်ရင် ဘေးကနိုင်ငံလိုဖြစ်သွာပါမယ်၊ နိုင်ငံခြားသားတွေက ဒါတွေဘဲ ထင်နေကျတာ ဘေးနိုင်ငံလိုဘဲ မေးတတ်လွန်းလို့ပါနော်! ဒါတွေလဲ နိုင်ငံခြားသားတွေကို အထင်ကြီးနေကျတာသူတွေ ပိုပြီးသတိထား ကျပါ၊ အားလုံးက ၀န်ထမ်းတွေပါဘဲလို့ သူဌေးတွေဆိုတာ လူနည်းစုလောက်ဘဲရှိပါတယ်လို့! (အခုလဲ HIV ရောဂါတွေကြောင့် ကြောက်နေကျပါတယ်)

 
                            http://en.wikipedia.org/wiki/Media_of_Burma#Media_laws

ဒါကမြန်မာဥပဒေတွေပါဘဲ!

Credit@ Feb 28,13 & 23:20

Aung San Suu Kyi - The Choice (2012)

My Piglet movies!


When everyone thinks piglet won a "running trophy" there's only one thing to do: A race around the hundred acre wood!
Prize Piglet (Winnie the Pooh)
The Piglet Who Would Be King Part 1 The Piglet Who Would Be King Part 2 Winnie The Pooh - A Very Merry Pooh Year (Full Movie) Sing A Song With Pooh Bear

မေးခွန်းထုတ်စရာ ဖြစ်လာသော အီလက်ထရွန်နစ် ဥပဒေ

7daynewjournal
မေးခွန်းထုတ်စရာ ဖြစ်လာသော အီလက်ထရွန်နစ် ဥပဒေ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ လယ်ပိုင်းတွင် မြန်မာ့မီဒီ ယာနှင့် ကွန်ပျူတာ လောကတွင် အတန်ငယ် စိတ် ရှုပ်ထွေးစရာ ကောင်းသော အဖြစ်အပျက် များကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံ၏ လူသိအ များဆုံး သတင်းဌာန များအနက် တစ်ခုဖြစ်သော Eleven Media Group ၏ အင်တာနက် စာမျက်နှာ သည် Red-Army Team ဟုအမည်ပေး ထားသော ဟက်ကာအဖွဲ့၏ ၀င်ရောက်နှောင့် ယှက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် သီတင်းသုံးပတ် ခန့်အကြာ ဖေဖော်ဝါရီ ၄ ရက် တွင် မြန်မာနိုင်ငံ၏ နောက်ထပ်လူ သိများသည့် သတင်းမီဒီယာ တစ်ခုဖြစ်သော The Voice Weekly ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာသည်လည်း Anonymous Myanmar အမည်ခံ ထားသောဟက် ကာအဖွဲ့၏ တိုက်ခိုက် ထိန်းချုပ်ခြင်းကို ခံခဲ့ ရသည်။
အမည်မသိသူများ၏ တိုက်ခိုက်မှုသည် ထိုမျှနှင့်မ ရပ်သေး။ နောက်တစ်ရက်ဖြစ်သော ဖေဖော်ဝါရီ ၅ ရက်တွင် သူတို့၏ တိုက်ခိုက်မှုကို နေပြည်တော် ဆီသို့ ဦးတည်လိုက် ကြပြန်သည်။ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာဟု ပြဋ္ဌာန်းထားသော နိုင်ငံတော် သမ္မတ၏ သတင်းမှတ်တမ်း အများစု ထုတ်ပြန်ရာ သမ္မတရုံးအင်တာနက် စာမျက်နှာသည်ပင်လျှင် ၎င်းတို့၏ သားကောင် ဖြစ်သွားခဲ့ရရှာသည်။
မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျမပြောဆိုသော ၎င်းတို့၏ နောက်ထပ်ပစ်မှတ်မှာ မည်သူဖြစ်မည်လဲ။ ဘာကြောင့် နာမည်ကျော် သတင်းဌာနများနှင့် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးသော ပုဂ္ဂိုလ်ကို ပစ်မှတ်ထားခဲ့သလဲ။ သူတို့၏ နောက်ကွယ်တွင် မည်သူက ထောက်ပံ့ကာ အစီအစဉ်ရှိရှိ လုပ်ဆောင်နေသလဲ အစရှိသဖြင့် မြန်မာ့အင်တာနက် သုံးစွဲသူများအကြား မေးခွန်းပေါင်းများစွာ ထွက်ပေါ် လာသော်လည်း အဖြေက ခုချိန်အထိ တိတိကျကျ ထွက်ပေါ်မလာသေးပါ။
သို့သော် ယင်းအဖြစ်အပျက်များသည် ပွင့်လင်းစမြန်မာ့လူ့ဘောင်၏ အင်တာနက်လုံခြုံရေးအတွက် အချက်ပေးခေါင်း လောင်းဖြစ်ပြီး အစိုးရနှင့်ပါဝင်ပတ်သက်သူများ အားလုံးအနေဖြင့် အနာဂတ်တွင် ယင်းပြဿနာများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို လေးလေးနက်နက် သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
မည်သည့် အကျိုးအမြတ်ကြောင့် သတင်းဌာနများနှင့် နိုင်ငံအတွက် အရေးပါသော ဌာနများ၏ အင်တာနက်စာမျက်နှာများကို တိုက်ခိုက်သူများက ပစ်မှတ်ထားသည်ကို တိတိကျကျပြောဆိုရန် ခက်ခဲလှသော်လည်း ယင်းတိုက်ခိုက်မှုများမှာ နိုင်ငံရေးနှင့် ဆက်နွှယ်မှုများရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
မြန်မာသတင်းဌာနတွေ ဘယ်အချိန်ကတည်းက တိုက်ခိုက်သူများရဲ့ ပစ်မှတ်ဖြစ်ခဲ့လဲ မြန်မာဘာသာဖြင့် ရေးသားထုတ်ဝေသော သတင်းဌာနကို ပစ်မှတ်ထားပြီး နှောင့်ယှက်တိုက်ခိုက်မှုသည် 7Day News ၏ လေ့လာတွေ့ရှိချက်များအရ ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနှင့်အတူ စတင်ခဲ့ပြီး ယင်းနောက်တွင် ခပ်စိပ်စိပ်ဖြင့် နှစ်စဉ်လိုလို ဖြစ်ပေါ်လာခဲ့သည်။
ထိုစဉ်က ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများဖြစ်သော မဇ္ဈိမ၊ ဧရာဝတီ၊ ဒီဗွီဘီ စသည့် သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများသည် ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ အလားတူ ၂၀၁၀ ပြည့်နှစ်အတွင်း ခရိုနီဟုခေါင်းစဉ်တပ်ကာ တိုက်ခိုက်ခံခဲ့ရသည့် ၀က်ဘ်ဆိုက်များလည်းရှိပြီး ဟက်ကာအဖွဲ့တစ်ခုက ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ၀က်ဘ်ဆိုက်စာရင်းကိုထုတ်ပြန်ရာတွင် ၀က်ဘ်ဆိုက်ပေါင်း ရာနှင့်ချီရှိခဲ့သည်။
အဆိုပါ သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရမှုများသည် ပြည်တွင်းတွင် သတင်းအဖြစ်အပျက် ကြီးကြီးမားမား ဖြစ်ပွားနေချိန်များနှင့် တိုက်ဆိုင်လေ့ရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီး ကာလများနှင့် ၂၀၁၀ ရွေးကောက်ပွဲနီး ကာလများတွင်လည်း တိုက်ခိုက်ခံခဲ့ရကြောင်း ယင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းတိုက်ခိုက်မှုများသည် ယခုနှစ် အစောပိုင်းမှစတင်ပြီး ပြည်တွင်းအခြေစိုက် သတင်းဌာနများဆီသို့ ဦးတည်လာခဲ့သည်။ ဘယ်သူတွေက ဘာကြောင့်တိုက်ခိုက်မှုတွေ လုပ်ကြတာလဲ သတင်းဌာနများကို တိုက်ခိုက်မှုမှာ ပွင့်လင်းစ မြန်မာ့စာနယ်ဇင်းလောက၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို တစ်ဖက်လှည့်ဖြင့် ခြိမ်းခြောက်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ မြန်မာသတင်းသမားများက သုံးသပ်ကြသလို လူထုအကြား မီဒီယာအပေါ် ယုံကြည်မှုများ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိကြသည်။ The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက အဆိုပါ တိုက်ခိုက်မှုများသည် အဖွဲ့အစည်းတစ်ခုခုမှ စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်သူများ၏ လက်ချက်ဖြစ်နိုင်ကြောင်း မှတ်ချက်ချခဲ့သည်။
ယင်းလုပ်ရပ်များသည် အသွင်ကူးပြောင်းရေးကာလအတွင်း အထိနာခဲ့သူများ၏ စနက်လည်းဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ “အကူးအပြောင်းကာလမှာ အလွဲသုံးစားမှုတွေ မီဒီယာကြောင့်ပေါ်လာတယ်။ မီဒီယာရဲ့ ပွင့်လင်းလာမှုကို မလိုလားသူတွေက ချဲ့ကားအပုပ်ချတာတွေရှိတယ်” ဟု The Voice Weekly ၏ အယ်ဒီတာချုပ်က ဆိုသည်။
၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှ စတင်ပြီး အနည်းဆုံးလေးကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခံခဲ့ရသော ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းဌာနတစ်ခုဖြစ်သော ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ အယ်ဒီတာ ဦးရဲနည်က သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများကို ဦးတည်တိုက်ခိုက်ခြင်းသည် အဆိုပါသတင်းဌာနများ၏ သတင်းတင်ပြချက်များနှင့် မူဝါဒများကို မကြိုက်သည့်သူများက တိုက်ခိုက်ခြင်းများဖြစ်နိုင်သလို ပြိုင်ဘက်စီးပွားရေးသမားများက နှောင့်ယှက်တိုက်ခိုက်ခြင်းများလည်း ဖြစ်နိုင်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောသည်။ ၎င်းတို့တွေ့ကြုံခဲ့ရသော အတွေ့အကြုံများအရဆိုလျှင် နှောင့်ယှက်တိုက်ခိုက်သူများသည် Professional အဆင့် ကျွမ်းကျင်သူများ၏ လက်ချက်ဟု ယူဆကြောင်း ဧရာဝတီသတင်းဌာနမှ ဦးရဲနည်က ပြောသည်။ “ကျွန်တော်တို့ကို တိုက်ခိုက်တာက Professional တွေလို့ ယူဆတယ်။
ဘာကြောင့်လဲဆိုတော့ ပမာဏအရမ်းကြီးတယ်။ DDos နဲ့ တိုက်ခိုက်တာ 2GB ကနေ 4GB အထိ တိုက်ခိုက်ခံရဖူးတယ်။ အဲဒါက ကွန်ပျူတာအလုံးရေ သန်းပေါင်းများစွာနဲ့ဖြစ်တာ။ အဲဒါကြောင့် တစ်ယောက်တည်းလုပ်တာ မဟုတ်တော့ဘူး။ အနည်းဆုံး အဖွဲ့လိုက် လုပ်တယ်လို့ ယူဆတယ်။ အဲဒီလို လုပ်နိုင်တာက တကယ့် Professional တွေဗျ” ဟု ၎င်းက ဆိုသည်။
ပြဿနာများ၏ နောက်ကွယ်တွင် အစိုးရ (သို့မဟုတ်) အစိုးရနှင့် နီးကပ်သော အဖွဲ့အစည်းတစ်ခုခု၏စနက် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။ ခေတ်မီနည်းပညာ မဆိုထားနှင့်၊ အခြေခံပညာ မူလတန်းကိုပင် ဆုံးခန်းတိုင်အောင် တက်ရောက်နိုင်သူ တစ်နေ့တခြား နည်းပါးလာပြီး တိုင်းပြည်လူဦးရေ၏ မဆိုသလောက် ပမာဏသာ အင်တာနက်ကို သုံးစွဲနိုင်သော မြန်မာနိုင်ငံတွင် ယခုကဲ့သို့သော အဆင့်မြင့်နည်းပညာ သုံးစွဲတိုက်ခိုက်သူမှာ လက်ချိုးရေတွက်နိုင်သော ပမာဏသာရှိကြောင်း နည်းပညာ ကျွမ်းကျင်သူများကဆိုသည်။ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အစိုးရရှိနေသည်ဆိုသည့် သုံးသပ်ချက်များကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပယ်ချလိုက်သည်။
“ယခုအဖြစ်အပျက်သည် နိုင်ငံတော်အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း” ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ဥပဒေကြောင်းက တိုက်ခိုက်ခံရသူတွေကို ဘယ်လိုအကာအကွယ်ပေးထားလဲ ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွင် “မူလပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရဘဲ ကွန်ပျူတာကွန်ရက်အတွင်း ဆက်သွယ်မှုတစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှုတစ်ခုခုတွင် ပါဝင်သည့် အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း (သို့မဟုတ်) အခြားသူတစ်ဦးဦးကို ထုတ်ဖော်ခြင်း” ကို ကျူးလွန်ပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၅)နှစ်အထိ ကျခံရနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါဥပဒေသည် ကွန်ရက်များကို နှောင့်ယှက်သူများအား ရုံးတော်သို့ ခေါ်ဆောင်လာနိုင်ခြင်းထက် အတိတ်ကာလတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား ကာလရှည်ကြာ အကျဉ်းချခဲ့သည်ဟု နာမည်ဆိုးဖြင့် ပိုမိုကျော်ကြားခဲ့သည်။
“ဒီဥပဒေက အရင်န၀တက သူ့ရဲ့လမ်းစဉ်ကို အကာအကွယ်ပေးဖို့ လုပ်ထားတာ” ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) က မှတ်ချက်ပြုသည်။ “အီးမေးလ်တစ်စောင်ကို တစ်ခါသုံးရင်(၁၅)နှစ်၊ ကမ္ဘာမှာ ဒီလောက်ပြင်းထန်တဲ့ဥပဒေမရှိဘူး။ ခေတ်မမီတော့ဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောသည်။
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား သံတိုင်နောက်ပို့ခဲ့သည့် အဆိုပါ ဥပဒေသည် လက်ရှိအချိန်တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာတွင်ရှိသည့် သမ္မတရုံးအင်တာနက်စာမျက်နှာကို နှောင့်ယှက်သူများအား ရုံးတော်ရှေ့မှောက်သို့ မပို့ဆောင်နိုင်သေးချေ။
“ဒီဥပဒေက တကယ်တမ်းတော့ လူရယ်ချင်စရာ ဟာသတစ်ခုလို ဖြစ်နေတယ်။ အစိုးရက သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အချိန်မှာတောင် ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး” ဟု ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူကပြောသည်။
အချိန်မီမတားဆီးနိုင်ရင် ဘာဖြစ် လာနိုင်လဲ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ တစ်သိန်းတစ်သောင်းခန့်ရှိကြောင်း အမေရိကန် အခြေစိုက် နည်းပညာသတင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Science Daily က ခန့်မှန်းထားပြီး ပြည်တွင်းပညာရှင်များက ငါးသိန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
အင်တာနက်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် မဟုတ်သေးဘဲ တိုင်းပြည်လူဦးရေ၏ မဆိုသလောက် ပမာဏကို တိုက်ရိုက်အကျိုးပြုနေသောကြောင့်သာ ယခုတိုက်ခိုက်မှုတွင် သိသာသော ပြဿနာကြီးကြီးမားမား မဖြစ်ခဲ့ခြင်းဖြစ်ကြောင်း နည်းပညာဆိုင်ရာပညာရှင်များက ဆိုသည်။
သို့သော် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေနှင့်အတူ နှစ်ပေါင်းများစွာ တံခါးပိတ်စနစ် ကျင့်သုံးလာသော မြန်မာနိုင်ငံ၏ အနာဂတ်တွင် ကမ္ဘာနှင့် ဆက်သွယ်ရန်မှာ အင်တာနက်သည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းများအနက် တစ်ခုဖြစ်မည်ဟု ၎င်းတို့ကဆိုသည်။ အနာဂတ်တွင် အွန်လိုင်းစနစ်သုံးမည့် အစိုးရအုပ်ချုပ်ရေး ယန္တရားလည်ပတ်ခြင်း၊ ငွေသွင်းငွေထုတ်မှအစ နိုင်ငံတကာနှင့် ဆက်သွယ်မည့် စနစ်များအတွက် လုံခြုံရေးစိတ်ချရန်မှာ နံပါတ်တစ်အရေးကြီးလာမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ပွင့်လင်းစမြန်မာနိုင်ငံ၏ မီဒီယာလောကနှင့် အစိုးရသတင်းထုတ်ပြန်ရာ စာမျက်နှာများအပါအ၀င် တိုင်းပြည်အတွက် အရေးကြီးသည့် အင်တာနက်လုံခြုံရေးအား ခြိမ်းခြောက်နေသူများကို ရုံးတော်ရှေ့သို့ ပို့ဆောင်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ၎င်းတို့မည်သူ မည်ဝါဆိုသည်ကိုပင် ထုတ်ဖော်နိုင်ခြင်းမရှိသေးပါ။ The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေကတော့ “ဆာဗာနောက် လိုက်ရင်တော့ သိနိုင်တယ်” ဟု ဆိုသည်။
 
ယုဇနကိုကို၊အောင်ခိုင်။ထွန်းခိုင်
Ref:yoyalay

မိမိဘလော့မှာ အုပ်စုဖွဲ့ပြီးဝင်ရေးစေချင်ရင်!

We make tools Your make do!
 
Credit@ Ko Nge
ဒါလဲဘလော့ဂျာတွေမှာ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်တာပါ! ဒါလဲနာမည်ရလာတဲ့ ဘလော့တွေမှာ စာဖတ်ပရတ်သတ်တွေ စိတ်ဝင်စားပြီး စာဝင်ရေးချင်တာတွေရှိကျမှာပါနော်! ဒီအတွက်ဝင်ပြီးပညာပေးတွေ၊အတွေ့အကြုံတွေကို ပြန်လည် ဖလှယ်ချင်ကျတဲ့ သူတွေအတွက် ဒီ Group အုပ်စုတွေက......
အခု နောက်ပိုင်းမှာတွေ့မြင်နေရတဲ့ Social Network ပုံစံတွေပါ၊ ဥပမာ- http://group.doemyanmar.com သူက FB ဖေ့ဘုတ်ပုံစံ လုပ်ထားတာဆိုတော့ နည်းပညာပိုင်းဆိုင်ရာ ကိုက အဆင့်မြင့်ပြီးတော်တော်ကိုကောင်းလွန်းပါတယ်! တကယ်ကို Professional ဆန်ပါတယ်လေ!  တကယ်ကို Facebook Developers မှာအတွေ့အကြုံရှိတဲ့ တဦးတယောက်(သို့) အဖွဲ့အစည်းတွေ လုပ်ထားတာဖြစ်ပါလိမ့်မယ်! ကျွှန်တော်တို့လို မတောက်တခေါက် အပျော်တန်းတွေ လျှောက်လုပ်ထားတာ မဟုတ်ပါဘူး!

အခုလဲဘဲ   တချို့ဘလော့တွေမှာလုပ်ထားတွေ့မိလို့ Google မှာရှာကြည့်လိုက်တာပါ၊ မှန်ပါတယ် အရင်တုန်းက ဒီလို Group From တွေ ဘလော့မှာပေးထားတာရှိတာကို ကျွှန်တော်သတိမထားမိပါဘူးလို့ နှင့် ဘလော့ဂျာတွေလဲ သတိထားမိလိမ့်မယ်မထင်ပါဘူးလို့!
မိမိရဲ့ဘလော့တွေကို စိတ်ဝင်စားတဲ့အပေါင်းအသင်းများလာပြီး စာတွေဝင်ရေးစေချင်ရင် Group အုပ်စု တွေဖွဲ့၍ အသင်းဝင်ပြီး ၀င်ရေးလို့ရပါတဲ့ Google  Group From က ပေးထားတဲ့ Application လေးပါ၊
ဒီမှာလဲ My Group မိမိအုပ်စုတွေနှင့် Browse All စာဖတ်ပရိတ်သတ်အားလုံး ဆိုပြီးပေးထားပါတယ်၊ ကြိုက်တာကိုရွှေးချယ်ပြီးဝင်ရေးလို့ရပါတယ်၊
Member တွေလဲ မိမိတင်ပြချင်တဲ့ အကြောင်းအရာတွေကို Creative Group ခေါင်းစဉ်တခုတပ်ပြီးနှင့် အခု ဒီ Group ဆိုတာကလဲ ခေါင်းစဉ်တခုအောက်မှာ သူနှင့်သက်ဆိုင်တဲ့ အကြောင်းအရာ Topic တွေကိုဘဲ ဆွေးနွေးတဲ့ပုံစံနှင့်ရေးတင်လို့တဲ့ သဘောပါဘဲ! သူရဲ့ email နှင့်သူပါ၊ ရေးတင်လိုက်တာတွေ သူနှင့်သက်ဆိုင်တဲ့ mail တွေထဲရောက်သွားပြီးတင်ပေးတာပါ၊
တခါတလေမိမိဘလော့တွေမှာ မိမိတယောက်ထဲရေးတင်ရတာ အရမ်းကိုအချိန်ပေးမှရတာကိုး! ဘာသာပြန်ပြီးပြန်စာစီနေရကိုက တခါတလေအဆင်မပြေချင်ပါဘူး၊ အခုလဲဘဲ ဘာသာပြန်နေတာတွေ တန်းလန်းရှိနေသေးပါတယ်၊ ဘာမှဆက်မရေးဖြစ်ဘဲကိုရှိနေသေးတယ်လေ! ကော်ပီကဒ်လုပ်တာကပိုမြန်တာ
ကိုး!ဟီးဟီး! ဒါကြောင့် အများနှင့် ရေးတင်ကြည့်ရင် ပိုကောင်းမယ်ဆိုတာတွေးမိလို့ပါ၊
နောက်ပြီးမိမိစာဖတ်ပရိတ်သတ်တွေက သက်ဆိုင်ရာဆက်စပ်သတင်းလေးတွေကိုတခုခုတင်ပြဆွေးနွေး ချင်တာကျတဲ့ အကြောင်းအရာလေးတွေရှိမှာဘဲလို့တွေးမိတာနှင့် အခုလိုအသင်းအဖွဲ့တွေနှင့်လုပ်လိုက် ရတာပါ၊ မိမိရေးတင်ထားတဲ့ အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သူတွေ ၀င်ပြီးရေးလို့ရအောင်လို့ပါ၊ တချို့အပေါင်းအသင်းတွေ ကမေးလာတာတွေရှိလို့ ဘယ်လိုတင်ရလဲတဲ့! အရင်ဆုံး မိမိ Admin(owner) ဆီကို email ; asngroup@gmail.com (သို့) asngroup-member@googlegroups.com အရင်ပို့ပြီးအသင်းဝင်ခွင့်Link လေးတောင်းရပါတယ်လို့! ခွင့်ပြုပြီးရင် ၀င်ရေးလို့ရပါတယ်!

ဒါတွေက ကျွှန်တော်ရှာလို့ တွေ့ရှိတာတွေတင်ပေးလိုက်တာတွေပါ၊ လိုအပ်တွေရှိချင်ရှိအုံးမှာပါလေ!
 

Create group  <<<Link
 
Press question mark for a list of keyboard shortcuts
The new Google Groups is an improved way to participate in online discussions.
You are currently using the new Google Groups as your default experience. Click here to switch back to the old version, but please take a moment to tell us why you're leaving.

All of your discussions in one place

Organise with favourites and folders, choose to follow along via email and find unread posts quickly.

Express yourself

Use rich-text editing to customise your posts with fonts, colours and images.

People power discussions

Use photos, nicknames and automatic translations to share your thoughts with the world.

Speed matters

Keyboard shortcuts and a streamlined design mean that you won’t spend time waiting to read and to get involved. Press "?" to see the full list of shortcuts.

ဒါလေးက မိမိရဲ့ ဖုန်းကနေရေးတင်လို့ရတဲ့ APP လေးပါဘဲ....

Discuss from anywhere

Access Google Groups on your Android™ or Apple® iOS device by scanning this QR code or pointing your mobile browser to:>> https://groups.google.com/forum/m/
 အပေါ်က ဘားကုဒ်လေးကို စကင်ဖတ်ပြီးလဲ မိမိရဲ့ဖုန်းတွေမှာဝင်ရေးလို့ရပါတယ် (သို့) ဒါက မိမိရဲ့ဘလော့အုပ်စုထဲကို အသင်းဝင်လို့ ရတဲ့  လင့်လေးပါဘဲ! ASNGROUP MEMBER>>








ကဲ! စိတ်ဝင်စားရင် ၀င်ပြီးရေးကြည့်လိုက်ကျပါနော်! အကျိုးရှိမဲ့စာတွေ၊ပညာပေးတွေနှင့်မိမိရဲ့အတွေ့အကြုံတွေဆိုရင် ကြိုဆိုလျက်ပါ!

Credit@


 
 

Wednesday, 27 February 2013

"စားသုံးသူကို ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ”


ဒေါက်တာစိုးခိုင် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
ဒေါက်တာစိုးခိုင်သည် ၁၉၇၇ ခုနှစ်တွင် အင်းစိန် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ်တွင် ဒေါက်တာဘွဲ့ရရှိခဲ့ပြီး ကနေဒါနိုင်ငံ Canade တက္ကသိုလ်တွင် Food Technology Diploma ရရှိ ခဲ့သည်။ ယခုအခါ အင်္ဂလန်နိုင်ငံ အခြေစိုက် Biotechnology And Food Science Education Center ၌ အကြီးတန်း အကြံပေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ UMFCCI လက်အောက်ရှိ Energy And Environment Association တွင် တွဲဘက် အတွင်း ရေးမှူး အဖြစ် ဆောင်ရွက်လျက်ရှိ သည်။ ဒေါက်တာစိုးခိုင်ကို မြန်မာနိုင်ငံ၏ စားသုံးသူ အခွင့်အရေးကိစ္စ၊ အစားအစာများ၏ လုံခြုံစိတ်ချရမှုများနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံးသိချင်တာက မြန်မာနိုင်ငံမှာ Food Safety ရှိလား၊ ရှိတယ်ဆိုရင် ဘယ်လိုနေရာတွေမှာ ရှိလဲ၊ မရှိဘူးဆိုရင်လည်း ဘာကြောင့်ဆိုတာ ပြောပြပါ။
ဖြေ။ ။ အစား အသောက်တွေက ဘေးအန္တရာယ် ကင်းရဲ့လား ဆိုရင်တော့ လုံးဝမကင်းပါဘူး။ မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး၊ အမေရိက၊ ဥရောပ ဘယ်နိုင်ငံမှာမှ အန္တရာယ် မကင်းပါဘူး။ Food Safety နဲ့ ပတ်သက်လို့ ၂၀၁၁ ခုနှစ်က MRTV – 4 မှာ ကျနော် မိနစ် ၂၀ စာ တင်ပြဖူးတယ်။ Food Safety ဆိုတာ အစားအစာတွေ ဘေးအန္တရာယ် ကင်းရဲ့လားလို့ မေးတာ။ ဘယ်နိုင်ငံမှာမှ အန္တရာယ် မကင်းပါဘူး။ ဒါပေမယ့် ကျနော်တို့ ဆီမှာတော့ သူများတွေထက် ပိုဆိုးတယ်။
မေး။ ။ လမ်းဘေး အစားအစာတွေနဲ့ မသန့်တဲ့ ဆီတွေစားသုံးရင် ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ ကင်ဆာ ရောဂါအထိ ဖြစ်နိုင်တယ်လို့ ကြားဖူးတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ Food Safety ဆိုတဲ့သဘောက စားပြီးရင် လူခန္ဓာကိုယ်ကို အန္တရာယ် မဖြစ်စေရဘူး။ အန္တရာယ် ဖြစ်စေနိုင်တာက နှစ်မျိုးရှိတယ်။ Acute ဆိုတာက စားပြီးရင် ချက်ချင်း ဖြစ်တာ၊ အခုစား အခုသေသွားတယ်၊ မူးမေ့သွားတယ်၊ ဆေးရုံတင် လိုက်ရတယ် ဆိုရင် Actue လို့ခေါ်တယ်။ နောက်တမျိုးကျတော့ Chronic လို့ခေါ်တယ်။ Chronic ဆိုတာက နာတာရှည်၊ဥပမာဗျာ၊ ဆိုးဆေးပါတဲ့ အစားအစာကို စားမယ်၊ တချို့ဆိုးဆေး တွေက တားမြစ်ထားတဲ့ ဆိုးဆေးတွေ၊ အစားအစာ တိုင်းမှာ ဆိုးဆေး ပါပေမယ့် သူ့မှာ ကန့်သတ်ထားတဲ့ limit ရှိတယ်။ ခွင့်မပြုတဲ့ ဆိုးဆေးကို စားမိတဲ့အခါမှာ အသည်းနဲ့ ကျောက်ကပ် တို့၊ တခြား ကိုယ်တွင်း အင်္ဂါတွေမှာ သွားစုပြီးတော့ ကင်ဆာဖြစ်တာ။ သူက ဖြည်းဖြည်းချင်း ဖြစ်တာ၊ ချက်ချင်း မသေဘူး။ အဲဒါကို Chronic လို့ခေါ်တယ်။ အသည်းရောင်တယ်တို့၊ အသည်း အဆီဖုံးတယ်တို့ ဆိုတာ ဖြည်းဖြည်းချင်း အဆိပ်သင့်ပြီးမှ ဖြစ်တာ။ စားအုန်းဆီတွေ စားမယ်ဗျာ၊ မကောင်းတဲ့ ဆီတွေ စားမယ်ဗျာ၊ အသည်းက မချေဖျက်နိုင်တော့၊ အဲဒီမှာ စုနေတော့ ကြာရင် အဆီဖုံးလာတယ်၊ နှလုံးသွေးကြောမှာ သွားပိတ်ဆို့တဲ့ အခါကျတော့ နှလုံးသွေးက ကောင်းကောင်း မလှည့်ပတ်နိုင် တော့ဘူး။ နှလုံးကြွက်သားမှာ အဆီ များလာရင် ကြွက်သားက မညှစ်နိုင်တော့ဘူး။
ဥပမာ တခု ပြောပြမယ်၊ အခု ပိုးသတ်ဆေး အကြောင်း ပြောနေကြတယ်။ တနေ့က သတင်းစာထဲမှာနဲ့ ဂျာနယ်မှာ ဟုမ္မလင်းမြို့က အလှူတခုမှာ ဂေါ်ဖီထုတ်စားရင်းနဲ့ ၃၂ ယောက် အဆိပ်သင့်တယ်၊ နှစ်ယောက်ကတော့ သေသွားတယ်၊ တခြားက ထမ္မံသီမှာလား မသိဘူး။ ဟင်းသီးဟင်းရွက် တွေစားပြီး အစာအဆိပ် သင့်တယ်။ ဒါကြောင့်မို့လို့ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေကို ထိန်းချုပ်သင့် တာပေါ့ဗျာ။ ဟင်းသီးဟင်းရွက်တွေကို သေချာ ရေဆေးပြီးမှ စားသင့်တယ်။ ဒါပေမယ့် ကျနော်တို့က Chronic ဆိုတဲ့နေရာမှာ ပြောချင်တာက ပိုးသတ်ဆေးကို ကိုင်တွယ် ရောင်းချတဲ့ သူတွေရှိတယ်။ ဒီ ပိုးသတ်ဆေးကို သုံးပြီးတော့ စိုက်ပျိုးနေတဲ့ တောင်သူတွေ ရှိတယ်။ အဲဒီ ပိုးသတ်ဆေးသုံးပြီး ထွက်လာတဲ့ ဂေါ်ဖီထုတ်တို့၊ တခြား ဟင်းရွက်တို့ကို ပွဲရုံတွေ၊ ဈေးတွေက ကိုင်ပြီး ရောင်းတာတွေ ရှိတယ်။ ဒီလို ကိုင်ရင်း တွယ်ရင်းနဲ့ သူတို့ဆီမှာလည်း ကပ်နေနိုင်တာပဲ။ ဈေးထဲမှာ ၀ယ်ပြီးတော့ ချက်စားတဲ့သူက တခါတလေမှ ဖြစ်နိုင်တာ။ စားမိမှ ဖြစ်မှာ။ ဟိုလူတွေကျတော့ ဒီဟာကို တချိန်လုံး ကိုင်တွယ်နေရတာ။ အဲလိုဆိုတော့ ပိုးသတ်ဆေးကို စားမိမှ မဟုတ်ဘူး။ လက်က ကိုင်တွယ်မိရင်လည်း ကူးနိုင်တယ်၊ ရှူမိရင်လည်း ကူးမှာပဲ။ အဲဒီလူတွေ ကျတော့ Chronic ဖြစ်နေတာဗျ။
မေး။ ။ အခုဆိုရင် မြန်မာ့စီးပွားရေး ဦးပိုင်က စားအုန်းဆီကို သူတယောက်တည်း သွင်းနေတယ်၊ တခြားသူ သွင်းခွင့် မရှိဘူး။ ပြည်သူတွေအနေနဲ့ စားအုန်းဆီပဲ ဈေးချိုချိုနဲ့ စားနေရတယ်၊ ရွေးချယ်ခွင့်မရှိဘူး၊ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီတွေကလည်း ဈေးချိုချိုနဲ့ မရနိုင်ဘူး၊ စားအုန်းဆီမှာတောင် ကိုယ်ကြိုက်တဲ့ တံဆိပ်ကို ရွေးစားခွင့် မရှိဘူးဆိုတော့ စားအုန်းဆီနဲ့ ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေရယ်၊ စားသုံးသူ အခွင့်အရေး အကြောင်းရယ်ကို ရှင်းပြပါဦး။
ဖြေ။ ။ စားအုန်းဆီအကြောင်း အရင်ပြောမယ်။ စားအုန်းဆီကို မကောင်းဘူးလို့ ပြောတာ ယေဘုယျ အားဖြင့် ပြောတာ။ စားအုန်းဆီမှာ အဆင့် အမျိုးမျိုးရှိတယ်။ ကွယ်လွန် သွားပြီဖြစ်တဲ့ ဆရာကြီး ဒေါက်တာတင်ရွှေက စားအုန်းဆီအကြောင်း စာအုပ် တအုပ် ရေးဖူးတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာလည်း စားအုန်းဆီကို တွင်တွင်ကျယ်ကျယ် သုံးတယ်။ ကျနော် သြစတေးလျမှာ နေတုန်းကလည်း ဗမာဆိုင်မရှိတော့ ဖိလစ်ပီနို ဆိုင်မှာ သွားစားရတယ်။ သူက အုန်းနို့နဲ့ ချက်တာ။ ဘာမှ မဖြစ်ဘူး။ မလေးရှား၊ အင်ဒိုနီးရှား ဟင်း တော်တော်များများက အုန်းနို့နဲ့ ချက်တာ။ ကျနော်တို့ ဗမာကတော့ အုန်းနို့နဲ့ ချက်ရင် မကောင်းဘူး ပေါ့ဗျာ။ စားအုန်းဆီ ဆိုတာက Grade အမျိုးမျိုး ရှိတယ်။ သူ့ရဲ့ သန့်စင်မှုပေါ့၊ စားသုံးရန် သင့်တဲ့ စားအုန်းဆီနဲ့ စားသုံးရန် မသင့်တဲ့ စားအုန်းဆီ ဆိုတာလည်း ရှိသေးတယ်။ အလှကုန်မှာ သုံးဖို့၊ ဆေးဝါးမှာ သုံးဖို့ စားအုန်းဆီရဲ့ Grade က တမျိုး။ လူတွေစားဖို့ ဟင်းချက်တဲ့ နေရာမှာသုံးတဲ့ စားအုန်းဆီရဲ့ Grade ကတမျိုး။ ကျနော်တို့ တိုင်းပြည်က ဆင်းရဲတယ်။ သွင်းလာတဲ့ စားအုန်းဆီတွေက Grade အဆင့်နိမ့်တယ်။ Grade အဆင့်နိမ့်တဲ့ ဟာကိုမှ ပဲဆီနဲ့ ရောပြီးတော့ ရောင်းကြတယ် ပေါ့ဗျာ။ သူက ခဲတတ်တယ် ဆိုတော့ စားမိရင်လည်း သွေးကြောတွေထဲမှာ ကပ်ပြီး ခဲမှာပဲ။
အဲဒီတော့ စားသုံးသူ အခွင့်အရေးလို့ ပြောရင် အဓိကကတော့ စားသုံးသူဆိုတာ သူ ကြိုက်နှစ်သက်ရာကိုသူ ရွေးချယ် နိုင်ရမယ်။ အခု ခင်ဗျားတို့မှာ ရွေးချယ်ခွင့် မရှိဘူး။ စားအုန်းဆီကို Grade အဆင့်မြင့်မြင့်နဲ့ သွင်းချင်တဲ့ သူရရင် သွင်းပစေ။ ကျနော်တို့ ပြည်တွင်းမှာက စားအုန်းဆီကို ဟုတ်တိပတ်တိ မထုတ်နိုင်သေးဘူး။ ပြည်ပမှာဆိုရင် စားအုန်းဆီကို ကြိုက်တဲ့သူ သွင်းလို့ ရတယ်၊ စားချင်တဲ့သူ ကလည်း သူကြိုက်ရာ ၀ယ်စားလို့ရတယ်၊ နေကြာစေ့ဆီ စားတဲ့သူ လည်းရှိတယ်၊ ပဲပိစပ်ဆီ စားတဲ့သူ ရှိတယ်၊ မြေပဲဆီ စားတဲ့သူရှိတယ်၊ အမျိုးမျိုး စားကြတာပေါ့။ အဓိကကတော့ ရွေးချယ်မှုပဲ။ ကျနော်တို့ ဆီမှာ စားသုံးသူ ကာကွယ်ရေး ဆိုတဲ့ဆီကို မသွားခင်မှာ၊ စားသုံးသူတွေရဲ့ ဘ၀အဆင့်အတန်း မြင့်မားရေး ဆိုတဲ့ဆီကို ပြန်သွား ရမယ်။ အခု လမ်းဘေးမှာ ရောင်းတဲ့ အစားအစာ မကောင်းဘူးလို့ ပြောတယ်။ ဒါပေမယ့် စားနေကြတာ ဘာဖြစ်လို့လဲ။ သူ ဒါပဲ တတ်နိုင်တာကိုး။ ခင်ဗျားနဲ့ ကျနော်နဲ့ ဒီမှာ ကော်ဖီထိုင် သောက်နေတယ်၊ ဒီမှာ သောက်ချင်ပေမယ့် မသောက်နိုင်တဲ့ သူတွေ အများကြီး ရှိတယ်။
အရင်ဆုံး စားသုံးသူရဲ့ဘ၀ကို မြှင့်တင်ဖို့ လိုတယ်။ ကျနော်တို့ဆီမှာက အစားအသောက်က ဆိုးဆေးပါလို့၊ ဘာပါလို့၊ ညာပါလို့ ပြောနေတဲ့ အချိန်မှာ စင်ကာပူလို နိုင်ငံမျိုးမှာဆိုရင် မုန့်ဖုတ်တဲ့အခါ ဟင်းရွက်ဆီကို သုံးရတယ်။ အဲဒီ ဟင်းရွက်ဆီမှာ ထရန်စဖတ် လို့ခေါ်တဲ့ အဆီတမျိုး ပါတယ်၊ အဲဒီ ထရန်စဖတ် ပါဝင်မှုဟာ ၂ ရာခိုင်နှုန်းထက် မကျော်ရဘူး ဆိုပြီး အမိန့် ထုတ်လိုက်တယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ထုတ်တာ။ အချိန် ၄ လ ပေးတယ်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စပြီးတော့ အဲဒီအမိန့် အတည် ဖြစ်ရမယ်။ အခု ၂၀၁၃ ခုနှစ် ရောက်လာပြီ ဆိုတော့ စင်ကာပူမှာ ဗေဒင်မမေးနဲ့၊ နတ်မမေးနဲ့၊ သွားစစ်ကြည့်၊ အဲဒီအတိုင်းပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ သူကစားသုံးသူရဲ့ ဘ၀ အဆင့်အတန်း မြင့်လာပြီ။ ဟိုဟာ မစားချင်ဘူး၊ ဒီဟာ မစားချင်ဘူး၊ ဟိုဟာပါရင် မရဘူး၊ ဒီဟာပါရင် မရဘူးနဲ့။ ဗမာပြည်မှာ အဲဒီလို သွားလုပ်လို့ မရဘူးလေ။ ဗမာပြည်က ဆင်းရဲတာကိုး။
မေး။ ။ တရုတ်ပြည်က ၀င်လာတဲ့ ကလေး သွားရည်စာ၊ မုန့်တွေဟာလည်း ကျန်းမာရေးအရ စိတ်ချရတဲ့ အဆင့်မဟုတ်ဘူး လို့ ပြောကြတယ်။ မြန်မာပြည် အထက်ပိုင်းက ကျောင်းတခုမှာ တရုတ်ပြည်က မုန့်စားမိလို့ အစာအဆိပ်သင့်တာ ဖြစ်လိုက်သေးတယ်။ အဲဒီလိုတွေ ဖြစ်လာရင် ဘယ်သူတွေမှာ တာဝန်ရှိမလဲ။
ဖြေ။ ။ တရုတ်ပြည်က မုန့်တွေသွင်းတာနဲ့ ပတ်သက်လို့ ပြောကြ ဆိုကြတာတွေ ရှိတယ်။ ဒါပေမယ့် တကယ်လား ဆိုတာ ပြနိုင်ဖို့ သက်သေ လိုတယ်။ ဒီမုန့်ကို ဓာတ်ခွဲတယ်၊ ဒါတွေ့တယ်လို့ ပြနိုင်ရမယ်။ အခုက အများသိနဲ့ ပြောနေကြတာ။ အများသိ ကိုလည်း မှားတယ်လို့ ဆိုလို့ မရပေမယ့် တကယ်လား ဆိုတာ ပြဖို့ သက်သေလိုတယ်။ တစ် အချက် ဒီမုန့်တွေ ဘယ်လို ရောက်လာတာလဲ၊ ဘယ်သူက သွင်းလာတာလဲ၊ တရားဝင် သွင်းလာတာ တခုမှ မရှိဘူး။ သူ့ နားလည်မှုနဲ့သူ ရောက်လာတာချည်းပဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲ မေးရင်တော့ ရောင်းတဲ့သူမှာ တာဝန်ရှိတယ်။ ရောင်းတဲ့သူကို ခွင့်ပြုတဲ့ မသိဟန် ဆောင်တဲ့ သူတွေမှာလည်း တာဝန်ရှိတယ်။ ကျနော် စောစောက ပြောတဲ့ စင်ကာပူက ကိစ္စ၊ ဒီဟာ နှစ်ရာခိုင်နှုန်း ပါ မပါဆိုတာ အတော်သိရ ခက်တာ။ နမူနာယူပြီး စစ်ရဦးမှာ။ သူတို့က စိန်ခေါ်ပြီးသား။ ကြိုက်တဲ့ အချိန် လာစစ်လို့ ပြောတယ်။ စင်ကာပူ တနိုင်ငံလုံးမှာရှိတဲ့ ကြိုက်တဲ့ မုန့်ဆိုင် လာကြည့်။ ဒီအတိုင်းပဲ ဖြစ်ရမယ်။
ကျနော် ပြောချင်တာက ဥပဒေ တခု ရှိလာရင် အဲဒီ ဥပဒေနဲ့ အရေးယူဖို့ လိုတယ်။ အရေးယူမယ့် လူက လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းဖို့ လိုတယ်။ နိုင်ငံသားတွေရဲ့ အသိလည်း လိုတယ်။ ခင်ဗျား ဥပဒေကို ကြိုက်တာထုတ်၊ မလိုက်နာရင် အလကားပဲ၊ မလိုက်နာလို့ အရေးယူရင် အရေးယူတဲ့ သူကိုယ်တိုင်က အကျင့် မကောင်းရင် အလကားပဲ။ အဓိက လိုအပ် တာကတော့ နိုင်ငံသားတွေရဲ့ အသိပဲ။ စားသုံးသူကို ကျနော်ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။
မေး။ ။ အခု ဖွဲ့စည်းထားတဲ့ စားသုံးသူ ကာကွယ်ရေး အသင်းကရော ထိရောက်မှုရှိရဲ့လား။ စားသုံးသူတွေရဲ့ အခွင့်အရေး တွေကို ကာကွယ်နိုင်ရဲ့လား။
ဖြေ။ ။ ဗမာပြည်မှာက စပြီးလုပ်ခါစ ဆိုတော့ အချိန်တခုတော့ စောင့်ရဦးမယ်။ အသင်းအနေနဲ့ ကျနော် သိတာတော့
ဒီတသင်းပဲ ရှိသေးတယ်။ နိုင်ငံခြားမှာတော့ အများကြီးပဲ။ အသင်းက သက်တမ်း တနှစ် မပြည့်သေးဘူး ဆိုတော့ အချိန် တခုတော့ ပေးရလိမ့်မယ်။ ဒီလိုပဲ လုပ်ရင်းကိုင်ရင်းနဲ့ ဖြစ်လာမှာပါ။ အမေရိကားမှာ ဆိုရင် စားသုံးသူ ကာကွယ်ရေး အသင်းလို့ မခေါ်ဘူး။ CRC လို့ခေါ်တယ်။ Cosumer Right Center ပေါ့။ သူက အခုတော်တော် နာမည်ကြီးသွားတယ်။ အမေရိကားမှာ ရှိတဲ့ မြေပဲယို တံဆိပ်တခုမှာ ဆင်မိုနဲလား ဘက်တီးရီးယား တွေ့တယ် ဆိုပြီး ပြောကြတယ်။ သူကမြေပဲယိုကို ယူပြီးတော့ ISO လက်မှတ် ရထားတဲ့ ဓာတ်ခွဲခန်း တခုမှာ ဓာတ်ခွဲ ကြည့်လိုက်တယ်။ အဲဒီမှာ ဆင်မိုနဲလား ဘက်တီးရီးယားကို သွားတွေ့တယ်။ ပြီးတော့ အဲဒီစက်ရုံကို သွားပြီးတော့ ထောက်လှမ်းတယ်။ အပြင်ကနေ ဓာတ်ပုံရိုက် ပြီးတော့ မြေကြီးပေါ်မှာ မြေပဲတွေ ဒီအတိုင်း လှမ်းထားတာကို မှတ်တမ်း ယူနိုင်ခဲ့တယ်။ သူ့မှာ ဓာတ်ခွဲစစ်ဆေး ချက်လည်း ရှိပြီ၊ ဓာတ်ပုံလည်း ရှိပြီ ဆိုတော့ သူက ထုတ်လုပ်တဲ့ စက်ရုံကို ဘာမှ မလုပ်ဘဲနဲ့ FDA ကို တရားစွဲတာ။ အမေရိကန် FDA ရဲ့လုပ်ငန်း ပေါ့လျော့မှု ကြောင့် ဖြစ်တာဆိုပြီး FDA ကို တရားစွဲတာ။ သူ့ရည်ရွယ်ချက်ကလည်း စက်ရုံကိုသွားစွဲရင် သူ တခုပဲ ထိမယ်။ FDA ကိုစွဲတော့ စက်ရုံအကုန်လုံး ထိမှာလေ။
FDA ကလည်း ဘာလျှောက်လဲချက် ပေးသလဲ ဆိုတော့ စက်ရုံ အလုပ်ရုံ အားလုံးကို HACCP လို့ ခေါ်တဲ့ ထုတ်လုပ်ရေး ရောင်းချရေးမှာ လိုက်နာရတဲ့ စနစ်တခု ရှိတယ်၊ အဲဒီစနစ်နဲ့ လုပ်ဆောင်ဖို့ ၀န်ကြီးဌာနကို တင်ထားတယ်။ ၀န်ကြီးဌာနက လည်း သူ့တို့ဆီက လွှတ်တော်ကို တင်ထားတယ်၊ လွှတ်တော်ကလည်း အတည်ပြုပြီးတော့ သမ္မတဆီ တင်လိုက်တယ်။ အဲဒီတုန်းက ၂၀၁၀ ဗျ။ သမ္မတကလည်း ဘာပြောသလဲ ဆိုတော့ သူ ဒုတိယအကြိမ် အရွေးခံရရင် လက်မှတ်ထိုးမယ်လို့ ပြောတယ်။ နောက်ဆုံးတော့ ဒီကိစ္စက အိမ်ဖြူတော်ကို ရောက်သွားတယ်။ FDA မှာ အပြစ်မရှိဘူး။ သမ္မတကလည်း ၀န်ခံတယ်။ သူ့ဆီမှာ ကြာသွားတာပါတဲ့။ တောင်းပန်တယ်။ သမ္မတ လက်မှတ် ထိုးလိုက်တော့။ FDA ကနေ ကြေညာချက် ထွက်လာတယ်။ အမေရိကန် ပြည်ထောင်စု ပြည်နယ် ၅၁ ခုမှာရှိတဲ့ စက်ရုံအားလုံးသည် HACCP နဲ့ GMP (Good Manufacturing Practices) ကျင့်စဉ် အတိုင်း သွားရမယ်၊ မလိုက်နာရင် အရေးယူမယ် ဆိုတာ ပါလာတယ်။ နောက် တချက်က FDA ကို မဆွဲချင်ရင် Town Council ကိုဆွဲလို့ ရတယ်။ မြူနီစပယ်က ပြောတာ။ အစားအစာတွေက သူ့ခွင့်ပြုချက်နဲ့မှ ရောင်းလို့ရတာလေ။
မေး။ ။ ကျနော်တို့ ဆီမှာ အဲဒီလိုကိစ္စတွေ ပေါ်လာရင် ဘယ် အဖွဲ့အစည်းမှာ တာဝန်ရှိလဲ။
ဖြေ။ ။ နှစ်ဖွဲ့စလုံးမှာ တာဝန်ရှိတယ်။ FDA ရော၊ စည်ပင်ရောပေါ့။ စားသုံးသူ ကာကွယ်ရေး အသင်းက ပြောတယ်။ သူတို့ ဈေးတွေလိုက်စစ်တော့ ဆိုးဆေးတွေနဲ့ ရောင်းနေတာတွေ့ရတယ်။ တားမြစ်ဆိုးဆေး အထုတ်တွေလည်း တွေ့ရတယ်လို့ ပြောတယ်။ ဒီဈေးတွေ အားလုံးဟာ ခိုးကြောင် ခိုးဝှက်ရောင်းနေတဲ့ ဆိုင်တွေ မဟုတ်ဘူး။ စည်ပင်သာယာ ဈေးထဲမှာ စည်ပင်သာယာရဲ့ ခွင့်ပြုချက်နဲ့ ရောင်းနေကြတာ။ စည်ပင်သာယာမှာ ဈေးဌာန ဆိုတာလည်း ရှိတယ်။
မေး။ ။ စည်ပင်မှာရော ဥပဒေတွေ ညွှန်ကြားချက်တွေ မရှိဘူးလား။
ဖြေ။ ။ အဲဒါက မေးစရာဖြစ်လာပြီ။ ဥပဒေက ထွက်လာပြီ။ ပြင်ဆင်ချက်လည်း ထွက်လာပြီ။ ဥပဒေက ၁၉၉၇ ကတည်းက ရှိတာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ် ထိုးထားတာ။ အမျိုးသား စားသောက်ကုန် ဥပဒေပေါ့။ အခု ပြင်ဆင်ချက်တောင် ထွက်လာပြီ။ FDA ကလည်း ဒါကို အမှန်စစ်ဆေးရမယ်။ စည်ပင်သာယာ ဈေးဌာနကလည်း ဒါကို စစ်ဆေးရမယ်။ စင်ကာပူမှာက “ငါ့မုန့်ဆိုင်မှာ ငါရောင်းတယ်ကွာ၊ ဘာဖြစ်လဲ” လို့ လုပ်လို့မရဘူး။ ဆိုဂို ကုန်တိုက်မှာ ရောင်းတယ် ဆိုပါစို့။ သူ့ကုန်တိုက်မှာ ရောင်းတဲ့ ပစ္စည်း တမျိုး ပြဿနာတက်ရင် ဆိုဂို ကုန်တိုက်ပါ ပြဿနာတက်တယ်။ သူ့မှာ အုပ်ချုပ်ရေး အဖွဲ့ရှိတယ်လေ။ အခု ယုဇနပလာဇာလို ပေါ့။ ကျနော်တို့ ဆီမှာလည်း အဲဒါမျိုးတွေ လုပ်သင့်တယ်။ FDA လည်း သူလုပ်နိုင် သလောက်တော့ လုပ်နေတာ တွေ့တယ်။ ဥပဒေ ထွက်လာပေမယ့် ရဲတပ်ဖွဲ့နဲ့ တရားရုံးက တိုင်ကြားသူအဖြစ် အမှုတင်တာ မရှိတော့ သူလည်း လုပ်မရဘူး ဖြစ်နေတယ်။ အခု နောက်ထွက်တဲ့ ဥပဒေအရ တရားစွဲမယ် ဆိုရင် FDA သို့မဟုတ် စည်ပင်ရဲ့ ထောက်ခံချက်လိုတယ်။ အဲဒီအချက်က မကောင်းဘူး။ အမေရိကန်က CRC ရဲ့ လုပ်ပုံကိုကြည့်။ ကျနော်တို့ဆီမှာလည်း ဒီပစ္စည်း၊ ဒီကော်ဖီ မကောင်းဘူး။ အတုဖြစ်နေတယ် ဆိုရင် ကုမ္ပဏီကို မစွဲဘဲ FDA ကိုစွဲရမှာ။ ကျနော် အဲဒါကို တိုက်တွန်း ချင်တယ်။
မေး။ ။ ဖြန့်ချိ ထုတ်လုပ် ရောင်းချတဲ့ သူတွေကိုရော အရေးယူလို့ ရလား။
ဖြေ။ ။ ရတာပေါ့။ အခု ဥရောပမှာ ဖြစ်နေတယ်။ အမဲသားပါဆိုပြီး မြင်းသားတွေ ဖြစ်နေတယ်။ နောက် တခုက Nestle က လဖက်ခြောက်ထဲမှာ ခဲဓာတ်တွေ ပါတာတွေ့တယ်။ ဒီ ကုမ္ပဏီကို အရေးယူတာ မယူတာ ခဏထားဦး။ အဲဒီ တံဆိပ် တင်ရောင်းတဲ့ စူပါမားကက်တွေ အားလုံး ပစ္စည်း ပြန်သိမ်း ပေးရတယ်။ ဆက်ရောင်းနေရင် သူ့မှာ အပြစ်ရှိတယ်။ ဥပမာ ပြောပြမယ်။ ပုဇွန်တောင်ဈေးက ငါးပိမှာ ဆိုးဆေးတွေ့တယ် ဆိုပါစို့။ အဲဒါဆိုရင် ပုဇွန်တောင်ဈေး၊ ရေကျော်ဈေးက ငါးပိ ဆိုင်တွေ အားလုံး ပိတ်သိမ်းပေးရမယ်။ အခုက တွေ့တာ တွေ့တာပဲ၊ ရောင်းတာ ရောင်းနေတာပဲ၊ စားသောက်ကုန်နဲ့ ပတ်သက်လို့ စေတနာနဲ့ သတိပေးတဲ့ အခါမှာ အရေးကြီးတာက Public Alert ဖြစ်ဖို့ လိုတယ်။ Sketch ဖြစ်လို့မရဘူး။ Public Sketch ဆိုတာ ပြည်သူလူထုကို ထိတ်လန့်အောင် လုပ်တာ။ ကျနော် ငယ်ငယ်တုန်းက ဖြစ်ဘူးတယ်။ ၁၉ လမ်းက ကြေးအိုးဆိုင်မှာ ရင်ခွဲရုံက လူသေတွေရဲ့ အသည်းနဲ့ ချက်တာ ဆိုပြီး ပြဿနာတွေ တက်ကုန်ရော။ အဲဒီလို Public Sketch ဖြစ်ဖူးတယ်။
မေး။ ။ လမ်းဘေးက အစားအစာတွေ ဖြစ်တဲ့ အသုတ်စုံတွေ၊ အချဉ်တွေက ဘယ်လိုရောဂါမျိုးတွေ ဖြစ်နိုင်လဲ။
ဖြေ။ ။ ရောဂါ အစုံကို ဖြစ်နိုင်တယ်။ ရောဂါဖြစ်နိုင်ခြေ ၃ မျိုးရှိတယ်။ HACCP အရပြောတာ။ ပထမတမျိုးက Physical အရ ဖြစ်နိုင်တယ်၊ အစားအသောက် ထဲကို ဆံပင် ကျသွားတာမျိုး။ နောက်တခုက အစားအသောက်ထဲမှာ ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ ပါလာတာမျိုး။ ပြီးတော့ စားတဲ့ အသားတွေက ရက်ကြာလို့ ပုပ်သိုးနေတာမျိုး ဆိုရင် Biology လို့ခေါ်တယ်။ ရုပ်ဝတ္ထုရယ်၊ ဓာတုဗေဒရယ်၊ ဇီဝဗေဒရယ်ပေါ့။ လမ်းဘေး အစားအစာမှာ ဒီသုံးမျိုးစလုံး ပါရင်ပါမယ်၊ မပါရင် အနည်းဆုံး တမျိုးတော့ ပါနိုင်တယ်။ ၀က်သား တုတ်ထိုး ရောင်းတယ်။ ဒီအတိုင်း ရောင်းတယ်။ ကားတွေ ဖြတ်မောင်းသွားရင် ဖုန်တွေ ၀င်လာမယ်။ အဲဒါ ရုပ်ဝတ္ထုတွေပဲ။ ဒီ ၀က်သားတုတ်ထိုးကို တို့စားတဲ့ အချဉ်ရည်မှာ ဆိုးဆေးတွေ လုံးဝပါနေတယ်။ အချဉ်ရည်ထဲမှာ ဘာတွေ ထည့်ထားလဲ မသိကြဘူး။ ၀က်သားပြုတ်တဲ့ အခါမှာလည်း မကျက်ဘူး။ မကျက်ရင် သံကောင်တွေ ပါနိုင်တယ်။ ရောင်းတဲ့သူကလည်း ဒီလက်နဲ့ ပိုက်ဆံကိုကိုင်၊ ပြန်အမ်း။ ဒီလက်နဲ့ပဲ ၀က်သားကိုလှီး။ အဲဒါကို Biological လို့ခေါ်တယ်။ အဲဒီအထဲမှာ ဘက်တီးရီးယားတွေ ပါသွားပြီ။
မေး။ ။ ဆရာ့ အနေနဲ့ ဖြည့်စွက်ပြောချင်တာ၊ အကြံပြုချင်တာ ရှိရင် ပြောပါ။
ဖြေ။ ။ ပြောချင်တာက ပထမ ဥပဒေ အကာအကွယ် ရှိဖို့လိုတယ်။ ဒီဥပဒေနဲ့ အရေးယူမယ့် လူတွေကိုရော Train လုပ်ပြီးပြီလား။ Product တွေကို စစ်ဆေးဖို့ ပစ္စည်းကိရိယာ စုံစုံလင်လင် ရှိပြီလား။ ကျနော်တို့ဆီမှာ တရားဝင် အဖွဲ့ဆိုလို့ FDA၊ စည်ပင်နဲ့ ကျန်းမာရေး ဦးစီးဌာနပဲ ရှိတာ။ နိုင်ငံတော် အစိုးရက အဲဒီအဖွဲ့ ၃ ခုကို ပံ့ပိုးတာတွေ လုပ်သင့်တယ်။ ဓာတ်ခွဲခန်း ကောင်းကောင်းရှိဖို့၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေရှိဖို့၊ ပညာရှင်တွေကို နိုင်ငံခြားလွှတ်ရမယ်၊ နိုင်ငံခြားက ပညာရှင် အဖွဲ့အစည်းတွေ ကိုလည်း ဖိတ်ခေါ်ရမယ်။ မလုပ်နိုင်ဘူး ဆိုရင်တော့ တရားရုံးကြီးကိုတောင် ပုဂ္ဂလိက ပေးသေးတာပဲ၊ FDA ကိုလည်း လုပ်နိုင်မယ့် ကုမ္ပဏီတခုကို ပေးလိုက်ပေါ့ဗျာ။ သူတို့ကိုယ်သူတို့ အဲဒီ အဆင့်ရောက်အောင် လုပ်မှာလား၊ အဲဒီအဆင့်ရှိတဲ့ ပုဂ္ဂလိကကို ပေးမှာလား။ ဟုတ်ပြီ၊ FDA ကိုရော၊ စည်ပင်၊ ကျန်းမာရေး ဦးစီးဌာနကိုရော ကျနော်တို့ ပိုက်ဆံတွေနဲ့ အဆင့်မြှင့်ပေးပြီး ရင်တောင်မှ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။
နောက်တချက်က ကျနော်တို့ဆီမှာ ကျွမ်းကျင်သူ ပညာရှင်တွေက ခါးပြတ်သွားပြီ။ အရင်က RIT မှာ ဒီပလိုမာ သင်တန်း ရှိတယ်။ နောက်ပိုင်း RIT ပိတ်လိုက်တော့ ဘာမှ မရှိတော့ဘူး။ ပညာရေး ပြန်မြှင့် ပေးရမယ်။ စားသောက်ကုန်နဲ့ ပတ်သက်ပြီး Education Center တွေ ထိုင်းမှာ ၂၀၀၀ ကျော် ရှိတယ်။ ဗမာပြည်မှာက လက်ဆယ်ချောင်း မပြည့်ဘူး။ အဲဒါကို နိုင်ငံတော် အစိုးရက ဘာဖြစ်လို့ လျစ်လျှူရှု ထားတာလဲ။ ။
Ref;burmairrawaddy.org

Sunday, 24 February 2013

Freedom House


Asia-Pacific


Over the past five years, the Asia-Pacific region has been the only one to record steady gains in political rights and civil liberties as measured by Freedom House. Although it is home to China, where over half the world’s Not Free population lives, and North Korea, the least free country in the world, a number of Asia-Pacific countries have made impressive gains in the institutions of electoral democracy—elections, political parties, pluralism—and in freedom of association. Nonetheless, problems persist regarding many fundamental rights, and Freedom House supports local civil society groups throughout Southeast Asia in promoting and advocating the work of human rights defenders.



Burma

55
millionpeople
Internet:
Not Free
Press:
Not Free
Created with Raphaël 2.0.1
Not Free



News & Updates

Freedom House condemns the violent crackdown against peaceful protesters at the Letpadaung copper mining site in Sagaing Division, Burma and calls on the government of Burma to immediately halt its use of violence and arbitrary detention against peoples exercising their right to peacefully assemble.
Regions:
In the following letter, Freedom House and other key human rights groups express concern to President Barack Obama about the possibility that the administration will soon relax the import ban on Burma before proper safeguards are in place.
Regions:
Projects to monitor internet censorship in Myanmar and to create a secure connection to the internet in Syria were selected as the winners of Freedom House's IGF Incubator Challenge, an international competition for new internet freedom initiatives.
Freedom House urges President Obama to highlight ongoing human rights issues and to meet with civil society during his upcoming trip to Southeast Asia, which includes visits to Cambodia, Burma, and Thailand. These stops are scheduled during the President’s travel to the region November 17-20, where he will attend the East Asia Summit and meet with leaders of the Association of Southeast Asian Nations (ASEAN) in Phnom Penh. It will be the first time a sitting United States President will visit Cambodia and Burma.
Regions:


Career Opportunities

Saturday, 23 February 2013

၂၀၁၃ခုနှစ် မြန်မာစာနာယ်ဇင်းလွတ်လပ်ခွင့် အရင်နှစ်တွေထက် အဆင့်(၂၂)တက်ရှိလာ

 
ပြင်သစ်အခြေစိုက် (RSF) Reporters Sans Frontieres ဆိုတဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကနှိုင်းယှဉ်ထားတဲ့ စာနယ်ဇင်းမီဒီယာလွတ်လပ်ခွင့်တွေကို....
RSF ၏ ကမ္ဘာ့ မီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းများသည် ဒီမိုကရေစီအရေး၊ လူအခွင့်ရေးနှင့် လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းထုတ်ပြန်ခွင့် အပေါ်တွင်သာ မူတည် ကောက်ယူထားခြင်း ဖြစ်ပြီး နိုင်ငံရေးစနစ် အပေါ်တွင် တိုက်ရိုက် မူတည်မထားကြောင်းအဆိုပါအဖွဲ့၏ အထွေထွေအတွင်းရေးမှူး Christophe Deloire က ဆိုသည်၊
၂၀၁၃ခုနှစ်မှာ  Domo Cracy နိုင်ငံ ဖြစ်အောင်ကြိုးစားနေတဲ့မြန်မာနိုင်ငံရဲ့ မြန်မာ့စာနယ်ဇင်းလွတ်လပ်မှု (၁၅၁) ဆင့်ထိတက်ရှိလာပြီး သူရဲ့အထက် (၂) နေရာသာရှိတော့တဲ့  Domo Cratic ဖြစ်နေပြီးဖြစ်တဲ့ စကာင်္ပူဟာ အခုနှစ်မှာ ဒီစကာင်္ပူစာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ၂၀၁၂ခုနှစ်ထက် အဆင့်(၁)ဆင့်ထိဘဲ တက် လာတာကိုတွေ့တယ်၊ ဒီစကာင်္ပူစာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ၂၀၀၉ခုနှစ်က(၁၃၃) ၊ ၂၀၁၀ခုနှစ်မှာ(၁၃၆)၊ ၂၀၁၁ခုနှစ်မှာ(၁၃၅)နှင့် ၂၀၁၂ခုနှစ်မှာ(၁၅၀)ရှိနေရာက နှစ်အနည်းငယ်အတွင်းမှာ ၂၀၁၃ခုနှစ်ထိ အဆင့်(၁၄၉)ကျဆင်း လာကိုတွေ့ရပါတယ်၊ 
စစ်အစိုးရလက်ထက်၂၀၁၂ခုနှစ်မှာ မြန်မာနှင့်တရုတ်အဆင့်(၁၈၇) အတူတူရှိနေရာကနေ ၂၀၁၃ခုနှစ်မှာ မြန်မာ(၁၅၁)ကတရုတ် (၁၇၃)ထက် အများကြီးသာတဲ့ ရွှေးကောက်ပွဲအပြီး ၂၀၁၃ခုနှစ်မှာအဆင့်(၂၂) ကျော်ထိပိုတက်လာတာကိုက စကာင်္ပူက အဆင့်(၁) ဆင့်ဘဲ တက်တာထက်အများကြီးသာ နေပါသေးတယ်၊ ဒါက ရွှေဗမာတွေအတွက်ဝမ်းသာရမဲ့သတင်းတွေပါနော်! နောက်နှစ်တွေလဲ ဒီထက်မက တောက်လျှောက် ဆက်တက်နေဖို့ ဒီထက်မကျစာနယ်ဇင်း လွတ်လပ်ခွင့် တွေလို့နေပါသေူတယ်လေ!...
အခုမှဖွံ့ဖြိုးစဖြစ်တဲ့ ကမ္ဘောဒီယားတောင်(၁၄၃)မှာရှိတယ် ကွန်ဒိုက (၁၃၇)၊ ဇိုင်ဘာဒွေ (၁၃၃)၊လစ်ဗျားတောင်(၁၃၁)ရှိတယ်၊ အင်ဂိုလာက (၁၃၀)၊ အယ်ဂျီးယားတောင် (၁၂၅)မှာရှိကျပါတယ်၊
Demo Crati ပြောနေကျတဲ့ စကာင်္ပူကတော့ စာနယ်ဇင်းမလွတ်လပ်ဘူးပြောပြောနေတဲ့ မြန်မာ(၁၅၁)ထက် (၂) နေရာဘဲကွာတော့တယ်၊ အဲ!တရုတ်(၁၇၃)ရှိတဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အများကြီးကွားသေး တာပေါ့၊
သိပ်ပြီး လူတွေ အထင်ကြီးနေကျသော လွပ်လပ်ခွင့်တွေပြောပြောနေတဲ့  Domo Cracy နိုင်ငံဖြစ်တဲ့ အမေရိကန်တောင် ၂၀၁၂ခုနှစ်မှာ အဆင့်(၂၄)ရှိနေရာက ၂၀၁၃ခုနှစ်မှာ အဆင့်(၃၂)ထိကျဆင်းသွားတာ ကိုတွေ့နေရပါတယ်၊ ကဲ!  ဘယ်လိုပြောရမလဲနော်?
နှစ်အတော်ကြာ တောက်လျှောက် ဖင်လန်ကအဆင့်(၁)နေရာမှာရှိနေတာပါ! နိုဗယ်ဆုတွေပေးနေတဲ့ နော်ဝေတောင် ၂၀၁၃ခုနှစ်မှာ အဆင့်(၃)ဘဲကျဆင်းသွားတာကိုတွေ့ရပြီးသူက ၂၀၁၂ခုနှစ်မှာ အဆင့်(၂)ရှိနေပြီး သူနေရာကို နယ်သာလန်က ၂၀၁၂ခုနှစ်မှာ အဆင့်(၁၈)ကနေယူသွားတာပါ၊
ဒီလိုဘဲ ဂျပန်လဲဘဲ ၂၀၁၂ခုနှစ်မှာ အဆင့်(၃၈)ကနေ ၂၀၁၃ခုနှစ်မှာ အဆင့်(၅၃)ထိကျဆင်းသွားပြီး
တက်လာတဲ့နိုင်ငံတွေက တောင်ကိုးရီးယားကတော့ ၂၀၁၂ခုနှစ်မှာအဆင့်(၆၉)ကနေ၂၀၁၃ခုနှစ်မှာ အဆင့်(၅၀)ထိတက်လာပြီး
အင်္ဂလန်လဲဘဲ ၂၀၁၂ခုနှစ်မှာအဆင့်(၃၆)ကနေ၂၀၁၃ခုနှစ်မှာ အဆင့်(၂၉)ထိတက်လာပါတယ်လေ၊
ကနေဒါကတော့ ၂၀၁၂ခုနှစ်မှာအဆင့်(၂၆)ကနေ၂၀၁၃ခုနှစ်မှာ အဆင့်(၂၀)ထိတက်လာပါတယ်၊
အခုဒီ RSF အခြေစိုက်တဲ့ ပြင်သစ်တောင်၂၀၁၂ခုနှစ်မှာအဆင့်(၄၃)ကနေ၂၀၁၃ခုနှစ်မှာ အဆင့်(၃၇)ထိတက်လာပါတယ်၊
 
(Reporters Sans Frontières or RSF) နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ကနှိုင်းယှဉ်ထားတဲ့ မီဒီယာလွတ်လပ်ခွင့်ကို ဒီမှာကြည့်လိုက်ရင်သိနိုင်ပါတယ်လေ....
နှင့်
Reporters Without Borders (Reporters Sans Frontières, or RSF) has just released its annual press freedom ranking – “World Press Freedom Index 2013″ last month [Link].

 
 

 






Singapore’s ranking has dropped 14 positions from 135 last year to 149 now. Singapore’s ranking has been getting worse over the years:
 
• 2010 – 136
• 2011/12 – 135
• 2013 – 149

At 149, Singapore’s ranking is worse than countries like Cambodia (143), Congo (142), Ethiopia (137), Zimbabwe (133), Libya (131), Angola (130), Algeria (125).
Singapore is only slightly better than Myanmar (151). And of course, compared to China (173) where new citizen Li Yeming came from, Singapore is a lot better.

The Press Freedom Index is an annual ranking of countries compiled and published by RSF based upon the organization’s assessment of the countries’ press freedom records in the previous year. It reflects the degree of freedom that journalists, news organizations, and citizens enjoy in each country, and the efforts made by the authorities to respect and ensure respect for this freedom. The index only deals with press freedom and does not measure the quality of journalism nor does it look at human rights violations in general.
RSF is a French-based international non-governmental organization that advocates freedom of the press and freedom of information. This organization, which has consultant status at the United Nations, was founded in 1985.

RSF’s stated missions are:
    To continuously monitor attacks on freedom of information worldwide;

To denounce any such attacks in the media; To act in cooperation with governments to fight censorship and laws aimed at restricting freedom of information; To morally and financially assist persecuted journalists, as well as their families.

In another press freedom ranking by another international organization, Freedom House, Singapore was ranked 150th (‘Singapore ranks 150th in 2012 Freedom of the Press World Ranking‘). The report cassified Singapore’s level of press freedom as “Not Free”.
Ref:TRemeritus
 
 
 ဒီမှာ  RSF ရဲ့ အကြောင်းတွေကိုကြည့်လို့ရပါတယ် .......

About Freedom House....You can help us move freedom forward around the globe.

About Freedom House

Freedom House is an independent watchdog organization dedicated to the expansion of freedom around the world.

Today, as more than two billion people live under oppressive rule, Freedom House speaks out against the main threats to democracy and empowers citizens to exercise their fundamental rights. We analyze the challenges to freedom; advocate for greater political and civil liberties; and support frontline activists to defend human rights and promote democratic change. Founded in 1941, Freedom House was the first American organization to champion the advancement of freedom globally.



Our Mission

Freedom is possible only in democratic political environments where governments are accountable to their own people; the rule of law prevails; and freedoms of expression, association, and belief, as well as respect for the rights of minorities and women, are guaranteed. Freedom ultimately depends on the actions of committed and courageous men and women. We support non-violent civic initiatives in societies where freedom is denied or under threat and promote the right of all people to be free.

Our Work

Freedom House acts as a catalyst for freedom through a combination of analysis, advocacy, and action. Our research and analysis frames the policy debate in the United States and abroad on the progress and decline of freedom. Leading experts on democracy have called our flagship publication, Freedom in the World, an “essential source” and “indispensable guide” to democracy’s development.

We advocate for U.S. leadership and collaboration with like-minded governments to vigorously oppose dictators and oppression. We amplify the voices of those struggling for freedom in repressive societies and counter authoritarian efforts to weaken international scrutiny of their regimes.

We also empower frontline human rights defenders and civic activists to uphold fundamental rights and to advance democratic change. With Freedom House’s support, these activists expand the boundaries of freedom in repressive societies and hold their governments to account.

 
Credit@ Feb 23,13 & 23:12