Popular Posts

Sunday 27 March 2011

iPhone အတွင်း Worm အသစ်ထပ်မံတွေ့ရှိ

ယခုထပ်မံထွက်ပေါ်လာတဲ့ iPhone worm ဟာ ယခင်ထက်ပိုမိုအန္တရာယ်များပြီး ကွန်ပျူတာအတွင်းဝင်ရောက်ပျံ့ပွားသော PC botnet များကဲ့သို့ command- and- control ကိုအသုံးပြုထားကြောင်း သိရှိရပါတယ်။ ယခင်ပျံ့နှံ့ ၀င်ရောက်သော worm များဟာ jailbroken iPhone များ၏ wallpaper များ ပြောင်းလဲခြင်းပြုလုပ်ရုံမျှသာရှိပေမယ့် ယခု worm ကတော့ ဖုန်းအတွင်းအရေးကြီးသတင်းအချက်အလက်များကိုပါခိုးယူနိုင်ကြောင်း သိရှိရပါတယ်။
ယခုဝင်ရောက်ပျံ့နှံ့နေသော worm ဟာ iPhone နှင့် iPod Touch အတွင်းမှာသာဖြစ်ပြီး ဟက်ကာများမှပို့လွှတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ထို worm အား script နှစ်မျိုးခွဲခြားရေးသားထားပြီး တစ်မျိုးဟာ ထို worm  ရှင်သန်နေထိုင်ရန်ဖြစ်ပြီး နောက်တစ်မျိုးကတော့ Lithuanian ဆာဗာနှင့်ချိတ်ဆက်ပြီး data များခိုးယူခြင်းပဲဖြစ်ပါတယ်။
ယခုဝင်ရောက်တိုက်ခိုက်သော worm ဟာ နယ်သာလန်ရှိ UPC ကုမ္ပဏီသြစတြေးလျရှိ Otus ကုမ္ပဏီ T-Mobile နှင့်အခြား ISP များအတွင်းပျံ့နှံ့ကြောင်း ထို worm ဟာ Wi-Fi ကွန်ရက်အတွင်း မြန် ဆန်စွာပျံ့နှံ့နိုင်ကြောင်း သိရှိရပါတယ်။ ထို worm ၀င်ရောက်လာပါက ဖုန်းအတွင်း Firmware များကို update ပြုလုပ်သင့်ပြီး ကာကွယ်သင့်ကြောင်း လုံခြုံရေးဆိုင်ရာသုတေသီတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
source:mminternetjournal

No comments:

Post a Comment