Popular Posts

Sunday 27 March 2011

ဝက်သားရွှေပဲသီးဟင်း

Saturday, 19 March 2011 00:50 | 
ပါဝင်ပစ္စည်းများ
ဝက်သား
ရွှေပဲသီး
ငရုတ်သီးတောင့်ရှည်
ဆန်အရက်
ပဲငံပြာရည်
ဆီမွှေး
ကော်မှုန့်

ပြုလုပ်ပုံအဆင့်ဆင့်

ဝက်သားနဲ့ ရွှေပဲသီးကို သန့်စင်ပြီး အရွယ်တော် လှီးထားပါ။ ငရုတ်သီးတောင့်ရှည်ကို
အတောင့်လိုက် ရေဆေးပါ။ ပြီးရင်ဝက်သားကိုပန်းကန်ထဲ ထည့်ပြီး ဆန်အရက်၊ ပဲငံပြာရည်နဲ့
ဆီမွှေးအနည်းငယ်ထည့်ပြီးရောနယ်ပါ။ ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီပူလာရင်
ဝက်သားကိုထည့်ကြော်ပါ။ ပြီးရင် ရေနဲ့ ဖျော်ထားတဲ့ ကော်မှုန့်အနည်းငယ်ကို
ထည့်ပြီးမွှေပါ။ ရွှေပဲသီး၊ ငရုတ်သီးတောင့်ရှည်တို့ကို ကြက်သားမှုန့်ထည့်ပြီး ကြော်ပါ။
နှစ်မိနစ်လောက်ကြာရင် ဆီမွှေးနဲ့အရက် အနည်းငယ်ထည့်ပြီးရင်တော့ မစပ်ဘဲ
ငရုတ်သီးနံ့သင်းတဲ့ ဝက်သားရွှေပဲသီးဟင်း အချိုချက်ကို သုံးဆောင်နိုင်ပါပြီ။
Ref: The Myanmar Times

No comments:

Post a Comment