အညိုနှင့်အဖြူ စပ်ထားပြီး နားရွက်ကြီး တွဲကျနေသော၊ ညစ်ပတ်ပေရေပြီး ကြောက်ရွံ့သည့်ပုံစံ ပေါက်နေသော Spaniel အမျိုးအစား ယင်းခွေးသည် ဆူနာမီဒဏ်ကြောင့် ဒဏ်ရာရပြီး ကိုယ်နှင့်စိတ်လွတ်နေသော အရောင်ဖျော့ ခွေးတစ်ကောင် ကို မစွန့်ခွာဘဲ စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။
ငွေရောင်လည်ပတ် ပတ်ထားသော ယင်းခွေး ပြန်မကိုက်နိုင်စေရန် ၎င်းပါးစပ်ကို အကာအကွယ် စွပ်ပေးပြီးနောက် မည်သို့ ဆက်လုပ်မည်ကို ဆွေးနွေးနေစဉ် အချိန်အနည်းငယ် အကြာတွင် ဒဏ်ရာရသည့်ခွေးမှာ ခေါင်းထောင်လာပြီး ထထိုင်သည်ဟု သိရသည်။ ယင်းခွေးနှစ်ကောင်ကို ဗီဒီယို ရိုက်ထားပြီးနောက် ကယ်တင်ခဲ့ပြီး ဒဏ်ရာရသည့်ခွေးကို ဆေးကုသပေးခဲ့သလို သစ္စာရှိသော Spaniel ခွေးကို ယင်းမြို့ရှိ ခိုလှုံရာတစ်ခုတွင် စောင့်ရှောက်ခဲ့ကြောင်း သိရသည်။ ယင်းခွေးနှစ်ကောင် အကြောင်း ရိုက်ကူးထားသော ဗီဒီယိုသည်လည်း အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။

See as-http://www.youtube.com/watch?v=Gl-FRd_UGSQ
From elevennews

No comments:
Post a Comment