Popular Posts

Friday 28 July 2017

မိသားစုစီးပွားရေးအုပ်ချုပ်ရေးလက်စွဲစာအုပ်မြန်မာ (Family Business Governance Handbook Burmese)


အမိနိုင်ငံ အများပိုင်လုပ်ငန်း အောင်မြင်များမှ နိုင်ငံတကာရင်းနှီးမြှပ်နှံမှု၊ အလုပ်အကိုင်ဖန်တီး ပေးနိုင်မှုနှင့် နိုင်ငံ့စီးပှားရေး ကဏ္ဍဍာတခုလုံး ဖှံ့ဖြွိုးတိုးတက်လာစနေိုင်ရန်အတူကွ အများနှင့်အတူတကွ စီမံခန့်ခွဲ ပူးပေါင်းနိုင်ရင် အဓိကကျပါတယ်... 

မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၈၃ ရာခိုင်နှုန်းကျော်မှာ မိသားစုပိုင် လုပ်ငန်း များ ဖြစ်ကြပါသည်။ မဖွံ့ဖြိုးသေးသော ဒါရိုက်တာဘုတ်အဖွဲ့နှင့် လုပ်ငန်း စီမံအုပ်ချုပ်မှု၊ အားနည်းနေသော ပွင့်လင်းမြင်သာမှုများနှင့်အတူ မျိုးဆက်လွှဲပြောင်းမှု ပြဿနာများ ရင်ဆိုင်နေရပါသည်။ 

နိုင်ငံတကာ စစ်တမ်းများတွင်လည်း မိသားစုစီးပွားရေးလုပ်ငန်းများအားလုံးထဲတွင် ၃၀ % သာ ဒုတိယမျိုးဆက်အထိ ရပ်တည်ရှင်သန်နိုင်ပြီး ၁၀ % မှ ၁၅ % သာ တတိယ မျိုးဆက်အထိ ကျန်ရှိတည်မြဲသည်ကို တွေ့ရသည်။ မြန်မာ့ကုမ္ပဏီများ လုပ်ငန်းစီမံအုပ်ချုပ်မှုအခြေအနေက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးသက်ရောက်စေပါသည်။ 

နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ၊ နှစ်ဖက်အကျိုးတူ ပုူးပေါင်းရန်ဖြစ်စေ၊ Franchise အတွက်ဖြစ်စေ မြန်မာ့ကုမ္ပဏီများ၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု (Corporate Governance)၊ ပွင့်လင်းမြင်သာမှု စသည်တို့အပေါ် အမြဲလေ့လာသုံးသပ်ပါသည်။ 

လုပ်ငန်းအောင်မြင်မှုများမှသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ဖန်တီးပေး နိုင်မှုနှင့် နိုင်ငံ့စီးပွားရေးကဏ္ဍဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်၏ ကူညီမှုဖြင့် International Finance Corporation (IFC) က မိသားစု စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှု လက်စွဲစာအုပ်ကို ထုတ်ဝေလိုက်ပါသည်။ 

စာအုပ်တွင် အဓိကအားဖြင့် မိသားစုပိုင်စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အတွေ့ရများသည့် စီမံအုပ်ချုပ်မှု အကျပ်အတည်းများ ဖြေရှင်းရေးသို့ ချည်းကပ်နည်းများကို အကြံပြုထားသည်။ 

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့သည်။ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဒေါက်တာမောင်မောင်လေးက IFC ၏ Corporate Governance Lead Sanna Abouzaid နှင့် Chris Razook တို့နှင့်အတူ မြန်မာ့လုပ်ငန်းများနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအကြောင်းကို ဆွေးနွေးခဲ့ပါသည်။ မိသားစု စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှု လက်စွဲစာအုပ် Myanmar and English version) ကို Download ရယူပါ။..

No comments:

Post a Comment